← Chapters

အခန်း ၁၄၆၁

Vol. 100 Ch. 1461

အခန်း ၁၄၆၁

Vol. 100 Ch. 1461

အခန်း ( ၁၄၆၁ ) သုံးယောက် တစ်ယောက် တိုက်ခိုက်ခြင်း။

အလောင်းကောင်ဧကရာဇ်၊ တစ္ဆေဧကရာဇ်၊ မင်ဧကရာဇ်။

သူတို့က မြေအောက်ကမ္ဘာတွင် ကျော်ကြားသော ဧကရာဇ်သုံးပါး ဖြစ်ကြသည်။

ဟုတ်သည်၊ မြေအောက်ကမ္ဘာ၏ လူငယ်မျိုးဆက်မှ ပါရမီရှင်များက သူတို့သုံးဦးသာမဟုတ်ပါ။

နောက်ဆုံးတွင်၊ မြေအောက်မ္ဘာမှာ နန်းတော်ဆယ်ခုရှိပြီး အခြေခံအုတ်မြစ် နက်ရှိုင်းသည်။ လူအရေအတွက်က အလွန်များသကဲ့သို့ ပါရမီရှင်များကလည်း မရှားပါးပေ။

သို့သော်လည်း ဤဧကရာဇ်ငယ်သုံးပါးက ထိပ်တန်းအဆင့် ပါရမီရှင်များထဲတွင် ပါဝင်သည်။

မြေအောက်ကမ္ဘာတွင် သူတို့၏ အဆင့်အတန်းက ကျွင်းမိသားစုမှ စီကွမ်ဆယ်ဦးကဲ့သို့ပင် ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ မင်းက ငါ့မြေအောက်ကမ္ဘာကို အကြိမ်ကြိမ် ရန်စခဲ့တယ်။ အခုတော့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး မင်းကို ဖယ်ရှားနိင်ပြီ"

"မင်းမှာ ကစဉ့်ကလျားခန္ဓာ ရှိနေသေးပေမဲ့ မြင့်မြတ်ခန္ဓာတာအိုသန္ဓေကို ဆုံးရှုံးရတဲ့အခါ မင်းရဲ့ခွန်အားကို ကြီးကြီးမားမား သက်ရောက်မှုရှိလိမ့်မယ်"

မင်ဧကရာဇ်က ပြောလိုက်သည်။ သူက ငရဲကိုးပါးသံဖြင့် ပြုလုပ်ထား‌သော အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။

ကျွင်းရှောင်ယောက်ကိုကြည့်သော သူ့အကြည့်များက အလွန်အေးစက်သည်။

အမှောင်ဘုရင်မျိုးရိုးက ကျွင်းမိသားစု၏ နယ်မြေဖြတ်ကျော် အင်မော်တယ်စစ်ပွဲတွင် ပြဿနာဖြစ်‌ေစခဲ့ဖူးသည်။

ကျွင်းရှောင်ယောက်ကိုယ်တိုင်ကလည်း မြေအောက်ကမ္ဘာမှ ပါရမီရှင်များစွာကို သတ်ဖြတ်ခဲ့၏။

သူတို့ကြားမှ ရန်ငြိုးများက အလွန်နက်ရှိုင်းနေပြီ။

စင်စစ်တွင်၊ အမှောင်ဘုရင်မျိုးရိုးက မြေအောက်ကမ္ဘာ၏ နန်းတော်ဆယ်ခုအနက် အမှောင်ဘုရင်နန်းတော် ဖြစ်သည်။

အမှောင်ဘုရင်မျိုးရိုးမှလူများ အလွန်လေးစားရသော လက်တစ်ဖက် အမှောင်ဘုရင်ကလည်း မြေအောက်ကမ္ဘာရှိ ထိပ်သီးအကျော်အမော်တစ်ဦး ဖြစ်၏။

မြေအောက်ကမ္ဘာ၏ နန်းတော်ဆယ်ခုအနက် ‌အ‌ေမှာင်ဘုရင်နန်းတော်၏ အဆင့်က အလွန်မြင့်မားသည်။

