← Chapters

အခန်း ၁၄၄၀

Vol. 97 Ch. 1440

အခန်း ၁၄၄၀

Vol. 97 Ch. 1440

အခန်း ( ၁၄၄၀ ) ခွန်းလွန်းတောင်သို့။

ကောင်းကင်ကိုးပါးမှ ကျင့်ကြံသူအားလုံးမှာ မတူညီသော ခံစားချက်မျိုးစုံတို့ဖြင့် ကျန်ရစ်ခဲ့သည်။

ကျွင်းရှောင်ယောက် တစ်ယောက်တည်းက ကောင်းကင်ကိုးပါးမှ ပါရမီရှင်အားလုံးကို ချေမှုန်းခဲ့၏။

သူတို့က ကောင်းကင်ကိုးပါး၏ ပါရမီရှင်များဖြစ်လျှင်ပင် အဘယ်နည်း။ အင်မော်တယ်နယ်မြေကြီးမှ ထိုလူငယ်၏ရှေ့မှာတော့ အသုံးမဝင်ခဲ့ပေ။

ယခုအခါ ကောင်းကင်ကိုးပါးမှ ပါရမီရှင်များက သူတို့၏ မျှော်လင့်ချက်ကို လက်ကျန် ထိပ်တန်းပါရမီရှင်များအပေါ်သာ ပုံအပ်နိုင်ကြသည်။

ကျွင်းရှောင်ယောက် တစ်ဦးတည်းက ကောင်းကင်ကိုးပါးမှ လူများကို ဆက်လက်မမောက်မာနိုင်အောင် တားဆီးနိုင်ခဲ့ပေသည်။

"အရင်တုန်းက ကွေ့ရှအပျက်အယွင်းမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတချို့ ထွက်ပေါ်လာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာဖူးတယ်"

"ကြည့်ရတာ ကောင်းကင်ကိုးပါးကို တုန်ခါသွားစေမဲ့ အဓိကဖြစ်ရပ်တစ်ခု ဖြစ်လာတော့မဲ့ပုံပဲ"

"သက်ရှည်ခြင်းဧကရာဇ်၊ မဟာနတ်ဆိုးဘုရင် ကူချမ်မြဲ့၊ ဝမ့်ယန်နဲပ အခြားသူတွေက ကွေ့ရှအပျက်အယွင်းကိုသွားဖို့ ပြင်ဆင်နေသင့်တယ်"

"အဲဒီနေရာကို ကျွင်းရှောင်ယောက်လည်း သွားမယ်ဆိုရင် ပြပွဲကောင်းတစ်ခု ရှိလိမ့်မယ်"

"အမှန်ပဲ၊ တောက်ဝမ်နဲ့ တခြားသူတွေက ကျွင်းရှောင်ယောက်ကို ကိုင်တွယ်ဖို့ လုံလောက်တာထက် ပိုပါလိမ့်မယ်"

"နောက်ပြီးတော့ ကောင်းကင်ကိုးပါးရဲ့ နံပါတ်တစ် ပါရမီရှင်လို့ခေါ်တဲ့ သက်ရှည်ခြင်းဧကရာဇ်လည်း ရှိလိမ့်မယ်"

"ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးမှာ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး သက်ရှည်ခြင်းဧကရာဇ်ကလည်း ကောင်းကင်ကိုးပါးရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ။ သူတို့နှစ်ဦးသာ ထိပ်တိုက်တွေ့ရင် စိတ်ဝင်စားစရာကောင်းလိမ့်မယ်"

လူအများက အချင်းချင်း ပြောဆိုလိုက်ကြသည်။

ကျွင်းရှောင်ယောက်က မည်မျှပင် သန်မာနေစေကာမူ၊ ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းရှိ ပါရမီရှင်အားလုံးကို ချေမှုန်းနိုင်မည်မဟုတ်ကြောင်း သူတို့ ခံစားခဲ့ရပေသည်။

