အခန်း ၁၅၀၀
Vol. 103 Ch. 1500
အခန်း (၁၅၀၀) ယွမ်ချယ်၏ စိတ်ကူး။
မင်းသမီး ယွမ်ချယ်က တုနှိုင်းမဲ့သော တင့်တယ်မှုနှင့် အလှတရားတို့ဖြင့် ပြည့်စုံလှသည်။
နတ်သမီးလေးကဲ့သို့ မျက်နှာသွင်ပြင်မျိုးဖြင့် သက်ရှိအားလုံးကို မိန်းမောသွားစေနိုင်သည့် အိပ်မက်ဆန်မှုမျိုး ရှိ၏။
သူ၏ ပိုးသားကဲ့သို့ နက်မှောင်သော ဆံနွယ်များမှာ ရေတံခွန်တစ်ခုကဲ့သို့ ခြေကျင်းဝတ်အထိ ဖြောင့်တန်းစွာ ကျဆင်းနေလေသည်။
နတ်သမီးကဲ့သို့ မျက်နှာလေးထက်မှာတော့ နေနှင့်လကဲ့သို့ တောက်ပပြီး လှပသည့် မျက်ဝန်းအစုံ ရှိနေသည်။
ထိုအလှတရားထဲတွင် မြင့်မြတ်ပြီး သန့်စင်သည့် အရှိန်အဝါများလည်း ကိန်းအောင်းလျက်ရှိ၏။
၎င်းမှာ သူမ၏ ဧကရာဇ်သွေးမျိုးဆက်မှ ဆင်းသက်လာခြင်းပင်။
မည်သို့ပင်ဆိုစေ၊ သူက ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ တုန်ဟွဧကရာဇ်၏ သမီးတော်...
နောက်ဆုံးသော မင်းသမီးပင် မဟုတ်လော။
ယွမ်ချယ် ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ရူယင်း၏ မျက်ဝန်း၌ သတိထားဟန် အနည်းငယ် ပေါ်လာသည်။
သူ့ရှေ့မှ မိန်းကလေးက သူ၏ သခင်မနှင့် ရုပ်ချင်းဆင်သည်။
ထို့ပြင် သူ၏ သခင်မ လင်ယွမ်က ယွမ်ချယ်၏ ဝိညာဉ်ကွဲဖြစ်နေလျှင်ပင်...
ရူယင်း၏ စိတ်ထဲ၌ လင်ယွမ်သည်သာ သူမ၏ ထာဝရသခင်မ ဖြစ်သည်။
"ယွမ်ချယ်... နင် ဒီကို ဘာလာလုပ်တာလဲ"
လင်ယွမ်၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားသည်။
သူက ယွမ်ချယ်အပေါ် အနည်းငယ်မျှပင် သံယောဇဉ် မရှိပေ။
သူနှင့် နတ်သမီးယွမ်တို့မှာ အမှန်တကယ်ပင် ယွမ်ချယ်၏ ဝိညာဉ်အစိတ်အပိုင်းများ ဖြစ်သော်လည်း...
