အခန်း ၁၄၃၉
Vol. 97 Ch. 1439
အခန်း ( ၁၄၃၉ ) ဂုဏ်သိက္ခာကို တည်စေခြင်း။
ယခင်က မငြိမ်သက်မှုများတွင် ကျွင်းမိသားစုက အမြဲတမ်း ကင်းလွတ်ခဲ့သည်။
တားမြစ်နယ်မြေများက မထိပါးသလို ကျွင်းမိသားစုကလည်း လှုပ်ရှားရန် စိတ်မဝင်စားပေ။
ယခုမူ၊ မဟာ မြင့်မြတ်ဝိညာဉ်၏ စကားများအရ ဤမငြိမ်သက်မှုများဟာ ကျွင်းမိသားစုကိုပါ ဆွဲခေါ်သွားတော့မည်လော။
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
သူက သိပ်ပြီး စိတ်မပူပေ။
ကျွင်းမိသားစုက မည်သည့်ခေတ်မှာမဆို ထာဝရရပ်တည်နေပြီး မည်သူမျှ မဖျက်ဆီးနိုင်ပါ။
မငြိမ်မသက်မှုတစ်ခုက ကျွင်းမိသားစုကို ဖျက်ဆီးနိုင်မည်ဆိုလျှင် ရယ်စရာကောင်းလွန်းသည်။
နတ်ဘုရားသားတော်ဖြစ်သော ကျွင်းရှောင်ယောက်ပင်လျှင် ကျွင်းမိသားစု၏ အခြေခံအုတ်မြစ်က မည်မျှ နက်ရှိုင်းသည်ကို လုံး၀ မသေချာသေးပါ။
ကျွင်းမိသားစုတွင် မဟာပုဂ္ဂိုလ်ကြီးများ ဘယ်လောက်များများ ပေါ်ထွက်ခဲ့ပြီးပြီဖြစ်မှန်း သူ မသိပါချေ။
ဤတစ်ကြိမ်က သမိုင်းမှာ ကြောက်စရာအကောင်းဆုံး မငြိမ်သက်မှုကြီးဖြစ်လျှင်ပင်...
ကျွင်းမိသားစု၏ အခြေခံအုတ်မြစ်ကို လုံးဝ တုန်လှုပ်စေမည် မဟုတ်ပါ။
ထို့ကြောင့်၊ ကျွင်းရှောင်ယောက်က ဤမဟာမြင့်မြတ်ဝိညာဥ်၏ ခြိမ်းခြောက်မှုကို လုံးဝ လျစ်လျူရှုခဲ့သည်။
ယခုအချိန်တွင် သူလုပ်ရမှာက မငြိမ်သက်မှုများ မစတင်ခင် ဝှက်ဖဲများကို ဖြစ်နိုင်သမျှ ရယူထားရန်ပင်။
မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၏ မဟာမြင့်မြတ်ဝိညာဉ်သည်ပင် ကျွင်းရှောင်ယောက်ကို အရေးမယူခဲ့ကြောင်း မြင်ရသောအခါ လူတိုင်း လွန်စွာ တုန်လှုပ်သွားကြသည်။
ကျွင်းရှောင်ယောက်ကို တားဆီးနိုင်သူ မရှိတော့ဘူးလား။
သူက တားမြစ်နယ်မြေများကို လုံးဝ လျစ်လျူရှုခဲ့သည်။
သူသည် ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းရှိ ပါရမီရှင်တို့ကို အလိုရှိသလို သတ်ဖြတ်ခဲ့၏။
ကျွင်းရှောင်ယောက် တစ်ယောက်တည်းက ကောင်းကင်ကိုးပါး၏ ပါရမီရှင်အားလုံးကို လွှမ်းမိုးခဲ့သည်ဟု ဆိုနိုင်သည်။
သို့တိုင်၊ ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေများက သူ့ကို ဘာမှမလုပ်နိုင်ပေ။
ဒါက ကျွင်းရှောင်ယောက်၏ နောက်ခံအပြင်၊ သူကိုယ်တိုင်ကလည်း ကြမ်းတမ်းလွန်းခဲ့သည်။
"အခုချိန်ကစပြီး ကောင်းကင်ကိုးပါးမှာ ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မီသူက လက်တစ်ဖက်နဲ့ ရေတွက်နိုင်လိမ့်မယ်"
"လျှို့ဝှက်နက်နဲတဲ့ ဝမ့်ယန်၊ ထာဝရနတ်ဆိုးဘုရင် ကူချမ်မြဲ့၊ တောက်ဝမ်နဲ့..."
