အခန်း ၁၄၈၈
Vol. 102 Ch. 1488
အခန်း ( ၁၄၈၈ ) လူတစ်ယောက်တည်းက တားမြစ်နယ်မြေတစ်ခု။
ကွေ့ရှအပျက်အယွင်း၏ ဇာတ်သိမ်းပိုင်းမှာ ဤကဲ့သို့သော ရလဒ်မျိုးဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
မည်သူတစ်ဦးတစ်ယောက်မျှ ကြိုတင်မှန်းဆနိုင်ခဲ့လိမ့်မည်မဟုတ်ကြောင်း စိုးရိမ်မိသည်။
ကောင်းကင်ကိုးပါး နဂါးနှင့်ဖီးနစ်စာရင်းဝင် မျိုးဆက်သစ် ပါရမီရှင်များမှာ အကုန်လုံးနီးပါး သုတ်သင်ရှင်းလင်းခံလိုက်ရလေပြီ။
သက်ရှည်ခြင်းဧကရာဇ်၊ သက်ရှည်ခြင်းနတ်ဘုရားမ၊ ဝမ့်ယန်၊ ကူချမ်မြဲ့၊ ခုနစ်ရောင်ခြယ်တာအိုသခင်၊ ဓားဧကရာဇ်သားတော်...
သားရဲဂူမှ သားရဲဘုရင် လေးပါးပင်လျှင် မလွတ်ကင်းခဲ့ပေ။
သူတို့ အသက်ရှင်ခွင့်ရခဲ့ခြင်းမှာ ကျွင်းရှောင်ယောက်အတွက် လှည်းဆွဲပေးရန် တန်ဖိုးရှိနေသောကြောင့်သာ ဖြစ်သည်။
ပြန်လည်ဝင်စားခြင်းပင်လယ်မှ ညီအစ်ကို သုံးယောက်အဖို့မူ၊ ကျွင်းရှောင်ယောက်က သူတို့ကို သတ်ရန်ပင် စိတ်မပါတော့သဖြင့် လွှတ်ပေးထားခဲ့ခြင်း ဖြစ်လေသည်။
ကျန်ရှိနေသော ခွန်းရွှီကျစ်မှာမူ ကျွင်းရှောင်ယောက်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေသူ ဖြစ်သည်။
အချုပ်ဆိုရသော်၊ ကျွင်းရှောင်ယောက်၏ ရှေ့မှောက်တွင် ကောင်းကင်ကိုးပါး နဂါးနှင့်ဖီးနစ်စာရင်း တစ်ခုလုံးက ဟာသတစ်ခု ဖြစ်သွားခဲ့ရပြီဟု ဆိုနိုင်ပေသည်။
တိဟောက်ထျန်းသည်ပင် ကောင်းကင်ကိုးပါးသို့ လာရောက်ပါက ဤကဲ့သို့သော စံချိန်မျိုးကို တင်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ထက် ပို၍ အံ့သြစရာကောင်းသည်မှာ၊ ကျွင်းရှောင်ယောက်က အမှန်တကယ်ပင် ဘေးကင်းလုံခြုံစွာ ထွက်ခွာသွားနိုင်ခဲ့ခြင်းပင်။
တားမြစ်နယ်မြေများမှ အထင်ကရ ပုဂ္ဂိုလ်ကြီးများစွာ တစ်ပြိုင်နက် ပေါ်ထွက်လာခဲ့သော်လည်း...
