← Chapters

အခန်း ၁၄၉၈

Vol. 103 Ch. 1498

အခန်း ၁၄၉၈

Vol. 103 Ch. 1498

အခန်း ( ၁၄၉၈ ) ဆေးဝိညာဥ်တောင်က စက်မှုလက်မှုဌာနသို့ ဝင်ရောက်ပြီ။

"စိတ်မပူကြပါနဲ့၊ ခင်ဗျားတို့အားလုံး အင်မော်တယ်ဓာတ်စွမ်းအင်တွေရဲ့ အကူအညီနဲ့ ကျင့်ကြံနိုင်မှာပါ"

"ဒါ့အပြင် ဒီပုဂ္ဂိုလ်က အကြီးအကဲ ဗောဓိကျစ်ပဲ။ သူက ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးပါ"

ကျွင်းရှောင်ယောက်က မိတ်ဆက်ပေးလိုက်သည်။

ကျွင်းဧကရာဇ်ခုံရုံးမှ အဆင့်မြင့်အရာရှိများအားလုံးက အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်နှုတ်ဆက်ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့၏ ရင်ထဲမှ သက်ပြင်းချမိကြသည်။

ကျွင်းရှောင်ယောက်က မျှော်လင့်ထားသည့်အတိုင်းပင်။

ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်မျိုးပင်လျှင် သူ့နောက်သို့ လိုလိုလားလား လိုက်ပါရန် ရှိနေကြသည်။

"အကြီးအကဲ ဗောဓိကျစ်နဲ့ သူတို့ရဲ့ ဆေးဝိညာဥ်တောင်က ကျုပ်တို့ ကျွင်းဧကရာဇ်ခုံရုံးကို ပူးပေါင်းပါဝင်မှာ ဖြစ်တယ်"

"ဒါက ကျွင်းဧကရာဇ်ခုံရုံးရဲ့ ဌာနခြောက်ခုအနက် စက်မှုလက်မှုဌာနနဲ့ တိုက်ရိုက် ပေါင်းစည်းသွားမှာပါ။ လုမိသားစုနဲ့ မော့မိသားစုက လက်နက်ကိရိယာတွေ ထုတ်လုပ်ပြီး ဆေးဝိညာဥ်တောင်ကတော့ ဆေးဝါးဖော်စပ်ခြင်းကိုပဲ အထူးပြု လုပ်ဆောင်သွားပါလိမ့်မယ်"

ကျွင်းရှောင်ယောက်က ပြောဆိုရင်း ဗောဓိကျစ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အကြီးအကဲ ဗောဓိကျစ်... ဒီအတောအတွင်း ကျွင်းဧကရာဇ်ခုံရုံးရဲ့ အလုံးစုံ ခွန်အားတွေ တိုးတက်လာဖို့အတွက် အင်မော်တယ်ဓာတ်စွမ်းအင်တွေပါဝင်တဲ့ ဆေးလုံးတွေကို ဖော်စပ်ပေးဖို့ ဆေးဝိညာဥ်တောင်ကို အကူအညီတောင်းပါရစေ"

ဗောဓိကျစ်က လက်ယှက်ပြပြီး ပြောလိုက်၏။

"နန်းတော်ရှင်က ယဉ်ကျေးလွန်းနေပါပြီ၊ ဒီအဘိုးကြီးက အစွမ်းကုန် ကြိုးစားသွားမှာပါ"

ဗောဓိကျစ်၏ ခေါ်ဝေါ်ပုံအရ သူဟာ သူ့ကိုယ်သူ ကျွင်းဧကရာဇ်ခုံရုံး၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အပြည့်အဝ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ထင်ရှားသည်။

ကျွင်းရှောင်ယောက်က ဆေးမျိုးနွယ်စုများအတွက် ဘေးကင်းပြီး စိုးရိမ်စရာမရှိသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခဲ့သဖြင့် သူတို့သည်လည်း ကျွင်းဧကရာဇ်ခုံရုံးအတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်။

"ဒါက အကောင်းဆုံးပါပဲ"

ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။

ဗောဓိကျစ်၏ အဆင့်မှာ ဧကရာဇ်တစ်ပိုင်းသာ ဖြစ်သော်လည်း...

