← Chapters

အခန်း ၁၄၅၀

Vol. 98 Ch. 1450

အခန်း ၁၄၅၀

Vol. 98 Ch. 1450

အခန်း ( ၁၄၅၀ ) ထိပ်တန်းပါရမီရှင်များ ပေါ်လာကြပြီ။

ကွေ့ရှအပျက်အယွင်းသည် ကောင်းကင်ကိုးပါးအထက်တွင် တည်ရှိပြီး ၎င်း၏နိယာမများကလည်း အလွန်ထူးခြားသည်။

ထို့ပြင်၊ ၎င်းက အင်မော်တယ်တံခါး ဆင်းသက်ရာနေရာ ဖြစ်၏။

ထို့ကြောင့် ကွေ့ရှအပျက်အယွင်းသို့ သွားရာလမ်းမှာ အေးချမ်းမည် မဟုတ်ပေ။

သူတို့က ရှေ့ကိုခရီးဆက်ခဲ့သည်။

အဆုံးမဲ့ စကြာဝဠာအတွင်း၌ ပေါက်ကွဲထွက်လာတတ်သော မိုးကြိုးကိုလည်း မြင်ခဲ့ရ၏။

ထိုမိုးကြိုးက ရုပ်ခန္ဓာအပေါ် မည်သို့မျှ သက်ရောက်မှုမရှိပါ။

သို့သော်လည်း လူတစ်ယောက်၏ ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။

သူတို့က‌ ဝေးကွာသေးသော်လည်း မိုးကြိုးထစ်ချုံးသံကို ကြားရရုံဖြင့် ကျောရိုးထဲထိ အေးစိမ့်သွားခဲ့ရ‌သေးသည်။

ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများကိုလည်း မြင်ရသည်။

ထိုလေပြင်းက နတ်သံကြိုးများကိုပင် ပျက်စီးစေနိုင်စွမ်းရှိ၏။

လူတစ်ဦးသာ ထိုလေပြင်းနှင့် တိုက်မိပါက အရိုးအသားများ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားရမည် ဖြစ်သည်။

ထို့ပြင် အမည်မသိ အရိုးစု အကြွင်းအကျန်များကိုလည်း မြင်တွေ့ရသေးသည်။

ဤနေရာတွင် ထူးခြားသော အရာဝတ္တုများ၊ အပိုင်းအစများ အမျိုးစုံ မြင်တွေ့ရနိုင်သည်။

ဤနေရာ၏ ရှေးဟောင်းလက်ရာများက ရိုးရိုးရှင်းရှင်း စိတ်ကူးမယဉ်နိုင်ပေ။

သို့သော်လည်း ခွန်းလွန်းမျိုးနွယ်မှ အကြီးအကဲများနှင့်အတူ ကြီးကြီးမားမား ပြဿနာမရှိခဲ့ပါ။

အချိန်မည်မျှကြာသွားပြီလဲမသိ...

ကောင်းကင်ကိုးပါးမှ အခြားသော ကျင့်ကြံသူများကို စတင်‌မြင်တွေ့လာရသည်။

သူတို့အားလုံးက အခြားတားမြစ်နယ်‌မြေများမှ သို့မဟုတ် တားမြစ်မိသားစုများမှ ဖြစ်ပေသည်။

"ရောက်ခါနီးပြီနဲ့တူတယ်"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

နောက်ဆုံးတွင်၊ သူ့မြင်ကွင်းထဲမှာ ထုလုံးတစ်ခု ပေါ်လာသည်။

မမှားပေ၊ ၎င်းက ထုလုံးတစ်ခုဖြစ်ပြီး အလွန်ကြီးမားသော စက်လုံးတစ်ခုလည်း ဖြစ်သည်။

သို့ရာတွင်၊ ၎င်းက ရှေးဟောင်း သက်ရှိဂြိုလ်တစ်စင်း မဟုတ်ပါ။

၎င်း၏အချင်းက ကြယ်စက်ဝိုင်းတစ်ခုထက် အဆပေါင်း ရာနှင့်ချီ သို့မဟုတ် ထောင်ပေါင်းများစွာ ပိုကြီးသည်။

