အခန်း ၁၄၅၂
Vol. 99 Ch. 1452
အခန်း ( ၁၄၅၂ ) မြင့်မြတ်ခန္ဓာမျိုးရိုးက ကျဆင်းထိုက်တာလား။
သက်ရှည်ခြင်းဧကရာဇ်၏သားတော် ရောက်လာပြီးနောက် ကွေ့ရှအပျက်အယွင်း၏ အပြင်ဘက် အခြေအနေမှာ ငြိမ်သက်လာခဲ့သည်။
နောက်ဆုံးတွင်၊ သက်ရှည်ခြင်းဧကရာဇ်သားတော်၏ ဂုဏ်သိက္ခာက မြင့်မားပြီး ကောင်းကင်ကိုးပါး တစ်ခုလုံးတွင် ဂုဏ်သတင်းကျော်ဇောပေသည်။
လူတိုင်းက သက်ရှည်ခြင်းဧကရာဇ်၏သားတော်နှင့် ကျွင်းရှောင်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်ကြသည်။
ဤလူနှစ်ယောက်တွင် တစ်ယောက်က ကောင်းကင်ကိုးပါး၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။
ကျန်တစ်ဦးမှာမူ အင်မော်တယ်နယ်မြေကြီးမှ နံပါတ်တစ် ပါရမီရှင် ဖြစ်၏။
သူတို့နှစ်ဦးကြား တွေ့ဆုံခြင်းက စိတ်ဝင်စားစရာကောင်းသည်။
"သူ့ရဲ့ အငွေ့အသက်တွေက အရင်ကထက် ပိုနက်ရှိုင်းလာတယ်"
ဝမ့်ယန်နှင့် အခြားသူများက သက်ရှည်ခြင်းဧကရာဇ်၏သားတော်ကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာများလည်း အနည်းငယ် လေးနက်သွား၏။
သူတို့က သက်ရှည်ခြင်းဧကရာဇ်၏သားတော်နှင့် ရန်ငြိုးရယ်လို့ မရှိပေ။
သို့ရာတွင်၊ ကွေ့ရှအပျက်အယွင်း၌ အခွင့်အလမ်းများက အကန့်အသတ်ရှိသည်။
ထို့ကြောင့် သူတို့ကို ပြိုင်ဘက်များအဖြစ် သတ်မှတ်နိုင်ပေသည်။
ဤကဲ့သို့ ကြောက်စရာကောင်းသော ပြိုင်ဘက်မျိုးနှင့် ယှဉ်ပြိုင်ရသောအခါ ဖိအားများ အများကြီး ခံစားရမည်မှာ သဘာဝ ဖြစ်သည်။
"မင်းနဲ့ ငါက ဘာမှပတ်သက်မှုမရှိဘူး။ ဒါကြောင့် အချင်းချင်း သိကျွမ်းသလို ပြောဆိုနေစရာ မလိုပါဘူး"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
သူက တစ်ဖက်လူနှင့် လိုက်လျောညီထွေနေပေးမည် မဟုတ်ပေ။
မြင့်မြတ်ခန္ဓာ၏ကျိန်စာက သူ့အား သက်ရှည်ခြင်းကျွန်းနှင့် ရန်သူဖြစ်စေရန် ရည်ရွယ်ထားခဲ့ပြီး ဖြစ်သည်။
"အလို၊ ဒါက ကျွင်းသခင်လေးနဲ့ ကျုပ်တို့ ပထမဆုံး တွေ့ဆုံမှုပဲ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်အပေါ်မှာ ဒီလောက်ရန်လိုနေမယ်လို့ မမျှော်လင့်ထားဘူး"
သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် မှိန်ဖျော့သွားသည်။ သို့ရာတွင်၊ သူက တည်ငြိမ်မှုရှိနေသေးသည်။
"သက်ရှည်ကျွန်းက ဘာတွေလုပ်ခဲ့တယ်ဆိုတာ မင်းမသိဘူးလား။ ဘာဖြစ်လို့ ဟန်ဆောင်နေရသေးတာလဲ"
ကျွင်းရှောင်ယောက်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ စကားများက လူတိုင်းကို အံ့ဩစေခဲ့သည်။
တားမြစ်နယ်မြေများ၏ မျိုးဆက်ဟောင်းအချို့ကတော့ လေးနက်သော အကြည့်မျိုးဖြင့် ကြည့်လာကြ၏။
"ကျွင်းသခင်လေးက ကျဆင်းသွားတဲ့ မြင့်မြတ်ခန္ဓာမျိုးရိုးကို ရည်ညွှန်းချင်တာလား"
