← Chapters

အခန်း ၁၄၉၂

Vol. 103 Ch. 1492

အခန်း ၁၄၉၂

Vol. 103 Ch. 1492

အခန်း ( ၁၄၉၂ ) နတ်ဆိုးဧကရီလေး၏ မူလခန္ဓာ။

ပတ်ဝန်းကျင်ဝယ် တိတ်ဆိတ်ခြင်းများက ခေတ္တမျှ စိုးမိုးသွားသည်။

အိပ်မက်ဧကရာဇ်၏ မူလအစနှင့် ပတ်သက်၍ ကျွင်းရှောင်ယောက် သိလိုသမျှ သံသယများမှာလည်း အဖြေရရှိသွားခဲ့ပြီ။

သူက ကျွင်းရှောင်ယောက်ကို အထူးတလည် ဂရုစိုက်စောင့်ရှောက်ရခြင်းက သရဲမျက်နှာဖုံးဧကရီ၏ စိတ်ဆန္ဒကြောင့်ပင်။

ဤသည်မှာ ယခင်က တွေ့ကြုံခဲ့ဖူးသော အနီရောင်လီလီပန်းလေးများ၏မိခင်နှင့် အလားသဏ္ဌာန်တူသည်။

သို့သော်ငြားလည်း အိပ်မက်ဧကရာဇ်မှာ ကောင်းကင်ကိုးပါးထက်ဝယ် တားမြစ်နယ်မြေတစ်ခုကို တည်ထောင်ထားနိုင်သူဖြစ်ပြီး 'ကောင်းကင်ကိုးပါး၏ နံပါတ်တစ် အကြမ်းဆုံးပုဂ္ဂိုလ်' ဟုပင် အမည်ကျော်ကြားသူ မဟုတ်ပါလော။

သူမ၏ ခွန်အားမှာ အနီရောင်လီလီပန်းလေးများ၏ မိခင်ထက်ပင် ပို၍ အစွမ်းထက်နိုင်ခြေ ရှိသည်။

ရှေးအင်မော်တယ် တံလျှပ်ဖြစ်သော ကျွမ်းရှောင်မုံ့ပင်လျှင် သူ့အား အလွန်အမင်း ကြောက်ရွံ့ရခြင်းကို ကြည့်ခြင်းဖြင့် အိပ်မက်ဧကရာဇ်၏ အရှိန်အဝါကို သိသာနိုင်ပေသည်။

အခြားသော တားမြစ်နယ်မြေများမှာလည်း သူမအား ရင်ဆိုင်ရန် မဝံ့ရဲကြချေ။

သူက ကျွင်းရှောင်ယောက်အတွက် အားကိုးထိုက်သော တောင်ကြီးတစ်လုံးပင် ဖြစ်သည်။

သူမ၏ ဟန့်တားနိုင်စွမ်းမှာ ဓားသင်္ချိုင်းနှင့် ခွန်းလွန်းတောင်တို့ ပေါင်းစပ်ထားသည်ထက်ပင် ပိုမိုကြီးမားလှပေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်သည် အိပ်မက်ဧကရာဇ်အပေါ်၌သာ အမြဲတမ်း မှီခိုနေမည့်သူ မဟုတ်ပေ။

အိပ်မက်ဧကရာဇ်က သရဲမျက်နှာဖုံးဧကရီ၏ လွှမ်းမိုးမှုရှိနေသော်လည်း...

သူမကိုယ်တိုင်ကသာ ကျွင်းရှောင်ယောက်ကို မကူညီလိုပါက မည်သူမျှ ဖိအားပေးနိုင်လိမ့်မည် မဟုတ်ချေ။

ကျွင်းရှောင်ယောက်က အိပ်မက်ကမ္ဘာသို့ လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူ့ရင်ထဲမှ သံသယများကို အဖြေရှာရန်သာ ဖြစ်သည်။

"ဒါနဲ့ အကြီးအကဲ... ကျွန်တော့်မှာ အိပ်မက်တာအိုကို ကျင့်ကြံနေတဲ့ မိတ်ဆွေတစ်ယောက် ရှိပါတယ်..."

