အခန်း ၁၄၄၇
Vol. 98 Ch. 1447
အခန်း ( ၁၄၄၇ ) ကျိချင်းရီနှင့် တွေ့ဆုံခြင်း။
ကျွင်းရှောင်ယောက်က သုတ်သင်ရှင်းလင်းခြင်းတွင် ပါဝင်သော တားမြစ်နယ်မြေများကို လုံးဝ မနှစ်သက်ပေ။
မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၊ ဧကရာဇ်ကြွေလွင့်တောင်၊ သားရဲဂူနှင့် ပြန်လည်ဝင်စားခြင်းပင်လယ်... အစရှိသော အင်အားစုအားလုံးသည် သူနှင့် ပြန်လည်သင့်မြတ်ရန် မဖြစ်နိုင်သော ပဋိပက္ခများ ရှိသည်။
သက်ရှည်ကျွန်းမှာတော့ ယခုအချိန်ထိ သူနှင့် ပြဿနာရှိပုံမရပေ။
သို့သော်လည်း စင်စစ်တွင် မြင့်မြတ်ခန္ဓာကျိန်စာက အကြီးဆုံး ပြဿနာတစ်ခု ဖြစ်သည်။
မြင့်မြတ်ခန္ဓာမျိုးရိုးအတွက် တရားမျှတမှုကို ရှာဖွေရန် ကျွင်းရှောင်ယောက်က သက်ရှည်ကျွန်းနှင့် ထိပ်တိုက်တွေ့ရလိမ့်မည်။
ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က တားမြစ်နယ်မြေများမှ ပါရမီရှင်များကို မည်သို့မည်ပုံ ကိုင်တွယ်လိုက်ရမလဲဆိုတာကို အမြဲ တွေးနေခဲ့ရသည်။
နောက်ဆုံးတွင်၊ တားမြစ်နယ်မြေများမှ ပါရမီရှင်အားလုံးက ခုနစ်ရောင်ခြယ်တာအိုသခင်ကဲ့သို့ မိုက်မဲသူမဟုတ်ဘဲ သူနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို စိန်ခေါ်ခြင်းမျိုး မပြုကြပေ။
ထို့ကြောင့် ကျွင်းရှောင်ယောက်က လှုပ်ရှားရန် သင့်လျော်သော အခွင့်အရေးမရမှာကို စိုးရိမ်နေခဲ့သည်။
ယခုတော့ အခွင့်အရေးရလာပြီ။
ကွေ့ရှအပျက်အယွင်းက အကြောင်းအကျိုးသက်ရောက်မှုများနှင့် နတ်ဘုရားစိတ်အာရုံများကိုပင် တားဆီးပေးနိုင်သည်။
မဟာဧကရာဇ်များပင်လျှင် စူးစမ်းနိုင်မည် မဟုတ်ပေ။
ဒါက တကယ်ကို အနက်ရောင်နယ်မြေ ဖြစ်သည်။
အထဲမှာ ဘာပဲလုပ်လုပ် အပြင်လူများ မသိရှိနိုင်ပါ။
ကျွင်းရှောင်ယောက်အတွက် ဤနေရာသည် ပြီးပြည့်စုံသော အမဲလိုက်ကွင်း ဖြစ်သည်။
တားမြစ်နယ်မြေများမှ ပါရမီရှင်များကတော့ သူအမဲလိုက်လိုသော သားကောင်များပင်။
"အကြီးအကဲ ခွန်းရှန်၊ ကျွန်တော်သိချင်တာတစ်ခု ရှိသေးတယ်"
"ကွေ့ရှအပျက်အယွင်းကို ဘယ်အဆင့်က ကျင့်ကြံသူတွေ ဝင်ရောက်နိုင်သလဲ"
"နောက်ပြီးတော့ အပျက်အယွင်းကို ဝင်ရောက်နိုင်သူက လူငယ်ပါရမီရှင်တွေချည်း ဖြစ်ပါ့မလား"
ခွန်းရှန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"စိတ်ချပါ မိတ်ဆွေလေး"
