← Chapters

အခန်း ၁၄၂၅

Vol. 96 Ch. 1425

အခန်း ၁၄၂၅

Vol. 96 Ch. 1425

အခန်း ( ၁၄၂၅ ) ရှေးဟောင်းမင်းမျိုးနွယ်မိသားစုတွေကို စော်ကားတာလား။

အေးစက်သော အသံက မိုးနှင့်မြေကြားတွင် ပဲ့တင်ထပ်သွားသည်။

ယင်းကြောင့် ဧည့်သည်များအားလုံး အံ့အားသင့်သွားကြ၏။

ပြန်လည်ဝင်စားခြင်းပင်လယ်တွင် ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဒုတိယခင်လေးကို ရန်စဝံ့သည်။

‌ဒါက သေမင်းကို နားရွက်တံတွေးဆွတ်ခြင်းလား။

တစ်ဖက်တွင်၊ ထိုအသံကို ကြားလိုက်ရသောအခါ စစ်ထူရွယ်က အနည်းငယ် တုန်လှုပ်သွားသည်။

လူရိပ်နှစ်ခုက လေထဲမှ လျှောက်လာတာကို မြင်လိုက်ရ၏။

သူတို့က သဘာဝအတိုင်း ရဲ့ကူချန်နှင့် ကျွင်းရှောင်ယောက်တို့ပင်။

"ဒါက ကျွင်းရှောင်ယောက်ပဲ။ သူ့ဘေးကလူက ဓားသင်္ချိုင်းရဲ့ ဆက်ခံသူအသစ် ရဲ့ကူချန် ဖြစ်ရမယ်"

"သူက အင်မော်တယ်နယ်မြေကြီးက ရှေးဟောင်းရဲ့မိသားစုရဲ့ ပါရမီရှင်တစ်‌ယောက်လို့ ကြားဖူးတယ်"

"ဒါပေမဲ့ အခု ဒီမှာဘာတွေဖြစ်နေတာလဲ"

ရဲ့ကူချန်၊ စစ်ထူရွယ်နှင့် ရွှမ်လီတို့ကြားရှိ ပြဿနာများကို မည်သူမျှ မသိခဲ့ပါ။

ထို့ကြောင့် သူတို့အားလုံး လွန်စွာ အံသြသွားကြသည်။

"မျှော်လင့်ထားတဲ့အတိုင်း မင်း တကယ်ရောက်လာတာပဲ"

သူတို့နှစ်ယောက် ရောက်လာတာကို မြင်ရသော်လည်း ရွှမ်လီက လုံးဝ စိတ်မဆိုးပါ။ ထိုအစား သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ကောင်းကင်ကိုသွားရာလမ်းရှိပေမဲ့ ငရဲလမ်းကိုမှ ရွေးချယ်တယ်"

ရွှမ်လီ၏စကားကိုကြားတော့ ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

"ဒါက ပြန်လည်ဝင်စားခြင်းပင်လယ်လေးပဲလေ။ ဒီလောက်လည်း မဟုတ်ပါဘူး"

အခြေအနေက ပုံမှန်မဟုတ်ကြောင်း သိရသောအခါ ဧည့်သည်များအားလုံးက အသံမထွက်ကြတော့ပေ။

မြင်ကွင်းတစ်ခုလုံးသည် အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

နှစ်ဖက်စလုံးက ပစ်မှားရန် မလွယ်ပေ။

ရဲ့ကူချန်ဆိုလျှင်လည်း မူလက သူသည် ရှေးဟောင်းရဲ့မိသားစုမှ ပါရမီရှင်တစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ကိုးပါးတွင် အဟန့်အတား များစွာ မရှိပါ။

သို့ရာတွင်၊ ယခုအချိန်မှာတော့ မတူတော့ပေ။

သူက ဓားသင်္ချိုင်း၏ ဆက်ခံသူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ နောက်ခံကလည်း အလွန်ကြောက်စရာကောင်း၏။

