← Chapters

အခန်း ၁၄၉၅

Vol. 103 Ch. 1495

အခန်း ၁၄၉၅

Vol. 103 Ch. 1495

အခန်း ( ၁၄၉၅ ) ကျွင်းမိသားစုသို့ ပြန်လည်ရောက်ရှိပြီ။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေမှာ ထုံးစံအတိုင်းပင် အေးချမ်းသာယာလျက် ရှိနေသည်။

အတိုင်းအဆမရှိ အင်အားကြီးသော ကျွင်းမိသားစုကြီးက တာဝန်ယူထားသဖြင့် ဤပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေမှာ အငြိမ်းချမ်းဆုံးသော မြေတစ်ခု ဖြစ်လာခဲ့၏။

ဤမြေပေါ်ဝယ် နေထွက်၊ နေဝင်မှအစပြု၍ သက်ရှိအားလုံးမှာ အစဉ်အလာမပျက် လည်ပတ်နေကြသည်။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေရှိ သာမန်ကျင့်ကြံသူများအနေဖြင့်...

မကြာမီတွင် ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားမည့် ထိတ်လန့်ဖွယ်ရာ ကပ်ဘေးကြီး ဖြစ်ပေါ်လာတော့မည်ကို လုံးဝ သိရှိကြလိမ့်မည် မဟုတ်ပေ။

သမိုင်းမှာလည်း အမြဲတမ်း ဤသို့ပင် ဖြစ်ခဲ့သည်။

အောက်ခြေရှိ သာမန်ကျင့်ကြံသူများမှာ ဘေးအန္တရာယ်ကြီး မိမိတို့၏ ခေါင်းပေါ်သို့ ကျရောက်လာသည့် နောက်ဆုံးအချိန်ကျမှသာ သိရှိကြရမြဲပင်။

သို့သော်လည်း သတင်းစအန အနည်းငယ် ရရှိထားကြသော အင်မော်တယ် အင်အားစုများမှာမူ တိတ်တဆိတ် စတင်ပြင်ဆင်နေကြပြီ ဖြစ်သည်။

ဥပမာအားဖြင့် ကမ္ဘာငယ်လေးများအတွင်း ကြိုတင်ပုန်းအောင်းခြင်း သို့မဟုတ် အခြားသော အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးများထံ ခိုလှုံခြင်း သို့မဟုတ်ပါကလည်း အင်မော်တယ်နယ်မြေကြီးနှင့် အဝေးဆုံးဖြစ်သော လူသူမရှိသည့် ကြယ်စက်ဝိုင်းများဆီသို့ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်ခြင်း စသည်ဖြင့်...

မည်သို့ပင်ဆိုစေကာမူ ထိုအင်မော်တယ် အင်အားစုများမှာ တိတ်တဆိတ် လှုပ်ရှားနေကြပြီ ဖြစ်သော်လည်း...

ကျွင်းမိသားစုက ထူးထူးခြားခြား လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်သည်။

ကျွင်းမိသားစုဝင်များမှာ စားစရာရှိသည်ကို စား၊ သောက်စရာရှိသည်ကို သောက်ပြီး ကျင့်ကြံမြဲ ကျင့်ကြံနေကြရာ ကမ္ဘာပျက်ကိန်းကြီး ဆိုက်ရောက်တော့မည်ကို မသိရှိကြသကဲ့သို့ပင်။

သို့သော်လည်း ဤအတောအတွင်း အချို့သော အင်မော်တယ် အင်အားစုများ၏ ခေါင်းဆောင်ကြီးများမှာ ကျွင်းမိသားစုထံသို့ တိတ်တဆိတ် လာရောက်ကာ ပူးပေါင်းဆောင်ရွက်ရန်နှင့် ခိုလှုံခွင့်တောင်းခံရန် ကြိုးပမ်းနေကြသည်။

အကြောင်းမှာ... ကပ်ဘေးကြီးများ ဖြစ်ပွားတိုင်း အင်မော်တယ်ခုံရုံး၊ မြေအောက်ကမ္ဘာနှင့် ကျွင်းမိသားစုကဲ့သို့သော အုပ်စိုးရှင် အင်အားစုကြီးများမှာ ထိခိုက်မှု မရှိသလောက် ဖြစ်ခဲ့သောကြောင့်ပင်။

အသက်တားမြစ်နယ်မြေများမှာ အင်အားကြီးမားလွန်းကြသော်လည်း စစ်မှန်သော ဤအုပ်စိုးရှင်ကြီးများကိုမူ ထိပါးနိုင်စွမ်း မရှိကြပါ။

............

