← Chapters

အခန်း ၁၄၃၈

Vol. 97 Ch. 1438

အခန်း ၁၄၃၈

Vol. 97 Ch. 1438

အခန်း ( ၁၄၃၈ ) မဟာမြင့်မြတ်ဝိညာဉ် ဒေါသထွက်ခြင်း။

ဤကဲ့သို့ ထိတ်လန့်စရာကောင်းသော အခြေအနေကို မည်သူက မျှော်လင့်ထားမည်နည်း။

မရေမတွက်နိုင်သော ခေတ်များပြီးနောက်၊ လွမ်ကုဧကရာဇ်၏ စိတ်ဆန္ဒက လွမ်ကုပုဆိန်မှ တစ်ဖန် ထွက်ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။

ပုဆိန်ခုတ်ချက် တစ်ချက်တည်းဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်ကို ထက်ခြမ်းခွဲပစ်လိုက်ပေသည်။

ဒါက တကယ်ကို တုန်လှုပ်စရာကောင်းသော မြင်ကွင်း ဖြစ်သည်။

‌ဒါကို မည်သူမျှ တွေးခဲ့မိမည် မဟုတ်ပေ။

မူလက ဤသည်မှာ လူငယ်များကြားမှ သေခြင်းရှင်ခြင်း အဆုံးအဖြတ်တိုက်ပွဲ ဖြစ်သည်။

နောက်ဆုံးတွင် ၎င်းက လွမ်ကုဧကရာဇ်ပုဆိန် အစစ်အမှန်ကိုပင် ပေါ်လွင်လာစေခဲ့သည်။

သို့ရာတွင်၊ လွမ်ကုဧကရာဇ်ပုဆိန် အစစ်အမှန်က ကောင်းကင်ပြိုတောင်ကြား၏ နက်နဲရာတွင် အမှန်တကယ်တည်ရှိသည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။

ရှေးခေတ်က ဤနေရာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးတွင် ပါဝင်ခဲ့သော မြင့်မြတ်ဝိညာဉ်များမှာ အားလုံး သေဆုံးခဲ့ကြသည်။

ထို့ကြောင့် နောက်ပိုင်းမှာ ဘာဖြစ်သွားသလဲဆိုတာကို မည်သူမျှ မသိခဲ့ကြပေ။

လွမ်ကုဧကရာဇ်၏ လွမ်ကုပုဆိန်က ဤနေရာတွင် ကျန်ခဲ့ခြင်းကို သိရှိနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပါ။

ယခုတော့ အမှန်တရား ထွက်လာခဲ့ပြီ ဖြစ်သည်။

လွမ်ကုဧကရာဇ်က ကောင်းကင်ပြိုတောင်ကြားတွင် လွမ်ကုပုဆိန်ကို ချန်ထားခဲ့ပေသည်။

ဒါက အမွေဆက်ခံခြင်းတစ်မျိုးလည်း ဖြစ်နိုင်သည်။

ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်သည်ပင် လေးစားမှုကို ခံစားလိုက်ရသည်။

သူကိုယ်တိုင်က သူရဲကောင်းမဖြစ်ချင်သော်လည်း ဤကဲ့သို့သော သူရဲကောင်းများကို မလေးစားဟု မဆိုလိုပါ။

“အဲဒီအချိန်က လွမ်ကုဧကရာဇ်ဟာ ဒီတားမြစ်နယ်မြေမှာ မဟာမြင့်မြတ်ဝိညာဉ် အများအပြားကို သတ်ခဲ့တယ်"

"ဒီနေ့မှာလည်း လွမ်ကုပုဆိန်နဲ့ တားမြစ်နယ်မြေရဲ့ မြင့်မြတ်ဝိညာဉ်ကို တစ်ဖန်သတ်လိမ့်မယ်"

"မင်းတို့ရဲ့ တားမြစ်နယ်မြေက ကောင်းကင်အထက်မှာ ရပ်တည်ပြီး အရာအားလုံးကို လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်နိုင်မယ်လို့ ထင်တာလား"

"မင်းတို့သိဖို့က ဒီရှေးဧကရာဇ်တွေဟာ မင်းတို့ကို တလျှောက်လုံး စောင့်ကြည့်နေခဲ့တယ်"

