← Chapters

အခန်း ၁၄၆၀

Vol. 99 Ch. 1460

အခန်း ၁၄၆၀

Vol. 99 Ch. 1460

အခန်း ( ၁၄၆၀ ) မြေအောက်ကမ္ဘာမှ ဧကရာဇ်သုံးပါး ပေါ်လာပြီ။

မဟာနတ်ဆိုးဘုရင် ကူချမ်မြဲ့က ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် တတိယအဆင့်ဖြစ်ကာ အလွန်စွမ်းအားကြီးမားသည်။

သို့တိုင်၊ ကျွင်းရှောင်ယောက်က အလွန် လွယ်ကူစွာ အနိုင်ယူခဲ့ပြီ။

အဝေးတွင်၊ အချုပ်မိနေသော သက်ရှည်ခြင်းနတ်ဘုရားမက ဤမြင်ကွင်းကိုကြည့်ရင်း မျက်လုံးများပင် ပြူးကျယ်သွားသည်။

ကူချမ်မြဲ့၏ အင်အားက သူ့ထက် များစွာသန်မာသည်။

ရလဒ်အနေဖြင့်၊ သူက ခွေးတစ်ကောင်လို ရိုက်နှက်ခံလိုက်ရသေးသည်။

"ချင်းရီ အင်မော်တယ်နတ်ဆိုး ပန်းချီကားတံဆိပ်တော်ကို အသက်သွင်းလိုက်တော့"

ကူချမ်မြဲ့က အော်ဟစ်လိုက်သည်။

ကျိချင်းရီ၏ မျက်လုံးများက အရောင်လက်သွားသည်။ ထို့နောက် လိပ်ပြာလေးများ ပျံဝဲနေသကဲ့သို့ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်၏။

ပန်းချီကားပုံရိပ်တစ်ခုက လေထဲတွင် ရုတ်တရက် စုဖွဲ့လာတော့သည်။

လေပြင်းများက မြင့်တက်လာကာ ကြယ်ကောင်းကင်ကို လွှမ်းခြုံသွားသည်။

ပန်းချီကားအထက်တွင် အင်မော်တယ်နှင့်နတ်ဆိုးများလည်း လှုပ်ရှားနေပုံရ၏။

အင်မော်တယ်များ နိုးထလာပြီး နတ်ဆိုးများက ငရဲတွင် ဟိန်းဟောက်ကြသည်။

အင်မော်တယ်နတ်ဆိုးပန်းချီကား၏ စွမ်းအားက ကမ္ဘာကို ချိတ်ပိတ်နိုင်ပေသည်။

၎င်းက အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူ၏ အင်မော်တယ်လက်နက် ဖြစ်သည်။

ဟုတ်သည်၊ ဤနေရာတွင် ရှိနေတာကတော့ အင်မော်တယ်နတ်ဆိုးပန်းချီကားအစစ် မဟုတ်ပေ။ ၎င်းက အင်မော်တယ်လက်နက် အမှတ်အသားတစ်ခုမျှသာ ဖြစ်သည်။

သို့သော်လည်း ၎င်းက အင်မော်တယ်လက်နက် အမှတ်အသားတစ်ခုသာဖြစ်လျှင်ပင် အလွန် ကြောက်စရာကောင်းနေသေးသည်။

"ဟမ်"

ကျွင်းရှောင်ယောက်က ကျိချင်းရီကို ကြည့်လိုက်သည်။

သူက တကယ်လား။

"ချင်းရီ၊ ငါတို့ အတူလှုပ်ရှားပြီး အင်မော်တယ်လက်နက်အမှတ်အသားနဲ့ ကျွင်းရှောင်ယောက်ကို ဖိနှိပ်မယ်"

ကူချမ်မြဲ့က ပြောလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ထူးခြားသော နတ်ဆိုးအမှတ်အသားများကလည်း အသက်ဝင်လာသကဲ့သို့ လှုပ်ရှားလာ၏။

