← Chapters

အခန်း ၁၄၃၂

Vol. 97 Ch. 1432

အခန်း ၁၄၃၂

Vol. 97 Ch. 1432

အခန်း ( ၁၄၃၂ ) ခွန်းလွန်းတောင်။

ပြန်လည်ဝင်စားခြင်းပင်လယ်မှ သတင်းများက ပျံ့နှံ့သွားပြီးနောက် ကောင်းကင်ကိုးပါးတစ်ခုလုံး တုန်လှုပ်ခဲ့ကြသည်။

ကျွင်းရှောင်ယောက်က လက်သီးတစ်ချက်ဖြင့် ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးဦးကို ချေမှုန်းပစ်ခဲ့၏။

ကျွင်းရှောင်ယောက်ကို အစောပိုင်းက သံသယရှိခဲ့သူအားလုံး ဤသတင်းကို ကြားရပြီးနောက် နှုတ်ဆိတ်သွားကြသည်။

ခုနစ်ရောင်ခြယ် တာအိုသခင်က နာမည်ကျော်ကြားသူဖြစ်သော်လည်း...

ယခုအချိန်တွင် ထိပ်တိုက် ရင်ဆိုင်ပါက မည်သူ အနိုင်ရရှိမလဲဆိုတာ မသိနိုင်တော့ပေ။

ထို့ပြင် နောက်ထပ် အံ့သြစရာကောင်းသော သတင်းတစ်ပုဒ် ရှိသေးသည်။

ဒါက ဓားသင်္ချိုင်း၏ ဆက်ခံသူအကြောင်းပင်။

မျိုးဆက်ဟောင်းမှ ကျင့်ကြံသူတစ်ဦးက ဓားသင်္ချိုင်းဆီသို့ လှမ်းမျှော်ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဒီရေကို တွန်းလှန်နိုင်တဲ့ တစ်ဦးတည်းသောသူ၊ သမိုင်းမှာ လုံးဝ မြှုပ်နှံခံထားရတဲ့ တည်ရှိမှုတစ်ခု"

"တုကူးဓားနတ်ဘုရားက ဒီကမ္ဘာမှာ ပြန်ပေါ်လာဦးမှာလား"

တုကူးဓားနတ်ဘုရား၏ အကြောင်းအရာများကို ကမ္ဘာကြီးမှ ဖုံးကွယ်ထားသော်လည်း...

တကယ်တမ်းတွင်၊ ကောင်းကင်ကိုးပါးရှိ ကျင့်ကြံသူ မျိုးဆက်ဟောင်း အတော်များများက ဤကိစ္စကို ကောင်းစွာသိကြသည်။

သူက အလွန်ထူးခြားသူ ဖြစ်၏။

သူက ဓားသင်္ချိုင်းတစ်ခုလုံးကို အလွန်မြင့်မားသောအဆင့်သို့ တစ်ဦးတည်း ထမ်းတင်ခဲ့သည်။

ကောင်းကင်ဓားဝူမင် ပြောသည့်အတိုင်းပင်။

ဓားသင်္ချိုင်းကို ထိပ်တန်းတားမြစ်နယ်မြေ ဆယ်ခုထဲမှ တစ်ခုအဖြစ် အခိုင်အမာ သတ်မှတ်နိုင်ခြင်းက တုကူးဓားနတ်ဘုရား၏ ကောင်းကျိုးများစွာ ပါဝင်သည်။

ထိုကဲ့သို့သော ဒဏ္ဍာရီလာ ဓားသမားကို သမိုင်းတွင် မှတ်တမ်းတင်နိုင်ပေသည်။

သို့သော်လည်း သူ့ကို သမိုင်းကြောင်းမှ အတင်းအကျပ် ဖျက်ပစ်ခံခဲ့ရသည်။

သူက အချို့သော တားမြစ်နယ်မြေများအတွက် အနုတ်လက္ခဏာဆောင်သည့် နာမည်တစ်ခုပင် ဖြစ်လာခဲ့သည်။

ဝမ်းနည်းစရာကောင်းပေသည်။

အကယ်၍ ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေကြီးမှာဖြစ်လျှင်...

တုကူးဓားနတ်ဘုရား၏ ဂုဏ်သတင်းမှာ အဆုံးမဲ့ဧကရာဇ်၊ လွမ်ကုဧကရာဇ်နှင့် အခြားသူများထက် မနိမ့်ကျနိုင်ပေ။

သူ့ကို ကောင်းကင်ကိုးပါးရှိ ကျင့်ကြံသူအားလုံးက ထာဝရ ရိုသေလေးစားကြမည် ဖြစ်သည်။

ကံမကောင်းစွာဖြင့်၊ ကောင်းကင်ကိုးပါးမှာတော့ သူဟာ သူပုန်တစ်ဦး ဖြစ်ခဲ့ရပေသည်။

ထို့ကြောင့် သမိုင်းမှ ပျောက်ကွယ်သွားခဲ့ရသည်။

ယခုအခါ ရဲ့ကူချန်၏သတင်းကို ကြားရသောအခါ...