"အတိအကျ ပြောရရင် မိုးနဲ့မြေရဲ့ အထူးနိယာမတွေကြောင့် ကွေ့ရှအပျက်အယွင်းဟာ လူငယ်မျိုးဆက်တွေ လေ့ကျင့်ဖို့ပဲ ဖွင့်လှစ်တယ်လို့ ဆိုနိုင်တယ်"
"အဓိကရည်ရွယ်ချက်ကတော့ အခြား အကျော်အမော်တွေက ငါတို့ရဲ့ ပါရမီရှင်တွေကို ထိခိုက်အောင် မလုပ်စေနိုင်ဖို့ပဲ"
"နောက်ပြီးတော့ ကွေ့ရှအပျက်အယွင်းကို လူငယ်တွေ ဝင်ရောက်စေခြင်းမှာ အခြား ရည်ရွယ်ချက်တစ်ခုလည်း ရှိသေးတယ်"
"ကွေ့ရှအပျက်အယွင်းက ကောင်းကင်ကိုးပါးရဲ့ တားမြစ်နယ်မြေဖြစ်ပြီး မစူးစမ်းရသေးတဲ့ နယ်မြေတွေ အများကြီးရှိသေးတာကြောင့် အရမ်းအန္တရာယ်များနေသေးတယ်"
"ပါရမီရှင်လူငယ်တွေကို တားမြစ်နယ်မြေမှာ ရှေ့တော်ပြေး ထောက်လှမ်းရေးအဖြစ် အသုံးချနိုင်တယ်"
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်က စိတ်သက်သာရာရသလို ခေါင်းညိတ်လိုက်လေသည်။
ထိုအခြေအနေမျိုးတွင် အမှားအယွင်း လုံးဝ မရှိနိုင်တော့ပေ။
ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါး၏ မျိုးဆက်သစ် လူငယ်များကို လုံးဝ မကြောက်ပါ။
အကယ်၍၊ ကွေ့ရှအပျက်အယွင်းသို့ ဝင်ပြီးပါက စိတ်ပူစရာမလိုဘဲ အားလုံးကို ဖယ်ရှားပစ်နိုင်သည်။
"မိတ်ဆွေလေး၊ မင်း အခြားလုပ်စရာမရှိဘူးဆိုရင် ခွန်းလွန်းတောင်မှာပဲနေပြီး ကွေ့ရှအပျက်အယွင်းဖွင့်မဲ့အချိန်ကို စောင့်နိုင်ပါတယ်"
ခွန်းရှန်က ပြုံးလျက် ပြောလိုက်သည်။
ဤတစ်ကြိမ် မငြိမ်သက်မှုက အလွန်ကြောက်စရာကောင်းလိမ့်မည်။
ဒါက ကျွင်းမိသားစုကိုတောင် ထိခိုက်စေနိုင်သည်။
သို့သော်လည်း ခွန်းရှန်သည် စန်းမျိုးနွယ်ပင် ကြောက်ရွံ့ရသည့် ကျွင်းမိသားစုက ဤမငြိမ်သက်မှုတွင် ကျဆုံးမည်မဟုတ်ကြောင်း အမြဲခံစားခဲ့ရသည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်၏ အရည်အချင်းဖြင့် အနာဂတ်တွင် ကျွင်းမိသားစု၏ မဏ္ဍိုင်ဖြစ်လာမည်မှာ သေချာသည်။
ထို့ကြောင့် ယခုအချိန်တွင် ကောင်းမွန်သောဆက်ဆံရေးကို ကြိုတင်တည်ဆောက်ထားခြင်းက ကောင်းမွန်သောစိတ်ကူးပင်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲခွန်းရှန်"
ကျွင်းရှောင်ယောက်က လက်ယှက်ပြလိုက်သည်။
ထို့နောက်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများက နန်းတော်အတွင်းမှ ပြန်ထွက်ခဲ့လေသည်။