သူ့ထံမှ ကြီးမားသော စွမ်းအင်များက အင်မော်တယ်လက်နက် အမှတ်အသားထံ စီးဝင်သွားတော့သည်။

၎င်းက ကောင်းကင်နတ်ဆိုးခန္ဓာ၏ အထူးစွမ်းအား ဖြစ်သည်။

ထို့နောက် ကျိချင်းရီကလည်း သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

တောက်ပသော အင်အားတစ်ခုက ထပ်မံစီးဆင်းသွား၏။

၎င်းက ကျိချင်းရီ၏ ကောင်းကင်အင်မော်တယ်ခန္ဓာ စွမ်းအားပင်။

မတူညီသော တာအိုခန္ဓာနှစ်ခုက မတူညီသော စွမ်းအားများကို ထိန်းချုပ်စေနိုင်သည်။

ဥပမာအားဖြင့် ကစဉ့်ကလျားခန္ဓာ၏ ကစဉ့်ကလျားစွမ်းအား၊ အာဒိကပ္ပခန္ဓာ၏ စွမ်းအား စသည်ဖြင့်...

ဤကူချမ်မြဲ့၏ ကောင်းကင်နတ်ဆိုးခန္ဓာစွမ်းအား သို့မဟုတ် ‌ကျိချင်းရီ၏ ကောင်းကင်အင်မော်တယ်ခန္ဓာပင်ဖြစ်စေ၊ တစ်ခုချင်းစီက အလွန်အစွမ်းထက်ပြီး ထူးခြားသော စွမ်းအင်များ ဖြစ်သည်။

ဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးက အင်မော်တယ်နတ်ဆိုးပန်းချီကား အမှတ်အသားဆီသို့ တပြိုင်နက်တည်း စီးဝင်သွားကြသည်။

ထို့နောက် အင်မော်တယ်နတ်ဆိုးပန်းချီကား အမှတ်အသားမှ ကြောက်စရာကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။

အင်မော်တယ်လက်နက်တစ်ခု၏ စွမ်းအင် အရိပ်အယောင်တို့ကိုပင် ထုတ်လွှတ်လာတော့သည်။

"ဪ"

ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ် စောင်းငဲ့ကြည့်လိုက်သည်။

ဤအခိုက်တွင်၊ လူနှစ်ယောက်က အင်မော်တယ်နတ်ဆိုးပန်းချီကား၏ အမှတ်အသားကို အတူတကွထိန်းချုပ်ကာ ဖိနှိပ်လိုက်၏။

ကျွင်းရှောင်ယောက်က ကျိချင်းရီကို တစ်ဖန်ကြည့်လိုက်သည်။

သူက တစ်ချိန်လုံး သရုပ်ဆောင်နေခဲ့တာလား။

သို့တည်းမဟုတ် ကူချမ်မြဲ့နှင့်အတူ သူ့ကို ဖိနှိပ်ချင်နေသလော။

သို့သော်လည်း ကျွင်းရှောင်ယောက်က သိပ်ပြီး ဂရုမစိုက်ပေ။

ကျိချင်းရီက အမှန်တကယ်ဖြစ်စေ၊ လိမ်လည်နေသည်ဖြစ်စေ အရေးမကြီးပါ။

အကြွင်းမဲ့အင်အား‌၏ရှေ့တွင် အကြံအစည်အားလုံးက အချည်းနှီးသာ ဖြစ်မည်။

ကျိချင်းရီက အမှန်တကယ် အကြံကြီးပြီး သူ့ကို ကြံစည်ဝံ့လျှင်ဖြင့်...