မျိုးဆက်ဟောင်းမှ ကျင့်ကြံသူတချို့က တုကူးဓားနတ်ဘုရား၏အရိပ်ကို ဝေဝါးဝါး မြင်လိုက်ရပုံပေါ်သည်။

............

ကောင်းကင်ကိုးပါးတစ်ခုလုံးက ပြန်လည်ဝင်စားခြင်းပင်လယ်မှ သတင်းများကို ပြောဆိုရင်း ဆူပွက်နေချိန်...

ကျွင်းရှောင်ယောက်၊ ရဲ့ကူချန်နှင့် စစ်ထူရွယ်တို့က ဓားသင်္ချိုင်းသို့ ပြန်ခဲ့ကြသည်။

နောက်လုပ်ရမည့်အရာက ခုနစ်ရောင်ခြယ်တာအိုသခင်ကို ဖြေရှင်းရန်ပင်။

ထို့နောက် ကွေ့ရှအပျက်အယွင်းမှ လှုပ်ရှားမှုများကို စောင့်မျှော်ရမည်။

ကျွင်းရှောင်ယောက်သည် မသိစိတ်ထဲမှ တစ်စုံတစ်ရာကို ခံစားမိသည်။ ကွေ့ရှအပျက်အယွင်း၌ သူ၏ အကျိုးအမြတ်များက သာမန် မဖြစ်သင့်ပေ။

၎င်းက သူ၏ ယခင်သံသယများစွာကိုပင် ဖြေရှင်းနိုင်ဖွယ်ရှိသည်။

နောက်ပိုင်းမှာတော့ ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်းတွင် ဆက်လက်နေထိုင်ခဲ့လေသည်။

ပြင်ပလူများ၏အမြင်တွင်၊ ကျွင်းရှောင်ယောက်က ခုနစ်ရောင်ခြယ် တာအိုသခင်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသင့်သည်။

သို့သော်လည်း တကယ်တမ်းမှာတော့ ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်းတွင် အေးအေးလူလူ အနားယူနေခဲ့ပေသည်။

ရဲ့ကူချန်နှင့် ရံဖန်ရံခါ လေ့ကျင့်ခြင်း သို့မဟုတ် ဝိညာဉ်စမ်းရေတွင် ရေချိုးခြင်းဖြင့် သူ့ဘဝက သက်တောင့်သက်သာ ရှိခဲ့သည်။

ရေချိုးခြင်းက ကျွင်းရှောင်ယောက်၏ ဝါသနာများထဲမှ တစ်ခု ဖြစ်သည်။

ကံမကောင်းချင်တော့ သူ့အချိန်ဇယားက အမြဲတမ်းတင်းကျပ်နေပြီး အချိန်သိပ်မရှိပေ။

ယခုတော့ အနားယူရန် အချိန်ရလာပြီမို့ ကျွင်းရှောင်ယောက်ဟာ သဘာဝအတိုင်း လေ့ကျင့်နေတော့မည် မဟုတ်ပါ။

ကျွင်းရှောင်ယောက်၏ အခြေအနေကို ပြင်ပကမ္ဘာက သိခဲ့လျှင် သူတို့ ဆွံ့အသွားရမည် ဖြစ်သည်။

နောက်ဆုံးတွင်၊ သူ၏ပြိုင်ဘက် ခုနစ်ရောင်ခြယ် တာအိုသခင်နှင့်ပတ်သက်၍ ကောလဟာလများ ရှိသည်။

မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက သူ့အား အကောင်းဆုံး အရင်းအမြစ်များကို ပေးခဲ့သည်။

သူက နောက်ဆုံးတိုက်ပွဲမစမီ အခြားအဆင့်တစ်ခုသို့ တိုးတက်အောင် ကြိုးကြိုးစားစား လေ့ကျင့်နေပေသည်။

မတူညီသော အခြေအ‌ေနနှစ်ခုက ရန်ယုမန်ကိုပင် ‌ဆွံ့အစေခဲ့သည်။

ကောင်းကင်ပြိုတောင်ကြားမှ တိုက်ပွဲက လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်သည်။

ရလဒ်အနေဖြင့် အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်သော ကျွင်းရှောင်ယောက်က မယုံနိုင်စရာကောင်းအောင် ပျင်းရိနေခဲ့လေသည်။