"ကောင်းကင်နဂါးနဲ့ ဖီးနစ်စာရင်းရဲ့ နံပါတ်တစ်... သက်ရှည်ခြင်းဧကရာဇ်ပဲ"
သူတို့အားလုံးက ကောင်းကင်ကိုးပါး၏ နာမည်ကျော် ထွတ်မြတ်ပါရမီရှင်များ ဖြစ်ကြသည်။
အထူးသဖြင့်၊ သက်ရှည်ခြင်းဧကရာဇ်က ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးနေရာကို ကိုင်စွဲထားပြီး ယနေ့အချိန်အထိ စိန်ခေါ်ခြင်းမခံခဲ့ရပေ။
သို့သော်လည်း အဖြူရောင်၀တ်စုံဖြင့် အင်မော်တယ်တစ်ပါးနှင့်တူသော သူ့ရှေ့မှ လူကို ကြည့်မိသောအခါ...
ကောင်းကင် ကိုးပါးမှ သက်ရှိအားလုံး လေးနက်သွားကြသည်။
ကျွင်းရှောင်ယောက်၏ အကန့်အသတ်က ဘယ်မှာရှိမှန်း ဘယ်သူမှ မသိပါ။
အကြောင်းမှာ၊ ကောင်းကင်ကိုးပါးတွင် ကျွင်းရှောင်ယောက်ကို အကန့်အသတ်သို့ မည်သူမျှ မတွန်းပို့နိုင်သောကြောင့် ဖြစ်သည်။
ကျွင်းရှောင်ယောက်ကိုကြည့်သော သူတို့၏ အကြည့်များတွင် အံ့ဩခြင်း၊ တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့မှုတို့ အသီးသီး ပေါ်လာခဲ့သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ ဤအကြည့်များကို လုံးဝ လျစ်လျူရှုခဲ့ပေသည်။
သူက လေထဲကို ဖမ်းဆုပ်လိုက်သောအခါ လွမ်ကုပုဆိန်က ဆင်းသက်လာခဲ့သည်။
လွမ်ကုပုဆိန်အမှတ်အသားက ၎င်းတွင် တိုက်ရိုက် ပေါင်းစပ်သွား၏။
လွမ်ကုပုဆိန်၏ ကြီးမားသောစွမ်းအားကို ခံစားမိသောအခါ ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။
ယခင်ကတော့ လွမ်ကုဧကရာဇ်အဆောင်ကဲ့သို့ပင် လွမ်ကုပုဆိန်က ဧကရာဇ်လက်နက်အဆင့်တွင်ရှိသည်ဟု သူထင်ခဲ့သည်။
သို့သော်လည်း တွေးကြည့်ရလျှင် လွမ်ကုပုဆိန်က မဟာမြင့်မြတ်ဝိညာဉ် အများအပြားကို သုတ်သင်ပစ်ခဲ့သည်။
မြင့်မြတ်ဝိညာဉ်များက လက်နက်ကြီးများအတွက် အကောင်းဆုံး အာဟာရဖြည့်ဆေးပင်။
ထို့ပြင်၊ လွမ်ကုပုဆိန်က ကောင်းကင်ပြိုတောင်ကြားတွင် နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့ပြီး တလျှောက်လုံး တိတ်တဆိတ် ပြောင်းလဲနေခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာကြာပြီးနောက် ၎င်းက အင်မော်တယ်တစ်ပိုင်းအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားခြင်းကို နားလည်နိုင်ပေသည်။
ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်၏ ဆက်ခံသူဖြစ်ပြီး လွမ်ကုဧကရာဇ်အဆောင်ကိုလည်း ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် လွမ်ကုပုဆိန်က ကျွင်းရှောင်ယောက်ကို သူ့သခင်အဖြစ် သဘာဝအတိုင်း အသိအမှတ်ပြုခဲ့သည်။
လွမ်ကုပုဆိန်တွင် စစ်မှန်သော လက်နက်ဝိညာဉ် မမွေးဖွားလာသေးသော်လည်း...