ကျွင်းရှောင်ယောက်က သူ့ကို ကြံစည်ခြင်း၏ အကျိုးဆက်များကို သဘာဝအတိုင်း သိစေမည် ဖြစ်သည်။

ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်က သူ့လက်ကို မြှောက်လိုက်သည်။

ဓားအလင်းတစ်ခုက မိုးနှင့်မြေကြားတွင် ပဲ့တင်ထပ်ပြီး ထွက်ပေါ်လာ၏။

၎င်းက တာ့လော့ဓားသန္ဓေပင်။

အသွင်ပြောင်းပြီးနောက် တာ့လော့ဓားသန္ဓေက ဧကရာဇ်လက်နက်အဆင့်ကို ရောက်ရှိခဲ့သည်။

ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်၏ လက်ထဲမှဓားက တောက်ပသော အလင်းများကို ထုတ်လွှတ်လိုက်သည်။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေအတွင်းသို့ နိယာမစွမ်းအင်များကို ပို့လွှတ်လိုက်၏။

၎င်းပေါ်ရှိ အင်မော်တယ်အမှတ်အသားများက တောက်ပလာတော့သည်။

ကျွင်းရှောင်ယောက်က ဓားတစ်ချက် လွှဲခုတ်လိုက်သည်။

တဒင်္ဂ၏ အလှတရား။

သတ်ဖြတ်ခြင်းဓား။

ဤဓားချက်တွင် မတူညီသော ဓားကွက်နှစ်ခုကို ပေါင်းစပ်ထား၏။

ဤဓားချက်အောက်တွင် အချိန်နှင့်ဟင်းလင်းပြင်က ရပ်တန့်လုနီးပင်။

တောက်ပသော ဓားအလင်းက အင်မော်တယ်နတ်ဆိုးပန်းချီကား အမှတ်အသားကို အမှန်တကယ် ဆုပ်ဖြဲကာ ကူချမ်မြဲ့နှင့် ကျိချင်းရီထံသို့ ဆက်လက်ဖြတ်သန်းသွားခဲ့သည်။

"ဘယ်လိုလုပ်ပြီး..."

ကူချမ်မြဲ့ တုန်လှုပ်သွားခဲ့သည်။

သူတို့နှစ်ယောက်က သူတို့၏ အထူးစွမ်းအင်များနှင့် အင်မော်တယ်နတ်ဆိုးပန်းချီကား အမှတ်အသားကို ထိန်းချုပ်ထားသည့်တိုင်၊ ကျွင်းရှောင်ယောက်၏ ဓားကို မတားဆီးနိုင်သေးပေ။

"ဒါက စစ်မှန်တဲ့ အင်မော်တယ်လက်နက်ဖြစ်ရင်တော့ နည်းနည်း အခက်အခဲရှိနိုင်တယ်"

"ဒါပေမဲ့ အင်မော်တယ်လက်နက် အမှတ်အသားလောက်နဲ့ ငါ့ရဲ့ တားလော့ဓားသန္ဓေကို တားဆီးချင်တာက မိုက်မဲတာပဲ"

ကျွင်းရှောင်ယောက်က သူ့ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

သူက လွမ်ကုပုဆိန်ကိုပင် အသုံးမပြုခဲ့ပေ။

ကြက်တစ်ကောင်ကိုသတ်ရန် နွားသတ်ဓားကို အသုံးပြုစရာမလိုပါ။

ကူချမ်မြဲ့နှင့် ကျိချင်းရီတို့ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားကြသည်။

ကူချမ်မြဲ့က ဒဏ်ရာရထားပြီးသားဖြစ်ပေရာ ဤအခိုက်တွင် ပိုထိချက်ပြင်း၏။

ကျိချင်းရီကတော့ အနည်းငယ် ပိုကောင်းသည်။ သူက ခြေလှမ်းအနည်းငယ် နောက်ကိုဆုတ်သွားရပေသည်။

"နောက်ဆုံးစကားအနေနဲ့ ဘာပြောချင်သေးလဲ"