ကျန်တစ်ယောက်ကတော့ တစ္ဆေဧကရာဇ်ပင်။

သူက စုပ်ပြဲနေသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ပုံရိပ်က အစစ်အမှန်နှင့်အတုအယောင် ခွဲခြားရန်ခက်သော တစ္ဆေတစ်ကောင်ကဲ့သို့ဖြစ်ပြီး အလွန်ထူးခြား၏။

သူက မြေအောက်ကမ္ဘာ၏ နန်းတော်ဆယ်ခုအနက် တစ္ဆေနန်းတော်မှ လာသူ ဖြစ်သည်။

အလောင်းသန့်စင်ခြင်းနန်းတော်က လူသေအလောင်းများ၊ ရုပ်ခန္ဓာနှင့်၊ သွေးမျိုးဆက် စသည်တို့ကို ရှာဖွေကာ အသုံးပြုကြသည်။

တစ္ဆေနန်းတော်ကမူ ဝိညာဉ်နှင့်ပတ်သက်သော အရာများကို လေ့လာကြပြီး ဝိညာဉ်နည်းလမ်းများ လေ့ကျင့်ကြ၏။

တစ္ဆေနန်းတော်ကလည်း အလောင်းသန့်စင်ခြင်းနန်းတော်ကဲ့သို့ပင် အလွန်ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်သည်။

အလောင်းသန့်စင်ခြင်းနန်းတော်က အလောင်းနှင့် ကမ္ပည်းများကို အထူးလေ့လာကာ အစွမ်းထက်သော တာအိုခန္ဓာများကို ရတနာများအဖြစ် ရှုမြင်ကြသည်။

တစ္ဆေနန်းတော်ကတော့ အထူးရှေးဦးဝိညာဉ်နှင့် ဝိညာဉ်အမျိုးမျိုးကို စမ်းသပ်လေ့လာကြပေသည်။

"ကျွင်းရှောင်ယောက်၊ ငါ့တစ္ဆေနန်းတော်က မင်းရဲ့ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကို အရမ်းစိတ်ဝင်စားတယ်။ အဲဒါက မျိုးဆက်သုံးခု ဘဝစက်ဝိုင်းရဲ့ ဆန်းကြယ်မှုကို လေ့လာစေနိုင်တယ်"

တစ္ဆေဧကရာဇ်က အသံဩဩဖြင့် ပြောလိုက်သည်။ သူကလည်း ကျွင်းရှောင်ယောက်ကို ရှားပါးရတနာတစ်ခုအလား စိုက်ကြည့်လိုက်၏။

အမှောင်ဘုရင်နန်းတော်၏ မင်ဧကရာဇ်။

အလောင်းကောင်နန်းတော်၏ အလောင်းကောင်ဧကရာဇ်။

တစ္ဆေနန်းတော်၏ တစ္ဆေဧကရာဇ်။

မြေအောက်ကမ္ဘာ၏ နန်းတော်သုံးခုမှ ထိပ်တန်း ပါရမီရှင်သုံးဦးစလုံး ပေါ်လာကြပြီ။

သူတို့သုံးဦးကို ရင်ဆိုင်ရလျှင် မည်သည့်ပါရမီရှင်မဆို စိတ်ပျက်အားငယ်မှုကို ခံစားရနိုင်ဖွယ်ရှိသည်။

နောက်ဆုံးမှာတော့ မြေအောက်ကမ္ဘာက ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်း၏ ပြယုဂ်တစ်ခုပင် မဟုတ်လော။

မြေအောက်ကမ္ဘာ၏ ပစ်မှတ်ထားခံရသူတိုင်း အသက်ရှင်နိုင်ရန် ခက်ခဲသည်။

သို့သော်... ကျွင်းရှောင်ယောက်က အမူအရာမပြောင်းဘဲ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းတို့က ငါ့ကို ရင်ဆိုင်ဖို့အတွက် တော်တော်ကြိုးစားထားကြတာပဲ"

ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ကျောက်တွင်းတစ်ခုလုံးကို အစီရင်ကြီးဖြင့် ဖုံးအုပ်ထား၏။

