← Chapters

အခန်း ၁၄၇၅

Vol. 101 Ch. 1475

အခန်း ၁၄၇၅

Vol. 101 Ch. 1475

အခန်း ( ၁၄၇၅ ) ယာဇ်ဆရာသခင်အမိန့်တော်၏ လျှို့ဝှက်ချက်။

ကျင့်ကြံသူတစ်ဦးအတွက် ကျင့်ကြံရာတွင် အရေးကြီးဆုံးအချက်က အဘယ်နည်း။

လူတချို့ကတော့ ၎င်းကို ကျင့်ကြံမှုနည်းလမ်း၊ သဘာဝစွမ်းရည် သို့မဟုတ် ပါရမီ စသည်ဖြင့် ပြောကောင်းပြောလိမ့်မည်။

သို့သော်လည်း အနှစ်ချုပ်ရလျှင် အချက်နှစ်ချက်ကြောင့် ဖြစ်သည်။

ပထမအချက်က သက်တမ်း။

ဒုတိယအချက်က ကံ။

သက်တမ်းက လုံလောက်စွာရှည်လျားလျှင် ဝက်တစ်ကောင်ပင် နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး တာအိုကိုသက်သေပြု၍ ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သည်။

ဤသည်မှာ အရေအတွက်ကြောင့် အရည်အသွေးပိုင်းတွင် ပြောင်းလဲလာခြင်းပင်။

သာမန်အရည်အချင်းရှိသော ကျင့်ကြံသူများက ဧကရာဇ်ဖြစ်လာရန် ခက်ခဲရခြင်း အကြောင်းရင်းမှာ...

သူတို့၏သက်တမ်းက ရှည်ကြာသော ကာလများအထိ လေ့ကျင့်နိုင်ရန် မလုံလောက်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် အရည်အချင်းနှင့် အခွင့်အလမ်းများကို ဖြည့်ဆည်းပေးရန် လိုအပ်ပေသည်။

မြင့်မားသော အရည်အချင်း၊ လုံလောက်သော အခွင့်အလမ်းများဖြင့်သာ ကျင့်ကြံသူတစ်ဦးက အချိန်တိုအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်သည်။

သို့သော်လည်း အရည်အချင်းနှင့် အခွင့်အလမ်းက အခြား အကြောင်းတစ်ခုနှင့် ဆက်စပ်မှုရှိသည်။

ဒါက ကံပင်။

အရာအားလုံးမှာ ကိုယ်ပိုင်ကံ ရှိကြသည်။

ယခင်က၊ ကျွင်းရှောင်ယောက် ဖျက်ဆီးခဲ့သူ အများစုဟာ ကံကောင်းခြင်း၏ရွေးချယ်ခံရသူများပင်။

သူတို့တစ်ဦးစီဟာ ကံကောင်းခြင်းများစွာ ပိုင်ဆိုင်ထားသူများ ဖြစ်သည်။

တိဟောက်ထျန်းသည်လည်း ကံကောင်းသူတစ်ဦး ဖြစ်၏။

ထို့ကြောင့် သူတို့ သူတို့ခေတ်၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့ကြသည်။

ကျွင်းရှောင်ယောက်ကတော့ ဗလာနယ်ကံကြမ္မာဖြစ်သည်။

သူ့ကံကြမ္မာကို မည်သူမျှ ထိန်းချုပ်၍မရသလို စူးစမ်း၍လည်းမရပါ။

သူက ကံကြမ္မာမြစ်မှ လွတ်မြောက်နိုင်စွမ်းပင် ရှိသည်။

သို့ရာတွင်၊ ဒါက ကျွင်းရှောင်ယောက်မှာ ကံကောင်းခြင်း မရှိဘူးဟု မဆိုလိုပေ။

ကံကောင်းခြင်းနှင့် ကံကြမ္မာက ကွဲပြားသောအရာနှစ်ခုဖြစ်သည်။

ကံကောင်းခြင်းဆိုသည်မှာ မိမိပိုင်ဆိုင်ထားသော အရှိန်အဝါ အထောက်အပံ့ဖြစ်ပြီး၊ ကံကြမ္မာကား ဘဝတစ်ခုလုံး၏ ကြိုတင်သတ်မှတ်ချက် လမ်းကြောင်းတစ်ခုပင်။