ကျွင်းရှောင်ယောက်က ကူချမ်မြဲ့ကို ကြည့်လိုက်သည်။

အပြင်လောကမှာဆိုလျှင်၊ ကူချမ်မြဲ့ကိုသတ်ရန် အနည်းငယ် ပြဿနာရှိနိုင်သည်။

သို့သော်လည်း ကွေ့ရှအပျက်အယွင်းမှာတော့ သူ့ကို တားဆီးမည့်သူ မရှိပေ။

ဒါက သူ့အတွက် အကောင်းဆုံး အမဲလိုက်မြေ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါး တားမြစ်နယ်မြေများ၏ အင်အားကို အနည်းငယ်သာ ထိခိုက်စေလျှင်ပင် ထိုပါရမီမီရှင်များကို သုတ်သင်ရလိမ့်မည်။

"ကျွင်းရှောင်ယောက်၊ မင်းက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေတာကိုတော့ ငါဝန်ခံရမယ်"

"ဒါပေမဲ့... ငါ့ကိုသတ်ချင်ရင် ဒီလောက်မရိုးရှင်းဘူးကွ"

ကူချမ်မြဲ့က ရုတ်တရက် ပြုံးလိုက်သည်။ သွေးများ စွန်းထင်းနေသော သူ့အပြုံးက အမှန်တကယ် အေးစက်ကာ ကြောက်စရာပင်။

ဤအခြေအနေမျိုးမှာပင် သူက ကြောက်ရွံ့မှုမရှိသေးပါ။ သူ့တွင် ဝှက်ဖဲတစ်ခု ရှိနေဆဲ ဖြစ်သည်။

ထိုစဉ်...

ကျောက်တွင်းတစ်ခုလုံးက ရုတ်တရက် တုန်ခါလာသည်။

မရေမတွက်နိုင်သော အနက်ရောင်ရွန်းများက တစ်ခုနှင့်တစ်ခု ရောယှက်လျက် ကျောက်တွင်းတစ်ခုလုံးကို ဖုံးအုပ်လိုက်၏။

အားကောင်းသော အစီရင်တစ်ခုက လည်ပတ်နေကာ အစွမ်းထက်သော အငွေ့အသက်များလည်း ထွက်ပေါ်လာတော့သည်။

အနက်ရောင်မြူများ၏ အလယ်မှာတော့ အလွန် ကြောက်စရာကောင်းသော လက်တစ်ထောင် နတ်ဆိုး၏ ပုံရိပ်ကို မြင်ရသည်။

‌၎င်းက ခေါင်းသုံးလုံးနှင့် လက်တစ်ထောင်ရှိကာ မီးပုံထဲမှ ပြန်လည်နိုးထလာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ထင်ရစေသည်။

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ထွက်လာခဲ့ပါ၊ ပုန်းလျှိုးကွယ်လျှိုး လုပ်မနေနဲ့"

"ဟားဟားဟား၊ ကျွင်းရှောင်ယောက်... ရန်သူတွေအတွက် လမ်းက တကယ်ကျဉ်းတယ်၊ ငါတို့ ပြန်ဆုံကြပြန်ပြီ"

အနက်ရောင်မြူခိုးထဲတွင် ပုံရိပ်သုံးခု ပေါ်လာသည်။

တစ်ဦးက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာနှင့် အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်ပြီး လူသေအလောင်းတစ်လောင်းကဲ့သို့ပင်။

အံ့ဩစရာကောင်းစွာ၊ ထိုသူက မြေအောက်ကမ္ဘာ၏ ဧကရာဇ်သုံးပါးအနက် တစ်ပါး ဖြစ်သည်။

မေ့ပျောက်ခြင်းမြေတွင် ကျွင်းရှောင်ယောက်က အလောင်းကောင်ဧကရာဇ်နှင့် တွေ့ဆုံခဲ့ဖူးသည်။

သို့သော်လည်း ထိုစဉ်အခါက အလောင်းဧကရာဇ်ဟာ သူထိန်းချုပ်ထားသော အလောင်းကောင်တစ်ကောင်ထက် မပိုခဲ့ပေ။

