← Chapters

အခန်း ၁၄၃၄

Vol. 97 Ch. 1434

အခန်း ၁၄၃၄

Vol. 97 Ch. 1434

အခန်း ( ၁၄၃၄ )

တေးသွားက ကောင်းကင်၏သံစဉ်နှင့် တူသည်။

အဝေးမှ မှုန်ဝါးဝါး အလင်းရောင်များကြားတွင် ကောင်းကင်ယံကို ဖြတ်သွားသော ကောင်းကင်တံတားတစ်စင်း ပေါ်လာ၏။

အံ့မခန်း လှပသော အမျိုးသမီးတစ်ဦးက တံတားတစ်ဖက်မှ အေးချမ်းတည်ငြိမ်စွာ လျှောက်လာခဲ့လေသည်။

သူမ၏အလှက ရင်သပ်ရှုမောဖွယ်ဖြစ်ပြီး အိပ်မက်ထဲမှ နတ်သမီးတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ သူ၏ အဝတ်အစားထောင့်စွန်းများကလည်း လေထဲတွင် လူးလွန့်လှုပ်‌ရှားနေလေ၏။

သူသည် ခန္ဓာကိုယ်သွယ်လျပြီး အသားအရေကလည်း ကျောက်စိမ်းကဲ့သို့ ကြည်လင်ကာ ချောမွေ့သည်။

ဒါက တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော အမျိုးသမီးတစ်ဦးပင်။ သူ၏ အပြုံးတစ်ပွင့်က မြို့များကို ပြိုပျက်စေနိုင်ပြီး နှစ်ကြိမ်ပြုံးပါက တိုင်းပြည်များကိုပင် ပြိုလဲစေနိုင်သည်။

ဤအမျိုးသမီး ရောက်လာ‌သောအခါ လျိုချုံးယန်နှင့် ယွင်ထျန်းမေတို့၏ တောက်ပမှုသည်ပင် အနည်းငယ် မှိန်ဖျော့သွားရလေသည်။

"အဲဒါက သက်ရှည်ကျွန်းရဲ့ သက်ရှည်ခြင်းနတ်ဘုရားမပဲ"

ဤအမျိုးသမီး ရောက်ရှိလာတာကို မြင်သောအခါ လူအများက နှစ်သက်မှု၊ လေးစားမှုတို့ဖြင့် ကြည့်လိုက်ကြသည်။

သက်ရှည်ခြင်းနတ်ဘုရားမသည် တုနှိုင်းမယှဉ်သာသော အလှကို ပိုင်ဆိုင်ထားသည့်အပြင်...

ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းမှာလည်း စတုတ္ထအဆင့်ရှိသည်။

သူက ယနေ့တိုက်ပွဲ၏ အဓိကဇာတ်ဆောင် ခုနစ်ရောင်ခြယ်တာအိုသခင်ထက် ပိုအဆင့်မြင့်ပေသည်။

ဟုတ်သည်၊ ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ ထိပ်တန်းပါရမီရှင်ငါးယောက်တွင် အားလုံးက ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့်များ ဖြစ်ကြသည်။

သူတို့ကြားတွင် ကွာခြားမှုက သိပ်မရှိပေ။

သို့သော်လည်း သက်ရှည်ကျွန်း၏ ထွတ်မြတ်ပါရမီရှင်ဖြစ်သော သက်ရှည်ခြင်းဧကရာဇ်ကို ကောင်းကင်ကိုးပါးရှိ လူငယ်မျိုးဆက်၏ နံပါတ်တစ်အဖြစ် လူအများအသိအမှတ်ပြုခံရသည်။

သက်ရှည်ခြင်းဧကရာဇ်က ဝမ့်ယန်ကဲ့သို့ နက်နဲစွာ လျှို့ဝှက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။

ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ နံပါတ်တစ်ဟူသော သူ့အဆင့်အတန်းကို မည်သူမျှ စိန်မခေါ်ဝံ့ပေ။

