← Chapters

အခန်း ၁၄၂၇

Vol. 96 Ch. 1427

အခန်း ၁၄၂၇

Vol. 96 Ch. 1427

အခန်း ( ၁၄၂၇ ) တုကူးဓားနတ်ဘုရား နောက်တစ်ယောက်ကို ပေါ်လာခွင့်မပြုပါ။

ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးယောက် စုဝေးခြင်းက လေထုကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။

ပြန်လည်ဝင်စားခြင်းပင်လယ်၏ တတိယသခင်လေး ရွှမ်မော့က ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် အဆင့် ဆယ့်လေး ဖြစ်သည်။

ဒုတိယသခင်လေး ရွှမ်လီက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် အဆင့် ဆယ့်တစ် ဖြစ်၏။

ပထမသခင်လေး ရွှမ်မီက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၌ အဆင့်ခုနစ် ရှိသည်။

သူတို့၏ အဆင့်များက ထိပ်တန်းငါးဦးတွင် မပါဝင်သော်လည်း အထင်သေးလို့မရပေ။

ဤသခင်လေး သုံးဦးက တူညီသော မူလရင်းမြစ်ဖြင့် ဧကရာဇ်အဆင့် အရိုးတစ်ပိုင်းစီ ပိုင်ဆိုင်ထားကြသည်။

သူတို့ သုံးယောက် ပေါင်းလိုက်လျှင် ဝမ့်ယန်၊ ခုနစ်ရောင်ခြယ်တာအိုသခင်နှင့် မဟာနတ်ဆိုးဘုရင် ကူချမမြဲ့ကဲ့သို့ ထိပ်တန်း ပါရမီရှင်များပင် ခေါင်းကိုက်ရလိမ့်မည်။

ယခုအချိန်တွင် ရွှမ်မီက ပေါ်လာသော်လည်း ရဲ့ကူချန်ကို ချက်ချင်း မကြည့်ခဲ့ပါ။

ထိုအစား သူသည် တစ်စုံတစ်ခုကို စိစစ်နေသကဲ့သို့ စူးရှသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ရွှမ်မီ၏ သဘောထားက ပတ်ဝန်းကျင်မှ လူများကို ပို၍ စိတ်ဝင်စားစေခဲ့ပေသည်။

ဤမင်္ဂလာပွဲက မင်္ဂလာပွဲတစ်ခုထက် ပိုနေပုံရသည်။

ပြန်လည်ဝင်စားခြင်းပင်လယ်၏ တကယ့်ပစ်မှတ်က ရဲ့ကူချန်မဟုတ်ဘဲ ကျွင်းရှောင်ယောက် ဖြစ်ကောင်းဖြစ်လိမ့်မည်။

ရွှမ်လီကို ယခင်ဓားချက်အား ကူညီခုခံပြီးနောက် ရွှမ်မော့၏ အေးစက်သော အကြည့်များက ကျွင်းရှောင်ယောက်အပေါ်သို့ ကျရောက်လာသည်။

သူ ယခုထိ မမေ့နိုင်သေးပေ။

ရှန်းလင်၏ စန်းရှန်းအင်မော်တယ်ဂူတွင် ရှိစဉ်အခါက ကျွင်းရှောင်ယောက်သည် သူ့ကို ခွေးသေတစ်ကောင်ပမာ ဖြစ်လာသည်အထိ ရိုက်နှက်ခဲ့ပြီး အရှက်ခွဲခဲ့သည်။

ယခုမူ၊ သူတို့က လက်စားချေရန် အခွင့်အရေးတစ်ခု ရလာပြီ။

သို့သော်လည်း သူတို့က ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခု လိုသည်။

ထိုအခါ ရဲ့ကူချန်က အကောင်းဆုံး အကြောင်းပြချက်ပင်။

ထို့ကြောင့် အစမှအဆုံးထိ ဒါသည် ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားသော အစီအစဉ်တစ်ခုသာ ဖြစ်သည်။