ကျွင်းရှောင်ယောက်၏ စကားများက ကောင်းကင်တခွင်သို့ ပျံ့နှံ့သွားခဲ့သည်။

တစ်ချိန်က မငြိမ်သက်မှုများကို ချေမှုန်းခဲ့သော ဧကရာဇ်ကြီးများက မည်ကဲ့သို့သော ရလဒ်ကို ကြုံခဲ့ရသည်ဖြစ်စေ၊ သူတို့၏ စိတ်ဆန္ဒက ဘယ်တော့မှ မပျောက်ကွယ်သွားခဲ့ပေ။

ဥပမာအားဖြင့် ပြန်လည်ဝင်စားခြင်းပင်လယ်ကို အနိုင်ယူခဲ့သော အဆုံးမဲ့ဧကရာဇ်နှင့် မြင့်မြတ်ဝိညာဉ်အပျက်အယွင်းကို ပြင်းထန်စွာ ပျက်စီးစေခဲ့သော လွမ်ကုဧကရာဇ်...

သူတို့အပြင် ဓားတစ်လက်ဖြင့် တစ်ယောက်တည်း ရပ်တည်ပြီး မဟာဆရာသခင်များကို တားမြစ်ခဲ့သည့် တုကူး‌ဓားနတ်ဘုရားလည်း ရှိသေးသည်။

သူတို့၏ ပြင်းပြသော စိတ်ဆန္ဒက ထာဝစဉ် တည်ရှိနေခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ကိုးပါးရှိ သတ္တဝါအားလုံး တိတ်ဆိတ်သွားကြသည်။

ခွန်းရွှီကျစ်ကဲ့သို့ မငြိမ်သက်မှုများတွင် မပါဝင်ခဲ့သော အင်အားစုများပင်လျှင် တိတ်ဆိတ်သွားကြလေသည်။

"ကောင်းကင်ကိုးပါးက အင်မော်တယ်နယ်မြေကြီးကို အသီးအနှံရိတ်သိမ်းဖို့နဲ့ စမ်းသပ်ကွင်းအဖြစ် ရှုမြင်ခဲ့ကြပေမဲ့ အခုတော့ ဒါက အမှားတစ်ခုဖြစ်နေပုံရတယ်"

ခွန်းရွှီကျစ်က ရေရွတ်လိုက်သည်။

"မိသားစုရဲ့ အကြီးအကဲတွေက ငါ့ကို ကျွင်းသခင်လေးနဲ့ တွေ့ဆုံစေခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး။ သူက အနာဂတ်မှာ မငြိမ်သက်မှုတွေ ဖြစ်လာတဲ့အခါ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမဲ့ပုံရတယ်"

ထိုအချိန်တွင် လူတစ်ဦးက စိုင်စိုင်ကြီးရပ်နေသည်။ သူ့မျက်လုံးများမှာတော့ အသက်မရှိတော့သလို ခံစားချက်ကင်းမဲ့၏။

၎င်းက ခုနစ်ရောင်ခြယ်တာအိုသခင်မှတပါး အခြား မဟုတ်ပေ။

ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်က သူ့မျက်စိရှေ့တွင် အလွယ်တကူ ကျဆုံးသွားခဲ့သည်။

သူက လွမ်ကုပုဆိန်၏ ခုတ်ချက် တစ်ချက်ကိုပင် မခံနိုင်ပါ။

"မင်း... မင်းက ဒါကို သိထားပြီးသားပေါ့"

ခုနစ်ရောင်ခြယ်တာအိုသခင်က ခါးသီးသော အကြည့်တို့ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်က လျစ်လျူရှုထားပြီး ပြန်မပြောပေ။

သူက လွမ်ကုဧကရာဇ်၏ ဆက်ခံသူ ဖြစ်သည်။ လွမ်ကုပုဆိန် အမှတ်အသားလည်း ရှိ၏။

ကျွင်းရှောင်ယောက်က လွမ်ကုပုဆိန်၏ တည်နေရာကို သိရှိနိုင်သော တစ်ဦးတည်းသောသူ ဖြစ်သည်။

ကောင်းကင်ကိုးပါးသို့ တက်လာပြီးနောက် ကျွင်းရှောင်ယောက်သည် လွမ်ကုပုဆိန်မှာ ကောင်းကင်ကိုးပါးတွင် ရှိသင့်သည်ဟု ဝိုးတဝါး ခံစားမိခဲ့သည်။