လင်ယွမ်တွင် သူမ၏ ကိုယ်ပိုင်စိတ်ဆန္ဒ ရှိနေပြီး ယွမ်ချယ်နှင့် လိုလိုလားလား ပေါင်းစည်းသွားရန်မှာ မဖြစ်နိုင်ပေ။
"လင်ယွမ်...၊ နင်က ငါ့ရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခု... ငါ့ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ ဘာဖြစ်လို့ အဲဒီလောက်တောင် ခုခံနေရတာလဲ"
ယွမ်ချယ်၏ မျက်နှာမှာ တည်ငြိမ်နေသည်။
သူက လင်ယွမ်၏ သဘောထားကြောင့် များစွာပြောင်းလဲသွားခြင်း မရှိပေ။
"ငါ နင်နဲ့ စကားများမနေချင်ဘူး၊ အခုလာရတဲ့ နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ"
လင်ယွမ်က မေးလိုက်သည်။
ကျွင်းရှောင်ယောက်၏ ကိစ္စများကြောင့် သူမ စိတ်မတည်မငြိမ် ဖြစ်နေသည်။
ဤအချိန်မျိုးတွင် ယွမ်ချယ် ရောက်ရှိလာခြင်းက သူ့အား ပို၍ပင် စိတ်တိုစေပေသည်။
"နင်က ရှောင်ယောက်ကို တခြားတစ်ယောက်လက်ထဲထည့်ပြီး အရှုံးပေးလိုက်ချင်တာလား"
ယွမ်ချယ်က ဆိုသည်။
"နင် ဘာကို ဆိုလိုတာလဲ"
လင်ယွမ်က မေးလိုက်၏။
"ငါက ရှောင်ယောက်ကို ကြိုက်တယ်၊ သူက ငါ့ရဲ့ ပထမဆုံး အချစ်ပဲ"
"ပြီးတော့ နင်လည်း သူ့ကို ကြိုက်နေတာ ငါ သိပါတယ်၊ ငါ့ရဲ့ အမြင်က မမှားနိုင်ဘူး"
ယွမ်ချယ်က ပြုံးလိုက်သည်။
သူက ချုံးဟွားနန်းတော်၌သာ အမြဲနေထိုင်ခဲ့သူဖြစ်သည်။
ယောက်ျားနှင့် မိန်းမကြားမှ အချစ်ဆိုလျှင် အိပ်မက်ထဲတွင် ကျွင်းရှောင်ယောက်နှင့် ချစ်ကြိုက်ခဲ့ဖူးခြင်းသာ ရှိ၏။
ထို့ကြောင့် ၎င်းကို သူမ၏ ပထမဆုံးအချစ်ဟု ပြောလျှင် မမှားပေ။
"အဲဒါက အိပ်မက်တစ်ခုပဲ"
လင်ယွမ်က အေးစက်စွာ ဆိုသည်။
"အိပ်မက်ဖြစ်တော့ ဘာဖြစ်လဲ၊ အိပ်မက်မက်တာက အမျိုးသမီးတွေရဲ့ သဘာဝပဲ"
"အိပ်မက်ကို လက်တွေ့ဖြစ်အောင် လုပ်တာကမှ ပိုပြီး ရိုမန်းတစ် မဆန်ဘူးလား"
ယွမ်ချယ်၏ မျက်နှာထက်၌ သိနားလည်ရခက်သော အပြုံးတစ်ခု ပေါ်လာသည်။
ချုံးဟွားနန်းတော်၌သာ အမြဲနေထိုင်ခဲ့သူ ဖြစ်သဖြင့်...
သူသည် ရဲတိုက်ထဲ၌ တစ်ဦးနေထိုင်ရသော မင်းသမီးလေးတစ်ပါးကဲ့သို့ စိတ်ကူးယဉ်မှုများ ရှိလေသည်။
"နင်က ဘာဖြစ်ချင်တာလဲ။ မင်္ဂလာပွဲကို သွားဖျက်မလို့လား။ အဲဒီလိုလုပ်တာက ရှောင်ယောက်ရဲ့ ရွံရှာမှုကိုပဲ ရလိမ့်မယ်"
လင်ယွမ်က ပြောလိုက်သည်။
"ငါက အဲဒီလိုလုပ်မယ်လို့ မပြောပါဘူး။ ပြီးတော့ ဒါက စေ့စပ်ပွဲပဲရှိသေးတာ...၊ မင်္ဂလာဆောင် မဟုတ်သေးဘူး"
