← Chapters

အခန်း ၁၄၃၀

Vol. 96 Ch. 1430

အခန်း ၁၄၃၀

Vol. 96 Ch. 1430

အခန်း ( ၁၄၃၀ ) ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော် ပေါ်လာပြီ။

ပြန်လည်ဝင်စားခြင်းပင်လယ်က ယခုအခါ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

မည်သူမျှ အသံမထွက်ကြတော့ပေ။

အောက်ဘက်မှ ပင်လယ်ထဲတွင်သာ လှိုင်းလုံးကြီးများ ရိုက်ခတ်နေခဲ့သည်။

လူအတော်များများမှာတော့ ငေးကြောင်နေပြီး ချက်ချင်း မတုံ့ပြန်နိုင်ကြတော့ပေ။

တစ်ချက်...

တကယ်ကို တစ်ချက်တည်း ဖြစ်သည်။

ရွှမ်ညီအစ်ကိုသုံးယောက်သည် မူလက အလွန်အရှိန်အဝါကြီးပြီး ဆန်းကြယ်ကောင်းကင်အဓိပတိကိုပင် ချေမှူန်းနိုင်ပုံရသော်လည်း နောက်ဆုံးတွင် အားလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

သူတို့၏ ဝှက်ဖဲနှင့် ပြန်လည်ဝင်စားခြင်းပင်လယ်၏ စွမ်းအားကို အသုံးပြုခဲ့သည့်တိုင် မအောင်မြင်နိုင်သေးပါ။

လက်သီးတစ်ချက်မျှသာ ဖြစ်သော်လည်း...

ဒါက ကျွင်းရှောင်ယောက်၏ လက်သီးတစ်ချက် ဖြစ်သည်။

"ဒါ... ဒါက... အံ့ဩစရာပဲ"

ခွင်းလင်ယု၏ အနီရောင်နှုတ်ခမ်းများက ပွင့်ဟလာပြီး ဝလုံးသဏ္ဍာန် ဖြစ်သွားသည်။ သူမ၏ လှပသော မျက်လုံးများက ရှေ့ကိုသာ စိုက်ကြည့်နေဆဲဖြစ်၏။

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက သူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။

သူက ဒီလောက်တောင် ကြမ်းတာလား။

"အကျိုးနည်း... ကျုပ် အမြင်မမှားဘူး မဟုတ်လား၊ ဒါက ကြောက်စရာကောင်းလွန်းတယ်"

"သခင်လေးသုံးပါးက ဒီဝှက်ဖဲကို အသုံးပြုမယ်ဆိုရင် ကောင်းကင်နဂါးနဲ့ ဖီးနစ်စာရင်းက ထိပ်တန်းငါးဦးအတွက်တောင် ခက်ခဲမှာကို ကြောက်ရတယ်"

"ဒါပေမဲ့ ကျွင်းရှောင်ယောက်က လက်သီးတစ်ချက်နဲ့ အနိုင်ယူလိုက်တယ်တဲ့။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ"

"အင်မော်တယ်နယ်မြေကြီးရဲ့ ဒီမျိုးဆက်က ပါရမီရှင်တွေက ဘာဖြစ်လို့ ပုံမှန်မဟုတ် ဖြစ်နေရတာလဲ"

လူအများက တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။

သူတို့အားလုံး တုန်လှုပ်သွားကြ၏။

ဒါက တကယ်ကို မယုံနိုင်စရာကောင်းလွန်းသည်။

သူက တိုက်ခိုက်မှု ဒါဇင်ခန့် သို့မဟုတ် ရာဂဏန်းခန့် တိုက်ခိုက်ခဲ့ရမည်ဆိုလျှင် လက်ခံနိုင်သေးသည်။

ယခုတော့ လက်သီးတစ်ချက်ဖြင့်‌ ချေမှုန်းခဲ့ပြီး သူတို့ကို အနည်းငယ်မျှ မျက်နှာသာမပေးခဲ့ပါ။

"ပြိုင်စံရှား မကောင်းဆိုးရွား... တကယ့်မိစ္ဆာပဲ။ ဒီခွန်အားက ကောင်းကင်နဂါးနဲ့ ဖီးနစ်စာရင်းရဲ့ ထိပ်တန်းငါးဦးသာ ယှဉ်နိုင်မှာကို ကြောက်ရတယ်"

