အခန်း ၁၄၄၃
Vol. 98 Ch. 1443
အခန်း ( ၁၄၄၃ ) ခွန်းလွန်းမျိုးနွယ်စုခေါင်းဆောင်နှင့် တွေ့ဆုံခြင်း။
ကျွင်းရှောင်ယောက်မှာ လျှို့ဝှက်ဆန်းကြယ်မှုများ၏ နောက်ကွယ်မှ အမှန်တရားကို စတင်ဖော်ထုတ်မိနေပြီဟု ခံစားလိုက်ရသည်။
ထို့နောက်တွင်၊ ခွန်းရွှီကျစ်က ကျွင်းရှောင်ယောက်နှင့် အခြားသူများကို ခွန်းလွန်းတောင်၏ နက်နဲရာသို့ ခေါ်ဆောင်သွားလေသည်။
ခွန်းလွန်းတောင်တန်းအတွင်းပိုင်း နက်နဲရာအရပ်တွင် အလွန်တရာ ကြီးမားပြီး ခမ်းနားထည်ဝါသော တောင်ကြီးတစ်လုံး ရှိသည်။
တောင်ပေါ်မှာတော့ မိုးထိအောင် မြင့်မားသော အဆောက်အဦများ၊ အဆောင်များနှင့် နန်းတော်များကို တည်ဆောက်ထား၏။
ကျွင်းရှောင်ယောက်နှင့် အခြားသူများက ခမ်းနားကြီးကျယ်သော နန်းတော်တစ်ခုသို့ ရောက်လာကြလေသည်။
နန်းတော်ထဲကို ဝင်လိုက်သည်နှင့် နွေးထွေးသော အသံတစ်ခုကို ကြားလိုက်ရသည်။
"မိတ်ဆွေလေး၊ မင်း အဝေးကလာတာကို ကောင်းကောင်း မကြိုဆိုနိုင်ခဲ့တာ စိတ်မရှိပါနဲ့"
"ခွန်းလွန်းအကြီးအကဲက ယဉ်ကျေးလွန်းပါပြီ"
ကျွင်းရှောင်ယောက်က ရှေ့ကို လှမ်းကြည့်လိုက်သည်။
ခွန်းလွန်းမျိုးနွယ်စု၏ ခေါင်းဆောင်က အသက် လေးဆယ်၊ငါးဆယ်ဝန်းကျင်ခန့် လူတစ်ဦးသာဖြစ်ကြောင်း သူ တွေ့လိုက်ရ၏။
ဟုတ်သည်၊ သူ၏ အသက်အရွယ်ကတော့ ဤမျှငယ်ရွယ်မည်မဟုတ်တာ သေချာပေသည်။ သူက မျိုးဆက်ဟောင်းမှ အကျော်အမော်တစ်ဦး ဖြစ်နိုင်သည်။
သူ၏ ကျင့်ကြံမှုအဆင့်က မဟာဧကရာဇ်ပယ်မှာပင် ရှိလိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ မဟာဧကရာဇ်နှင့် ရင်ဆိုင်ရသည့်အခါ၌ပင် တည်ငြိမ်မှုရှိသည်။
ယခုအခါ သူ့လက်အောက်တွင် အလုပ်လုပ်နေသော မဟာဧကရာဇ်တစ်ပါးရှိနေပြီ မဟုတ်လော။
ခွန်းလွန်းမျိုးနွယ်စု၏ လက်ရှိခေါင်းဆောင်ကို ခွန်းရှန်ဟု ခေါ်သည်။
သူက အလွန်ရှေးကျပြီး ခေတ်များစွာ၏ အတက်အကျတို့ကို ကြည့်နေခဲ့သူဟု ဆိုနိုင်ပေသည်။
"မိတ်ဆွေလေး၊ ထိုင်ပါ"
ခွန်းရှန်က ပြောလိုက်သည်။
ထို့နောက် ခွန်းလွန်းမျိုးနွယ်မှ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးက လက်ဖက်ရည်များ လာရောက်ချပေးလေသည်။
ကျွင်းရှောင်ယောက်က တစ်ချက်ကြည့်လိုက်သည်။
ဤလက်ဖက်ရည်က သာမန်မဟုတ်ပေ။ ၎င်းတွင် နတ်အငွေ့အသက်များနှင့် ထူးခြားဆန်းကြယ်သော အံ့ဖွယ် မြင်ကွင်းများကို မြင်ရသည်။
"အင်မော်တယ်ဓာတ်စွမ်းအင်နဲ့ ကျိုချက်ထားတဲ့ လက်ဖက်ရည်..."