ထို့ကြောင့် မည်သူ့ကိုမျှ သူတို့ မစော်ကားနိုင်ပေ။

"ရှောင်ရဲ့ကျစ်၊ ရှင် ဘာဖြစ်လို့ ဒီကိုလာခဲ့တာလဲ"

ထိုအချိန်တွင် စစ်ထူရွယ်က သူမ၏ အနီရောင် ပဝါစကို ရုတ်တရက် ဆွဲဖယ်လိုက်သည်။

ထို့နောက် မျက်ရည်များ စီးကျနေပြီး ငိုထားဟန်ဖြင့် မျက်လုံးများ မို့နေသော မျက်နှာလေးတစ်ခုကို တွေ့လိုက်ကြရ၏။

ရဲ့ကူချန်၏ မျက်လုံးအိမ်များက အနည်းငယ် တုန်လှုပ်သွားကြသည်။

သူ၏ အေးစက်ပြီး အထီးကျန်ဆန်သော နှလုံးသားက ပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီ။

"ရှောင်ရဲ့ကျစ်၊ ရှင်ဘာဖြစ်လို့ လာတာလဲ။ ရှင်မလာဘူးဆိုရင် ကျွန်မ ကြိုးစားပြီးတော့ မေ့ထားနိုင်ဦးမယ်"

"အခုချိန်မှ ရောက်လာတာက ကျွန်မကို ဘာလုပ်စေချင်လို့လဲ"

စစ်ထူရွယ်က ငိုကြွေးရင်းမှ ပြောလိုက်သည်။

တစ်ဖက်က သူ့မိသားစု... တစ်ဖက်က သူ ချစ်ရသူ...

ဒါက အမျိုးသမီးတစ်ယောက်အတွက် ခက်ခဲလွန်းလှသည်။

ဒါကိုမြင်တော့ ဧည့်သည်များက အဖြစ်အပျက်ကို ရုတ်တရက် သဘောပေါက်သွားသည်။

သူတို့က ပြဿနာရှာရန် လာကြခြင်း မဟုတ်ပေ။ ထိုအစား သတို့သမီးကို လုယူရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

"လက်စသတ်တော့ ဒီလိုပဲ၊ စစ်ထူမိသားစုရဲ့ မိန်းကလေးက တကယ်ကို ဓားသင်္ချိုင်းရဲ့ ဆက်ခံသူနဲ့ ဇာတ်လမ်းလေးတွေ ရှိနေတယ်"

တစ်ယောက်က ခပ်တိုးတိုးလေး ပြောလိုက်သည်။

ဤသို့ဆိုလျှင် ရွှမ်လီက တကယ်ယုတ်မာသည်။

ဟုတ်သည်၊ ဒါကို မည်သူမျှတော့ ထုတ်မပြောဝံ့ပေ။

"စစ်ထူရွယ်၊ မင်းဘာတွေပြောနေတာလဲ"

သူ့အနားတွင် စစ်ထူမိသားစု၏ အကြီးအကဲက ခဏမျှ အံ့ဩသွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူတို့၏ စစ်ထူမိသားစုက ကြီးမားသော အောင်မြင်မှုရရှိရန် ခြေတစ်လှမ်းသာဝေးတော့သည်။

သို့ရာတွင်၊ ဒါက မည်သို့ဖြစ်သနည်း။

ယခုအခါ ရဲ့ကူချန်က ဓားသင်္ချိုင်း၏ ဆက်ခံသူတစ်ဦးဖြစ်သည်။

သို့သော်လည်း သူတို့ စစ်ထူမိသားစု၏ အမြင်မှာတော့ ရဲ့ကူချန်ဟာ ရွှမ်လီနှင့် မနှိုင်းယှဥ်နိုင်သေးပါ။

ပထမအချက်က စစ်ထူမိသားစုသည် ပြန်လည်ဝင်စားခြင်းပင်လယ်၏ နောက်လိုက်မိသားစု ဖြစ်သည်။

ဒုတိယအနေဖြင့် ဓားသင်္ချိုင်းက တားမြစ်နယ်မြေတစ်ခုဖြစ်ပြီး အားနည်းမှူမရှိသော်လည်း အဖွဲ့ဝင်အများအပြားဖြင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် တားမြစ်နယ်မြေများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် နိမ့်ကျသေးသည်။

