← Chapters

အခန်း ၁၄၃၇

Vol. 97 Ch. 1437

အခန်း ၁၄၃၇

Vol. 97 Ch. 1437

အခန်း ( ၁၄၃၇ ) ထာဝရ မပျက်ပြယ်နိုင်သော စိတ်ဆန္ဒ။

ဧရာမလက်ဝါးကြီးက ဂြိုလ်တစ်ခုကို အလွယ်တကူ ဖျက်ဆီးနိုင်သကဲ့သို့ အနှိုင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားပုံရသည်။

ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးက ခုနစ်ရောင်ခြယ်တာအိုသခင်ကို ကယ်တင်ရန် တိုက်ပွဲတွင် အမှန်တကယ် ဝင်ရောက်စွတ်ဖက်ခဲ့၏။

"ဒါ...ဒါက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ရဲ့ စွက်ဖက်မှုပဲ"

"‌ဒါက သူတို့နှစ်ယောက်ကြားက သေခြင်းရှင်ခြင်း အဆုံးအဖြတ်တိုက်ပွဲလို့ ပြောထားတာမဟုတ်ဘူးလား။ အပြင်လူတွေက ဘာဖြစ်လို့ ပါဝင်လာတာလဲ"

"သူက အရင်တုန်းက ဓားသင်္ချိုင်းကို သွားရောက်ခဲ့တဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်ပဲ"

ပတ်ဝန်းကျင်မှ စကားသံအချို့ ထွက်ပေါ်လာခဲ့သည်။

အမှန်တကယ်ပင်၊ ယခုအချိန်မှာ လှုပ်ရှားလာသော ဧကရာဇ်တစ်ပိုင်းက ကျွင်းရှောင်ယောက်ထံမှ ရှင်းလင်းချက်တောင်းရန် ဓားသင်္ချိုင်းသို့ လာရောက်ဖူးသော မြင့်မြတ်ဝိညာဉ် ဖြစ်သည်။

သူတို့မျိုးရိုးမှ ဓားဧကရာဇ်ကို ကျွင်းရှောင်ယောက်က သတ်ပစ်လိုက်၏။

ယခုဆိုလျှင် ခုနစ်ရောင်ခြယ်တာအိုသခင်သည်လည်း အန္တရာယ်ကျရောက်နေပြီ။

ထို့ကြောင့် သူက တိုက်ရိုက်ဝင်ရောက်စွက်ဖက်ကာ တိုက်ပွဲထဲသို့ ဝင်ရောက်ခဲ့သည်။

"မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက အရှက်မဲ့တာပဲ၊ ဒါက ကောင်းကင်ကိုးပါးကို လုံးဝ မျက်နှာပျက်စေတယ်"

ခွန်းလင်ယုက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။

သူက ခွန်းလွန်းတောင်မှ လာသူဖြစ်သောကြောင့် မြင့်မြတ်ဝိညာဉ်အပျက်အယွင်းကို မကြောက်ပေ။

"အလို၊ သူက..."

ခွန်းရွှီကျစ်က ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်က တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ကြောင်းကို တွေ့ရှိရသောအခါ၌ပင် သူ၏အမူအရာက ဤမြင်ကွင်းကို မျှော်လင့်ထားပြီးသားကဲ့သို့ မပြောင်းလဲပေ။

'သူ့မှာ ဝှက်ဖဲတွေ ရှိနေသေးလို့များလား'

ခွန်းရွှီကျစ်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

ထိုဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်၏ ဝင်ရောက်စွက်ဖက်မှုက ခုနစ်ရောင်ခြယ် တာအိုသခင်ကို ကယ်တင်ရန်မျှသာ မဟုတ်ပါ။

၎င်းက ကျွင်းရှောင်ယောက်ကို ဒဏ်ရာရစေရန်ပင် ရည်ရွယ်ထားပုံရသည်။

ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်၏ တိုက်ခိုက်မှုကို ခံရပါက သက်သာမည်မဟုတ်ပေ။

သူက အသက်သေမည်မဟုတ်သော်လည်း စားသာမည် မဟုတ်ပါ။

ကျွင်းရှောင်ယောက်ကို သတ်ဝံ့ပါက မြင့်မြတ်ဝိညာဉ်အပျက်အယွင်းတစ်ခုလုံး ကြီးမားသော တန်ကြေးကို ပေးဆပ်ရမည် ဖြစ်သည်။

