← Chapters

အခန်း ၁၄၉၇

Vol. 103 Ch. 1497

အခန်း ၁၄၉၇

Vol. 103 Ch. 1497

အခန်း ( ၁၄၉၇ ) ကျွင်းဧကရာဇ်ခုံရုံးသို့။

ကျွင်းမိသားစုတွင် ကိစ္စရပ်များကို စီစဉ်ပြီးနောက် ကျွင်းရှောင်ယောက်က ကျွင်းဧကရာဇ်ခုံရုံးသို့ သွားရန် ပြင်ဆင်ရသည်။

နောက်ဆုံးတွင်၊ သူကိုယ်တိုင် တည်ထောင်ထားသော အင်အားစုကိုလည်း သူ ဂရုစိုက်ရဦးမည် မဟုတ်ပါလား။

ကျွင်းရှောင်ယောက်က ဗောဓိကျစ်ကို ခေါ်ဆောင်ကာ ကျွင်းမိသားစုအတွင်းရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်အတွင်းသို့ ဝင်ရောက်လိုက်သည်။

ဤအစီရင်ကို အသုံးပြုရန် အင်မော်တယ်ကျောက် အမြောက်အမြား ကုန်ကျသော်လည်း ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေနှင့် ရွှမ်ထျန်းအင်မော်တယ်နယ်မြေတို့အကြား အပြန်အပြန်အလှန်လှန် ကူးသန်းရန် အလွန်ပင် အဆင်ပြေသည်။

၎င်းကို ကျွင်းဧကရာဇ်ခုံရုံးနှင့် ကျွင်းမိသားစုတို့ ပူးပေါင်းတည်ဆောက်ထားခြင်း ဖြစ်ပေသည်။

ကျန်းလော့လီမှာမူ ကျန်းရို့နှင့်အတူ ကျန်ရစ်ခဲ့ပြီး စေ့စပ်ပွဲအခမ်းအနား စတင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

မကြာလိုက်ပါ...

ကျွင်းရှောင်ယောက်နှင့် ဗောဓိကျစ်တို့က ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီး ယန်ပြည်နယ်သို့ ရောက်ရှိလာကြသည်။

ဤနေရာမှာ မူလက နေနတ်ဘုရားတောင်၏ နယ်မြေဖြစ်သော်လည်း ယခုအခါ ကျွင်းဧကရာဇ်ခုံရုံးက သိမ်းပိုက်ရယူထားပြီးပြီ။

မြောက်များစွာ‌သော နန်းတော်များ၊ ကျယ်ပြောသော တောင်တန်းများနှင့် အစွမ်းထက်လှသော အရှိန်အဝါများ ကိန်းအောင်းနေသည်ကို မြင်လိုက်ရသောအခါ ဧကရာဇ်တစ်ပိုင်းဖြစ်သူ ဗောဓိကျစ်ပင်လျှင် အံ့အားသင့်သွားရသည်။

ဒါက ကျွင်းမိသားစု၏ အင်အားမဟုတ်ပေ။

ကျွင်းရှောင်ယောက်ဟူသော မျိုးဆက်သစ် လူငယ်တစ်ဦးတည်းက ကိုယ်တိုင်တည်ဆောက်ထားသော အင်မော်တယ် အင်အားစုတစ်ခုပင်။

ယခုအခါ ဗောဓိကျစ်က ကျွင်းရှောင်ယောက်ကို အလွန်အမင်း အထင်ကြီး လေးစားသွားခဲ့ပြီ။

သူ၏နောက်သို့ လိုက်ပါရန် ဆုံးဖြတ်ချက်မှာလည်း ပိုမိုခိုင်မာလာခဲ့ပြီ ဖြစ်သည်။

"အရှင်"

"ခေါင်းဆောင်"