လမ်းတွင်၊ နျဲ့ကျန်းက နှုတ်ဆိတ်နေခဲ့သည်။
ခွန်းလင်ယုကတော့ ကျွင်းရှောင်ယောက်ကို သူ့အား တပည့်အဖြစ် လက်ခံစေလိုကြောင်း ပြောရန်ကြိုးစား၏။
သို့သော်လည်း ခွန်းရွှီကျစ်က ချက်ချင်း ဆွဲခေါ်သွားခြင်းခံလိုက်ရလေသည်။
"ညီနောင်ကျွင်းကို မနှောက်ယှက်စမ်းနဲ့၊ သူ အေးအေးဆေးဆေး နေပါစေ"
နောက်ဆုံးတွင်၊ လူအများစုက ကြီးမားသော လျှို့ဝှက်ချက်များကို ရုတ်တရက် သိလိုက်ရသည့်အခါ ၎င်းတို့ကို လက်ခံချေဖျက်ရန် လိုအပ်သည်။
နျဲ့ကျန်းက ဘာမျှ မပြောဘဲ တိတ်ဆိတ်စွာ ထွက်သွား၏။
သူက ကျွင်းရှောင်ယောက်ကို အဖော်ပြုရန် အားကျိုးကိုသာ ချန်ခဲ့လေသည်။
နောက်ဆုံးတွင်၊ သူက ကျွင်းရှောင်ယောက်နှင့် အရင်းနှီးဆုံး ဖြစ်သည်။
ဒါကိုမြင်သောအခါ ကျွင်းရှောင်ယောက်က ခေါင်းယမ်းပြီး ရယ်မောလိုက်သည်။
"ဘာဖြစ်လို့လဲ၊ ကျုပ်က စိတ်အားငယ်တတ်သူလို့ ထင်နေကြလို့လား"
"သခင်လေး ကိုယ့်ကိုကိုယ် အရမ်းဖိအားမပေးပါနဲ့"
အားကျိုးက ညင်သာစွာ ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က အမှောင်ထုအကြောင်းကို စဉ်းစားနေမှန်း သူ သိသည်။
သူက ဒီလိုလူမျိုးပင်။
အပေါ်ယံတွင် သူက ဘာကိုမှဂရုမစိုက်ဘဲ အလွန်အေးစက်၍ အားလုံးကို လျစ်လျူရှုထားပုံရသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ သူ့ကိုယ်ပိုင်ခံစားချက်များ၊ ကာကွယ်လိုစိတ်များရှိပေသည်။
မိသားစု ၊ ဆွေမျိုး ၊ သူငယ်ချင်း ၊ ချစ်သူ... စသည်ဖြင့် သူကာကွယ်ပေးလိုသူများ ရှိသည်။
သို့သော်လည်း ဤတစ်ကြိမ် အမှောင်ထုနှင့် မငြိမ်မသက်မှုများက ဤအရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
ယခုအချိန်တွင် ကျွင်းရှောင်ယောက် ခံစားနေရသော ဖိအားများကို တွေးကြည့်ရန်မလွယ်ပေ။
အားကျိုးက အလွန်ပင် သနားနေမိသည်။
ကျွင်းရှောင်ယောက်၏ ဝန်ထုပ်ဝန်ပိုးများကို ပို၍သန်သာစေရန် သူမ ဘာမဆို ဖြည့်ဆည်းပေးချင်ခဲ့ပေသည်။
"အားကျိုး၊ ကျွန်တော်က ဒီလောက်လည်း မပျော့ပါဘူးဗျာ။ ထားတော့... ကျွန်တော် မင်းနဲ့ ကုချင်းမတီးရတာ ကြာပြီ"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
အားကျိုးလည်း အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်နှင့် အားကျိုးတို့က ဆိတ်ကွယ်ရာနေရာသို့ ရောက်ရှိလာကြသည်။