"ဒါက ငါ့မှာ ရှောင်ယောက်ရဲ့ ဇနီးဖြစ်ဖို့ အခွင့်အရေး ရှိနေသေးတယ်လို့ ဆိုလိုတာပဲ"
"ဘာပဲဖြစ်ဖြစ် ရှောင်ယောက်ရဲ့ ရင်ထဲမှာ ငါ့အတွက် နေရာတစ်ခု ရှိနေရမယ်"
ယွမ်ချယ်က ပြတ်သားစွာ ဆိုလိုက်သည်။
သူသည် အိပ်မက်ထဲမှ ဆယ်မိုင် မက်မွန်တောဝယ် ဝတ်စုံဖြူနှင့် လူငယ်လေးကို ပေးခဲ့သော ကတိကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။
ထိုအိပ်မက်ကို လက်တွေ့ဖြစ်လာအောင် လုပ်မည်ဟုလည်း သူမ၏ ရင်ထဲ၌ ကျိန်ဆိုထားခဲ့သည်။
"နင် ဒါတွေကိုပြောဖို့ လာတာဆိုရင်တော့ ပြန်နိုင်ပါပြီ"
လင်ယွမ်က နှင်ထုတ်လိုက်သည်။
"မပြီးသေးဘူးလေ၊ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
ယွမ်ချယ်က ဆိုသည်။
"ငါ စိတ်မဝင်စားဘူး"
လင်ယွမ်က အေးစက်စွာ ပြောသည်။
"ဒါက ရှောင်ယောက်နဲ့ ပတ်သက်နေတာဆိုရင်ကော"
ယွမ်ချယ်က ပြောလိုက်၏။
"ဘာလဲ"
လင်ယွမ်က မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။
"နင် မသိသေးတာဖြစ်မယ်၊ အမှောင် ကပ်ဘေးလှိုင်းက မကြာခင် လာတော့မယ်"
ယွမ်ချယ်က ပြောလိုက်သည်။
"မှောင်မိုက်တဲ့ ကပ်ဘေးလှိုင်းလား"
လင်ယွမ်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ယွမ်ချယ်က အနည်းငယ် ရှင်းပြလိုက်၏။
ယွမ်ချယ်မှာ ထိုအကြောင်းများကို သိနေခြင်းမှာတော့ အဆန်းမဟုတ်ပါ။
ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးသော မင်းသမီး...
တုန်ဟွဧကရာဇ်၏ သမီးတော်အနေဖြင့် သူက အင်မော်တယ်ခုံရုံးတွင် အမြင့်ဆုံး အဆင့်အတန်းရှိကာ မည်သည့်သတင်းကိုမဆို သိနိုင်သည်။
"ရှောင်ယောက်က အဲဒီ ကပ်ဘေးလှိုင်းကို ရင်ဆိုင်ရမှာလား"
လင်ယွမ်၏ ရင်ထဲ၌ စိုးရိမ်မှုများ ပြည့်နှက်သွားရသည်။
ကျွင်းရှောင်ယောက်၏ စေ့စပ်ပွဲ သတင်းကြောင့် သူမ နာကျင်နေရသည်။
သို့သော်... ယခု ကျွင်းရှောင်ယောက် ဘေးဒုက္ခနှင့် ကြုံရနိုင်သည်ဟု သိလိုက်ရသောအခါ...
လင်ယွမ်က ကျွင်းရှောင်ယောက်အတွက် မစိုးရိမ်ဘဲ မနေနိုင်ပေ။
"ဒီတစ်ခါ ကပ်ဘေးလှိုင်းက အရင်ကနဲ့ မတူဘဲ အဆိုးရွားဆုံး ဖြစ်လိမ့်မယ်။ ကျွင်းမိသားစုတောင် ဆွဲငင်ခံရနိုင်တယ်"
"ရှောင်ယောက်ကတော့ အရင်က တိုင်းတစ်ပါး ကပ်ဘေးဒုက္ခကို တားဆီးခဲ့ဖူးသလို အခုလည်း သူ ရှေ့က ထွက်လာမှာ သေချာတယ်"
"ဒါပေမဲ့ ဒီတစ်ခါက အရမ်း အန္တရာယ်များလွန်းတယ်။ ငါ သူ့အတွက် စိုးရိမ်မိတယ်..."