ကျွင်းရှောင်ယောက်က ပေါ်လာသည်နှင့် ချက်ချင်းပင် ခံစားလိုက်မိသည်။

ကျွင်းဧကရာဇ်ခုံရုံး၏ ဌာနခြောက်ခုမှ အဆင့်မြင့်အရာရှိများ ထွက်ပေါ်လာကြ၏။

ဝူဟူ၊ ရှပင်းယွင်၊ လုဖူးကွေ့၊ မော့ယန်းယုနှင့် အခြားသူများအားလုံး ရောက်ရှိလာကြသည်။

ကျွင်းရှောင်ယောက်၏ နောက်လိုက်များဖြစ်သော ရီယု၊ ယွိချန်ကျွမ့်တို့မှာလည်း ကျွင်းမိသားစု၌ မနေဘဲ ကျွင်းဧကရာဇ်ခုံရုံး၌သာ အမြဲရှိနေခဲ့ကြပေသည်။

"ကောင်းတယ်... ငါမရှိတဲ့ အချိန်မှာတောင် ဧကရာဇ်ခုံရုံးကို စနစ်တကျ စီမံခန့်ခွဲထားနိုင်ကြတာပဲ"

ကျွင်းရှောင်ယောက်က ကျေနပ်စွာ ပြုံးလိုက်သည်။

ယခုအချိန်တွင်၊ ကျွင်းဧကရာဇ်ခုံရုံးမှာ မီးပြင်းထိုးထားသော ဆီပူအိုးကဲ့သို့ အလွန်ပင် အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ကို သူ ခံစားမိသည်။

ကျွင်းဧကရာဇ်ခုံရုံးကို အချိန်အနည်းငယ် ထပ်ပေးမည်ဆိုပါက အင်မော်တယ်နယ်မြေကြီး၏ အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်လာရန်မှာ မခဲယဉ်းပေ။

နှမြောစရာကောင်းသည်မှာ၊ အင်မော်တယ်တံခါး ဆင်းသက်တော့မည်ဖြစ်ပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော ကပ်ဘေးလှိုင်းကလည်း မကြာမီ စတင်‌လာတော့မည် ဖြစ်သည်။

ကျွင်းဧကရာဇ်ခုံရုံးအတွက် ကြီးထွားရန် အချိန်မှာ အလွန်တိုတောင်းလွန်းလှပေသည်။

ကျွင်းရှောင်ယောက်၏ အမြင်အရ နှစ်ပေါင်းတစ်သောင်းမလို...

နှစ်ပေါင်းထောင်ချီမျှ အချိန်ရမည်ဆိုလျှင်ပင် ကျွင်းဧကရာဇ်ခုံရုံးက ယုံကြည်ချက်ရှိရှိဖြင့် ကပ်ဘေးကြီးကို ရင်ဆိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။

သို့သော်လည်း ယခုလက်ရှိ ကျွင်းဧကရာဇ်ခုံရုံးမှာ မွေးကင်းစ ကျားတစ်ကောင်နှင့်သာ တူသေးသည်။

အနာဂတ်တွင် အားကြီးသော သားရဲကြီးဖြစ်လာမည်မှာ သေချာသော်လည်း ယခုအချိန်၌ ကပ်ဘေးကြီးကို ရင်ဆိုင်ရန် ခွန်အားမလုံလောက်သေးပါ။

ကျွင်းမိသားစုအတွက် အထောက်အကူပြု အဖွဲ့အစည်းအဖြစ်သာ ဆောင်ရွက်နိုင်ပေလိမ့်မည်။

"သခင်... သခင်ရဲ့ ခွန်အားက..."

ရီယုနှင့် အခြားနောက်လိုက်များက ကျွင်းရှောင်ယောက်၏ နက်နဲလှသော အရှိန်အဝါကို ခံစားမိသောအခါ ရိုသေလေးစားသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

"ကောင်းကင်ကိုးပါးမှာ လှည့်လည်ရင်း တိုးတက်မှု အနည်းငယ် ရခဲ့ရုံပါ"

ကျွင်းရှောင်ယောက်က ပြုံးလျက်ပင် ဆက်ပြောလိုက်သည်။

"မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ငါ တကယ်ကျေနပ်မိတယ်၊ ဒါပေမဲ့ အချိန်က ငါတို့ကို စောင့်နေမှာ မဟုတ်ဘူးလေ။ အင်မော်တယ်တံခါးက မကြာခင် ဆင်းသက်လာတော့မယ်...၊ သမိုင်းမှာ အဆိုးဆုံး ကပ်ဘေးကြီးကလည်း လာတော့မှာ...၊ ငါတို့မှာ အချိန်အများကြီး မရှိဘူး"

"အင်မော်တယ်တံခါးနဲ့ ကပ်ဘေးကြီးလား"

ရောက်ရှိနေသူအချို့မှာ သံသယများဖြင့် ပြည့်နှက်သွားကြသည်။

ခေတ်အဆက်ဆက် ကပ်ဘေးကြီးများ ရှိခဲ့သည်ဟု ကြားဖူးကြသော်လည်း...