နောက်ပိုင်းတွင်၊ ခုနစ်ရောင်ခြယ်တာအိုသခင်က ကောင်းကင်ပြိုတောင်ကြားတွင် သူ့ကို စိန်ခေါ်သောအခါ ပို၍ သေချာခဲ့ပေသည်။

ထို့ကြောင့်ပင် သူက တည်ငြိမ်မှုရှိခဲ့ခြင်း ဖြစ်သည်။

"ငါရှုံးသွားပြီ"

ခုနစ်ရောင်ခြယ်တာအိုသခင်က ခေါင်းငိုက်စိုက်ချသွားသည်။

သူက တိုက်ခိုက်နိုင်စွမ်းတွင် ရှုံးနိမ့်ခဲ့သလို အစီအစဉ်များမှာလည်း ကျွင်းရှောင်ယောက်ကို လုံးဝ ရှုံးနိမ့်ခဲ့ပေသည်။

ကျွင်းရှောင်ယောက်က ဤမျှတည်ငြိမ်ခြင်းမှာ တစ်စုံတစ်ယောက်က နောက်ကွယ်မှ အကာအကွယ်ပေးနေခြင်းကြောင့် မဟုတ်ပါ။

၎င်းမှာ လွမ်ကုပုဆိန် ဝှက်ဖဲ ရှိနေသေးသောကြောင့် ဖြစ်သည်။

ခုနစ်ရောင်ခြယ်တာအိုသခင်၏ ခါးသီးသောအကြည့်ကို မြင်ရသော်လည်း ကျွင်းရှောင်ယောက်ကတော့ မည်သို့မျှ စာနာသနားခြင်း မရှိခဲ့ပါ။

အောင်နိုင်သူက ဘုရင်၊ ရှုံးနိမ့်သူက သူပုန် ဖြစ်သည်။ ဒါက ထာဝရ မပြောင်းလဲသော သဘောတရားတစ်ခုပင်။

အကယ်၍ ယခုတစ်ကြိမ်တွင် ရှုံးနိမ့်သူက သူဖြစ်မည်ဆိုလျှင်၊ ခုနစ်ရောင်ခြယ်တာအိုသခင်က သူ့ကို သေချာပေါက် သတ်လိမ့်မည်။

ကျွင်းရှောင်ယောက်က လုံးဝ မတုံ့ဆိုင်းဘဲ အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးဖြင့် ခုနစ်ရောင်ခြယ် တာအိုသခင်ကို စတင်သန့်စင်ခဲ့သည်။

ထိုအချိန်တွင် ကြည်လင်သော နွေဦးစမ်းရေသံကဲ့သို့ သာယာနာပျော်ဖွယ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"တာအိုမိတ်ဆွေ၊ ခဏနေပါဦး။ ရှင် ဘာဖြစ်လို့ ဒီလောက်တောင် ရက်ရက်စက်စက် ပြုမူရမှာလဲ"

စကားပြောလာသူက သက်ရှည်ခြင်းနတ်ဘုရားမပင်။

သက်ရှည်ခြင်းနတ်ဘုရားမက ကြင်နာတတ်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုကြောင့် လူသိများသည်။

ယခုလည်း သူက ခုနစ်ရောင်ခြယ် တာအိုသခင်အတွက် အမှန်တကယ် စကားပြောနေလေသည်။

"သက်ရှည်ခြင်းနတ်ဘုရားက မျော်လင့်ထားတဲ့အတိုင်းပါပဲ"

ဘေးပတ်ဝန်းကျင်မှ လူတစ်ချို့၏ မျက်လုံးများက အရောင်လက်သွားသည်။

သူသည် တုနှိုင်းမရသော အလှတရားဖြင့် ပါရမီကလည်း မြင့်မားသည့်တိုင် သနားကြင်နာတတ်သော နှလုံးသားကို ပိုင်ဆိုင်ထားသည်။

ဟုတ်သည်၊ သက်ရှည်ခြင်းနတ်ဘုရားက စကားဆိုရခြင်းမှာ နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေးသည်။

သက်ရှည်ခြင်းကျွန်းကဲ့သို့ပင် မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက မဟာသုတ်သင်ရှင်းလင်းခြင်းတွင် ပါဝင်ခဲ့သည်။