ကျွင်းရှောင်ယောက်က ရန်ယုမန်ကို သတိရသွားမိသည်။

သူက အိပ်မက်လမ်းစဉ်ဝယ် ပါရမီထူးချွန်လှသော 'ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာခန္ဓာ' ပိုင်ရှင်တစ်ဦးပင် မဟုတ်လော။

"သူတို့ကို အထဲဝင်ခိုင်းလိုက်ပါ"

အိပ်မက်ဧကရာဇ်က ပြောလိုက်သည်။

ခဏအကြာတွင်၊ နတ်ဆိုးဧကရီလေးနှင့် ရန်ယုမန်တို့က နန်းတော်အတွင်းသို့ တစ်ဖန် ပြန်လည်ဝင်ရောက်လာကြ၏။

အိပ်မက်ဧကရာဇ်က ရန်ယုမန်ကို တစ်ချက်ကြည့်လိုက်ရာ...

ရန်ယုမန်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖောက်ထွင်းမြင်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး အလွန်ပင် ထိတ်လန့်သွားမိသည်။

အိပ်မက်ဧကရာဇ်၏ ခွန်အားမှာ အမှန်တကယ် မှန်းဆ၍မရနိုင်လောက်အောင်ပင်။

"ကျွင်းရှောင်ယောက် ပြောသလိုပဲ... မင်းက အိပ်မက်တာအိုမှာ ပါရမီပါတာပဲ။ တကယ်ကို ရှားပါးလှတဲ့ ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာ ခန္ဓာပိုင်ရှင်ပဲ"

အိပ်မက်ဧကရာဇ်က လေသံအေးအေးဖြင့် ချီးကျူးလိုက်၏။

"ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်"

ရန်ယုမန်က ရိုသေစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်သည်။

တစ်ချိန်တည်းမှာပင်၊ သူ၏ ရင်ထဲ၌ ချိုမြိန်သော ခံစားချက်ကလေးတစ်ခု ပေါ်ပေါက်လာမိ၏။

၎င်းမှာ အိပ်မက်ဧကရာဇ်၏ ချီးကျူးမှုကို ရရှိသောကြောင့်သာမက...

ကျွင်းရှောင်ယောက်က သူမ၏အရေးကို မမေ့မလျော့ဘဲ တောင်းဆိုပေးခဲ့သောကြောင့်လည်း ဖြစ်သည်။

"သခင်မကြီး... သူက ရှောင်ယောက်ကိုယ်တိုင် သခင်မကြီးဆီကို အကြံပြုမဲ့သူပါ"

နတ်ဆိုးဧကရီလေးက ပြုံးလျက် ဆိုလိုက်သည်။

"ဒီလိုဆိုရင်... မင်း ငါ့အနားမှာပဲ နေခဲ့ပါ"

အိပ်မက်ဧကရာဇ်က ပြောသည်။

ရန်ယုမန်၏ မျက်ဝန်းများမှာ တောက်ပသွား၏။

တစ်ချိန်တည်းမှာပင်၊ ဝမ်းနည်းရိပ်ကလေးများ ယှက်သန်းသွားရသည်။

ဤမျှ အစွမ်းထက်လှသော အိပ်မက်ဧကရာဇ်၏ အနီးအပါးတွင် နေထိုင်ခွင့်ရခြင်းမှာ ကြီးမားသော အခွင့်အရေးဖြစ်သော်လည်း...

အခြားတစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်နှင့် ခွဲခွာရတော့မည်။

ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါး၌ အမြဲတမ်း နေထိုင်သွားလိမ့်မည် မဟုတ်ချေ။

ကျွင်းရှောင်ယောက်က ပြုံးလျက် ပြောလိုက်သည်။

"ယုမန်... ဒါက မင်းအတွက် အခွင့်အရေးကောင်းတစါလ

ကောင်းကောင်း အသုံးချပါ"

ကျွင်းရှောင်ယောက်၏ စကားကြောင့် ရန်ယုမန်၏ ရင်ထဲဝယ် လှုပ်ခတ်သွားရသည်။

ကျွင်းရှောင်ယောက်က သူ့အား ဤကဲ့သို့ ရင်းနှီးစွာ ခေါ်ဆိုလိုက်ခြင်းမှာ ပထမဆုံးအကြိမ်ပင်။