ယခုတော့ ကံကြမ္မာကျင့်စဉ်ငယ်အတွက် ပေးဆပ်ရမည့် တန်ကြေးက သက်တမ်းနှင့်ကံ ဖြစ်ခဲ့ပြီ။

ဒါက ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဂရုတစိုက် စဉ်းစားသင့်သော အချက်ဖြစ်သည်။

'အဆိုးအကောင်း ဒွန်တွဲနေတာပဲ၊ ကံကောင်းခြင်းကို လောင်စာအဖြစ်သုံးပြီး ကံကြမ္မာကို ပြောင်းစေတယ်၊ ဒါကို ကံကြမ္မာကျင့်စဉ်ငယ်လို့ခေါ်တာ အံ့ဩစရာမရှိတော့ပါဘူး'

ကျွင်းရှောင်ယောက်က သိပ်တော့ မအံ့သြမိပေ။

ဤမျှ စွမ်းအားကြီးလွန်းသော အင်မော်တယ်ကျင့်စဉ်ကို အလွယ်တကူ အသုံးပြုခွင့်ရှိမှသာ အံ့ဩရမည် ဖြစ်သည်။

ဤနည်းလမ်းက သာမန်ကျင့်ကြံသူများအတွက် အသုံးမဝင်သလောက်ပင်။

အကြောင်းမှာ သာမန်ကျင့်ကြံသူများက သူတို့၏ သက်တမ်းနှင့် ကံကို လုံးဝ ထိခိုက်မခံနိုင်သောကြောင့် ဖြစ်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က မတူပေ။

သူ့တွင် ကစဉ့်ကလျားခန္ဓာ၊ မြင့်မြတ်ခန္ဓာတာအိုသန္ဓေနှင့် အခြား ထိပ်တန်း တာအိုခန္ဓာတချို့ ရှိသည်။

ဒါက သူ၏သက်တမ်းကို သာမန်ကျင့်ကြံသူများ၏ သက်တမ်းထက် အများကြီး ကျော်လွန်စေလိမ့်မည်။

ကံကောင်းခြင်းနှင့် ပတ်သက်လျှင်တော့...

ကျွင်းရှောင်ယောက်သည် ကံကောင်းခြင်း၏ကလေးငယ်များစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ သူတို့၏ ကံကောင်းခြင်းများက တစ်နည်းနည်းဖြင့် ကျွင်းရှောင်ယောက်ထံ ရောက်ရှိခဲ့၏။

ထို့ပြင်၊ ကျွင်းရှောင်ယောက်ကိုယ်တိုင်က အလွန်ကြီးမားသော ကံကောင်းခြင်းဖြင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။

ထိုမှတပါး လက်မှတ်ထိုးဝင်ခြင်းစနစ်လည်း ရှိသေးသည်။

ကံကောင်းခြင်းအပေါ် အခြေခံပြီး ရှာဖွေခြင်းထက် စနစ်မှ တိုက်ရိုက်ရသော ဆုလာဘ်များက ပို၍ ဆွဲဆောင်မှုရှိသည်။

ထို့ကြောင့် ဤအရာနှစ်ခုက သာမန်ကျင့်ကြံသူများအတွက် အလွန်အရေးကြီးသော်လည်း သူ အသုံးမပြုနိုင်ဘူးဟု မဆိုလိုပါ။

ဟုတ်သည်၊ အရာအားလုံးတွင် အကန့်အသတ်တော့ ရှိရမည်။

ကျွင်းရှောင်ယောက်က သူ၏သက်တမ်းနှင့် ကံကောင်းခြင်းကို အကျိုးမဲ့ ဖြုန်းတီး၍မရပါ။

တစ်နည်းအားဖြင့်၊ ဤကံကြမ္မာကျင့်စဉ်ငယ်သည် ယုံကြည်ခြင်း၏ နတ်ဘုရားဓမ္မခန္ဓာနှင့် အလားသဏ္ဍာန်တူသည်။

အခက်ခဲဆုံးနှင့် အရေးအကြီးဆုံးအချိန်များတွင်သာ အသုံးပြုရလိမ့်မည်။

ဒါက အနိုင်အရှုံးကို ဆုံးဖြတ်နိုင်သော ဝှက်ဖဲတစ်မျိုး ဖြစ်သည်။

'မဆိုးဘူး၊ ငါ့မှာ နောက်ထပ် ဝှက်ဖဲတစ်ခု ထပ်တိုးလာခဲ့ပြီ'

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက ပြုံးယောင်သမ်းသွားသည်။

ကျွင်းဧကရာဇ်ခုံရုံးကို ပေါင်းစည်းခြင်း၊ ကောင်းကင်ကိုးပါးသို့ လာရောက်ခြင်း သို့မဟုတ် ဓားသင်္ချိုင်းကို အောင်နိုင်ခြင်း...

