← Chapters

အခန်း ၁၄၉၁

Vol. 103 Ch. 1491

အခန်း ၁၄၉၁

Vol. 103 Ch. 1491

အခန်း ( ၁၄၉၁ ) အိပ်မက်ဧကရာဇ်၏ မူလဇာစ်မြစ်။

သူနှင့် အိပ်မက်ဧကရာဇ်တို့သည် တစ်ခါမျှ မဆုံဖူးခဲ့ကြချေ။

ထို့ကြောင့် အကြောင်းအကျိုး ဆက်စပ်မှု ရှိရန်လည်း အကြောင်းမရှိပါ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင်မူ ရှင်းပြရခက်သော ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို အမြဲခံစားနေရသည်။

ဤခံစားချက်မှာ အလွန်ပင် ဆန်းကြယ်လှ၏။

ကျွင်းရှောင်ယောက်က အိပ်မက်ဧကရာဇ်ကို ကြည့်နေသကဲ့သို့...

အိပ်မက်ဧကရာဇ်၏ အကြည့်များသည်လည်း ကျွင်းရှောင်ယောက်ထံ၌သာ စွဲထင်နေသည်။

ဤအခြေအနေကြောင့် နတ်ဆိုးဧကရီလေး၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ယှက်သန်းသွားရသည်။

သူမ၏အမြင်တွင် သူ၏သခင်မကြီးဖြစ်သော အိပ်မက်ဧကရာဇ်က မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်းမရှိပေ။

သူက အမြဲတမ်း တည်ငြိမ်ပြီး အေးစက်စက် နေတတ်သူ ဖြစ်သည်။

သို့သော်လည်း ယခု ကျွင်းရှောင်ယောက် ရောက်ရှိလာချိန်တွင်မူ အိပ်မက်ဧကရာဇ်သည် သူ့အပေါ် အတော်ပင် စိတ်ဝင်စားမှုရှိပုံရချေသည်။

ယခင်ကလည်း အိပ်မက်ဧကရာဇ်သည် သူ့အား ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ သွားရန် အမိန့်ပေးခဲ့ဖူးသည်။

အိပ်မက်ဧကရာဇ်နှင့် ကျွင်းရှောင်ယောက်တို့ကြားတွင် မည်သို့သော အကြောင်းအကျိုး ဆက်စပ်မှုများ ရှိနေသနည်း။

သူက စူးစမ်းချင်မိသော်လည်း နတ်ဆိုးဧကရီလေးအနေဖြင့် တိုက်ရိုက်မေးမြန်းရန်ကား မဝံ့ရဲပေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်...

အိပ်မက်ဧကရာဇ်က နှုတ်ခမ်းလွှာကို ဖွင့်ဟလိုက်သည်။

"မင်းတို့ အရင်ဆင်းသွားကြပါ၊ ငါ သူနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်"

အိပ်မက်ဧကရာဇ်၏ အသံမှာ ကြည်လင်လှပြီး အိပ်မက်တစ်ခုအတွင်းမှ နူးညံ့သော ပဲ့တင်သံတစ်ခုကဲ့သို့ ခံစားရစေသည်။

"ဟုတ်ကဲ့"

နတ်ဆိုးဧကရီလေးက ရန်ယုမန်ကို ဆွဲခေါ်ကာ ထွက်သွားလေသည်။

နန်းတော်အတွင်း၌ ကျွင်းရှောင်ယောက်နှင့် အိပ်မက်ဧကရာဇ် နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

အိပ်မက်ဧကရာဇ်ထံမှ မည်သည့် ဖိအားပေးမှုမျိုးမျှ မရှိသော်လည်း...

ကိုးပါးကောင်းကင်၏ နံပါတ်တစ် အကြမ်းဆုံးပုဂ္ဂိုလ်အဖြစ် ကျော်ကြားသူ ဖြစ်သဖြင့် သူမ၏ရှေ့တွင် ရပ်နေသူတိုင်းမှာ ဖိအားတစ်ခုကို ခံစားရမည်သာ။

ဧကရာဇ်တစ်ပါးပင်လျှင် ထိုသို့ ခံစားရဦးမည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်မှာမူ ဖြောင့်မတ်တည်ကြည်စွာ ရပ်နေသည်။

သူ့မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကိုလည်း လှစ်ဟထား၏။

မောက်မာခြင်းမရှိ၊ နှိမ့်ချခြင်းလည်းမရှိဘဲ တည်ငြိမ်လှပေသည်။

"မင်းရဲ့ ရင်ထဲမှာ မေးခွန်းတွေ အများကြီးရှိနေမယ်လို့ ငါထင်တယ်"

အိပ်မက်ဧကရာဇ်က ဆိုသည်။

"မှန်ပါတယ်၊ အိပ်မက်ဧကရာဇ်အနေနဲ့ ကျွန်တော့်ရဲ့ သံသယတွေကို ရှင်းလင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

အိပ်မက်ဧကရာဇ်က စကားများများမပြောဘဲ သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

နောက်တစ်ခဏတွင်မူ...

