အခန်း ၁၄၅၉
Vol. 99 Ch. 1459
အခန်း ( ၁၄၅၉ ) ကောင်းကင်နတ်ဆိုးခန္ဓာကို မျက်နှာသာမပေးပါ။
"ကျွင်းသခင်လေး၊ ရှင့်ကို ဒီမှာတွေ့ရမယ်လို့ မမျှော်လင့်ထားဘူး"
ကျိချင်းရီက နှုတ်ဆက်လိုက်သည်။
ထို့နောက် တစ်စုံတစ်ခုကို သူ သတိပြုမိသွား၏။
သက်ရှည်ခြင်းနတ်ဘုရားမကို ကျွင်းရှောင်ယောက်က နတ်သံကြိုးများဖြင့် ချည်နှောင်ထားသည်။
"သက်ရှည်ခြင်းနတ်ဘုရားမလား"
ကျိချင်းရီ၏ မျက်နှာထက်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
သက်ရှည်ခြင်းနတ်ဘုရားမသည် ကောင်းကင်ကိုးပါးတွင် အလှဆုံးအမျိုးသမီး ဖြစ်သည်။
သို့သော်လည်း ဤအခိုက်တွင်၊ သူ့တကိုယ်လုံး ညစ်ပတ်ပေရေနေသည်။ သူ့မျက်နှာက ရောင်ရမ်းနေပြီး ဆံပင်များကလည်း ဖရိုဖရဲ ဖြစ်၏။
သူက အမှိုက်ပုံထဲမှ တွားသွားထွက်လာသော အရူးမတစ်ယောက်လိုပင်။
သူ့တွင် ကောင်းကင်ကိုးပါး၏ အလှဆုံးဟူသော ကျက်သရေနှင့် အလှတရား၏ အရိပ်အယောင်ပင် မရှိတော့ပါ။
သက်ရှည်ခြင်းနတ်ဘုရားမက နှုတ်ခမ်းကို တင်းတင်းကိုက်ကာ နှုတ်ဆိတ်နေခဲ့သည်။
သို့သော်လည်း တန်ယင်နေသော သူ့ခန္ဓာကိုယ်က သူ့နှလုံးသားထဲတွင် မည်မျှရှက်ရွံ့နေကြောင်း ဖော်ပြနေပေသည်။
"ကျွင်းသခင်လေးက တကယ်ကို ပြတ်သားတာပဲ"
ကျိချင်းရီက ခေါင်းယမ်းလိုက်သည်။
သက်ရှည်ခြင်းနတ်ဘုရားမ ဤကဲ့သို့ အဆုံးသတ်သွားသည်ကို သူမ အံ့သြမိခြင်းမရှိပေ။
ကျွင်းရှောင်ယောက်ကို ဆန့်ကျင်သူများက ဘယ်တော့မှ ကောင်းမွန်သောအဆုံးသတ်ကို ရရှိနိုင်မည် မဟုတ်ပါ။
ကျိချင်းရီက ယခုအချိန်ထိ ဘေးကင်းစွာ နေထိုင်နိုင်ခြင်းမှာ အခြေအနေကို နားလည်သောကြောင့်သာ ဖြစ်သည်။
"ဒါနဲ့ ကျွင်းသခင်လေး၊ ချင်းရီက အထူးကျောက်တွင်းတစ်ခုကို ရှာတွေ့ထားတယ်။ ရှင် ကျွန်မနဲ့အတူ အဲဒီကိုသွားဖို့ စိတ်ဝင်စားရဲ့လား"
ကျိချင်းရီက မေးလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ကောင်းတာပေါ့၊ အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုဆိုရင် ဘာဖြစ်လို့ မသွားဘဲနေရမှာလဲ"
ကျွင်းရှောင်ယောက်က သဘောတူသောအခါ ကျိချင်းရီက ရှေ့မှဦးဆောင်သွားခဲ့သည်။
ကွေ့ရှအပျက်အယွင်း၏ အတွင်းပိုင်းကို ပိုရှိုင်းစွာ ဝင်သွားလေလေ၊ အင်မော်တယ်ကျောက်တွင်းများက ပိုကြီးမားလာလေပင်။
ရှားပါးသော အင်မော်တယ်သွေးကြောများကိုပင် တွေ့ရနိုင်ခြေ ရှိသည်။
ထို့ကြောင့် ပါရမီရှင်အားလုံးက ပိုမိုနက်ရှိုင်းစွာ လေ့လာရန် နည်းလမ်းများကို အသီးသီး ရှာဖွေခဲ့ကြသည်။
သို့သော်... လူတိုင်းက ဘေးကင်းစွာ ရောက်ရှိနိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် ထူးဆန်းသော နွံအိုင်များ၊ ချို့ယွင်းနေသော အစီအရင်များ၊ သွေးစုပ်နွယ်ရှင်များ၊ ရှေးဟောင်းကျိန်စာများ စသည်ဖြင့် အန္တရာယ်အမျိုးမျိုး ရှိသည်။
ထူးချွန်သော ပါရမီရှင်များပင် ကံမကောင်းပါက သေဆုံးသွားနိုင်ဖွယ်ရှိပေသည်။
