← Chapters

အခန်း ၁၄၆၈

Vol. 100 Ch. 1468

အခန်း ၁၄၆၈

Vol. 100 Ch. 1468

အခန်း ( ၁၄၆၈ ) သက်ရှည်ခြင်းဧကရာဇ်၏သားတော် ပေါ်လာပြီ။

တောက်ဝမ်က ရောက်လာသည်နှင့် တပြိုင်နက်၊ ရဲ့ကူချန်ကို အာရုံစိုက်လိုက်သည်။

ကျွင်းရှောင်ယောက် မရှိသောအခါ သူ့ပတ်ဝန်းကျင်မှ လူများက သဘာဝအတိုင်း အဓိကပစ်မှတ်များ ဖြစ်လာကြ၏။

ခွန်းရွှီကျစ်အတွက်တော့ သူဟာ ရဲ့ကူချန်လောက် ခြိမ်းခြောက်မှုမရှိပါ။ ထို့ကြောင့် သူ့ကို ဂရုစိုက်မနေတော့ပေ။

"ဒါက နည်းနည်းတော့ ပြဿနာရှိတယ်"

ခွန်းရွှီကျစ်၏ မျက်နှာအမူအရာက လေးနက်သွားသည်။

"အားလုံး ဒီကထွက်သွားကြ၊ ငါဒီနေရာကို လိုချင်တယ်"

တောက်ဝမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူက အလွန်ကြီးစိုးပြီး လူတိုင်းကို ထွက်ခွာသွားရန် တိုက်ရိုက် ပြောလိုက်၏။

သို့သော်လည်း ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ ဒုတိယဖြစ်ပြီး သားရဲဂူ၏ ဘုရင်ငယ်လေးပါးအနက် ခေါင်းဆောင်ဖြစ်သောကြောင့် သူ့တွင် ဤစိတ်နေစိတ်ထားမျိုး ရှိနေခြင်းမှာ ပုံမှန်ပင်။

သူ့စကားက လူတိုင်းကို ဒေါသထွက်စေသည်။

သို့သော်လည်း မည်သူမျှ သူတို့၏ဒေါသကို မထုတ်ဖော်ဝံ့ပေ။

တောက်ဝမ်က စွမ်းအားကြီးလွန်းသည်။

သူကိုယ်တိုင်က အရာအားလုံးကို ဝါးမျိုနေသော မှောင်မိုက်သော ကြယ်စက်ဝိုင်းတစ်ခုကဲ့သို့ ဖြစ်၏။

သို့သော်လည်း ရဲ့ကူချန်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုမပြပေ။

"အိပ်မက်မက်နေ"

ရိုးရှင်းသော စကားတစ်ခွန်းသာဖြစ်သော်လည်း ရဲ့ကူချန်၏ ခိုင်မာသော ရပ်တည်ချက်ကို ပြသသည်။

"ဟမ်"

တောက်ဝမ်က ရဲ့ကူချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

"ကျွင်းရှောင်ယောက်ရဲ့ဘေးမှာ အချိန်အတော်ကြာနေပြီးတဲ့နောက် မင်းလည်း ယုံကြည်မှုတွေ မြင့်မားလာပုံရတယ်"

"မင်းရဲ့ဓားသင်္ချိုင်းက အရင်ကလည်း မနာခံတတ်သူတစ်ယောက်ကို မွေးထုတ်ပေးခဲ့ဖူးတယ်။ အခု မင်းက သူ့ခြေရာကို လိုက်မှာလား"

တောက်ဝမ်က ပြောလိုက်၏။ သူက ဓားသင်္ချိုင်းကို လုံးဝ မနှစ်သက်ပါ။

ဓားသင်္ချိုင်း၏ တစ်ဦးတည်းသော ဓားနတ်ဘုရားသည် ၎င်းတို့ သားရဲဂူ၏ အမြင့်မြတ်ဆုံး တားမြစ်တည်ရှိကို ထိခိုက်စေခဲ့ဖူးသည်။

"အပိုတွေမပြောနေပါနဲ့၊ မကျေနပ်ဘူးမို့လား...၊ ဒါဆိုရင် ငါ့ဓားနဲ့‌ ဖြေရှင်းလိုက်ရအောင်"

