← Chapters

အခန်း ၁၄၂၈

Vol. 96 Ch. 1428

အခန်း ၁၄၂၈

Vol. 96 Ch. 1428

အခန်း ( ၁၄၂၈ ) တုကူးဓားနတ်ဘုရား၏ အလိုတော်။

ယခုအခါ ရွှမ်မီလည်း တိုက်ပွဲအတွင်း ပါဝင်လာခဲ့ပြီ။

ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးယောက်က ပူးပေါင်လိုက်သောအခါ အငွေ့အသက်များက ချက်ချင်း ပြောင်းလဲသွားသည်။

မူလက သူတို့၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အဓိပတိငယ်နှင့် မဟာကောင်းကင်အဓိပတိအဆင့်ကြားတွင် ရှိသည်။

ယခုမူ၊ သူတို့သုံးဦးက ပူးပေါင်းလိုက်ပြီး သူတို့၏ စွမ်းအင်များကလည်း ပေါင်းစည်းသွားကြပြီ။

သူတို့၏ အငွေ့အသက်များက အမှန်တကယ်ပင် ဆန်းကြယ်ကောင်းကင်အဓိပတိအဆင်သို့ ရောက်ရှိသွားခဲ့သည်။

ထို့ပြင်၊ ၎င်းက သာမန် ဆန်းကြယ်ကောင်းကင်အဓိပတိ မဟုတ်ပါ။ အလွန် အစွမ်းထက်သော ဆန်းကြယ်ကောင်းကင်အဓိပတိ ဖြစ်သည်။

ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးဦးက ယခုအခါ ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းရှိ ထိပ်တန်း ပါရမီရှင်ငါးဦးကိုပင် မကြောက်တော့ဘူးဟု ဆိုနိုင်သည်။

သို့ရာတွင်၊ ဤလူသုံးယောက်ကို ရင်ဆိုင်ရသော်လည်း ရဲ့ကူချန်၏ အမူအရာက မပြောင်းပါ။

သူ့အမူအရာက အမြဲအေးစက်ပြီး လျစ်လျူရှုထားသည်။

သို့သော်လည်း ယခုအချိန်တွင် ဖိအားများကို သူ ခံစားရပေသည်။

ရဲ့ကူချန်၏ ကျင့်ကြံမှုအခြေခံက မဟာကောင်းကင်အဓိပတိအဆင့်ဖြစ်သော်လည်း ကြီးမားသော ပြီးပြည့်စုံခြင်းအဆင့် မဟုတ်သေးပါ။

ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့် တိုက်ခိုက်ရေးအင်အားကို ရင်ဆိုင်ရသောအခါ ဖိအားတချို့ ရှိနေဆဲ ဖြစ်သည်။

အရေးကြီးဆုံးအချက်က ရဲ့ကူချန်သည် သူ၏ ဘူမိနက်သန် နေရာမှန်ဖြစ်သော ဓားသင်္ချိုင်းတွင် လေ့ကျင့်ချိန်က တိုတောင်းလွန်းသည်။

သူ့ကို အချိန်ပိုပေးနိုင်လျှင်...

ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ ထိပ်ဆုံးသို့ တိုက်ရိုက်တက်နိုင်သည်ဟု မဆိုသော်လည်း အနည်းဆုံး ထိပ်တန်း သုံးယောက်အတွင်းကို အလွယ်တကူ ဝင်ရောက်နိုင်လိမ့်မည်။

နောက်ဆုံးတွင်၊ တုကူးဓားနတ်ဘုရား၏ လူဝင်စားသူက သာမန်လူ မဟုတ်ပါ။

ယခုအချိန်မှာတော့ ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးဦးက ပူးပေါင်းပြီး ရဲ့ကူချန်ကို တိုက်ခိုက်လိုက်ကြသည်။

ရွှမ်မော့က သူ့လက်ဝါးကို ဖြန့်လိုက်သည်။ အကန့်အသတ်မဲ့ စွမ်းအားတို့က ဧကရာဇ်စွမ်းအားတို့ ပါဝင်နေသော လက်ဝါးကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွား၏။