ကျွင်းရှောင်ယောက်၏ မျက်ဝန်းများ ရုတ်တရက် တုန်လှုပ်သွား၏။

အကြောင်းမူ၊ အိပ်မက်ဧကရာဇ်၏ လက်ထဲတွင် 'သရဲမျက်နှာဖုံး'တစ်ခု ပေါ်ထွက်လာသောကြောင့်ပင်။

အိပ်မက်ဧကရာဇ်က ထိုသရဲမျက်နှာဖုံးကို သူမ၏ မျက်နှာပြင်ထက်သို့ ဖြည်းညှင်းစွာ ဝတ်ဆင်လိုက်သည်။

ထိုအခိုက်အတန့်တွင်...

နန်းတော်တစ်ခုလုံးက ကြယ်တာရာ နဂါးငွေ့တန်းများကဲ့သို့ လည်ပတ်သွားပြီး ယင်နှင့်ယန်တို့ ပြောင်းလဲသွားပုံရသည်။

ဝေဝေဝါးဝါးဖြင့် ကြည့်မည်ဆိုလျှင် စစ်မှန်သော သရဲမျက်နှာဖုံးဖြင့် ဧကရီကိုယ်တိုင် ရောက်ရှိလာသကဲ့သို့ပင်။

"ဒါ... ဒါက... ခင်ဗျား..."

ကျွင်းရှောင်ယောက်၏ မျက်စိသူငယ်အိမ်များ အနည်းငယ် တုန်ခါသွားရသည်။

အိပ်မက်ဧကရာဇ်က အပိုစကားများ ရှင်းပြနေရန် မလိုတော့ချေ။

သရဲမျက်နှာဖုံး တစ်ခုတည်းကပင် အရာအားလုံးကို ရှင်းပြရန် လုံလောက်နေပြီ ဖြစ်သည်။

"ငါက လူတစ်ယောက်ကို စောင့်နေခဲ့တာပါ၊ ငါ့ရဲ့ အိပ်မက်တွေထဲမှာ ခဏခဏ ပေါ်လာတတ်တဲ့ ပုံရိပ်တစ်ခုပေါ့"

"အစတုန်းကတော့ ဒါဟာ အိပ်မက်တစ်ခုသက်သက်ပဲလို့ ငါထင်ခဲ့တယ်၊ မင်းကို ငါ ရှာမတွေ့ခင်အထိပေါ့လေ"

"မင်း ဘယ်သူလဲဆိုတာကို ငါလည်း သိချင်မိပါတယ်"

ဤအခိုက်အတန့်တွင် အိပ်မက်ဧကရာဇ်က ကျွင်းရှောင်ယောက်၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးအထိ ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ စူးစိုက်ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်က ရှေးယခင်အတိုင်းပင် ပြောလိုက်၏။

"ကျွန်တော်က ကျွန်တော်ပါပဲ၊ ကျွန်တော်က ကျွင်းရှောင်ယောက်ပါ"

"တကယ်ပဲလား"

အိပ်မက်ဧကရာဇ်က ဘာမျှ ထပ်မပြောတော့ပေ။

အစပိုင်းတွင် ကျွင်းရှောင်ယောက်က အိပ်မက်ဧကရာဇ်အား သူသိရှိသော သရဲမျက်နှာဖုံးဧကရီဟု ထင်မှတ်ခဲ့သော်လည်း...

ယခုကြည့်ရသည်မှာ ထိုသို့ ဟုတ်ပုံမရပေ။

သူက သရဲမျက်နှာဖုံးဧကရီနှင့် အကြောင်းအကျိုး ဆက်စပ်မှု တစ်ခုခု ရှိနေသူသာ ဖြစ်ဟန်တူသည်။

ဥပမာအားဖြင့် သရဲမျက်နှာဖုံးဧကရီ သို့မဟုတ် အနီရောင်လီလီပန်း‌ေလးများ၏ မိခင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာ ဖြစ်လိမ့်မည်။

သူက သရဲမျက်နှာဖုံးဧကရီ၏ လူဝင်စား ဘဝတစ်ခုလည်း ဖြစ်နိုင်ပေသည်။

အကယ်၍ ထိုသို့သာ မှန်ကန်ပါက၊ သရဲမျက်နှာဖုံးဧကရီသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည်။