နောက်ဆုံးတွင် သူတို့အားလုံးမှာ ဤအခါးသီးဆုံး ဆုံးရှုံးမှုကို ခံစားလိုက်ရလေတော့သည်။
"ဟင်း... ကျွင်းမိသားစုမှာ ဒီလို ပါရမီရှင်မျိုးက အချိန်မရွေး ပေါ်ထွက်လာနိုင်တာပဲ၊ ကျွင်းမိသားစု ထာဝရ ထွန်းကားနေတာ အံ့သြစရာ မဟုတ်တော့ပါဘူး"
ခွန်းရွှီကျစ်က သက်ပြင်းချရင်း ဆိုလိုက်သည်။
"ညီမလေးကတော့ ကျွင်းသခင်လေးကို ဆရာအဖြစ် သေချာပေါက်ကို ကန်တော့ရမယ်"
ခွန်းလင်ယုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ပြောလိုက်၏။
အခြားတစ်ဖက်တွင်လည်း ရဲ့ကူချန်က ကျန့်ချီ၏ ဘေးသို့ ရောက်ရှိလာသည်။
"အကြီးအကဲကျန့်ချီ... ညီနောင်ကျွင်းမှာ နောက်ထပ် မတော်တဆမှုတွေနဲ့ ထပ်မကြုံနိုင်တော့ဘူး မဟုတ်လား"
အခြားသော တားမြစ်နယ်မြေများက နောက်ကွယ်မှ တိုက်ခိုက်မည်ကို ရဲ့ကူချန် စိုးရိမ်နေခြင်း ဖြစ်သည်။
"မင်း စိတ်မပူပါနဲ့၊ တကယ်လို့ အဲဒီပုဂ္ဂိုလ်ကသာ ကာကွယ်ပေးမယ်လို့ ဆုံးဖြတ်ထားရင် အနည်းဆုံးတော့ မဟာသုတ်သင်ရှင်းလင်းခြင်း မစတင်ခင်နဲ့ ယဇ်ဆရာသခင်ကြီးတွေ ပေါ်မလာခင်အထိ... ကောင်းကင်ကိုးပါး မှာ သူ့ကို ဘယ်သူမှ ထိရဲမှာ မဟုတ်ဘူး"
ကျန့်ချီက ထိုပုဂ္ဂိုလ်အကြောင်းကို ပြောသောအခါ သူ၏ မျက်ဝန်းထဲတွင် လေးစားမှု အငွေ့အသက်များ ယှက်သန်းသွားသည်။
"အဲဒီပုဂ္ဂိုလ်က..."
ရဲ့ကူချန်၏ မျက်နှာတွင် သံသယရိပ်များ ပေါ်လာသည်။
"သူက တုကူးဓားနတ်ဘုရားထက် မနိမ့်ကျတဲ့ တည်ရှိမှုမျိုးပေါ့။ သူက ပိုပြီးတော့တောင် နက်နက်ရှိုင်းရှိုင်း လျှို့ဝှက်နေနိုင်သေးတယ်...၊ သူ့ကို ကောင်းကင်ကိုးပါး ရဲ့ နံပါတ်တစ် အကြမ်းဆုံးပုဂ္ဂိုလ်လို့တောင် ခေါ်ကြတယ်"
"အဲဒီလို လူမျိုး တကယ် ရှိတာလား"
ရဲ့ကူချန်မှာ အလွန်အမင်း အံ့သြသွားရသည်။
ကျန့်ချီက တုကူးဓားနတ်ဘုရားကို အလွန်အမင်း ကြည်ညိုလေးစားသူ ဖြစ်ကြောင်း သူသိထားသည်။
တုကူးဓားနတ်ဘုရားက ဓားသင်္ချိုင်း၏ စိတ်ဝိညာဉ်ဆိုင်ရာ သင်္ကေတလည်း ဖြစ်၏။
သို့သော်လည်း ယခုအခါ ကျန့်ချီက အခြားသောသူတစ်ဦးကို တုကူးဓားနတ်ဘုရားနှင့် နှိုင်းယှဉ်ပြရုံသာမက...
