← Chapters

အခန်း ၁၄၅၇

Vol. 99 Ch. 1457

အခန်း ၁၄၅၇

Vol. 99 Ch. 1457

အခန်း ( ၁၄၅၇ ) နိယာမ တစ်ရာ့ငါးဆယ်။

သက်ရှည်ခြင်းနတ်ဘုရားမမှာ သူ အိပ်မက်ဆိုးတစ်ခု မက်နေခြင်းဟု ခံစားလိုက်ရသည်။

သက်ရှည်ကျွန်း၏ ပါရမီရှင်မလေးတစ်ယောက်အနေဖြင့် သူသည် အခြားသူများထက် အမြဲတမ်း သာလွန်မှုကို ခံစားခဲ့ရပေသည်။

သူမကို ကောင်းကင်ကိုးပါးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကလည်း နတ်ဘုရားမတစ်ပါးအဖြစ် ရိုသေလေးစားခဲ့ကြသည်။

အမျိုးသားတိုင်းလိုလိုကလည်း သူမကို ပိုးပန်းနေပြီး ချစ်ခင်နှစ်သက်ကြ၏။

သို့သော်လည်း သက်ရှည်ခြင်းနတ်ဘုရားမ၏ နှလုံးသားကိုတော့ သက်ရှည်ခြင်းဧကရာဇ်၏သားတော်မှတပါး မည်သူမျှ မအောင်နိုင်ခဲ့ပေ။

သို့ရာတွင်...

ယခုတော့ ကျွင်းရှောင်ယောက်က အောင်နိုင်ခဲ့ပြီ ဖြစ်သည်။

အောင်နိုင်မှုနည်းလမ်းက မတူညီရုံသာ။

"ကျွင်းရှောင်ယောက်၊ နင် အသေဆိုးနဲ့ သေရလိမ့်မယ်"

သက်ရှည်ခြင်းနတ်ဘုရားမက ကျိန်ဆဲလိုက်သည်။

ဤကဲ့သို့ နှိပ်စက်ခြင်းက သူမကို သတ်လိုက်ခြင်းထက် ပို၍ နာကျင်စေသည်။

"ငါ့ကိုသေစေချင်တဲ့သူတွေက အရမ်းများနေပါပြီ"

"မင်းက ပထမဆုံးမဟုတ်ဘူးသလို နောက်ဆုံးလည်း ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကံမကောင်းချင်တော့ ငါက အတော်လေး အဆင်ပြေနေသေးတယ်"

ကျွင်းရှောင်ယောက်က သက်ရှည်ခြင်းနတ်ဘုရားမ၏ ဦးခေါင်းကို တက်နင်းလိုက်သည်။

သူ့ခြေထောက်ကို အနည်းငယ် အားစိုက်လိုက်ရုံဖြင့် လှပသော ထိုဦးခေါင်းကို ကြိတ်ချေပြီး ရှေးဦးဝိညာဉ်ကိုပါ ပျက်စီးစေလိမ့်မည်။

သို့ရာတွင် ကျွင်းရှောင်ယောက်က ထိုသို့မလုပ်ခဲ့ပေ။

အကြောင်းမှာ၊ သူက သက်ရှည်ခြင်းနတ်ဘုရားမကို ထိုမျှ မြန်မြန်ဆန်ဆန် သေစေလောက်အောင် ကရုဏာမထားသောကြောင့်ပင်။

"စိတ်မပူပါနဲ့၊ မင်း သေရဦးမှာမဟုတ်ဘူး။ ဒါမှမဟုတ် မင်း သေချင်ရင်တောင် သေဖို့ ခက်တယ်"

"မင်းက သက်ရှည်ခြင်းဧကရာဇ်သားတော်ကို မျှော်လင့်နေသေးတယ် မဟုတ်လား။ သူက မင်းကို ကယ်တင်လိမ့်မယ်လို့ မျှော်လင့်နေတယ်ဆိုတာ ငါသိတယ်"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

သက်ရှည်ခြင်းနတ်ဘုရားမက အသံမထွက်လာတော့ပေ။

"စိတ်မပူပါနဲ့၊ အခုချိန်မှာ မင်းကိုသတ်လိုက်ရင်တောင် ကြောက်ရွံ့မှုကို ခံစားရရုံပဲရှိမယ်"

