အခန်း ၁၄၄၂
Vol. 98 Ch. 1442
အခန်း ( ၁၄၄၂ ) မငြိမ်မသက်မှု
အားလုံး၏ ရင်းမြစ်။
အားကျိုးက အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
အကြောင်းမှာ သူမ၏ ကျင့်ကြံမှုအရှိန်နှင့် နှိင်းစာလျှင် ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအမြန်နှုန်းက ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့်ပင်။
နောက်ဆုံးတစ်ခေါက်က ရှေးဟောင်းလမ်းမှာရှိစဉ် ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုက ဘာရှိသေးသနည်း။
ယခုဆိုလျှင် ကျွင်းရှောင်ယောက်က ဆန်းကျယ်ကောင်းကင်အဓိပတိကိုပင် အလွယ်တကူ သတ်နိုင်နေပြီ။
အားကျိုး၏ တိုးတက်မှုက မယုံနိုင်လောက်အောင် မြန်ဆန်သည်ဟုဆိုလျှင်...
ကျွင်းရှောင်ယောက်၏ တိုးတက်မှုက ယုတ္တိမတန်အောင် မြန်ဆန်ပြီး နိယာမအားလုံးကို ချိုးဖောက်သည်။
ကျွင်းရှောင်ယောက်၏ ခွန်အားဖြင့် ယခုအခါ သူမ၏ အကာအကွယ်ကိုပင် မလိုအပ်တော့ပေ။
သူ၏ ဝှက်ဖဲများ အားလုံးဖြင့် ကျွင်းရှောင်ယောက်က ပျက်စီးခြင်းတာအိုသခင်ကို ရင်ဆိုင်နိုင်ပေလိမ့်မည်။
သို့သော်လည်း အားကျိုး၏စကားကို ကြားသောအခါ ကျွင်းရှောင်ယောက်က ခေါင်းယမ်းပြီး ပြောလိုက်သည်။
"အားကျိုး၊ မင်း ဘာတွေပြောနေတာလဲ"
"ကျွန်တော်ရဲ့ နှလုံးသားထဲမှာ မင်းက ကာကွယ်သူတစ်ဦးထက် ပိုပါတယ်"
"ကျွန်တော် အရင်က ကတိပေးခဲ့သလိုပေါ့"
"အရင်တုန်းက မင်းဟာ ကျွန်တော်ကို ကာကွယ်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်က မင်းကိုလုံခြုံအောင် ပြန်စောင့်ရှောက်ပေးတော့မယ်"
ကျွင်းရှောင်ယောက်၏ စကားများက အလွန်ရိုးရှင်းသော်လည်း ထာဝရ မပျက်ပျယ်နိုင်သော ကတိစကားတစ်ခွန်းကဲ့သို့ပင်။
စကားကို ဆိုခဲစေ၊ မြဲစေတည်ရမည် ဖြစ်သည်။
သို့ရာတွင် ဤကတိက ကျန်းစန်းယီကိုပေးသော ကတိစကားနှင့် မတူပါ။
ဒါက အချစ်ရေးခံစားချက်များနှင့် ရောနှောခြင်းမရှိသော ချစ်ခင်မှုမျိုး ဖြစ်သည်။
သူနှင့် အားကျိုးအကြားမှ သိမ်မွေ့သော သံယောဇဉ်ကြိုးက ပူပြင်းသော ချစ်ခြင်းတရားမျိုး မဟုတ်ပေ။
"သခင်လေး..."
အားကျိုး၏ မျက်လုံးအိမ်တွင် အရည်ကြည်လေးများ ရစ်ဝဲလာသည်။
သူသည် ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသော်လည်း ဤအခိုက်အတန့်တွင် အနည်းငယ် မငြိမ်သက်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ခံစားလိုက်ရလေသည်။
သူက ကျွင်းရှောင်ယောက်ကို ကာကွယ်ပေးရန် ဆန္ဒရှိသော်လည်း...
