အခန်း ၁၄၃၃
Vol. 97 Ch. 1433
အခန်း ( ၁၄၃၃ ) ကောင်းကင်ပြိုတောင်ကြားတွင် စုရုံးကြခြင်း။
အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ပြိုတောင်ကြားမှ တိုက်ပွဲအခါက ပို၍နီးကပ်လာသည်။
မကြာသေးမီက ကောလဟာလများ ထွက်ပေါ်ခဲ့သေးသည်။
ခုနစ်ရောင်ခြယ်တာအိုသခင်က ဆန်းကြယ်ကောင်းကင်အဓိပတိနယ်ပယ်တွင် ခြေတစ်လှမ်းတိုးပြီး အဆင့်ငယ်တစ်ခုကို ဖြတ်ကျော်ခဲ့သည်။
ယင်းကြောင့် လူအများက သက်ပြင်းချလိုက်ကြလေသည်။
'သူက တကယ်ကို မြင့်မြတ်ဝိညာဉ်အပျက်အယွင်းရဲ့ အထူးချွန်ဆုံး ပါရမီရှင်လို့ ဆိုထိုက်တယ်'
သို့ရာတွင်၊ ဆန့်ကျင်ဘက်အနေဖြင့် ကျွင်းရှောင်ယောက်က မည်သို့မျှ မလှုပ်ရှားခဲ့ပါ။
ယင်းကြောင့် ကျွင်းရှောင်ယောက်က သူ၏ကတိအတိုင်း စိန်ခေါ်မှုကို လက်ခံပါဦးမလားဟု လူအများက သံသယဖြစ်ခဲ့ကြသည်။
ဟုတ်သည်၊ ဒါက သာမန် အတွေးလေးတစ်ခုမျှသာ။
နောက်ဆုံးတွင်၊ စိန်ခေါ်ပွဲ၏ နေ့ရက်ကို ရောက်ရှိလာခဲ့သည်။
ကောင်းကင်ကိုးပါးမှ မရေတွက်နိုင်သော ကျင့်ကြံသူများက ကောင်းကင်ပြိုတောင်ကြားသို့ ပြေးသွားကြ၏။
ကောင်းကင်ပြိုတောင်ကြားက ကောင်းကင်ကိုးပါး၏ နာမည်ကျော်နေရာတစ်ခု ဖြစ်သည်။
ဒါက ရှေးခေတ် မငြိမ်သက်မှုများမှ ကျန်ရစ်ခဲ့သော အပျက်အယွင်းတစ်မျိုးပင်။
ထိုအချိန်က လွမ်ကုဧကရာဇ်နှင့် မြင့်မြတ်ဝိညာဉ်အပျက်အယွင်းကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။
လွမ်ကုဧကရာဇ်က လွမ်ကုပုဆိန်ကို ကိုင်ဆောင်ကာ မြင့်မြတ်ဝိညာဉ်အများအပြားကို ဤနေရာတွင် သတ်ပစ်ခဲ့၏။
အားကောင်းသော ပုဆိန်အင်အားက ကောင်းကင်ကို ခွဲခြမ်းခဲ့ပြီး အောက်ခြေကို မမြင်နိုင်လောက်အောင် နက်ရှိုင်းသော ချောက်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
ထို့ကြောင့် ဤကောင်းကင်ပြိုတောင်ကြားသည် သာမန်နေရာတစ်ခု မဟုတ်ပေ။
ထိုအစား ၎င်းက ဟင်းလင်းပြင်အပျက်အယွင်းတစ်ခု ဖြစ်သည်။
ဤကဲ့သို့ အံ့ဖွယ်ကောင်းသော နေရာမျိုးက လွမ်ကုဧကရာဇ်၏ ပုဆိန်ခုတ်ချက်ကြောင့် ဖြစ်ပေါ်လာရခြင်းဆိုသည်မှာ တွေးကြည့်ရန်ခက်သည်။
ယခုအချိန်ထိ ကောင်းကင်ပြိုတောင်ကြား၏ နက်နဲရာတွင် ကြောက်မက်ဖွယ်ကောင်းသော ပုဆိန်အလင်းများနှင့် ဖျက်ဆီးခြင်းနိယာမများဖြင့် ပြည့်နှက်နေသေးသည်။
ထို့ကြောင့် ကောင်းကင်ပြိုတောင်ကြား၏ နက်နဲရာကို မည်သူမျှ မသွားဝံ့ကြပါ။
အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသည် လူသိများသောနေရာတစ်ခု ဖြစ်လာခဲ့သည်။
မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၏ ထာဝရ နာကျင်ခြင်းတစ်မျိုးလည်း ဖြစ်ခဲ့ပေသည်။
သို့တိုင် ခုနစ်ရောင်ခြယ်တာအိုသခင်က ဤနေရာကို နောက်ဆုံးတိုက်ပွဲအတွက် နေရာအဖြစ် ရွေးချယ်ခဲ့သည်။
သူ့အဓိပ္ပာယ်က ရှင်းပေသည်။
ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်မှ ဆင်းသက်လာသူ ဖြစ်သည်။
အကယ်၍ သူသာ ကျွင်းရှောင်ယောက်ကို ဤနေရာတွင် အနိုင်ယူနိုင်ခဲ့လျှင် မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၏ အရှက်တရားကို အတန်ငယ် ပြေပျောက်စေမည်မှာ သေချာသည်။
ထို့ကြောင့် ဤတိုက်ပွဲက သူကိုယ်တိုင်နှင့် မြင့်မြတ်ဝိညာဉ် အပျက်အယွင်းတွက် အလွန်အရေးပါပေသည်။
ယခုအချိန်တွင် ကောင်းကင်ကိုးပါးမှ ကျင့်ကြံသူအများအပြားက ကောင်းကင်ပြိုတောင်ကြားတစ်ဝိုက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တားမြစ်မိသားစုအားလုံးမှ လူများနှင့် တားမြစ်နယ်မြေများမှ တည်ရှိမှုများပင် ရောက်လာကြ၏။
နောက်ဆုံးမှာတော့ လူတော်တော်များများက သိချင်ကြသည်။
ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ ထိပ်တန်းငါးဦးမှာ ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့်မှ ကျင့်ကြံသူများ ဖြစ်သည်။ သူတို့ကို ကျွင်းရှောင်ယောက်က အမှန်တကယ် ရင်ဆိုင်နိုင်မည်လော။
အစောပိုင်းတွင် ကျွင်းရှောင်ယောက်က အနိုင်ရရန်အခွင့်အရေးရှိသည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။
သို့သော်လည်း လူဝင်စားပင်လယ်၏ အဖြစ်အပျက်များ ပြီးနောက်...
ကောင်းကင်ကိုးပါးမှ ကျင့်ကြံသူများမှာ မရေမရာ ဖြစ်လာခဲ့ကြသည်။
"ဒီတစ်ကြိမ်မှာလည်း ကျွင်းရှောင်ယောက်က ထပ်အနိုင်ရရင် ဘာဖြစ်လာမယ်ထင်သလဲ"
"ကျွင်းရှောင်ယောက်က ကောင်းကင်နဂါးနဲ့ဖီးနစ်စာရင်းက ပါရမီရှင်အားလုံးကို အနိုင်ယူနိုင်မှာမို့လား"
"မဟုတ်တာ၊ ဒါက လုံးဝမဖြစ်နိုင်ဘူး။ အင်မော်တယ်နယ်မြေကြီးရဲ့ ပါရမီရှင်တစ်ယောက်က ကျုပ်တို့ကောင်းကင်ကိုးပါးရဲ့ ပါရမီရှင်အားလုံးကို အနိုင်ယူနိုင်ပါ့မလား။ ဒါက ဘယ်လိုဟာသမျိုးလဲ"
"အေးလေ၊ ကောင်းကင်နဂါးနဲ့ဖီးနစ်စာရင်းမှာ သက်ရှည်ကျွန်းက နှစ်ဦးပါဝင်တယ်"
"အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူရဲ့ မဟာနတ်ဆိုးဘုရင်အပြင် သားရဲဂူရဲ့ ဘုရင်ငယ်လေးပါးက ခေါင်းဆောင်ဖြစ်တဲ့ တောက်ဝအ်လည်း ရှိသေးတယ်"
"နောက်ပြီးတော့ ဧကရာဇ်ကြွေလွင့်တောင်ရဲ့ သခင်လေးဝမ့်ယန်က သူ့ခွန်အားကို အပြည့်အဝ မဖော်ပြရသေးဘူး"