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ...

ဟွမ်ပြည်နယ်၊ ကျွင်းမိသားစု၏ နေအိမ်...

ယခုအချိန်တွင် အစွမ်းထက်လှသော အရှိန်အဝါတစ်ခု ဤနေရာသို့ ဦးတည်လာနေသည်။

"ဘယ်သူလဲ"

ကျွင်းမိသားစု၏ အစောင့်များက ကျယ်လောင်စွာ ဟစ်အော်လိုက်ကြသည်။

သူတို့သည် စစ်မှန်သော 'ဧကရာဇ်တစ်ပိုင်း' တစ်ဦး၏ ဖိအားကို ခံစားလိုက်ရသည် မဟုတ်လော။

"ကျုပ်ပါ"

ကောင်းကင်ယံအဝေးမှ ရထားလုံးတစ်စီး ချဉ်းကပ်လာသည်။

ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများဖြင့် သားရဲကြီးလေးကောင်က ရထားကို ဆွဲလာကြ၏။

ကျွင်းရှောင်ယောက်နှင့် ကျန်း‌လော့လီတို့မှာ ၎င်းပေါ်တွင် ထိုင်နေကြပြီး ဗောဓိကျစ်ကလည်း ပြုံးလျက် လိုက်ပါလာလေသည်။

"နတ်ဘုရားသားတော် သခင်လေး ဖြစ်နေတာပဲ"

ကျွင်းမိသားစု၏ အစောင့်များမှာလည်း အလျင်အမြန်ပင် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

ကျွင်းရှောင်ယောက်က အသာအယာ ခေါင်းညိတ်ပြပြီး ရထားပေါ်မှ ဆင်းသက်လိုက်လေသည်။

"အဲဒါက... ရှေးဦး မိစ္ဆာသားရဲကြီးလေးပါး မဟုတ်လား"

ရထားဆွဲလာသော သားရဲများကို ကြည့်ရင်း ကျွင်းမိသားစု၏ အစောင့်များမှာ မှင်တက်သွားကြရသည်။

သူတို့က ကျွင်းမိသားစုဝင်များဖြစ်သဖြင့် အမြင်မနိမ့်ကြသော်လည်း...

ရှေးဟောင်း မိစ္ဆာသားရဲကြီးလေးပါးကို ရထားဆွဲခိုင်းထားခြင်းမှာ အလွန်ပင် ဟိတ်ဟန်ကြီးလွန်းလှပေသည်။

ထို့ပြင် ယခုလေးတင် သူတို့ ခံစားလိုက်ရသော ဧကရာဇ်တစ်ပိုင်း အရှိန်အဝါမှာ ကျွင်းရှောင်ယောက်၏ နောက်တွင် လိုက်ပါလာသော သစ်ကြားသီးခြောက်ကဲ့သို့ ပိန်ချုံးနေသည့် ထိုအဘိုးအိုထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ထို့ထက် အရေးကြီးဆုံးအချက်က ထိုဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ကြီးမှာ ကျွင်းရှောင်ယောက်၏ နောက်တွင် အစေခံတစ်ဦးကဲ့သို့ လိုက်ပါနေခြင်းပင်။

"နတ်ဘုရားသားတော် သခင်လေး ဘယ်တွေကို သွားခဲ့တာလဲ... ဘာဖြစ်လို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ"

"ခင်ဗျား သတိထားမိလား... ကျွင်းသခင်လေးရဲ့ အရှိန်အဝါကလည်း အများကြီး ပြောင်းလဲသွားပြီ။ ဒါက နက်နဲလွန်းပြီး ကျုပ်တို့ရဲ့ ဘိုးဘေးတွေနဲ့ ရင်ဆိုင်နေရသလို ခံစားချက်မျိုး ပေးနေတယ်..."