ရဲ့ကူချန်က စကားများများမပြောပေ။ သူက ရှုံးနိမ့်မှုကိုရှာဖွေခြင်းဓားကို အသင့်ကိုင်ဆောင်ထားသည်။ သူ၏ အနက်ရောင်ဆံပင်များကလည်း လွင့်မျောနေ၏။

"အလို၊ သူက နဂါးနဲ့ဖီးနစ်စာရင်းမှာ ဒုတိယအဆင့်ဖြစ်တဲ့ တောက်ဝမ်ကို တိုက်ရိုက်စိန်ခေါ်ရဲတယ်လား"

ဤမြင်ကွင်းကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး အသက်ပြင်းပြင်းရှူလိုက်ကြသည်။

‌

တောက်ဝမ်က အလွန်စွမ်းအားကြီးသည်။ သူက သက်ရှည်ခြင်းဧကရာဇ်၏သားတော်ပြီးလျှင် ဒုတိယ ဖြစ်၏။

ရဲ့ကူချန်ကမူ၊ ယခင်က ပြန်လည်ဝင်စားခြင်းပင်လယ်တွင် သူ၏အစွမ်းသတ္တိကို ပြသခဲ့ဖူးသော်လည်း...

အလွန်ဆုံး ကောင်းကင်နဂါးနှင့်ဖီးနစ်စာရင်းတွင် ထိပ်တန်း ငါးယောက်အတွင်းသာ ဝင်နိုင်သည်။

ဟုတ်သည်၊ ပြင်ပလူများက ရဲ့ကူချန်၏ ကျင့်ကြံမှုအမြန်နှုန်းကို လုံးဝမသိကြပါ။

အထူးသဖြင့် တုကူးဓားနတ်ဘုရား၏ စွမ်းအားကို ရှာဖွေတွေ့ရှိပြီးနောက်တွင် ဖြစ်သည်။

အခြေအနေများ တင်းမာလာချိန်...

စကားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒီနေရာလေးက တကယ့်ကို သက်ဝင်လှုပ်ရှားနေတာပဲ"

ထိုအသံမှာ တည်ငြိမ်အေးဆေးပြီး နူးညံ့လှသဖြင့် နွေဦးလေပြည်ညင်းလေးကဲ့သို့ လူကို လန်းဆန်းကြည်နူးသွားစေသည်။

သို့သော် ထိုအသံကို ကြားလိုက်ရသည်နှင့် လူတိုင်း၏ အကြည့်များက ရုတ်ချည်းပင် တစ်နေရာတည်းသို့ စုပြုံရောက်ရှိသွားကြတော့သည်။

"သူရောက်လာပြီ"

ဝေးလံသော ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ရွန်းများနှင့် မင်္ဂလာအလင်းရောင်များ တောက်ပနေသည်။

ရွှေရောင်မီးခွက်ကို လက်ထဲတွင် ကိုင်ဆောင်ထားပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုက နတ်ဘုရားတစ်ပါးကဲ့သို့ သူတို့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေ၏။

သူကား သက်ရှည်ခြင်းဧကရာဇ်၏သားတော်မှတပါး အခြားမည်သူဖြစ်နိုင်ဦးမည်နည်း။

"သက်ရှည်ခြင်းဧကရာဇ်ရဲ့သားတော် ရောက်လာပြီ"

လူတိုင်းက ကောင်းကင်ယံမှ ထိုပုံရိပ်ကို မောကြည့်လိုက်ကြသည်။

သူက‌ တောက်ဝမ်နှင့်မတူပါ။

တောက်ဝမ်က လူတိုင်းကို ကြောက်ရွံ့စေသော ဖိအားမျိုးနှင့် ရက်စက်ကြမ်းကြုတ်ခြင်း အငွေ့အသက်တို့ကို ပေးစွမ်းသော်လည်း...

