← Chapters

အခန်း ၁၄၈၅

Vol. 102 Ch. 1485

အခန်း ၁၄၈၅

Vol. 102 Ch. 1485

အခန်း ( ၁၄၈၅ ) တားမြစ်နယ်မြေများ လှုပ်ရှားခြင်း။

အချိန်များ ကုန်လွန်လာခဲ့သည်။ ကွေ့ရှအပျက်အယွင်းပြင်ပရှိ လေထုမှာ သုသာန်တစပြင်ကဲ့သို့ ငြိမ်သက်နေ၏။

နက်ရှိုင်းသော အရှိန်အဝါတစ်ခုက ကွေ့ရှအပျက်အယွင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ၎င်းမှာ ကောင်းကင်ဘုံကိုပင် အေးခဲစေနိုင်လောက်သည့် အစွန်းရောက် အအေးဓာတ်ပင် ဖြစ်တော့သည်။

ကွေ့ရှအပျက်အယွင်းအတွင်းမှ ထွက်လာကြသော ပါရမီရှင်အချို့မှာလည်း ဤအခြေအနေကို မြင်လိုက်ရသောအခါ မှင်တက်သွားကြသည်။

"ဟင်... ဒီအရှိန်အဝါက ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါလား"

"တကယ်ပဲ ဘာတွေဖြစ်နေကြတာလဲ"

"ဧကရာဇ်ကြွေလွင့်တောင်၊ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူ၊ ပြီးတော့... သက်ရှည်ခြင်းကျွန်းက ဧကရာဇ်တစ်ပိုင်းတွေ..."

"အစွမ်းထက် အကျော်အမော်တွေ အများကြီးပဲ၊ ကျုပ်တို့အရင်က ဝင်သွားတုန်းက ဒီလောက်မရှိပါဘူး။ ဘာတွေဖြစ်ကုန်တာလဲ"

"ကွေ့ရှအပျက်အယွင်းထဲမှာ ထိပ်တန်းပါရမီရှင်တစ်ယောက်ယောက် ကျဆုံးသွားလို့လား"

"ဒါပေမဲ့ ဒီလိုဆိုရင်တောင် ဘာဖြစ်လို့ တားမြစ်နယ်မြေတွေက ဧကရာဇ်တစ်ပိုင်းတွေ အများကြီး စုဝေးနေရတာလဲ"

ယခင်က တားမြစ်နယ်မြေများမှ ပါရမီရှင်များကို နတ်ဖန်ဆင်းခြင်းအဓိပတိအဆင့်ရှိသော အကြီးအကဲအချို့ကသာ ဦးဆောင်၍ ကွေ့ရှအပျက်အယွင်းသို့ လာခဲ့ကြခြင်းဖြစ်သည်။

သို့သော်၊ ယခုမူ ပျက်စီးခြင်းနယ်မြေပြင်ပရှိ မှောင်မိုက်သော ကြယ်စုတန်းများထဲတွင်...

ဧကရာဇ်တစ်ပိုင်းအဆင့် အရှိန်အဝါများကို ထုတ်ဖော်နေသော လူရိပ်များမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာချေပြီ။

အကြမ်းဖျင်း ကြည့်လိုက်ရုံနှင့်ပင် ငါးဦး၊ ခြောက်ဦးထက်မနည်း ရှိနေသည်။

ဒါဟာ နည်းပါးသော အရေအတွက် မဟုတ်ပေ။

ဧကရာဇ်တစ်ပိုင်းများကို စစ်မှန်သော ဧကရာဇ်ကြီးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း လောကထဲသို့ ထွက်ပေါ်လာခဲလှရာ မည်သည့်နေရာတွင်မဆို တွေ့နိုင်သော တည်ရှိမှုမျိုး မဟုတ်ပါ။

ယခုမူ ငါးဦး၊ ခြောက်ဦးအထိ တပြိုင်နက်တည်း ပေါ်လာခဲ့ချေပြီ။

ဒါက လုံးဝကို ပုံမှန်မဟုတ်သော ကိစ္စပင်။

အရေးကြီးဆုံးအချက်မှာ၊ သူတို့၏ မျက်နှာများတွင် အစွန်းရောက် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခြင်း ဖြစ်သည်။

ထိုသတ်ဖြတ်လိုစိတ်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် ကွေ့ရှအပျက်အယွင်းပြင်ပရှိ လေထုကို အလွန်ပင် လေးလံထိုင်းမှိုင်းသွားစေတော့သည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