ရွှမ်လီ၏ ရင်ဘတ်မှ တောက်ပနေပြီး ပြန်လည်ဝင်စားခြင်း အလင်းရောင်များလည်း တောက်ပလာတော့သည်။

အကြီးဆုံး သခင်လေး ရွှမ်မီမူကား သူ့မျက်ခုံးနှစ်ခုကြားမှ နတ်အလင်းများ တောက်ပလာသည်။ ၎င်းကလည်း မွန်မြတ်ပြီး ကြီးမားကျယ်ပြန့်သော ဧကရာဇ်အရှိန်အဝါတို့ကို သယ်ဆောင်လာခဲ့ပေသည်။

ရွှမ်မီ ရရှိသောအရာမှာ နဖူးအရိုးဖြစ်ပြီး အရေးကြီးဆုံး အရိုးတစ်ခုလည်း ဖြစ်သည်။

၎င်းက သူ၏ ရှေးဦးဝိညာဉ်ကို မယုံနိုင်လောက်အောင် အားကောင်းစေကာ သူတို့သုံးယောက်၏ အမာခံဖြစ်စေခဲ့သည်။

ရွှမ်မီ၏ မျက်ခုံးနှစ်ခုကြားမှ ကြောက်မက်ဖွယ်ကောင်းသော ရှေးဦးဝိဉာဉ်အလင်းများ ပေါက်ကွဲထွက်လာပြီး ရဲ့ကူချန်ကို တုန်လှုပ်သွားစေခဲ့သည်။

"အဆုံးမဲ့အင်အားတွေ ပါဝင်နေတဲ့ ရုပ်ခန္ဓာနဲ့ ရှေးဦးဝိညာဉ်ရဲ့ တပြိုင်နက်တည်း တိုက်ခိုက်မှုတွေကို ဘယ်လိုလူက ခံနိုင်ရည်ရှိမှာလဲ"

ဒါကိုမြင်သောအခါ လူများစွာက သက်ပြင်းချလိုက်ကြသည်။

ဤညီအစ်ကို သုံးယောက်၏ ပူးပေါင်းဆောင်ရွက်မှုက အမှန်တကယ် ချောမွေ့ပေသည်။

ဒါက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းရှိ ထိပ်တန်း ပါရမီရှင်များအတွက်ပင် ပြဿနာဖြစ်နိုင်သည်။

'ဓားသင်္ချိုင်းကို ဆက်ခံသူက မဟာကောင်းကင်အဓိပတိ ကျင့်ကြံမှုအဆင့်ရှိပြီး အတော်လေး အစွမ်းထက်တယ်။ ဒါပေမဲ့ သူ့အတွက် အခွင့်အလမ်းက တော်တော်နည်းပါတယ်'

'ငါတို့ နိုင်ရမယ်'

စစ်ထူမိသားစု၏ ခေါင်းဆောင်က တိုက်ပွဲကို အာရုံစိုက်နေခဲ့သည်။

သူ့အတွက် အကောင်းဆုံးရလဒ်မှာ ရဲ့ကူချန်က ရှုံးနိမ့်ပြီး ဆန္ဒအလျောက် နောက်ကိုဆုတ်ပေးခဲ့ရန်ပင်။

ဤနည်းအားဖြင့် သူတို့က ကျွင်းရှောင်ယောက်ကို စော်ကားမိမည် မဟုတ်ဘဲ စစ်ထူရွယ်ကလည်း ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးကို လက်ထပ်နိုင်သည်။

တစ်ဖက်မှာတော့ စစ်ထူရွယ်က နှလုံးခုန်နှုန်း အလွန်မြန်နေပြီ။

သူက မျက်လုံး‌ထောင့်မှ ကျွင်းရှောင်ယောက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုအခါ သူ့နှလုံးသားက သိသိသာသာ ငြိမ်သက်သွား၏။

ကျွင်းရှောင်ယောက်က အမြဲတမ်း တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသူ ဖြစ်သည်။

ရဲ့ကူချန်၏ သူငယ်ချင်းအနေဖြင့် ကျွင်းရှောင်ယောက်က အရေးကြီးသော အခိုက်အတန့်သို့ ရောက်လာသောအခါတွင် နှာစေးမည်မဟုတ်ကြောင်း သူယုံကြည်ပေသည်။