လက်တစ်ထောင်နတ်ဆိုးကြီးက ရှေးဦးနတ်ဆိုးတောင်တစ်လုံးကဲ့သို့ ဖိနှိပ်ချုပ်ခြယ်ခြင်းတို့ကို ခံစားရစေသည်။

"ဟမ့်... မင်းကိုသတ်ဖို့က ဒီလောက်လည်း ခက်ပုံမရပါဘူး"

"ပထမဆုံး ကူချမ်မြဲ့နဲ့ ဆက်သွယ်ခဲ့တယ်။ နောက်တော့ ကျိချင်းရီကို မင်းကိုဆွဲဆောင်စေပြီး ‌ဒီနေရာရောက်အောင် ခေါ်ရတာပေါ့"

"ပြီးတော့ ငါတို့က ဒီအင်မော်တယ်ကျောက်တွင်းမှာ မိုရာနတ်ဆိုးအစီရင်ကို တည်ဆောက်ထားလိုက်တယ်။ ဒါက ချုပ်နှောင်ခြင်းနဲ့ သတ်ဖြတ်ရာမှာ အစွမ်းထက်ဆုံး အစီရင်တွေထဲက တစ်ခုပဲ"

"ဒါက မိုရာနတ်ဆိုးအစီရင်ရဲ့ ရိုးရှင်းတဲ့ မူကွဲတစ်ခုဖြစ်ပေမဲ့ မင်းကိုသတ်ဖို့တော့ လုံလောက်ပါတယ်"

"ငါတို့သုံးယောက်အပြင် ကူချမ်မြဲ့နဲ့ ကျိချင်းရီရဲ့ အကူအညီလည်း ရှိနေသေးတယ်"

"ဒီအခြေအနေမှာ မင်း အတောင်ပံပါရင်တောင် ပျံလို့မလွတ်နိုင်ဘူး"

အလောင်းကောင်ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။

မည်သို့ပင်ဆိုစေ၊ ယခုအခါ ကျွင်းရှောင်ယောက်က ထောင်ချောက်ထဲမှာ ပိတ်မိနေပြီ။

သို့သော်လည်း အလောင်းကောင်ဧကရာဇ်မှာ အနည်းငယ် မျက်မှောင်ကြုတ်မိသည်။

deal

ကျွင်စရှောင်ယောက်၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုကို အရိပ်အယောင်မျှ သူ မမြင်ရပေ။

ကြောက်ရွံ့မှုဆိုလျှင် လုံးဝကို မရှိပါ။

"ကျွင်းရှောင်ယောင်၊ မင်းက အခုချိန်ထိ တည်ငြိမ်သလို ဟန်ဆောင်နေသေးတယ်။ ငါက မင်းကို တစ်ဦးချင်း အနိုင်မယူနိုင်ပေမဲ့ မင်းသေသွားသရွေ့ ဒီအကြောင်းကို ဘယ်သူမှသိမှာမဟုတ်ဘူး"

ကူချမ်မြဲ့၏ မျက်လုံးများတွင် အလွန်ပြင်းထန်သော သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသည်။

ကျွင်းရှောင်ယောက်ကို ဖယ်ရှားနိုင်သရွေ့ သူ၏ အရှက်ရခြင်းနှင့် အမည်းစက်အားလုံး ပျောက်ကွယ်သွားလိမ့်မည်။

"ဒါက အကောင်းဆုံးအခွင့်အရေးလို့ ထင်နေတယ်ဆိုရင်လည်း လာပါ၊ ပြီးတော့မှ ငါက မင်းတို့ကို အခွင့်အရေးမပေးဘူးလို့ မဆိုလေနဲ့"

ကျွင်းရှောင်ယောက်က သဘောထားကြီးစွာဖြင့် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"အခုချိန်ထိ ဟန်ဆောင်နေသေးတယ်လား"

မြေအောက်ကမ္ဘာ၏ ဧကရာဇ်သုံးပါးမှာ မကျေမနပ်ဖြစ်သွားကြသည်။

သူတို့သုံးဦးက အရှိန်အဝါများကို ထုတ်ဖော်ရင်း တပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။

