အခန်း ၁၅၀၄
Vol. 104 Ch. 1504
အခန်း (၁၅၀၄) ရန်ငြိုးများကို အဆုံးသတ်စေခြင်း။
"ဒါက ထိုက်ရွှီရှေးနဂါး မျိုးနွယ်စုက လုံယောက်အာပဲ"
"သူက သာမန်လူတော့ မဟုတ်ဘူး"
"သာမန်လူဘယ်ဟုတ်မလဲ၊ သူက အသျှင်ခန္ဓာ သမိုင်းတစ်လျှောက်မှာ အထူးခြားဆုံးလို့တောင် ဆိုရမယ်။ ဒါပေမဲ့ အဆုံးစွန်ရှေးဟောင်းလမ်းမှာတုန်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဆီမှာ အရိုက်ခံရပြီး မျက်ရည်ကျခဲ့ရတယ်လေ"
ထိုက်ရွှီရှေးနဂါးမျိုးနွယ်စုမှ လုံယောက်အာ ရောက်ရှိလာခြင်းကို မြင်သောအခါ အခမ်းအနားရှိ အင်အားစုများစွာမှာ ထူးဆန်းသော မျက်နှာအမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။
အသျှင်ခန္ဓာနှင့် မြင့်မြတ်ခန္ဓာတို့က မသင့်မြတ်ကြပေ။
သူက ယနေ့တွင် ပွဲဖျက်ရန် ရောက်ရှိလာခြင်း ဖြစ်မည်လော။
"လုံယောက်အာ... မင်း အရိုက်ခံရတာ မဝသေးဘူးလား၊ ဒါမှမဟုတ် အရိုက်ခံရတာကို စွဲလမ်းနေတာလား"
ယခုအခါ ကျွင်းရှောင်ယောက်က အသျှင်ခန္ဓာကို ဂရုမစိုက်တော့ပေ။
လုံယောက်အာ၏ လက်ရှိခွန်အားမှာ မျိုးဆက်တစ်ခုလုံးကို ဖိနှိပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်မကောင်းသော်လည်း...
မည်သို့ပင်ဆိုစေကာမူ၊ သူက ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ အမြင့်မြတ်ဆုံး ရွှေရောင်ရှေးဟောင်းနဂါး သွေးမျိုးဆက်နှင့် ကောင်းကင်အသျှင်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သူမ၏ ခွန်အားမှာ သဘာဝအတိုင်းပင် မဆိုးလှပေ။
သို့သော်လည်း ကံမကောင်းချင်တော့ သူသည် ကျွင်းရှောင်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။
"ကျွင်းရှောင်ယောက်... နင်..."
ကျွင်းရှောင်ယောက်၏ စကားများက လုံယောက်အာ၏ အမာရွတ်ကို ထိုးဆွလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
သူက ဒေါသထွက်သွားပြီး အံကြိတ်လိုက်၏။
"အဟမ်း...အဟမ်း၊ ယောက်အာ... တို့တွေက ကျွင်းသခင်လေးကို ဂုဏ်ပြုဖို့ လာတာလေ။ မင်းက ဘယ်လို အမူအရာ ဖြစ်နေတာလဲ"
ဘေးနားရှိ နဂါးဦးချိုရှိပြီး ဝတ်စုံဖြူဝတ် အဘိုးအိုက ချောင်းဟန့်ကာ ဟန့်တားလိုက်သည်။