ပြန်လည်ဝင်စားခြင်းပင်လယ်ကို ဝင်ရောက်ခြင်းဖြင့် စစ်ထူမိသားစု၏ သြဇာအာဏာက ပိုကြီးမားလာမည် ဖြစ်သည်။

သို့ရာတွင်၊ ဓားသင်္ချိုင်းက လူအနည်းငယ်သာ ရှိသည်။

ထို့ထက် အရေးကြီးဆုံးအချက်က စစ်ထူမိသားစုသည် မဟာသုတ်သင်ရှင်းလင်းခြင်းတွင် မပါဝင်ခဲ့ခြင်းပင်။

ယုတ္တိဗေဒအရ၊ မဟာသုတ်သင်ရှင်းလင်းမှု တစ်ခုစီသည် တားမြစ်နယ်မြေများသို့ အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးနိုင်သည်။

စစ်ထူမိသားစုသည်လည်း ဤအရာမှ အကျိုးခံစားနိုင်ပေသည်။

ထို့ကြောင့်၊ စစ်မိသားစုခေါင်းဆောင်အတွက် ဓားသင်္ချိုင်းသည် ပြန်လည်ဝင်စားခြင်းပင်လယ်ကို မမီပေ။

"တောင်းပန်ပါတယ် ခေါင်းဆောင်၊ ဒါပေမဲ့ ရွယ်အာမှာ နှစ်သက်ရမဲ့သူ ရှိနေပြီ"

စစ်ထူရွယ်က နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်လိုက်သည်။

သို့သော်လည်း သူက ဆုံးဖြတ်ထားလိုက်ပြီး ဖြစ်၏။

ရဲ့ကူချန်က သူ့ကိုရှာဖွေရန် ဤနေရာအထိ ရောက်လာပြီးမှ သူက ဘာကိုကြောက်ရဦးမည်နည်း။

"မင်း... မင်း တကယ်ကို အသုံးမကျတာပဲ။ ဒီလိုနိမ့်ကျသူတစ်ဦးက ဓားသင်္ချိုင်းရဲ့ ဆက်ခံသူအထောက်အထားကို ပိုင်ဆိုင်ထားရင်တောင် ဘာဖြစ်သလဲ"

"နောက်ပြီးတော့ သူ့မိသားစုနောက်ခံက အင်မော်တယ်နယ်မြေကြီးက ရဲ့မိသားစုတဲ့။ ဘယ်လောက်တောင် အရည်အချင်းမရှိတာတွေလဲ"

စစ်ထူမိသားစု၏ ခေါင်းဆောင်က ဒေါသတကြီး အော်လိုက်သည်။

"ဟမ်"

စူးရှအေးစက်သော အလင်းတန်းတစ်ခုက ရဲ့ကူချန်၏ မျက်လုံးများတွင် တောက်ပလာသည်။

သူက အေးစက်ပြီး အရာရာကို လျစ်လျူရှုထားတတ်သော်လည်း...

ဒါက ရဲ့မိသားစုအတွက် ခံစားချက်မရှိဘူးဟု မဆိုလိုပါ။

မည်သို့ပင်ဆိုစေကာမူ ရဲ့မိသားစုက အင်မော်တယ်နယ်မြေကြီး၏ ရှေးကျသော ရှေးဟောင်းမင်းမျိုးနွယ် မိသားစုသုံးစုထဲမှ တစ်ခု ဖြစ်သည်။ သူတို့ကို မည်ကဲ့သို့ အလွယ်တကူ အရှက်ခွဲနိုင်မည်နည်း။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က ရဲ့ကူချန်၏ပခုံးကို တစ်ချက်ပုတ်လိုက်သည်။

ရဲ့ကူချန်က စကားနည်းသူဖြစ်ပြီး စကားကောင်းကောင်း မပြောတတ်ပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ရှန်းလင်၏ အကျော်အမော်ကိုပင် ဒေါသထွက်လွန်းသဖြင့် မေ့လဲအောင် ပြောနိုင်သူ ဖြစ်သည်။