"ကျွင်းရှောင်ယောက်က ဘယ်လောက်ပဲ သန်မာပါစေ၊ ကျုပ်တို့ ကောင်းကင်ကိုးပါးရဲ့ ပါရမီရှင်အားလုံးကိုတော့ မဖိနှိပ်နိုင်ပါဘူး"
လူတချို့က ငြင်းခုံလိုက်ကြသည်။
မဟုတ်လျှင်၊ သူတို့၏မျက်နှာကို ဘယ်သွားထားရမည်နည်း။
ကောင်းကင်ကိုးပါးက မြင့်မားပြီး တန်ခိုးကြီးသည်ဟု မည်သူက လက်ခံဦးမည်နည်း။
အချိန်ကြာလာသည်နှင့်အမျှ၊ ကောင်းကင်ကိုးပါးမှ ကျင့်ကြံသူများမှာ ပိုများလာခဲ့သည်။
ထို့ပြင် အဆင့်အတန်း မြင့်မားသူများလည်း ပေါ်လာကြတော့သည်။
"အလို... ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ သခင်လေး သုံးယောက် ရောက်လာပြီ"
တစ်ယောက်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
လမ်းကြောင်းတစ်ခုတည်းမှ ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးဦးက တစ်ပြိုင်နက်တည်း ရောက်ရှိလာ၏။
မျက်လုံးများစွာက ညီအစ်ကိုသုံးယောက်ထံသို့ လှည့်သွားကြသည်။
သူတို့က ဘာမှမပြောကြသော်လည်း လျှို့ဝှက်စွာ ထွက်ပေါ်နေသော အရိပ်အယောင်များက ရွှမ်ညီနောင်သုံးယောက်၏ မျက်နှာများကို အေးစက်သွားစေသည်။
ယခုအခါ ၎င်းတို့က ကောင်းကင်ကိုးပါး၏ ပျက်ရယ်ပြုစရာများ ဖြစ်နေကြပြီ မဟုတ်လော။
"ဒီနေ့ ကျွင်းရှောင်ရဲ့ ရှုံးနိမ့်မှုကို ငါတို့ သက်သေပြုကြမယ်"
ကျွင်းရှောင်ယောက်၏ ရှုံးပွဲကို မတွေ့မချင်း သူတို့ ကျေနပ်မှာ မဟုတ်ပေ။
ထိုအချိန်တွင် တစ်ဖက်မှ လှပသောရုပ်သွင်နှစ်ခုက ကောင်းကင်မှ ဆင်းသက်လာသည်။
တစ်ဦးက နူးညံ့သော တိမ်စိုင်တိမ်တိုက်အလား နတ်သမီးတစ်ပါး ဖြစ်သည်။
ကျန်တစ်ဦးက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ညှို့ငင်နိုင်စွမ်းရှိ၏။
သူတို့က အချင်းချင်း မသင့်မြတ်ကြသော်လည်း ပွဲကြည့်ရန် အတူတကွ ရောက်လာခဲ့ကြသည်။
ကျန်းလော့လီမှာတော့ ဟွင်းယွမ်ရွှေခွက်၏ အကူအညီဖြင့် တံခါးပိတ်လေ့ကျင့်နေသောကြောင့် မလာခဲ့ပေ။
"ကျွင်းသခင်လေးက ဒီတိုက်ပွဲမှာ အဆင်ပြေသင့်တယ် မဟုတ်လား"
ယွင်ထျန်းမေက တီးတိုး ရေရွတ်လိုက်သည်။
လျိုချုံးယန်က သူ့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်၏။ သူက နှုတ်ခမ်းကိုတွန့်ကွေးပြီး ပြုံးကာ ပြောလိုက်သည်။
"ထျန်းမေ၊ ရှင်တောင်မှ လဲကျသွားခဲ့ပြီထင်တယ်"
"ပေါက်ကရတွေ မပြောပါနဲ့"
ယွင်ထျန်းမေက ကပျာကယာ ပြောသည်။