သက်ရှည်ခြင်းဧကရာဇ်၏သားတော်က ကောင်းကင်ဘုံမှ နတ်တစ်ပါးကဲ့သို့ တည်ငြိမ်အေးချမ်းပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ကဲ့သို့ ခံစားရစေသည်။

ထို့ပြင်၊ ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ နံပါတ်တစ်နေရာတွင် အခိုင်အမာ ရပ်တည်နိုင်သော သူ့ခွန်အားကြောင့်လည်း လူတိုင်း၏ လေးစားမှုကို ခံစားရပေသည်။

ဒါဟာ ပလ္လင်နန်းထက်မှ ပြုတ်မကျသေးမီက တိဟောက်ထျန်းနှင့် အတန်ငယ် ဆင်တူသည်။

သို့သော်လည်း တိဟောက်ထျန်းနှင့် မတူသောအချက်မှာ...

သက်ရှည်ခြင်းဧကရာဇ်၏သားတော်က သူ၏ ထူးခြားသော အဆင့်အတန်းနှင့် ရာထူးကို ထိန်းသိမ်းထားခြင်းဖြင့် အရှိန်အဝါကြီးနေသေးခြင်း ဖြစ်သည်။

လူတိုင်းက ဤသို့ယုံကြည်ကြ၏။

ကျွင်းရှောင်ယောက်ကို ထိန်းချုပ်နိုင်သူရှိလာပါက သက်ရှည်ခြင်းဧကရာဇ်၏သားတော်သာ ဖြစ်မည်။

သက်ရှည်ခြင်းဧကရာဇ်၏သားတော်သည်ပင် မကိုင်တွယ်နိုင်ပါက ကောင်းကင်ကိုးပါး တစ်ခုလုံးကို ကျွင်းရှောင်ယောက်က လွှမ်းမိုးသွားတော့မည် ဖြစ်သည်။

ဤအခြေအနေကိုတော့ မည်သူမျှ မမြင်လိုကြပေ။

"သက်ရှည်ခြင်းဧကရာဇ်သားတော်"

သက်ရှည်ခြင်းဧကရာဇ်၏သားတော် ရောက်ရှိလာသည်ကို မြင်သောအခါ တောက်ဝမ်၏ မျက်နှာအမူအရာက လေးနက်သွားသည်။

သူက ကြီးစိုးသော်လည်း သူ၏ အကန့်အသတ်များကို သိသေးသည်။

ထို့ပြင် သက်ရှည်ကျွန်းနှင့် သားရဲဂူ နှစ်ခုစလုံးက သုတ်သင်ရှင်းလင်းရေးအဖွဲ့မှ တားမြစ်နယ်မြေများ ဖြစ်သည်။

ထို့ကြောင့် အဆင့်သတ်မှတ်ချက်စာရင်းတွင် ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်ခြင်းမှလွဲ၍ တောက်ဝမ်နှင့် သက်ရှည်ခြင်းဧကရာဇ်၏သားတော်ကြား ပဋိပက္ခမရှိခဲ့ပါ။

တောက်ဝမ်က ကြီးစိုးသော်လည်း သက်ရှည်ခြင်းဧကရာဇ်၏သားတော်ကို မောင်းထုတ်ရန် မဖြစ်နိုင်ကြောင်း ထင်ရှားသည်။

ဤအခိုက်တွင်၊ သက်ရှည်ခြင်းဧကရာဇ်၏သားတော်သည်လည်း ရဲ့ကူချန်ကို ကြည့်လိုက်သည်။

"ဓားသင်္ချိုင်းက စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ကို ထပ်ပြီး မွေးထုတ်ခဲ့တာပဲ"

သူ့အမူအရာက တည်ငြိမ်နေသော်လည်း ရဲ့ကူချန်ထံမှ အန္တရာယ် အငွေ့အသက်တို့ကို ခံစားမိ၏။

၎င်းက အရိပ်အယောင်မျှသာဖြစ်သော်လည်း သက်ရှည်ခြင်းဧကရာဇ်သားတော်ကို အံ့အားသင့်စေသေးသည်။

အဆုံးတွင်၊ ရဲ့ကူချန်နှင့် ကျွင်းရှောင်ယောက်တို့ နှစ်ယောက်စလုံးက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် မတူညီသော နောက်ခံများအရ အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များမှာ ကောင်းကင်ကိုးပါး၏ ပါရမီရှင်များထက် အားနည်းသင့်၏။

သို့သော်လည်း ရဲ့ကူချန်က အချိန်တိုအတွင်း လိုက်မီနိုင်ခဲ့ပြီး တောက်ဝမ်ကိုပင် ထိပ်တိုက်ရင်ဆိုင်ဝံ့ခဲ့သည်။