"အဘိုးကြီး၊ ခင်ဗျားက ကျုပ်အင်မော်တယ်နယ်မြေကြီးက ရှေးဟောင်းမင်းမျိုးနွယ် မိသားစုတွေကို ရှုတ်ချနေတာလား"

ကျွင်းရှောင်ယောက်၏ လေသံက အေးစက်သော အရိပ်အမြွက်တို့ကို သယ်ဆောင်လာသည်။

စစ်ထူမိသားစု ခေါင်းဆောက်၏ အမူအရာက ခဏမျှ အေးခဲသွားသည်။ စကားပြောလာသူက ကျွင်းရှောင်ယောက်ဖြစ်ကြောင်း မြင်ရသောအခါ သူ မျက်နှာပျက်သွား၏။

"ရှေးဟောင်းမင်းမျိုးနွယ် မိသားစုတွေအားလုံးကို ကျုပ်မပြောခဲ့ဘူး"

စစ်ထူမိသားစုခေါင်းဆောင်က ပြောသည်။

နှစ်ခုစလုံးက ရှေးဟောင်းမင်းမျိုးနွယ် မိသားစုများ ဖြစ်ကြသော်လည်း ရဲ့မိသားစုသည် ကောင်းကင်ကိုးပါးတွင် ဟန့်တားနိုင်စွမ်း သိပ်မရှိပေ။

သို့ရာတွင်၊ ကျွင်းမိသားစုက တားမြစ်နယ်မြေများကိုပင် နောက်ဆုတ်စေနိုင်လောက်အောင် အားကောင်းသည်။

စစ်ထူမိသားစု၏ ခေါင်းဆောင်က မယုံနိုင်လောက်အောင် သတ္တိကောင်းလျှင်ပင် ကျွင်းမိသားစုကို နှိမ့်ချသည့်စကား မပြောဝံ့ပါ။ သူတို့က အရည်အချင်း မပြည့်မီပေ။

"အင်မော်တယ်နယ်မြေကြီးရဲ့ ရဲ့မိသားစုက အရည်အချင်းမရှိဘူးလို့ ခင်ဗျား ပြောခဲ့တယ်"

"ရဲ့မိသားစုနဲ့ ကျွင်းမိသားစု နှစ်ခုစလုံးဟာ ရှေးဟောင်းမင်းမျိုးနွယ် မိသားစုသုံးခုထဲမှာ ပါဝင်ကြတယ်။ ရဲ့မိသားစုကို ရှုတ်ချတာက ကျွင်းမိသားစုကို ရှုတ်ချတာနဲ့ အတူတူပဲ"

"ကျုပ်ရဲ့ ကျွင်းမိသားစုက သိပ်ပြီး အရည်အချင်းမရှိပေမဲ့ စစ်ထူမိသားစုကို ဖျက်ဆီးချင်ရင် လက်ဖျစ်တစ်ချက်တီးရုံပဲ"

ကျွင်းရှောင်ယောက်က လက်ဖျစ်တီးဟန်ပြုရင်း ပြောလိုက်သည်။

စစ်ထူမိသားစုမှ အဘိုးအို၏ မျက်နှာတွင် တုန်လှုပ်ချောက်ချားမှုတို့ ပေါ်လာသည်။ သူက ဘာမျှမပြောဝံ့တော့ဘဲ ရွှမ်လီကိုသာ အားကိုးဟန်ဖြင့် ကြည့်လိုက်လေသည်။

ရွှမ်လီက အေးစက်စွာ ပြောလိုက်သည်။

"ကျွင်းရှောင်ယောက်၊ တော်လောက်ပြီ။ မင်းရဲ့နောက်မှာ ကျွင်းမိသားစုရှိတာနဲ့ လုပ်ချင်တိုင်းလုပ်နိုင်မယ်လို့ မထင်နဲ့"

"တိတ်စမ်း၊ အဆုံးမဲ့မဟာဧကရာဇ်ရဲ့ ဒဏ်ခတ်ခံရတဲ့ တားမြစ်မိသားစုက ငါ့ရှေ့မှာ သာလွန်မြင့်မြတ်သလို ပြုမူဝံ့သလား"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

“မင်း..."

