← Chapters

အခန်း ၁၅၀၅

Vol. 104 Ch. 1505

အခန်း ၁၅၀၅

Vol. 104 Ch. 1505

အခန်း (၁၅၀၅) တန်ဖိုးနည်းသော တောင်းရမ်းလက်ဆောင်။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်က ငြိမ်သက်သွားသည်။

ဆူညံသံများလည်း ပျောက်ကွယ်သွား၏။

ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် အခြားသူများကို မမြင်တော့ပါ။

သူ့ကိုကြည့်ကာ ပြုံးနေကြသည့် အလှပဆုံးနှင့် အခိုင်မာဆုံးသော သစ္စာကတိကို ဆိုခဲ့ကြသည့် ဝတ်စုံနီဝတ် မိန်းကလေးနှစ်ဦးသာ မြင်နေရတော့သည်။

ယခုအချိန်တွင် မည်သည့်စကားလုံးမျှ မလိုအပ်တော့‌ပေ။

ကျွင်းရှောင်ယောက်အနေဖြင့်လည်း ထပ်မံ၍ ကတိစကားများ ဆိုနေရန်မလိုတော့ပါ။

အကြောင်းမှာ၊ လက်တွေ့လုပ်ဆောင်မှုကသာ အကောင်းဆုံးသော သစ္စာဆိုခြင်းဖြစ်သောကြောင့်ပင်။

မိန်းကလေးနှစ်ဦးမှာ ပြုံးလျက် ပျော်ရွှင်မှုမျက်ရည်များ ဝဲကာ ကျွင်းရှောင်ယောက်ထံသို့ လျှောက်လှမ်းလာကြသည်။

ကျွင်းရှောင်ယောက်သည်လည်း မဆိုင်းမတွဘဲ မိန်းကလေးနှစ်ဦးကို သူ၏ရင်ခွင်ထဲသို့ ပွေ့ပိုက်လိုက်တော့သည်။

ကျန်းရို့ အပါအဝင် အနီးနားရှိ ဆွေမျိုးသားချင်းအချို့မှာ မျက်ရည်ဝဲနေကြပြီ ဖြစ်သည်။

အဘိုးအို ကျွင်းကျန်းထျန်းပင် မျက်ဝန်းများ နီမြန်းနေ၏။

ကျွင်းရှောင်ယောက်၏ အဘိုး ကျန်းတောက်ရွှီလည်း ထိုနည်းတူပင်။

ကျွင်းရှောင်ယောက်၏ အနီးနားရှိ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် မျိုးနွယ်စုဝင်များအားလုံး စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိကြသည်။

ထိုကဲ့သို့ နွေးထွေးသော မြင်ကွင်းက ရောက်ရှိနေသော ဧည့်သည်အားလုံးကို အလိုလို ပြုံးမိစေပေသည်။

ဤအခိုက်အတန့်လေးမှာ တကယ်ကို ချိုမြိန်လှသည်။

အစားအသောက်နှင့် အရက်များ၊ လက်ဖက်ရည်များကို မမြည်းစမ်းရသေးလည်း ခွေးစာ (သူများအတွဲ ရိုနေတာကိုကြည့်ပြီး အားကျရခြင်း)နှင့်ပင် ဗိုက်ဝနေကြပြီ။

"အီးဟီးဟီး... အရှင်... ကျွန်တော်မျိုးလည်း ဒီလို အချိုမြိန်ဆုံး အချစ်ကို လိုချင်တယ်"

ဖက်တီးပုတ် လူဖူးကွေ့သည်ပင် စိတ်လှုပ်ရှားကာ ငိုကြွေးနေမိသည်။

"ဒီဝက်စုတ်... နင့်မှာ မယားကြီးငယ် အယောက်တစ်ရာ ရှိနေတာကို ဘာလို့ အပြစ်ကင်းသလို ဟန်ဆောင်နေတာလဲ"

ဘေးနားမှ မော့ယန်းယုက အံကြိတ်ကာ သူ့ခြေထောက်ကို တက်နင်းလိုက်သည်။

ရောက်ရှိနေသော မိန်းကလေးများအားလုံးသည်လည်း သူတို့၏ ဝမ်းနည်းမှုကို ဖွင့်ထုတ်ရန် လမ်းကြောင်းရှာနေသကဲ့သို့ လုဖူးကွေ့အား ဝိုင်းဝန်းရိုက်နှက်ကြတော့၏။

"အား... ကျုပ်က ဘယ်သူ့ကို ရန်သွားစမိလို့လဲ။ ဘာဖြစ်လို့ အမြဲတမ်း ကျုပ်ပဲ အနာခံနေရတာလဲ!"