"ဒါပေမဲ့ ငါက မင်းကို ကြောက်ရွံ့မှုထက် ပိုနက်ရှိုင်းတဲ့ စိတ်ပျက်အားငယ်မှုကို ခံစားစေချင်တယ်"

"နောက်ပြီးတော့ အကြီးမားဆုံး စိတ်ပျက်အားငယ်မှုဆိုတာက မင်းရဲ့ မျက်စိရှေ့မှာ မျှော်လင့်ချက်တွေအားလုံး ပြိုကွဲသွားတာပဲ"

ကျွင်းရှောင်ယောက်က အေးစက်စွာ ပြုံးလိုက်သည်။

"ငါမယုံဘူး"

သက်ရှည်ခြင်းနတ်ဘုရားမက အံတင်းတင်းကြိတ်ထားလိုက်၏။

သူ သည်းခံနေနိုင်သရွေ့ သက်ရှည်ခြင်းဧကရာဇ်၏သားတော်က သူမကို ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ကျွင်းရှောင်ယောက်က ဘာမှထပ်မပြောတော့ပေ။

သူ့လက်တစ်ဖက်ကို မြှောက်လိုက်သောအခါ တားမြစ်အင်မော်တယ် စတုတ္ထတံဆိပ်တော်၏ တံဆိပ်ခတ်ခြင်းစွမ်းအားက သက်ရှည်ခြင်းနတ်ဘုရားမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကာ လုံးဝ ချုပ်နှောင်ထားလိုက်သည်။

ထို့နောက်မှာတော့ ကျွင်းရှောင်ယောက်က သက်ရှည်ခြင်းနတ်ဘုရားမကို လျစ်လျူရှုကာ ဦးခေါင်းခွံကို စတင်သန့်စင်လိုက်တော့သည်။

သက်ရှည်ခြင်းနတ်ဘုရားမ၏ ကျင့်ကြံမှုကို တံဆိပ်ခတ်ထားသောကြောင့် ယခုအခါ သာမန်လူတစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။

ထို့ပြင် သူမ၏ သေခြင်းရှင်ခြင်းက ယခုအခါ ဂျွန်ရှောင်ယောင်း၏ လက်ထဲတွင် ရှိနေပြီ။

'ဟမ့်၊ ငါ သေလို့မရဘူး။ သက်ရှည်ခြင်းဧကရာဇ်သားတော်ရဲ့ လက်ချက်နဲက နင် သေရတာကို ငါ့မျက်စိနဲ့ ကိုယ်တိုင်သက်သေပြုရဦးမယ်'

သက်ရှည်ခြင်းနတ်ဘုရားမက အေးစက်စွာ တွေးလိုက်သည်။

တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က သလင်းကျောက်ကဲ့သို့ ကြည်လင်သော ဦးခေါင်းခွံကို သန့်စင်ရန် အာရုံစိုက်လိုက်၏။

မူလက သူသည် နိယာမ စွမ်းအားကိုသာ နားလည်လိုခဲ့သည်။

သို့သော်လည်း ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်က သူ၏ ရှေးဦးဝိညာဉ်ကို ဝါးမျိုရန် ကြိုးစားလာသည်။

ထို့ကြောင့် သူ့ကို တန်ပြန်သန့်စင်ရန်မှတပါး အခြားမရှိတော့ပေ။

သို့သော်လည်း ဤမတိုင်မီတွင် ကျွင်းရှောင်ယောက်က နိယာမများကို နားလည်ရန် လိုအပ်သည်။

ကြည်လင်သော ဦးခေါင်းခွံအတွင်းတွင် နိယာမများက ရောယှက်နေပြီး မိုးနှင့်မြေ၏ အနက်ရှိုင်းဆုံးသော အမှန်တရားများကို ရှင်းပြနေပုံရသည်။

ထိုပုဂ္ဂိုလ် မသေဆုံးမီက အလွန်စွမ်းအားကြီး၍ နိယာမများစွာကို နားလည်နိုင်ခဲ့သော အကျော်အမော်တစ်ဦး ဖြစ်ရမည်။

ထို့နောက်တွင် ကျွင်းရှောင်ယောက်က ၎င်းကို စတင်နားလည်ဆင်ခြင်လိုက်သည်။

သူသည် နိယာမတစ်ခုစီကို ကောင်းစွာ ချေဖျက်နိုင်ခဲ့ပြီး သူ့ကိုယ်ပိုင်အဖြစ် ပေါင်းစပ်ခဲ့၏။