သူကား လုံယောက်အာ၏ အဘိုးဖြစ်ပြီး ထိုက်ရွှီရှေးနဂါးမျိုးနွယ်မှ အကျော်အမော်တစ်ဦးဖြစ်သည့် လုံယွမ်သည်ပင်။
ကျွင်းရှောင်ယောက်က ချက်ချင်း သဘောပေါက်သွားသည်။
၎င်းမှာ ထိုက်ရွှီရှေးနဂါးမျိုးနွယ်စုက သူနှင့် ပြန်လည်သင့်မြတ်လိုခြင်းပင်။
လုံယောက်အာသည် အသျှင်ခန္ဓာပိုင်ရှင် ဖြစ်သော်လည်း သူမ၏ အဓိကကိုယ်စားပြုမှုမှာ ထိုက်ရွှီရှေးနဂါးမျိုးနွယ်စု ဖြစ်သည်။
ထိုက်ရွှီရှေးနဂါးမျိုးနွယ်စုက ကျွင်းမိသားစုနှင့် ရန်သူမဖြစ်လိုကြောင်း ထင်ရှားပေသည်။
အခမ်းအနားရှိ အင်အားစုများစွာမှာလည်း ဤအချက်ကို စဉ်းစားမိကြသည်။
ဤထိုက်ရွှီရှေးနဂါးမျိုးနွယ်စုမှာ တကယ်ကို ပါးနပ်လှသည်ဟု ရင်တွင်း၌ သက်ပြင်းချမိကြလေသည်။
ဤစေ့စပ်ပွဲကို အခွင့်ကောင်းယူကာ သူတို့၏ ရန်ငြိုးများကို အဆုံးသတ်စေလိုကြသည်။
"ဟမ့်... ဒီအသျှင်ခန္ဓာက အနာဂတ်မှာ အင်မော်တယ်နယ်မြေကြီးရဲ့ အတက်အကျတွေကို စိုးမိုးပြီး ဒီရွှေခေတ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်မဲ့သူပဲ"
"ကျွန်မ... ကျွန်မက ရှင့်ကို မကြောက်ဘူး။ အဘိုးက ခေါ်လို့သာ လာတာ...၊ ရှင့်ကို ဂုဏ်ပြုချင်လို့ မဟုတ်ဘူး"
လုံယောက်အာက မျက်နှာကို တစ်ဖက်သို့ လွှဲကာ ခါးထောက်လျက်၊ မောက်မာသော နဂါးမလေးကဲ့သို့ ပြုမူနေသည်။
ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ ကြိတ်ပြုံးလိုက်ကြလေသည်။
ဤခေတ်၏ အသျှင်ခန္ဓာမှာ ဤကဲ့သို့ ချစ်စရာကောင်းပြီး ခေါင်းမာသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူက ထင်မှတ်ပါမည်နည်း။
သူက အသျှင်ခန္ဓာထက် ကပြက်ကချော် ကောင်မလေးတစ်ယောက်နှင့် ပိုတူသည်။
"ရှင်တို့... ရှင်တို့က ဒီအသျှင်ခန္ဓာကို ရယ်ရဲတယ်ပေါ့။ ရှင်တို့ရဲ့ သွားတွေကို အကုန်ဆွဲနှုတ်ပစ်မယ်"
လုံယောက်အာ၏ ခရမ်းရောင် မျက်ဝန်းများမှ မီးတောက်များ ထွက်ပေါ်လာသည်။
ထိုက်ရွှီရှေးနဂါးမျိုးနွယ်စု၏ ဘုရင်မတစ်ပါးဖြစ်ပြီး အသျှင်ခန္ဓာလည်းဖြစ်သော သူမှာ ဤကဲ့သို့ အလှောင်ခံနေရသည်။
၎င်းမှာ ပထမဆုံးအကြိမ်တော့ မဟုတ်သော်လည်း... သူ စိတ်တိုနေသေးသည်။