ယွမ်ချယ်က ဤသို့ပြောရာတွင် သူမ၏ မျက်ဝန်း၌ စိုးရိမ်ရိပ်များ အမှန်တကယ် ရှိနေသည်။
"ဒါဆို... ငါ ဘယ်လိုလုပ်ရမလဲ"
"ငါက အခု အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ် ဖြစ်နေပေမဲ့ တကယ်တမ်းမှာတော့ အာဏာမရှိပါဘူး"
လင်ယွမ်က ပြောလိုက်သည်။
သူ၏ လက်ရှိ အနေအထားမှာ အခွံသက်သက်သာ ဖြစ်နေသည်။
ဖူရှီမျိုးရိုးက သူမကို လုံးဝ မနာခံပေ။
အခြားသော မျိုးရိုးများကလည်း ယွမ်ချယ်ဘက်၌သာ ရှိနေကြသည်။
ဝါဟွမ်မျိုးရိုးကပင် သူ့အား အသုံးချခံ တစ်ဦးအဖြစ်သာ သတ်မှတ်ထားကြပေသည်။
ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခဲ့သော အဖွားလန်ပင်လျှင် ထိုနည်းတူစွာပင် ဖြစ်သည်။
သူ့ဘေးတွင် သူမ၏အစေခံ ရူယင်း တစ်ဦးသာ အမြဲရှိနေခဲ့သည်။
ထို့ကြောင့် လင်ယွမ်၏ ဘဝက အမှန်တကယ် သနားစရာ ကောင်းလေသည်။
ကျွင်းရှောင်ယောက်၏ ကူညီထောက်ပံ့မှုသာ မရှိပါက သူမ၏ စိတ်ဓာတ် ပြိုလဲသွားသည်မှာ ကြာပြီဖြစ်သည်။
"တကယ်တော့... ငါ့မှာ ရှောင်ယောက်ကို ကူညီနိုင်မယ့် နည်းလမ်း ရှိနိုင်ပါတယ်"
ယွမ်ချယ်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"နင်က ရှောင်ယောက်ကို ကူညီနိုင်မယ်... ဟုတ်လား"
လင်ယွမ်က ယွမ်ချယ်ကို စူးစိုက်ကြည့်လိုက်သည်။
ယွမ်ချယ်၏ မျက်ဝန်းများမှာ ကြည်လင်နေသဖြင့် စိတ်ရင်းမှန်ဖြင့် ပြောနေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
အမှန်တကယ်ဖြစ်မည်ဟုလည်း လင်ယွမ် ယုံကြည်သည်။
မည်သို့ပင်ဆိုစေ၊ ယွမ်ချယ်၏ အဆင့်အတန်းမှာ ထူးခြားလွန်းလှသည်။
ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စစ်အာဏာ တစ်ဝက်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။
သူမ အမှန်တကယ် အလိုရှိပါက ကျွင်းရှောင်ယောက်ကို ကူညီနိုင်မည် ဖြစ်သည်။
"ဒီတစ်ကြိမ် ကပ်ဘေးလှိုင်းက အရမ်း ကြောက်စရာ ကောင်းလိမ့်မယ်။ သာမန် အင်အားစုတွေက ရှောင်ယောက်ကို မကူညီနိုင်ဘူးလေ။ ဒါကြောင့် ငါ့အတွက် နင့်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်..."