သူ၏ ဆေးဝါးဖော်စပ်မှု အတတ်ပညာမှာမူ အချို့သော ဆေးဧကရာဇ်များထက်ပင် မနိမ့်ပါးပေ။

ဗောဓိကျစ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသာ ဆေးဝါးများ ဖော်စပ်ပေးမည်ဆိုပါက ကျွင်းဧကရာဇ်ခုံရုံး၏ အလုံးစုံ ခွန်အားမှာ အဆပေါင်းများစွာ မြင့်တက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ယခုအချိန်မှာတော့ စီစဉ်စရာရှိသည်များကို ကျွင်းရှောင်ယောက်က အကုန်နီးပါး စီစဉ်ပြီးသွားပြီ ဖြစ်သည်။

ကပ်ဘေးလှိုင်း၏ အမှန်တရားကို သိရှိသွားကြသောကြောင့်လား မသိ...

ကျွင်းဧကရာဇ်ခုံရုံးမှ အရာရှိအားလုံးမှာ တိတ်ဆိတ်နေကြသည်။

လေထုမှာလည်း အနည်းငယ် လေးလံကာ ဖိအားများ ရှိနေသကဲ့သို့ပင်။

ဒါကိုမြင်သောအခါ ကျွင်းရှောင်ယောက်က ခပ်ပြုံးပြုံးပင် ဆိုလိုက်သည်။

"ကပ်ဘေးလှိုင်းက လာတော့မှာ မှန်ပေမဲ့ သိပ်လည်း စိတ်မပူကြပါနဲ့။ ကျုပ် ဒီမှာ ရှိနေသရွေ့ ကျွင်းဧကရာဇ်ခုံရုံးက ပြိုလဲသွားမှာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်၏ စကားသံမှာ အေးဆေးသော်လည်း လူတို့ကို ဖော်ပြ၍မရသော တည်ငြိမ်မှုနှင့် ခွန်အားများကို ပေးစွမ်းနေသကဲ့သို့ပင်။

ကျွင်းရှောင်ယောက် ရှိနေသရွေ့ ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် ဘာမျှမဖြစ်နိုင်သကဲ့သို့ လူတိုင်း ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက်က အမှန်တကယ်ပင် ဧကရာဇ်ခုံရုံး အရှင်သခင်၏ အရှိန်အဝါမှုမျိုး ရှိပေသည်။

"ဒါ့အပြင် ခင်ဗျားတို့ကို ပြောပြစရာ တစ်ခု ရှိသေးတယ်။ ဒါကတော့ ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာပါ"

"ကျုပ်က စေ့စပ်ပွဲ အခမ်းအနား ကျင်းပတော့မယ်၊ အဲဒီအချိန်ကျရင် အားလုံး လာခဲ့ကြဖို့ မျှော်လင့်ပါတယ်"

ကျွင်းရှောင်ယောက်က လေးလံနေသော လေထုကို ပြောင်းလဲရန် ပြုံးလျက် ဆိုလိုက်သည်။

"နန်းတော်ရှင်ရဲ့ စေ့စပ်ပွဲလား...၊ ဒါက တကယ်ကို ဝမ်းသာစရာ သတင်းကြီးပဲ"

နေရာတွင် အော်ဟစ်သံ၊ လက်ခုပ်တီးသံများ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း တစ်ဖက်တွင်၊ အသည်းကွဲသံများ တိတ်တဆိတ် ထွက်ပေါ်ခဲ့၏။

နဂါးမင်းသမီး လုံကျိ၊ ယွိချန်ကျွမ့်၊ ရှမိသားစု ညီအစ်မ၊ ရန်ချင်းယင်၊ ရွယ်ယွဲ့၊ စူးဟုန်ယီ၊ မော့ယန်းယု...