ရဲ့ကူချန်ကို ပစ်မှတ်ထားသူက ရွှမ်လီတစ်ဦးသာ ဖြစ်ပေသည်။

ယခုမူ သူက လက်စားချေခြင်း ကျရှုံးခဲ့ရုံသာမက မျက်နှာလည်းပျက်သွားခဲ့သည်။

ယင်းကြောင့် ရွှမ်လီမှာ အနည်းငယ် အရှက်ရပြီး ဒေါသထွက်နေတော့သည်။

ယနေ့တွင် သူက ရဲ့ကူချန်ကို နှိပ်ကွပ်ရမည်။

ရွှမ်လီက ရွှမ်မော့ကို တစ်ချက်ကြည့်လိုက်သည်။

ညီအစ်ကိုများအနေဖြင့် စကားလုံးများစွာ မလိုအပ်ဘဲ အကြည့်တစ်ချက်ဖြင့် နားလည်ခဲ့ပေသည်။

နောက်အခိုက်တွင်...

ရွှမ်လီနှင့် ရွှမ်မော့တို့က ရဲ့ကူချန်ကို အတူတကွ တိုက်ခိုက်ခဲ့ကြသည်။

"နင်တို့ အရှက်မဲ့လွန်းတာပဲ"

ဒါကိုမြင်သောအခါ စစ်ထူရွယ်က မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။ သူက သူမ၏ အဝတ်အစားထောင့်စွန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

သို့သော်လည်း သူတစ်ဦးတည်းသာ ထိုသို့ ပြောဝံ့သည်။

ကျန်သော ဧည့်သည်များက တိတ်ဆိတ်နေပြီး ဘာသံမှမထွက်ပေ။

ရွှမ်မော့က လှောင်ပြောင်လိုက်သည်။

"ငါတို့ ညီအကို သုံးယောက်က တစ်သားတည်း ဖြစ်နေပါတယ်ဆိုမှ ဘာဖြစ်လို့ အတူတူ မလှုပ်ရှားနိုင်ရမှာလဲ"

"အရှက်မဲ့လိုက်တာ"

စစ်ထူရွယ်က ဒေါသထွက်လွန်းသော်လည်း ဘာမျှမတတ်နိုင် ဖြစ်နေသည်။

ရုတ်တရက်၊ သူက ကျွင်းရှောင်ယောက်ကို သတိရသွားပြီး လှမ်းကြည့်လိုက်သည်။

လက်ရှိ ဤနေရာတွင် ရှိနေသူများထဲမှာ အင်အားရှိပြီး ရဲ့ကူချန်ကို ကူညီလိုသော တစ်ဦးတည်းသောသူက ကျွင်းရှောင်ယောက်ပင်။

"ကျွင်းသခင်လေး၊ ကျေးဇူးပြုပြီး..."

စစ်ထူရွယ်က တစ်ခုခုပြောလိုသော်လည်း ကျွင်းရှောင်ယောက်က တိုက်ရိုက်ပြောလိုက်သည်။

"မိန်းကလေး စစ်ထူ၊ အလျင်မလိုပါနဲ့။ ညီနောင်ရဲ့ ရဲ့ ခွန်အားက ဒီလောက်မရိုးရှင်းဘူး"

သခင်လေးသုံးဦး လက်တွဲလိုက်ကြလျှင် ရလဒ်က မသေချာပေ။

သို့သော်လည်း ရဲ့ကူချန်သည် လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု ကျွင်းရှောင်ယောက်က ယုံကြည်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်... ရွှမ်လီနှင့် ရွှမ်မော့တို့ကို ရင်ဆိုင်ရသော်လည်း ရဲ့ကူချန်၏ အမူအရာက မပြောင်းလဲသေးပါ။

စကားတစ်ခွန်းမှ မပြောဘဲ သူ့ဓားဖြင့် ထပ်မံလွှဲခုတ်လိုက်သည်။

ရွှမ်လီနှင့် ရွှမ်မော့တို့ကလည်း တပြိုင်နက်တည်း လှုပ်ရှားခဲ့၏။

ရွှမ်မီကမူ လက်ရှိအချိန်တွင် လှုပ်ရှားမှုရန် ရည်ရွယ်ချက်မရှိဘဲ လေထဲတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