သို့သော်လည်း ယနေ့တွင် သက်ရှည်ခြင်းဧကရာဇ်က မရောက်လာသေးပါ။

ထိုအစား သက်ရှည်ခြင်းနတ်ဘုရားမက အခြေအနေကို အကဲဖြတ်ရန် ဦးစွာလာခဲ့သည်။

"အားလုံးပဲ၊ ဒီနေ့မှာ ကျွန်မက အဓိကပုဂ္ဂိုလ် မဟုတ်ပါဘူး"

အားလုံး၏အကြည့်ကို သတိပြုမိသောအခါ သက်ရှည်ခြင်းနတ်ဘုရားမက ချိုသာစွာ ပြုံးလိုက်သည်။

"နားလည်ပါတယ်၊ ဒါပေမဲ့ ဒီတိုက်ပွဲက သက်ရှည်ခြင်းနတ်ဘုရားမကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

လူအများက အပြုံးနှင့် နှုတ်ဆက်ပြီး ပြန်လှည့်လိုက်ကြသည်။

သက်ရှည်ခြင်းနတ်ဘုရားမက လှပသလောက် ထူးချွန်သော်လည်း ချဉ်းကပ်ရလွယ်ကူပြီး ရေခဲမိန်းမပျိုမျိုး မဟုတ်ပါ။

ထို့ကြောင့် ကောင်းကင်ကိုးပါးတွင် သက်ရှည်ခြင်းနတ်ဘုရားမက နာမည်ကျော်ကြားပြီး အသိမိတ်ဆွေပေါများသည်။

"ဟမ့်၊ မင်းသမီးမျက်နှာဖုံးစွပ်ထားတဲ့ ဘီလူးမတစ်ကောင်ပဲ"

ဒါကိုမြင်တော့ လျိုချုံးယန်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

"ရှင် မနာလိုတာလား"

ယွင်ထျန်းမေက ပြောလိုက်၏။

အမှန်အတိုင်းပြောရလျှင်၊ သူက သက်ရှည်ခြင်းနတ်ဘုရားမအပေါ် အထင်အမြင်ကောင်းမရှိပါ။

ဤအမျိုးသမီး၏ ချဉ်းကပ်ရလွယ်ကူသော မျက်နှာဖုံးအောက်မှာ ထူးခြားသော အခြားမျက်နှာတစ်ခု ရှိနေသည်ဟု အမြဲခံစားခဲ့ရသည်။

ဟုတ်ပေသည်၊ ဒါက သူမ၏ ခံစားချက်သက်သက် ဖြစ်သည်။

သက်ရှည်ခြင်းနတ်ဘုရားမ ရောက်ရှိလာခြင်းက လေထုကို ပို၍ မြင့်တက်လာစေခဲ့သည်။

သာမာန်နေ့များတွင် တွေ့ရခဲသော ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းရှိ ထိပ်တန်း ပါရမီရှင်များကို မြင်လာရ၏။

တတိယအဆင့် ကူချမ်မြဲ့၊ စတုတ္ထအဆင့်မှ သက်ရှည်ခြင်းနတ်ဘုရားမ၊ ဆဋ္ဌမအဆင့် ခွန်းရွှီကျစ်၊ သတ္တမအဆင့်မှ ရွှမ်မီ... သူတို့အားလုံး ရောက်ရှိလာကြသည်။

ထို့ပြင်၊ ထူးကဲသော အငွေ့အသက်များဖြင့် အကျော်အမော်တချို့လည်း ရှိသေးသည်။

သူတို့က ပျက်စီးခြင်းတာအိုသခင်အဆင့်နှင့် နတ်ဖန်ဆင်းခြင်းအဓိပတိအဆင့် ပုဂ္ဂိုလ်များ ဖြစ်သည်။

အချို့သော တားမြစ်နယ်မြေများမှ ပုဂ္ဂိုလ်ကြီးများကလည်း အဆုံးမဲ့နေရာများကို ဖြတ်ကျော်ပြီး ဤနေရာကို စောင့်ကြည့်နေပေသည်။

လူတိုင်းက စိတ်အားထက်သန်စွာ မျှော်လင့်နေချိန်...

အဝေးမှ ကြယ်ကောင်းကင်တွင်...