သို့ရာတွင်၊ ဒါက ကျွင်းရှောင်ယောက်၏ ယုံကြည်မှုကိုလည်း ပြသနေခဲ့သည်။

ဤယုံကြည်မှုမျိုးက အမျိုးသမီးများအတွက် အလွန်ဆွဲဆောင်မှုရှိပေသည်။

ရန်ယုမန်က ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေရင်း သူ့ပါးပြင်နှစ်ဖက်မှာ အနည်းငယ် နီမြန်းသွားသည်။

ထိုအချိန်တွင်၊ ရဲ့ကူချန် ရောက်ရှိလာ၏။

"ညီနောင်ကျွင်း၊ ခင်ဗျားကို တစ်ယောက်ယောက်က လာတွေ့တယ်"

"ဘယ်သူပါလိမ့်"

ကျွင်းရှောင်ယောက်က အံ့ဩသွားသည်။

ကောင်းကင်ကိုးပါးတွင် သူနှင့် သိကျွမ်းသူက များများမရှိပေ။

ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်းမှ ထွက်လာပြီး ကြည့်လိုက်သည်။

ထိုအခါ ယခင်က‌ ယောက်ျားလေးအသွင် ဝတ်ဆင်ထားသော ခွန်းလင်ယုဖြစ်ကြောင်း တွေ့လိုက်ရ၏။

(ခွင်းလင်ယုကို ခွန်းလင်ယုလို့ ပြောင်းခေါ်မယ်နော်)

သူက ခန္ဓာကိုယ်သွယ်လျပြီး တလက်လက် တောက်ပနေသော ‌မျက်လုံးဝိုင်းဝိုင်းလေး ရှိသည်။ ယခုအချိန်တွင် သူက ယောက်ျားလေးတစ်ဦးကဲ့သို့ အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသော်လည်း တစ်မျိုးတစ်ဖုံ လှပနေသေးသည်။

'ဒါက သူပဲ'

ဤခွန်းလင်ယုသည် ကျွင်းရှောင်ယောက်ကို ပြန်လည်ဝင်စားခြင်းပင်လယ်သို့ မသွားရန် ယခင်က သတိပေးခဲ့ဖူးသည်။

ယခုလည်း ကြယ်လေးများကဲ့သို့ တောက်ပသော မျက်လုံးတို့ဖြင့် ကြည့်နေပြန်ပြီ။

ဘေးတွင်ရပ်နေသော ရန်ယုမန်က ဆွံ့အသွားမိသည်။

နောက်ထပ် ငါးတစ်ကောင်ကို ဖမ်းမိသွားတာလား။

သို့သော်လည်း နောက်အခိုက်အတန့်တွင်...

ခွန်းလင်ယုက ရုတ်တရက် လက်ယှက်ပြပြီး ကျွင်းရှောင်ယောက်ကို ပြောလိုက်သည်။

"ကျွင်းသခင်လေးက ကျွန်တော်ကို တပည့်အဖြစ် လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"ဘာကြီး"

ကျွင်းရှောင်ယောက် အံ့ဩသွား၏။

သူက ဘာဖြစ်လို့ ရုတ်တရက်ကြီး တပည့်ခံရအောင် လာပြောနေတာလဲ။

ခွန်းလင်ယုက လက်ယှက်ထားဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးများကလည်း တလက်လက် တောက်ပနေ‌ဆဲပင်။

"ဆရာကျွင်းက သန်မာလွန်းတယ်။ ကျွန်တော်ရဲ့ အစ်ကိုထက်တောင် ပိုသန်မာတယ်လေ။ ဒီလိုလူကို ဆရာတင်နိုင်ရင် ဒါက ကောင်းခြင်းတစ်ပါးပဲ"

ခွန်းလင်ယုက အလွန်စိတ်လှုပ်ရှနေသည်။ ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးဦးကို လက်သီးတစ်ချက်ဖြင့် အနိုင်ယူလိုက်သောမြင်ကွင်းမှာ သူ့ကို ကြက်သီးတဖြန်းဖြန်းထစေခဲ့ပေသည်။ ဒါက အလွန်မိုက်သည်ဟု သူ ခံစားမိသည်။

"စိတ်မရှိပါနဲ့၊ ကျုပ် စိတ်မဝင်စားဘူး"

ကျွင်းရှောင်ယောက်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

အမှန်လည်း သူက တပည့်လက်မခံချင်သေးပေ။

နောက်လိုက်များနှင့် တပည့်များက လုံးဝ မတူကွဲပြားသောအရာများ ဖြစ်သည်။

ကျွင်းရှောင်ယောက်က သူ့နောက်လိုက်များကို ရွေးချယ်ရာတွင်ပင် အလွန် ဇီဇာကြောင်သူ ဖြစ်သည်။

တပည့်ဆိုပါက အထူးပြောနေရန်ပင် မလိုပေ။

ထိုလူက သူ့အမွေကို လက်ဆင့်ကမ်းပေးရမည့်သူ ဖြစ်သည်။

လက်ရှိတွင် သူက မည်သည့်တပည့်ကိုမျှ လက်ခံရန် ရည်ရွယ်ချက်မရှိပေ။

"ဘာဖြစ်လို့လဲ"