ဒါက သမိုင်းမှာ တစ်ခါမျှ မဖြစ်ဖူးသောအရာ ဖြစ်သည်။

ကျွင်းရှောင်ယောက်ကတော့ တခြားသူများ၏ အမြင်ကို ဂရုမစိုက်ပါ။

သူက ယွင်ထျန်းမေနှင့် ခဏတာ စကားပြောဆိုပြီးနောက် ပြန်ရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်တွင်၊ ကြည်လင်သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

"ဆရာ၊ ခင်ဗျား ဘယ်သွားမလို့လဲ"

စကားပြောလာသူက ယောက်ျားတစ်ယောက်လို ဝတ်ဆင်ထားပြီး ယောက်ျားလေးတစ်ဦး၏ အသွင်မျိုးနှင့် ခွန်းလင်ယုပင်။

" မင်းပဲ"

ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးအကြည့်က သူမ၏ဘေးမှ အပြာရောင်ဝတ်စုံဝတ် လူငယ်မှာ ရှိ၏။

"ကျုပ်က ခွန်းရွှီကျစ်ပါ။ ညီမလေးနဲ့တော့ သိပြီးပြီလို့ထင်တယ်။ သူက ငယ်သေးတော့ စိတ်ထင်ရာကို လုပ်တတ်တဲ့အတွက် ညီနောင်ကျွင်းက ဗွေမယူဖို့ မျှော်လင့်ပါတယ်"

ခွန်းရွှီကျစ်က ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး"

ကျွင်းရှောင်ယောက်က ပြုံးလိုက်၏။

"ငယ်သေးလို့ စိတ်ထင်ရာလုပ်တတ်တာက ဘာကိုပြောတာလဲ။ ကျွန်တော်က သူ့ရဲ့ တပည့်ဖြစ်ဖို့ တကယ်ဆန္ဒရှိတာပါ"

ခွန်းလက်ယုက မကျေမနပ်ဖြင့် ပြောလိုက်သည်။

သူသည် မူလကပင် ကျွင်းရှောင်ယောက်၏ တပည့်ဖြစ်ချင်သည်။

ယခု ဤတိုက်ပွဲကို ကိုယ်တွေ့မြင်တွေ့လိုက်ရသောအခါ ခွန်းလင်ယုမှာ ကျွင်းရှောင်ယောက်ကို ပို၍ လေးစားလာတော့သည်။

"ဒီတိုက်ပွဲက တကယ်ကို ကြီးကျယ်ခမ်းနားပါတယ်။ အရင်က ညီနောင်ကျွင်းဆီကနေ နည်းနည်းပါးပါး လမ်းညွှန်ချက်တောင်းချင်ပေမဲ့ အခုတော့ မလိုတော့ဘူးထင်တယ်"

ခွန်းရွှီကျစ်က သက်ပြင်းချလိုက်သည်။

သူက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် အဆင့်ခြောက်သာ ဖြစ်လေသည်။

"ညီနောင်ခွန်းက ယဉ်ကျေးလွန်းပါပြီ။ ဒါနဲ့ စကားမစပ်၊ မိန်းကလေးလင်ယုက ခွန်းလွန်းတောင်မှာ မိတ်ဆွေဟောင်းတစ်ယောက် ရှိတယ်လို့ ပြောခဲ့တယ်၊ ဒါက..."