"ကောင်းပြီ... ယောက်အာ၊ ဒါက ကျွင်းသခင်လေးရဲ့ စေ့စပ်ပွဲပဲ။ ပြဿနာမရှာပါနဲ့"
လုံယွမ်က တားမြစ်လိုက်သည်။
ထို့နောက် ကျွင်းရှောင်ယောက်ဘက်သို့ လှည့်ကာ လက်ယှက်ပြလိုက်လေသည်။
"ကျွင်းသခင်လေး... ငါ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အရင်က ရှေးဟောင်းပေါ်မှာ ယောက်အာကို လေ့ကျင့်ပေးခဲ့ပြီး လူသားတစ်ယောက်ဖြစ်အောင် ဆုံးမပေးခဲ့တာကိုပေါ့"
"အတိတ်မှာ အဆင်မပြေမှုလေးတွေ ရှိခဲ့ပေမဲ့ ကျွင်းသခင်လေးအနေနဲ့ အမှတ်မထားဖို့ မျှော်လင့်ပါတယ်"
လုံယွမ်၏ စကားကြောင့် ဧည့်သည်များအားလုံး သက်ပြင်းချလိုက်မိကြသည်။
အရှိန်အဝါကြီးသော ထိုက်ရွှီရှေးနဂါးမျိုးနွယ်စုသည်ပင် ယခုအခါ ကျွင်းရှောင်ယောက်ကို ဦးညွှတ်နေရပြီ။
ကျွင်းရှောင်ယောက်က အမှန်တကယ်ပင် ဩဇာတိက္ကမကြီးမားလာခဲ့ပြီ ဖြစ်သည်။
"ကိစ္စမရှိပါဘူး၊ အဲဒါက သာမန် တိုက်ခိုက်မှုလေးတွေပဲ။ သူ့အနေနဲ့ အသျှင်ဘိုးဘေးခန်းမနဲ့ ပတ်သက်မှု မရှိသရွေ့ ကျွန်တော် ဂရုမစိုက်ပါဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
လုံယောက်အာသည် အသျှင်ခန္ဓာပိုင်ရှင် ဖြစ်သော်လည်း ထိုက်ရွှီရှေးနဂါးမျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည်။
တစ်ဖက်မှာတော့ အသျှင်ဘိုးဘေးခန်းမမှာ မြင့်မြတ်ခန္ဓာ၏ ရန်သူဟောင်းဖြစ်သဖြင့် အမြစ်ပြတ် သုတ်သင်ရလိမ့်မည်။
"သေချာပါတယ်"
လုံယွမ်က ခေါင်းညိတ်လိုက်သည်။
အသျှင်ဘိုးဘေးခန်းမတွင် အိပ်စက်နေသော အသျှင်ခန္ဓာဘိုးဘေးတစ်ဦး ရှိနေသေးသည်ဟု ကောလာဟလများ ရှိနေသော်လည်း...
သူသည် ရှေးဘိုးဘေးတစ်ဦးမျှသာ ဖြစ်သည်။
အသျှင်ဘိုးဘေးခန်းမမှာ အားကောင်းသော်လည်း ဤကိစ္စအတွက် ကျွင်းရှောင်ယောက်ကို မပြစ်မှားလိုပေ။
အကြောင်းမှာ ကျွင်းရှောင်ယောက်သာ ဆက်လက်ရှင်သန်နေပါက အနာဂတ်တွင် ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်လာမည်မှာ သေချာသောကြောင့် ဖြစ်သည်။
သူတို့၏ ထိုက်ရွှီရှေးနဂါးမျိုးနွယ်စုက ထိုကဲ့သို့သော အနာဂတ် အုပ်စိုးရှင်တစ်ပါးကို မပြစ်မှားလိုကြပေ။
ထို့ပြင်၊ ယခုအချိန်တွင် ရန်ငြိုးများအား ဖြေဖျောက်လိုသည်မှာ ထိုက်ရွှီရှေးဟောင်းနဂါးမျိုးနွယ်စု တစ်ခုတည်း မဟုတ်ပါ။