"အို... ရှောင်ယောက်ကတော့ တကယ်ကို စကားချိုတာပဲ။ တို့တောင် မခံနိုင်တော့ဘူး"

နတ်ဆိုးဧကရီလေးက ဆိုရင်း သူမ၏ သွယ်လျလှပသော ခါးလေးကို လှုပ်ရှားလိုက်သည်။

ရုတ်တရက်၊ သူ၏ ခန္ဓာကိုယ်မှာ အသွင်ပြောင်းလဲသွား၏။

နောက်ဆုံးတွင်မူ သူက ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ဖန်စီကဲ့သို့ လှပလှသော 'ဧကရာဇ်လိပ်ပြာ'တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

သူက အိပ်မက်ဧကရာဇ်၏ လက်ချောင်းထိပ်လေးပေါ်သို့ ပျံသန်းနားခိုလိုက်လေသည်။

'ထင်တဲ့အတိုင်းပါပဲလား'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

နတ်ဆိုးဧကရီလေး၏ မူလခန္ဓာမှာ စစ်မှန်သော ဧကရာဇ်လိပ်ပြာတစ်ကောင်ပင်။

သူက အိပ်မက်ဧကရာဇ်၏ အစေခံထက် သူမ၏ အချစ်တော် အိမ်မွေးတိရစ္ဆာန်နှင့် ပို၍ တူလှသည်။

အိပ်မက်ဧကရာဇ်အတွက် ဤအထီးကျန်လှသော အိပ်မက်ကမ္ဘာဝယ် သူမနှင့်အတူ ရှိနေပေးသည်မှာ ဤလိပ်ပြာလေး တစ်ကောင်တည်းသာ ရှိပေလိမ့်မည်။

ယခုအချိန်မှာတော့ လျှို့ဝှက်ချက်အားလုံး ပွင့်လင်းသွားခဲ့ပြီ ဖြစ်သည်။

တိဟောက်ထျန်းက နတ်ဆိုးဧကရီလေးနှင့် ပူးပေါင်းရန် ကြံစည်ခဲ့ခြင်းမှာ သူမ၏နောက်ကွယ်မှ အိပ်မက်ဧကရာဇ်ကို မျှော်ကိုးခဲ့ခြင်းကြောင့်ပင်။

သို့သော်လည်း နှမြောစရာကောင်းသည်မှာ တိဟောက်ထျန်းက ကျွင်းရှောင်ယောက်နှင့် အိပ်မက်ဧကရာဇ်တို့ကြားမှ အကြောင်းအကျိုး ရေစက်ကို မသိရှိခဲ့ခြင်းပင် ဖြစ်သည်။

"ကျွန်တော့်ရဲ့ သံသယတွေ ပြေပျောက်သွားပြီမို့... ကျွန်တော်ကို သွားခွင့်ပြုပါ"

ကျွင်းရှောင်ယောက်က လက်ယှက်ပြကာ နှုတ်ဆက်လိုက်သည်။

အိပ်မက်ဧကရာဇ်သည် ကျွင်းရှောင်ယောက်၏ ကျောပြင်ကို ကြည့်ရင်း ထူးဆန်းသော အတွေးတစ်ခု ဝင်လာမိ၏။

ဒါက 'ကျွင်းရှောင်ယောက်ကို ဤအိပ်မက်ကမ္ဘာဝယ် ထာဝရ ရှိနေစေချင်သည်' ဟူသော အတွေးပင်။

သို့သော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်းကို သူမ ကောင်းကောင်း သိသည်။

ကျွင်းရှောင်ယောက်တွင် လုပ်ဆောင်စရာများစွာ ရှိနေသေးသည် မဟုတ်ပါလော။

နောက်ဆုံးတွင် အိပ်မက်ဧကရာဇ်က သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်ရင်း ဆိုလိုက်သည်။

"အပြင်က အင်မော်တယ် စိမ့်စမ်းရေတွင်း မင်း လိုအပ်မယ်ဆိုရင် ယူသွားလိုက်ပါ"

"ဒါ..."