ယခုအချိန်တွင် ကျွင်းရှောင်ယောက်က လေထဲမှာ ငြိမ်သက်စွာ ရပ်နေသည်။

ရဲ့ကူချန်ကို သူတို့သုံးယောက်က ဖိနှိပ်နေကြောင်း မြင်ရသော်လည်း စိုးရိမ်စိတ်မရှိဘဲ သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

'မင်းတို့က ညီနောင်ရဲ့ကို ဒီလောက်ထိ ဖိအားပေးနေတာ... တုကူးဓားနတ်ဘုရားရဲ့ အင်အားကို အပြည့်အဝ အသုံးမပြုနိုင်မှာ ကြောက်လို့လား'

ကျွင်းရှောင်ယောက်က ဝင်ရောက်မစွတ်ဖက်ရသော အကြောင်းရင်းမှာ....

ဆိုးရွားသော အခြေအနေများအောက်တွင် ရဲ့ကူချန်က တုကူးဓားနတ်ဘုရား၏ စွမ်းအားကို ထုတ်လွှတ်နိုင်ခြင်းရှိ၊မရှိ သူကြည့်ချင်သောကြောင့် ဖြစ်သည်။

ဒါက သူ၏ အနာဂတ် ကျင့်ကြံမှုအတွက် အလွန်အရေးကြီးပေသည်။

"ဝုန်း..."

ထိုအချိန်တွင် လူလေးဦးက ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ပါဝင်ခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် ရဲ့ကူချန်က ရုတ်တရက် ဆုတ်ခွာသွား၏။ သူ့ရင်ဘတ်ထဲမှ အောင့်သွားပြီး သွေးနှင့်ချီတို့ ဆူပွက်လာတော့သည်။

သူ့ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာပြီး သွေးစက်များက ရွှင်းချိုရှီးပိုက်ဓားအပေါ် ကျရောက်သွားသည်။

ရဲ့ကူချန်၏ သွေးများဖြင့် စွန်းထင်းနေသောကြောင့်လား မသိရသော်လည်း...

ရွှင်းချိုရှီးပိုက်ဓားက အလင်းရောင်တစ်ခု တောက်ပလာ၏။ ၎င်းထံမှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကလည်း ပေါက်ကွဲထွက်လာတော့သည်။

'ဟမ်၊ သူက တကယ် ခုခံနိုင်သေးတာလား'

ရွှမ်မီ၏ မျက်လုံးများတွင် သံသယတို့ ပေါ်လာသည်။

ယုတ္တိဗေဒအရ၊ ရဲ့ကူချန်သည် အပြတ်အသတ် ရှုံးနိမ့်ပြီး အရှက်တကွဲအကျိုးနည်း ဖြစ်သင့်သည်။

သို့သော်၊ ထိုသို့မဖြစ်ခဲ့ပေ။

ဒါကိုတွေးမိသောအခါ ရွှမ်မီ၏ မျက်လုံးများက ပို၍ပင် အေးစက်လာခဲ့သည်။

သူ၏မျက်ခုံးနှစ်ခုကြားမှ ဧကရာဇ်အဆင့် နဖူးအရိုးမှ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်စွမ်းအားကို လျှို့ဝှက်စွာကို ထုတ်လွှတ်လိုက်၏။

ညီအစ်ကို သုံးယောက်တွင် ဧကရာဇ်အရိုးတစ်ခုစီရှိပြီး စွမ်းရည်များကလည်း ကွဲပြားသည်။

တတိယသခင်လေး ရွှမ်မော့၏ ဧကရာဇ်အဆင့် လက်အရိုးက ခွန်အားကို အလေးပေးသည်။

ဒုတိယသခင်လေး ရွှမ်မော့၏ ရင်ဘတ်အရိုးက နတ်ဘုရားစွမ်းရည်များနှင့် ဆက်စပ်နေ၏။

ပထမသခင်လေး ရွှမ်မီ၏ နဖူးအရိုးသည်ကား ရှေးဦးဝိညာဉ်နှင့် စိတ်စွမ်းအင်ကို အထူးပြုသည်။