ရုတ်တရက် အလင်းရောင်ခုနစ်မျိုးက တောက်ပလာသည်။

တာအိုဝတ်စုံဖြင့် လူတစ်ယောက်က ခုနစ်ရောင်နတ်အလင်းများအပေါ် လှမ်းတက်လိုက်၏။

သူ၏ ဆံပင်ရှည်များမှာလည်း အရောင်ခုနစ်ရောင်ရှိသော သက်တန့်ကဲ့သို့ တောက်ပနေသည်။

သူ့လက်ထဲမှာတော့ ခလောက်တံတစ်ခုကို ကိုင်ထားပေသည်။

သူ့အမူအရာက တည်ငြိမ်အေးချမ်းပြီး ဒုက္ခဆင်းရဲများကို ဂရုမစိုက်သလို မတုန်မလှုပ် ဖြစ်သည်။

သူ့မျက်လုံးထဲမှ အလင်းရောင်ခြည် ခုနစ်ခုက မှိန်ဖျော့ဖျော့ လင်းလက်နေခြင်းကြောင့်မဟုတ်လျှင်...

သူက လောကီရေးရာများကို ဂရုမစိုက်သော တာအိုဆရာသခင်တစ်ဦးဟု အမှန်တကယ် ထင်မှတ်ခဲ့ကြမည် ဖြစ်သည်။

"သူရောက်လာပြီ"

ခုနစ်ရောင်ခြယ်တာအိုသခင် ပေါ်လာခြင်းက လေထုကို ပို၍ မြင့်တက်လာစေခဲ့သည်။

သို့သော်လည်း ခုနစ်ရောင်ခြယ်တာအိုသခင် ကိုယ်တိုင်ကမူ အလွန်တည်ငြိမ်မှုရှိ၏။

သူက ဤနေရာသို့ ရောက်လာပြီးနောက် လေထဲတွင် တင်ပျဉ်ခွေထိုင်ကာ မျက်စိကိုမှိတ်ပြီး ငြိမ်သက်သွားတော့သည်။

ဤအမူအရာက လူများကို ပို၍ လေးစားစေခဲ့သည်။

ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းရှိ ထိပ်တန်းပါရမီရှင်ငါးဦးမှ တစ်ဦးက မျှော်လင့်ထားသည့်အတိုင်းပင်။

သူတို့၏ စရိုက်က အမှန်တကယ် ထူးခြားသည်။

ခုနစ်ရောင်ခြယ်တာအိုသခင်က စကားနည်းသူဖြစ်သော်လည်း ထိုသို့သောလူက ကြောက်စရာအကောင်းဆုံးပင်။

သူတို့က စကားအများကြီးပြောမည် မဟုတ်ပါ။

သွေးကိုသွေးဖြင့် ပေးဆပ်စေမည် ဖြစ်သည်။

ထို့ပြင်၊ သူက အသက်အနည်းငယ်ကြီးနေပြီဖြစ်သော်လည်း မျိုးဆက်သစ်တစ်ဦးအဖြစ် သတ်မှတ်ခံရသေးသည်။

သူက ကျွင်းရှောင်ယောက်ကို သတ်ခဲ့လျှင်ပင် ပြဿနာက ကြီးကျယ်လွန်းမည် မဟုတ်ပါ။

အနည်းဆုံးတော့ ကျွင်းမိသားစုက ပြဿနာမရှာနိုင်ပေ။

ထို့ပြင် စိန်ခေါ်ချက်ထုတ်ပြန်ပြီးကတည်းက ခုနစ်ရောင်ခြယ်တာအိုသခင်သည် ကောင်းကင်ပြိုတောင်ကြားတွင် ကျွင်းရှောင်ယောက်ကိုသတ်ရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။

မမှားပေ။

အနိုင်ယူရန်မဟုတ်ဘဲ သတ်ရန် ဖြစ်သည်။

ကျွင်းရှောင်ယောက်နှင့် မြင့်မြတ်တိညာဉ်အပျက်အယွင်းကြားမှ မပြေလည်မှုများက ယခုအချိန်တွင် ညှိနှိုင်းမရနိုင်တော့ပေ။