သို့ရာတွင်၊ ဒါက ကျွင်းရှောင်ယောက်အတွက်တော့ ပြဿနာမဟုတ်ပါ။
မကြာမီ၊ သူတို့က ကျယ်ပြောသော ချိုင့်ဝှမ်းတစ်ခုကို ရောက်ရှိလာကြသည်။
ဤနေရာရှိ ကျောက်တွင်းက အချင်းမိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းပေသည်။
"ဒါက ပထမတန်းစား အင်မော်တယ်သွေးကြောတောင် ရှိနေနိုင်လောက်တယ် မဟုတ်လား"
ကျွင်းရှောင်ယောက်က အံ့ဩဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်မတို့ ဝင်ကြည်ပြီးရင် သိရမှာပေါ့"
ကျိချင်းရီက ပြုံးလျက် ပြောလိုက်၏။
သူတို့က ကျောက်တွင်းထဲသို့ တိုက်ရိုက် လှမ်းဝင်သွားတော့သည်။
သို့သော်လည်း မကြာမီတွင် ကျိချင်းရီက ရပ်တန့်သွားသည်။
"ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက်က မေးလိုက်၏။
သို့ရာတွင်၊ ကျိချင်းရီက မဖြေပေ။
ရုတ်တရက် နတ်ဆိုးစွမ်းအင်လှိုင်းများက မြင့်တက်လာခဲ့သည်။ ထို့နောက် လူရိပ်တစ်ခုလည်း ပေါ်လာခဲ့၏။
ထိုလူက အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူ၏ မဟာနတ်ဆိုးဘုရင် ကူချမ်မြဲ့မှတပါး အခြားမဟုတ်ပေ။
သူ့ခန္ဓာကိုယ်ပေါ်တွင် အသက်ဝင်နေသကဲ့သို့ လှုပ်ရှားနေသော နတ်ဆိုးအမှတ်အသားများ ပြည့်နှက်နေသည်။
"ကူချမ်မြဲ့ပါလား။ ကျိချင်းရီ မင်း..."
ကျွင်းရှောင်ယောက်က မျက်ခုံးပင့်လိုက်သည်။
"အဟက်... ကျွင်းရှောင်ယောက်၊ မင်း ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား။ မင်းနဲ့ တစ်နေရာတည်းကနေ လာခဲ့သူက နောက်ဆုံးတော့ မင်းကို သစ္စာဖောက်သွားခဲ့ပြီ"
ကူချမ်မြဲ့က လှောင်ပြောင်လိုက်သည်။
ထိုစဉ်၊ သူ့အကြည့်က သက်ရှည်ခြင်းနတ်ဘုရားမထံသို့ ကျရောက်သွားသည်။ သူ့မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာ၏။
"မင်းတကယ်ပဲ သူ့ကို အနိုင်ယူခဲ့တာလား"
ကူချမ်မြဲ့က အနည်းငယ် အံ့အားသင့်သွားသည်။
သို့သော်လည်း သူက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် တတိယအဆင့်ဖြစ်ကာ သက်ရှည်ခြင်းနတ်ဘုရားမထက် ပိုမိုအားကောင်းသည်။
ထို့ကြောင့် သူက အနည်းငယ် အံ့အားသင့်သွားသော်လည်း ကြောက်ရွံ့မှုမရှိပေ။
"လက်စသတ်တော့ ဒီလိုပဲ၊ မင်းတို့အားလုံးက ငါ့ကို ထောင်ချောက်ထဲ ဆွဲဆောင်ဖို့ ပူးပေါင်းကြံစည်ထားကြတာ"
"ဒါပေမဲ့...၊ ကူချမ်မြဲ့... မင်းကိုယ်မင်း အထင်ကြီးလွန်းနေတယ်လို့ မထင်ဘူးလား"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်စောင်းငဲ့ကြည့်လိုက်သည်။ သူ့လေသံက မထီမဲ့မြင်ပြုခြင်းများ ပါဝင်နေ၏။
"ဟားဟားဟား၊ ကျွင်းရှောင်ယောက်... မင်းက တကယ်ကို အရင်ကအတိုင်း မောက်မာနေတုန်းပဲ"
"ဒါပေမဲ့ မင်းရဲ့ မြင့်မြတ်ခန္ဓာတာအိုသန္ဓေရဲ့သွေးနဲ့ ရေချိုးနိုင်မယ်ဆိုရင် ငါ့ရဲ့ ကောင်းကင်နတ်ဆိုးခန္ဓာက လုံးဝ ထူးကဲတဲ့ ပြောင်းလဲမှုတစ်ခုကို သေချာပေါက် ယူဆောင်လာလိမ့်မယ်"
ကူချမ်မြဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