ထို့ကြောင့် သူသည် ခုနစ်ရောင်ခြယ်တာအိုသခင် ကျဆုံးခြင်းကို သဘာဝအတိုင်း လက်ပိုက်ကြည့်မနေနိုင်ပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က စကားတစ်ခွန်း ပြန်ပြောရန်ပင် ပျင်းရိလွန်းသည်။

ဤနေရာတွင် ရှုံးနိမ့်သူက သူဖြစ်မည်ဆိုလျှင် သက်ရှည်ခြင်းနတ်ဘုရားမက တစ်ခွန်းဟမည် မဟုတ်ပေ။

ထိုအမျိုးသမီးကို တစ်ချက်ကြည့်ရုံဖြင့် အပေါ်ယံမြင်ရသလောက် ရိုးရှင်းသူမဟုတ်မှန်း သူသိသည်။

သူနှင့်ယှဉ်လျှင် အကြံအစည်များသော ကျိချင်းရီကတောင် ပို၍ သဘောကျစရာရှိသေးသည်။

ကျွင်းရှောင်ယောက်က လုံးဝ မတုံ့ဆိုင်းဘဲ ခုနစ်ရောင်ခြယ် တာအိုသခင်ကို သန့်စင်ပစ်ခဲ့သည်။

"အား..."

အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးအတွင်းမှ အော်သံနှင့်အတူ အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

"တာအိုမိတ်ဆွေ၊ ရှင်..."

သက်ရှည်ခြင်းနတ်ဘုရားမ၏ မျက်နှာက အေးခဲသွားသည်။

မည်သို့ပင်ဆိုစေ၊ သူက ကောင်းကင်ကိုးပါး၏ နံပါတ်တစ် မိန်းမလှ... ကောင်းကင်နဂါးနှင့်ဖီးနစ်စာရင်းရှိ စတုတ္တအဆင့် ပါရမီရှင်... သက်ရှည်ခြင်းကျွန်း၏ ထွတ်မြတ်ပါရမီရှင်တစ်ဦး ဖြစ်သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်ကတော့ သူ့ကို အနည်းငယ်မျှ လေးစားမှုမပြခဲ့ပေ။

သို့သော်လည်း လွမ်ကုပုဆိန်ကို ကြည့်မိသောအခါ သက်ရှည်ခြင်းနတ်ဘုရားမက ဘာမျှမပြောတော့ဘဲ သူ့စကားများကို ပြန်မျိုချလိုက်ရသည်။

ကူချမ်မြဲ့နှင့် အခြားသူများလည်း တိတ်ဆိတ်နေခဲ့ကြပေသည်။

နောက်နေခြင်းသာ ဖြစ်မည်။ ဧကရာဇ်တစ်ပိုင်းပင်လျှင် သူတို့ရှေ့တွင် ကျဆုံးသွားခဲ့ပြီဖြစ်ရာ မည်သူက လှုပ်ရှားဝံ့ဦးမည်နည်း။

ခုနစ်ရောင်ခြယ်တာအိုသခင်ကို သန့်စင်ပြီးနောက် အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးက သိသာထင်ရှားသော တိုးတက်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း ၎င်းက ဧကရာဇ်လက်နက်အဆင့်သို့ မရောက်သေးပါ။

အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးအတွက် တိုးတက်ရန်မှာ တာ့လော့ဓားသန္ဓေထက် ပိုခက်ခဲသည်။

ကျွင်းရှောင်ယောက်က ကျောက်ဧကရာဇ်လေးနှင့် မြင့်မြတ်ဝိညာဉ်အပျက်အယွင်းမှ အခြား မြင့်မြတ်ဝိညာဉ်များကို သန့်စင်ရန် အခွင့်အရေးရှိမရှိကို တွေးလိုက်မိသည်။

အကယ်၍ ထိုအခွင့်အရေးမျိုး ရှိလာမည်ဆိုလျှင် သူက ဘယ်တော့မှ လက်လွတ်မခံပေ။

ထိုအချိန်တွင်၊ ဝေးကွာသောအရပ်မှ ကြယ်ကောင်းကင်ယံတွင် အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းက အေးစက်သော နှာခေါင်းရှုံ့သံတစ်ခုမျှသာဖြစ်သော်လည်း မုန်တိုင်းကဲ့သို့ တိုက်ခတ်သွားကာ မရေမတွက်နိုင်သော ကြယ်များ အက်ကွဲသွား၏။