ရွှမ်လီ၏ မျက်နှာက အလွန်အေးစက်သွားသည်။

ကျွင်းရှောင်ယောက်ကိုသာ မကြောက်ရလျှင် လှုပ်ရှားခဲ့ပြီး ဖြစ်နိုင်သည်။

ကျွင်းရှောင်ယောက်က စစ်ထူမိသားစု၏ ခေါင်းဆောင်ကို ပြန်ကြည့်လိုက်သည်။

စစ်ထူရွယ်နှင့် ရဲ့ကူချန်တို့ အတူနေရန် အဓိကဖြေရှင်းစရာမှာ စစ်ထူမိသားစု ဖြစ်သည်။

ထို့ကြောင့် သူတို့နှင့် စကားနည်းနည်းပြောရဦးမည်။

"တကယ်လို့ စစ်ထူမိသားစုကို အမှန်တကယ် ဖျက်ဆီးခဲ့ရင် ပြန်လည်ဝင်စားခြင်းပင်လယ်က ကျုပ်ရဲ့ ကျွင်းမိသားစုကို အင်မော်တယ်စစ်ပွဲ စတင်မှာလား"

ကျွင်းရှောင်ယောက်၏ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခြင်းက စစ်ထူမိသားစု အကြီးအကဲ၏ မျက်နှာကို ဇီးရွက်သာသာ ဖြစ်သွားစေသည်။

သူ့တကိုယ်လုံး တုန်လှုပ်သွား၏။

ဦးနှောက်ရှိကြသူတိုင်း ဒါက လုံးဝမဖြစ်နိုင်ကြောင်း သိနိုင်သည်။

ကျွင်းရှောင်ယောက်က မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၏ ဓားဧကရာဇ်ကို သတ်ခဲ့သည်။

သို့ရာတွင် မြင့်မြတ်ဝိညာဉ် အပျက်အယွင်းက ဘာမျှအသံမထွက်ခဲ့ပေ။

ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ် ရောက်ရှိလာသည့်တိုင် အဆုံးတွင် သူ ပြန်ဆုတ်ခဲ့ရသည်။

ဓားဧကရာဇ်၏ သေဆုံးခြင်းအတွက် ဒေါသကိုပင် မထုတ်ဖော်နိုင်ခဲ့ပေ။

စစ်ထူမိသားစုက ပြန်လည်ဝင်စားခြင်းပင်လယ်နှင့် ဘာမှမဆိုင်ပါ။

ကျွင်းမိသားစုနှင့် ပြဿနာဖြစ်ရန် မဆိုထားဘိ၊ အနည်းငယ်မျှပင် ဂရုစိုက်မည် မဟုတ်ပေ။

ထို့ကြောင့် စစ်ထူမိသားစု၏ ခေါင်းဆောင်က တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

သူက နောက်ထပ် ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ဘဲ လိပ်တစ်ကောင်လို ဆုတ်ခွာသွားတော့သည်။

"ကျွင်းရှောင်ယောက်၊ မင်းက ခုနစ်ရောင်ခြယ် တာအိုသခင်နဲ့ တိုက်ပွဲအတွက် ပြင်ဆင်နေရမဲ့အစား ငါ့ပြန်လည်ဝင်စားခြင်းပင်လယ်မှာ ပြဿနာရှာဖို့ တကယ်လာခဲ့တယ်"

ရွှမ်လီက အေးစက်စွာ ပြောလိုက်သည်။

"မင်းမှားနေပြီ၊ ငါက ဒီနေ့မှာ အဓိကဇာတ်ကောင် မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က နောက်ပြန်ဆုတ်သွား၏။

ရဲ့ကူချန်က ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်သောအခါ ရွှင်းချိုရှီးပိုက်ဓားက သူ့လက်ထဲသို့ ပြန်ရောက်လာတော့သည်။

"ဒီနေ့ မင်းက ငါ့ရဲ့ ဓားသွေးကျောက်ပဲ"

All Chapters