"အစကတော့ ကျွင်းရှောင်ယောက်က မြင့်မြတ်ဝိညာဉ် အပျက်အယွင်းရဲ့ ခုနစ်ရောင်ခြယ်တာအိုသခင်ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့တာဟာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲလို့ ထင်ခဲ့တာ"

"အခုကြည့်ရသလောက်တော့ အမှုန့်ကြိတ်ခံရမဲ့သူက ကျွင်းရှောင်ယောက်မဟုတ်ဘဲ ခုနစ်ရောင်ခြယ် တာအိုသခင်ဖြစ်မယ်လို့ ခံစားလာရပြီ"

ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်က ကောင်းကင်ကိုးပါးမှ လက်ရှိ ကျင့်ကြံသူများ၏ အသိအမြင်ကို ပြန်လည်ဆန်းသစ်စေခဲ့သည်။

တုန်လှုပ်ခြင်း၊ အံ့ဩခြင်း၊ မယုံနိုင်ခြင်း ခံစားချက်အမျိုးမျိုးတို့ ပြည့်နှက်သွားလေသည်။

"ညီနောင်ကျွင်း..."

ရဲ့ကူချန်လည်း ဤမြင်ကွင်းကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည်။

ဓားသင်္ချိုင်း၏ ဆက်ခံသူဖြစ်လာပြီးနောက် သူဟာ ကျွင်းရှောင်ယောက်နှင့် ယှဉ်နိုင်မည်ဟု ထင်ခဲ့သည်။

ယခုတော့ ကျွင်းရှောင်ယောက်ကို မမြင်နိုင်သေးကြောင်း သူ သိလိုက်ရပြီ။

သို့ရာတွင်၊ ရဲ့ကူချန်က မနာလိုမရှုစိမ့်ဖြစ်ခြင်း လုံးဝ မရှိပေ။ ထိုအစား၊ သူဟာ ပို၍ အားကောင်းချင်လာခဲ့သည်။

"ရှောင်ရဲ့ကျစ်၊ ရှင်အဆင်ပြေရဲ့လား"

စစ်ထူရွယ်က ရဲ့ကူချန်၏ အနားသို့ ရောက်လာသည်။

"ဘာမှမဖြစ်ပါဘူး၊ ဒီတစ်ခေါက်မှာ အတူတူလိုက်လာပေးတဲ့အတွက် ညီနောင်ကျွင်းကို ကျေးဇူးတင်ရမယ်"

ရဲ့ကူချန်က ပြောလိုက်သည်။

အကယ်၍၊ ကျွင်းရှောင်ယောက်က ဝင်မစွတ်ဖက်ခဲ့လျှင်ပင်...

ရဲ့ကူချန်က သခင်လေးသုံးဦးကို ရှုံးနိမ့်မည် မဟုတ်ပေ။

သို့ရာတွင်၊ အဆုံးမှာ သူအနိုင်ရခဲ့လျှင်ပင် အခြေအနေက ကောင်းမွန်မည်မဟုတ်ဘူးဟု ခန့်မှန်းရသည်။

"ရှောင်ရဲ့ကျစ်မှာ ဒီလိုသူငယ်ချင်းမျိုးရှိထားတာ တကယ်ကောင်းတယ်"

စစ်ထူရွယ်က ကျေးဇူးတင်သောအကြည့်ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

"ကျွင်း... ရှောင်... ယောက်..."

ရွှမ်ညီနောင်သုံးယောက်က သွေးများ စွန်းထင်းနေပြီး သနားစဖွယ် ဖြစ်နေသည်။

သူတို့က လုံးဝ မမျှော်လင့်ခဲ့ပေ။

သူတို့ညီအစ်ကိုသုံးယောက်က သူတို့၏ဝှက်ဖဲကို အသုံးပြုခဲ့သည့်အပြင် ပြန်လည်ဝင်စားခြင်းပင်လယ်၏ ကောင်းချီးကို ရရှိထားသော်လည်း ကျွင်းရှောင်ယောက်ကို မယှဉ်နိုင်သေးပါ။