သူက ကျွင်းရှောင်ယောက်ကိုသာ အာရုံစိုက်နေပေသည်။

ကျွင်းရှောင်ယောက်က အဓိက ပစ်မှတ်ဖြစ်သည်။

ထိုအချိန်တွင် တိုက်ပွဲအဟုန်က မြင့်တက်နေပြီ ဖြစ်သည်။

ရွှမ်မော့၏ လက်တစ်ဖက်မှ ဧကရာဇ်အဆင့် လက်အရိုးက‌ တောက်ပသော အလင်းများကို ထုတ်လွှတ်လာသည်။

ရွှမ်လီ၏ ရင်ဘတ်မှ ဧကရာဇ်အဆင့် ရင်ဘတ်အရိုးကလည်း တောက်ပလာ၏။

ထို့ပြင် သူတို့နှစ်ယောက်ကြားမှ တစ်စုံတစ်ခုက ထူးဆန်းစွာ ပဲ့တင်ထပ်နေပုံရသည်။

ဧကရာဇ်အဆင့် လက်အရိုးနှင့် ဧကရာဇ်အဆင့် ရင်ဘတ်အရိုးက တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေကာ အားကောင်းနေပြီးဖြစ်သော စွမ်းအားက ပို၍ပင် အားကောင်းလာတော့သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ သခင်လေးနှစ်ယောက်က တစ်ချိန်တည်းမှာ လှုပ်ရှားတဲ့အခါ တော်တော်အစွမ်းထက်တယ်"

"ကောလဟာလတွေအရ သခင်လေးသုံးယောက်က တစ်ပြိုင်နက်တည်း လှုပ်ရှားရင် ကောင်းကင်နဂါးနဲ့ ဖီးနစ်စာရင်းက ထိပ်တန်းပါရမီရှင်ငါးယောက်တောင် ခေါင်းကိုက်လိမ့်မယ်တဲ့။ အခုကြည့်ရတာ ဒါက ချဲ့ကားတာတော့ မဟုတ်ဘူး"

တက်ရောက်လာသူတိုင်းက အာရုံစိုက်နေခဲ့ကြသည်။

သို့ရာတွင်၊ အံ့ဩစရာကောင်းတာက ရဲ့ကူချန်ဟာ အားနည်းချက် လုံးဝ မရှိပေ။

သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူက တောက်ပသော ဓားအလင်းများကို ဆက်တိုက် ထုတ်လွှတ်လိုက်၏။

တစ်ချိန်တည်းမှာပင်၊ သူ့ထံမှ ရှေးဓားနတ်ဘုရား ပေါ်လာသကဲ့သို့ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထို့အတူ ရွှင်းချိုရှီးပိုက်ဓား၏ ထက်မြက်သော အငွေ့အသက်များက ပို၍ပင် စူးရှလာတော့သည်။

"ဟမ်..."

ရွှမ်မီ၏ အာရုံက ရဲ့ကူချန်ထံသို့ ပြန်ရောက်လာသည်။

သူ့မျက်လုံးထဲတွင် အံ့အားသင့်ခြင်း အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

ဤအခိုက်အတန့်တွင် ရဲ့ကူချန်၏ ဟန်အမူအရာက ဓားသင်္ချိုင်း၏ တားမြစ်တည်ရှိမှုတစ်ခုကို သတိရစေသည်။

ထိုတားမြစ်တည်ရှိမှု ရှိစဉ်အခါက ဓားသင်္ချိုင်း၏ ဩဇာအာဏာမှာ အလွန်ကြီးမားခဲ့ပေသည်။

ပြန်လည်ဝင်စားခြင်းပင်လယ်၏ ရှေးမဟာပုဂ္ဂိုလ်ကြီးပင်လျှင် သူ့ကို သတိထားရသည်။

ထိုတားမြစ်တည်ရှိမှုက တုကူးဓားနတ်ဘုရားမှတပါး အခြားမရှိပေ။

တုကူးဓားနတ်ဘုရား ရှိစဉ်အခါက အချိန်သည် ဓားသင်္ချိုင်းအတွက် အကြွယ်ဝဆုံးနှင့် အခမ်းနားဆုံးအချိန် ဖြစ်ခဲ့သည်။

