အခန်း ၁၄၅၃
Vol. 99 Ch. 1453
အခန်း ( ၁၄၅၃ ) ကွေ့ရှအပျက်အယွင်းမှ အခွင့်အလမ်းများ။
ကျွင်းရှောင်ယောက်နှင့် သက်ရှည်ခြင်းဧကရာဇ်၏သားတော်တို့ကြားမှ ပဋိပက္ခကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ကွေ့ရှအပျက်အယွင်း၏ အပြင်ဘက်တွင် အနည်းငယ် တိတ်ဆိတ်နေပေသည်။
သို့သော်လည်း ရောက်ရှိလာသူ အများစုက ကျွင်းရှောင်ယောက်အပေါ် ကောင်းမွန်သောအမြင် မရှိပါ။
သူ့တွင် ရန်သူအများကြီးရှိပြီး တစ်ယောက်ချင်းစီကလည်း အလွန်အမင်း အစွမ်းထက်ကြသည်။
အာဒိကပ္ပ ခရမ်းရောင်ချီမျိုးစေ့ကို ပိုင်ဆိုင်ထားသူ ဝမ့်ယန်...
အင်မော်တယ်နတ်ဆိုးခန္ဓာကို ပိုင်ဆိုင်ထားသော မဟာနတ်ဆိုးဘုရင် ကူချမ်မြဲ့...
တောက်ထျဲသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရုံသာမက ဝါးမျိုခြင်းအင်မော်တယ်ကျမ်းကို လေ့ကျင့်ထားပြီး ကိုယ်ပိုင်လမ်းကြောင်းသစ် ဖောက်လုပ်ထားသည့် တောက်ဝမ်...
သက်ရှည်ကျွန်း၏ အင်မော်တယ်ကျမ်းကို လေ့ကျင့်ထားပြီး လူမသိသော အင်အားမျိုးရှိသည့် သက်ရှည်ခြင်းနတ်ဘုရားမ...
သူတို့အားလုံးထက် အပြတ်အသတ် သာလွန်နေသည့် သက်ရှည်ခြင်းဧကရာဇ်၏သားတော်...
ထို့ပြင် ကောင်းကင်ကိုးပါးမှ သူ့ကို လက်မခံလိုသော ထိပ်တန်းပါရမီရှင်များနှင့်အတူ ကျွင်းရှောင်ယောက်အတွက် ကွေ့ရှအပျက်အယွင်းမှ လွတ်မြောက်နိုင်ရန် ခက်ခဲမည် ဖြစ်သည်။
နောက်ဆုံးမှာတော့ သူ့ဘက်မှ ခွန်းရွှီကျစ်၊ ရန်ယုမန်နှင့် အခြားသူများက လုံလောက်အောင် မသန်မာကြသေးပေ။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်လျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။
ထို့ပြင် ယွင်ထျန်းမေကလည်း ဤပြိုင်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် အာဏာမရှိပေ။
အားကျိုးအတွက်တော့ ကွေ့ရှအပျက်အယွင်းကို ဝင်ရောက်ရန် အရည်အချင်းပင် မရှိခဲ့ပါ။ သူက ကျွင်းရှောင်ယောက်ကို ဤနေရာသို့ လိုက်ပို့ပေးရုံသာ ဖြစ်သည်။
ကျွင်းရှောင်ယောက်ကို ကူညီပြီး သူနှင့်အတူ တိုက်ပွဲဝင်ရန် အရည်အချင်းပြည့်မီသူက ရဲ့ကူချန်တစ်ဦးသာ ရှိသည်။
အချုပ်ဆိုရသော်၊ ကျွင်းရှောင်ယောက်ဘက်မှ အင်အားက နည်းလွန်းလှသည်။
သို့သော်...
စစ်မှန်သော အခြေအနေက ထိုသို့ဖြစ်ပါ့မလား။
..........