သူက လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးခဲ့သည်။

ဒါက ရိုးရိုးရှင်းရှင်း ဖော်ပြရန် မဖြစ်နိုင်သောအရာပင်။

ကျွင်းရှောင်ယောက်ကတော့ တစ်ခုခုပြောရန် ပျင်းရိသည်။

ယနေ့တွင်၊ သူက ရဲ့ကူချန်ကို ကူညီရန် လိုက်ပါလာခဲ့ခြင်းအပြင် သူ့ကို လာမရှုပ်သင့်ကြောင်း ပြန်လည်ဝင်စားခြင်းပင်လယ်ကို သတိပေးရန်လည်း ပါသည်။

နောက်အခိုက်တွင်၊ ကျွင်းရှောင်ယောက်က လက်သီးချက်ကို ထပ်မံထုတ်ဖော်လိုက်သည်။

ရွှမ်ညီနောင်သုံးယောက်က မျက်နှာအမူအရာ ပြောင်းလဲသွား၏။

သူတို့၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို အလိုအလျောက် ခံစားလိုက်ရသည်။

အကြောက်တရား...

ဟုတ်သည်၊ ယခုအချိန်တွင် ကျွင်းရှောင်ယောက်ကို ရင်ဆိုင်သောအခါ တစ်ခုတည်းကိုသာ ခံစားမိ၏။ ဒါက အကြောင်းတရားပင်။

ဒါက သူတို့ စဉ်းစားကြည့်ရန်ပင် ဖြစ်နိုင်သော တည်ရှိမှုတစ်ခု မဟုတ်ပါ။

ဤအခိုက်တွင်... ကြီးမားသော လက်ဝါးပုံရိပ်တစ်ခုက ကျဆင်းလာပြီး ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုကို ချေဖျက်ပစ်ခဲ့သည်။

"ကျွင်းမိသားစုရဲ့ အငယ်လေး၊ တော်သင့်ပြီ"

တောက်ပသော အလင်းများဖြင့် ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။

၎င်းက အမှန်တကယ်ပင် ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ပင်။

"အငယ်တွေကို ရိုက်တော့ အကြီးက ပေါ်လာတယ်။ အသက်တားမြစ်နယ်မြေကလည်း ဒီလိုပဲဖြစ်ဖို့ မမျှော်လင့်ထားဘူး"

ကျွင်းရှောင်ယောက်က သူ့လက်ကိုပြန်ရုတ်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးကာ ပြောလိုက်သည်။

သူက ပြန်လည်ဝင်စားခြင်းပင်လယ်၏ ပိုင်နက်ထဲတွင် ဤသခင်လေးသုံးဦးကို သတ်နိုင်မည်ဟု လုံးဝ မတွေးခဲ့ပေ။

ပြန်လည်ဝင်စားခြင်းပင်လယ်က လမ်းဘေးမှ ကြက်တစ်အုပ် မဟုတ်ပါ။

သူတို့၏ အိမ်တံခါးရှေ့တွင် သူတို့၏သခင်လေးများ အသတ်ခံရခြင်းကို လုံးဝ ထိုင်ကြည့်နေမည် မဟုတ်ပါချေ။

"မင်းရှုံးသွားပြီဖြစ်လို့ မိန်းကလေးစစ်ထူနဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပြီ"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

ရွှမ်လီ၏ မျက်နှာက အလွန်အကြည့်ရဆိုးလှသည်။ သူက မိအေးနှစ်ခါနာ ဖြစ်၏။

သူသည် ရဲ့ကူချန်ကို လက်စားမချေနိုင်သည့်အပြင် မိန်းမလှတစ်ဦးကိုလည်း လက်လွှတ်ရပြီး အရှက်ကွဲခဲ့သေးသည်။

သို့သော်၊ သူက ဘာမျှ ထပ်မပြောတော့ပေ။

စစ်ထူမိသားစု၏ ခေါင်းဆောင်အတွက်လည်း ကျွင်းရှောင်ယောက်၏ လက်သီးတစ်ချက်ကို မြင်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မဆိုတော့ပါ။

ထို့ပြင်၊ ဒါတွေအားလုံးက စစ်ထူမိသားစုမှ ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။