သက်ရှည်ခြင်းဧကရာဇ်၏သားတော်က မကွေ့ဝိုက်တော့ဘဲ အမှန်အတိုင်း ပြောလိုက်သည်။
"မြင့်မြတ်ခန္ဓာမျိုးရိုးလား"
လူအတော်များများက စိတ်ရှုပ်ထွေးသွားကြသည်။
သို့သော်လည်း လူအချို့ကတော့ တစ်ချိန်က အရှိန်အဝါကြီးခဲ့ပြီး နောက်ပိုင်းတွင် ကျဆင်းသွားသော ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးအကြောင်းကို တွေးမိလိုက်ပေသည်။
မြင့်မြတ်ခန္ဓာမျိုးရိုး ကျဆင်းသွားရခြင်းမှာ အချက်နှစ်ချက်ကြောင့် ဖြစ်သည်။
တစ်ခုမှာ ကောင်းကင်လမ်းစဉ်၏ ချုပ်နှောင်မှုများဖြစ်သည်။
ကျန်တစ်ခုမှာတော့ မြင့်မြတ်ခန္ဓာ၏ကျိန်စာပင်။
ကောင်းကင်လမ်းစဉ်၏ ချည်နှောင်မှုများက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ တိုးတက်ခြင်းကို သဘာဝအတိုင်း ကန့်သတ်ထားသည်။
ထို့ပြင်၊ မြင့်မြတ်ခန္ဓာကျိန်စာကြောင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာများမှာ အဆုံးသတ်မကောင်းကြတော့ပေ။ သူတို့က ရုတ်တရက်သေဆုံးသွားခြင်း၊ ရူးသွပ်သွားခြင်း သို့မဟုတ် ထူးဆန်းစွာ ပျောက်ကွယ်သွားခြင်းများ ဖြစ်တတ်သည်။
"တကယ်ကို မင်းတို့လုပ်ခဲ့တာပဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"လက်စသတ်တော့ ကျွင်းသခင်လေးရဲ့ ရန်လိုမှုက ဒီလို အသေးအဖွဲကိစ္စလေးကနေ ပေါက်ဖွားလာတာပဲ"
"ကောင်းကင်ကို ဆန့်ကျင်ဖို့ ကြိုးစားခဲ့တဲ့ မြင့်မြတ်ခန္ဓာမျိုးဆက်ဟာ ဒီလောကမှာ အစကတည်းက မရှိသင့်ဘူး။ ဒါကြောင့် သူတို့ရဲ့ ဆုတ်ယုတ်မှုဟာ သဘာဝပါပဲ"
"နောက်ပြီးတော့ ကျွင်းသခင်လေးက မြင့်မြတ်ခန္ဓာတာအိုသန္ဓေအဖြစ် ပြောင်းလဲသွားပြီထင်တယ်။ မြင့်မြတ်ခန္ဓာမျိုးဆက်က ခင်ဗျားအတွက် အဓိပ္ပာယ်မရှိသင့်ဘူး မဟုတ်လား"
"ဘာဖြစ်လို့ ကျွင်းသခင်လေးဟာ ဒီလောက်ကြာကြာ မြှုပ်နှံထားခဲ့တဲ့ အမှန်တရားကို အတင်းအကြပ် လိုက်ရှာချင်ရတာလဲ"
သက်ရှည်ခြင်းဧကရာဇ်၏သားတော်က ရိုးရှင်းသော ကိစ္စတစ်ခုကို ပြောနေသလို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
မြင့်မြတ်ခန္ဓာမျိုးရိုးက ရှည်ကြာသော ဆင်းရဲဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ခံခဲ့ရသည်။
သိုသော်လည်း သူ့ပါးစပ်ထဲမှာတော့ ဒါက ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပင်။
ကျွင်းရှောင်ယောက်၏ မျက်လုံးထဲမှ အေးစက်မှုက ပိုပြင်းထန်လာသည်။
သူ၏ စိတ်အခြေအနေ တည်ငြိမ်မှုဖြင့် ဒေါသထွက်ခဲသည်။
သို့သော်လည်း ယခုတော့ သူ ဒေါသထွက်လာခဲ့မိပြီ။
သူက ကျဆင်းပြီး ခြောက်ကပ်နေသော ရှေးဟောင်းဘုရားကျောင်းအကြောင်းကို ပြန်တွေးလိုက်မိသည်။
အရှက်ခွဲခြင်း၊ အနိုင်ကျင့်ခြင်းများကို ခံစားနေရသော ကျင့်ကြံသူများအကြောင်း တွေးမိ၏။
နင်ချန်၊ ရှောင်ရွှမ်ရွှမ်နှင့် နန်းတော်စောင့် သုံးရာလည်း ရှိသေးသည်။