ကျွင်းရှောင်ယောက်ပင်လျှင် ခေတ္တမျှ တုံ့ဆိုင်းသွားရသည်။

ထိုအင်မော်တယ် စိမ့်စမ်းရေတွင်းမှာ တန်ဖိုးဖြတ်၍မရနိုင်လောက်အောင် အဖိုးတန်လှသည်။

၎င်း၌ ပါဝင်သော အင်မော်တယ်ဓာတ်စွမ်းအင်များမှာ ကျွင်းရှောင်ယောက် ယခုလက်ဝယ်ရှိထားသည်ထက်ပင် သာလွန်နေသေးသည်။

၎င်းက တားမြစ်နယ်မြေများ၏ အရှင်သခင်များပင်လျှင် လျစ်လျူမရှုနိုင်သော အရာပင် ဖြစ်သည်။

သို့သော် အိပ်မက်ဧကရာဇ်ကမူ ၎င်းကို ကျွင်းရှောင်ယောက်အား အလွယ်တကူပင် ပေးအပ်နေခဲ့ပြီ။

"အဲဒီအရာတွေက ငါ့အတွက် မလိုအပ်တော့ပါဘူး"

အိပ်မက်ဧကရာဇ်က ပြောလိုက်သည်။

အကြောင်းမှာ၊ သူက သူ၏ကံကြမ္မာကို နားလည်ထားပြီး ဖြစ်သောကြောင့်ပင်။

ကျင့်ကြံခြင်းမှာ သူမအတွက် အဓိကရည်မှန်းချက် မဟုတ်တော့ပါ။

သူကိုယ်တိုင်က သက်ရှိအားလုံး၏ ထိပ်ဆုံးဝယ် ရပ်တည်နေပြီးသား ဖြစ်သည်။

"ဒါဆိုရင်... အကြီးအကဲကို ကျေးဇူးတင်ပါတယ်"

ကျွင်းရှောင်ယောက်က မငြင်းပယ်တော့ချေ။

‌အကြောင်းမှာ၊ သူသည်လည်း ထိုကဲ့သို့သော အင်မော်တယ် ဓာတ်စွမ်းအင်များကို အလွန်အမင်း လိုအပ်နေသောကြောင့် ဖြစ်သည်။

အမှောင်ထု ကပ်ဘေးကြီး ကျရောက်လာတော့မည် ဖြစ်ရာ သူက ကျွင်းမိသားစုနှင့် ကျွင်းဧကရာဇ်ခုံရုံး၏ ခွန်အားများကို မြှင့်တင်ရန် လိုအပ်ပေသည်။

ဤကျေးဇူးတရားကိုတော့ ကျွင်းရှောင်ယောက်က အစဉ်အမြဲ သတိရနေမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်က နန်းတော်အတွင်းမှ ထွက်ခွာလာခဲ့သည်။

ရန်ယုမန်မှာ ဝမ်းနည်းနေသော်လည်း သူ့အား ရပ်ကြည့်ရင်း ကျန်ရစ်ခဲ့၏။

သူက ကျွင်းရှောင်ယောက်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ပို၍ အစွမ်းထက်လာအောင် ကြိုးစားရမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားလိုက်သည်။

အိပ်မက်ဧကရာဇ်မှာမူ ထွက်ခွာသွားသော ကျွင်းရှောင်ယောက်၏ ကျောပြင်ကို စူးစိုက်ကြည့်နေမိလေသည်။

'ငါ တည်ရှိနေရတဲ့ အကြောင်းရင်းက... သူ့ကို ဒီဘေးဒုက္ခကနေ ကူညီဖို့အတွက် ဖြစ်နိုင်မလား'

'ဒါပေမဲ့ သူက တကယ်ပဲ အဲဒီလူလား... ဒါမှမဟုတ် ဆင်တူတဲ့ ပန်းတစ်ပွင့်လိုပဲလား...'