"ဘာလဲ၊ မင်းလည်း ပါဝင်ချင်တာလား။ နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရရင်လည်း ငါ ဂရုမစိုက်ဘူး"

ရဲ့ကူချန်၏ ရွှင်းချိုရှီးပိုက်ဓား(ရှုံးနိမ့်မှုကို ရှာဖွေခြင်းဓား)က တစ်ချက်လှုပ်သွား၏။

သက်ရှည်ခြင်းဧကရာဇ်၏သားတော်နှင့် တောက်ဝမ်ကို ရင်ဆိုင်နေရသော်လည်း သူက နောက်မဆုတ်သေးပေ။

ရဲ့ကူချန်၏ သဘောထားက လူတိုင်းကို အံ့ဩသွားစေသည်။

ထိုပုဂ္ဂိုလ်နှစ်ဦးမှာ ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ ပထမနှင့် ဒုတိယတို့ ဖြစ်၏။

ရဲ့ကူချန်၏စကားကို ကြားသောအခါ သက်ရှည်ခြင်းဧကရာဇ်၏သားတော်က ယောင်ယောင်လေး ပြုံးလိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ မင်းရဲ့ ဓားသင်္ချိုင်းက ပုန်ကန်တတ်တဲ့ မိုက်မဲတဲ့လူတွေနဲ့ ပြည့်နေတယ်"

"အဲဒီတုန်းက တုကူးဓားနတ်ဘုရားလည်း အဲဒီလိုပဲ၊ အခု မင်းကလည်း ဒီလိုဖြစ်နေတယ်"

"ဒါပေမဲ့ တုကူးဓားနတ်ဘုရားလို တန်ခိုးကြီးတဲ့သူတောင် အမှောင်ထုမှာ အဆုံးသတ်သွားရတာ... မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ"

"ထာဝရကံကြမ္မာက ငါ့ရဲ့ သက်ရှည်ကျွန်းမှာပဲ ရှိတယ်"

သက်ရှည်ခြင်းဧကရာဇ်သားတော်၏ စကားများက ကြီးကျယ်ခမ်းနားပြီး ပဲ့တင်ထပ်နေသည်။

သို့ရာတွင်၊ သူပြောတာလည်း မမှားပါ။

သူတို့ သက်ရှည်ကျွန်း၏ မဟာပုဂ္ဂိုလ်မှာ ယဇ်ဆရာသခင်အားလုံး၏ အကြီးအကဲ၊ ပထမဆုံး ယဇ်ဆရာသခင် ဖြစ်သည်။

ထိုပုဂ္ဂိုလ်ကြီးကြောင့် သူတို့၏ သက်ရှည်ကျွန်းက တားမြစ်နယ်မြေဆယ်ခုအနက် ထိပ်ဆုံးမှာ ရှိ‌နေနိုင်ခဲ့၏။

ထို့ကြောင့် ပုန်ကန်တတ်သူ တုကူးဓားနတ်ဘုရားကို သဘာဝအတိုင်း မကြိုက်ကြပေ။

ထို့ကြောင့်ပင် သက်ရှည်ခြင်းဧကရာဇ်၏သားတော်က ဓားသင်္ချိုင်းနှင့် ရဲ့ကူချန်အပေါ် ကောင်းမွန်သော ခံစားချက်မရှိပါ။

တစ်ဖက်တွင်၊ ရဲ့ကူချန်ကလည်း အလားတူပင် ဖြစ်သည်။

"တိုးတက်မှုပြီးရင် ဆုတ်ယုတ်မှုလာမယ်၊ အမြင့်ကိုရောက်ပြီးမှ ပြန်ပြုတ်ကျရင် အထိပိုနာတတ်တယ်"

ရဲ့ကူချန်၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူက နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရမည်ဆိုလျှင်ပင်၊ တုကူးဓားနတ်ဘုရားကို အထင်သေးခွင့်မပြုနိုင်ပေ။

အခြေအနေက အလွန်တင်းမာလာပြီး အချိန်မရွေး ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးကဲ့သို့ ဖြစ်သည်။