နောက်ဆုံးတွင်၊ သူတို့က မျက်နှာပျက်နေပြီး ဖြစ်သည်။

ဤကိစ္စအတွက် စစ်ထူမိသားစုအပေါ် ဒေါသပုံချမည်ဆိုလျှင် လူများ ပြောစရာဖြစ်လိမ့်မည်။

ထို့ကြောင့် ဤကိစ္စက ပြေလည်သွားခဲ့ပြီဟု ဆိုနိုင်သည်။

စစ်ထူရွယ်အတွက်တော့ ပျော်ရွှင်မှုတို့ ပြည့်နေတော့သည်။

ရဲ့ကူချန်ကား ထုံးစံအတိုင်း အမူအရာမပြောင်းလဲဘဲ တည်ငြိမ်ဆဲ ဖြစ်သည်။

သို့သော်လည်း သူ့နှုတ်ခမ်းထောင့်မှ အနည်းငယ် တွန့်ကွေးနေကာ အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

ကျွင်းရှောင်ယောက်အတွက် ဤသည်မှာ လက်သီးတစ်ချက်မျှသာ ဖြစ်သည်။

သို့ရာတွင်၊ ရဲ့ကူချန်ကတော့ ကြီးမားသော ကြင်နာမှုတစ်ခုလို ခံစားမိ၏။

သူက ကျွင်းရှောင်ယောက်ကို သူ့ဘဝတစ်လျှောက်လုံး ယုံကြည်ထိုက်သော မိတ်ဆွေရင်းအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် ကျွင်းရှောင်ယောက်က သူ့ကို ကူညီခဲ့သည်။

နောက်တစ်ကြိမ်တွင်၊ ကျွင်းရှောင်ယောက်မှ လိုအပ်လျှင် ရဲ့ကူချန်သည် လုံးဝ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ထို့ပြင် သူက ဓားသင်္ချိုင်း၏ ဆက်ခံသူ ဖြစ်သည်။

ရဲ့ကူချန်၏ ဆန္ဒသည် အနာဂတ်တွင် ဓားသင်္ချိုင်း၏ ဆန္ဒဟု ဆိုနိုင်သည်။

တစ်နည်းဆိုရသော်၊ ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်းကို သူ့ဘက်သို့ အပြည့်အဝ ‌ဆွဲခေါ်ခဲ့ပြီးပြီ။

"ဒီနေ့ပြပွဲက ဒီလောက်ပဲ၊ အားလုံးပဲ နှုတ်ဆက်ပါတယ်"

ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းက ပြုံးလိုက်ကြ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် အခြားသူများ ထွက်သွားရန် ဟန်ပြင်လိုက်ချိန်...

ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ငါ့ပြန်လည်ဝင်စားခြင်းပင်လယ်မှာ ပြဿနာလာရှာပြီးတော့ ဒီအတိုင်း ထွက်သွားချင်တာလား"

"ပြန်လည်ဝင်စားခြင်းပင်လယ်က ကျုပ်ကို ဆက်နေစေချင်လို့လား"

ကျွင်းရှောင်ယောက်က ပြောသည်။

"ဘာလဲ၊ ငါ့ရဲ့ ပြန်လည်ဝင်စားခြင်းပင်လယ်က အရည်အချင်းမရှိဘူး ထင်လို့လား"

ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်က လျစ်လျူရှုစွာ‌ ပြောလိုက်၏။

"ကျုပ်ကတော့ ခင်ဗျားကို သေချာပြန်စဉ်းစားဖို့ မျှော်လင့်တယ်"

"ခင်ဗျားတို့က မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက ဟိုကျောက်တုံးတွေလောက်တော့ မတုံးသင့်ပါဘူး"

မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက ကျွင်းမိသားစုနှင့် ပြဿနာကြီးဖြစ်ရန် အချိန်မတန်သေးကြောင်း သိကြသည်။

ပြန်လည်ဝင်စားခြင်းပင်လယ်က ဤမျှမတုံးသင့်ပေ။

အခြားအရာများကို ဘေးဖယ်ထားလျှင်ပင်၊ ပြန်လည်ဝင်စားခြင်းပင်လယ်၏ မဟာပုဂ္ဂိုလ်ကြီးက အိပ်စက်နေဆဲ ဖြစ်သည်။