ကျွင်းရှောင်ယောက်ကို အလွန်ချစ်ခင်ပုံရသော ဝိုးတဝါး အသိစိတ်တစ်ခု ရှိနေသည်ကို သူ ခံစားရပေသည်။
'နောက်တစ်ခုကတော့ နောက်ထပ် အင်မော်တယ်ရတနာတွေကို ရှာဖွေဖို့ပဲ'
'အင်မော်တယ်ရတနာတွေ လုံလုံလောက်လောက်ရရှိရင် ကျိုးလီပန်းချီကားနဲ့ လွမ်ကုပုဆိန် နှစ်ခုစလုံးက အင်မော်တယ်ရတနာအဖြစ် ဆင့်ကဲပြောင်းလဲနိုင်တဲ့ အလားအလာရှိတယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
ယခုအချိန်ထိ၊ ကျွင်းဧကရာဇ်ခုံရုံးတွင် အင်မော်တယ်လက်နက် မရှိသေးပေ။
ထို့ကြောင့် ကျွင်းရှောင်ယောက်သည် ကျွင်းဧကရာဇ်ခုံရုံးအတွက် စစ်မှန်သော အင်မော်တယ်လက်နက်ကို ရယူပေးလိုသည်။
အင်မော်တယ်လက်နက်ကမှ စစ်မှန်သော အမွေအနှစ် ဖြစ်သည်။
ကျွင်းရှောင်ယောက်က လွမ်ကုပုဆိန်ကို သိမ်းယူလိုက်ကြောင်း မြင်ရသောအခါ ပါရမီရှင် လူငယ်လေးများက လွန်စွာ မနာလိုဖြစ်သွားမိသည်။
၎င်းက ဧကရာဇ်လက်နက်ထက် ပိုရှားပါးပြီး အစွမ်းထက်သည့် အင်မော်တယ်တစ်ပိုင်းအဆင့် လက်နက်တစ်ခုပင်။
အင်မော်တယ်အင်အားစုတိုင်း ၎င်းကို မပိုင်ဆိုင်နိုင်ကြပါ။
ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်က ဒါကို လွယ်လွယ်ကူကူ ရရှိခဲ့သည်။
လူတစ်ယောက်က အရည်အချင်းရှိခြင်း၊ မရှိခြင်းမှာ တစ်ဘာသာဖြစ်သော်လည်း...
ထိုကဲ့သို့ ကံကောင်းခြင်းမျိုးက အမှန်တကယ် မနာလိုစရာပင်။
ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်ကလည်း ခံစားချက်များ ကောင်းမွန်နေခဲ့သည်။
ကောင်းကင်ကိုးပါးသို့ ခရီးစဉ်မှ အင်မော်တယ်တစ်ပိုင်းလက်နက်ကို ရနိုင်မည်ဆိုလျှင် ဒါက လုံးဝ ထိုက်တန်လိမ့်မည်။
"အားလုံးပဲ၊ ဒါက အပျော်ပြပွဲလေးတစ်ခုပါ။ အခု ပြပွဲပြီးပြီဆိုတော့ သွားနိုင်ကြပါပြီ"
ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"အပျော်ပြပွဲလေးလား"
လူတိုင်း ဆွံ့အသွား၏။
ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းရှိ အဆင့်ငါးဖြစ်သည့် ခုနစ်ရောင်ခြယ်တာအိုသခင်ကို သတ်ခဲ့သည်။
ဧကရာဇ်တစ်ပိုင်းအဆင့် မြင့်မြတ်ဝိညာဉ်လည်း သေဆုံးခဲ့ရ၏။
မဟာမြင့်မြတ်ဝိညာဉ်သည်ပင် ဒေါသထွက်ခဲ့ရသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ ပါးစပ်ထဲမှာတော့ ဒါက အပျော်ပြပွဲလေးတစ်ခုပင်။
သို့သော်လည်း တကယ့်တိုက်ပွဲတွင် ပါဝင်ခဲ့ရသော ကျွင်းရှောင်ယောက်တော့ ဤမြင်ကွင်းကို တိုက်ပွဲအသေးစားအဖြစ်သာ ဖော်ပြနိုင်သည်။
ကျွင်းရှောင်ယောက်နှင့် အခြားသူများက ထွက်ခွာခါနီးတွင်...
သက်ရှည်ခြင်းနတ်ဘုရားမက ရှေ့သို့ တိုးလာခဲ့သည်။
"ကျွင်းသခင်လေး၊ ရှင် ဒါက နည်းနည်းလွန်သွားပြီလို့ မထင်ဘူးလား"
ကျွင်းရှောင်ယောက်၏ ယခင် သူ့အပေါ် မရိုမသေပြုမူမှုအပေါ် မကျေမနပ်ဖြစ်နေသေးသည်။
ကျွင်းရှောင်ယောက်က အေးစက်စွာ ပြောလိုက်သည်။
"ဒီအတွက် ဘာမှထပ်ပြောစရာမရှိဘူး။ ခုနစ်ရောင်ခြယ်တာအိုသခင်ကို သတ်လိုက်တာကို မပြောနဲ့..."