သူတို့အားလုံးက အပြစ်မရှိဘဲ ခံစားခဲ့ကြရသူများ ဖြစ်သည်။
ထို့ပြင်၊ ဤမြင့်မြတ်ခန္ဓာမျိုးရိုးသည် အင်မော်တယ်နယ်မြေကြီးကို ကာကွယ်ရန်နှင့် မငြိမ်မသက်မှုများကို တားဆီးရန် ရည်စူးထားသူများ ဖြစ်ကြသည်။
သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ်သားတော်၏အမြင်တွင် သူတို့က ကျဆင်းသွားထိုက်သော မျိုးရိုးတစ်ခု ဖြစ်နေပြီ။
"သက်ရှည်ကျွန်းက မှန်ကန်တဲ့အရာကို လုပ်ခဲ့တယ်လို့ မင်း ယုံကြည်နေပုံပဲ"
ကျွင်းရှောင်ယောက်၏ အမူအရာက အပြောင်းအလဲမရှိပေ။ သူ့လေသံကလည်း နွေးထွေးမှု ကင်းမဲ့သည်။
"ဒါက အမှန်တရားပဲလေ"
"မြင့်မြတ်ခန္ဓာမျိုးရိုးက ကိုယ့်အဆင့်ကို မသိဘူး"
"မြင့်မြတ်ခန္ဓာ မျိုးဆက်တိုင်းက မဟာသုတ်သင်ရှင်းလင်းမှုကို ရပ်တန့်ဖို့ ကြိုးစားခဲ့ကြပေမဲ့ တကယ်တမ်းမှာတော့ ဒါက ရထားကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ ကျိုင်းကောင်တစ်ကောင်နဲ့ မခြားဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်"
သက်ရှည်ခြင်းဧကရာဇ်၏သားတော်က ပြောလိုက်သည်။
သူ့စကားများက ရန်ယုမန်၊ ရဲ့ကူချန်နှင့် အခြားသူများ၏ မျက်နှာများကို အေးစက်သွားစေသည်။
မြင့်မြတ်ခန္ဓာမျိုးရိုးက အင်မော်တယ်နယ်မြေကြီးအတွက် ကြီးမားသော ပံ့ပိုးကူညီမှုများကို ပြုလုပ်ခဲ့ကြသည်။
မြင့်မြတ်ခန္ဓာ မျိုးဆက်တိုင်းက လှိုင်းလုံးကြီးများကို ပြောင်းလဲရန်နှင့် ကြီးမားသော မငြိမ်မသက်မှုများကို ကာကွယ်ရန် အကောင်းဆုံးကြိုးစားခဲ့ကြပေသည်။
သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်လုံးထဲမှာတော့ သူတို့က ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အထင်ကြီးလွန်းသလို ဖြစ်လာခဲ့သည်။
ဒါက သူတို့၏ မျက်လုံးများတွင် လူသတ်ချင်စိတ်တို့ ပြည့်နှက်နေစေသည်။
"ကောင်းပြီ၊ ဒီလိုဆိုမှတော့ မြင့်မြတ်ခန္ဓာမျိုးရိုးထက် ပိုနက်ရှိုင်းတဲ့ ဝေဒနာကို မင်းကို ခံစားခွင့်ပေးမယ်"
ကျွင်းရှောင်ယောက်က တစ်လုံးချင်းစီ ပြောလိုက်သည်။
သက်ရှည်ခြင်းဧကရာဇ်သားတော်၏ အမူအရာသည်လည်း အေးစက်သွားသည်။
"ငါဟာ အရင်က မိတ်ဆွေဖွဲ့ချင်ခဲ့ပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူးထင်တယ်"
"ဧကရာဇ်သားတော်ကို မလေးမစားလုပ်တဲ့အတွက် နောင်တရတယ်ဆိုတာ ဘာကိုဆိုလိုမှန်း နင် သိလာရလိမ့်မယ်"
"ဧကရာဇ်သားတော်က နှိမ့်ချပြီး နင့်ကို ဒီအခွင့်အရေးပေးဖို့ ဆန္ဒရှိပေမဲ့ ဒါကို တန်ဖိုးထားရကောင်းမှန်း မသိဘူး။ မိုက်မဲလွန်းတာပဲ"
သူ့ဘေးနားရှိ၊ သက်ရှည်ခြင်းနတ်ဘုရားမ၏ လှပသောမျက်လုံးများတွင်လည်း အေးစက်၍ လှောင်ပြောင်သရော်ခြင်း အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ထိုအချိန်တွင်၊ အားကျိုးက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