ဒါက သူတို့၏ အင်အားကို များစွာ လျော့ကျစေပေသည်။

"ဟမ့်၊ အခုချိန်မှာ အခြားကိစ္စတွေကို ငါ မလိုက်တော့ဘူး။ ဒါပေမဲ့ မင်းအသုံးပြုခဲ့တဲ့ လက်သီးသိုင်းက ငါ့ပြန်လည်ဝင်စားခြင်းပင်လယ်က ဖြစ်နိုင်တယ်"

"ဒါကြောင့် ပြန်လည်ဝင်စားခြင်းပင်လယ်က ဒါကို ရှင်းလင်းအောင် မစစ်ဆေးရသေးခင်တော့ မင်း ဒီမှာပဲနေရမယ်"

ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က လှောင်ပြုံး ပြုံးလိုက်၏။

မျှော်လင့်ထားသည့်အတိုင်း၊ နောက်ဆုံးမှာတော့ သူတို့၏ မြေခွေးအမြီးကို မဝှက်နိုင်တော့ပေ။

ပြန်လည်ဝင်စားခြင်းပင်လယ်က သူ့ထံမှ တစ်စုံတစ်ရာကို အမှန်တကယ် လိုချင်နေခြင်း ဖြစ်သည်။

ထို့ကြောင့် သူ့ကို ဖမ်းခေါ်ထားနိုင်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်လိမ့်မည်။

"ဒီလိုဆိုရင် ပြန်လည်ဝင်စားခြင်းနဲ့ ဆက်စပ်တဲ့ အရာအားလုံးက ပြန်လည်ဝင်စားခြင်းပင်လယ် ပိုင်တာလား"

ကျွင်းရှောင်ယောက်က ထေ့ငေါ့သော အပြောမျိုးဖြင့် ပြောလိုက်သည်။

"အမှန်ပဲ"

ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်က ဂရုမစိုက်ပေ။

"ဒါဆိုရင် ဒီနတ်ဘုရားသားတော်က မနေနိုင်ဘူး ဆိုရင်ကော"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

"ဒါဆိုရင် မင်းကို ပြန်လည်ဝင်စားခြင်းပင်လယ်မှာ အရင်ခေါ်ထားရပြီး မင်းရဲ့ ကျွင်းမိသားစုက တစ်စုံတစ်ယောက်က လာရွေးမဲ့အချိန်ကို စောင့်ရစေမယ်"

ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်က အရှိန်အဝါများကို ထုတ်ဖော်ပြီး ကျွင်းရှောင်ယောက်ကို ဖိနှိပ်လိုက်သည်။

ရဲ့ကူချန်၏ မျက်လုံးအကြည့်များက အေးစက်သွားသည်။ သူက ကျွင်းရှောင်ယောက်၏ဘေးတွင် ဝင်ရပ်လိုက်၏။

ကျွင်းရှောင်ယောက်က သူ့ကြောင့် ပြဿနာဖြစ်ရခြင်း ဖြစ်သည်။

သဘာဝအတိုင်း၊ သူက ကျွင်းရှောင်ယောက်၏ဘေးတွင် ရပ်တည်ရလိမ့်မည်။

ထိုအခိုက်တွင်...

ပျင်းရိပျင်းတွဲ အသံတစ်ခုကို ကြားလိုက်ရသည်။

"စိတ်မရှိပါနဲ့၊ ကျုပ်ဓားသင်္ချိုင်းက ဒီကောင်လေးနှစ်ယောက်က လူငယ်ပီပီ နည်းနည်း သွေးဆူလွယ်တယ်။ ဂုဏ်သိက္ခာရှိတဲ့ ပြန်လည်ဝင်စားခြင်းပင်လယ်က သဘောထားကြီးပြီး ဒါကို ဗွေမယူဖို့ မျှော်လင့်တယ်"

ထိုအသံကို ကြားရပြီးနောက် ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်၏ မျက်နှာက အေးစက်သွားသည်။

"ဓားသင်္ချိုင်း၊ ကျန့်ချီ"

All Chapters