ကျွင်းရှောင်ယောက်က သူ မတီးခတ်ရသည်မှာ ကြာပြီဖြစ်သော ဖီးနစ်ငိုကြွေးချီတောင်တန်း ကုချင်းကို ထုတ်ယူလိုက်သည်။
"ကျွန်တော်ငယ်စဉ်က အားကျိုးဆီမှာ ကုချင်းပညာ သင်ခဲ့ရတာကိုတောင် ပြန်အမှတ်ရမိတယ်"
ကျွင်းရှောင်ယောက်က လွမ်းဆွတ်ခြင်း အရိပ်အယောင်တို့ဖြင့် ပြောလိုက်သည်။
"အခုဆိုရင်တော့ သခင်လေးရဲ့ ဂီတပညာက အားကျိုးထက် အဆများစွာ သာလွန်နေလောက်ပါပြီ"
အားကျိုးက ပြုံးလိုက်၏။
ထို့နောက် နှစ်ယောက်သား စတင်တီးခတ်လိုက်ကြလေသည်။
ကုချင်းသံစဉ်က ကောင်းကင်တေးသံကဲ့သို့ ငြိမ့်ငြောင်းကာ နှစ်သက်ဖွယ်ကောင်းသည်။
လေထဲတွင် ပန်းပွင့်ချပ်များ ပေါ်လာကြသည်။ ခွန်းလွန်းတောင်မှ နတ်သားရဲ ငှက်များလည်း ပျံသန်းလာပြီး နားဆင်ကြ၏။
လူနှစ်ယောက်၏ ကုချင်းသံစဉ်များက ပိုးချည်မျှင်များကဲ့သို့ နူးညံ့သိမ်မွေ့စွာ ရောယှက်ရင်း ထူးခြားသော သံစဉ်များကို ထွက်ပေါ်လာစေသည်။
ဤကဲ့သို့ သာယာသော တီးခတ်မှုတွင်...
အားကျိုး၏ ခန္ဓာကိုယ်ကလေးက အနည်းငယ် တုန်ခါသွားသည်။ သူက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပုံရ၏။
သူမ၏ အငွေ့အသက်များက အမှန်တကယ်ပင် ရှေ့သို့ ခြေတစ်လှမ်းတိုးခဲ့ပြီ။
သို့ရာတွင်၊ ဒါက အံ့ဩစရာတော့ မဟုတ်ပါ။
အားကျိုး၏ စွဲလမ်းမှုတစ်ခုမှာ ကျွင်းရှောင်ယောက်ကို ကာကွယ်ရန် ဖြစ်သည်။
အချိန်များစွာကြာပြီးနောက် ကျွင်းရှောင်ယောက်ကို ပြန်တွေ့ရပြီး အတူတူ ကုချင်းတီးခတ်ရချိန်မှာ သူ့နှလုံးသားက အေးချမ်းခဲ့ပေသည်။
သဘာဝအတိုင်း သူ၏ ကျင့်ကြံမှုမှာလည်း တိုးတက်မှုရခဲ့သည်။
သံစဉ်အဆုံးတွင်...
အားကျိုးက ကျွင်းရှောင်ယောက်ကို အနည်းငယ် ဦးညွှတ်ပြပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး"
"မလိုပါဘူး၊ မင်းနဲ့ ကုချင်းတီးခတ်ရတာ ကျွန်တော် တတကယ်ပျော်တယ်"
"စစ်သည်တွေလာရင် စစ်သည်နဲ့တားမယ်၊ ရေကြီးရင် ဆည်ဆောက်ပြီး ကာမယ်၊ မငြိမ်သက်မှုက ကောင်းကင်ကို မလှုပ်ခတ်နိုင်ဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။ သူ့နှလုံးသားက ငြိမ်သက်မှုရှိ၏။
အတိတ်က အရှုပ်အထွေးများကဲ့သို့ပင်၊ နောက်ဆုံးမှာ ဤကပ်ဘေးကို ကျော်လွှားနိုင်မည်ဟု သူ ယုံကြည်သည်။
..............