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဤကိစ္စက သူ စိတ်ထဲမှာ စွဲနေခဲ့၏။

ခွန်းလင်ယုကလည်း သူ့ကို လိမ်ညာပုံမပေါ်ပါ။

ဒါကိုကြားတော့ ခွန်းရွှီကျစ်က အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။

"အမှန်ပဲပေါ့၊ ခင်ဗျား စိတ်ထဲမထားဘူးဆိုရင် ခွန်းလွန်းတောင်ကို လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်"

"ခွန်းလွန်းတောင်က ကောင်းကင်ကိုးပါးရဲ့ တားမြစ်နယ်မြေ ဆယ်ခုမှာ အထူးကျော်ကြားမှုမရှိပေမဲ့ အနည်းဆုံးတော့ အရက်ကောင်းကောင်း ရှိပါတယ်"

"အဲဒီကိုရောက်ရင် ညီနောင်ကျွင်းရဲ့ သံသယတွေကို သဘာဝအတိုင်း ဖြေရှင်းနိုင်လိမ့်မယ်"

ခွန်းရွှီကျစ်က အမှန်အတိုင်း ပြောလိုက်၏။

ဒါက ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဖိတ်ခေါ်ခြင်းနှင့် လုံးဝ မတူပေ။

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် သံသယတို့‌ ပေါ်လာသည်။

ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေအများစုသည် သူနှင့် ကျွင်းမိသားစုကို ပလိပ်ရောဂါကဲ့သို့ သတ်မှတ်ထားပြီး မထီမဲ့မြင် ပြုခဲ့သည်။

အခြားတစ်ဖက်မှာတော့ ခွန်းလွန်းတောင်က သူ့အပေါ် ကောင်းမွန်သော သဘောထားရှိပုံရပေသည်။

ယင်းကြောင့် ကျွင်းရှောင်ယောက်ဟာ ဤကိစ္စတွင် လျှို့ဝှက်ချက်အချို့ ပါဝင်နေမည်ဟု ခံစားလာရသည်။

ထို့အပြင်၊ ခွန်းလွန်းတောင်က မဟာသုတ်သင်ရှင်းလင်းခြင်းတွင် တစ်ခါမျှ မပါဝင်ဖူးပေ။

ဒါက ကျွင်းရှောင်ယောက်၏ သိလိုစိတ်ကို နှိုးဆွပေးနိုင်သည်။

"ညီနောင်ခွန်းက ဖိတ်ခေါ်လာမှတော့ ကျုပ် မငြင်းတော့ပါဘူး"

ကျွင်းရှောင်ယောက်က လက်ခံလိုက်သည်။

သူ၏ လက်ရှိ ဩဇာလွှမ်းမိုးမှုဖြင့် ခွန်းလင်တောင်က တစ်စုံတစ်ရာ ကြံစည်ထားလျှင်ပင် သူက မကြောက်ပေ။

ထို့ပြင် ခွန်းလွန်းတောင်က ထိုသို့မဟုတ်ဘူးဟု သူ ခံစားမိသည်။

ခွန်းရွှီကျစ်က ရယ်မောလိုက်သည်။

"ညီနောင်ကျွင်းက တကယ် ပြတ်သားတာပဲ။ စိတ်ချပါ၊ ခွန်းလွန်းတောင်က ပြန်လည်ဝင်စားခြင်းပင်လယ်နဲ့ မတူဘူး"

ထို့နောက် ရဲ့ကူချန်၊ စစ်ထူရွယ်နှင့် ရန်ယုမန်တို့က ကျွင်းရှောင်ယောက်ကို နှုတ်ဆက်ပြီး ဓားသင်္ချိုင်းသို့ ပြန်သွားကြလေသည်။

ကျွင်းရှောင်ယောက်တစ်ဦးသာ ခွန်းရွှီကျစ်နှင့် ခွန်းလင်ယုတို့နှင့်အတူ ခွန်းလွန်းတောင်သို့ လိုက်ပါသွားခဲ့သည်။

ဤတွင် ကောင်းကင်ပြိုတောင်ကြားမှ တိုက်ပွဲက ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

ထိုသက်ရောက်မှုက ကောင်းကင်ကိုးပါးတစ်ခုလုံးကို တစ်ဖန် လှုပ်ခါသွားစေခဲ့၏။

ယခုအချိန်တွင် ကောင်းကင်ကိုးပါးမှ သတ္တဝါ အများစုက ထုံကျင်လာကြသည်။

ထွတ်မြတ် ပါရမီရှင်များက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး ကောင်းကင်ကိုးပါး၏ အရှက်တရားကို ဆေးကြောပေးစေရန်သာ မျှော်လင့်နိုင်တော့သည်။