"အဲဒီဦးတည်ချက်က မြင့်မြတ်ဝိညာဉ် အပျက်အယွင်းကပဲ"

"စစ်မှန်တဲ့ ပြီးပြည့်စုံခြင်းအဆင့် မြင့်မြတ်ဝိညာဉ်က ဒေါသထွက်သွားပုံရတယ်"

လူတိုင်း တုန်လှုပ်သွားကြသည်။

"ဒါက မဟာမြင့်မြတ်ဝိညာဉ်ရဲ့ အရှိန်အဝါပြခြင်းလား။ လူမျက်နှာကို ထွက်မပြဘဲ နှာခေါင်းရှုံ့ပြီး ကြယ်ကောင်းကင်ကို လွှမ်းမိုးတာ"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

ထိုအခိုက်တွင်၊ လွမ်ကုပုဆိန်ကလည်း အလင်းရောင်အလွှာတစ်ခုကို ထုတ်လွှတ်လိုက်ပြီး မဟာမြင့်မြတ်ဝိညာဉ်၏ အရှိန်အဝါဖိအားကို တွန်းလှန်ရန် ကူညီပေးလိုက်သည်။

"လူငယ်လေးကို သတ်လိုက်တော့ လူကြီး ရောက်လာတယ်၊ လူကြီးကို သတ်လိုက်တော့ အခု အိုကြီးအိုမတွေတောင် ရောက်လာပြီလား"

"ဒီနတ်ဘုရားသားတော်ရဲ့ တရားမျှတဲ့ လူငယ်ချင်းတိုက်ပွဲမှာ ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်က ဝင်စွတ်ဖက်တဲ့အတွက်တောင် မပြောရသေးဘူး။ ခင်ဗျားက ကျုပ်ကို အပြစ်တင်ချင်သေးလို့လား"

"ဒါပေါ့၊ ခင်ဗျားလို မဟာမြင့်မြတ်ဝိညာဉ်ကတောင် လှုပ်ရှားချင်ရင် ကျုပ် ပြောစရာမရှိတော့ဘူး။ တကယ် လှုပ်ရှားဝံ့ရင် လာခဲ့ပါ"

ကျွင်းရှောင်ယောက်က အေးအေးဆေးဆေး ပြောလိုက်သည်။

သူက လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး ရပ်နေလိုက်၏။

ကြယ်ကောင်းကင်မှာ အသံမကြားရတော့ဘဲ တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးမှ မြင့်မြတ်ဝိညာဉ်အပျက်အယွင်းထံမှ အိုမင်းသော အသံတစ်ခု ထွက်လာခဲ့သည်။

"ကျွင်းမိသားစုရဲ့ အငယ်လေး၊ မင်း သိပ်လွန်လာပြီ။ ဒီလို လွန်တာများရင် ရလဒ်ဆိုးတွေဆီကို ဦးတည်သွားနိုင်တယ်ဆိုတာ သတိထားပါ"

"နောက်ပြီးတော့..."

"ကျွင်းမိသားစုက မင်းကို ဘယ်လောက်ကြာအောင် ပံ့ပိုးပေးနိုင်မလဲဆိုတာ ဘယ်သူ မသိနိုင်ဘူး။ မင်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းသင့်တယ်"

ထိုသို့ပြောဆိုပြီးနောက် အားကောင်းသော အငွေ့အသက်များက ပြန်လည် ပျောက်ကွယ်သွားတော့သည်။

မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက ဤခါးသီးမှုကို ကြိတ်မှိတ်ပြီး မျိုသိပ်ခဲ့ကြောင်း ထင်ရှားသည်။

ဒါကိုကြားရသော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲခဲ့ပါ။

သို့ရာတွင်၊ သူ့မျက်လုံးထဲမှာ နက်နဲသော အလင်းရောင်တစ်ခု ပေါ်လာသည်။

မဟာမြင့်မြတ်ဝိညာဉ်၏ စကားများအရ...

ဤတစ်ကြိမ် မငြိမ်သက်ခြင်းက ကျွင်းမိသားစုကိုပါ ဆွဲခေါ်သွားမည်လော။

All Chapters