အမှန်တကယ် ဘာတွေဖြစ်နေသည်ကိုမူ သူတို့ အတိအကျ မသိကြချေ။

ကျွင်းရှောင်ယောက်က အခြေအနေ အကျဉ်းချုပ်ကို ရှင်းပြလိုက်သည်။

"ဘာ... အင်မော်တယ်တံခါးကို ဖွင့်ဖို့အတွက် အင်မော်တယ်နယ်မြေက သက်ရှိတွေကို ယဇ်ပူဇော်ရမယ် ဟုတ်လား"

"ကောင်းကင်ကိုးပါး တားမြစ်နယ်မြေတွေရဲ့ မျက်လုံးထဲမှာ ကျုပ်တို့ အင်မော်တယ်နယ်မြေကြီးရဲ့ သက်ရှိအားလုံးက ယဇ်ပူဇော်ခံ တိရစ္ဆာန်တွေလိုပဲလား"

အမှန်တရားကို သိလိုက်ရသောအခါ ကျွင်းဧကရာဇ်ခုံရုံးမှ လူအားလုံး၏ မျက်နှာမှာ အေးစက်သွားတော့သည်။

မည်သို့ပင်ဆိုစေ၊ သူတို့က အင်မော်တယ်နယ်မြေကြီး၌ မွေးဖွားကြီးပြင်းလာသူများ ဖြစ်ကြသည်။

အင်မော်တယ်နယ်မြေကြီးမှာ သူတို့၏ အမိမြေပင် မဟုတ်ပါလော။

"ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပိုင်ရှင်တွေက ဘာလို့ ကပ်ဘေးလှိုင်းကို တားဆီးဖို့ ကြိုးစားခဲ့ကြလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ အဲဒီ တားမြစ်နယ်မြေရဲ့ လူတွေက တကယ်ကို လူသားဆန်တဲ့ စိတ်ဓာတ် မရှိကြတာပဲ"

ဝူဟူ၏ အသံမှာ အေးစက်နေသည်။

သူ၏ မျက်ဝန်းများမှာ ရွှေရောင်မီးအိမ်များကဲ့သို့ တောက်ပနေပြီး ရွှေရောင်မီးလျှံများ တောက်လောင်နေ၏။

သူ၏ သွေးသားထဲမှ ဒေါသများကို သူ ခံစားနေရသည်။

၎င်းက မြင့်မြတ်ခန္ဓာ မျိုးရိုး၏ ကံကြမ္မာပင် ဖြစ်လိမ့်မည်။

လွန်ခဲ့သော အချိန်များစွာက သူတို့၏ 'ရှေးဟောင်းကျောင်းတော်'မှ မဟာ ပြီးပြည့်စုံခြင်း မြင့်မြတ်ခန္ဓာ ပိုင်ရှင်များမှာ ကောင်းကင်ကိုးပါးသို့ တက်လှမ်းကာ ကပ်ဘေးလှိုင်းများကို ငြိမ်းအေးစေခဲ့ကြသည်။

သို့သော်လည်း နောက်ပိုင်းတွင် ကောင်းကင်ဘုံ၏ ချုပ်နှောင်မှုနှင့် မြင့်မြတ်ခန္ဓာအပေါ် ကျိန်စာများကြောင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်များ ထွက်ပေါ်လာရန် ခဲယဉ်းသွားခဲ့သည်။

နောက်ဆုံးတွင် ကပ်ဘေးလှိုင်းများကို မတားဆီးနိုင်တော့ပေ။

"စိတ်မပူပါနဲ့၊ မြင့်မြတ်ခန္ဓာမျိုးရိုးရဲ့ သွေးကြွေးကို ပြန်ဆပ်ရမယ့် အချိန် ရောက်လာလိမ့်မယ်။ အခုတော့ ကျုပ်က အတိုးလေး နည်းနည်း ပြန်ယူလာခဲ့တယ်"