"ကောင်းကင်ကိုးပါး တစ်ခုလုံးကို ရန်ဘက်ပြုရရင်တောင် ဘာဖြစ်သေးသလဲ"
ခွန်အားသည် အရာအားလုံးကို ဆုံးဖြတ်သည်။
ကျွင်းရှောင်ယောက်က မည်သည့်စိန်ခေါ်မှုကိုမျှ မကြောက်ပါ။
သက်ရှည်ခြင်းနတ်ဘုရားမက လေးနက်သော မျက်လုံးတို့ဖြင့်ကြည့်ကာ ပြောလိုက်သည်။
"ဒီတိုက်ပွဲက ရှင့်ရဲ့ အစွမ်းသတ္တိကို အမှန်တကယ် သက်သေပြခဲ့တယ်။ ရှင်က ဧကရာဇ်သခင်ကို တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မီပါတယ်"
သူရည်ညွှန်းသော ဧကရာဇ်သခင်က သဘာဝအတိုင်း သက်ရှည်ခြင်းဧကရာဇ်ပင်။
ကျွင်းရှောင်ယောက်က ရုတ်တရက် ရယ်မောလိုက်သည်။
"ဘာရယ်စရာပါလို့လဲ"
သက်ရှည်ခြင်းနတ်ဘုရားမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ကျွင်းရှောင်ယောက်က ခေါင်းကိုခါယမ်းပြီး ပြောလိုက်သည်။
"အရည်အချင်းရှိတာလား။ ဘယ်သူက ဘယ်သူနဲ့ တိုက်ခိုက်ဖို့ အရည်အချင်းရှိတာလဲ"
"ကောင်းကင်ကိုးပါးကို ကျုပ်လာခဲ့တာက သက်ရှည်ခြင်းဧကရာဇ်အပါအဝင် ကျုပ်ကိုတိုက်ခိုက်ချင်တဲ့ လူတိုင်းကို စိန်ခေါ်ခွင့်ပေးဖို့ပဲ"
ကျွင်းရှောင်ယောက်၏ လေသံက ကျယ်လောင်ပြီး နေရာအနှံ့ ပဲ့တင်ထပ်သွား၏။
သူ့ထံမှ အားကောင်းသော အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်လာတော့သည်။
သူက အခြားသူများကို အခွင့်အရေးပေးနေခြင်း ဖြစ်သည်။
သူ့ကို တခြားသူများက အခွင့်အရေးပေးရခြင်းမျိုး မဟုတ်ပေ။
ထို့ပြင်၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ကျိန်စာကြောင့် သူသည် သက်ရှည်ခြင်းကျွန်းကို အနှေးနှင့်အမြန် ရင်ဆိုင်ရမည် ဖြစ်သည်။ ဒါက အချိန်တစ်ခုသာ ဖြစ်မည်။
ပြင်းထန်သော အရှိန်အဝါနှင့် ဖိအားက သက်ရှည်ခြင်းနတ်ဘုရားမကို တုန်လှုပ်သွားစေသည်။
သူက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် စတုတ္ထအဆင့်ဖြစ်သော်လည်း ခုနစ်ရောင်ခြယ်တာအိုသခင်ထက် အနည်းငယ်သာ အားကောင်းသည်။
သူက အံတစ်ချက်ကြိတ်လိုက်ပြီးနောက် ဘာမျှမပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။
ကူချမ်မြဲ့လည်း မျက်မှောင်ကြုတ်ကာ ကြည့်နေပြီးနောက် ထွက်ခွာသွားခဲ့သည်။
သူ၏ ဓမ္မခန္ဓာက ကျွင်းရှောင်ယောက်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိသေးကြောင်း သူ နားလည်ပေသည်။
ကျိချင်းရီမှာတော့ လှည့်မထွက်ခင် ထူးခြားသော အရိပ်အယောင်တို့ဖြင့် တစ်ချက်လှမ်းကြည့်ခဲ့သည်။
ထိုအချိန်တွင် ပြန်လည်ဝင်စားခြင်းပင်လယ်မှ ရွှမ်ညီနောင်သုံးယောက်က မျက်နှာများ ရှုံ့မဲ့နေ၏။
သူတို့က ကျွင်းရှောင်ယောက်ကို ဘယ်တော့မှ ရန်မစမိရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်တော့သည်။
ဤတိုက်ပွဲအပြီးတွင် ကျွင်းရှောင်ယောက်၏ ဂုဏ်သိက္ခာက အလွန်မြင့်တက်လာခဲ့သည်။
ကောင်းကင်ကိုးပါးရှိ ထွတ်မြတ်ပါရမီရှင်အချို့မှလွဲ၍ အခြားမည်သူမျှ သူ့ကို ထိပါးဝံ့တော့မည် မဟုတ်ပေ။