ယခုတော့ အလောင်းကောင်ဧကရာဇ်ကိုယ်တိုင် ရောက်လာပြီ ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ ငါတို့တွေ ဒီမှာပေါ်လာမယ်လို့ မင်း မမျှော်လင့်ထားဘူး မဟုတ်လား"

"မေ့ပျောက်ခြင်းမြေမှာ ငါပြောခဲ့ဖူးတယ်၊ မင်းရဲ့ ခန္ဓာကိုယ်က ငါ့အလောင်းသန့်စင်ခြင်းခန်းမအတွက်ပဲ ဖြစ်ရမယ်"

အလောင်းဧကရာဇ်က ကျွင်းရှောင်ယောက်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

သူ့ပုံစံက ရှားပါးသော ရတနာတစ်ခုကို ကြည့်နေသကဲ့သို့ပင်။

တကယ်လည်း သူပြောသလိုပင် ကျွင်းရှောင်ယောက်ကိုယ်တိုင်က ရှားပါးရတနာတစ်ခု ဖြစ်သည်။

နောက်ဆုံးတွင်၊ မြင့်မြတ်ခန္ဓာတာအိုသန္ဓေက ရှေးခေတ်ကတည်းက များများမရှိခဲ့ပါ။

ရှိလာလျှင်လည်း၊ သူတို့အားလုံးက ခေတ်ကိုစိုးမိုးနိုင်သော မဟာပုဂ္ဂိုလ်များ ဖြစ်လာတတ်ကြသည်။

အဆုံးမဲ့ဧကရာဇ်က အကောင်းဆုံးဥပမာပင်။

မြေအောက်ကမ္ဘာက သူ့ကို မထိပါးနိုင်ကြတော့ပါ။

ဟုတ်သည်၊ ဒါက မြေအောက်ကမ္ဘာကို အားနည်းသည်ဟု မဆိုလိုပါ

ယင်းက မထိုက်တန်၍ ဖြစ်သည်။

မြင့်မြတ်ခန္ဓာတာအိုသန္ဓေအလောင်းကို စုဆောင်းရုံမျှဖြင့် သူတို့က ကြီးမားသောတန်ကြေးကို ပေးဆောင်ရကာ မဟာပုဂ္ဂိုလ်တချို့ပင် ကျဆုံးသွားနိုင်သည်။

ယခုတော့ မဖွံ့ဖြိုးသေးသော မြင့်မြတ်ခန္ဓာကို တွေ့နေပြီ။

အလောင်းကောင်ဧကရာဇ်နှင့် အခြားသူများက အလွန်စိတ်လှုပ်ရှားနေသည်မှာ အံ့ဩစရာမရှိတော့ပါ။

ထို့ပြင်၊ သူတို့အောင်မြင်ခဲ့လျှင်လည်း လူအမျးက ကောင်းကင်ကိုးပါး တားမြစ်နယ်မြေကိုသာ အပြစ်တင်နိုင်သည်။

အကြောင်းမှာ၊ ကွေ့ရှအပျက်အယွင်းရှိ မြင့်မြတ်ခန္ဓာတာအိုသန္ဓေ၏ အခြေအနေကို ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာက မခံစား မသိရှိနိုင်သောကြောင့်ပင်။

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် အလောင်းကောင်ဧကရာဇ်ဘေးမှ အခြားနှစ်ဦးကို ကြည့်လိုက်၏။

"သူတို့နှစ်ယောက်က မြေအောက်ကမ္ဘာနန်းတော်ရဲ့ ဧကရာဇ်သုံးပါးအနက် မင်ဧကရာဇ်နဲ့ တစ္ဆေဧကရာဇ်တို့ ဖြစ်ရမယ်"

"မင်းတို့အားလုံး တကယ်ရောက်လာကြတာပဲ"

All Chapters