အခြေအနေကို မသိသေးသော ပါရမီရှင်များနှင့် ကျင့်ကြံသူများမှာ ဝေခွဲမရ ဖြစ်နေကြသည်။

မုန်တိုင်းကြီးတစ်ခု ကျရောက်တော့မည့် ခံစားချက်မျိုးကိုသာ ခံစားနေရပေသည်။

ထို့နောက် ကွေ့ရှအပျက်အယွင်းအတွင်းမှ ပါရမီရှင်အချို့ ထပ်မံ ထွက်ပေါ်လာကြပြန်သည်။

ခွန်းရွှီကျစ်၊ ခွန်းလင်ယု၊ ရန်ယုမန်၊ ယွင်ထျန်းမေ၊ လျိုချုံးယန်နှင့် အခြားသူများမှာ ဘေးကင်းလုံခြုံစွာဖြင့် ပြန်ထွက်လာနိုင်ခဲ့ကြပေသည်။

"ဒါက..."

ဤမျှကြီးမားသော လူစုလူဝေးကို မြင်လိုက်ရသောအခါ ခွန်းရွှီကျစ်မှာ အနည်းငယ် ကြောင်သွားသည်။

ထို့နောက် သူသည် လူတစ်ယောက်ကို ချက်ချင်း တွေးမိသွား၏။

'မဟုတ်သေးပါဘူး... ညီအစ်ကိုကျွင်းပဲလား၊ သူ ဘာများဖြစ်လို့လဲ'

ခွန်းရွှီကျစ်က အသက်ပြင်းပြင်း ရှူလိုက်မိသည်။

ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် တစ်ခုခု အကြီးအကျယ် ဖြစ်ပျက်ခဲ့ပြီမှာ သေချာလှပေသည်။

ထို့နောက်တွင် ကျိချင်းရီလည်း ထွက်လာခဲ့သည်။

သူက ထွက်လာသည်နှင့် အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူမှ ကျင့်ကြံသူအချို့က ချက်ချင်း ဝိုင်းအုံလာပြီး အချို့အရာများကို မေးမြန်းကြ၏။

ကျိချင်းရီကမူ ဘာမှမသိသကဲ့သို့ ခေါင်းကိုသာ ခါယမ်းပြလိုက်သည်။

သူမ၏ သရုပ်ဆောင်မှုမှာ အလွန်ပင် ပီပြင်လှသဖြင့် အော်စကာဆု မရသည်မှာ နှမြောစရာပင်။

အခြားတစ်ဖက်တွင် ရဲ့ကူချန်သည်လည်း ကွေ့ရှအပျက်အယွင်းအတွင်းမှ ထွက်လာခဲ့သည်။

သူက တားမြစ်နယ်မြေများမှ ဧကရာဇ်တစ်ပိုင်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်ဝန်းထဲတွင် အံ့သြရိပ်အချို့ ဖြတ်ပြေးသွား၏။

ထို့နောက် သူက ပြုံးလိုက်လေသည်။

'ညီနောင်ကျွင်းက မျှော်လင့်ထားတဲ့အတိုင်းပါပဲ'

ဟင်းလင်းပြင်၏ အခြားတစ်ဖက်တွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော လူတစ်ယောက် ပေါ်လာသည်။

၎င်းမှာ ဓားသင်္ချိုင်းမှ ကျန့်ချီပင်။

'ဒီကျွင်းရှောင်ယောက်... ဘာတွေ ထပ်လုပ်ပြန်ပြီလဲ'

သူ အမှန်တကယ် ခေါင်းကိုက်ရသည်။

ယခင်ကလည်း ပြန်လည်ဝင်စားခြင်းပင်လယ်တွင် သူတို့အတွက် နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းပေးခဲ့ရသေးသည်။

ယခုဆိုလျှင် ဤမျှကြီးမားသော လှုပ်ခတ်မှုကြီးပင် ဖြစ်နေပြီ ဖြစ်သည်။

ဧကရာဇ်တစ်ပိုင်း ငါးဦး၊ ခြောက်ဦးအထိ ရောက်လာခြင်းကို သူ တစ်ယောက်တည်း မဖြေရှင်းနိုင်တော့ပေ။

'သူက တကယ့်ကို ပြဿနာရှာတဲ့နေရာမှာ တော်တာပဲ။ ဒါပေမဲ့ ကံကောင်း‌ချင်တော့ သူ့နောက်မှာ ကျွင်းမိသားစု ရှိနေသေးတယ်။ ငါတို့ ဓားသင်္ချိုင်း တစ်ခုတည်းသာဆိုရင် ဒါကို တကယ် ခံနိုင်မှာ မဟုတ်ဘူး'

ကျန့်ချီ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူ့အမြင်အရ ကျွင်းရှောင်ယောက်အတွက် ကောင်းကင်ကိုးပါး၌ အကြီးမားဆုံး အကာအကွယ်မှာ ကျွင်းမိသားစုဖြစ်သည်။

ဒုတိယက ဓားသင်္ချိုင်းပင်။

ဤသို့ တိတ်ဆိတ်လေးလံနေသော လေထုအတွင်းမှာပင်...