ကျွင်းရှောင်ယောက်နှင့် ပတ်သက်မှုရှိခဲ့သော အမျိုးသမီးများစွာမှာ ယခုအချိန်တွင် စိတ်ထဲရှုပ်ထွေးနေကြသည်။

သူတို့အားလုံးက ကျွင်းရှောင်ယောက်ကို ရူးရူးမူးမူး ချစ်နေကြသည်တော့ မဟုတ်ပေ။

သို့သော်လည်း ဖော်ပြရခက်သော ခံစားချက်မျိုးတော့ ရှိနေကြသည်မှာ အမှန်ပင် ဖြစ်သည်။

ဥပမာအားဖြင့် နဂါးမင်းသမီး လုံကျိမှာ အစပိုင်းက ကျွင်းရှောင်ယောက်နှင့် ရန်သူဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အနိုင်ယူခံရကာ အစေခံတစ်ဦး ဖြစ်လာခဲ့သည်။

ယခုအချိန်အထိ သူဟာ ကျွင်းရှောင်ယောက်နောက်သို့ စိတ်ရင်းဖြင့် လိုက်ပါခဲ့ပေသည်။

ဤခံစားချက်မျိုးမှာ အချစ်ဟု သတ်မှတ်ရန် ခက်ခဲလှပေသည်။

ရွယ်ယွဲ့ကို ကြည့်မည်ဆိုပါကလည်း သူသည် အစပိုင်းက ကျွင်းရှောင်ယောက်ထံ၌ သူမ၏ အစ်ကိုဖြစ်သူ၏ အရိပ်အယောင်ကို မြင်ခဲ့ရသဖြင့် ထူးခြားသော ခံစားချက် ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းတွင် သူ့အား နာကျင်မှု အနက်ရှိုင်းဆုံးတွင်းမှ ဆွဲထုတ်ပေးခဲ့သူမှာ ကျွင်းရှောင်ယောက်ဖြစ်ကြောင်း သူ သိရှိသွားခဲ့သည်။

ထို့ကြောင့် သူမ၏ ခံစားချက်မှာ သာမန် ယောက်ျားနှင့် မိန်းမ အချစ်များထက် ပိုမိုနက်ရှိုင်းလှပေသည်။

စူးဟုန်ယီမှာလည်း ကျွင်းရှောင်ယောက်နှင့် မတွေ့ခဲ့ပါက အနိုင်ကျင့်ခံနေရသော တောင်းရမ်းစားသောက်သူလေးအဖြစ်သာ ရှိနေဦးမည် ဖြစ်သည်။

သူ့အတွက် ကျွင်းရှောင်ယောက်မှာ 'ကယ်တင်ရှင်' ဖြစ်၏။

ယွိချန်ကျွမ့်မှာမူ အစပိုင်းက ကျွင်းရှောင်ယောက်ကို ကျေးဇူးတင်ခဲ့သည်။

သူ့အား ရွှေကျီးကန်း ဒသမမင်းသား၏လက်မှ ကယ်တင်ပေးခဲ့ခြင်းနှင့် နေနတ်ဘုရားတောင်ကို ဖျက်ဆီးရာတွင် ကူညီပေးခဲ့ခြင်းတို့ကြောင့် ဖြစ်၏။

ထိုကျေးဇူးတရားမှာ အချိန်ကြာလာသည်နှင့်အမျှ လေးစားအားကျမှုအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။

မည်သို့သော ခံစားချက်မျိုးပင် ဖြစ်စေကာမူ၊ နောက်ဆုံး၌ ကျွင်းရှောင်ယောက်သည် ထိုအမျိုးသမီးများ၏ ရင်ထဲဝယ် မည်သူနှင့်မျှ အစားထိုး၍ မရနိုင်သော နေရာတစ်ခုကို ရရှိထားပြီး ဖြစ်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က စေ့စပ်ပွဲ ကျင်းပမည်ဟု ကြားသိရသောအခါ သူတို့၏ ရင်ထဲ၌ ဖော်ပြ၍မရသော ဟာတာတာနှင့် စိတ်ပျက်မှုလေးများ ဖြစ်ပေါ်လာခဲ့ရခြင်းပင်။

သူတို့၏ရင်ထဲမှ တန်ဖိုးထားရသော အရာတစ်ခုကို အလုခံလိုက်ရသကဲ့သို့ ဖြစ်သည်။

ကျွင်းရှောင်ယောက်က သူတို့ကို ပြန်လည် ချစ်မြတ်နိုးသည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ...