"ရှေးဟောင်း ချင်မိသားစု ရောက်ရှိလာပါပြီ+
အခြားသော ရှေးဟောင်းမိသားစုတစ်ခု ရောက်လာပြန်သည်။
၎င်းသည် ကျွင်းရှောင်ယောက်နှင့် အဆင်မပြေမှုများ ရှိခဲ့ဖူးသော မျိုးနွယ်စု ဖြစ်၏။
သူသည် ဧကရာဇ်လမ်းပေါ်တွင် ရှိစဉ်အခါက ချင်မိသားစု၏ ပါရမီရှင် ချင်ဝူတောက်ကို သတ်ဖြတ်ခဲ့ဖူးသည်။
ယခုအခါမှာတော့ ချင်မိသားစု၏ ဧကရာဇ်တစ်ပိုင်း တစ်ဦးမှ ဦးဆောင်ကာ လာရောက်ဂုဏ်ပြုခြင်း ဖြစ်ပေသည်။
"နတ်ဘုရားသားတော်နဲ့ ငါတို့ ချင်မိသားစုကြားမှာ အထင်အမြင်လွဲမှားမှုတွေ ရှိခဲ့တာကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
ချင်မိသားစုမှ ဧကရာဇ်တစ်ပိုင်းက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က သူ့လက်ဝှေ့ယမ်းလိုက်၏။
"အတိတ်က ကိစ္စတွေကို မေ့လိုက်ပါပြီ။ ခင်ဗျားတို့ရဲ့ ပထမဆုံး ဧကရာဇ်ကို ကျွန်တော်လည်း လေးစားတယ်လေ"
"နောက်ပြီးတော့ ရှေးဟောင်းမင်းမျိုးနွယ် မိသားစုတွေဟာ ရန်သူတွေကို အတူတူ တိုက်ခိုက်သင့်ပါတယ်။ လူသားမျိုးနွယ်ရဲ့ ရှေးဟောင်းမိသားစုတွေအနေနဲ့ ကျုပ်တို့တွေဟာ စည်းစည်းလုံးလုံး ရှိသင့်ပါတယ်"
ကျွင်းရှောင်ယောက်၏ စကားကြောင့် လူအများက လက်ခုပ်သြဘာ ပေးကြပြန်တော့သည်။
ဒါက မည်သို့သော အတွေးအမြင်မျိုး ဖြစ်သနည်း။
"နတ်ဘုရားသားတော်က ဒီလို အတွေးအမြင်မျိုး ရှိနေတာကို ငါတို့တွေ တကယ်ပဲ ရှက်ရွံ့မိပါတယ်"
ချင်မိသားစုဝင်များအားလုံး ခေါင်းငုံ့လိုက်ကြသည်။
အနည်းငယ် အောက်ကျို့ရသော်လည်း ရန်ငြိုးများအား ဖြေဖျောက်နိုင်သည်မှာ ကောင်းသောကိစ္စပင်။
သူတို့က ကျွင်းရှောင်ယောက်၏ အငြိုးထားခြင်းကို မခံလိုကြပါ။
ထိုက်ရွှီရှေးနဂါးမျိုးနွယ်စုနှင့် ချင်မိသားစုတို့ကဲ့သို့ ရန်ငြိုးဖြေဖျောက်လိုသော အင်အားစုများ ရှိသကဲ့သို့...
လုံးဝ ရောက်မလာသော အင်အားစုများလည်း သဘာဝအတိုင်း ရှိသည်။
ကုရ်အာန်သူတော်စင်ဂိုဏ်း၊ အသျှင်ဘိုးဘေးခန်းမ၊ မြင့်မြတ်ဝိညာဉ်ကျွန်းနှင့် အခြားသော ရှေးဟောင်းတော်ဝင် မျိုးနွယ်စုများ၊ နဂါးဘုရင်ခန်းမ၊ နတ်ဆိုးဧကရာဇ်ရှေးဟောင်းဂူ၊ ကျိုယိုးတောင် စသည်ဖြင့်...