အစောင့်များမှာ အံ့သြတုန်လှုပ်နေကြလေသည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက် ပြန်ရောက်လာသည့် သတင်းကြောင့် ကျွင်းမိသားစု၏ ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြသည်။

"ရှောင်ယောက်... မင်း တစ်ယောက်တည်း ကောင်းကင်ကိုးပါးကို သွားတာ တကယ်ကို မကောင်းဘူးနော်"

ကျွင်းမော့ရှောင်က ထွက်ပေါ်လာပြီး ကျွင်းရှောင်ယောက်၏ ပခုံးကို ဖက်လိုက်သည်။

သူတို့၏ သံယောဇဉ်မှာ စကားများစွာ ပြောနေရန် မလိုအပ်ပေ။

"ဟုတ်တယ်... ကျုပ်လည်း သွားချင်နေတာ။ အဲဒီ ကောင်းကင်ကိုးပါးက ပါရမီရှင်တွေက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ သိချင်နေတာ"

ကျွင်းလုံခန်းလည်း ထွက်ပေါ်လာသည်။

သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ နဂါးနှင့်ဖီးနစ်ကဲ့သို့ ခံ့ညားသော ကိုယ်ဟန်ဖြင့် ရပ်နေ၏။

သူ၏ ထူးခြားသော နှစ်သွယ်မျက်လုံးများအတွင်း၌ နေနှင့်လ အလင်းတန်းများ လှုပ်ခတ်နေသကဲ့ပင်။

ကျွင်းလုံခန်းသည်လည်း မိမိကိုယ်ပိုင် လမ်းစဉ်တစ်ခုကို အောင်မြင်စွာ ဖော်ဆောင်နေသူ ဖြစ်သည်။

ထို့အပြင် ကျွင်းမူလန်၊ ကျွင်းရွယ်ဟွမ်၊ ကျွင်းကျန်းကျန့်နှင့် အခြားသော ကျွင်းမိသားစု၏ စီကွမ် ပါရမီရှင်များလည်း ထွက်ပေါ်လာကြသည်။

သို့သော်လည်း သူတို့၏ ကျွင်းရှောင်ယောက်အပေါ် ထားရှိသော သဘောထားမှာ ကျွင်းမော့ရှောင်နှင့် ကျွင်းလုံခန်းတို့ကဲ့သို့ ပေါ့ပေါ့ပါးပါး မရှိတော့ပါ။

မိမိတို့၏ ဘိုးဘေးတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ အနည်းငယ် ရိုသေကြောက်ရွံ့မှုများ ပါဝင်နေသည်။

သူတို့ကိုယ်တိုင်က ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသော်လည်း ကျွင်းရှောင်ယောက်၊ ကျွင်းမော့ရှောင်နှင့် ကျွင်းလုံခန်းဟူသော ကျွင်းမိသားစု၏ ထိပ်သီးသုံးဦးနှင့်မူ အလှမ်းကွာဝေးနေသေးသည်။

"အာ... ဒါက အစ်ကိုလုံခန်းအတွက် အခွင့်အရေး မရှိတော့မှာ စိုးမိပါတယ်"

ကျွင်းရှောင်ယောက်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

"ဘယ်လိုကြောင့်လဲ..."

ကျွင်းလုံခန်းက သံသယဖြစ်ဟန်ဖြင့် ကြည့်လိုက်၏။

"ကျုပ်က ကောင်းကင်ကိုးပါးရဲ့ နဂါးနဲ့ဖီးနစ်စာရင်းဝင် ပါရမီရှင်အားလုံးကို ချေမှုန်းပစ်ခဲ့ပြီလေ"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒါက..."