"ဟွန့်၊ ဘာဖုံးကွယ်စရာရှိလို့လဲ။ ကျွန်မတို့ အားလုံးက မိန်းမတွေပဲ။ ကျွန်မတို့အားလုံး အမှန်တရားကို သိကြတယ်။ ဒါပေမဲ့ သူ့နှလုံးသားကို လူတိုင်း မကိုင်လှုပ်နိုင်တာ စိတ်မကောင်းစရာပဲ"
လျိုချုံးယန်က ရယ်မောလိုက်၏။
ယွင်ထျန်းမေလည်း တိတ်ဆိတ်သွားလေသည်။
ဤအခိုက်အတန့်တွင် အခြားရုပ်သွင်တစ်ခု ပေါ်လာသည်။ သူသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ့မျက်နှာက ဝေဝါးဝါး ဖြစ်၏။
သူ့အငွေ့အသက်များက အလွန်တည်ငြိမ်ပြီး မမြင်နိုင်လုနီးပါး ဖြစ်နေကာ လူတို့အား လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းသည်။
"သူက... ခွန်းလွန်းတောင်က ခွန်းရွှီကျစ်ပဲ။ သူလည်းလာဖို့ မမျှော်လင့်ထားဘူး"
"အမြဲလျှို့ဝှက်ပြီး နေထိုင်တတ်တဲ့ တားမြစ်နယ်မြေ ခွန်းလွန်းတောင်က ပါရမီရှင်တစ်ယောက်ကို အမှန်တကယ် ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
"အဲဒီခွန်းရွှီကျစ်က ကောင်းကင်နဂါးနဲ့ဖီးနစ်စာရင်းမှာ အဆင့်ခြောက်နေရာက ရပ်တည်နေတယ်။ သူက ထိပ်တန်းငါးယောက်အတွင်းမှာ မပါဝင်ပေမဲ့ သူ့ရဲ့ ခွန်အားက မှန်းဆလို့ မရဘူး"
အပြာရောင်ဝတ်စုံဝတ် လူငယ်ကို လူများစွာက အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။
ခွန်းလွန်းတောင်က လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်နှိမ့်ချနေတတ်သော တားမြစ်နယ်မြေ ဖြစ်သည်။
သူတို့က အဟာသုတ်သင်ရှင်းလင်းရေးမှာလည်း တစ်ခါမျှ မပါဝင်ခဲ့ဖူးဘဲ ကြားနေဝါဒဖြင့် အမြဲရပ်တည်ခဲ့ပေသည်။
ဤစိန်ခေါ်မှုက ခွန်းလွန်းတောင်၏ ပါရမီရှင်ကို ဆွဲဆောင်နိုင်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
"ခွန်းရွှီကျစ်၊ ခင်ဗျားလည်း ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး"
ထိုအချိန်တွင်၊ အခြားတစ်ဖက်မှ အကန့်အသတ်မဲ့ နတ်ဆိုးစွမ်းအင်များက မြင့်တက်လာသည်။
ထိုနေရာမှ နတ်ဆိုးအရိပ်တစ်ခု ထွက်ပေါ်လာ၏။
မာနကြီးပြီး ကြီးစိုးသော ရောင်ဝါနှင့်အတူ နတ်ဆိုးအငွေ့အသက်များက ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
၎င်းက နတ်ဆိုးသခင်၏ မွေးဖွားခြင်း သို့မဟုတ် ငရဲမင်းယာမ ရောက်ရှိလာခြင်းကဲ့သို့ ဖြစ်ပေသည်။
သူကား အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ မဟာနတ်ဆိုးဘုရင်မှတစ်ပါး အခြားမဟုတ်ပေ။
"အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူက မဟာနတ်ဆိုးဘုရင် ရောက်လာပြီပဲ။ ဒါပေမဲ့ သူ့အငွေ့အသက်က နည်းနည်းတော့ အားနည်းနေတယ်။ ကြည့်ရတာ တိုက်ပွဲကို ကြည့်ဖို့ သူ့ဓမ္မခန္ဓာပဲ ရောက်လာပုံရတယ်။"