နောက်နေ့များတွင်...
ကျွင်းရှောင်ယောက်က ခွန်းလွန်းတောင်မှာ အေးအေးလူလူ နားခိုနေခဲ့သည်။
ဤအတောအတွင်း၌ သူသည် ကုချင်းတီးခတ်ခြင်းပြီး အားကျိုးနှင့် နိယာမအကြောင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပေသည်။
ခွန်းရွှီကျစ်နှင့် ခွန်းလင်ယုတို့ကလည်း သူ့ထံသို့ အခါအားလျော်စွာ လာရောက်လည်ပတ်ကြသည်။
ဤကဲ့သို့ စောင့်ဆိုင်းနေချိန်တွင်...
မထင်မှတ်ထားသော လူတစ်ယောက်က သူ့ကို ဆက်သွယ်လာသည်။
တစ်နေ့တွင်၊ စက္ကူကြိုးကြာတစ်ကောင်က ကျွင်းရှောင်ယောက်၏ နံဘေးသို့ ပျံသန်းလာခဲ့သည်။
ကျွင်းရှောင်ယောက်က ဖမ်းယူလိုက်ပြီးနောက် သူ့နှုတ်ခမ်းများက တွန့်ကွေးသွား၏။
'ဒီတော့ သူ့မှာ နောက်ထပ် အစီအစဉ်ရှိသေးတာပေါ့'
ထို့နောက် ကျွင်းရှောင်ယောက်က ခွန်းလွန်းတောင်မှ ထွက်ခဲ့သည်။
ခွန်းလွန်းတောက်မှ မိုင်ထောင်ချီဝေးကွာသောအရပ်ရှိ လူသူကင်းမဲ့သော ဂြိုလ်တစ်ခုပေါ်တွင်...
မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရုပ်ပုံလွှာတစ်ခု ရပ်နေသည်။
"မိန်းကလေးချင်းရီ၊ ဒီအချိန်မျိုးမှာ ကျုပ်ကိုတွေ့ဖို့ ချိန်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
ကျွင်းရှောင်ယောက်က နှုတ်ဆက်ရင်း ပြောလိုက်သည်။
"ကျွင်းသခင်လေးက ချင်းရီ ချိန်းဆိုတာကို မအံ့ဩသလိုပဲ"
ကျိချင်းရီက ပြောလိုက်၏။ သူ့မျက်နှာကိုတော့ နတ်အလင်းတို့ဖြင့် ကွယ်ထားကာ ကြည်လင်သော မျက်လုံးအစုံကိုသာ တွေ့မြင်နိုင်သည်။
"မင်းက အကြောင်းပြချက်မရှိဘဲ ဒီကိုလာမှာတော့မဟုတ်ပါဘူး၊ မင်းမှာ ကျုပ်ကိုပြောစရာရှိလိမ့်မယ်"
ကျွင်းရှောင်ယောက်က နှုတ်ခမ်းတွန့်ပြုံးလိုက်၏။
ဓားတောင်မြို့တော်၌ ခဏတာ ဆုံစည်းခိုက်တွင် ကျိချင်းရီက သူ့အား တစ်စုံတစ်ခုပြောလိုကြောင်း သူသတိပြုမိခဲ့သည်။
"ကျွင်းသခင်လေးရဲ့ ဉာဏ်ပညာက တကယ်ကို လေးစားစရာပဲ။ ချင်းရီက တကယ်ကို ရှင်နဲ့ ဆွေးနွေးစရာရှိပါတယ်"
"ဆိုတော့... ကျွင်းသခင်လေးက ကူချမ်မြဲ့ကို သတ်ဖို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"