သူက လွမ်ကုဧကရာဇ်၏ ဆက်ခံသူ ဖြစ်သည်။ ‌ကျောက်ဧကရာဇ်လေး၏ ဒဏ်ရာရခြင်းနှင့် ဓားဧကရာဇ်၏ သေဆုံးခြင်းတို့နှင့် ပတ်သက်၍လည်း သူ့ကို အငြိုးထား၏။

ဤအမုန်းတရားကို သွေးဖြင့်သာ ဆေးကြောနိုင်သည်။

ထို့ကြောင့် ဤတိုက်ပွဲက စတင်သည်နှင့် တစ်ဦးသေမှသာ ပြီးဆုံးလိမ့်မည်။

ယခုအချိန်တွင်၊ ခုနစ်ရောင်ခြယ်တာအိုသခင်၏ မျက်နှာက လျစ်လျူရှုထားပုံရသော်လည်း လေးနက်မှုတို့ကို မြင်ရသည်။

အေးစက်သော အငွေ့အသက်တစ်ခုက လူတိုင်းကို ဖြတ်သန်းခဲ့၏။

ဤတိုက်ပွဲက သာမန် တိုက်ပွဲတစ်ခုလောက် မရိုးရှင်းပေ။

အချိန်က တရွေ့ရွေ့ ကုန်လွန်လာခဲ့သည်။

တစ်နာရီ...

နှစ်နာရီ...

သုံးနာရီ...

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်ကြာသွားပြီ။

ကျင့်ကြံသူများအတွက် အချိန်သုံးရက်က မျက်တောင်တစ်ခတ်စာအတွင်း ကုန်လွန်သွားနိုင်သည်။

သို့သော်လည်း ဤအချိန်တွင် လူအများက သို့လောသို့လော ဖြစ်လာကြသည်။

ကျွင်းရှောင်ယောက်က ဘာဖြစ်လို့ မလာသေးတာလဲ။

"မဟုတ်သေးပါဘူး၊ ကျွင်းရှောင်ယောက်က တကယ်ကြီး မလာတော့တာလား"

"အေးလေ၊ စိန်ခေါ်ပွဲနေ့က သုံးရက်တောင်ကြာသွားပြီ"

"သူက ခုနစ်ရောင်ခြယ်တာအိုသခင်ကို ကြောက်နေတာတော့ မဟုတ်ပါဘူးနော်"

"အဲဒါက မဖြစ်သင့်ဘူး မဟုတ်လား"

လူများကြားတွင် တီးတိုးစကားသံများ ထွက်ပေါ်လာတယ်။

"ဘာတွေဖြစ်နေတာလဲ၊ ကျွင်းရှောင်ယောက်က သက်သက်မဲ့ လျှောက်ပြောနေတာများလား"

လျိုချုံးယန်က မျက်မှောင်ကြုတ်သွားသည်။

ယွင်ထျန်းမေက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်လေသည်။

"သူက ဒီလိုလူမဟုတ်ဘူး"

ကျွင်းရှောင်ယောက်က သူ့စကားကို အမြဲတည်သည်။

"ဟမ့်၊ မင်းက တကယ်မလာရဲတာလား။ ဒါဆိုရင်တော့ ငါ မင်းကို စိတ်ပျက်မိလိမ့်မယ်"

ကူချမ်မြဲ့က ခေါင်းယမ်းလိုက်သည်။ သူ့မျက်လုံးများတွင် လှောင်ပြောင်သရော်မှု အရိပ်အမြွက်တို့ ပေါ်လာ၏။

ခုနစ်ရောင်ခြယ်တာအိုသခင်ကိုတောင် ရင်မဆိုင်ဝံ့ပါက သူ စိတ်ဝင်စားစရာ မရှိတော့ပေ။

ကျိချင်းရီကတော့ နှုတ်ဆိတ်နေခဲ့သည်။

သူက ကျွင်းရှောင်ယောက်နှင့် အတော်အတန် ရင်းနှီးကျွမ်းဝင်ခဲ့ပြီး သူ၏ မယုံကြည်နိုင်လောက်သော လမ်းခရီးကို မြင်တွေ့ခဲ့ရသည်။