သူ၏ ဘဝတစ်ခုသည်ပင် ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလော။

"ဒါနဲ့... ဟို အခွံက မင်းအပေါ် ဘာမှ မလုပ်ခဲ့ဘူး မဟုတ်လား"

အိပ်မက်ဧကရာဇ်က ရုတ်တရက် မေးလိုက်သည်။

"အခွံလား"

ကျွင်းရှောင်ယောက် ကြောင်တက်တက် ဖြစ်သွားသည်။

ထို့နောက်မှ သူ ရုတ်တရက် သဘောပေါက်သွား၏။

အိပ်မက်ဧကရာဇ် ပြောသော 'အခွံ' ဆိုသည်မှာ မေ့ပျောက်ခြင်းတိုင်းပြည်ရှိ ကျွမ်းရှောင်မုံ့ ကို ဆိုလိုခြင်းပင်။

"အကြီးအကဲ အိပ်မက်ဧကရာဇ်... ဒါဆိုရင် ခင်ဗျားက..."

ကျွင်းရှောင်ယောက်က နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

၎င်းမှာ... အဘယ်ကြောင့် ကျွမ်းရှောင်မုံ့က သူ့ကို အထူးတလည် ဂရုစိုက်ခဲ့သနည်း ဆိုသည်ကိုပင်။

အစပိုင်းတွင် ကျွင်းရှောင်ယောက်က သူ၏ ဆွဲဆောင်မှုကြောင့်သာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

ယခုကြည့်ရသည်မှာ အိပ်မက်ဧကရာဇ်ကြောင့်လည်း ဖြစ်လိမ့်မည်။

နောက်ဆုံးတွင်... အိပ်မက်ဧကရာဇ်ကဲ့သို့ပင် ကျွမ်းရှောင်မုံ့သည်လည်း အိပ်မက်လမ်းစဥ်ကို ကျင့်ကြံသူ ဖြစ်သည်။

သို့သော်လည်း ဤသို့ဆိုလျှင် အိပ်မက်ဧကရာဇ်၏ အစွမ်းမှာ ပို၍ပင် နက်နဲပေလိမ့်မည်။

သူ့ကို အခြားသော တားမြစ်နယ်မြေများက ကြောက်ရွံ့ရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

"ငါ့ရဲ့ ခေါင်းထဲမှာ အသံတစ်ခု အမြဲ ကြားနေရတယ်၊ ငါ့မှာ တာဝန်တစ်ခု ရှိတယ်လို့ပေါ့"

"အဲဒါက မင်းနဲ့ တွေ့ဆုံဖို့နဲ့ မင်းကို ကာကွယ်ပေးဖို့ပဲ"

"ငါ့လို တည်ရှိမှုမျိုးက ဒီလို အကြောင်းအကျိုး ဆက်စပ်မှုမျိုးနဲ့ ချည်နှောင်ခံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

အိပ်မက်ဧကရာဇ်က ပြောလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတန်းများ ယှက်သန်းသွား၏။

ကျွင်းရှောင်ယောက်က လက်ယှက်ပြပြီး ပြောလိုက်သည်။

"အကြီးအကဲ အိပ်မက်ဧကရာဇ်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အကြီးအကဲအတွက် အခက်အခဲ ဖြစ်စေမယ်ဆိုရင်..."

"ကျွန်တော် ကျွင်းရှောင်ယောက်အနေနဲ့ အကြီးအကဲကို ဘယ်တော့မှ ဒုက္ခမပေးပါဘူး။ နောက်လာမဲ့ ကပ်ဘေးလှိုင်းကြီးကိုလည်း ကျွန်တော် ကိုယ်တိုင်ပဲ ရင်ဆိုင်မှာပါ"

ကျွင်းရှောင်ယောက်၏ သဘောထားမှာ အလွန်ပင် ပြတ်သားသည်။

သူက အခြားသူအပေါ် မှီခိုလေ့ရှိသော လူစားမျိုး မဟုတ်ပေ။

အိပ်မက်ဧကရာဇ်က သရဲမျက်နှာဖုံးဧကရီ၏ ဘဝတစ်ခု ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ...