ကျွင်းရှောင်ယောက်က အနည်းငယ် စုပ်သောက်လိုက်သည်။
တားမြစ်နယ်မြေတစ်ခုက မျှော်လင့်ထားသည့်အတိုင်းပင်။ သူတို့၏ အခြေခံအုတ်မြစ်က နက်နဲလွန်းသည်။
"အလို၊ မိတ်ဆွေလေးရှောင်ယောက်က အင်မော်တယ်ဓာတ်စွမ်းအင်အကြောင်းကိုတောင် သိနေပြီ။ မင်းက ကောင်းကင်ကိုးပါးရဲ့ လျှို့ဝှက်ချက်အချို့ကိုလည်း သိရှိထားပြီးပြီထင်တယ်"
ခွန်းရှန်က အံ့အားသင့်စွာ ပြောလိုက်သည်။
သူ့မျက်လုံးထဲမှာတော့ ကျွင်းရှောင်ယောက်က လူပျိုလူရွယ်တစ်ယောက်ထက် မပိုသေးပေ။
သို့ရာတွင်၊ ထိုကဲ့သို့သော အသက်အရွယ်ဖြင့် ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါး၏ အမှန်တရားကို စတင်စူးစမ်းနေပြီ ဖြစ်သည်။
ဒါက အခြား မျိုးဆက်တူများ မလုပ်နိုင်သော အရာပင်။
"ဒါက အကြောင်းတိုက်ဆိုင်လို့ သိခဲ့ရတာပါ။ တကယ့်နောက်ကွယ်က ကြီးမားတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ကတော့ ခက်ခဲပါတယ်"
ကျွင်းရှောင်ယောက်က လက်ဖက်ရည်သောက်ရင်း ပြောလိုက်၏။
ခွန်းရှန်ကမူ ကျွင်းရှောင်ယောက်ကို အကဲခတ်နေသည်။
လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် ကျွင်းရှောင်ယောက်၏ အမူအရာက ပြောင်းလဲမှုမရှိသည်ကို မြင်သောအခါ သူ့မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင်တို့ ထပ်မံပေါ်လာပြန်တော့သည်။
"မိတ်ဆွေလေး၊ မင်းရဲ့ ပင်ကိုယ်ပါရမီနဲ့ ခွန်အားက တကယ်ကို အံ့မခန်းပါပဲ။ ဒီလက်ဖက်ရည်ကို သာမန် ပါရမီရှင်တွေက မသောက်နိုင်ကြဘူး"
ခွန်းရှန်က ပြုံးလျက် ပြောလိုက်သည်။
မူလက သူသည် ကျွင်းရှောင်ယောက်ကို ယဉ်ကျေးစွာ ဆက်ဆံခြင်းမှာ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်အဖြစ် သူ့အထောက်အထားနှင့် ကျွင်းဝူဟွေ့၏ ဂုဏ်သတင်းကြောင့် ဖြစ်သည်။
သို့သော်လည်း ယခုတော့ ကျွင်းရှောင်ယောက်ကိုယ်တိုင်က ခန့်မှန်းမရနိုင်သော ကွဲလွဲမှုတစ်ခု ဖြစ်နေသည့်ပုံပင်။
ခွန်းရှန်၏ နှလုံးသားထဲတွင် ကျွင်းရှောင်ယောက်၏ တည်ရှိမှုက ပိုမို မြင့်မားလာခဲ့သည်။
"မျိုးနွယ်စုခေါင်းဆောင်၊ ကျွန်တော် ဒီကိုလာရောက်ရတဲ့ ရည်ရွယ်ချက်ကို ခင်ဗျားသိသင့်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ခွန်းရှန်က အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