ဓားနတ်ဘုရားထက်ပင် ပို၍ နက်ရှိုင်းစွာ လျှို့ဝှက်နက်နဲနေနိုင်သည်ဟု ဆိုနေခြင်းမှာ ရဲ့ကူချန်အတွက် များစွာ အံ့သြစရာ ဖြစ်နေတော့သည်။
"မှန်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပုဂ္ဂိုလ် တစ်ယောက်တည်းက တားမြစ်နယ်မြေတစ်ခု ဖြစ်နေလို့ပဲ"
ကျန့်ချီကဲ့သို့သော သူပင်လျှင် သူ၏လေသံထဲမှာ အထင်ကြီးလေးစားမှုများ ပြည့်နှက်နေခဲ့သည်။
"လူတစ်ယောက်က တားမြစ်နယ်မြေ တစ်ခုဖြစ်နေတယ်..."
ရဲ့ကူးချန်မှာလည်း တုန်လှုပ်သွားရပြန်သည်။
သူတို့၏ ဓားသင်္ချိုင်းက ထိပ်တန်း တားမြစ်နယ်မြေ ဆယ်ခုထဲတွင် ပါဝင်သော်လည်း လူနည်းလွန်းသဖြင့် လှောင်ပြောင်ခံရလေ့ရှိသည်။
သူတို့၏ အထွတ်အထိပ် ရောက်ချိန်မှာပင် လူတစ်ဒါဇင်ခန့်သာ ရှိခဲ့ပေသည်။
သို့သော်လည်း ယခုမူ၊ ထိုပုဂ္ဂိုလ်မှာ သူတစ်ယောက်တည်းနှင့် တားမြစ်နယ်မြေ တစ်ခုလုံးကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။
သူက မည်သို့သောသူမျိုး ဖြစ်သနည်း။
ရဲ့ကူချန်က ခန့်မှန်းရခက်နေစဉ်မှာပင် ကျန့်ချီ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။
"ငါထင်တာတော့ အဲဒီပုဂ္ဂိုလ်က ကျွင်းရှောင်ယောက်ကို ကာကွယ်ပေးချင်ရတာ အကြောင်းရင်း တစ်ခုခု ရှိနိုင်တယ်"
"အလို... ဘာဖြစ်လို့ ဒီလိုပြောရတာလဲ"
ရဲ့ကူချန်က မေးလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ကောင်းကင်ကိုးပါးရဲ့ နံပါတ်တစ် အကြမ်းဆုံးပုဂ္ဂိုလ်က အမျိုးသမီးတစ်ယောက် ဖြစ်နေလို့ပေါ့"
ကျန့်ချီ၏ စကားအဆုံးတွင် ရဲ့ကူချန်၏ နှလုံးသားမှာ ခေတ္တမျှ အခုန်ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
ကောင်းကင်ကိုးပါး၏ နံပါတ်တစ် အကြမ်းဆုံးပုဂ္ဂိုလ်...
လူတစ်ယောက်တည်းနှင့် တားမြစ်နယ်မြေ တစ်ခုဖြစ်နေသော တည်ရှိမှုကြီးမှာ...
တကယ်ပဲ အမျိုးသမီးတစ်ယောက်လား။
...........
ကွေ့ရှအပျက်အယွင်းမှ လူများမှာ လူစုကွဲသွားကြပြီ ဖြစ်သည်။
အားကျိုးနှင့် အခြားသူများက ခွန်းလွန်းတောင်သို့ အရင် ပြန်သွားကြ၏။
ရဲ့ကူချန်နှင့် ကျန့်ချီမှာလည်း ဓားသင်္ချိုင်းသို့ ပြန်သွားကြလေသည်။
အခြားတစ်ဖက်တွင်မူ ကျွင်းရှောင်ယောက်၊ နတ်ဆိုးဧကရီလေးနှင့် ရန်ယုမန်တို့က ဟင်းလင်းပြင်ထဲတွင် ရထားလုံးတစ်စီးနှင့် ခရီးနှင်နေကြသည်။
ထိုရထားလုံးကိုမူ ရှေးဟောင်း သားရဲဘုရင် လေးပါး ဖြစ်သော တောက်ဝမ်၊ ရှုံးဝမ်၊ ဟွင်းဝမ်နှင့် ရှားဘုရင်တို့က ဆွဲပေးနေခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူ၏ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ခဲ့လေပြီ။
ရှေးဟောင်း မိစ္ဆာသားရဲလေးပါးကို ရထားလုံးဆွဲစေခြင်း...