"အောင်မလေးဗျာ... အစ်ကိုကျွင်းပြီးရင် ဒုတိယမြောက် အချောဆုံးဖြစ်တဲ့ ဒီမျက်နှာလေးကိုတော့ မရိုက်ကြပါနဲ့။ ဒါလေးနဲ့ပဲ လုပ်စားနေရတာမို့ပါ"

လုဖူးကွေ့က မျက်နှာကိုအုပ်ကာ အော်ဟစ်နေတော့သည်။

ရောက်ရှိနေသူအချို့မှာ သဘောကျစွာ ရယ်မောလိုက်ကြသည်။

ကျွင်းရှောင်ယောက်လည်း မပြုံးဘဲ မနေနိုင်တော့ပေ။

နွေးထွေးကာ စည်ကား၍ သာယာသော လေထုက ပရိသတ်အားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ရုတ်တရက်... တစ်ခုခုကို သတိရသွားဟန်ဖြင့် ကျွင်းရှောင်ယောက်က အမျိုးသမီးနှစ်ဦးကို ပြောလိုက်သည်။

"မေ့တော့မလို့၊ တောင်းရမ်းလက်ဆောင်ပေးရဦးမယ်။ ဒါက နည်းနည်း တန်ဖိုးနည်းနေနိုင်ပေမဲ့ အိမ်သူနှစ်ဦးက စိတ်မရှိဖို့ မျှော်လင့်ပါတယ်"

'အိမ်သူ'ဟူသော အခေါ်အဝေါ်ကြောင့် ကျန်းစန်းယီနှင့် ကျန်းလော့လီတို့ မျက်နှာလေးများ နီမြန်းသွားကြသည်။

အမှန်တကယ် လက်မထပ်ရသေးသော်လည်း ယခုကဲ့သို့ ခေါ်ဝေါ်ခြင်းမှာ မှားယွင်းမှုမရှိပေ။

ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ...

ချက်ချင်းပင် ဤနေရာ၌ အင်မော်တယ်စွမ်းအင်များ မြင့်တက်လာပြီး အလင်းတန်းများ တောက်ပလာခဲ့သည်။

မိုင်ပေါင်းများစွာ ရှည်လျားသော ကျောက်စိမ်းနဂါးများကဲ့သို့ အင်မော်တယ်သွေးကြောနှစ်ခု ကောင်းကင်ထက်၌ ပေါ်လာ၏။

ကောင်းကင်မှ ကောင်းချီးမင်္ဂလာနိမိတ်များ ပြသနေပြီး မြေပြင်တွင်လည်း ရွှေကြာပန်းများ ပွင့်လန်းလာတော့သည်။

"ဒါ... ဒါ ဘယ်လို အငွေ့အသက်မျိုးလဲ"

"ဘုရားရေ... အနံ့လေး ရှူလိုက်ရုံနဲ့တင် အဆင့်တက်သွားတော့မလို ခံစားရတယ်"

ရောက်ရှိနေသော ကျင့်ကြံသူအများစုမှာ အင်မော်တယ်ဓာတ်စွမ်းအင်များကို မသိကြပေ။

အကျော်အမော်အချို့သာ ရိပ်မိကြပြီး အံ့အားသင့်သွားကြသည်။

"ကျုပ်... ကျုပ် တကယ်ပဲ အဆင့်တက်သွားပြီ"

ရုတ်တရက်၊ အသံတစ်သံ ထွက်လာသည်။

ကျင့်ကြံသူတစ်ဦးမှာ အင်မော်တယ်ဓာတ်စွမ်းအင်အချို့ကို ရှူရှိုက်မိသောကြောင့် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင် လေ့ကျင့်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် ခိုင်မာလှသော အတားအဆီးများက လျော့ရဲသွားသောကြောင့် အခွင့်အရေးကို ဆုပ်ကိုင်ကာ အဆင့်တက်သွားခြင်းပင်။

"ကျုပ်လည်း အဆင့်တက်သွားပြီ"

အခြားကျင့်ကြံသူတစ်ဦးကလည်း အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

"ဒါက ဒဏ္ဍာရီလာ အင်မော်တယ်ဓာတ်စွမ်းအင်... အင်မော်တယ်တွေ ကျင့်ကြံတဲ့ စွမ်းအင်ပဲ"