ကွေ့ရှအပျက်အယွင်း အပြင်ဘက်တွင် လူတိုင်းက ငြိမ်သက်စွာ စောင့်နေခဲ့ကြသည်။
ထိုအချိန်တွင် ကွေ့ရှအပျက်အယွင်းမှ ထူးဆန်းသော လှုပ်ရှားမှုများကို ထပ်မံကြားလိုက်ရ၏။
အပျက်အယွင်း၏ မျက်နှာပြင်တွင် ကျိုးပျက်နေသော ဖရိုဖရဲနိယာမများက ဆူပွက်လှုပ်ရှားလာပုံရသည်။
ကြယ်စက်ဝိုင်းကဲ့သို့ ဧရာမစက်လုံး၏ မျက်နှာပြင်အကာအရံမှာ တဖြည်းဖြည်းချင်း အက်ကွဲလာတော့သည်။
"ကွေ့ရှအပျက်အယွင်း ဖွင့်ပြီဟေ့"
လူတိုင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ဒါက မျိုးဆက်တစ်ခုမှာ တစ်ကြိမ်သာရသော အခွင့်အရေးတစ်ခုပင်။
၎င်းက မငြိမ်မသက်မှုကြီးများမတိုင်မီတွင် ပါရမီရှင်များကို ပေးအပ်သော အကောင်းဆုံးအခွင့်အလမ်း ဖြစ်သည်။
နောက်ဆုံးတွင်၊ ယဇ်ဆရာသခင်များ၏ အခမ်းအနားစတင်လိုက်သည်နှင့် အကျိုးကျေးဇူးအများစုကို ယဇ်ဆရာသခင်များနှင့် တားမြစ်နယ်မြေအမျိုးမျိုးမှ တားမြစ်ပုဂ္ဂိုလ်များက ခွဲဝေယူကြလိမ့်မည်။
လူငယ်မျိုးဆက်အတွက် ထိုအချိန်တွင် အခွင့်အလမ်းများ ရရှိနိုင်ရန် ခက်ခဲသည်။
သို့သော်လည်း ယခုတော့ သူတို့၏ စွမ်းရည်အရ အင်မော်တယ်ဓာတ်စွမ်းအင်များကို ရရှိနိုင်ပြီဖြစ်သောကြောင့် အဘယ်ကြောင့် မလုပ်ရမည်နည်း။
ထို့ကြောင့် ကွေ့ရှအပျက်အယွင်း ဖွင့်လှစ်သည်နှင့် ကောင်းကင်ကိုးပါး၏ ပါရမီရှင်အများစုမှာ အလင်းတန်းများအဖြစ် တိုက်ရိုက်ပျံသန်းသွားတော့သည်။
တောင်ဝမ်၊ ကူချမ်မြဲ့နှင့် အခြားသူများက ကွေ့ရှအပျက်အယွင်းသို့ မဝင်မီ ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်ကြသည်။
"ကျွင်းရှောင်ယောက်၊ မင်းသာ ယောက်ျားဆိုရင် နောက်မဆုတ်ပါနဲ့။ ဒီသခင်လေးက ကွေ့ရှအပျက်အယွင်းမှာ မင်းကိုစောင့်နေမယ်"
ဝမ့်ယန်က ပြောဆိုပြီးနောက် လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ကွေ့ရှအပျက်အယွင်းသို့ ပျံသန်းသွားသည်။
သက်ရှည်ခြင်းဧကရာဇ်၏သားတော်ကလည်း ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
"ငါသာ မင်းနေရာမှာဆိုရင် အခုချိန်မှာ ရှေ့ဆက်မတိုးတော့ဘဲ နောက်ပြန်လှည့်ပြီး ထွက်သွားမိမှာပဲ၊ ဒါက အကောင်းဆုံး ရွေးချယ်မှုလည်း ဖြစ်တယ်"
"ကွေ့ရှအပျက်အယွင်းက အကြောင်းအကျိုးအားလုံးကို ဖြတ်တောက်ထားတာကြောင့် ငါတို့ ဝင်သွားပြီးရင် အခွင့်အရေး လုံးဝ မရှိဘူး"
သက်ရှည်ခြင်းဧကရာဇ်၏သားတော်က ခေါင်းကို အနည်းငယ် ခါယမ်းပြီး ကွေ့ရှအပျက်အယွင်းသို့ လျှောက်လှမ်းသွားလေသည်။
သက်ရှည်ခြင်းနတ်ဘုရားမကလည်း လှောင်ပြုံးပြုံးကာ သူ့နောက်သို့ လိုက်ပါသွားခဲ့သည်။
"တော်တော် စိတ်ရှုပ်ဖို့ကောင်းတယ်"
ရန်ယုမန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