သာမန်ပါရမီရှင်တစ်ယောက်က ဤသို့သော ရတနာမျိုးကို ပိုင်ဆိုင်ထားလျှင်ပင် ချေဖျက်ရန် အချိန်အများကြီးလိုအပ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အရည်အချင်းဖြင့် ပြဿနာမရှိဘဲ စီးဆင်းနေသော ရေပမာ ချောမွေ့ခဲ့ပေသည်။

သူ့ပတ်ပတ်လည်တွင် အလင်းရောင်အမျိုးမျိုး ဖြာထွက်လာသည်။

၎င်းက နိယာမအသစ်များပင်။

"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ နိယာမတွေကို နားလည်နိုင်ရတာလဲ"

တစ်ဖက်တွင်၊ တံဆိပ်ခတ်ခံထားရသော သက်ရှည်ခြင်းနတ်ဘုရားမက ဤမြင်ကွင်းကိုကြည့်ရင်း ထိတ်လန့်ခြင်းနှင့် အံ့အားသင့်ခြင်းများ ပြည့်လာသည်။

ဤအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ တောက်ပသော နိယာမအလင်းများကို ထုတ်လွှတ်လိုက်ပြီး မိုးနှင့်မြေကြားတွင် ထွန်းလင်းသွား၏။

အဆုံးတွင်...

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို နိယာမအလင်း တစ်ရာကျော်က ဝန်းရံနေတော့သည်။

အလင်းတန်းတစ်ခုစီက အလွန်တောက်ပသည်။

ခန္ဓာ နိယာမ၊ ပြန်လည်ဝင်စားခြင်းနိယာမ၊ ဟင်းလင်းပြင်နိယာမနှင့် ဝါးမျိုခြင်းနိယာမတို့အပြင် သလင်းဦးခေါင်းခွံအတွင်းမှ နားလည်ပြီး သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲခဲ့သော နိယာမအသစ်များလည်း ရှိ‌သေးသည်။

တိုက်ခိုက်ရေးနိယာမ၊ ညှိုးနွမ်းခြင်းနိယာမ၊ ကြွယ်ဝခြင်းနိယာမ၊ အဆိပ်နိယာမ၊ ပြောင်းလဲခြင်းနိယာမ၊ အေးခဲခြင်းနိယာမ၊ ဆင့်ခေါ်ခြင်းနိယာမ...

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ နိယာမများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ဤနိယာမများသည် ပြန်လည်ဝင်စားခြင်းနိယာမ၊ ဟင်းလင်းပြင်နိယာမ သို့မဟုတ် ကစဉ့်ကလျားနိယာမများကဲ့သို့ အဆင့်မြင့်မားခြင်းမရှိသော်လည်း နိယာမသုံးထောင်ထဲမှာ အပါအဝင် ဖြစ်နေကြသေးသည်။

၎င်းတို့ထဲမှ တစ်ခုခုမပါဘဲ ပြီးပြည့်စုံသော နိယာမသုံးထောင်ကို ဖွဲ့စည်းနိုင်မည် မဟုတ်ပါ။

တစ်ချိန်တည်းမှာပင်၊ သက်ရှည်ခြင်းနတ်ဘုရားမ၏ မျက်လုံးများက ထိုမြင်ကွင်းကြောင့် ဝိုင်းလာခဲ့သည်။

သူက မသိစိတ်၏ စေ့ဆော်မှုဖြင့် ၎င်းတို့ကို ရေတွက်လိုက်၏။

"တစ်၊ နှစ်၊ သုံး..."

အဆုံးတွင် သက်ရှည်ခြင်းနတ်ဘုရားမ၏ မျက်လုံးများက ပြူးကျယ်ကာ မင်သက်စွာ ရပ်နေမိတော့သည်။

နိယာမတစ်ရာကျော်... ဒါက တကယ်ကို အံ့မခန်းပင်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ နိယာမတွေကို နားလည်နိုင်မှာလဲ"

သက်ရှည်ခြင်းနတ်ဘုရားမက မယုံနိုင်ပေ။

နိယာမတစ်ခုကို နားလည်ခြင်းက အဓိပတိဖြစ်လာစေရန် လုံလောက်ကြောင်း သိထားကြရမည် ဖြစ်သည်။

ကောင်းကိုးပါး၏ ဤထိပ်တန်းပါရမီရှင်များအတွက်ပင် နိယာမကိုးခုကို နားလည်ခြင်းက အဆုံးစွန်နယ်ပယ် ဖြစ်နေပြီ။