အိပ်မက်ဧကရာဇ်က သူ့စိတ်ထဲမှ တီးတိုးရေရွတ်လိုက်လေသည်။

ကျွင်းရှောင်ယောက်က အင်မော်တယ် စိမ့်စမ်းရေတွင်းကို သိမ်းဆည်းပြီးနောက် အိပ်မက်ကမ္ဘာအတွင်းမှ ထွက်ခွာလာခဲ့သည်။

ဤခရီးစဉ်မှာ အလွန်တိုတောင်းသော်လည်း သူ၏ သံသယများကို အဖြေပေးနိုင်ခဲ့ပေသည်။

အိပ်မက်ဧကရာဇ်က သရဲမျက်နှာဖုံးဖြင့် ဧကရီ၏ အိပ်မက်မှတစ်ဆင့် အသွင်ပြောင်းလာသော ဘဝတစ်ခု ဖြစ်သည်။

သရဲမျက်နှာဖုံးဧကရီ၏ အစွမ်းမှာ အမှန်တကယ်ပင် ခန့်မှန်းရခက်ခဲလှပေသည်။

သရဲမျက်နှာဖုံးဖြင့် သုသာန်ဧကရာဇ်မှ အနီရောင်လီလီပန်းလေးများ၏မိခင်...

ယခု ကောင်းကင်ကိုးပါးမှ အိပ်မက်ဧကရာဇ်အထိ...

ကျွင်းရှောင်ယောက်က ထိုသရဲမျက်နှာဖုံးဧကရီမှာ တကယ်တမ်း မည်သည့်နေရာတွင် ရှိနေသနည်းဟု သိချင်မိသည်။

'ထားပါ... အခု လုပ်ရမှာက အင်မော်တယ်တံခါး ပွင့်မလာခင်မှာ ကြိုတင်ပြင်ဆင်ထားဖို့ပဲ'

'ဒီခရီးစဉ်မှာ ရိတ်သိမ်းခဲ့ရတာတွေကလည်း မနည်းဘူး'

အိပ်မက်ဧကရာဇ်က တိုက်ရိုက် ပါဝင်ကူညီမည်ဟု မဆိုသော်လည်း...

အနည်းဆုံးတော့ သူသည် ကျွင်းရှောင်ယောက်ဘက်၌ ရှိနေသည်မှာ သေချာသည်။

ဤအင်မော်တယ် စိမ့်စမ်းမှာလည်း သူ အလွန်လိုအပ်နေချိန်တွင် ရရှိလိုက်သော အကူအညီတစ်ခု ဖြစ်၏။

ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးထက်၌ နေထိုင်ခဲ့သည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သလို လုပ်ဆောင်စရာများကိုလည်း အတော်လေး ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

၎င်းအပြင် အင်မော်တယ် စိမ့်စမ်းရေတွင်း၏ အကူအညီဖြင့် သူ၏နောက်လိုက်များနှင့် ကျွင်းဧကရာဇ်ခုံရုံးမှ လူများမှာလည်း ကြီးမားသော တိုးတက်မှုများ ရရှိလာကြမည်ဟု သူ ယုံကြည်ပေသည်။

'ကောင်းကင်ကိုးပါးမှာ ငါ ရှိနေခဲ့တာ လုံလောက်ပါပြီ။ လုပ်စရာရှိတာတွေလည်း အကုန်နီးပါး ပြီးသွားပြီ'

'နောက်ထပ် လုပ်ရမှာက အင်မော်တယ်နယ်မြေကို ပြန်ပြီး အရေးကြီးဆုံး ကိစ္စတစ်ခုကို လုပ်ဖို့ပဲ'

ကျွင်းရှောင်ယောက်က ‌သူ့စိတ်ထဲမှ တွေးလိုက်သည်။

ထိုအရေးကြီးသော ကိစ္စမှာ ကပ်ဘေးကြီးနှင့် မသက်ဆိုင်ပေ။

၎င်းက ကျွင်းရှောင်ယောက်၏ ကိုယ်ရေးကိုယ်တာဖြစ်ပြီး အလွန်ပင် အဓိပ္ပာယ်ရှိသော ကိစ္စတစ်ခု ဖြစ်သည်။

၎င်းမှာ... စေ့စပ်ပွဲ အခမ်းအနားပင် ဖြစ်တော့သည်။

All Chapters