ထိုထုလုံးတွင် အတားအဆီးတစ်ခုလည်း ရှိနေပုံရသည်။

အဆုံးမရှိသော နိယာမအပျက်အစီးများက ချည်မျှင်များကဲ့သို့ ရောထွေးပြီး ရစ်ပတ်ထား၏။

ထုလုံး၏ မျက်နှာတွင် ဖရိုဖရဲ ကမ္ပည်းအမှတ်အသားမျိုးစုံကလည်း ဖုံးအုပ်ထားသေးသည်။

ကမ္ဘာကြီး ပျက်စီးသွားပြီးနောက် ကျန်ရစ်ခဲ့သော ဖရိုဖရဲနေရာတစ်ခုလိုပင် ဖြစ်သည်။

၎င်းကို အပျက်အယွင်းမြေဟုခေါ်ခြင်းမှာ မဆန်းတော့ပေ။

"ညီနောင်ကျွင်း၊ ကျုပ်တို့ ရောက်ပြီ။ ကွေ့ရှအပျက်အယွင်းက အဲဒီအထဲမှာပဲ"

ခွန်းရွှီကျစ်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က သူ၏ နတ်ဘုရားစိတ်အာရုံကို ကွေ့ရှအပျက်အယွင်းသို့ ပို့လွှတ်လိုက်၏။

သို့သော်... တစ်စုံတစ်ရာက သူ့မြင်ကွင်းကို ပိတ်ဆို့ထားသလို အတွင်းပိုင်းကို မမြင်နိုင်ပေ။

ကျွင်းရှောင်ယောက်၏ အထူးရှေးဦးဝိညာဉ် မျိုးဆက်သုံးခုရှေးဦးဝိညာဉ်မှာ ထာဝရသဲအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိထားသင့်သည်။

သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ခံစားနိုင်စွမ်းက အလွန်ကြောက်စရာကောင်း၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဂြိုလ်များစွာကို လွှမ်းခြုံနိုင်သည်။

သဲတစ်ပွင့်စီက သူ့အသိစိတ်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအခါမှာတော့ ကွေ့ရှအပျက်အယွင်းကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိတော့ပါ။

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဒါက တကယ့်ကို ချောင်းကြည့်လို့မရတဲ့ အလုံပိတ်အခန်းတစ်ခုပဲ"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

"ညီနောင်ကျွင်း၊ ခင်ဗျား သတိထားသင့်တယ်။ ဒီတစ်ခေါက်မှာ ခင်ဗျားကို ပစ်မှတ်ထားကြသူတွေက မနည်းဘူး"

ခွန်းရွှီကျစ်က ပြောလိုက်သည်။

အခြား အင်အားစုများသည်လည်း ကွေ့ရှအပျက်အယွင်း၏ အပြင်ပန်းသို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။

ပြန်လည်ဝင်စားခြင်းပင်လယ်၏ အဖွဲ့ထဲတွင် ရွှမ်ညီအစ်ကိုသုံးယောက်ကို မြင်ရသည်။

ကျွင်းရှောင်ယောက်ကို မြင်သောအခါ သူတို့၏ မျက်လုံးများက အေးစက်မှုတို့ ပေါ်လာကြ၏။ သို့သော်လည်း သူတို့က ရန်စလိုစိတ်ရှိပုံမရဘဲ ဘာမျှမပြောခဲ့ကြပေ။

သူတို့က ကျွင်းရှောင်ယောက်ကို မုန်းတီးကြသည်။

သို့သော်လည်း သူတို့၏ အကန့်အသတ်ကို သိပေသည်။

အမှန်အတိုင်းဆိုရလျှင်၊ ကွေ့ရှအပျက်အယွင်းမှာ ကျွင်းရှောင်ယောက်က သူတို့ကို မတိုက်ခိုက်ခဲ့လျှင်ပင် ကံကောင်းနေပြီ ဖြစ်သည်။

သူတို့က မည်ကဲ့သို့ ရန်စဝံ့မည်နည်း။

ကျွင်းရှောင်ယောက်ကလည်း သူတို့သုံးယောက်ကို လုံးဝ ဂရုမစိုက်ပါ။

သူ့ကို တစ်ချက်ကြည့်ရန်ပင် စိတ်မဝင်စားပေ။

ဒါက သူ့အကျင့် ဖြစ်သည်။ သူက ရှုံးနိမ့်သွားသော ပြိုင်ဘက်များကို သိပ်ပြီး စိတ်မဝင်စားပေ။