စသည်တို့မှာ လာမည့်ကပ်ဘေးကြီးအတွက် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

ယခုတော့ သူ့လက်ထဲမှာ နောက်ထပ် ဝှက်ဖဲတစ်ခု ရှိလာပြီ။

အချိန်တန်လျှင် ကောင်းကင်ကိုးပါး တားမြစ်နယ်မြေကို အံ့အားသင့်စရာအကြီးကြီး ပေးနိုင်မည်ဟု သူယုံကြည်သည်။

"ကျွင်းရှောင်ယောက်၊ နင်ဘာပြုံးတာလဲ။ အင်မော်တယ်ယဇ်ပလ္လင်ကြောင့် အံ့သြလွန်းပြီး စိတ်ဖောက်သွားပြီလား"

ကျွင်းရှောင်ယောက်၏ အမူအရာကို မြင်သောအခါ သက်ရှည်ခြင်းနတ်ဘုရားမက အေးစက်စက် ပြောလိုက်သည်။

သူက ကျွင်းရှောင်ယောက်ထံတွင် အပြောင်းအလဲတစ်ခု ဖြစ်သွားတာကို လုံးဝ မသိခဲ့ပေ။

ကံကြမ္မာကျင့်စဉ်ငယ်ကို ရရှိပြီးနောက် ကျွင်းရှောင်ယောက်က စိတ်ကောင်းဝင်နေခဲ့သည်။

သူက သက်ရှည်ခြင်းနတ်ဘုရားမနှင့် ငြင်းခုန်နေရန် ပျင်းရိပေသည်။

ကံကြမ္မာကျင့်စဉ်ငယ်က ယခင် နတ်ဘုရားစွမ်းရည်များနှင့် ကွာခြားသည်။

ကျွင်းရှောင်ယောက်၏ ထူးခြားသော အရည်အချင်းဖြင့်ပင် အချိန်တိုအတွင်း နားလည်ရန် မဖြစ်နိုင်ပေ။

ကံကြမ္မာကျင့်စဉ်ငယ်က အလွန်နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်လွန်းသည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က ကွေ့ရှအပျက်အယွင်းမှ ထွက်လာပြီးမှသာ အေးအေးဆေးဆေး လေ့ကျင့်ရန် တေးမှတ်ထားလိုက်သည်။

လက်မှတ်ထိုးပြီးနောက်၊ ကျွင်းရှောင်ယောက်က အင်မော်တယ်ယဇ်ပလ္လင်တွင် အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။

သူက အင်မော်တယ် ယဇ်ပလ္လင်အတွင်းမှ အခွင့်အလမ်းကို မည်သို့ရယူရမည်အား တွေးတောလိုက်၏။

ဤအကြောင်းကို စဉ်းစားရင်း ကျွင်းရှောင်ယောက်က သူ၏ အတွင်းစကြာဝဠာမှ ယဇ်ဆရာသခင်အမိန့်တော်ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

ယဇ်ဆရာသခင်အမိန့်တော်က မင်ကဲ့သို့မည်းနက်နေပြီး ရွှေမဟုတ်၊ သစ်သားမဟုတ်၊ ကျောက်လည်းမဟုတ်၊ ကျောက်စိမ်းလည်းမဟုတ်ပါ။ ၎င်းကို ပြုလုပ်ထားသော ပစ္စည်းအမျိုးအမည်ကိုလည်း မသိရှိရပေ။

၎င်းပေါ်တွင် "ငါး" ဟူသော စာလုံးကိုသာ ရှေးဟောင်းအက္ခရာဖြင့် ထွင်းထုထားသည်။

ကျွင်းရှောင်ယောက်က ယဇ်ဆရာသခင်အမိန့်တော်ကို ထုတ်ယူလိုက်ချိန်တွင်...