နေနှင့်လ လှည့်ပတ်နေသကဲ့သို့ မျက်ဆန်နှစ်စုံမှ အေးစက်သော အလင်းတစ်ခု ဖြာထွက်လာခဲ့၏။
"သခင်လေးကို ဘယ်လိုလူမှ ဒီလိုစကားမျိုး ပြောပိုင်ခွင့်မရှိဘူး"
အားကျိုးက အေးစက်စွာ ပြောလိုက်သည်။
"အလို၊ နှစ်သွယ်မျက်လုံးပိုင်ရှင်လား"
သက်ရှည်ခြင်းဧကရာဇ်၏သားတော်မှာ အံ့အားသင့်ခြင်း အရိပ်အယောင်တို့ ပေါ်လာသည်။
ဤကဲ့သို့သော အရည်အချင်းနှင့် ခွန်အားရှိသော အမျိုးသမီးတစ်ဦးက တစ်စုံတစ်ယောက်အတွက် ဓမ္မကာကွယ်သူဖြစ်လာရန် ဆန္ဒရှိနေသည်။
အံ့ဩစရာပင်။
ထိုအချိန်တွင်... ရဲ့ကူချန်ကလည်း ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။ သူ့ထံမှ အေးစက်သော ဓားစိတ်ဆန္ဒတို့ ပေါက်ကွဲထွက်လာခဲ့၏။
"မင်း မိန်းမရွှင်၊ မင်း နောက်ထပ် ထပ်ပြောကြည့်လိုက်စမ်း"
"နင်...."
သက်ရှည်ခြင်းနတ်ဘုရားမ၏ မျက်နှာလည်း အေးစက်တင်းမာသွားသည်။
ကောင်းကင်ကိုးပါးတွင် အလှဆုံး အမျိုးသမီးဖြစ်သော သူမကို မိန်းမရွှင်ဟု အမှန်တကယ် ခေါ်ဝံ့သည်။
ဤစကားမျိုးက ကြမ်းတမ်းလွန်းပြီး သည်းမခံနိုင်စရာပင်။
သို့သော်၊ ထိုအချိန်တွင် ကြောက်စရာကောင်းသော ဖိအားတစ်ခုက သူ့ထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးထားသော ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရသကဲ့သို့ပင်။
ထိုပုံရိပ်က သူ့ကို အလွန်အမင်း ကြောက်ရွံ့မှုတို့ ပြည့်နှက်စေခဲ့သည်။
ယင်းကြောင့် သက်ရှည်ခြင်းနတ်ဘုရားမသည် မျက်နှာပျက်သွား၏။
ရဲ့ကူချန်က ဓားသင်္ချိုင်းတွင် လေ့ကျင့်နေခဲ့ပြီး သူ၏တိုးတက်မှုမှာ အလွန်မြန်ဆန်ခဲ့သည်။ ယခုအခါ သူက တော်ရုံ ဆန်းကြယ်ကောင်းကင်အဓိပတိများကို မကြောက်တော့ပေ။
ဒါကိုမြင်တော့ သက်ရှည်ခြင်းဧကရာဇ်၏သားတော်က ရှေ့သို့တိုးလာသည်။ သူက သက်ရှည်ခြင်းနတ်ဘုရားမ၏ ဖိအားများကို ဖယ်ရှားပေးလိုက်၏။
ရဲ့ကူချန်ကို အကဲခတ်သလိုကြည့်ရင်း သူ့မျက်လုံးများတွင် နက်ရှိုင်းသော အရိပ်အယောင်များ ပေါ်လာသည်။
"ဒါက ဓားသင်္ချိုင်းက အဲဒီလူနဲ့ ပတ်သက်မှုရှိနိုင်မလား။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် ငါ့ရဲ့လူကို ထိခွင့်မရှိဘူး"
ထိုအခိုက်တွင်၊ ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်လေသည်။
"နေပါစေတော့၊ ဒေါသထွက်တာက ကျန်းမာရေးအတွက် မကောင်းဘူး"
"ဆူညံတတ်တဲ့ ပိုးကောင်တစ်ကောင်ကို ကြုံရရင် အခွင့်ရတဲ့အခါ အမှုန့်ကြိတ်ပစ်လိုက်ရမယ်။ သူနဲ့ အရမ်းငြင်းခုံနေစရာ မလိုဘူး"
ကျွင်းရှောင်ယောက်က သူတို့နှစ်ဦးကို လျစ်လျူရှုလိုက်သည်။
ကွေ့ရှအပျက်အယွင်းကိုရောက်မှ အားလုံးကို ဖြေရှင်းရလိမ့်မည်။
သူတို့ကို လောကကြီး၏ ရက်စက်ကြမ်းကြုတ်ပုံအား ခံစားရစေမည်။