ကွေ့ရှအပျက်အယွင်းအတွင်းမှ ဝတ်စုံဖြူဝတ် လူရိပ်တစ်ခုက ရှေးဦးသားရဲကြီး၏ ဦးခေါင်းပေါ်တွင် ရပ်လျက် အေးအေးလူလူ ထွက်ပေါ်လာသည်။

"ကျွင်းရှောင်ယောက်"

ကျွင်းရှောင်ယောက် ပေါ်လာသည်နှင့်တစ်ပြိုင်နက်...

ရှိနေသော ဧကရာဇ်တစ်ပိုင်းများက အော်ဟစ်လိုက်ရာ ထိုအသံမှာ မိုးကြိုးထစ်ချုန်းသကဲ့သို့ ထွက်ပေါ်လာတော့သည်။

၎င်းက ကမ္ဘာကြီးကို တုန်ခါသွားစေပြီး ကြယ်များကိုပင် ကြွေကျစေတော့မည့်အလား ထင်မှတ်ရသည်။

"ကျုပ်ကို ဒီလောက်ကြီးမားတဲ့ လူအင်အားနဲ့ လာကြိုကြတာပဲ... တကယ်ကို အားနာမိပါတယ်"

ကျွင်းရှောင်ယောက်က တောက်ဝမ်၏ ဦးခေါင်းထက်တွင် လက်နှစ်ဖက်ကို နောက်သို့ယှက်လျက် ရပ်နေသည်။

သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ခိုတွဲနေ၏။

တားမြစ်နယ်မြေများမှ ဧကရာဇ်တစ်ပိုင်းအများအပြား ရှိနေသည့်တိုင် သူက တည်ငြိမ်နေသေးသည်။

"ကျွင်းရှောင်ယောက်... ငါတို့တောင်ရဲ့ သခင်လေးရဲ့ ဝိညာဉ်မီးအိမ်က ဘာလို့ ငြိမ်းသွားရတာလဲ"

အဖိုးအိုတစ်ဦးက ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်လုံးများက သွေးချင်းချင်း နီနေ၏။

သူက ဧကရာဇ်ကြွေလွင့်တောင်မှ ဧကရာဇ်တစ်ပိုင်းပင်။

သူဟာ ဝမ့်ယန်၏ မျိုးရိုးမှ အကြီးအကဲတစ်ဦးဖြစ်သကဲ့သို့ ဝမ့်ယန် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသူလည်း ဖြစ်သည်။

"ဝိညာဉ်မီးအိမ်က ဘာဖြစ်လို့ ငြိမ်းသွားတာလဲ ဟုတ်လား။ သူ သေသွားလို့ပေါ့ဗျ။ ကြီးမြတ်တဲ့ ဧကရာဇ်တစ်ပိုင်းတစ်ပါးက ဘာဖြစ်လို့ ဒီလောက် ရူးကြောင်ကြောင်မေးခွန်းကို မေးနေရတာလဲ"

ကျွင်းရှောင်ယောက်က ခေါင်းကို အသာစောင်းငဲ့ကြည့်ကာ ပြန်ပြောလိုက်သည်။

"ဘာ..."

သူတို့နှစ်ဦး၏ စကားပြောသံကို ကြားလိုက်ရသောအခါ ရှိနေကြသော ကောင်းကင်ကိုးပါးမှ ပါရမီရှင်များ မှင်တက်သွားကြသည်။

"ကျွင်းသခင်လေး... ရှင် ဝမ့်ယန်ကို သတ်လိုက်တာလား" ယွင်ထျန်းမေက အံ့ဩသွားခဲ့သည်။

"ဝမ့်ယန်ဆိုတဲ့လူက အရမ်းကို လျှို့ဝှက်နက်နဲတဲ့သူလေ၊ ပြီးတော့ အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့တောင် ရှိတာကို ဘယ်လိုလုပ်ပြီး..."

လျိုချုံးယန်လည်း အံ့သြနေမိသည်။

"မင်း..."

ဧကရာဇ်ကြွေလွင့်တောင်မှ အဖိုးအို၏ မျက်ဝန်းများမှာမူ ဒေါသများ ပြည့်နှက်သွား၏။

သို့သော်လည်း သူ တိုက်ခိုက်ရန် မပြင်နိုင်သေးမီမှာပင်...