ထိုအချိန်တွင် သတင်းတစ်ခုကလည်း ပျံ့နှံ့လာခဲ့သည်။

ကွေ့ရှအပျက်အယွင်းတွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှုအချို့ ဖြစ်ပေါ်နေပုံရ၏။

ကောင်းကင်ကိုးပါး၏ မဟာပုဂ္ဂိုလ်များက ထုတ်မပြောသော်လည်း ဒါက ဘာကိုဆိုလိုမှန်း ကောင်းစွာ သိကြသည်။

ကွေ့ရှအပျက်အယွင်းမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုက ကြီးစွာသော မငြိမ်မသက်မှုကြီး၏ နမိတ်ပုံရိပ်တစ်ခုပင်။

ဟုတ်သည်၊ ဒါက ကနဦးအဆင့်သာ ဖြစ်၏။

ဤအဆင့်တွင် ကွေ့ရှအပျက်အယွင်း၌ အခွင့်အလမ်းများစွာ ပေါ်ထွက်လာကြမည် ဖြစ်သည်။

သက်ရှည်ခြင်းဧကရာဇ်၊ တောက်ဝမ်၊ ကူချမ်မြဲ့၊ ဝမ့်ယန်နှင့် ကောင်းကင်ကိုးပါး၏ ထိပ်တန်းပါရမီရှင်များ တံခါးပိတ်ကျင့်ကြံနေရခြင်းမှာ...

ကွေ့ရှအပျက်အယွင်းမှ အခွင့်အကောင်းအတွက် ပြင်ဆင်နေကြခြင်းပင်။

ဒါက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့သော အခွင့်အလမ်း ဖြစ်သည်။

ဤအခွင့်အလမ်းကို လက်လွတ်သွားလျှင် ဤခေတ်ကြီးထဲမှာ ကံကောင်းခြင်းအတွက် ယှဉ်ပြိုင်ရန် အခွင့်အရေး ဆုံးရှုံးသွားလိမ့်မည်။

ကောလဟာလမျိုးစုံက ကောင်းကင်ကိုးပါး၌ ပျံ့နှံ့နေချိန်...

ခွန်းရွှီကျစ်နှင့် ခွန်းလင်ယုတို့က ကျွင်းရှောင်ယောက်ကို ဦးဆောင်ပြီး ခွန်းလွန်းတောင်သို့ ‌ရောက်ရှိလာကြသည်။

ထို့နောက် ကြယ်ရောင်စုံသော ကောင်းကင်ယံမှ လျှို့ဝှက်သော လေဟာနယ်လမ်းကြောင်းတစ်ခုကို ဖြတ်သန်းသွား၏။

ထို့နောက် သီးခြားလွတ်လပ်သော ကမ္ဘာတစ်ခုကို ရောက်ရှိလာကြောင်း သူမြင်လိုက်ရလေသည်။

ဤနေရာတွင် ရောင်စုံပန်းများက ပွင့်လန်းနေပြီး လောကနိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ထူးကဲသော‌‌ ဆေးပင်ဆေးဝါးတို့ ပေါက်ရောက်နေတာကိုလည်း မြင်တွေ့ရ၏။

ဒါကိုကြည့်ရင်း ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်မိသည်။

‌ခွန်းလွန်းတောင်က သူမျှော်လင့်ထားသည့်အတိုင်းပင်။

"ခွန်းလွန်းတောင်ရဲ့ သဘာဝပတ်ဝန်းကျင်က တကယ်ကို ထူးခြားပါပေတယ်"

ကျွင်းရှောင်ယောက်က မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

ခွန်းရွှီကျစ်က ပြုံးပြီး ပြောလိုက်၏။

"အမှန်အတိုင်းပြောရရင် ဒါက ခွန်းလွန်းမျိုးနွယ်ရဲ့ အကြွင်းအကျန်တွေပါပဲ"

"ခွန်းလွန်းမျိုးနွယ်ရဲ့ အကြွင်းအကျန်တွေလား..."