ကောင်းကင်ကိုးပါးမှ ဤလူငယ်တိုင်းက အလွန်မာနထောင်လွှားပြီး လူတိုင်းကို အထင်သေးကြ၏။
ကျွင်းရှောင်ယောက်ကတော့ သိပ်ပြီး ဂရုမစိုက်တော့ပေ။
"ကိစ္စမရှိပါဘူး၊ လူတစ်ယောက်ရဲ့ အမြင်နဲ့ နားလည်မှုက အကန့်အသတ်ရှိတယ်"
"ရေတွင်းအောက်ခြေက ဖားတစ်ကောင်ဟာ ကောင်းကင်ကြီးရဲ့ ကျယ်ပြောမှုကို မသိနိုင်ဘူး"
ထို့နောက်တွင် သူက ခွန်းရွှီကျစ်လက်သို့ လှည့်ပြီးမေးလိုက်သည်။
"ညီနောင်ခွန်း၊ ကွေ့ရှအပျက်အယွင်းမှာ ဘယ်လိုအခွင့်အလမ်းမျိုးတွေ ရှိလဲဆိုတာ ခင်ဗျားသိလား"
သူက အခွင့်အလမ်းများအကြောင်းကို ကြိုတင်သိလိုသည်။
ခွန်းရွှီကျစ်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ကွေ့ရှအပျက်အယွင်းမှာ ဆွဲဆောင်မှုအရှိဆုံးအရာကတော့ သဘာဝအတိုင်း အကြွင်းအကျန် အင်မော်တယ်ဓာတ်စွမ်းအင်တွေပဲ"
"ညီနောင်ကျွင်း မသိလောက်သေးဘူး၊ ကွေ့ရှအပျက်အယွင်းရဲ့ အတွင်းပိုင်းမှာ အင်မော်တယ်ကျောက်တွင်းလို့ လူသိများတဲ့ နေရာတွေရှိတယ်"
"အင်မော်တယ်တံခါး ပေါ်လာတိုင်းမှာ အင်မော်တယ်ဓာတ်စွမ်းအင်တွေက အနည်းနဲ့အများ ကျန်ရှိတတ်ပြီး အချိန်ကြာလာတာနဲ့အမျှ အင်မော်တယ်ကျောက်တွင်းတွေ ဖြစ်ပေါ်လာလိမ့်မယ်"
"ဒီအင်မော်တယ်ကျောက်တွင်းမှာ မြေအောက်ကို နစ်မြုပ်နေတာ အချိန်ကြာပြီးနောက် အင်မော်တယ်ကျောက်အဖြစ် ဖွဲ့စည်းလာနိုင်တံ အင်မော်တယ်သွေးကြော ရှိတတ်တယ်လေ"
"ဒီအင်မော်တယ်သွေးကြောတွေက မသန့်စင်ပေမဲ့ အခွင့်သာရင် သန့်စင်တဲ့ အင်မော်တယ်ဓာတ်စွမ်းအင်တွေကို ထုတ်ယူနိုင်တယ်"
"ကံများကောင်းလာပြီဆိုရင် ပထမတန်းစား အင်မော်တယ်သွေးကြောကို ရှာတွေ့နိုင်ပြီး အင်မော်တယ်ဓာတ်စွမ်းအင်တွေကို ပိုပြီး ထုတ်ယူနိုင်လိမ့်မယ်"
"ဒါဆို အင်မော်တယ်သွေးကြောတွေက အဆင့်သတ်မှတ်ချက်ရှိတာပေါ့"
ကျွင်းရှောင်ယောက်က မေးသည်။
ခွန်းရွှီကျစ်က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်၏။
"အင်မော်တယ်သွေးကြောတွေကို ပထမအဆင်၊ ဒုတိယအဆင့် စသည်ဖြင့် ခွဲထားပါတယ်"
"အဲဒါတွေက ဆယ်မိုင်၊ မိုင်တစ်ရာနဲ့ မိုင်တစ်ထောင် ရှည်လျားမှုရှိကြတယ်"
"အဆင့်မြင့်လေလေ၊ အင်မော်တယ်ဓာတ်စွမ်းအင်တွေကို ပိုပြီး ထုတ်ယူနိုင်လေပဲ"
"ဒါပေမဲ့ ပထမတန်းစား အင်မော်တယ်သွေးကြောတွေက တွေ့ဖို့ခက်ခဲပြီး ကံအပေါ်မှာပဲ မူတည်တယ်"
"တားမြစ်နယ်မြေတွေက ပါရမီရှင်အားလုံးကို ကွေ့ရှအပျက်အယွင်းထဲ ဝင်ရောက်ခွင့်ပြုရတဲ့ အကြောင်းရင်းက သူတို့ကို အင်မော်တယ်သွေးတွေ ရှာဖွေပြီး ရယူနိုင်စေဖို့ပဲ"
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"နောက်ပြီးတော့ ကွေ့ရှအပျက်အယွင်းရဲ့ နက်နဲရာမှာ ရွန်းတွေအပြည့်ရှိတဲ့ ဒဏ္ဍာရီလာ လျှို့ဝှက်နယ်မြေတစ်ခု ရှိတယ်။ အဲဒါက နိယာမတွေကို နားလည်ဖို့ အသင့်တော်ဆုံးနေရာပဲ"