ထို့ကြောင့် ဤဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်က ကျွင်းရှောင်ယောက်ကို အလွန်မုန်းတီးသော်လည်း အမှန်တကယ် မသတ်နိုင်ပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့လျှင်ပင် သူ့ဒေါသကို ဖြေဖျောက်ဖို့ လုံလောက်သည်။

"စိတ်မကောင်းစရာက ငါက မရူးဘူး။ မင်းတို့ရဲ့ တရားမျှတတဲ့ တိုက်ပွဲလို့ ခေါ်တဲ့ ဒီတိုက်ပွဲကိုလည်း ဘယ်တုန်းကမှ မယုံခဲ့ဘူး"

ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"သူက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် တည်ငြိမ်မှုရှိနေတာလဲ"

ကူချမ်မြဲ့၊ သက်ရှည်ခြင်းနတ်ဘုရားမနှင့် အခြား ပါရမီရှင်များ၏ မျက်နှာများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။

ကျွင်းရှောင်ယောက်က အဘယ်ကြောင့် ဤမျှတည်ငြိမ်နေသလဲဆိုတာ သူတို့ နားမလည်နိုင်ပေ။

ထိုအချိန်တွင်...

ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ရွန်းအမှတ်အသားတစ်ခုက သူ့လက်ဖဝါးပေါ်သို့ ကျရောက်လာပြီးနောက် ပုဆိန်တစ်လက်အဖြစ် ပြောင်းလဲသွား၏။

၎င်းက လွမ်ကုပုဆိန်၏ အမှတ်အသားပင်။

"အိုး..."

ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်က မထီမဲ့မြင်ပြုဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

မူလက ကျွင်းရှောင်ယောက်တွင် အားကိုးရာတစ်ခုခု ရှိနေသည်ဟု သူထင်ခဲ့သေးသည်။

မမျှော်လင့်ဘဲ၊ ၎င်းက လွမ်ကုဧကရာဇ်၏ ကိုယ်ပိုင်လက်နက်ဖြစ်သော လွမ်ကုပုဆိန်၏ အမှတ်အသားတစ်ခုမျှသာ ဖြစ်ခဲ့သည်။

ဒါက သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။

“မင်းက ငါ့ရဲ့မြင့်မြတ်ဝိညာဉ်အပျက်အယွင်းကို အကြိမ်ကြိမ် စော်ကားခဲ့တယ်။ ဒီနေ့မှာတော့ မင်းရဲ့အကြီးအကဲတွေကိုယ်စား သင်ခန်းစာနည်းနည်းပေးရမယ်"

ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

သူက လွမ်ကုပုဆိန်အမှတ်အသားကို ကိုင်ဆောင်ကာ ကောင်းကင်ပေါ်သို့ မြှောက်တင်လိုက်၏။

ထို့နောက်...

မာန်ထည့်ကာ အော်လိုက်တော့သည်။

"ပုဆိန်... လာစမ်း..."

သူ့အသံက မိုးကြိုးထစ်ချုံးသကဲ့သို့ မိုးနှင့်မြေကြားတွင် ပဲ့တင်ထပ်သွားပုံရသည်။

ကောင်းကင်ပြိုတောင်ကြားတစ်ခုလုံး တုန်ခါသွား၏။ မြေပြိုတော့မည်ကဲ့သို့ တော်လည်းသံကြီးများ ထွက်ပေါ်လာတော့သည်။

ရုတ်ချည်းဆိုသလိုပင်၊ မူလက မည်သူမျှ မဝင်ဝံ့သော နေရာဖြစ်သည့် ကောင်းကင်ပြိုတောင်ကြား၏ နက်နဲရာအရပ်မှ တုနှိုင်းမရလောက်အောင် တောက်ပသော ရောင်ခြည်များ ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်းနိယာများနှင့် သတ်ဖြတ်ခြင်းအလင်းတန်းများ ထွက်ပေါ်လာ၏။

ဒါက သေမျိုးကမ္ဘာသို့ နတ်ဘုရားတစ်ပါး ပြန်လည်သက်ဆင်းသလိုပင်။

ဘာတွေဖြစ်နေတာလဲ။

လူတိုင်းက ‌ဘာဖြစ်နေမှန်းမသိဘဲ တုန်လှုပ်ချောက်ချားသွားကြသည်။

ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်လည်း အစပိုင်းတွင် အံ့အားသင့်သွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ခံစားလိုက်ရ၏။

သူက ရုတ်တရက် မျက်မှောင်ကျုံ့သွားကာ တကိုယ်လုံး အေးခဲသွားသလိုမျိုး အေးစက်မှုကို ခံစားလိုက်ရတော့သည်။

"မဟုတ်ဘူး... ဒါကမဖြစ်နိုင်ဘူး..."

ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်၏ မျက်လုံးများတွင် ထိတ်လန့်ခြင်းတို့ ပေါ်လာခဲ့သည်။

"ဒုန်း..."

"ဒုန်း..."

"ဒုန်း..."

ကျယ်လောင်သော အသံများက ထွက်ပေါ်လာသည်။

ထိုအသံက လူတိုင်း၏ နှလုံးသားကို တုကြီးတစ်လက်နှင့် ထုနှက်နေသကဲ့သို့ပင်။

အားလုံးက အံ့အားသင့်ပြီး သို့လောသို့လော ဖြစ်နေကြချိန်...

ကောင်းကင်ပြိုတောင်ကြား၏ နက်နဲရာအရပ်မှ အဆုံးမဲ့ နတ်အလင်းများ တောက်ပလာခဲ့သည်။

ထိုအလင်းများကြားတွင် မှုန်ဝါးသော ပုံရိပ်တစ်ခုကို မြင်ကြရ၏။

သူက မိုးနှင့်‌မြေကို ဆန့်ကျင်တိုက်ခိုက်နိုင်ပြီး ကောင်းကင်ကို ဖုံးကွယ်ကာ ကမ္ဘာမြေကြီးကို စိုးမိုးနိုင်သူကဲ့သို့ပင်။

"လွမ်ကု"

ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်က အော်ဟစ်လိုက်သည်။ သူ့အသံက ကျယ်လောင်ပြီး တုန်လှုပ်မှုတို့ ပါဝင်နေ၏။

ကောင်းကင် ကိုးပါးမှ ကျင့်ကြံသူ အားလုံးမှာလည်း ကြောက်ရွံ့ တုန်လှုပ်နေတော့သည်။

ဒါက ဝိညာဉ်ကိုပင် အေးစက်သွားစေနိုင်သော ကြောက်ရွံ့မှုမျိုး ဖြစ်သည်။

ရှေးခေတ်မှ ပြိုင်စံရှားသော ဧကရာဇ်တစ်ပါးက ပြန်လည်ပေါ်ထွန်းလာခဲ့ပြီ။

သူ့ဘဝ၏ ပထမနှစ်ဝက်မှာ တစ်ကြိမ်တစ်ခါမှ အောင်ပွဲမရရှိခဲ့ပါ။

သို့ရာတွင် သူ့ဘဝ၏ ဒုတိယနှစ်ဝက်မှာတော့ ဘယ်တော့မှ ရှုံးပွဲမကြုံရတော့ပေ။

သူက ရှေးဟောင်းကစဉ့်ကလျားပုဆိန်ကို ကိုင်ဆောင်ပြီး မျိုးဆက်တစ်ခုမှ မငြိမ်သက်ခြင်းများကို ချေမှုန်းခဲ့သည်။ မြင့်မြတ်ဝိညာဉ်အပျက်အယွင်းကိုလည်း ကြီးမားသော ဆုံးရှုံးမှုများအား ခံစားရစေခဲ့၏။

ဤနေရာက ကောင်းကင်ကိုးပါး၏ ကောင်းကင်ပြိုတောင်ကြား ဖြစ်နေသောကြောင့်သာ။

အင်မော်တယ်နယ်မြေကြီးတွင် ဖြစ်ခဲ့ပါက လူတိုင်းက ဝမ်းသာအားရ ဟစ်ကြွေးပြီး မျက်ရည်တို့ဖြင့် ကြိုဆိုခြင်းခံရမည် ဖြစ်သည်။

ဒါက အင်မော်တယ်နယ်မြေကြီးအတွက် တိုက်ပွဲဝင်ခဲ့ပြီး ခေတ်အဆက်ဆက် ကျော်ကြားခဲ့သော မဟာဧကရာဇ်ကြီး ဖြစ်သည်။

ဤအခိုက်တွင် လူတိုင်း၏ တုန်လှုပ်မှုနှင့် သက်ရောက်မှုကို ဖော်ပြရန် မလွယ်ပေ။

ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်ဆိုပါက ပို၍ပင် တုန်လှုပ်သွားမိသည်။

သူ့အမြင်တွင်...