"ကျွင်းသခင်လေး၊ ရှင်က ရောက်တောင်ရောက်နေပြီ"

ထိုစဉ်၊ ရင်းနှီးသောအသံကို ကြားလိုက်ရသဖြင့် ကျွင်းရှောင်ယောက်က လှမ်းကြည့်လိုက်သည်။

၎င်းက ရှန်းလင်၏ အဖွဲ့ဝင်များပင်။ ယွင်ထျန်းမေနှင့် လျိုချုံးယန်ကိုလည်း မြင်ရသည်။

သို့ရာတွင်၊ ကျန်းလော့လီတော့ မပါဝင်ခဲ့ပါ။

ဟွင်းယွမ်ရွှေခွက်၏ အကူအညီဖြင့် သူက တိတ်တဆိတ်လေ့ကျင့်သေးပုံရသည်။

ဤကောင်မလေးက အမှန်တကယ် အလုပ်ကြိုးစားနေပုံပင်။

ကျန်းလော့လီက မလာရောက်သောကြောင့် အင်မော်တယ်‌‌ဓာတ်စွမ်းအင်များကို မရရှိနိုင်တော့ပါ။

သို့ရာတွင်...

သူ့ဇနီးသည်ကို လွန်ကဲစွာ ကာကွယ်ပေးတတ်သော ကျွင်းရှောင်ယောက်ကဲ့သို့ အရည်အချင်းရှိ ခင်ပွန်းတစ်ယောက်ဖြင့် အင်မော်တယ်ဓာတ်စွမ်းအင် မရရှိမှာကို အဘယ်ကြောင့် စိတ်ပူရဦးမည်နည်း။

ကျွင်းရှောင်ယောက်က တစ်ယောက်တည်းဖြစ်လျှင်ပင် အင်မော်တယ်ဓာတ်စွမ်းအင် အများအပြားကို သိမ်းယူနိုင်သေးသည်။

ထို့ပြင် ကျွင်းရှောင်ယောက်က ယခုတစ်ကြိမ်တွင် ကွေ့ရှအပျက်အယွင်း၌ ကြွယ်ဝချမ်းသာလာစေရန် စိတ်ပိုင်းဖြတ်ထားသည်။

မည်သည့်နည်းလမ်းကို အသုံးပြုရသည်ဖြစ်စေ၊ အင်မော်တယ်ဓာတ်စွမ်းအင် အများအပြားကို သိမ်းယူရမည်။

"ကျွင်းသခင်လေးက လော့လီကို ရှာနေပုံရတယ်၊ သူက မလာပါဘူး"

ကျွင်းရှောင်ယောက်၏အကြည့်ကို သတိပြုမိသောအခါ ယွင်ထျန်းမေက ပြောလိုက်သည်။

သူမ၏ စိတ်ထဲတွင်တော့ ထိုကဲ့သို့ ဂရုစိုက်တတ်သော လက်တွဲဖော်ကို ပိုင်ဆိုင်ထားသည့် ကျန်းလော့လီကို မနာလိုဖြစ်မိလေသည်။

"ဟင်းဟင်းဟင်း၊ ကျွင်းသခင်လေးက ဘာဖြစ်လို့ ဒီကောင်မလေးကိုပဲ အမြဲအာရုံစိုက်နေရတာလဲ။ တောရိုင်းပန်းလေးက အိမ်ကပန်းလောက် မလှလို့လား"

လျိုချုံးယန်က ညုတုတုရယ်မောရင်း ကျွင်းရှောင်ယောက်ကို မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည်။

ကျွင်းရှောင်ယောက်ကတော့ ရိုးရှင်းစွာ လျစ်လျူရှုလိုက်ပြီး မတုံ့ပြန်ပေ။

ထို့နောက် အမျိုးသမီး အသံတစ်ခုက ထပ်မံထွက်ပေါ်လာသည်။

"ရှောင်ယောက်၊ ရှင် တကယ်ပဲ ရောက်လာခဲ့တာပဲ"