ယွမ်ချယ်က လင်ယွမ်၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ခုကို ပြောလိုက်သည်။
လင်ယွမ်၏ ခန္ဓာကိုယ်လေးက တုန်လှုပ်သွားသည်။
သူမ၏ ရင်ဘတ်မှာလည်း နိမ့်ချည် မြင့်ချည် ဖြစ်သွားရ၏။
အတော်ကြာမှ သူမ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"ရှောင်ယောက်ကို တကယ် ကူညီနိုင်မယ်ဆိုရင်... ရပါတယ်"
"ကောင်းပြီ၊ ဒါဆိုရင် ငါတို့တွေ စေ့စပ်ပွဲကို အတူတူ သွားကြတာပေါ့"
ယွမ်ချယ်က ပြောဆိုပြီးနောက် ထွက်ခွာသွားတော့သည်။
"သခင်မ... သူ ဘာပြောသွားတာလဲ"
ထိုလျှို့ဝှက်စကားကို မကြားလိုက်ရသဖြင့် ရူယင်းက မေးလိုက်ခြင်း ဖြစ်သည်။
"ဘာမှမဟုတ်ပါဘူး၊ နင်အရင်သွားနှင့်ဦး။ ငါ တစ်ယောက်တည်း ခဏလောက် နေပါရစေ"
လင်ယွမ်က ခေါင်းယမ်းပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့"
ရူယင်းက ထွက်သွားရန် ခြေလှမ်းပြင်လိုက်သည်။
"ခဏနေဦး"
လင်ယွမ်က ပြန်ခေါ်လိုက်၏။
"သခင်မ..."
ရူယင်းက လှည့်ကြည့်သည်။
"ရူယင်း... နင့်ကို ကျေးဇူးအများကြီးတင်ပါတယ်။ နင်တစ်ယောက်ပဲ ငါ့ဘေးမှာ အမြဲရှိနေပြီး ငါ့အပေါ် စိတ်ရင်းမှန်နဲ့ ဆက်ဆံခဲ့တာ"
အမြဲတမ်း အေးစက်စက်ဖြငိ့ ရှိနေတတ်သော လင်ယွမ်က ဤအခိုက်အတန့်တွင် ပြုံးပြလိုက်သည်။
"သခင်မကို အလုပ်အကျွေးပြုခွင့်ရတာက ရူယင်းအတွက် ဂုဏ်ယူစရာပါပဲ"
ရူယင်းလည်း ချစ်စဖွယ် အပြုံးလေးဖြင့် ဦးညွတ်ရင်း ထွက်သွားတော့သည်။
နောက်ဆုံးတွင် လင်ယွမ်တစ်ဦးတည်း ကျန်ရှိခဲ့ပြီး ဧကရာဇ်ပလ္လင်ထက်၌ ထိုင်နေခဲ့မိသည်။
သူ တစ်ယောက်တည်းသာ...
"ရှောင်ယောက်ရယ်..."
သူမ၏ နှုတ်ခမ်းလေးများ လှုပ်ရှားလာပြီး ခပ်တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ဖူရှီ အင်မော်တယ်မျိုးရိုးရှိ ခမ်းနားသော ရွှေရောင်နန်းတော်တစ်ခုဝယ်...