သူတို့၏ ဘဝက ကျွင်းရှောင်ယောက်အတွက်ဟုသာ ဆုံးဖြတ်ပြီးသား ဖြစ်နေသည်။

အခြားသော မည်သည့် ယောက်ျားကိုမျှ သူတို့ စိတ်ဝင်စားကြလိမ့်မည် မဟုတ်တော့ပေ။

၎င်းမှာ တစ်သက်လုံးအတွက် မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်နေပါစေ၊ သူတို့ နောင်တရမည် မဟုတ်ပါ။

ကျွင်းရှောင်ယောက်၏ ဘေးနား၌သာ လိုက်ပါခွင့်ရနေမည်ဆိုလျှင် သူတို့ ကျေနပ်နေကြပြီ ဖြစ်သည်။

လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားသဖြင့် ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွားရသည်။

"အယ်... မင်းတို့အားလုံးက... တစ်ပြိုင်တည်း အသည်းကွဲနေကြတာလား"

လုဖူးကွေ့က အမျိုးသမီးများကို ကြည့်ကာ အသည်းနှလုံးကို ထိုးဖောက်သွားစေမည့် မေးခွန်းကို မေးလိုက်သည်။

"ဖက်တီးစုတ်... သွားသေလိုက်"

မိန်းကလေးများ အားလုံးက ရှားရှားပါးပါး ရန်သူတော်ကြီးကို တိုက်ခိုက်သကဲ့သို့ တစ်ညီတစ်ညွတ်တည်း လုဖူးကွေ့ကို ကောင်းကင်ယံသို့ ကန်ထုတ်ပစ်လိုက်ကြတော့သည်။

"အား... ကျုပ်စကားက ဘယ်သူ့ကို ထိခိုက်စေလို့လဲ၊ နန်းတော်ရှင်လည်း ကျုပ်လိုပဲ အဆောင်တွေ ဖွင့်လို့ရတာပဲကို"

"တစ်နှစ်မှာ ရက်ပေါင်း သုံးရာခြောက်ဆယ်ရှိရင် နေ့တိုင်း သတို့သားလုပ်... ညတိုင်း လူပြောင်းပြီး..."

လုဖူးကွေ့၏ အသံက ဝေးကွာသွားကာ မကြားရတော့ချေ။

ဒါကို မြင်သောအခါ ကျွင်းရှောင်ယောက်လည်း ခေါင်းယမ်းပြီး ပြုံးမိလိုက်သည်။

မည်သို့ပင်ဆိုစေ လုဖူးကွေ့၌ ထူးခြားချက်တစ်ခု ရှိနေပြီး တစ်နေ့တွင် လူတိုင်းကို မထင်မှတ်ထားသော အံ့သြမှုများ ပေးနိုင်လိမ့်မည်ဟု သူ ခံစားမိပေသည်။

"နန်းတော်ရှင်ကို ဂုဏ်ပြုပါတယ်၊ အချိန်တန်ရင် ကျွန်တော်တို့ ရောက်လာခဲ့ပါ့မယ်"

ဝူဟူနှင့် အခြားသူများက လက်ယှက်ပြပြီး နှုတ်ဆက်ကြသည်။

"ဂုဏ်ပြုပါတယ် သခင်လေး"

မိန်းကလေးများကလည်း ဆိုကြသည်။

သို့သော်လည်း ထိုအသံများမှာတော့ မကျေလည်မှု အနည်းငယ် ပါဝင်နေသကဲ့သို့ပင်။

"အဟမ်း... အဟမ်း..."