ထိုအချိန်တွင် ရွှမ်မီက ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။

"ပြန်လည်ဝင်စားခြင်းဧကရာဇ်ရဲ့အရိပ်"

ရွှမ်မီ၏ နဖူးမှ တောက်ပသော အလင်းတန်းတစ်ခုက ရဲ့ကူချန်ကို ထိမှန်သွားသည်။

ထို့နောက် ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်တစ်ခုက ရဲ့ကူချန်၏စိတ်ထဲတွင် ပေါ်လာပုံရ၏။

ထိုကြီးမားသောဖိအားက သူ၏ စိတ်ဝိညာဉ်ကို ဖိနှိပ်လာတော့သည်။

"တိုက်ခိုက်ကြ"

ရွှမ်လီနှင့် ရွှမ်မော့က အော်ဟစ်လိုက်သည်။ ညီအစ်ကိုများအနေဖြင့် တစ်ယောက်၏ အရိပ်အကဲကို တစ်ယောက်က သိ၏။

ဒါကိုမြင်သောအခါ ရွှမ်မော့နှင့် ရွှမ်လီတို့က အခွင့်အရေးကို သဘာဝအတိုင်း လက်လွတ်မခံဘဲ လှုပ်ရှားလိုက်ကြသည်။ သူတို့က ရဲ့ကူချန်ကို ဆုတ်ခွာရန် နေရာမပေးဘဲ တိုက်ခိုက်လိုက်တော့သည်။

ဤတိုက်ခိုက်မှုက ရဲ့ကူချန်ကို တိုက်ရိုက်ချေမှုန်းရန် မဖြစ်နိုင်သော်လည်း...

အနည်းဆုံးတော့ သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။

"ရှောင်ရဲ့ကျစ်..."

စစ်ထူရွယ်က စိုးရိမ်ပူပန်စွာ အော်ဟစ်လိုက်သည်။

ရဲ့ကူချန်က ‌မိန်းမောနေပုံရပြီး သူ့လှုပ်ရှားမှုများပင် နှေးကွေးသွား၏။

"ဘာတွေဖြစ်နေတာလဲ"

တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။

"ဒါက သခင်လေး ရွှမ်မီရဲ့ စိတ်ဝိဥာဉ်တိုက်ခိုက်ရေးနည်းလမ်းပဲ"

ပြန်လည်ဝင်စားခြင်းပင်လယ်မှ ကျင့်ကြံသူတချို့က ပျော်ရွှင်မှု အရိပ်အယောင်များကို လှစ်ဟလာကြသည်။

"ပြီးပြီ"

ရွှမ်မီလည်း နှုတ်ခမ်းကိုတွန့်ကာ ပြုံးလိုက်လေသည်။

သူက သူ၏ အဆုံးစွန် ဝိညာဉ်တိုက်ခိုက်မှုနည်းလမ်းဖြစ်သော ပြန်လည်ဝင်စားခြင်း၏ဧကရာဇ်အရိပ်ကို ထုတ်ဖော်ပြီး ရဲ့ကူချန်၏ ရှေးဦးဝိညာဉ်ကို ဖိနှိပ်ခဲ့၏။

သို့သော်လည်း ထိုအချိန်တွင်...

ရဲ့ကူချန်၏ အသိစိတ်ပင်လယ်အတွင်းမှာ မခံချင်စိတ်၊ အဆုံးအစမဲ့ခြင်းနှင့် တုနှိုင်းမဲ့အောင် ကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒများက ရုတ်တရက် နိုးထလာသည်။

ဒါက လက်မခံလိုခြင်းတစ်မျိုး ဖြစ်၏။

ဤသည်မှာ သေခြင်းတရားကို မကြောက်ရွံ့ဘဲ ကြီးစိုးသော စိတ်ဆန္ဒတစ်မျိုး ဖြစ်တော့သည်။

"ဝုန်း"

ရဲ့ကူချန်က အသိစိတ်လွတ်သွားသည်။ သူ့အသိစိတ်ထဲတွင် ကြီးကျယ်ခမ်းနားပြီး အရှိန်အဝါကြီးသော ပုံရိပ်တစ်ခုက ပေါ်လာ၏။