ဤလေးယောက်မှာ ကြီးထွားရန် အလှမ်းဝေးသေးသဖြင့် တကယ့် ရှေးဟောင်း သားရဲကြီးများကဲ့သို့ မကြမ်းနိုင်သော်လည်း...
၎င်းတို့ကို အသုံးပြုခိုင်းစေရခြင်းမှာ အလွန် ခန့်ညားလှပေသည်။
အကယ်၍ သူတို့သာ အားနည်းလွန်းနေမည်ဆိုပါက...
ကျွင်းရှောင်ယောက်က သူတို့၏ သားရဲဝိညာဉ်များကို ထုတ်ယူကာ ကျိုးလီပန်းချီကားအတွက် အဆင့်မြှင့်တင်ရန် အသုံးပြုလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ယခုတော့ မဟာသုတ်သင်ရှင်းလင်းခြင်း အမှန်တကယ် ရောက်မလာမချင်း ရထားလုံးဆွဲပေးမည့် နွားနှင့် မြင်းများအဖြစ် အသုံးပြုရန် လုံလောက်နေပြီ။
ထို့ပြင် သားရဲဂူထဲမှာ ကျွင်းရှောင်ယောက်အတွက် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်မည့် မိစ္ဆာသားရဲကြီးများစွာ ရှိနေဆဲ ဖြစ်သည်။
ယခုအချိန်မှာတော့ သူတို့ သုံးဦးမှာ ရထားလုံးအတွင်း၌ ထိုင်နေကြလေသည်။
ကျွင်းရှောင်ယောက်က အနည်းငယ် ကျဉ်းကျပ်သလို ခံစားနေရသည်။
အကြောင်းမှာ ရန်ယုမန်နှင့် နတ်ဆိုးဧကရီလေး ဟူသော မိန်းမပျိုနှစ်ဦးက သူ့ဘေးတွင် ကပ်ထိုင်နေသောကြောင့်ပင်။
သူတို့နှစ်ဦးစလုံးက အချိုးအစား အလွန်ပြည့်စုံကြသူများ ဖြစ်သည်။
အရိုးရှင်းဆုံး ပြောရလျှင် သူတို့မှာ အာဟာရ ပြည့်ဝစွာ စားသောက်ခဲ့ရဟန်ဖြင့် ဖွံ့ဖြိုးသော ခန္ဓာအလှပိုင်ရှင်များ ဖြစ်၏။
ထို့ကြောင့် ထိုင်ခုံ၏ နေရာအတော်များများကို ယူထားကြလေသည်။
"ဟင်းဟင်း... ရှောင်ယောက်လေးကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ကောင်းကင်ကိုးပါး ကို ရောက်လာတာတောင် ဒီလောက်ထိ ခန့်ညားနေတုန်းပဲ။ ရှေးဟောင်း မိစ္ဆာသားရဲလေးပါးကိုတောင် ရထားလုံးဆွဲခိုင်းထားတယ်"
နတ်ဆိုးဧကရီလေးက ကျွင်းရှောင်ယောက်နှင့် အနီးကပ် ကပ်ထိုင်နေပြီး ချစ်ရသူကို ချီးမွမ်းသကဲ့သို့ ချီးကျူးစကား ဆိုနေသည်။
သို့သော်လည်း ဒါက သူမ၏ ပင်ကိုယ်စရိုက်သာ ဖြစ်ကြောင်း ကျွင်းရှောင်ယောက် နားလည်ပေသည်။
သူ၏ စွမ်းအားနှင့် နောက်ခံအင်အားအရ မည်သူ့ကိုမျှ ကြောက်ရွံ့နေစရာ မလိုပေ။