မြေအောက်ကမ္ဘာ အကြောင်းမူ ပြောနေစရာ မလိုပါ။ သူတို့တွင် ကျွင်းမိသားစုကို ရင်ဆိုင်နိုင်သော အင်အား ရှိကြသည်။
သို့သော်လည်း ယခုအချိန်တွင် လူတိုင်း သိချင်နေသည်မှာ အင်မော်တယ်ခုံရုံးက လာကြမလား ဆိုခြင်းပင်။
အင်မော်တယ်ခုံရုံးနှင့် ကျွင်းမိသားစု၏ ဆက်ဆံရေးမှာ အလွန်နူးညံ့သိမ်မွေ့သည်။
သူတို့သည် ပြိုင်ဘက်များ ဖြစ်ကြ၏။
သို့သော်လည်း တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေကြီးကို တည်ငြိမ်စေသော အဓိကအင်အားစုများ ဖြစ်ကြပေသည်။
ထို့ထက် ပို၍ အရေးကြီးသည်မှာ...
ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ နောက်ဆုံးမင်းသမီး ယွမ်ချယ်နှင့် မျက်မှောက်ခေတ်မှ ဧကရာဇ်ငယ် လင်ယွမ်တို့သည် ကျွင်းရှောင်ယောက်နှင့် မရှင်းလင်းသော ဆက်ဆံရေးများ ရှိနေကြခြင်းပင်။
အကယ်၍ သူတို့သာ ယနေ့စေ့စပ်ပွဲသို့ ရောက်လာပါက အလွန်စိတ်ဝင်စားစရာ ကောင်းလိမ့်မည်။
သို့သော်လည်း အချိန်အတော်ကြာသည်အထိ သူတို့ မျှော်လင့်ထားသော ပုဂ္ဂိုလ်များ ပေါ်မလာခဲ့ကြပါ။
"နှမြောစရာပဲ၊ သွေးအေးတိုက်ပွဲကို မမြင်ရတော့ဘူး"
ကျင့်ကြံသူတစ်ဦးက ခပ်တိုးတိုးလေး ပြောလိုက်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်မှာမူ ထိုမြင်ကွင်းကို မြင်သောအခါ သက်ပြင်းချမိလေသည်။
ယွမ်ချယ်နှင့် အခြားသူများ ရောက်မလာခြင်းက သူ အလိုချင်ဆုံး အရာ ဖြစ်သည်။
မဟုတ်လျှင်၊ အချိန်တန်သည့်အခါ သူ အခက်တွေ့ရလိမ့်မည်။
ကျွင်းရှောင်ယောက်က ကျန်းစန်းယီနှင့် ကျန်းလော့လီတို့အား ဤစေ့စပ်ပွဲ၌ မည်သည့် စိတ်မချမ်းမြေ့စရာ အမှတ်တရမျိုးမှ မကျန်ရစ်စေလိုပေ။
ထို့နောက်တွင် စေ့စပ်ပွဲမှာ တရားဝင် စတင်ခဲ့သည်။
ဧည့်သည်များက ပျော်ရွှင်စွာ သောက်စားကြ၏။
သို့သော်လည်း ကျွင်းရှောင်ယောက်က ရှုပ်ထွေးလှသော အခမ်းအနားများကို မနှစ်သဖြင့် ရှည်လျားသော ထုံးတမ်းစဉ်လာများ မရှိပေ။
လူတိုင်း ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး ပျော်ပျော်ရွှင်ရွှင် ရှိနေနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။
"နတ်ဘုရားသားတော် အရှင်... သတို့သမီးလေးလောင်းလေးတွေက ထွက်လာပြီး ဧည့်သည်တွေကို နှုတ်မဆက်ဘူးလားဗျ"
"ဟုတ်တယ်ဗျို့၊ ကျွင်းသခင်လေးကတော့ အိမ်သူ အလှလေးနှစ်ဦးနဲ့ ကောင်းခြင်းကို ခံယူနေတာပါပဲ။ ကျုပ်တို့အတွက် တကယ်ကို စံပြပဲ"
ဧည့်သည်အချို့က စနောက်ကြ၏။
သို့သော်လည်း ကျွင်းရှောင်ယောက်က စိတ်ထဲမထားပေ။
သို့သော်... ထိုအခိုက်တွင်သက်ဝင်လှုပ်ရှားနေသော ပတ်ဝန်းကျင်မှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
တစ်စုံတစ်ယောက်က အသံများကို ပိတ်ပစ်လိုက်သကဲ့သို့ပင်။
ကျွင်းရှောင်ယောက်က အနည်းငယ် အံ့ဩသွားပြီး နောက်လှည့်ကြည့်လိုက်သောအခါ သဘောပေါက်သွားသည်။
ကျန်းစန်းယီနှင့် ကျန်းလော့လီတို့ ပေါ်လာပြီ။
၎င်းမှာ စစ်မှန်သော မင်္ဂလာဆောင် မဟုတ်သေးသဖြင့် အမျိုးသမီးနှစ်ဦးက မျက်နှာများကို မကွယ်ထားသော်လည်း...