ကျွင်းရှောင်ယောက်က လှမ်းကြည့်လိုက်သောအခါ ရန်ယုမန်ကို မြင်လိုက်ရသည်။

ရဲ့ကူချန်လည်း ရောက်လာ၏။

စစ်ထူရွယ်ကတော့ သူမ၏ခွန်အားက အနည်းငယ် နိမ့်ကျနေသောကြောင့် ကွေ့ရှအပျက်အယွင်းကို မလာခဲ့ပါ။

ရန်ယုမန်က ကျွင်းရှောင်ယောက်ထံသို့ တိုက်ရိုက်လျှောက်လာသည်။

အားကျိုးက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမျှမပြောပေ။

"အို၊ ရှင်က ကျွန်မကို လျစ်လျူရှုထားတာ မဆန်းတော့ပါဘူး။ ရှင်က တောရိုင်းပန်းတစ်ပွင့်ကို ခူးဆွတ်ပြီးပြီပဲ"

ရန်ယုမန်ကို တွေ့သောအခါ လျိုချုံးယန်က ပြက်ရယ်ပြုသောလေသံဖြင့်‌ ပြောလိုက်သည်။

"သူက ဘယ်သူလဲ"

ရန်ယုမန်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

လှပသော အမျိုးသမီးများ ဆုံတွေ့ရာတွင် ဆက်ဆံရေး သုံးမျိုးသာ ရှိနိုင်သည်။

သူတို့က အကောင်းဆုံး သူငယ်ချင်း ဖြစ်လာမည်။

သို့မဟုတ် အချင်းချင်း ရန်လိုကြလိမ့်မည်။

သို့တည်းမဟုတ်... သူတို့က သူငယ်ချင်းများဖြစ်လာသည်ဟု ထင်ရသော်လည်း အချင်းချင်း လျှို့ဝှက်စွာ ယှဉ်ပြိုင်နေကြမည် ဖြစ်သည်။

ဆိုရသော်၊ ရန်ယုမန်က လျိုချုံးယန်အပေါ်တွင် ကောင်းမွန်သောအမြင် မရှိပေ။

"လျစ်လျူရှုလိုက်ပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ထိုအချိန်တွင် အသံဩပြီး လျစ်လျူရှုထားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျွင်းရှောင်ယောက်၊ မင်း တကယ်ပဲ ကွေ့ရှအပျက်အယွင်းကို လာဝံ့တယ်"

စကားသံနှင့်အတူ နတ်ဆိုးအငွေ့အသက်များလည်း မြင့်တက်လာ၏။

ထို့နောက် မောက်မာ၍ ကြီးစိုးသော အငွေ့အသက်များဖြင့် ပုံရိပ်တစ်ခု ဆင်းသက်လာသည်။

သူကား အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူ၏ မဟာနတ်ဆိုးဘုရင် ကူချမ်မြဲ့မှတပါး အခြားမဟုတ်ပေ။

သူ၏ အနက်ရောင်ဆံပင်များက လေထဲတွင် လွတ်လပ်စွာ စီးဆင်းနေသည်။ ခန္ဓာကိုယ် တုပ်ခိုင်သန်မာပြီး လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားများကလည်း အသက်ဝင်နေသကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လူးလွန့်လှုပ်ရှားနေ၏။

သူ့ကိုကြည့်ရသည်မှာ ထူးဆန်းပြီး ကြောက်စရာကောင်းသည်။

သူ့အနားမှာတော့ မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သေမျိုးလောကနှင့် ကင်းကွာပုံရသည့် မိန်းကလေးတစ်ဦး ရှိသည်။

သူက ကျိချင်းရီပင်။

သူတို့နှစ်ယောက် တစ်ချိန်တည်းမှာ ပေါ်လာသည့်အချက်က လူများကို အရမ်းထူးဆန်းသော ခံစားချက်မျိုး ပေးခဲ့သည်။

တစ်ယောက်က အင်မော်တယ်နတ်သမီးတစ်ပါးကဲ့သို့ တည်ငြိမ်စွာ လှပ၍ ကျန်တစ်ယောက်မှာတော့ နတ်ဆိုးသခင်ကဲ့သို့ အရိုင်းဆန်ကာ ကြောက်စရာကောင်းသည်။

"အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူက ဒီခေတ်မှာ ကောင်းကင်အင်မော်တယ်ခန္ဓာနဲ့ ကောင်းကင်နတ်ဆိုးခန္ဓာ နှစ်ခုစလုံးကို စုစည်းနိုင်မယ်လို့ မထင်ထားခဲ့ဘူး"

"သူတို့နှစ်ယောက်သာ ပေါင်းစည်းခဲ့မယ်ဆိုရင် သူတို့ရဲ့ အနာဂတ်အောင်မြင်မှုတွေက ထူးထူးခြားခြားဖြစ်လာမှာ သေချာတယ်"

"အမှန်ပဲ၊ အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူရဲ့ အင်မော်တယ်ရတနာ... အင်မော်တယ်နတ်ဆိုးပန်းချီကားကို အပြည့်အဝထိန်းချုပ်ဖို့ဆိုရင် အင်မော်တယ်နတ်ဆိုးခန္ဓာကို လိုအပ်တယ်လို့ ကြားဖူးတယ်"

လူအများက ဆွေးနွေးလိုက်ကြသည်။

ကူချမ်မြဲ့က ကောင်းကင်နဂါးနှင့်ဖီးနစ်စာရင်းတွင် တတိယအဆင့် ရှိသည်။

သူ၏ ဩဇာအာဏာက သာမန်မဟုတ်ပေ။

ထို့ပြင်၊ ယခုတစ်ကြိမ်တွင် သူက ဓမ္မခန္ဓာ မဟုတ်ဘဲ မူလခန္ဓာဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အားကောင်းသော ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် အငွေ့အသက်များက ကျွင်းရှောင်ယောက်ကို ဖိနှိပ်လိုက်၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က မကြားရသလို ထူးခြားမှု တစ်စုံတစ်ရာ မပြပေ။

"တကယ်တော့ မင်းနဲ့ငါကြားမှာ ပြဿနာ သိပ်မရှိပါဘူး၊ ဒါပေမဲ့ မင်းက ငါ့ကျွန်ကိုသတ်လိုက်တယ်။ ဒီအတွက် သခင်တစ်ယောက်အနေနဲ့ ငါက ကွေ့ရှအပျက်အယွင်းမှာ ဒီအကြွေးကို တောင်းရမယ်"

ကူချမ်မြဲ့၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု တောက်ပလာသည်။

အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေသကဲ့သို့ပင်။

ကျွင်းရှောင်ယောက်က ကျိချင်းရီကို တစ်ချက်ကြည့်လိုက်သည်။

ကျိချင်းရီ၏ အမူအရာက မပြောင်းလဲဘဲ တည်ငြိမ်မှုရှိ၏။

သူပိုင်နိုင်သည်ဟု သတ်မှတ်ထားသော အမျိုးသမီးက သူ့ပြိုင်ဘက်အတွက် အကွက်ဆင်ပေးထားပြီးပြီဖြစ်ကြောင်း ကူချမ်မြဲ့ကိုယ်တိုင် မသိမှာကို ကြောက်ရသည်။

"ဝမ်းနည်းစရာပဲ"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

မိုက်မဲရုံသာဖြစ်လျှင် မျှော်လင့်ချက်ရှိသေးသည်။

သို့သော်လည်း မိုက်မဲခြင်းထက် မောက်မာပြီး သူတစ်ပါးကို မထီမဲ့မြင်ပြုလွန်းပါက ဆေးမမှီသည်အထိ ဖြစ်နိုင်သည်။

"မင်း..."

ကူချမ်မြဲ့၏ မျက်နှာက အေးစက်သွားသည်။

'သူက သူသေခါနီးပြီဆိုတာကို သတိပြုမိပုံမရသေးဘူး'

ကူချမ်မြဲ့က အေးစက်စက်ဖြင့် သူ့စိတ်ထဲမှ တွေးလိုက်၏။

အခြေအနေက တင်းမာနေချိန်...

မှောင်မိုက်၍ ကြီးမားသော လက်ကြီးတစ်ဖက်က ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ကျွင်းရှောင်ယောက်ထံ ဖိနှိပ်လာတော့သည်။

"တောက်ဝမ်"

All Chapters