အခြားတစ်ဖက်မှ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူ၏ ဧကရာဇ်တစ်ပိုင်းတစ်ဦးက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်ဖော်ရင်း အေးစက်‌စက် အော်လိုက်သည်။

"ဒါဆိုရင် ငါတို့ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူက ကူချမ်မြဲ့ရဲ့ ဝိညာဉ်မီးအိမ်ကကော ဘာလို့ ငြိမ်းသွားရတာလဲ"

ကျွင်းရှောင်ယောက်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောလိုက်၏။

"ဒါလည်း သေသွားလို့ပေါ့ဗျာ၊ မေးနေဖို့ လိုသေးလို့လား"

ဤစကားကြောင့် ရှိနေသော ကောင်းကင်ကိုးပါးမှ ကျင့်ကြံသူအားလုံး၏ အမူအရာများမှာ အေးခဲသွားကြပြန်တော့သည်။

သို့သော်လည်း သူတို့၏ နှလုံးသားကို ပို၍ တုန်လှုပ်စေမည့်အရာမှာ နောက်တွင် ရှိနေသေးသည်။

ထူးခြားသော အရှိန်အဝါရှိသည့် ဧကရာဇ်တစ်ပိုင်းတစ်ဦးက ရှေ့သို့ တစ်လှမ်း တိုးထွက်လာသည်။

သူ့အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏ မျက်ဝန်းများထဲတွင် ထာဝရကာလကိုပင် အေးခဲစေနိုင်လောက်သည့် အအေးဓာတ်များ ကိန်းအောင်းနေပုံရပေသည်။

"ဒါဆိုရင် ငါ့သက်ရှည်ခြင်းကျွန်းက သက်ရှည်ခြင်းဧကရာဇ်သားတော်နဲ့ သက်ရှည်ခြင်း နတ်ဘုရားမကော"

ဤစကားကို ကြားလိုက်ရသည်နှင့် တစ်နေရာလုံး ပေါက်ကွဲထွက်သွားတော့မည့်အလား ဆူဆူညံညံ ဖြစ်ကုန်တော့သည်။

ဝမ့်ယနှင့် ကူချမ်မြဲ့တို့ ကျဆုံးခြင်းမှာ တုန်လှုပ်စရာ ကောင်းသော်လည်း လက်မခံနိုင်စရာ မရှိပေ။

မည်သို့ပင်ဆိုစေကာမူ မတော်တဆမှုများက အမြဲရှိနေနိုင်သည် မဟုတ်ပါလော။

သို့သော်လည်း ပြဿနာမှာ...

သက်ရှည်ခြင်းကျွန်း၏ ပါရမီရှင်များပါ ကျဆုံးသွားခြင်း ဖြစ်သည်။

သက်ရှည်ခြင်းနတ်ဘုရားမကို ဘေးဖယ်ထားနိုင်သည်။

သို့သော်... သက်ရှည်ခြင်းဧကရာဇ်သားတော်က အဆင့်အတန်းနှင့် ဂုဏ်ပုဒ်အရ သာမန်လူ လုံးဝ မဟုတ်ပေ။

သူသည် ကောင်းကင်ကိုးပါး နဂါးနှင့်ဖီးနစ်စာရင်း၏ ထိပ်ဆုံး နေရာမှာ ရှိနေသူပင် မဟုတ်လော။

အမှန်အတိုင်း ဆိုရလျှင် သူက ကောင်းကင်ကိုးပါးမှ ပါရမီရှင်များ၏ စံပြပုဂ္ဂိုလ်၊ ခေါင်းဆောင်တစ်ဦးသဖွယ် ဖြစ်သည်။

နဂါးနှင့်ဖီးနစ်စာရင်း၏ ထိပ်ဆုံးလူ ကျဆုံးသွားခြင်းမှာ ကောင်းကင်ထောက်တိုင်ကြီးတစ်ခု ပြိုလဲသွားသကဲ့သို့ပင်။

ထို့ပြင် သူ၏ နောက်ခံမှာလည်း သက်ရှည်ခြင်းကျွန်း ဖြစ်နေသည်။

တိကျသော အဆင့်သတ်မှတ်ချက် မရှိသော်လည်း သက်ရှည်ခြင်းကျွန်းမှာ ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေ ဆယ်ခုတွင် နံပါတ်တစ်ဟု သတ်မှတ်ခံထားရသည်။

၎င်းက သုတ်သင်ရှင်းလင်းခြင်း ပြုလုပ်ရာတွင် တားမြစ်နယ်မြေများ၏ ခေါင်းဆောင်လည်း ဖြစ်၏။