ကျွင်းရှောင်ယောက်ထံမှ ဘာကိုမှ မမျှော်လင့်ခဲ့ဖူးပေ။
ပေးဆပ်ခြင်းနှင့် အပ်နှံခြင်းက သူမ၏ တစ်ခုတည်းသော အခြေခံမူ ဖြစ်သည်။
"လာပါ၊ မင်းရဲ့ နောက်ပိုင်း အတွေ့အကြုံတွေကို ပြောပါဦး"
ကျွင်းရှောင်ယောက်က အခြေအနေကို ပြေလျော့စေရန် ကြိုးစားရင်း အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။
အားကျိုးကလည်း သူမ၏ အတွေ့အကြုံကို အတိုချုံးပြီး ပြောပြခဲ့လေသည်။
နောက်ဆုံးတစ်ခေါက်က ရှေးဟောင်းလမ်းတွင် ကျွင်းရှောင်ယောက်က သူ့ကို လွတ်လပ်မှုပေးခဲ့သည်။
အားကျိုးက အစပိုင်းတွင် အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။
ယခင်က သူမ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကျွင်းရှောင်ယောက်ကို ကာကွယ်ရန် ဖြစ်သည်။
ယခုမူ ဤရည်မှန်းချက် ပျောက်ကွယ်သွားသောကြောင့် အားကျိုးက သဘာဝအတိုင်း စိတ်ရှုပ်ထွေးခဲ့လေသည်။
သို့သော်လည်း သူက ရည်မှန်းချက်အသစ်တစ်ခုကို အမြန်ရှာတွေ့ခဲ့သည်။
ဒါက ပိုမိုသန်မာလာစေရန် လေ့ကျင့်ခြင်းပင်။
ဤနည်းဖြင့်သာ သူက ကျွင်းရှောင်ယောက်ကို ဆက်လက်ကာကွယ်ရန် ခွန်အားနှင့် အခွင့်အလမ်းကို ရရှိနိုင်သည်။
ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် ကောင်းကင်ကိုးပါးက အင်မော်တယ်နယ်မြေကြီးထက် သဘာဝအတိုင်း များစွာ သာလွန်ကောင်းမွန်သည်။
ထို့ကြောင့် အားကျိုးက နျဲ့ကျန်းကို ဆက်သွယ်ခဲ့၏။
သူတို့နှစ်ဦးစလုံးက နတ်စစ်သူကြီးရှစ်ဦးအနက် နှစ်ဦးဖြစ်သောကြောင့် နျဲ့ကျန်းသည် ကောင်းကင်ကိုးပါးတွင် ရှိနေကြောင်း သူ သိသည်။
ဤသို့ဖြင့် အားကျိုးက ကောင်းကင်ကိုးပါးသို့ ရောက်ရှိခဲ့ပေသည်။
ထို့နောက်မှာတော့ ခွန်းလွန်းတောင်တွင် တံခါးပိတ်လေ့ကျင့်နေခဲ့သည်။
အားကျိုး၏ ခရီးလမ်းကို နားထောင်ပြီးနောက် ကျွင်းရှောင်ယောက်က တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
သူက ကြိုးကြိုးစားစား လေ့ကျင့်ပြီး နောက်ကွယ်မှ တိုးတိတ်စွာ အနစ်နာခံ ပေးဆပ်တတ်သူမျိုး ဖြစ်သည်။
အမျိုးသမီးများအားလုံးက သူ့ကို အဘယ်ကြောင့် ဤမျှရိုးသားကြသနည်း။
ဒါကို သူက မည်ကဲ့သို့ ပြန်ပေးဆပ်ရမည်နည်း။
ကျွင်းရှောင်ယောက်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။
ဤကျေးဇူးအားလုံးကို သူ အမြဲအမှတ်ရနေမည်။
အနာဂတ်မှာ အားကျိုးကို ပြန်ပေးဆပ်ရမည် ဖြစ်သည်။
"ဒါနဲ့ အကြီးအကဲ နျဲ့ကျန်းက ဘာဖြစ်လို့ ခွန်းလွန်းတောင်မှာ နေနေရတာလဲ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"ဒါက သခင်ရဲ့အမိန့်ပဲ"
နျဲ့ကျန်းက ပြောလိုက်၏။
"အဖေလား"
"ဟုတ်ပါတယ်၊ တကယ်က ငါတို့ နတ်စစ်သူကြီးတွေမှာ ကိုယ်ပိုင် တာဝန်တစ်ခုစီ ရှိတယ်"
"ဥပမာ လီရှင်း၊ သူက ထာဝရသင်္ချိုင်းမြေမှာ စောင့်နေတယ်"