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ဤမျိုးနွယ်အကြောင်းကို ကျွင်းမိသားစု စာကြည့်တိုက်ရှိ ရှေးဟောင်းစာပေများတွင် သူဖတ်ဖူး၏။

ခွန်းလွန်းမျိုးနွယ်က အလွန်ရှေးကျပြီး စွမ်းအားကြီးသော မျိုးနွယ်တစ်ခု ဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းမှာတော့ မသိရသော အကြောင်းအရင်းကြောင့် ကျဆင်းသွားခဲ့ရပေသည်။

ခွန်းလွန်းအကြွင်းအကျန်များဟု သိကြသော ၎င်းတို့၏ သွေးသား အနည်းငယ်မျှသာ လွတ်မြောက်ခဲ့ကြသည်။ နောက်ပိုင်းမှာ ၎င်းတို့က အင်မော်တယ်နယ်မြေကြီးမှ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့၏။

မမျှော်လင့်ဘဲ၊ သူတို့က ကောင်းကင်ကိုးပါးသို့ ရောက်ရှိလာပြီး တားမြစ်နယ်မြေ ခွန်းလွန်းတောင်ကို တည်ထောင်ခဲ့ကြသည်။

"မှန်ပါတယ်၊ ကျုပ်တို့ ခွန်းလွန်းမျိုးဆက်တွေဟာ တစ်ချိန်က မယုံနိုင်လောက်အောင် ကြီးပွားချမ်းသာပြီး ဩဇာကြီးမားတဲ့ မျိုးနွယ်စုတစ်ခုပဲ"

"ကျုပ်တို့မျိုးနွယ်ရဲ့ ရှေးဧကရာဇ်ကြီးဆိုရင်လည်း ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်ခဲ့တာပေါ့။ ဒါက ကျုပ်တို့မျိုးနွယ်ရဲ့ အရှိန်အဝါ ထွန်းတောက်ခဲ့တဲ့အချိန်ပဲ"

အတိတ်ကို ပြန်တမ်းတရင်း ခွန်းရွှီကျစ်က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

ဒါက သူတို့ ခွန်းလွန်းမျိုးနွယ်စု၏ ဂုဏ်သိက္ခာပင်။

"ဒါပေမဲ့ နောက်ပိုင်းမှာ အပြောင်းအလဲဖြစ်သွားခဲ့တယ် မဟုတ်လား၊ ဘယ်လိုဖြစ်တာလဲ"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

ဒါကိုကြားလိုက်ရတော့ ခွန်းရွှီကျစ်၏ မျက်လုံးများတွင် အမုန်းတရားများ ပေါ်လာခဲ့သည်။

"ဟုတ်တယ်၊ အဲဒါက စန်းမျိုးနွယ်ကြောင့်ပဲ"

"စန်းမျိုးနွယ်လား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာ၏။

စန်းမျိုးနွယ်နှင့် ခွန်းလွန်းမျိုးနွယ်ကြားတွင် အတွင်းပိုင်းဇာတ်လမ်းများ ရှိမည်လော။

ထို့ပြင်၊ ခွန်းရွှီကျစ်က သူ့အပေါ် အတိုင်းအတာတစ်ခုအထိ ရိုးသားနေသည်။

ဒါတွေအားလုံးမှာ ကျွင်းမိသားစုက ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့လို့လဲ။

ကျွင်းရှောင်ယောက်က လူသိနည်းသော ရှေးသမိုင်းကြောင်းကို အမှတ်မထင် သိရတော့မည်ဟု ခံစားလိုက်ရသည်။

All Chapters