ခွန်းလင်ယုက နှုတ်ခမ်းစူလိုက်သည်။

“ဘာအကြောင်းပြချက်မှ မရှိပါဘူး၊ လက်မခံချင်လို့ကို လက်မခံတာ။ နောက်ပြီးတော့ ခင်ဗျားက ဘယ်ကလာတယ်ဆိုတာကိုတောင် မပြောရသေးဘူး။ ဒါက ရိုးသားတယ်လို့ ထင်လို့လား"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

ဒါက စကားနှိုက်ရန် အစပျိုးလိုက်ခြင်း ဖြစ်သည်။

"အာ... ဒါကရပါတယ်၊ ကျွန်တော်က ခွန်းလွန်းတောင်က လာခဲ့တာ"

ခွန်းလင်ယုက အမှန်အတိုင်း ပြောလိုက်သည်။

"တားမြစ်နယ်မြေဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ခွန်းလွန်းတောင်လား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

သူမှန်းဆထားသည့်အတိုင်း ဤအမျိုးသမီး၏ နောက်ခံက သာမန်မဟုတ်ပေ။

သူက တားမြစ်နယ်မြေတစ်ခုမှ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ကျွင်းရှောင်ယောက်က ခွန်းလွန်းတောင်အကြောင်းကို အနည်းငယ်သာ သိသည်။

ဒါက ဓားသင်္ချိုင်းကဲ့သို့ နှိမ့်ချနေထိုင်သော တားမြစခနယ်မြေတစ်ခုပင်။

၎င်းက ဓားသင်္ချိုင်းထက်ပင် ပိုနှိမ့်ချသည်။

အခြေခံအားဖြင့်၊ ကောင်းကင်ကိုးပါးတွင် ခွန်းလွန်းတောင်၏ ကျင့်ကြံသူများကို တွေ့ရခဲပေသည်။

သူတို့က အများအားဖြင့် သီးခြားနေထိုင်ကာ အပြင်ကို ထွက်ခဲသည်။

"ဆရာကျွင်း၊ ခွန်းလွန်းတောင်မှာ ခင်ဗျားကိုစောင့်နေတဲ့ အသိအကျွမ်းဟောင်းတွေ ရှိတယ်"

ခွန်းလင်ယုက ရွှတ်နောက်နောက်ဖြင့် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

"ဘယ်သူလဲ"

"ကျွန်တော်ကို တပည့်အဖြစ် လက်ခံဖို့ သဘောတူရင် ပြောပြမယ်"

ခွန်းလင်ယုက ပါးနပ်စွာ ပြုံးလိုက်သည်။

"မေ့လိုက်ပါ၊ နောက်မှ ခွန်းလွန်းတောင်ကို ကိုယ်တိုင်ကိုယ်ကျ သွားလည်မယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဟွန့်၊ ပြောရခက်လိုက်တာ။ ဒါပေမဲ့ ကျွန်တော်ကတော့ လက်လျှော့မှာမဟုတ်ဘူး"

"ဪ... ပြောရဦးမယ်၊ ဒီတစ်ခေါက်မှာ ကောင်းကင်ပြိုတောင်က တိုက်ပွဲကိုကြည့်ရှုဖို့ လူတချို့ ရောက်လာလိမ့်မယ်"

"ကောင်းကင်နဂါးနဲ့ ဖီးနစ်စာရင်းက စတုတ္ထအဆင့်ရှိတဲ့ သက်ရှည်ခြင်းနတ်ဘုရားမလည်း ရောက်လာလိမ့်မယ်"

"သူက ကောင်းကင်ကိုးပါးမှာ အလှဆုံးပဲ"

ခွန်းလင်ယုက ပြောလိုက်သည်။

မူလက၊ ကျွင်းရှောင်ယောက်သည် စွမ်းအားကြီးသလို ကောင်းကင်ကိုးပါး၏ နံပါတ်တစ် မိန်းမလှလေးဖြစ်သော ဤအမျိုးသမီးကို စိတ်ဝင်စားလိမ့်မည်ဟု သူထင်ခဲ့သည်။

မထင်မှတ်ပဲ ကျွင်းရှောင်ယောက်၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွား၏။

"သက်ရှည်ကျွန်း..."

ဒါက ရှေးဟောင်းမြင့်မြတ်ခန္ဓာကျိန်စာနှင့် အနီးကပ်ဆက်စပ်နေသည့် တားမြစ်နယ်မြေ ဖြစ်သည်။

၎င်းတို့ကို သူ လုံးဝ မနှစ်သက်ပါ။

All Chapters