"ခက်ပြီ၊ အခု ဘယ်လိုဆက်လုပ်ရမလဲ"

ဤအခြေအနေကိုမြင်သောအခါ ခွန်းရွှီကျစ်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

ရဲ့ကူချန်က ကျွင်းရှောင်ယောက်၏ မိတ်ဆွေဖြစ်ကြောင်း သူသိထား၏။

သို့သော်လည်း သူကိုယ်တိုင်က နဂါးနှင့်ဖီးနစ်စာရင်းတွင် ဆဋ္ဌမသာ ဖြစ်သောကြောင့် ဤအဆင့်တိုက်ပွဲများတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိပေ။

သူက ဆန္ဒရှိသော်လည်း လူက မစွမ်းနိုင်ပါ။

ထိုစဉ်...

အဝေးမှ နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာသည်။

"ကောင်းကင်နဂါးနဲ့ ဖီးနစ်စာရင်းရဲ့ ထိပ်ဆုံးလူနှစ်ယောက်က လူအင်အားနဲ့ အနိုင်ကျင်ချင်တာလား"

ထိုအသံကို ကြားရသောအခါ သက်ရှည်ခြင်းဧကရာဇ်၏သားတော်နှင့် တောက်ဝမ်တို့က ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

သို့သော်လည်း လူရိပ်ကိုမြင်ရသောအခါ သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် တစ်မျိုးပြောင်းသွား၏။

စကားပြောလာသူက သဘာဝအတိုင်း ကျွင်းရှောင်ယောက် ဖြစ်သည်။

သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်နှာအမူအရာကို ပြောင်းစေခဲ့က ကျွင်းရှောင်ယောက် မဟုတ်ပေ။

နိယာမသံကြိုးဖြင့် ချည်နှောင်ခံထားရသော အမျိုးသမီးကြောင့် ဖြစ်သည်။

သူမ၏ အဖြူရောင်ဝတ်စုံက စုတ်ပြဲလျက် အညစ်အကြေးများ ဖုံးလွှမ်းနေ၏။

သူ့ခေါင်းကလည်း ရှုပ်ပွနေကာ အမှိုက်ပုံထဲမှ တိုးထွက်လာသော အရူးမတစ်ယောက်နှင့် မခြားပေ။

"ကျွင်းရှောင်ယောက် ရောက်လာပြီ"

"သူ့နောက်က လူသုံးယောက်က တကယ်ကို ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ သခင်လေးသုံးယောက်ပဲ။ သားရဲဂူရဲ့ ဘုရင်ငယ်သုံးယောက်လိုပဲ သူတို့လည်း ဖိနှိပ်ခံရပြီး ယဉ်ပါးသွားတာ ဖြစ်နိုင်မလား"

"ကြည့်ကြစမ်း၊ သူ့နောက်က သံကြိုးနဲ့ချည်ခံထားရတဲ့ မိန်းမက သက်ရှည်ခြင်းနတ်ဘုရားမနဲ့ မတူဘူးလား"

"ပေါက်တတ်ကရ၊ မတူဘူးဘူးဆိုတာက ဘာစကားလဲ။ သူက သက်ရှည်ခြင်းနတ်ဘုရားမ အစစ်ဟ"

ကျွင်းရှောင်ယောက် ရောက်လာခြင်းက ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

သို့ရာတွင်၊ သူတို့ကို ထိတ်လန့်စေခဲ့တာက ကျွင်းရှောင်ယောက်ကိုယ်တိုင် မဟုတ်ပါ။

ယင်းအစား၊ နိယာမ သံကြိုးများဖြင့် ချည်နှောင်ခံထားရသော အမျိုးသမီး ဖြစ်သည်။

ကောင်းကင်ကိုးပါးရှိ အလှဆုံး အမျိုးသမီးတစ်ဦးမှာ ဤမျှဆိုးရွားသော အခြေအနေသို့ ကျရောက်သွား၏။

ထို့ထက် ပိုအရေးကြီးတာက သူ့ကို သက်ရှည်ခြင်းဧကရာဇ်သားတော်၏ လူများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြသည်။

ယခု ဤပုံစံဖြင့် သူမကို ခေါ်ဆောင်လာခြင်းမှာ သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ခြင်းပင်။

All Chapters