မဟာနတ်ဆိုးဘုရင် ကူချမ်မြဲ့က တိုက်ပွဲကိုကြည့်ရှုရန် ဓမ္မခန္ဓာဖြင့်သာ ပေါ်လာသော်လည်း လူများကို လှုပ်ရှားစေနိုင်ဆဲ ဖြစ်သည်။
ကူချမ်မြဲ့၏ အနားမှ မိုးပြာရောင်ဝတ်စုံဖြင့် လှပနေသူမှာတော့ သဘာဝအတိုင်း ကျိချင်းရီပင်။
ခွန်းရွှီကျစ်က ကူချမ်မြဲ့ကိုကြည့်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းလည်း ကျွင်းရှောင်ယောက်ကို စိတ်ဝင်စားနေပုံရတယ်"
ကူချမ်မြဲ့က ပြောလိုက်၏။
"ငါ့အစေခံကို သတ်ရလောက်အောင် ကျွင်းရှောင်ယောက်မှာ ဘာအရည်အချင်းရှိသလဲဆိုတာ သိချင်တယ်"
ဖန်းယန်က ကူချမ်မြဲ့အတွက် မရှိမဖြစ်လိုအပ်သော အစေခံတစ်ဦး မဟုတ်ပေ။
သို့ရာတွင်၊ ဒါက သူ့ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် သဘာဝအတိုင်း လာရောက်ကြည့်ရှုရန် လိုသည်။
"ချင်းရီ၊ မင်းနဲ့ ကျွင်းရှောင်ယောက်က အသိအကျွမ်းဟောင်းတွေဖြစ်ပြီး တစ်နေရာတည်းကလာတာလို့ ငါကြားတယ်"
ကူချမ်မြဲ့က ရုတ်တရက် ပြောလိုက်သည်။
"မှန်ပါတယ်၊ ကျွင်းသခင်လေးနဲ့ ကျွန်မတို့ နှစ်ယောက်စလုံးက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးက လာကြတာပါ"
ကျိချင်းရီက တည်ငြိမ်စွာ ပြောသည်။
"ဒါဆိုရက် မင်း သူနဲ့ သိပ်ပြီး မရင်းနှီးဖို့ ငါမျှော်လင့်တယ်။ သူနဲ့ ပတ်သက်တာကို မကြိုက်ဘူး"
ကူချမ်မြဲ့၏ စကားများက ကြီးစိုးမှုရှိ၏။
ကျိချင်းရီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူမ၏ ကြည်လင်သောမျက်လုံးများ နက်နဲရာတွင် အေးစက်သောအရိပ်အယောင်များ ထွက်ပေါ်လာသော်လည်း အသာအယာ ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ၊ ချင်းရီက အကန့်အသတ်ကို သိပါတယ်"
ကူချမ်မြဲ့က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ကျိချင်းရီသည် သူ့အတွက် အလွန်အရေးကြီးသည်။ သူမသည် သူ၏ သီးသန့်ပိုင်ဆိုင်မှုဖြစ်ပြီး မည်သူမျှ သူ့ကို ထိခွင့်မရှိပေ။
ကျိချင်းရီက ဆင်ခြင်များပေးပြီး သူ့ကို ရှောင်ဖယ်နေသော်လည်း...
ကူချမ်မြဲ့သည် ကျိချင်းရီက နောက်ဆုံးတွင် သူ့လက်ထဲသို့ ကျဆင်းရမည်ဟု ယုံကြည်ထားခဲ့သည်။
ထိုအချိန်တွင်...
ကောင်းကင်ယံမှ နတ်တေးသွားတစ်ခုနှင့်အတူ ပန်းပွင့်များက မိုးရေစက်များသဖွယ် ရွာသွန်းကျလာသည်။
ထို့နောက် ထူးထူးကဲကဲ လှပလွန်းသော ပုံရိပ်လေးတစ်ခုက ဆင်းသက်လာပြီး နေရာတိုင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။