ထိုပုံရိပ်ကြီးက သူ့လက်ချောင်းများကို ဓားကဲ့သို့ အသုံးပြုကာ ညွှန်ပြလိုက်တော့သည်။

အကန့်အသတ်မဲ့ ဓားစိတ်ဆန္ဒက မိုးနှင့်မြေကို မှောက်လှန်ပြီး စကြာဝဠာကို ချေမှုန်းပစ်နိုင်ပုံရသည်။

ပြန်လည်ဝင်စားခြင်းဧကရာဇ်၏အရိပ်က ဤကြီးကျယ်ခမ်းနားသော ရုပ်သွင်၏ရှေ့တွင် တုန်လှုပ်စပြုလာ၏။

ထို့နောက် ထိုဓားစိတ်ဆန္ဒ၏ရှေ့တွင် ၎င်းက တိုက်ရိုက် ပြိုကျသွားတော့သည်။

တစ်ချိန်တည်းမှာပင်...

ရွှမ်မီက သူ့စိတ်ဝညာဉ်ကို ဆုပ်ဖြဲခြင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။

သူ့မျက်ခုံးနှစ်ခုကြားမှ ကွဲကြောင်းတစ်ခုပေါ်လာပြီး သွေးများ စီးကျလာ၏။

သူ့မျက်ခုံးနှစ်ခုကြားမှ အရိုးကလည်း ပြင်းထန်စွာ တုန်ခါနေပြီး အက်ကြောင်းများ ပေါ်လာတော့သည်။

၎င်းက ဧကရာဇ်လက်နက်ကဲ့သို့ မာကျောသည့် ဧကရာဇ်အရိုးဖြစ်သော်လည်း အက်ကြောင်းများ ဖြစ်ပေါ်လာရသည်။

ဒါက မည်မျှကြောက်စရာကောင်းသနည်း။

ဘာတွေဖြစ်နေပါသနည်း။

ရုတ်ချည်း ဖြစ်ပေါ်လာသော ဤပြောင်းလဲမှုက ရှိနေသူအားလုံးကို ထိတ်လန့်စေခဲ့သည်။

ထိုအချိန်တွင် ရဲ့ကူချန်က သတိပြန်ရနေပြီ ဖြစ်သည်။

သူက ရွှင်းချိုရှီးပိုက်ဓားဖြင့် နတ်ဘုရားအားလုံး၏ကပ်ဘေးဒုက္ခ ဓားသိုင်းကို ထုတ်ဖော်လိုက်၏။

"နတ်ဘုရားအားလုံးရဲ့ကပ်ဘေးဒုက္ခ၊ အရပ်မျက်နှာအားလုံးကို ဖျက်ဆီးခြင်း"

ရဲ့ကူချန်က ရွှင်းချိုရှီးပိုက်ဓားဖြင့် တစ်ချက်လွှဲခုတ်လိုက်သည်။

သူ့နောက်တွင် အလွန်ကြီးမားသော ရုပ်သွင်ကြီးတစ်ခု ပေါ်လာပြီး မိုးနှင့်မြေကို တုန်လှုပ်စေခဲ့၏။

ဒါက ငရဲမှထွက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။

သို့တည်းမဟုတ်...

ပြိုင်စံရှား နတ်ဆိုးသခင်၏ ရှင်သန်ထမြောက်ခြင်းကဲ့သို့ ဖြစ်သည်။

၎င်းက ကမ္ဘာကို လွှမ်းမိုးထားသော အရှင်သခင်တစ်ပါးကဲ့သို့ ဖြစ်၏။

လောက၏ အထွတ်အထိပ်တွင် တစ်ဦးတည်း ရပ်တည်နေ၍ အထီးကျန်ခြင်းမျိုးလည်း ရှိသည်။

ငါ့ဘဝမှာ ဓားတစ်ချောင်းပဲ ရှိတယ်။

ငါ ရှုံးနိမ့်ခြင်းကို ရှာဖွေလိုတယ်။

ဒါက တုကူးဓားနတ်ဘုရားရဲ့ အလိုတော်၏ သရုပ်သကန်ပင်။

All Chapters