"ယုံကြည်မှုကတော့ မိုးထိုးနေပါလား"
ကျွင်းရှောင်ယောက်က ခေါင်းယမ်းလိုက်၏။
"အပိုတွေမပြောတော့နဲ့၊ သေဖို့သာပြင်ထား"
ကူချမ်မြဲ့က အပိုစကားများ မပြောတော့ဘဲ ရှေ့ကို ခြေလှမ်းလိုက်သည်။
ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ တတိယအဆင့်ပုဂ္ဂိုလ်အနေဖြင့် ကူချမ်မြဲ့၏ခွန်အားမှာ သက်ရှည်ခြင်းနတ်ဘုရားမထက် များစွာ သာလွန်သည်။
သူက လက်ငါးချောင်းကို လက်သည်းအဖြစ် ကုပ်လိုက်ပြီး ကျွင်းရှောင်ယောက်ဆီသို့ ကုပ်ဆွဲလိုက်၏။
ကြီးမားသော အနက်ရောင် နတ်ဆိုးလက်သည်းကြီးတစ်ခု ပေါ်လာပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ကျွင်းရှောင်ယောက်ကို ဖိနှိပ်လိုက်တော့သည်။
ကောင်းကင်နတ်ဆိုးခန္ဓာပိုင်ရှင်အနေဖြင့် ကူချမ်မြဲ့၏ လှုပ်ရှားမှုများက ရက်စက်ကြမ်းကာ ကြီးစိုးသည်။ သူ၏ နည်းလမ်းများကလည်း ရက်စက်ကြမ်းကြုတ်ပေသည်။
ဤလက်သည်းတစ်ချက်တည်းက တော်ရုံကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို တစ်စစီ ဆုပ်ဖြဲပစ်နိုင်သည်။
သို့သော်၊ ကျွင်းရှောင်ယောက်က သူ့လက်ဖြင့် ရိုးရှင်းစွာ ရိုက်ထုတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အစွမ်းထက် ဧကရာဇ်လက်နက်နှင့် မခြားပေ။
ထို့ပြင်၊ ကျွင်းရှောင်ယောက်က ခန္ဓာဧကရာဇ်တစ်ပါးပင် ဖြစ်လာနိုင်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ဧကရာဇ်အဆင့်ကို ဝင်ရောက်ခြင်း...
ကျွင်းရှောင်ယောက်က ထိုအဆင့်ကိုတော့ မရောက်သေးပေ။
သို့သော်လည်း သူ၏ လက်ရှိခန္ဓာကိုယ်က အဓိပတိနယ်ပယ်ခုနစ်ခုမှ သာမန်ကျင့်ကြံသူများ အလွယ်တကူဖျက်ဆီးနိုင်သည့်အရာ မဟုတ်တော့ပါ။
"ထန်..."
သတ္တုချင်းထိသံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်က နတ်ဆိုးလက်သည်းကို ဖျက်ဆီးကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
တည်နေရာရွှေ့ပြောင်းသကဲ့သို့ သူ့ပုံရိပ်က ကူချမ်မြဲ့၏ရှေ့တွင် ချက်ချင်း ပေါ်လာတော့သည်။
ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ထူးခြားသော လက်ဟန်အတိုင်း လှုပ်ရှားလိုက်သည်။
လက်တစ်ဖက်က ရှင်သန်ခြင်းကို ထိန်းချုပ်ထားပြီး ကျန်လက်တစ်ဖက်က သေခြင်းတရားကို ထိန်းချုပ်ထား၏။
သေခြင်းရှင်ခြင်းက သူ့လက်များကြားတွင် လည်ပတ်နေပြီး ကူချမ်မြဲ့၏ နည်းလမ်းထက်ပင် ပို၍ ကြီးစိုးသည်။
၎င်းက ကောင်းကင်အားလုံး၏ သေခြင်းရှင်ခြင်းဘီးပင်။
ကျွင်းရှောင်ယောက်က ဤနည်းလမ်းကို အသုံးပြုခဲသော်လည်း ၎င်းမှာ အားနည်းသည်ဟု မဆိုလိုပါ။
သေဆုံးခြင်းနှင့် ရှင်သန်ခြင်း၏ နိယာမများကို နားလည်ပြီးနောက် သူထုတ်လွှတ်လိုက်သော ဤတိုက်ခိုက်မှု စွမ်းအားက ပို၍ ကြောက်မက်ဖွယ်ကောင်းခဲ့သည်။
သူက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်ထားသော ဘုရင်တစ်ပါးကဲ့သို့ ကူချမ်မြဲ့၏ သေခြင်းရှင်ခြင်းက သူ့ထက်ထဲမှာ အပြည့်ရှိသည်။
"ဒါက..."