ကျွင်းရှောင်ယောက်၏ နှာခေါင်းထဲတွင် မွှေးပျံ့သော ရနံ့တစ်ခု ရနေသည်။
၎င်းမှာ နတ်ဆိုးဧကရီလေး၏ ကိုယ်သင်းရနံ့ပင် ဖြစ်၏။
ကျွင်းရှောင်ယောက်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် နတ်ဆိုးဧကရီလေး၏ ရနံ့ကို သေသေချာချာ ရှူကြည့်လိုက်မိသည်။
"မောင်လေးရှောင်ယောက်... မင်း ဘာလုပ်နေတာလဲ၊ မင်းမှာ ဒီလို ဝါသနာမျိုးလည်း ရှိသေးတာလား"
နတ်ဆိုးဧကရီလေးက ရွှန်းလဲ့သော မျက်ဝန်းများဖြင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။
ဒါကပင် သူမ၏ ဆွဲဆောင်မှုတစ်မျိုးပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်မှာ အခြားသော အဓိပ္ပာယ် လုံးဝမရှိပေ။
ထူးခြားသော ဝါသနာလည်း မရှိပါ။
"ဖြစ်နိုင်တာက... အကြီးအကဲ နတ်ဆိုးဧကရီရဲ့ မူလပုံသဏ္ဌာန်က ဘာလဲဆိုတာ ကျွန်တော် ခန့်မှန်းမိသွားလို့ဖြစ်မယ်"
နတ်ဆိုးနတ်ဘုရားနန်းတော်၏ အရှင်သခင်ဖြစ်သည့်အားလျော်စွာ နတ်ဆိုးဧကရီလေးမှာ သဘာဝအတိုင်း နတ်ဆိုးမျိုးနွယ်ဝင် ဖြစ်သည်။
ယခင်ကတော့ ကျွင်းရှောင်ယောက်သည် သူမ၏ မူလအသွင်ကို မသိခဲ့ပေ။
သို့သော် ယခု နတ်ဆိုးဧကရီလေး၏ ကိုယ်သင်းရနံ့ကို ရှူကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သူ ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။
"မောင်လေးက တကယ် ဉာဏ်ကောင်းတာပဲ။ ဒါပေမဲ့... မင်း မေ့နေတာ တစ်ခုရှိတယ်၊ အရင်က ဒီမမကို ဘယ်လို ခေါ်ခဲ့သလဲဆိုတာလေ"
နတ်ဆိုးဧကရီလေးက ရုတ်တရက် နှုတ်ခမ်းလေးကိုဆူလိုက်သည်။
ဆွဲဆောင်မှုရှိပြီး လှပသော အမျိုးသမီးတစ်ဦးက ချစ်စဖွယ်ကောင်းအောင် ထပ်မံ ပြုမူလိုက်သောအခါ...
တကယ်ကို အနှိုင်းမဲ့လှပေသည်။
ဒါက ကျန်းလော့လီ၏ ချစ်စဖွယ်ကောင်းမှုနှင့် မတူညီသော ဆွဲဆောင်မှုတစ်မျိုးဟု ဆိုနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ကျွင်းရှောင်ယောက်မှာ ပန်းပွင့်ပေါင်းသောင်းချီကြားတွင် ကျင်လည်ခဲ့ဖူးသူ ဖြစ်သဖြင့် သူ၏ တည်ငြိမ်မှုကို ထိန်းထားနိုင်ဆဲပင်။
သူက အကူအညီမဲ့ဟန်ဖြင့် အနည်းငယ် သက်ပြင်းချကာ ဆိုလိုက်သည်။
"ယောင်ယောင်..."