ပုံရိပ်တစ်ခုက လေထဲမှာ တင်ပျဉ်ခွေထိုင်နေသည်။ နဂါးနှင့်ဖီးနစ်ကဲ့သို့ ခံ့ညား၍ မွေးရာပါ နတ်ဘုရားတစ်ပါးနှင့် ဆင်တူ၏။
ရွှေရောင်ဆံနွယ်များ၊ ငွေရောင်မျက်ဝန်းများ၊ အတိုင်းအဆမရှိသော ခွန်အားများနှင့်အတူ အလွန်သန်မာသူ ဖြစ်သည်။
သူ အသက်ရှူလိုက်တိုင်း ကမ္ဘာကြီးမှာ တုန်ခါနေသကဲ့သို့ပင်။
ထိုသူမှာ အခြားမဟုတ်ဘဲ တိဟောက်ထျန်း ဖြစ်သည်။
ယခင် မေ့ပျောက်ခြင်းနယ်မြေတွင် ရှိစဉ်ကနှင့်မတူဘဲ လက်ရှိ သူဟာ လုံးဝ ခြားနားသွားခဲ့ပြီ။
သူ၏ ကျင့်ကြံမှု အရှိန်အဝါမှာလည်း လုံးဝ မတူညီသော လူနှစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။
"ကျွင်းရှောင်ယောက်က ကောင်းကင် နဂါးနဲ့ဖီးနစ်စာရင်းကို ချေမှုန်းခဲ့တယ်လို့ ကြားတယ်"
"ဒါပေမဲ့ ငါ့ရဲ့ အခုလက်ရှိ ခွန်အားနဲ့ဆိုရင် ငါလည်း ဒါကို လုပ်နိုင်တာပဲ။ ဒီအတွက် ဝူလောင်ကိုတော့ ကျေးဇူးတင်ရမယ်"
တိဟောက်ထျန်း၏ မျက်နှာထက်၌ ယခင်က ယုံကြည်ချက်များ ပြန်လည် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးမှာတော့ ဤအချိန်အတောအတွင်း သူသည် အကြီးအကျယ် တိုးတက်လာခဲ့သည် မဟုတ်လော။
ဝူလောင်၏ လေ့ကျင့်ပေးမှုအောက်၌ သူ၏ ခွန်အားမှာ ထိတ်လန့်ဖွယ်ရာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
သူက နဂါးဧကရာဇ်၏ ရွှေခန္ဓာကိုလည်း လျှို့ဝှက်စွာ ရှာဖွေတွေ့ရှိခဲ့ပြီး လာမည့် ကပ်ဘေးလှိုင်းကြီးတွင် ပါဝင်ရန် အရည်အချင်း ပြည့်မီနေပြီ။
အရေးကြီးဆုံးအချက်မှာ၊ သူက အင်မော်တယ် ကျောက်ချပ်ပြား အပိုင်းအစအားလုံးကို စုဆောင်းမိသွားခြင်း ဖြစ်သည်။
၎င်းက ပြီးပြည့်စုံသော ကျောက်ချပ်ပြားတစ်ခု ဖြစ်လာခဲ့ချေပြီ။
"ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ အစီအစဉ် အောင်မြင်ဖို့ပဲ လိုတယ်"
ကျောက်ချပ်ပြားအတွင်းမှ အဘိုးအို ဝူလောင်၏ အသံ ထွက်ပေါ်လာသည်။
"စိတ်ချပါ၊ အစီအစဉ် အောင်မြင်တဲ့အခါ ကျွန်တော်က ဝူလောင်ရဲ့ ခန္ဓာကိုယ်ကို ပြန်ရှာပေးပါ့မယ်"
တိဟောက်ထျန်းက ပြောလိုက်၏။
"ဟားဟားဟား... ကောင်းပါပြီ"
ဝူလောင်က ရယ်လိုက်သည်။
"ဒါပေမဲ့ အင်မော်တယ်တံခါး မဆင်းသက်လာခင်မှာ ကျုပ်က ကျွင်းမိသားစုဆီသွားပြီး ကျွင်းရှောင်ယောက်နဲ့ စာရင်းရှင်းရဦးမယ်"
"ဘာပဲဖြစ်ဖြစ် သူနဲ့ ကျုပ်က တူညီတဲ့အဆင့်မှာ မဟုတ်တော့ဘူး"
"သူ့ကို အနိုင်ယူလိုက်မှသာ ကျုပ်ရဲ့ စိတ်ဒဏ်ရာတွေကို အပြီးတိုင် ဖယ်ရှားနိုင်လိမ့်မယ်"
တိဟောက်ထျန်းက ထရပ်လိုက်၏။
သူ့ထံမှ အားကောင်းသော အရှိန်အဝါကြောင့် ဟင်းလင်းပြင်မှာ ကြေမွမတတ် ဖြစ်သွားရတော့သည်။
"ကျွင်းရှောင်ယောက်... မင်းရဲ့ စေ့စပ်ပွဲကို ငါက သေချာပေါက် တက်ရောက်ပေးရမှာပေါ့"