၎င်းက လူသုံးဦးမှ ပြိုင်တူတိုက်ခိုက်ခြင်းကဲ့သို့ မရိုးရှင်းပေ။

သူတို့တွင် မိုရာနတ်ဆိုးအစီရင်၏ အထောက်အပံ့များ ပါဝင်သည်။

၎င်းက မြေအောက်ကမ္ဘာ၏ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းအစီရင်တစ်ခု ဖြစ်၏။

၎င်းက ရိုးရှင်းသော မူကွဲတစ်ခုသာဖြစ်သည့်တိုင် အဓိပတိနယ်ပယ်ခုနစ်ခုမှ ကျင့်ကြံသူများ ခုခံနိုင်သောအရာ မဟုတ်သေးပေ။

မတုန်လှုပ်သော အမှောင်ဘုရင်လက်သီး။

မင်ဧကရာဇ်က အင်အားကြီးမားသော နည်းလမ်းကို အသုံးပြုသည်။ အမှောင်ဘုရင်ပုံရိပ်တစ်ခုက သူ့အနောက်တွင် ပေါ်လာပြီး သူနှင့်အတူ လိုက်ပါထိုးနှက်လိုက်၏။

လက်သီးအင်အားက ပတ်ဝန်းကျင်တစ်ခုလုံးကို သိမ့်သိမ့်တုန်စေသည်။

ကျောက်တွင်းထဲတွင် အက်ကြောင်းများ ပေါ်လာသည်။

တစ္ဆေဧကရာဇ်ကမူ ဆန်းကြယ်သော ဝိညာဉ်နည်းလမ်းများကို အသုံးပြု၏။

ကြောက်စရာကောင်းသော ဝိညာဉ်လှိုင်းတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားမှ ဒီရေလှိုင်းကဲ့သို့ ထွက်ပေါ်လာတော့သည်။

၎င်းက တစ္ဆေနန်းတော်၏ ကမ္ဘာဖျက်ဆီးခြင်း ဝိညာဥ်လှိုင်းဖြစ်ကာ လူတစ်ယောက်၏ ဝိညာဉ်ကို အပြင်းအထန် ထိခိုက်စေနိုင်သည်။

အလောင်းဧကရာဇ်ကမူ အနက်ရောင်ခေါင်းတလားတစ်လုံးကို ထုတ်ယူလိုက်သည်။

ခေါင်းတလားကို ဖွင့်လိုက်သောအခါ အနီရောင်ဆံပင်များဖြင့် မိစ္ဆာတစ်ကောင် ထွက်ပေါ်လာ၏။

မိစ္ဆာ၏ တကိုယ်လုံးကို သွေးနီရောင်အမွေးအမှင်များ ဖုံးအုပ်ထားသော်လည်း လူသားတစ်ယောက်ဖြစ်မှန်းတော့ ဝိုးတဝါး မြင်နိုင်သေးသည်။

သူ့ထံမှ ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်တို့ကိုလည်း ထုတ်လွှတ်နေသည်။

"ဟင်"

အနီရောင်အမွေးအမှင်များဖြင့် မိစ္ဆာကို မြင်သောအခါ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားသည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာများတွင် ကပ်ဘေးနှစ်မျိုး ရှိသည်။

တစ်ခုက ကောင်းကင်၏ အချုပ်အနှောင်ဖြစ်ပြီး ကျန်တစ်ခုကတော့ မြင့်မြတ်ခန္ဓာ၏ကျိန်စာပင်။

ကောလဟာလများအရ၊ ကျိန်စာများကြောင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာများမှာ အဆုံးသတ်မကောင်းကြပေ။

ကျိန်စာက ရှေးဟောင်းမြင့်မြတ်ခန္ဓာများကို အသိစိတ်ပျောက်ဆုံးကာ ရူးသွပ်စေနိုင်သည်။ နောက်ဆုံးတွင် သတ်ဖြတ်ရန်သာသိသော မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်။