ကျွင်းမော့ရှောင်နှင့် ကျွင်းလုံခန်းတို့ကဲ့သို့ ပုဂ္ဂိုလ်များပင်လျှင် ယခုအချိန်၌ အလွန်အမင်း အံ့အားသင့်သွားကြရသည်။

ကောင်းကင်ကိုးပါးဆိုသည်မှာ မည်သည့်နေရာနည်း။

ထိုနေရာမှာ ဝိညာဉ်စွမ်းအားများ ကောင်းမွန်ပြီး ထူးခြားသော ကျင့်ကြံမှုပတ်ဝန်းကျင်ရှိသည်။

ထိုနေရာမှ ပါရမီရှင်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အင်မော်တယ်နယ်မြေမှ သူများထက် တစ်ဆင့်ပိုမြင့်သည်ဟု ဆိုကြသည် မဟုတ်ပါလား။

ထိုသူအားလုံးကို ကျွင်းရှောင်ယောက်က တစ်ဦးတည်း ချေမှုန်းပစ်ခဲ့သလား။

"ရှောင်ယောက်... ကောင်းကင်ကိုးပါးမှာ မင်း ဘာတွေ ဖြစ်ခဲ့တာလဲ"

ကျွင်းမော့ရှောင်မှာ အံ့သြမဆုံး ဖြစ်နေရသည်။

"ဒီသတင်းက မကြာခင် ပျံ့နှံ့လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

ကျွင်းရှောင်ယောက်က သာမန်ကာလျှံကာပင် ပြောလိုက်သည်။

သူ ကောင်းကင်ကိုးပါး၌ လုပ်ဆောင်ခဲ့သော ကိစ္စရပ်များမှာ မကြာမီ အင်မော်တယ်နယ်မြေကြီးသို့ ပျံ့နှံ့လာတော့မည်မှာ အသေအချာပင်။

နောက်ဆုံးတွင်၊ သူ ဖန်တီးခဲ့သော ဂယက်မှာ ကြီးမားလွန်းလှသဖြင့် ကောင်းကင်ကိုးပါး တားမြစ်နယ်မြေများအနေဖြင့် ဖုံးကွယ်ထားရန် ကြိုးစားလျှင်ပင် မရနိုင်တော့ပါ။

"ရှောင်ယောက်... မင်းရဲ့ အခု ခွန်အားက ငါတို့နဲ့ တန်းတူအဆင့်ကို ရောက်နေပြီပဲ"

ကျယ်လောင်သော ရယ်သံတစ်ခု ထွက်ပေါ်လာပြီး ကျွင်းမိသားစု၏ ဘိုးဘေးများ ထွက်ပေါ်လာကြသည်။

ဘိုးဘေးဆယ့်ရှစ်နှင့် အခြားသူများမှာ ကျွင်းရှောင်ယောက်ကို ကြည့်ရင်း သက်ပြင်းချမိကြ၏။

သူတို့၏ ကျင့်ကြံမှုအဆင့်မှာ လွန်ခဲ့သော နှစ်များအတွင်း တိုးတက်လာခဲ့သော်လည်း ကျွင်းရှောင်ယောက်၏ တိုးတက်မှုနှုန်းနှင့် ယှဉ်ပါက ဘာမျှမဟုတ်တော့ဘဲ လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်တော့ချေ။

"ရှောင်ယောက်က ဘိုးဘေးတို့ကို ဂါရဝပြုပါတယ်"

ကျွင်းရှောင်ယောက်က အနည်းငယ် ဦးညွှတ်လိုက်သည်။

ယခုအခါ ကျွင်းမိသားစုအတွင်း သူ၏ အဆင့်အတန်းမှာ ဤဘိုးဘေးများထက်ပင် မြင့်မားနေနိုင်သော်လည်း...

သူသည် အစပိုင်း၌ မိမိအား ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ အခြေချပေးခဲ့သော ဤဘိုးဘေးများကို ဘယ်သောအခါမျှ မေ့လျော့မည် မဟုတ်ပေ။

"ဒါနဲ့... ဒီကတစ်ယောက်က..."