ဘေးနားတွင်၊ ဤစကားဝိုင်းကို ကြားနေရသော ရန်ယုမန်မှာ ကြောင်တောင်တောင်လေး ဖြစ်နေသည်။
သူမအနေဖြင့် ဤနေရာတွင် မထိုင်သင့်ဘဲ ရထားလုံးအောက်မှာသာ နေသင့်သည်ဟု ခံစားလိုက်ရ၏။
ထို့ပြင်၊ သူမ၏ အထက်အကြီးအကဲဖြစ်သော နတ်ဆိုးဧကရီလေးက ကျွင်းရှောင်ယောက်နှင့် မည်သည့်အချိန်က ဤမျှ ရင်းနှီးသွားသနည်း။
တစ်ယောက်ကိုတစ်ယောက် မောင်လေးရှောင်ယောက်နှင့် ယောင်ယောင်ဟုပင် ခေါ်ဝေါ်နေကြပြီ။
ရန်ယုမန်၏ စိတ်ထဲတွင် မနာလိုစိတ်များ ချက်ချင်း ထိုးတက်လာသည်။
အကယ်၍ ကျန်းစန်းယီနှင့် ကျန်းလော့လီတို့သာဖြစ်လျှင် တို့ကိုသာ သူ့အနေဖြင့် မနာလိုဖြစ်ရန် အရည်အချင်းမရှိဟု ဆိုနိုင်သော်လည်း...
နတ်ဆိုးဧကရီလေးက မည်သည့်အချိန်က သူမထက် လက်ဦးသွားခဲ့သနည်း။
သို့သော်လည်း ရန်ယုမန်မှာ ဒေါသ မထွက်ခဲ့ပေ။
နောက်ဆုံးတွင် နတ်ဆိုးဧကရီလေးမှာ သူမ၏ တိုက်ရိုက်အကြီးအကဲ ဖြစ်ရုံသာမက သူမကို အမြဲ ဂရုစိုက်ပေးခဲ့သူလည်း ဖြစ်သည်။
ရန်ယုမန်က သူမကို အစ်မတစ်ဦးကဲ့သို့ အမြဲတမ်း သဘောထားခဲ့ပေသည်။
သို့သော်လည်း ညီအစ်မအရင်း ဖြစ်နေလျှင်ပင် ရှင်းစရာရှိတာတော့ ရှင်းရမည်။
ဤသို့တွေးရင်း ရန်ယုမန်က သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ကျွင်းရှောင်ယောက်ဘက်သို့ တိုးကပ်လိုက်သည်။
အခြားတစ်ဖက်တွင်...
နတ်ဆိုးဧကရီလေးကလည်း သူမကို ကြည့်ပြီး ပါးစပ်ကို လက်နှင့်ကွယ်ကာ တစ်ချက်ပြုံးလိုက်ရင်း ကျွင်းရှောင်ယောက်ဘက်သို့ ပို၍ ထပ်မံတိုးကပ်လိုက်၏။
ယခင်က ဆိုခဲ့သည့်အတိုင်း၊ နတ်ဆိုးမျိုးနွယ်မှ ဤအမျိုးသမီးနှစ်ဦးစလုံးမှာ ခန္ဓာကိုယ် အလွန်ဖွံ့ဖြိုးသူများ ဖြစ်ကြသည်။
သူတို့၏ အရင်းအနှီးမှာ လုံလောက်လွန်းလှသည်။
ကြီးကျယ်ခမ်းနားလှ၏။
သူတို့က လှုပ်ရှားလိုက်တိုင်း နူးညံ့ပျော့ပျောင်းသော တိမ်စိုင်လေးခုမှာ ကျောက်စိမ်းတောင်ကြီး တုန်ခါနေသကဲ့သို့... လှိုင်းတံပိုးများ ထကြွနေသကဲ့သို့ လှုပ်ရှားနေကြတော့သည်။
ကျွင်းရှောင်ယောက်ကဲ့သို့သော သူပင်လျှင် မပြောဘဲ မနေနိုင်တော့ပေ။
"ခင်ဗျားတို့ နှစ်ယောက်... စိတ်လျှော့ကြပါဦး၊ ကျွန်တော့်ရဲ့ မြင်ကွင်းကိုတောင် ပိတ်ဆို့နေပြီ"
အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်အလှများမှာ သူ၏ မြင်ကွင်းကို ကွယ်နေပြီ ဖြစ်သည်။