တောက်ပနေသော အလင်းရောင်ထဲမှ မှုန်ရီဝေသော ရုပ်သွင်က သူ့ဆီသို့ လျှောက်လာနေသည်။

ထိုသူ၏ ခြေလှမ်းတိုင်းက သူ့နှလုံးသားကို နင်းလာသလို ခံစားလိုက်ရ၏။ လေးလံသော တူကြီးတစ်လက်ဖြင့် ထုနှက်ခံရသလို သူ့တကိုယ်လုံး တုန်လှုပ်သွားစေသည်။

သို့သော်လည်း လူတိုင်းက ဂရုတစိုက် ကြည့်မိသောအခါတွင် အံ့ဩသွားရသည်။

အကြောင်းမှာ နတ်အလင်းများထဲမှ မှုန်ရီဝါးသော ပုံရိပ်မှာ တကယ်တော့ ပုဆိန်တစ်လက် ဖြစ်နေသောကြောင့်ပင်။

လွမ်ကုဧကရာဇ်၏ စိတ်ဆန္ဒတို့ဖြင့် ပုဆိန်က မဟာဧကရာဇ်၏ရုပ်သွင်ကို ထင်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။

ဒါက လွမ်ကုပုဆိန်ပင်။

ထို့ပြင်၊ ၎င်းက လွမ်ကုပုဆိန်အမှတ်အသားမဟုတ်ဘဲ စစ်မှန်သော လွမ်ကုပုဆိန် ဖြစ်သည်။

ထို့ထက်၊ ၎င်း၏ အငွေ့အသက်က ဧကရာဇ်လက်နက်အဆင့်တွင် မရှိတော့ပါ။

၎င်းမှာ အင်မော်တယ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

လွမ်ကုပုဆိန်က အလိုအလျောက် လှုပ်ရှားလာပြီး ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်ကို ခုတ်ချလိုက်သည်။

မရေမတွက်နိုင်သော ခေတ်များတစ်လျှောက် စုဆောင်းထားသော စွမ်းအားများက ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်ခဲ့၏။

ဧကရာဇ်တစ်ပိုင်းကို မဆိုထားဘိ၊ မဟာမြင့်မြတ်ဝိညာဉ်ပင်လျှင် ဤပုဆိန်ခုတ်ချက်ကို ရင်ဆိုင်ရလျှင် ဒဏ်ရာအပြင်းအထန်ရလိမ့်မည်။

"ဝုန်း..."

လွမ်ကုပု‌ဆိန်က ဒဏ္ဍာရီထဲမှ ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားခဲ့သည့် နတ်ဘုရားပုဆိန်ကဲ့သို့ပင်။

ပုဆိန်၏အလင်းရောင်က ကောင်းကင်ကို လင်းထိန်စေပြီး ကြယ်ကောင်းကင်ကို ဖြတ်သန်းသွားခဲ့သည်။

ထိုဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်က ပုဆိန်ခုတ်ချက်အောက်တွင် ဖုန်မှုန့်များထက်ပင် ပိုသေးငယ်သော အမှုန်များအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွား၏။

မရေမတွက်နိုင်သော ခေတ်တလျှောက်တွင် စွမ်းအင်များကို များစုစည်းထားခဲ့သော လွမ်ကုပုဆိန်က အမှန်တကယ် ကြောက်စရာကောင်းသည်။

၎င်းကို ထိန်းချုပ်ရန် ပြင်ပလူများပင် မလိုအပ်ပါ။

မြင့်မြတ်ဝိညာဉ်များကို တွေ့ရသည်နှင့် လွမ်ကုဧကရာဇ်၏ စိတ်ဆန္ဒက သေစေနိုင်လောက်သော တိုက်ခိုက်မှုကို အလိုအလျောက် ထုတ်ဖော်နိုင်သည်။

ပုဆိန်ခုတ်ချက် တစ်ချက်တည်းဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်တစ်ဦး သေဆုံးသွားခဲ့ပြီ။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကောင်းကင်ကိုးပါးက တုန်လှုပ်သွား၏။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးတွင်...

သမိုင်းမှာ နာမည်တစ်လုံးကို ရေးထိုးခဲ့သော ဧကရာဇ်ကြီး၏ အလင်းရောင်က တစ်ဖန် တောက်ပလာခဲ့ပြီ။

ထာဝရ မပျက်ပြယ်နိုင်သော စိတ်ဆန္ဒတစ်ခုဖြင့်...

လွမ်ကုဧကရာဇ်၏ စွမ်းအားက ကောင်းကင်ကိုးပါးကို တစ်ဖန်တုန်ခါသွားစေခဲ့ပြီ ဖြစ်သည်။

All Chapters