အင်မော်တယ် ယဇ်ပလ္လင်က တုန်ခါစပြုလာသည်။

ထောင်စုနှစ်များစွာ အိပ်ပျော်နေသော ဧရာမဘီလူးကြီးတစ်ကေယင် နိုးထလာသကဲ့သို့ သွေးနီရောင်ဖုန်မှုန့်များက မြေပြင်မှ ထောင်းထောင်းထသွား၏။

"ဒါ...ဒါက..."

သူ့ဘေးတွင် သက်ရှည်ခြင်းနတ်ဘုရားမက ကျွင်းရှောင်ယောက်၏လက်ထဲမှ အရာဝတ္ထုကိုကြည့်ကာ ကြက်သေသေသွားသည်။

သူက စစ်မှန်သော ယဇ်ဆရာသခင်အမိန့်တော်ကို တစ်ခါမှ မမြင်ဖူးပေ။

နောက်ဆုံးတွင် ယဇ်ဆရာသခင်အမိန့်တော်က ယဇ်ဆရာသခင်များသာ ပိုင်ဆိုင်သောအရာဖြစ်ပြီး သာမန်လူများ မြင်ဖူးရန်ပင် မဖြစ်နိုင်ပါ။

သို့သော်လည်း ရှေးဟောင်းစာပေများမှာတော့ သူမ မြင်ဖူးသည်။

နောက်ဆုံးမှာတော့ သူက သက်ရှည်ကျွန်း၏ ပါရမီရှင်တစ်ဦးပင်။

သက်ရှည်ကျွန်း၏ ပထမ ယဇ်ဆရာသခင်ကို အစောဆုံး ယဇ်ဆရာသခင်အဖြစ် သတ်မှတ်နိုင်သည်။

ထို့ကြောင့် ယဇ်ဆရာသခင်နှင့် ဆက်စပ်သော မှတ်တမ်းအချို့ကို သက်ရှည်ကျွန်းတွင် ထိန်းသိမ်းထား၏။

၎င်းတို့ထဲတွင် သက်ရှည်ခြင်းနတ်ဘုရားမက မည်းနက်နေသော အမှတ်အသားတစ်ခုကို မြင်တွေ့ခဲ့ဖူးသည်။

၎င်းက ယဇ်ဆရာသခင်၏ အဆင့်အတန်းကို ပြသသော သင်္ကေတတစ်ခုပင်။

ယဇ်ဆရာသခင်အမိန့်တော်ကို ကိုင်ဆောင်ထားနိုင်သူက ယဇ်ဆရာသခင်တစ်ဦး ဖြစ်သည်။

ကောင်းကင်ကိုးပါးလုံးတွင် ယဇ်ဆရာသခင်အမိန့်တော်က ငါးခုသာ ရှိပြီး သမိုင်းတစ်လျှောက်တွင် ယဇ်ဆရာသခင် ငါးဦးသာ ရှိခဲ့ပေသည်။

"ယဇ်... ယဇ်ဆရာသခင်လား၊ ဒါမှမဟုတ် ငါ အမြင်မှားနေတာလား"

သက်ရှည်ခြင်းနတ်ဘုရားမက သူ့မျက်လုံးများကို ပွတ်သပ်လိုက်မိသည်။

သို့သော်... ဒါက အမြင်မှားခြင်း မဟုတ်ပေ။

"အတု... ဒါက အတုပဲဖြစ်ရမယ်။ ကျွင်းရှောင်ယောက်... ဒီယဇ်ဆရာသခင်အမိန့်တော်အတုကို နင် ဘယ်ကရတာလဲ"

သက်ရှည်ခြင်းနတ်ဘုရားမက အော်ဟစ်လိုက်သည်။

ယဇ်ဆရာသခင်က မဟာသုတ်သင်ရှင်းလင်းခြင်းအဖွဲ့များတွင် နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အတုအယောင် ပြုလုပ်၍မရပါ။

ကျွင်းရှောင်ယောက်က စိတ်ဖောက်သွားဟန်ဖြင့် အော်ဟစ်နေသော သက်ရှည်ခြင်းနတ်ဘုရားမကို လျစ်လျူရှုလိုက်သည်။