ကျွင်းရှောင်ယောက်က ချောင်းတစ်ချက် ဟန့်လိုက်မိသည်။

သူ့ကိုယ်သူ နှလုံးသားမရှိသော လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။

တကယ်တော့ သူက ထိုကဲ့သို့သော လူမျိုး မဟုတ်ပါပေ။

အနေခက်မှုကို လွှဲဖယ်ရန်အတွက် ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်လေးရော ဘယ်မှာလဲ"

ယခင်က ကျွင်းမိသားစု၏ ပါရမီရှင်များ အပါအဝင် ပါရမီရှင်တစ်စုလုံးမှာ ကောင်းကင်ကိုးပါး အင်မော်တယ် အကယ်ဒမီ၌ ကျင့်ကြံနေခဲ့ကြသည်။

သို့သော်လည်း ယခုအခါ ကပ်ဘေးလှိုင်းကြီး နီးကပ်လာသဖြင့် သူတို့အားလုံးက မိမိတို့၏ အဖွဲ့အစည်းများဆီသို့ ပြန်သွားကြကာ ပြင်ဆင်နေကြပြီ။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးမှာလည်း ကျွင်းဧကရာဇ်ခုံရုံး၌ ရှိနေခဲ့ဖူးသည်။

"သူက သူနဲ့ မျိုးနွယ်တူ အငွေ့အသက်တစ်ခုကို ခံစားမိလို့ဆိုပြီး ပျောက်သွားတယ်လို့ ကြားပါတယ်"

တစ်ဦးက ဖြေသည်။

"နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ် မျိုးနွယ်ရဲ့ မျိုးရိုးတူ ရှိသေးတာလား"

ကျွင်းရှောင်ယောက်က အံ့သြသွားသည်။

နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်များမှာ ပုရွက်ဆိတ်များ ဖြစ်ကြသော်လည်း သူတို့၏ အရေအတွက်က နည်းပါးလွန်းသည်။

ထို့ကြောင့် ဤမျိုးနွယ်မှာ အလွန်ပင် ရှားပါးလှပေသည်။

အကျော်ကြားဆုံးဖြစ်သော နတ်ဆိုးနတ်ဘုရားဧကရာဇ် (နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေး ရှောင်ယီ၏ ဖခင်) မှာလည်း တိုင်းတပါးကို ရင်ဆိုင်ရင်း စစ်မြေပြင်၌ ကျဆုံးခဲ့ရသည်။

"ထားလိုက်ပါ... အခု ပြန်သွားနိုင်ကြပြီ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

နောက်ပိုင်းတွင်၊ ကျွင်းဧကရာဇ်ခုံရုံးမှ အဆင့်မြင့်အရာရှိများက ပြင်ဆင်မှုများ စတင်ကြတော့မည် ဖြစ်သည်။

"အကြီးအကဲ ဝူဟူ"

ကျွင်းရှောင်ယောက်က အခြားသူများကို လွှတ်လိုက်ပြီး ဝူဟူကို တစ်ယောက်တည်း ခေါ်လိုက်သည်။

"နန်းတော်ရှင်"

ဝူဟူက ခေါင်းညိတ်လိုက်သည်။

ကျွင်းရှောင်ယောက်က လက်ကို ဝှေ့ယမ်းလိုက်ရာ အင်မော်တယ်ဓာတ်စွမ်းအင် အမြောက်အများ ထပ်မံ ထွက်ပေါ်လာ၏။

"ဒါက..."

ဝူဟူမှာ မှင်တက်သွားရသည်။

ဤအင်မော်တယ်ဓာတ်စွမ်းအင်များမှာ ကျွင်းရှောင်ယောက်က သူ၏ အတွင်းစကြဝဠာရှိ အင်မော်တယ်စိမ့်စမ်းမှ ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။

ထိုစိမ့်စမ်းမှာ အလွန်ကြွယ်ဝသဖြင့် ဤမျှ ခွဲထုတ်လိုက်ခြင်းက ကျွင်းရှောင်ယောက်အပေါ် ထိခိုက်မှု မရှိပေ။