ဤနေရာကို သူ မလာခြင်းက အကြောင်းတစ်ခုသာ ရှိမည်။

ကျွင်းရှောင်ယောက်က ဤစိန်ခေါ်မှုကို လုံးဝအလေးအနက်မထားပါ။

ထို့ကြောင့် ရက်အနည်းငယ်စောသည်ဖြစ်စေ၊ ရက်အနည်းငယ်ကြာသည်ဖြစ်စေ အရေးမကြီးပေ။

ခုနစ်ရောင်ခြယ်တာအိုသခင်အတွက် ဤသည်မှာ အလွန်အရေးကြီးသော သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်အတွက်တော့ လုံးဝ အရေးမပါပေ။

'နင်တို့အားလုံး သူ့ကို နားမလည်သေးပါဘူး...'

ကျိချင်းရီက သူ့စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။

ဤအခိုက်အတန့်တွင်၊ သက်ရှည်ခြင်းနတ်ဘုရားမက အနည်းငယ် မျက်ခုံးပင့်လိုက်သည်။

"ဒီနေရာမှာ လူလုံးတောင် လာမပြဝံ့ရင် ဧကရာဇ်ကို တိုက်ခိုက်ဖို့ အရည်အချင်းမရှိဘူး"

သူကဲ့သို့ အဆင့်အတန်းမြင့်မားသူတစ်ဦးပင်လျှင် သက်ရှည်ခြင်းဧကရာဇ်ကို 'ဧကရာဇ်'ဟု ခေါ်ရသည်။

ဒါက သက်ရှည်ခြင်းဧကရာဇ်ဟာ မည်မျှ မြင့်မြတ်ပြီး တန်ခိုးကြီးမားသည်ကို ပြသသည်။

ထိုအချိန်တွင် အေးဆေးတည်ငြိမ်စွာ တင်ပျဉ်ခွေထိုင်နေသော ခုနစ်ရောင်ခြယ်တာအိုသခင်ပင်လျှင် မငြိမ်မသက်ဖြစ်စပြုလာသည်။

ကျွင်းရှောင်ယောက် မလာခြင်းက သူ့ကို လူရွှင်တော်တစ်ဦးလို ဖြစ်စေသည်။

"ကြည့်ရတာ အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က သာမန်လူတစ်ဦးနဲ့ မခြားပါလား"

ခုနစ်ရောင်ခြယ်တာအိုသခင်က အေးစက်စွာ ပြောလိုက်သည်။

သို့သော်...

သူ့စကားအဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။

ရှေးခေတ်ဟောင်းမှ မိစ္ဆာသားရဲသုံးကောင်က ရထားတစ်စီးကို ဆွဲလာကြ၏။

ရထားပေါ်မှာတော့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်နေကြသည်။ သူတို့က ကျွင်းရှောင်ယောက်နှင့် ရန်ယုမန်တို့ပင်။

"စိတ်မရှိပါနဲ့၊ ကျုပ်က မကြာသေးမီက ရေပူစမ်းမှာ အနားယူနေခဲ့တာ... နောက်ပြီးတော့ မိန်းမလှလေးတစ်ယောက်ကလည်း ဘေးမှာ အဖော်ပြုပေးနေတော့ ဒီကိစ္စကို မေ့လုနီးပါးပဲ"

ကျွင်းရှောင်ယောက်၏ စကားကြောင့် ပရိသတ်အားလုံး အံ့အားသင့်သွားကြသည်။

ခုနစ်ရောင်ခြယ်တာအိုသခင်က သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရန် ယုံကြည်ချက်ဖြင့် လာခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ အလွန်စိတ်အေးလက်အေးဖြစ်ပြီး ၎င်းကို အလေးမထားခဲ့ပေ။

"မေ့လုနီးပါး" ဆိုသော စကားလုံးက လွန်လွန်းသည်။

ကျွင်းရှောင်ယောက်က အထူးတလည် စော်ကားသော စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း လူတိုင်းက ရှုတ်ချခြင်းနှင့် ရှက်ရွံ့ခြင်းတို့ကို ခံစားလိုက်ကြရပေသည်။

All Chapters