"ငါသိပါတယ်၊ အင်မော်တယ်မုခ်ဝရဲ့ လျှို့ဝှက်ချက်နဲ့ အမှန်တရားကို မင်းသိချင်နေတာ မဟုတ်လား"
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်ကာ အာရုံစိုက် နားထောင်လိုက်သည်။
ခွန်းရှန်ကပင် ဆက်ပြောသည်။
"အင်မော်တယ်မုခ်ဝအကြောင်းက တကယ်တော့ ငါလည်း သိပ်မသိဘူး"
"ငါက မငယ်တော့ပေမဲ့ အင်မော်တယ်မုခ်ဝရဲ့ ရှေးကျပုံနဲ့စာရင် မွေးကင်းစ ကလေးတစ်ယောက်နဲ့ မခြားပါဘူး"
"ကောလဟာလတွေအရ အင်မော်တယ်မုခ်ဝဟာ အင်မော်တယ်တို့ရဲ့ကမ္ဘာ ဝင်ပေါက်ဖြစ်ပြီး အဆုံးမဲ့ အင်မော်တယ်ဓာတ်စွမ်းအင်တွေ ရှိနေတယ်တဲ့"
"ဒါပေမဲ့ ဘယ်သူကမှ စစ်မှန်တဲ့ အမှန်တရားကို မသိကြဘူးပေါ့၊ ဘယ်သူမှလည်း အင်မော်တယ်မုခ်ဝကို မဝင်ရောက်ဖူးဘူးလေ"
ထိုစကားကိုကြားသောအခါ ကျွင်းရှောင်ယောက်က ဗောဓိကျစ်နှင့် အခြားသူများအကြောင်း ရုတ်တရက် တွေးလိုက်မိသည်။
ထိုသက်ရှိဆေးမျိုးနွယ်က အင်မော်တယ်မုခ်ဝမှ ဆင်းသက်လာကြခြင်း ဖြစ်၏။
သို့သော်လည်း ဗောဓိကျစ်သည် သူ့မှတ်ဉာဏ်များက မှုန်ဝါးနေပြီး အတိတ်ကို ပြန်မမှတ်မိတော့ဘူးဟု ပြောခဲ့သည်။
"အင်မော်တယ်မုခ်ဝက အခြားကမ္ဘာတစ်ခုကိုသွားတဲ့ တံခါးတစ်ပေါက် ဖြစ်နိုင်မလား"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"ဒါက မသေချာပါဘူး၊ နောက်ဆုံးမှာတော့ အင်မော်တယ်မုလ်ဝရဲ့ အခြားတစ်ဖက်က အခြေအနေကိုသိဖို့နေနေသာသာ... အင်မော်တယ်မုခ်ဝအတွင်းကို ဝင်ရောက်ဖို့တောင် ခက်ခဲတယ်။ သမိုင်းတစ်လျှောက်မှာ ဒီလိုမျိုး ဘယ်သူမှ မလုပ်နိုင်ခဲ့ကြဘူး။ မဟုတ်ရင် အမှောင်ထုလို ပြဿနာကြီးတွေ ဖြစ်လာတော့မှာ မဟုတ်ဘူးလေ"
ခွန်းရှန်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
အမှောင်ထုနဲ့ ဖရိုဖရဲအခြေအနေလား။
အမှောင်ထုနှင့် အင်မော်တယ်မုခ်ဝအကြားမှ ဆက်စပ်မှုကား အဘယ်နည်း။
ထို့နောက် ခွန်းရှန်က အနည်းငယ် လေးနက်သော လေသံမျိုးဖြင့် ပြောလိုက်သည်။
"အင်မော်တယ်မုခ်ဝက ကောင်းကင်ကိုးပါးအတွက် အင်မော်တယ်ဖြစ်လာဖို့ တစ်ခုတည်းသော မျှော်လင့်ချက်လို့ ဆိုနိုင်တယ်"