ကျွင်းရှောင်ယောက်က အခုမှသိသော အိပ်မက်ဧကရာဇ်၏ အကာအကွယ်ကို တောင်းခံလောက်အောင် မျက်နှာပြောင်သူ မဟုတ်ချေ။

သူသည် အိပ်မက်ဧကရာဇ်၏ ကာကွယ်မှုကိုလည်း မလိုအပ်ပါ။

"မင်းက ဘယ်လို ကပ်ဘေးလှိုင်းမျိုးကိုမဆို ခုခံနိုင်မယ် ထင်လို့လား။ နောက်လာမဲ့ ကပ်ဘေးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲဆိုတာ မင်း သိရဲ့လား"

"ယဇ်ဆရာသခင် ငါးဦးက အင်မော်တယ်နယ်မြေကြီးကို သွေးချောင်းစီးအောင် လုပ်လိမ့်မယ်"

"တားမြစ်နယ်မြေတွေထဲမှာ အခွင့်အရေးကို စောင့်နေတဲ့ တခြား အဖိုးကြီးတွေလည်း အများကြီး ရှိသေးတယ်"

"အခု အင်မော်တယ်နယ်မြေကြီးမှာလည်း စည်းလုံးညီညွတ်မှု ရှိပုံမရဘူး"

"ဒီလို အခြေအနေမျိုးမှာတောင် မင်းက အခြေအနေကို ပြောင်းလဲပစ်နိုင်ဦးမယ်လို့ ထင်နေတာလား"

အိပ်မက်ဧကရာဇ်က မေးလိုက်သည်။

ဤမျှ ကြာမြင့်လှသော အချိန်အတွင်း သူမ စကားအများကြီး ပြောမိခြင်းမှာ ဒါပထမဆုံးအကြိမ်ပင်။

ကျွင်းရှောင်ယောက်၏ မျက်နှာထက်တွင်မူ ယဉ်ကျေးသော အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။

"လူ့စွမ်းအား ကောင်းကင်ကို အောင်နိုင်တယ်ဆိုတဲ့ စကားပုံတစ်ခု ရှိတယ်"

"လူတွေမှာလည်း အားနည်းသူနဲ့ အားကြီးသူဆိုပြီး ရှိကြပါတယ်"

"အားနည်းသူတွေအတွက်တော့ ဒီစကားက အချည်းနှီး ဖြစ်နေနိုင်ပေမဲ့..."

"တကယ့် စွမ်းအားကြီးသူတွေအတွက်တော့ ဒါဟာ မပျက်ပြယ်နိုင်တဲ့ ယုံကြည်ချက်တစ်ခုပဲ"

"ဒီကပ်ဘေးလှိုင်းဟာ ကျွန်တော့်လက်မှာ လုံးဝ အဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းများမှာ တောက်ပနေ၏။

လူငယ်တစ်ဦး၏ စိတ်ဓာတ်နှင့် ယုံကြည်မှု...

၎င်းမှာ ကျွင်းရှောင်ယောက်၏ သီးသန့် ယုံကြည်မှုပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်ကို ကြည့်ရင်း အိပ်မက်ဧကရာဇ်ကညခေတ္တမျှ မှင်တက်သွားရသည်။

သူက သူ၏ မျက်နှာထက်မှ သရဲမျက်နှာဖုံးကို ချွတ်လိုက်၏။

သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတန်းများ ပေါ်လာပြန်တော့သည်။

"ငါ့ရဲ့ မူလဇာစ်မြစ်ကို မင်း သိချင်နေတယ် မဟုတ်လား"

ထိုစကားကို ကြားလိုက်ရသောအခါ ကျွင်းရှောင်ယောက်က ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။

အိပ်မက်ဧကရာဇ်၏ အသံကို ဆက်လက် နားထောင်နေမိ၏။

"လွန်ခဲ့တဲ့ ကြာမြင့်လှတဲ့ အချိန်တုန်းက လူတစ်ယောက်ကို အမြဲတမ်း လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့တယ်"

"သူဟာ ဘဝပေါင်းများစွာ သံသရာပေါင်းများစွာကို ဖြတ်သန်းခဲ့ပေမဲ့ အဲဒီလူကို ရှာမတွေ့ခဲ့ဘူးတဲ့"

"နောက်ပိုင်းမှာ သူက တိုက်တိုက်ဆိုင်ဆိုင် ခရုခွံတစ်ခုကို တွေ့ရှိခဲ့ပြီး စိတ်ကူးတစ်ခု ရခဲ့တယ်"

"အိပ်မက်တစ်ခုထဲမှာ နှစ်မြှုပ်နေလိုက်ရင် အဲဒီလူကို ရှာတွေ့နိုင်ကောင်းရဲ့လို့ပေါ့"

"ဒါနဲ့ပဲ အဲဒီဘဝမှာတော့ အမျိုးသမီးဟာ သူ့ရဲ့ အိပ်မက်တွေထဲမှာပဲ နှစ်မြှုပ်ပြီး ရှာဖွေနေခဲ့တယ်"