မျိုးဆက်တူများကို ကျော်လွှား၍ အထွတ်အထိပ်တွင် ရပ်တည်နေရန် လုံလောက်သည်။

'သူက နိယာမသုံးထောင်ကို နားလည်ဖို့ ကြိုးစားနေတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား'

ရုတ်တရက်၊ ဤအတွေးက သက်ရှည်ခြင်းနတ်ဘုရားမ၏ စိတ်ထဲမှာ ပေါ်လာသည်။

ထိုအခါ သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရ၏။

နိယာမသုံးထောင်ကို နားလည်ရန် မည်သို့သော သတ္တိမျိုး လိုအပ်ပါသနည်း။

သက်ရှည်ခြင်းဧကရာဇ်၏သားတော်ပင် ထိုသို့မလုပ်ဝံ့ချေ။

၎င်းက အချိန်ကုန်ပြီး ပင်ပန်းသည့်အပြင် အောင်မြင်မှုနှုန်းကလည်း အလွန်နည်းပါးသည်။

တစ်ခုခုမှားယွင်းသည်နှင့် လူတစ်ဦး၏ ကျင့်ကြံမှုအမြန်နှုန်းက နှေးကွေးလာပြီး မျိုးဆက်တူများထက် ခြေတစ်လှမ်းနောက်ကျစေလိမ့်မည်။

ထို့နောက် ခြေလှမ်းတစ်ခု မှားယွင်းခြင်းက နောက်ထပ်ခြေလှမ်းတစ်ခုဆီသို့ ဦးတည်စေပြီး နောက်ဆုံးတွင် လူတစ်ဦး၏ အနာဂတ်ကို ဖျက်ဆီးပစ်ကာ သာမန်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သွားစေနိုင်သည်။

ထို့ကြောင့် လူအနည်းငယ်သာ နိယာမအများအပြားကို နားလည်ဆင်ခြင်ဝံ့ပေသည်။

ဟုတ်သည်၊ အောင်မြင်ပါကလည်း တုနှိုင်းမဲ့ပြီး လုံးဝ မရောက်ဖူးသော အဆင့်သစ်တစ်ခုကိ ရောက်နိုင်သည်။

သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက စိတ်ကူးနိုင်တာထက် အများကြီး ကျော်လွန်နေလိမ့်မည်။

သို့သော်လည်း သာမန်လူများကတော့ ထိုသို့တွေးမိကြမည် မဟုတ်ပါ။

သက်ရှည်ခြင်းနတ်ဘုရားမက တွေးမိခြင်းမှာ သက်ရှည်ကျွန်း၏ တားမြစ်တည်ရှိမှုကြောင့် ဖြစ်သည်။

၎င်းက သမိုင်းမှာ လျှို့ဝှက်ဆန်းကြယ်ဆုံးနှင့် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီးပင်။

သို့ရာတွင်... သူ အောင်မြင်သလား၊ ကျရှုံးသွားသလား မည်သူမျှမသိပါ။

သူ၏ လက်ရှိအခြေအနေကို မည်သူမျှမသိပေ။

သက်ရှည်ကျွန်းမှ အကြီးအကဲများပင် ထိုပုဂ္ဂိုလ်၏ အခြေအနေကို မသိနိုင်ပါ။

ယခုအခါ ကျွင်းရှောင်ယောက်ကလည်း ထိုလမ်းကို လျှောက်လှမ်းနေပုံရသည်။

သက်ရှည်ခြင်းနတ်ဘုရားမက သူမ၏ခေါင်းကို တွင်တွင်ခါယမ်းကာ ရေရွတ်လိုက်သည်။

"မဖြစ်နိုင်ဘူး... နင် လုံးဝ အောင်မြင်နိုင်မှာ မဟုတ်ဘူး... နင်က ယဇ်ဆရာသခင်လည်း မဟုတ်ဘူး..."

ကျွင်းရှောင်ယောက်ကတော့ သူ့ကို လျစ်လျူရှုထားခဲ့လေသည်။

သလင်း ဦးခေါင်းခွံအတွင်းရှိ နိယာမများအားလုံးကို ချေဖျက်ပြီးနောက်...

ကျွင်းရှောင်ယောက် နားလည်ထားသော နိယာမများက တစ်ရာ့ငါးဆယ် ဖြစ်လာခဲ့သည်။

All Chapters