ကျွင်းရှောင်ယောက်က သက်ရှည်ကျွန်း၏ ကိစ္စကို ရှင်းပြလိုက်သည်။

ရှေးဟောင်းကျောင်းတော်၏ နောက်ဆုံး မြင့်မြတ်ခန္ဓာပိုင်ရှင်အနေဖြင့် ဝူဟူက မြင့်မြတ်ခန္ဓာကျိန်စာ၏ နောက်ကွယ်မှ ပူးပေါင်းကြံစည်သူမှာ မည်သူဖြစ်ကြောင်း သိပိုင်ခွင့်ရှိပေသည်။

"ဒီလိုပဲ... သက်ရှည်ကျွန်းပေါ့"

ဝူဟူ၏ ဒေါသမှာ ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲသွားရသည်။

ကျွင်းရှောင်ယောက်က သက်ရှည်ကျွန်းမှ ပါရမီရှင်ကို သတ်ဖြတ်ခဲ့သည်ဆိုသော်လည်း...

၎င်းမှာ နှစ်ပေါင်းများစွာ မြင့်မြတ်ခန္ဓာမျိုးရိုး ခံစားခဲ့ရသော သွေးနှင့်မျက်ရည်များအတွက် လုံလောက်မှု မရှိသေးပေ။

"စိတ်ချပါ၊ ခင်ဗျား လက်စားချေဖို့ အခွင့်အရေး ရလာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီခေတ်မှာ ကျုပ်တို့ နှစ်ယောက် ရှိနေတာပဲ မဟုတ်လား"

ကျွင်းရှောင်ယောက်၏ လေသံမှာ ပြတ်သားလှသည်။

ယခင်က ကျွင်းရှောင်ယောက်သည် ဝူဟူအား တမင်တကာ ကျင့်ကြံခွင့်ပြုခဲ့ခြင်းမှာလည်း ထိုအချိန်ရောက်လျှင် အစွမ်းပြနိုင်ရန်အတွက်ပင်။

ယခုမူ မြင့်မြတ်ခန္ဓာမျိုးရိုး၏ သွေးကြွေးကို သူတို့နှစ်ဦးက ဆပ်ကြရတော့မည် ဖြစ်သည်။

"ကောင်းပြီ... အားလုံးပဲ၊ ကျုပ် ဒါတွေကို ပြောပြနေရတာက ကျုပ်တို့ ကျွင်းဧကရာဇ်ခုံရုံးကို အလျင်အမြန် ကြီးထွားလာစေချင်လို့"

"ကပ်ဘေးလှိုင်းကို ခုခံနိုင်လောက်တဲ့အထိ မဟုတ်ရင်တောင် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိရမယ်"

"ဒါတွေကတော့ ကျုပ် ကောင်းကင်ကိုးပါးမှာ ရခဲ့တဲ့ အရာတွေပဲ"

ကျွင်းရှောင်ယောက်က လက်ကို ဝှေ့ယမ်းလိုက်သည်။

အင်မော်တယ်သွေးကြော ရာနှင့်ချီ၍ ကောင်းကင်ယံတွင် ပေါ်လာ၏။

၎င်းတို့မှာ တောက်ပလွန်းလှသဖြင့် ကျွင်းဧကရာဇ်ခုံရုံး တစ်ခုလုံးမှာ နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ ဖြစ်သွားရတော့သည်။

ထိုအရှိန်အဝါများကြောင့် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များပင်လျှင် မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ရှင်သန်ကြီးထွားလာကြသည်။

တောင်စောင်းများရှိ ဆေးပင်များမှာလည်း ချက်ချင်းပင် ရင့်မှည့်လာကြတော့သည်။

"ဒါ... ဒါက..."