"နောက်ဆုံးမှာ သူက ရှာတွေ့ပြီလို့ ထင်ခဲ့တယ်လေ"

"ဒါပေမဲ့ အဆုံးသတ်မှာတော့ ဒါဟာ အိပ်မက်ထဲက အရိပ်ယောင်တစ်ခုသက်သက်ပဲ ဖြစ်နေခဲ့ရတယ်"

"အိပ်မက်က နိုးလာတဲ့အချိန်မှာတော့ သူမဟာ အလွန်ပဲ စိတ်ပျက်သွားခဲ့ပြီး ဒီဘဝကို စွန့်လွှတ်ပြီး လိပ်ပြာတစ်ကောင်အဖြစ် အသွင်ပြောင်းချင်ခဲ့တယ်"

"ဒါပေမဲ့ သူဟာ အခွံတစ်ခုကို ချန်ထားခဲ့တယ်...၊ အိပ်မက်တွေထဲမှာပဲ ထာဝရ နစ်မြုပ်နေမယ့် အခွံတစ်ခုပေါ့"

အိပ်မက်ဧကရာဇ်က ဤနေရာတွင် စကားကို ရပ်လိုက်သည်။

ကျွင်းရှောင်ယောက်လည်း အရာအားလုံးကို သဘောပေါက်သွားခဲ့ပြီ။

သရဲမျက်နှာဖုံးဧကရီက ရှေးဦး အင်မော်တယ်တံလျှပ်နှင့် တွေ့ဆုံခဲ့သည်။

စိတ်ကူးရရှိသွားပြီးနောက် အိပ်မက်မှတစ်ဆင့် တာအိုအတွင်းသို့ ဝင်ရောက်မည့် နည်းလမ်းကို ရှာဖွေခဲ့၏။

သို့သော်လည်း အဆုံးသတ်တွင်မူ သူမ ရှာနေသော သူကို ရှာမတွေ့ခဲ့သဖြင့် ထွက်ခွာသွားခဲ့သည်။

ဘဝတစ်သက်တာ ကျင့်ကြံခဲ့သော အစွမ်းထက်လှသည့် အိပ်မက်လမ်းစဉ်က နောက်ဆုံးတွင် အိပ်မက်ဧကရာဇ်ဆိုသော တန်ခိုးကြီးမားသည့် တည်ရှိမှုကြီးအဖြစ် အသွင်ပြောင်းသွားခဲ့ပေသည်။

တစ်နည်းအားဖြင့်ဆိုရလျှင်၊ ၎င်းမှာ အနီရောင်လီလီပန်းလေးများ၏မိခင်နှင့် ဆင်တူလှသည်။

ကျွင်းရှောင်ယောက် တွေးမိသည်မှာ...

သရဲမျက်နှာဖုံးဧကရီက သူမ၏ ဘဝတစ်ခုကို အိပ်မက်ဧကရာဇ်အဖြစ် စုစည်းထားခဲ့ရခြင်း အကြောင်းရင်းမှာ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကပ်ဘေးကြီးကို ကြိုတင်မြင်တွေ့ခဲ့သောကြောင့် ဖြစ်နိုင်သည်။

ထို့ကြောင့် သူကိုယ်တိုင် ပြန်လည် ကူညီနိုင်ရန်အတွက် နည်းလမ်းတစ်ခု ချန်ထားခဲ့ခြင်း ဖြစ်လိမ့်မည်။

ယခင်ကလည်း သရဲမျက်နှာဖုံးဧကရီသည် သူ့ကို တစ်ကြိမ်မက ကူညီခဲ့ဖူးသည် မဟုတ်ပါလော။

သို့သော်လည်း ဤအချက်ကို တွေးမိသောအခါ လှပပြီး အိပ်မက်ဆန်လှသော အိပ်မက်ဧကရာဇ်ကို ကြည့်ရင်း ကျွင်းရှောင်ယောက် စိတ်ထဲတွင် သက်ပြင်းချမိလိုက်သည်။

အိပ်မက်ဧကရာဇ်က သရဲမျက်နှာဖုံးဧကရီ၏ အရိပ်တစ်ခု ဖြစ်လျှင်ပင်...

အိပ်မက်ကမ္ဘာတွင် ကပ်ဘေးကြီး ကျရောက်လာမည့်အချိန်ကို တစ်ယောက်တည်း ထာဝရ အထီးကျန်စွာဖြင့် စောင့်မျှော်နေခဲ့ရခြင်းမှာ ပင်ပန်းဆင်းရဲလှပေသည်။

All Chapters