ထို့ကြောင့် သက်ရှည်ခြင်းဧကရာဇ်သားတော် ကျဆုံးခြင်းမှာ တကယ်ကို တုန်လှုပ်ဖွယ်ရာ သတင်းပင်။

၎င်း၏ သက်ရောက်မှုမှာ အခြားသော ကောင်းကင်ကိုးပါးမှ ပါရမီရှင်များနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပါ။

သို့သော်လည်း သက်ရှည်ခြင်းကျွန်းမှ ဧကရာဇ်တစ်ပိုင်း၏ မေးခွန်းကို ကျွင်းရှောင်ယောက်က အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။

"သူလည်း သေသွားပြီလေ"

"ဒါဆိုရင်... သူ့ကို မင်းသတ်ခဲ့တာလား"

သက်ရှည်ခြင်းကျွန်းမှ ဧကရာဇ်တစ်ပိုင်းက ထပ်မံ မေးမြန်းလိုက်ပြန်သည်။

သူ၏ မျက်ဝန်းထဲမှ အအေးဓာတ်မှာတော့ ကမ္ဘာ့အပူချိန်ကို ရေခဲမှတ်အောက်သို့ ရောက်သွားစေတော့မည့်အလား အေးစက်လွန်း၏။

"အဲဒီလိုဆိုရင် ဘာဖြစ်လဲ"

ကျွင်းရှောင်ယောက်က ဆိုသည်။

"ဒါဆို ကူချမ်မြဲ့ကရော"

"ငါတို့ တောင်ရဲ့ သခင်လေးကော"

အခြားသော ဧကရာဇ်တစ်ပိုင်းများကလည်း မေးခွန်းထုတ်လာကြ၏။

ဒါကို မြင်လိုက်ရသောအခါ ကျွင်းရှောင်ယောက်က လှောင်ပြုံးပြုံးလိုက်သည်။

"အပိုစကားတွေ ပြောမနေပါနဲ့တော့... ဒီသခင်လေးက တစ်ခါတည်း ပြောလိုက်မယ်၊ သူတို့ အားလုံးကို ငါပဲ သတ်လိုက်တာ"

"ဒီလောက် သေးဖွဲတဲ့ ကိစ္စလေးကို ဒီသခင်လေးက တာဝန်မယူနိုင်ဘူးလို့ မင်းတို့ တကယ်ထင်နေတာလား"

ကျွင်းရှောင်ယောက်၏ စကားကြောင့် နေရာအနှံ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ကျွင်းရှောင်ယောက်က တစ်ဦးတည်း အစွမ်းဖြင့် ကူချမ်မြဲ့၊ ဝမ့်ယန်၊ သက်ရှည်ခြင်းနတ်ဘုရားမနှင့် သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ကို သတ်ဖြတ်ခဲ့သည်။

ထို့ပြင် သူ၏ ခြေဖဝါးအောက်တွင် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အနင်းခံထားရသော တောက်ဝမ်လည်း ရှိသေးသည်။

ဒါဟာ ကျွင်းရှောင်ယောက် တစ်ယောက်တည်းက ကောင်းကင်ကိုးပါး နဂါးနှင့်ဖီးနစ်စာရင်းမှ ပါရမီရှင်အားလုံးကို အနိုင်ပိုင်းလိုက်ခြင်း ဖြစ်သည်။

ကောင်းကင်ကိုးပါးမှ ပါရမီရှင်အားလုံးက သူ၏ ခြေဖဝါးအောက်တွင်သာ ဝပ်တွားနေရပြီး သူ၏ ခြေလှမ်းများကိုသာ မော့ကြည့်နေကြရတော့မည်။

ဒါဟာ မကြုံစဖူးသော မှတ်တမ်းမှုတစ်ခု ဖြစ်ပြီး အင်မော်တယ်နယ်မြေကြီးတွင် ထာဝရ အမည်တွင်ကျန်ရစ်မည့် ကိစ္စပင်။

လူတစ်ယောက်တည်းက ကောင်းကင်ကိုးပါး၏ မျိုးဆက်တစ်ခုလုံးကို ဖိနှိပ်လိုက်ခြင်း...

ကျွင်းရှောင်ယောက်က တကယ့်ကို အရည်အချင်းပြည့်မီသော မျိုးဆက်သစ် ဒဏ္ဍာရီတစ်ဦးပင် ဖြစ်သည်။

၎င်းက ကောင်းကင်ကိုးပါးမှ ပါရမီရှင်အားလုံး၏ နှလုံးသားထဲမှာလည်း ထာဝရအတွက် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးကြီးပင် ဖြစ်တော့သည်။

All Chapters