သို့သော်လည်း ဝူဟူအတွက်မူ ဤသည်မှာ အလွန်ပင် အရေးကြီးလှသည်။

"ဝူဟူ... ဒီအင်မော်တယ်ဓာတ်စွမ်းအင်တွေကို ခင်ဗျား တစ်ယောက်တည်း ကျင့်ကြံဖို့ အသုံးပြုပါ။ နောက်ပြီးတော့ အရင်က ခင်ဗျားကို ပေးခဲ့တဲ့ ပျက်စီးခြင်းဧကရာဇ် ရဲ့ သွေးနဲ့ ခန္ဓာလည်း ရှိသေးတယ် မဟုတ်လား"

"အခုချိန် ခင်ဗျားလုပ်ရမဲ့ တစ်ခုတည်းသော အရာက အဆင့်တက်ပြီးရင်း ထပ်တက်ဖို့ပဲ"

"ပျက်စီးခြင်းတာအိုသခင် အဆင့်မှာတင် ခင်ဗျားက ဧကရာဇ်တစ်ပိုင်းကို လက်နဲ့ ဆွဲဖြဲနိုင်ခဲ့တာ။ ခင်ဗျား ဧကရာဇ်တစ်ပိုင်း ဖြစ်သွားပြီး ပျက်စီးခြင်းဧကရာဇ်ရဲ့ ဓမ္မခန္ဓာကို ထိန်းချုပ်နိုင်ရင် ခင်ဗျားရဲ့ ခွန်အားက မှန်းဆလို့ မရနိုင်လောက်အောင် ဖြစ်လာလိမ့်မယ်"

"မြင့်မြတ်ခန္ဓာမျိုးရိုးရဲ့ အမုန်းရန်ကြွေးကို ကျုပ်တို့ ကိုယ်ပိုင်လက်တွေနဲ့ ပြန်ယူရမယ်"

ကျွင်းရှောင်ယောက်က လေးနက်စွာ ဆိုလိုက်သည်။

ထိုအချိန်ရောက်လျှင် ကျွင်းရှောင်ယောက်၌ နတ်ဘုရားဓမ္မခန္ဓာ ရှိနေမည်ဖြစ်ရာ သူက ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာကို သုံးနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာကို ဝူဟူအား အသုံးပြုခိုင်းရန် စီစဉ်ခြင်း ဖြစ်သည်။

သူက ဝူဟူအား သီးသန့် အခွင့်အရေးပေးလိုက်ခြင်းမှာ...

ဝူဟူ အမြန်ဆုံး အဆင့်တက်ပြီး ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာစွမ်းအားကို နှစ်ဆတိုး အသုံးပြုနိုင်စေရန်အတွက်ပင်။

ပျက်စီးခြင်းဧကရာဇ်က သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံးသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပိုင်ရှင် ဖြစ်သည်။

သူ ချန်ထားခဲ့သော ဓမ္မခန္ဓာ၏ စွမ်းအားမှာ အတိုင်းအဆမရှိပေ။

သို့သော်လည်း ၎င်းကို အသက်သွင်းရန် ပိုမိုအားကောင်းသော မြင့်မြတ်ခန္ဓာ စွမ်းအားများ လိုအပ်သည်။

ထိုအချိန်ကျလျှင် ကျွင်းရှောင်ယောက်နှင့် ဝူဟူ၊ ဓမ္မခန္ဓာ နှစ်ခု... ရှေးဟောင်းမြင့်မြတ်ခန္ဓာ နှစ်ခုတို့ ပေါင်းစည်းကာ ကပ်ဘေးမကြီးကို နှိမ်နင်းကြလိမ့်မည်။

ထိုမြင်ကွင်းက မည်မျှသွေးဆူစရာ ကောင်းလိုက်ပါမည်နည်း။

ဒါကိုမြင်သောအခါ ဝူဟူက ချက်ချင်း ဒူးတစ်ဖက် ထောက်ကာ ပြတ်သားသော ဆုံးဖြတ်ချက်ကို ပြသလိုက်တော့သည်။

"ဝူဟူ.. သခင်လေးရဲ့ ယုံကြည်မှုကို လုံးဝ မပျက်ပျယ်စေရပါဘူး"

All Chapters