ထိုအစား၊ သူ့စိတ်ထဲတွင် အတွေးဝင်နေမိ၏။

အဘယ်ကြောင့် လှုပ်ရှားမှု မရှိရသနည်း။

ယဇ်ဆရာသခင်အမိန့်တော်နှင့် အင်မော်တယ်ယဇ်ပလ္လင်က တစ်နည်းနည်းဖြင့် ပဲ့တင်ထပ်နေသည်။

သို့သော်၊ ထိုမှတပါး အခြားပြောင်းလဲမှု မရှိပေ။

သေချာနေသော အခွင့်အလမ်းတစ်ခုက မည်သို့ဖြစ်သနည်း။

'ဒါက ဖြစ်နိုင်မလား...'

ကျွင်းရှောင်ယောက်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။

ယဇ်ဆရာသခင်ဘွဲ့ကို ရရှိနိုင်သူများအားလုံးက ကောင်းကင်ကိုးပါး တားမြစ်နယ်မြေရှိ အထွတ်အမြတ် ပုဂ္ဂိုလ်များ ဖြစ်သည်။

သူတို့အားလုံးတွင် ကောင်းကင်ကို လွှမ်းမိုးနိုင်သော မယုံနိုင်စရာ စွမ်းအားများ ရှိ၏။

ကျွင်းရှောင်ယောက်က လက်ရှိမှာ မျိုးဆက်တူအားလုံးကိုဖိနှိပ်ထားနိုင်သော်လည်း ထိုသို့သောတည်ရှိမှုများနှင့် နှိုင်းယှဉ်ပါက အဝေးကြီးလိုသေးသည်။

'လက်ရှိ ငါက အရမ်းအားနည်းနေသေးလို့ ယဇ်ဆရာသခင်အမိန့်တော်ရဲ့ လျှို့ဝှက်ချက်ကို သိခွင့်မရှိသေးတာဖြစ်နိုင်တယ်'

ကျွင်းရှောင်ယောက်က အခြေအနေကို သဘောပေါက်လိုက်သည်။

ဤအကြောင်းမှလွဲ၍ တခြားအကြောင်းပြချက်ကိုလည်း သူရှာမတွေ့တော့ပေ။

သို့သော် ဤသည်မှာ ကျော်လွှား၍မရသော ပြဿနာတစ်ခု မဟုတ်ပါ။

ကျွင်းရှောင်ယောက်၏ အတွင်းစကြဝဠာအတွင်းရှိ ရွှေရောင် ယုံကြည်ခြင်းပင်လယ်ထဲတွင်...

ကြီးမားခန့်ထည်ပြီး လွှမ်းမိုးထားသော အရှိန်အဝါများရှိသည့် ယုံကြည်ခြင်း နတ်ဘုရားဓမ္မခန္ဓာက နတ်ဘုရားတစ်ပါးကဲ့သို့ တည်ငြိမ်စွာ ထိုင်နေသည်။

တွေဝေခြင်းအလျဉ်းမရှိဘဲ ကျွင်းရှောင်ယောက်က နတ်ဘုရားဓမ္မခန္ဓာကို တိုက်ရိုက်ထုတ်ဖော်လိုက်၏။

ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ကျယ်ပြောလှသော အငွေ့အသက်များက လှိုင်းတံပိုးကဲ့သို့ ထွက်ပေါ်လာတော့သည်။

ပေတစ်သောင်းမြင့်သော နတ်ဘုရားဓမ္မခန္ဓာက ရှေးဦး ရွှေရောင်နတ်ဘုရားတစ်ပါးကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

ခပ်သိမ်းသော သတ္တဝါတို့၏ ဝတ်ပြုကိုးကွယ်နေသည့် ပုံရိပ်ယောင်များနှင့် နတ်ဘုရားတို့၏ ဂါထာမန္တန် ရွတ်ဆိုသံများက လောကတစ်ခွင် ပဲ့တင်ထပ်သွား၏။

အန္တိမကပ်ဘေးကြီးနှင့် တိုက်ပွဲအပြီးတွင် ယုံကြည်ခြင်း နတ်ဘုရားဓမ္မခန္ဓာက ပထမဆုံးအကြိမ် ပြန်လည်ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။

All Chapters