"ဒါပေမဲ့ အဲဒီနေရာကိုမသွားဖို့ အကြံပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွန်းနယ်မြေက အရမ်းထူးဆန်းလို့ပဲ။ အဲဒီမှာ ဝိညာဉ်ကျိန်စာတစ်မျိုးမျိုးရှိတယ်လို့ ကျုပ်ကြားဖူးတယ်၊ ပါရမီရှင်တွေ အများကြီး အဲဒီမှာ သေဆုံးခဲ့ကြရတယ်"
ရွန်းနယ်မြေအကြောင်း ပြောသောအခါ ခွန်းရွှီကျစ်က အလွန်သတိထားနေပုံရသည်။
ထို့ပြင် သူက နောက်ထပ် နိယာမများကို နားလည်ရန် မလိုအပ်သဖြင့် ထိုနေရာမျိုးကို မသွားလိုတော့ပေ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က စိတ်ဝင်စားမှု အရိပ်အယောင်တို့ လှစ်ဟလာသည်။
သူ့ရည်မှန်းချက်က နိယာမသုံးထောင်ကို နားလည်ရန်ပင်။
အနာဂတ်တွင် လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ရန်သူအားလုံးကို နှိမ်နင်းရန် မဟာလမ်းစဥ်သုံးထောင်ကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။
"လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတဲ့ ကျိန်စာတစ်ခုလား"
ကျွင်းရှောင်ယောက်က ဤအချက်ကို စိတ်ထဲမှ မှတ်ထားလိုက်သည်။
"နောက်ပြီးတော့ ကွေ့ရှအပျက်အယွင်းမှာ လျှို့ဝှက်ဆန်းကြယ်ဆုံးနဲ့ ရှေးအကျဆုံးနေရာက အင်မော်တယ်ယဇ်ပလ္လင်ပဲ"
"အဲဒီမှာ ယဇ်ဆရာသခင်တွေက ယဇ်ဆရာသခင်အခမ်းအနားကို စတင်ကြတယ်"
"အဲဒီနေရာမှာ ကြောက်စရာကောင်းလွန်းတဲ့ ဖိအားတွေနဲ့ ပြည့်နှက်နေတာကြောင့် သာမန်ပါရမီရှင်တွေက လုံးဝနီးစပ်အောင် မလုပ်နိုင်ကြဘူး"
"ကောလဟာလတွေအရ အင်မော်တယ်ယဇ်ပလ္လင်မှာ ကွေ့ရှအပျက်အယွင်းမှာတွေ့ရတဲ့ အခွင့်အလမ်းအားလုံးထက် အများကြီး သာလွန်တဲ့ ရှားပါးအခွင့်အရေးတစ်ခုရှိတယ်တဲ့"
"ဒါပေမဲ့ အဲဒါက ကျုပ်တို့ လူငယ်မျိုးဆက်တွေအတွက် လက်လှမ်းမမီတဲ့ အရာပါ"
"အဲဒါက ယဇ်ဆရာသခင်တွေနဲ့ သက်ဆိုင်တဲ့အရာဖြစ်ပြီး ယဇ်ဆရာသခငတွေပဲ အဲဒါကို ဝင်ရောက်ကြည့်ရှုခွင့်ရှိတယ်"
အင်မော်တယ်ယဇ်ပလ္လင်အကြောင်း ပြောသောအခါ ခွန်းရွှီကျစ်က အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
ကွေ့ရှအပျက်အယွင်းရှိ အခွင့်အလမ်းအားလုံးကို ပေါင်းစပ်လိုက်လျှင်ပင် အင်မော်တယ်ယဇ်ပလ္လင်ကို ယှဉ်မရဘူးဟု ဆိုရမည်။
သို့သော်လည်း အင်မော်တယ်ယဇ်ပလ္လင်က ဤပါရမီရှင်တွေအတွက် လက်လှမ်းမမီနိုင်သောအရာ ဖြစ်သည်။
သို့ရာတွင်... ကျွင်းရှောင်ယောက်၏ မျက်လုံးများက ဤစကားကို ကြားပြီးနောက် ပို၍ပင် တောက်ပလာသည်။
သူ့တွင် ယဇ်ဆရာသခင်၏အမိန့်ရှိသည် မဟုတ်လော။
၎င်းက အင်မော်တယ်ယဇ်ပလ္လင်အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်။