ယခု ဤအမွှေးနီမိစ္ဆာကို မြင်ရသောအခါ ကျွင်းရှောင်ယောက်က ပို၍ သေချာလာခဲ့သည်။

မြေအောက်ကမ္ဘာက မြင့်မြတ်ခန္ဓာကျိန်စာ၏ တရားခံများအနက် တစ်ဦးပင်။

နောက်ထပ် ပူးပေါင်းဆောင်ရွက်သူက သက်ရှည်ကျွန်း ဖြစ်သည်။

မြေအောက်ကမ္ဘာ၏ မြင့်မြတ်ခန္ဓာကျိန်စာက သူနားလည်နိုင်ပြီ။

သူတို့က မြင့်မြတ်ခန္ဓာ၏ သွေးနှင့်ခန္ဓာကို လိုချင်ကြသောကြောင့် ဖြစ်သည်။

သို့ရာတွင်၊ သက်ရှည်ကျွန်း၏ ရည်ရွယ်ချက်က အဘယ်နည်း။

ဤနောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနိုင်သည်။

သို့သော်လည်း ဤအဖြေကို လူတစ်ဦးသာ သိရှိမည်ကို ကြောက်ရသည်။

၎င်းက သက်ရှည်ကျွန်း၏ လျှို့ဝှက်ဆန်းကြယ်သော ယဇ်ဆရာသခင်ကြီးပင်။

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးအများကြီး တွေးပြီးသော်လည်း တကယ်တမ်းမှာတော့ အခိုက်အတန့်တစ်ခုမျှသာ ကြာသေးသည်။

သူက လက်သီးဆုပ်ပြီး နတ်ဆိုးနတ်ဘုရား ကောင်းကင်ခွင်းလက်သီးဖြင့် မတုန်လှုပ်သော အမှောင်ဘုရင်လက်သီးကို ရင်ဆိုင်လိုက်သည်။

ထို့နောက် မျိုးဆက်သုံးခုရှေးဦးဝိညာဉ်ကို အသက်သွင်းလိုက်ရာ ဝိညာဉ်စွမ်းအင်လှိုင်းများ ဖြာထွက်လာပြီး ကမ္ဘာဖျက်ဆီးခြင်း ဝိညာဉ်လှိုင်းကို ချေဖျက်ပစ်လိုက်၏။

ထိုမျှသာမကဘဲ တစ်ဖက်လူ၏ ရှေးဦးဝိညာဉ်ကိုပင် ရိုက်ခတ်သွားသေးသည်။

"မင်းရဲ့ ရှေးဦးဝိညာဉ်က ဘယ်အဆင့်ကို ရောက်နေပြီပဲ"

တစ္ဆေဧကရာဇ်က တုန်လှုပ်စွာ ပြောလိုက်သည်။

ထိုရှေးဦးဝိညာဉ်စွမ်းအားက ကြောက်စရာကောင်းလွန်း၏။

တစ္ဆေဧကရာဇ်၏ ရှေးဦးဝိညာဉ်စွမ်းအားက ကျယ်ပြန့်သော မြစ်တစ်စင်းဟုဆိုလျှင်...

ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က အကန့်အသတ်မဲ့ ပင်လယ်ကြီး ဖြစ်သည်။

မြစ်ရေက မည်မျှပင် လှိုင်းထန်နေစေကာမူ၊ ပင်လယ်ထဲသို့ စီးဝင်သွားပါက အနည်းငယ်မျှပင် တုန်လှုပ်စေမည် မဟုတ်ပေ။

ထို့နောက်၊ ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကို ဖြင့် အမွှေးနီမိစ္ဆာကို ခုတ်ချလိုက်သည်။

သံသံချင်း ထိခတ်သံများ ထွက်ပေါ်လာ၏။

ကျွင်းရှောင်ယောက်က အနည်းငယ် အံ့ဩသွားမိသည်။

အလောင်းသန့်စင်ခြင်းနန်းတော်က အလောင်းသန့်စင်ရာတွင် တကယ်ထူးချွန်သည်။

အလောင်းကောင်ကို အင်မော်တယ်ရွှေအမျိုးမျိုးဖြင့် လက်နက်တစ်ခုကဲ့သို့ သန့်စင်ထားခြင်း ဖြစ်၏။

သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ၊ ပထမဆုံး ထိပ်တိုက်ရင်ဆိုင်မှုတွင် ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုများဖြင့် ရန်သူသုံးဦးကို အသာစီးယူထားနိုင်သေးသည်။

All Chapters