ကျွင်းဧကရာဇ်ခုံရုံး အရာရှိများမှာ အသက်ရှူပင် မှားသွားကြရသည်။

"ဒါက ကျုပ်တို့ ဘိုးဘေးတွေ အမြဲတမ်း ရှာဖွေနေခဲ့ရတဲ့ ပျောက်ဆုံးနေတဲ့ အရာတွေ မဟုတ်လား"

ဝဝတုတ်တုတ် လုဖူးကွေ့က ဘောလုံးတစ်လုံးကဲ့သို့ သုံးပေခန့် မြင့်အောင် ခုန်တက်ရင်း အော်ဟစ်လိုက်၏။

သူတို့ လုမိသားစုက ဤအကြောင်းကို လေ့လာခဲ့ဖူးသည်။

အင်မော်တယ် ဖြစ်လာရန် ခက်ခဲခြင်းမှာ အရေးကြီးသော အရာအချို့ လိုအပ်နေသောကြောင့်ဖြစ်မှန်း သူတို့ သိထားကြပေသည်။

"မှန်တယ်... ဒါက အင်မော်တယ်ဓာတ်စွမ်းအင်တွေပဲ။ အင်မော်တယ်တံခါး ပွင့်မှသာ ထွက်ပေါ်လာတတ်တဲ့ အရာတွေပေါ့"

"ဒါက ကောင်းကင်နဲ့မြေပြင်ရဲ့ ဝိညာဉ်စွမ်းအားထက် ပိုမိုမြင့်မားတဲ့ စွမ်းအင်တွေပဲ။ ဒီအင်မော်တယ်သွေးကြောတွေထဲက အင်မော်တယ်ဓာတ်စွမ်းအင်တွေကို ထုတ်ယူပြီး ကျင့်ကြံကြပါ။ တတ်နိုင်သလောက် ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင် ကြိုးစားကြ"

"ပြီးတော့ ဒီအထူးအဆင့် အင်မော်တယ်သွေးကြောကိုလည်း ကျွင်းဧကရာဇ်ခုံရုံးမှာပဲ အမြစ်တွယ်စေမယ်"

ကျွင်းရှောင်ယောက်က မိုင်တစ်သောင်း ရှည်လျားသော ဧရာမ အင်မော်တယ်သွေးကြောကြီး တစ်ခုကို ထုတ်ဖော်လိုက်ပြန်သည်။

၎င်းက အထူးအဆင့် အင်မော်တယ်သွေးကြော ဖြစ်၏။

ကျွင်းရှောင်ယောက်က အထူးအဆင့် အင်မော်တယ်သွေးကြော စုစုပေါင်း ခြောက်ခု ရရှိခဲ့ခြင်း ဖြစ်သည်။

တစ်ခုကို ရဲ့ကူချန်အား ပေးခဲ့ပြီး တစ်ခုကို သူကိုယ်တိုင် ကျင့်ကြံရာတွင် သုံးစွဲခဲ့သည်။

တစ်ခုကို ကျွင်းမိသားစုသို့ ပေးခဲ့ပြီး ဤတစ်ခုက ကျွင်းဧကရာဇ်ခုံရုံးအတွက် ဖြစ်၏။

ကျန်ရှိသော နှစ်ခုမှာမူ သူကိုယ်တိုင် အသုံးပြုရန်အတွက် ချန်ထားသည်။

အထူးအဆင့် အင်မော်တယ်သွေးကြော ပေါ်လာသောအခါ ဟင်းလင်းပြင်အတွင်းမှ အစွမ်းထက်လှသော ပုံရိပ်အချို့ ထပ်မံ ထွက်ပေါ်လာကြသည်။

သူတို့က ရှေးဟောင်း အင်မော်တယ်ခုံရုံးမှ ဧကရာဇ်တစ်ပိုင်း စစ်သူကြီး လေးဦးပင်။

တစ်ချိန်တည်းမှာပင် လူသတ်ဘုရင် ကုံးရှန်းသည်လည်း ပေါ်လာခဲ့သည်။

"ဒီအင်မော်တယ်ဓာတ်စွမ်းအင်နဲ့ဆိုရင် ငါ့ရဲ့ ခွန်အားက တစ်ဆင့်ထပ်တိုးမှာ သေချာတယ်"

လူသတ်ဘုရင်၏ မျက်ဝန်းများ၌ လိုလားတောင့်တမှုများ ရှိနေသည်။

ယခုတော့ သူဟာ ကျွင်းရှောင်ယောက်၏နောက်သို့ လိုက်ပါရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း အမှန်တကယ် ခံစားလိုက်ရတော့သည်။

All Chapters