ကူချမ်မြဲ့က သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။
ကျွင်းရှောင်ယောက်၏ ခွန်အားက သူထင်ထားတာထက် များစွာပိုသန်မာနေသည်။
ကူချမ်မြဲ့က သူ့စိတ်ကို တည်ငြိမ်စေပြီး သူ့လက်နှစ်ဖက်ဖြင့် အလွန်ရှုပ်ထွေးသော လက်ဟန်တံဆိပ်တော်တစ်ခုကို ဖန်တီးလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူက ကောင်းကင်နတ်ဆိုးတစ်ကောင်၏ တီးတိုးစကားသံများကဲ့သို့ နတ်ဆိုးမန္တာန်များကို ရွတ်ဖတ်လိုက်၏။
ထို့နောက်တွင်၊ သူက အရှိန်အဟုန်ဖြင့် တိုက်ခိုက်လိုက်၏။
ရှေးဟောင်းနတ်ဆိုးဝိညာဉ်တစ်ခုက ဝင်ရောက်ပူးကပ်၍ တိုက်ခိုက်လိုက်သလို ကျွင်းရှောင်ယောက်ထံ တိုးဝင်လာတော့သည်။
ဤသည်မှာ ကောင်းကင်နတ်ဆိုးခန္ဓာ၏ လျှို့ဝှက်နည်းလမ်းဖြစ်သော ကောင်းကင်နတ်ဆိုး သေခြင်းတံဆိပ်တော် ဖြစ်သည်။
ဤတိုက်ခိုက်မှုသာ ထိမှန်ခဲ့လျှင် ခန္ဓာကိုယ်ကြံ့ခိုင်သူများပင်လျှင် ဆွေးမြေ့သေဆုံးရလိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က လက်သီးဖြင့် ပြန်လည်ထိုးနှက်လိုက်သည်။
'သေချင်နေတာပဲ'
ဒါကိုမြင်တော့ ကူချမ်မြဲ့က ပြုံးလိုက်သည်။
ကောင်းကင်နတ်ဆိုးသေခြင်းတံဆိပ်တော်သည် ခန္ဓာကိုယ်ကြံ့ခိုင်သူများကို တန်ပြန်တိုက်ခိုက်ရန် အထူးပြုကာ အရာအားလုံးကို တိုက်စားနိုင်သည်။
အနောက်ဘက်နိဗ္ဗာန်ဘုံ၏ ရွှေခန္ဓာပိုင်ရှင် ရဟန်းတစ်ပါးသည်ပင် ဤတိုက်ခိုက်မှုအောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး ဆွေးမြေ့ခဲ့ရဖူးပေသည်။
မပျက်စီးနိုင်သော ရွှေခန္ဓာကိုယ်ရှိသူများပင် ဤအခြေအနေကို ကြုံတွေ့ရဆဲဖြစ်ပေရာ ကျွင်းရှောင်ယောက်အဖို့ ခုခံနိုင်ရန် ခက်ခဲမည် ဖြစ်သည်။
သို့သော်... ကျွင်းရှောင်ယောက်က တည်ငြိမ်နေဆဲပင်။
သူ့ခန္ဓာကိုယ်တွင်း၌ သွေးနီရောင်နဂါးတစ်ကောင်ကဲ့သို့ သွေးစွမ်းအင်များ မြင့်တက်လာသည်။
မြင့်မြတ်ခန္ဓာတာအိုသန္ဓေ၏ အနှစ်သာရ၊ စွမ်းအင်နှင့် ဝိညာဉ်တို့က လောင်ကျွမ်းနေပြီး နတ်မီးလျှံအလွှာများအဖြစ်သို့ ပြောင်းလဲလာပုံရ၏။
ကောင်းကင်နတ်ဆိုးသေခြင်းတံဆိပ်တော်၏ ဆွေးမြေ့ခြင်းစွမ်းအားက သူ့ကို မထိပါးနိုင်တော့ပေ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကူချမ်မြဲ့ အံ့အားသင့်သွားသည်။
ဒါက ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို တန်ပြန်ရန် အထူးနည်းလမ်းတစ်ခု ဖြစ်သည်။ အနောက်ဘက် နိဗ္ဗာန်ဘုံ၏ မပျက်စီးနိုင်တဲ့ ရွှေခန္ဓာကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။
ရလဒ်အနေဖြင့် ကျွင်းရှောင်ယောက်က သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသက်သက်ဖြင့် ချေဖျက်ပစ်ကာ လုံးဝမထိခိုက်ခဲ့ပေ။