"စစ်နတ်ဘုရားက တိုင်းတပါးက နယ်စပ်မှာ နေထိုင်ပြီး ငါကတော့ ကောင်းကင်ကိုးပါးမှာ တာဝန်ကျတယ်။ ငါက ခွန်းလွန်းတောင်မှာ နေထိုင်ပြီး ကောင်းကင်ကိုးပါး တားမြစ်နယ်မြေအသီးသီးရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရတယ်"
"ကောင်းကင်ကိုးပါးရဲ့ တားမြစ်နယ်မြေတွေမှာ ကြီးကြီးမားမား လှုပ်ရှားမှု တစ်ခုခုလုပ်ရင် ကျွင်းမိသားစုကို ချက်ချင်း သတင်းပို့ရမယ်"
နျဲ့ကျန်း၏ စကားကြောင့် ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။
သူ့အဖေ ကျွင်းဝူဟွေ့၏ ကောင်းမွန်သော ရည်ရွယ်ချက်များက အမှန်တကယ် ချီးကျူးထိုက်၏။
ထိုမျှသာမကဘဲ တိုင်းတစ်ပါးပြည်၊ အကန့်အသတ်မဲ့ပင်လယ်နှင့် ထာဝရသင်္ချိုင်းမြေကို ဖိနှိပ်နိုင်သော ကိုယ်ပွားသုံးခုအဖြစ်လည်း ပြောင်းလဲထားသေးသည်။
သူက ထာဝရသင်္ချိုင်းမြေ၊ နယ်စပ်ဒေသနှင့် ကောင်းကင်ကိုးပါးကို ကြီးကြပ်ရန် နတ်စစ်သူကြီးရှစ်ပါးကို တာဝန်ပေးအပ်ခဲ့သည်။
ကျွင်းဝူဟွေ့က အမှန်ပင် အင်မော်တယ်နယ်မြေကြီးကို ကာကွယ်ရန် ရည်စူးထားသူ ဖြစ်သည်။
ဒါက စစ်မှန်သော သူရဲကောင်းပင်။
ကျွင်းရှောင်ယောက်က ဒီလိုသူရဲကောင်းမျိုး မဖြစ်လိုသော်လည်း သူ့အဖေအတွက် ဂုဏ်ယူနေဆဲ ဖြစ်သည်။
"ဒါဆိုရင် အကြီးအကဲနျဲ့ကျန်းက ဘာသတင်းတွေရထားပြီလဲ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"အင်း၊ အခု ကွေ့ရှအပျက်အယွင်းမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်။ အဲဒါက ဖရိုဖရဲခေတ် ကျရောက်လာတော့မဲ့ အရိပ်အယောင်ပဲ"
နျဲ့ကျန်းက ပြောလိုက်သည်။
"ကျွန်တော်ကို အသေးစိတ် ရှင်းပြနိုင်မလား"
ကျွင်းရှောင်ယောက်က စိတ်ဝင်စားလာသည်။
ယခုအချိန်တွင် သူ၏ အကြီးမားဆုံး ရည်မှန်းချက်က ကွေ့ရှအပျက်အယွင်းပင်။
လက်မှတ်ထိုးဝင်ခြင်းအပြင် ကွေ့ရှအပျက်အယွင်းမှာ မည်သည့်လျှို့ဝှက်ချက်များ မြှုပ်နှံထားသည်ကို သူသိချင်မိသည်။
နျဲ့ကျန်းက ပြောလိုက်သည်။
"ကွေ့ရှအပျက်အယွင်းက ကောင်းကင်ကိုးပါးရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်ရှိပြီး တားမြစ်နယ်မြေအားလုံးရဲ့ မငြိမ်မသက်ဖြစ်စေခြင်း အရင်းအမြစ်ဆိုရင်လည်း မမှားဘူး"
"ဒါ့အပြင် ကွေ့ရှအပျက်အယွင်းက ကောင်းကင်ကိုးပါးရဲ့ အခွင့်အလမ်းအများဆုံး နေရာတွေထဲက တစ်ခုလို့ ဆိုနိုင်တယ်"
"ဒါကြောင့် တားမြစ်နယ်မြေအမျိုးမျိုးက ပါရမီရှင်တွေ၊ နဂါးနဲ့ဖီးနစ်စာရင်းရဲ့ ထိပ်တန်းပါရမီရှင်တွေကလည်း ဒီအခွင့်အရေးကို စောင့်မျှော်နေကြတယ်"
နျဲ့ကျန်းက ပြောလိုက်သည်။
"အလို၊ ဒီလောက်ထိ ဆွဲဆောင်နိုင်အားကြီးရအောင် ကွေ့ရှအပျက်အယွင်းမှာ ဘယ်လိုအခွင့်အလမ်းတွေရှိနေတာလဲ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"သခင်လေးက အင်မော်တယ်ဓာတ်စွမ်းအင်တွေအကြောင်း သိလား"
နျဲ့ကျန်းက မေးလိုက်၏။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