သူတို့နှစ်ဦးက ဝတ်စုံနီများကို ဆင်မြန်းထားကြလေသည်။
ပင်ကိုယ်ကပင် လှပြီးသားဖြစ်သော မျက်နှာထက်၌ မျက်နှာချေ ခပ်ပါးပါးလေး လိမ်းကျံထားသဖြင့် ပို၍ပင် လှပနေကြသည်။
ကျန်းစန်းယီ၏ အဖြူရောင် ဆံနွယ်များက ကြည်လင်နေပြီး သူမ၏ အလှမှာ ကိုးပါးကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင်။
ကျန်းလော့လီမှာမူ တောက်ပသော မျက်ဝန်းများနှင့် ဖြူစင်သော သွားလေးများ ရှိကာ သူမ၏ အလှတရားက အပြစ်ဆိုဖွယ်မရှိပါ။
တစ်ဦးမှာ နတ်ပန်းလေးကဲ့သို့ဖြစ်ပြီး အခြားတစ်ဦးမှာ အပြစ်ဆိုဖွယ်မရှိသော ကျောက်စိမ်းလေးကဲ့သို့...
မည်သည့်မိန်းကလေးမဆို ကမ္ဘာကြီးကို တောက်ပစေရန် လုံလောက်သည်။
ယခုအခါ သူတို့နှစ်ဦး အတူတူ ပေါ်လာခြင်းမှာ နေနှင့်လ အတူတူ ထွန်းလင်းနေသကဲ့သို့ ကမ္ဘာကြီးပင် အရောင်မှိန်သွားရလေသည်။
ဧည့်သည်များမှာ ထိုအလှတရားကြောင့် အသက်ရှူမှားကာ ငြိမ်သက်သွားကြရခြင်း ဖြစ်သည်။
ကျန်းစန်းယီက ညင်သာစွာ လှမ်းထွက်လာပြီး ပြောလိုက်သည်။
"ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးမှာ မင်းဘေးမှာပဲ ရှိနေပြီး လောကကြီးရဲ့ အတက်အကျတွေကို အတူတူ ဖြတ်သန်းချင်ပါတယ်"
ကျန်းလော့လီကလည်း လှမ်းလာပြီး ပြောလိုက်၏။
"နှစ်တွေ ဘယ်လောက်ပဲ ကြာညောင်းပါစေ၊ ကို့ရဲ့လက်ကိုပဲ ဆုပ်ကိုင်ထားပြီး အိုမင်းတဲ့အထိ ချစ်သွားမှာပါ"
နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော ကတိကို ယနေ့တွင် ရရှိခဲ့ပြီ။
ဤကတိမှာ ကျွင်းရှောင်ယောက်က သူတို့အား ပေးသော ကတိသာမက...
သူတို့က ကျွင်းရှောင်ယောက်အား ပေးသော ကတိလည်း ဖြစ်သည်။
တစ်ဦးတည်းသောသူ၏ နှလုံးသားကိုသာ သိမ်းပိုက်လိုပြီး ဆံဖြူသည်အထိ အတူတူ ရှိသွားကြလိမ့်မည်။