"ဒီလို နည်းလမ်းလောက်လေးနဲ့ ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား။ တော်တော်ရယ်စရာကောင်းတဲ့သူပဲ"
ကျွင်းရှောင်ယောက်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။
"မာနမကြီးနဲ့ကွ"
ကူချမ်မြဲ့က အော်ဟစ်လိုက်သည်။
"ကောင်းကင်နတ်ဆိုးရဲ့ခေါ်သံ"
သူက လေထဲကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဟင်းလင်းပြင်က ကွဲအက်သွား၏။ မှောင်မိုက်သော ခရမ်းရောင်အလင်းတန်းတစ်ခု ဖြာထွက်လာကာ မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးများ အတွင်းမှ ပြေးထွက်လာကြတော့သည်။
၎င်းက သက်ရှိသတ္တဝါအားလုံး၏ မူလဝိညာဉ်များနှင့် ဝိညာဉ်များကို စားသုံးသည့် အထူးသတ္တဝါတစ်မျိုးဖြစ်သည်။
ဒဏ္ဍာရီများအရ အစွမ်းထက်ဆုံး နတ်ဆိုးမှာ ဗုဒ္ဓ၏ အတွင်းစိတ်နတ်ဆိုးပင် ဖြစ်လာနိုင်သည်ဟု ဆိုသည်။
ကူချမ်မြဲ့၏ ကောင်းကင်နတ်ဆိုးခန္ဓာက ကောင်းကင်နတ်ဆိုးမျိုးနွယ်စုနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေကာ ၎င်းတို့ကို ဆင့်ခေါ်နိုင်ပေသည်။
"စိတ်ဝင်စားစရာပဲ၊ ဒါပေမဲ့... မလုံလောက်သေးဘူး"
ကျွင်းရှောင်ယောက်က လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
လွမ်ထျန်းလျှို့ဝှက်ကျင့်စဥ်... ထာဝရပြည်နှင်ခြင်း။
ဟင်းလင်းပြင်တွင် အက်ကြောင်းကြီးများ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့မှ ပြင်းထန်သော ဆွဲငင်အားများလည်း ထွက်ပေါ်လာကြ၏။
ဆင့်ခေါ်ခံထားရသော နတ်ဆိုးများလည်း မသိနိုင်သော နေရာတစ်ခုကို မျောပါသွားကြတော့သည်။
ကူချမ်မြဲ့၏ ဆင့်ခေါ်ခြင်းမှာ မအောင်မြင်ဘဲ ဖြစ်သွားသည်။
"မင်းကြီးဒေါ်"
ကူချမ်မြဲ့၏ တည်ငြိမ်မှုဖြင့်ပင် ဤအခိုက်တွင် မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။
ငါ့ကို နည်းနည်းလောက် မျက်နှာသာပေးလို့ မရဘူးလား။
ငါက ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ပါ။ အနည်းဆုံးတော့ ငါ့ရဲ့ အံ့မခန်းအစွမ်းကို ပြလို့မရဘူးလား။
စိတ်မကောင်းစရာက၊ ကျွင်းရှောင်ယောက်ဟာ သူ့ကို သဘာဝအတိုင်း ထိုအခွင့်အရေးမျိုး မပေးခဲ့ပေ။
ကျွင်းရှောင်ယောက်က အကြွင်းမဲ့ခွန်ပန်အမြန်နှုန်းဖြင့် ကူချမ်မြဲ့၏ရှေ့တွင် ချက်ချင်း ပေါ်လာပြီး လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။
ကူချမ်မြဲ့က အဝေးသို့ လွင့်စဉ်သွား၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ အရိုးအများစုက ကျိုးလုနီးဖြစ်ကာ သွေးများအန်ထွက်လာတော့သည်။