သက်ရှည်ကျွန်း၊ ပြန်လည်ဝင်စားခြင်းပင်လယ်နှင့် ဧကရာဇ်ကြွေလွင့်တောင်ကဲ့သို့ တားမြစ်နယ်မြေများပင်လျှင် တုကူဓားနတ်ဘုရားကို ကြောက်ရွံ့ကြရပေသည်။

'ဓားသင်္ချိုင်းက နောက်ထပ် တုကူးဓားနတ်ဘုရား ပေါ်လာဖို့ကို ခွင့်မပြုနိုင်ဘူး...'

ရွှမ်မီ၏ မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ပေါ်လာသည်။

ဤတစ်ကြိမ်တွင် အခွင့်အရေးရပါက ရဲ့ကူချန်ကို သတ်ရမည်။

ဓားဂူသင်္ချိုင်း၏ ဆက်ခံသူအဖြစ် သူ့အထောက်အထားကြောင့် သတိတော့ထားရသည်။

သို့ရာတွင်၊ သူ၏ ကျင့်ကြံမှုကို ဖျက်ဆီးလိုက်ပါက ဓားသင်္ချိုင်းက ဒေါသပေါက်ကွဲသွားနိုင်သည်။

သို့သော်... သူတို့က ရဲ့ကူချန်အတွက် ပြန်လည်ဝင်စားခြင်းပင်လယ်နှင့် သေသည်အထိတော့ မတိုက်ခိုက်တန်ရာပေ။

သို့သော်လည်း ယင်းမတိုင်မီ ဖြေရှင်းရမည့် ပြဿနာတစ်ခုရှိနေသည်။

ဒါက သဘာဝအတိုင်း ကျွင်းရှောင်ယောက်ပင်။

ကျွင်းရှောင်ယောက်က ရဲ့ကူချန် သေဆုံးခြင်း သို့မဟုတ် ကျင့်ကြံမှုဖျက်ဆီးခံရခြင်းတို့ကို လက်ပိုက်ပြီး ကြည့်နေမည် မဟုတ်ပါ။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်က ရဲ့ကူချန်၏ မျက်လုံးများမှ သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခုကို သတိပြုလိုက်မိသည်။

'မင်းက ညီနောင်ရဲ့ကို ကြောက်တာလား။ ဒါမှမဟုတ် နောက်ထပ် တုကူးဓားနတ်ဘုရားတစ်ပါး ဓားသင်္ချိုင်းမှာ ပေါ်လာတာကို ကြောက်တာလား'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ ရယ်မောလိုက်သည်။

ကောင်းကင်ကိုးပါးရှိ ဤတားမြစ်နယ်‌မြေဆယ်ခုက ညီညွတ်ကြပုံမရပေ။

ထို့ပြင် တားမြစ်နယ်မြေအချို့ကြားတွင် နက်ရှိုင်းသော ပဋိပက္ခများပင် ရှိနေသည်။

ဒါက ကျွင်းရှောင်ယောက်အတွက် အခွင့်အရေးပင်။

ဖြစ်နိုင်လျှင်၊ သူက တားမြစ်နယ်မြေများရှိ အဖွဲ့ဝင်အချို့ကို အနိုင်ယူရန် ကြိုးစားမည် ဖြစ်သည်။

ရွှမ်မီနှင့် ကျွင်းရှောင်ယောက်တို့က မတူညီသော အရာများကို တွေးနေကြချိန်...

တိုက်ပွဲအတွင်းမှာ...