ဘိုးဘေးဆယ့်ရှစ်ဘိုးဘေးနှင့် အခြားသူများမှာ ကျွင်းရှောင်ယောက်၏ နောက်ကွယ်မှ အဘိုးအိုကို ကြည့်လိုက်ကြသည်။

"ဒါက အကြီးအကဲ ဗောဓိကျစ်ပါ။ သူက ထူးခြားတဲ့ မူလဇာစ်မြစ်ရှိပြီး ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦးပဲလေ"

ကျွင်းရှောင်ယောက်က မိတ်ဆက်ပေးလိုက်သည်။

"မဟုတ်ပါဘူး... ဒီအဘိုးကြီးက အခုတော့ သခင်လေးကျွင်းရဲ့ ဘေးနားက လူတစ်ယောက်ပါပဲ"

ဗောဓိကျစ်က နှိမ့်ချစွာ ဆိုသည်။

အကြောင်းမှာ၊ သူက ကျွင်းမိသားစု၏ အနက်ရှိုင်းဆုံးနေရာမှ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများကို ခံစားနေရသောကြောင့်ပင်။

ထို့ပြင် ဤသည်မှာ ကျွင်းမိသားစု၏ အင်အားအကုန် မဟုတ်သေးသည်မှာ သေချာသည်။

ထို့ကြောင့် ဗောဓိကျစ်အနေဖြင့် ဧကရာဇ်တစ်ပိုင်းဟူသော ဂုဏ်ပုဒ်ကို ထုတ်မသုံးဝံ့ချေ။

ကျွင်းမော့ရှောင်နှင့် ကျွင်းလုံခန်းတို့မှာလည်း အံ့သြပြီးရင်း အံ့သြကြရသည်။

ကျွင်းရှောင်ယောက်က ယခုအခါ ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များကိုပင် အလိုရှိသလို စည်းရုံးနိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီလား။

"ဒါနဲ့... အားလုံးပဲ၊ ကျွန်တော် ဒီတစ်ခါ ကောင်းကင်ကိုးပါးကို သွားတဲ့အခါ ရိတ်သိမ်းမှု အနည်းငယ် ရခဲ့ပါတယ်"

ကျွင်းရှောင်ယောက်က ပြောဆိုရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ကျွင်းမိသားစု၏ ကောင်းကင်ယံထက်၌ ကြီးမားလှသော အင်မော်တယ်သွေးကြော တစ်ခု ထွက်ပေါ်လာ၏။

အင်မော်တယ်စွမ်းအင်များက လှိုင်းထန်နေပြီး အင်မော်တယ်ပန်းများ နေရာအနှံ့ ပွင့်လန်းနေကာ မိုင်ပေါင်းထောင်ချီ ရှည်လျားသော နဂါးကြီးတစ်ကောင်ကဲ့သို့ပင်။

ရှိနေသူအားလုံးမှာ ထိုအရာကို မြင်လိုက်သည်နှင့် မကြုံစဖူးသော လိုအင်ဆန္ဒများ ဖြစ်ပေါ်လာခဲ့ကြရသည်။

"ဒီ အထူးအဆင့် အင်မော်တယ်သွေးကြောကို ကျွင်းမိသားစုမှာပဲ ထားခဲ့ပါမယ်။ အားလုံး ကျင့်ကြံဖို့အတွက်ပေါ့"

ကျွင်းရှောင်ယောက်က ပြောသည်။

"ဒါက... အင်မော်တယ်ဓာတ်စွမ်းအင်တွေ မဟုတ်လား"

ကျွင်းမိသားစု ဘိုးဘေးများမှာ အလွန်အံ့သြသွားကြရသည်။

သူတို့၏ အကြားအမြင် ဗဟုသုတဖြင့် ထိုအရာအတွင်း၌ ပါဝင်သော အင်မော်တယ်ဓာတ်စွမ်းအင်များကို တစ်ချက်ကြည့်ရုံဖြင့် သိကြပေသည်။

"ဘာ... အင်မော်တယ် ဓာတ်စွမ်းအင်တွေလား။ ဒါက အင်မော်တယ်ဖြစ်ခြင်းနဲ့ ပတ်သက်နေတာ မဟုတ်ဘူးလား"

ကျွင်းမိသားစု၏ စီကွမ်ပါရမီရှင်များမှာလည်း မှင်တက်သွားကြသည်။

သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းက လှုပ်ရှားလာသကဲ့သို့ ခံစားလိုက်ရ၏။

ကျွင်းရှောင်ယောက်က ဤမျှ ရှားပါးလှသော အဖိုးတန်ပစ္စည်းများကို ယူဆောင်လာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

All Chapters