"ဒါပေမဲ့လည်း အင်မော်တယ်မုခ်ဝက မင်းရှေ့မှာရှိနေပေမဲ့ ဝင်ရောက်လို့မရဘူး။ ဒီအတွက် ခံစားရမဲ့ နာကျင်မှုက မင်းတွေးကြည့်လို့ရတယ်"
ကျွင်းရှောင်ယောက်က ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးက ရှည်လျားသောသက်တမ်းကို ပိုင်ဆိုင်နိုင်သည်။ အချိန်မြစ်ကို ဖြတ်သန်းနိုင်စွမ်းနှင့် ကောင်းကင်လမ်းစဉ်ကို စွမ်းအားများ ရှိ၏။
သို့သော်... မသေနိုင်တာတော့ မဟုတ်ပေ။
အင်မော်တယ်လမ်းကို လျှောက်လှမ်းနိုင်မှသာလျှင် စစ်မှန်သော လွတ်လပ်မှုကို ရရှိနိုင်မည် ဖြစ်သည်။
ဧရာမ နဂါးကြီးကဲ့သို့ပင် ၎င်းကို ရေကန်ငယ်လေးတွင် ထာဝရ ချုပ်နှောင်ထား၍ မရပေ။
ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိလုနီးဖြစ်သော ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးအတွက် နောက်ထပ် မတက်လှမ်းနိုင်ခြင်းမှာ ထာဝရအိပ်မက်ဆိုးတစ်ခု ဖြစ်သည်။
သူတို့က ကုန်လွန်လာသောသက်တမ်းနှင့် နီးကပ်လာသော သေဆုံးခြင်းကို ကူကယ်ရာမဲ့စွာ ကြည့်နေရန်သာ တတ်နိုင်ကြလေသည်။
ထိုကဲ့သို့သော နှိပ်စက်ညှဉ်းပန်းမှုက မည်သူမဆို သည်းခံနိုင်သောအရာ မဟုတ်ပေ။
ဒါကိုတွေးမိသောအခါ ကျွင်းရှောင်ယောက်က အင်မော်တယ်မုခ်ဝနှင့် အမှောင်ထုကပ်ဘေးတို့၏ ပတ်သက်ဆက်နွယ်ပုံကို အကြမ်းဖျင်း ခန့်မှန်းလိုက်မိသည်။
ခွန်းရှန်က ဆက်ပြောသည်။
"အင်မော်တယ်တံခါးက ငါတို့မျက်စိရှေ့မှာ ရှိနေပေမဲ့ အဲဒါကိုဖွင့်လို့မရဘူး။ ဒါက မဟာပုဂ္ဂိုလ်အားလုံးအတွက် အကြီးမားဆုံး နာကျင်မှုတစ်မျိုးပဲ"
"ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယဇ်ဆရာသခင်(မဟာဆရာသခင်)တွေ ပေါ်လာခဲ့တယ်"
ကျွင်းရှောင်ယောက်၏ အကြည့်များက ရုတ်တရက် စူးရှလာသည်။
ထိုအချိန်တွင် လေထုကလည်း အေးခဲသွားပုံရ၏။
ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ခွန်းလွန်းတောင်အထက် လေထဲတွင် မိုးကြိုးပစ်ခွင်းလိုက်သကဲ့သို့ပင် ဖြစ်သည်။
ဒါကိုမြင်တော့ ခွန်းရှန်က နှာခေါင်းတစ်ချက်ရှုံ့ပြီး ပြောလိုက်သည်။
"ဟမ့်၊ ဒီတော့ မင်းရဲ့ခွင့်ပြုချက်မရှိဘဲ ယဇ်ဆရာသခင်တွေအကြောင်း ပြောလို့မရဘူးပေါ့။ အရှိန်အဝါတော့ ကြီးတယ်"
"မျိုးနွယ်စုခေါင်းဆောင်ခွန်းရှန်၊ ယဇဉ်ဆရာသခင်ဆိုတာက ဘယ်သူလဲ"