ရွှမ်လီက နောက်တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။

ရွှမ်မော့လည်း ဒယီးဒယိုင်ဖြင့် ဆုတ်သွားရပြီး သူ့မျက်လုံးများက ထိတ်လန့်မှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေ၏။

သူတို့နှစ်ယောက် ပေါင်းလိုက်သော်လည်း ရဲ့ကူချန်ကို မဖိနှိပ်နိုင်သေးပါ။

ထိုအစား ရဲ့ကူချန်ကြောင့် ဒဏ်ရာရသွားခဲ့ကြသည်။

"ကျောက်တုံးနှစ်တုံးက မလောက်ဘူးထင်တယ်။ ဒီလိုဆိုမှတော့ မင်းတို့ သုံးယောက်လုံး လာခဲ့ကြ"

ရဲ့ကူချန်၏ စကားက ရောက်ရှိလာသူအားလုံးကို အံ့အားသင့်စေခဲ့သည်။

ကျွင်းရှောင်ယောက်၏ ညီနောင်က မျှော်လင့်ထားသည့်အတိုင်းပင်။

သူတို့အားလုံးက ကျွင်းရှောင်ယောက်လို မာနကြီးသည်။

သို့သော်လည်း ရဲ့ကူချန်က မာနကြီးပိုင်ခွင့်ရှိပေသည်။

သူ့အင်အားကလည်း လူတိုင်း သိနိုင်ပြီ ဖြစ်သည်။

သူက နောက်ထပ် တုကူးဓားနတ်ဘုရား ဖြစ်လာမလားဟုပင် လူအများက တွေးလိုက်မိကြသည်။

"ဒီလိုဆိုမှတော့ ဒီသခင်လေးက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ရွှမ်မီ၏ မျက်လုံးများတွင် အေးစက်စက် အရိပ်အယောင်တစ်ခု လက်သွားသည်။

သူက လှုပ်ရှားရန် အကြောင်းပြချက် ရှာနေသောကြောင့် ရဲ့ကူချန်၏ စကားများက သူ့ဆန္ဒအတိုင်းပင်။

ရွှမ်မီက တိုက်ပွဲအတွင်းသို့ ပါဝင်လာသောအခါ အခြေနေက ထပ်မံ ပြောင်းလဲသွားသည်။

ညီအစ်ကို သုံးယောက်၏ အရှိန်အဝါများက လုံးလုံးလျားလျား ပေါင်းစပ်သွားပြီး သူတို့၏ စွမ်းအားများ အဆများစွာ တိုးများလာ၏။

ထိုအရှိန်အဝါက ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့်သို့‌ ရောက်ရှိသွားပြီ။

"သူတို့ရဲ့ အရှိန်အဝါက အဆင့်တစ်ခု ဖြတ်ကျော်သွားပြီပဲ။ ဒါက တကယ်ကို ကြောက်စရာကောင်းတယ်"

ထို‌အငွေ့အသက်များကို ခံစားမိသောအခါ အားလုံးက အံ့ဩသွားကြသည်။

စစ်ထူရွယ်က အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏ မျက်နှာမှာ စိုးရိမ်မှုတို့ ပေါ်လာပြန်တော့သည်။

ကျွင်းရှောင်ယောက်သာ ငြိမ်သက်နေပြီး အခြေအနေကို ထိန်းချုပ်ထားသကဲ့သို့ တည်ငြိမ်မှုမျိုး ရှိခဲ့သည်။

ထိုအချိန်တွင်၊ အနီရောင်နှုတ်ခမ်းပါးနှင့် ကိုယ်ခန္ဓာ သွယ်လျသော လူငယ်တစ်ဦး ရောက်လာသည်။

ဒါက ခွင်းလင်ယုပင်။

"ကြည့်ရတာ ဒီပြပွဲကို ငါ လက်မလွတ်သေးဘူးပဲ။ နောက်ပြီးတော့ ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ ညီအစ်ကိုသုံးယောက်စလုံး တပြိုင်နက်တည်း လှုပ်ရှားကြမယ်လို့ မမျှော်လင့်ထားဘူး"

"ဒီညီအစ်ကိုသုံးယောက်က အတူတူ လှုပ်ရှားကျရင် ငါ့အစ်ကိုတောင် ခက်လိမ့်မယ်"

ခွင်းလင်ယုက တိုက်ပွဲကိုကြည့်ရင်း စိတ်ဝင်စားမှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

All Chapters