ယခုအချိန်တွင် သူအလိုအပ်ဆုံးအရာက အင်မော်တယ်ဓာတ်စွမ်းအင်များ ဖြစ်သည်။
"ကွေ့ရှအပျက်အယွင်းက အင်မော်တယ်ဓာတ်စွမ်းအင်တွေ ထွက်ပေါ်လာနိုင်တာလား"
နျဲ့ကျန်းက ခေါင်းကို ခပ်ဖြေးဖြေးညိတ်လိုက်သည်။
"မှန်ပါတယ်၊ ဒဏ္ဍာရီအရ ကွေ့ရှအပျက်အယွင်းရဲ့ နက်နဲရာ အင်မော်တယ်မုခ်ဝလို့ခေါ်တဲ့ 'တံခါး'ရှိတယ်"
"အင်မော်တယ်ဓာတ်စွမ်းအင်တွေက 'တံခါး'ကတဆင့် စီးဆင်းလာတာလေ"
"အဲဒါကြောင့် အင်မော်တယ်ဓာတ်စွမ်းအင်တချို့က ကွေ့ရှအပျက်အယွင်းမှာ ကျန်ရှိနေနိုင်တယ်"
"နောက်ပြီးတော့ ကွေ့ရှအပျက်အယွင်းက ထူးခြားပြီး နိယာမစွမ်းအားတွေ ကြွယ်ဝတာကြောင့် နိယာမကိုနားလည်ဖို့ အကောင်းဆုံးနေရာပဲ"
နျဲ့ကျန်းက ပြောလိုက်သည်။
ဤအရာအားလုံးက ကောင်းကင်ကိုးပါး၏ လျှို့ဝှက်ချက်များဖြစ်ပြီး ယေဘူယျအားဖြင့် တားမြစ်နယ်မြေဆယ်ခုအတွင်းမှ သတ္တဝါများသာ သိကြပေသည်။
သို့သော်လည်း နျဲ့ကျန်းက ခွန်းလွန်းတောင်၏ အကူအညီဖြင့် လျှို့ဝှက်ချက်အချို့ကို သဘာဝအတိုင်း သိခဲ့သည်။
"အင်မော်တယ်မုခ်ဝ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက လေးနက်လာသည်။
နောက်ဆုံးတွင် သူက သဲလွန်စအားလုံး၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီ။
၎င်းက အင်မော်တယ်မုခ်ဝ ဖြစ်သည်။
ဗောဓိကျစ်နှင့် ယောက်လင်တောင်၏ အခြား သတ္တဝါများကလည်း တံခါးမှတဆင့် ကောင်းကင်ကိုးပါးသို့ ကျရောက်ခဲ့သည်ဟု ဆိုသည်။
သူတို့က အင်မော်တယ်မုခ်ဝမှ ထွက်လာကြခြင်း ဖြစ်ရမည်။
"အင်မော်တယ်မုခ်ဝက တကယ်ပဲ ဘာလဲ၊ ဒါက ဖရိုဖရဲခေတ်နဲ့ ဘယ်လိုဆက်စပ်နေတာလဲ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
ထိုအခါ ခွန်းရွှီကျစ်က ရှေ့သို့တိုးလာသည်။
"ညီနောင်ကျွင်း၊ ခင်ဗျား စိတ်ဝင်စားရင် ကျုပ်တို့ မျိုးနွယ်စုခေါင်းဆောင်ကို သွားတွေ့နိုင်ပါတယ်။ သူက ခင်ဗျားရဲ့မေးခွန်းတွေကို ဖြေနိုင်လိမ့်မယ်"
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
အမှန်တရားကို ဖော်ထုတ်ရမည်။
ထိုလျှို့ဝှက်ဆန်းကျယ်ပြီး မခန့်မှန်းနိုင်သော အင်မော်တယ်မုခ်ဝက သဲလွန်စများနှင့် လျှို့ဝှက်ချက်များအားလုံးကို ကောင်းစွာချိတ်ဆက်နိုင်သည်။
ပျက်စီးခြင်းဧကရာဇ်နှင့် နောက်ကွယ်မှ လက်မည်းတို့ကြား ရှေးခေတ်စစ်ပွဲမှ အစပြု၍ သက်ရှည်ကျွန်း၊ အမှောင်ကမ္ဘာ၊ မြင့်မြတ်ခန္ဓာကျိန်စာအထိ...
အမှောင်စွမ်းအင်၊ လျှို့ဝှက်ဆန်းကြယ်သော မဟာဆရာသခင်...
တိဟောက်ထျန်း၏ ပြန်လည်မွေးဖွားမှုနှင့်အတူ...
မသက်ဆိုင်ဘူးဟုထင်ရသော ဤအရာများက လျှို့ဝှက်သော ကွန်ရက်တစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပုံရသည်။
အင်မော်တယ်မုခ်ဝက ကွန်ရက်အားလုံး၏ အဓိကအချက်ပင်။
လျှို့ဝှက်ချက်များ၊ အကြောင်းအကျိုး သက်ရောက်မှုများအားလုံးနှင့် ဖရိုဖရဲဖြစ်ခြင်းများ အားလုံးက အင်မော်တယ်မုခ်ဝမှ စတင်သည်။