ကျွင်းရှောင်ယောက်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
နောက်ဆုံးတွင်၊ သူကိုယ်တိုင်လည်း ယဇ်ဆရာသခင်အမိန့်တော်ကို လက်မှတ်ထိုးဝင်ပြီး ရရှိခဲ့ပြီးပြီ မဟုတ်လော။
မျိုးနွယ်စုခေါင်းဆောင် ခွန်းရှန်က ခြိမ်းခြောက်မှု အရိပ်အယောင်တို့ကို သယ်ဆောင်လာပုံရသည့် မိုးခြိမ်းသံကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။
"ယဇ်ဆရာသခင်က ဘွဲ့အမည်တစ်ခုပါပဲ"
"ဒါပေမဲ့ ယဇ်ဆရာသခင်ရဲ့ အထောက်အထားကို ဘယ်သူမှ မသိကြဘူး"
"ငါသိတာတစ်ခုကတော့ ကောင်းကင်ကိုးပါးရဲ့ အသန်မာဆုံး တားမြစ်နယ်မြေတွေသာ ယဇ်ဆရာသခင်အထောက်အထားကို ရယူနိုင်ကြတယ်"
ထိုစကားကိုကြားရသော် ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ရုတ်တရက်ပေါ်လာသည်။
သူက ယဇ်ဆရာသခင်၏အမိန့်တော်ကို လက်ခံရရှိခဲ့သော်လည်း ဖော်ထုတ်ခံရပုံမပေါ်ပေ။
ဤအတွက် တစ်ခုတည်းသော အကြောင်းပြချက်မှာ လက်မှတ်ထိုးဝင်ခြင်းစနစ်က အလွန်အစွမ်းထက်ခြင်းကြောင့် ဖြစ်နိုင်သည်။
သူသည် မူလက တားမြစ်နယ်မြေများနှင့်သာ သက်ဆိုင်သော အထူး အထောက်အထားတစ်ခုကို ရရှိခဲ့ခြင်းပင်။
"တစ်နည်းဆိုရရင် အဲဒီယဇ်ဆရာသခင်တွေက တကယ်တမ်း တားမြစ်နယ်မြေတွေရဲ့ ရှေးအကျဆုံးနဲ့ အသန်မာဆုံး တားမြစ်တည်ရှိမှုတွေပေါ့"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"အမှန်ပါပဲ၊ အဲဒီယဇ်ဆရာသခင်တွေက ကောင်းကင်ကိုးပါးရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေကြပြီး ခေတ်ပေါင်းများစွာရဲ့ အတက်အကျတို့ကို ကြည့်ရှုနေခဲ့သူတွေ ဖြစ်နိုင်တယ်"
ယဇ်ဆရာသခင်အကြောင်း ပြောသောအခါ ခွန်းရှန်ကဲ့သို့သော မဟာဧကရာဇ်တစ်ပါးပင်လျှင် အကူအညီမဲ့အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
မဟာဧကရာဇ်တစ်ပါးပင်လျှင် ထိုလျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆရန် မလွယ်ကူသော ယဇ်ဆရာသခင်များရှေ့တွင် များစွာ အားနည်းနေသေးသည်။
“သမိုင်းတလျှောက်မှာ လူတွေ အထောက်အထားတွေက ဘယ်လိုပဲ ပြောင်းသွားပါစေ ယဇ်ဆရာသခင်ရဲ့ ရာထူးက အမြဲတမ်း ငါးခုပဲရှိတယ်"
"တစ်နည်းပြောရရင် ယဇ်ဆရာသခင်က အမြဲတမ်း ငါးဦးတည်းပဲ"