ဧကရာဇ်တစ်ပိုင်းအချို့ပင် တုန်လှုပ်စွာ ပြောလိုက်ကြ၏။

"ဘာ... အင်မော်တယ်ဓာတ်စွမ်းအင်လား"

"နတ်ဘုရားသားတော်က ဒါကို စေ့စပ်လက်ဆောင်အဖြစ် တကယ်ပဲ ထုတ်ပေးလိုက်တာလား"

"အဲဒါကို တန်ဖိုးနည်းတယ်လို့ ပြောတယ်ပေါ့"

"ကြွားလိုက်ပါဘိကွာ"

ရောက်ရှိနေသူအားလုံးမှာ အမူအရာအမျိုးမျိုး ပြောင်းလဲသွားကြသည်။

"ဒါက တကယ့်ကို ကြွယ်ဝတဲ့ အင်မော်တယ်ဓာတ်စွမ်းအင်တွေပဲ"

အင်အားစုကြီးများမှ ကျွမ်းကျင်သူအချို့ပင်လျှင် အလွန်မနာလို ဖြစ်သွားကြသည်။

သူတို့ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တိုင်းက အင်မော်တယ်ဓာတ်စွမ်းအင်များကို သိမ်းပိုက်ရန် တိုက်တွန်းနေသကဲ့သို့ပင်။

သို့သော်လည်း သွေးလေချောက်ချား၍ မှောက်မှားနေသူ မဟုတ်သရွေ့ ၎င်းကို လုယူရန်မှာ လုံးဝ မဖြစ်နိုင်ပါ။

"နတ်ဘုရားသားတော် အရှင်... ရှင့်မှာ ဇနီးသည် လိုနေသေးလား"

"အရှင်... အိပ်ရာကို နွေးထွေးစေဖို့ မိန်းကလေးတွေ မလိုတော့ဘူးလားလို့"

"ကျွန်မကတော့ နတ်ဘုရားသားတော်ရဲ့ အိမ်မွေးသားရဲလေးပဲ ဖြစ်ရဖြစ်ရပါ"

မူလက အားကျနေကြသော ဘုရင်မများ၊ မင်းသမီးများ၊ သန့်စင်သော သမီးတော်များနှင့် နတ်သမီးများမှာ...

ယခုအခါ စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိကာ အော်ဟစ်နေကြပြီ ဖြစ်သည်။

သူတို့က ကျန်းစန်းယီတို့၏ နေရာတွင် အစားထိုးဝင်ရောက်ကာ ကျွင်းရှောင်ယောက်၏ ဇနီးဖြစ်လာရန် မစောင့်နိုင်တော့ပေ။

ထို့ထက်ပို၍ အမျိုးသားတစ်ဦးပင် ထရပ်လာခဲ့သည်။

"နတ်ဘုရားသားတော် အရှင်... ကျွန်တော့်ကို တစ်ချက်လောက် ကြည့်လှည့်ပါလား။ ကျွန်တော့်ခန္ဓာကိုယ်မှာ အပိုပါနေတဲ့ အစိတ်အပိုင်းအချို့ ရှိပေမဲ့ အဲဒါတွေကို ဖြတ်ပစ်လို့ ရပါတယ်"

ဟုတ်သည်၊ ၎င်းက သာမန်အော်လိုက်ခြင်းဖြစ်သော်လည်း အင်မော်တယ်ဓာတ်စွမ်းအင်၏ ဆွဲဆောင်မှုကိုတော့ မည်သည့်ကျင့်ကြံသူမှ မတွန်းလှန်နိုင်ပေ။

ကျန်းစန်းယီ၏ လှပသော မျက်ဝန်းလေးများပင် တုန်လှုပ်သွားရသည်။

၎င်းမှာ အလွန်ရှားပါးသော အရာဖြစ်ကြောင်း သူ သိ၏။

ထို့ပြင် ၎င်းက ကျွင်းရှောင်ယောက်အတွက်လည်း ကြီးမားသော အကျိုးသက်ရောက်မှု ရှိသင့်သည်။

သူက အလိုလို ငြင်းပယ်ရန် ဟန်ပြင်လိုက်သော်လည်း ကျွင်းရှောင်ယောက်၏ ကြည်လင်သော အကြည့်များကို မြင်သောအခါ ခေါင်းကို ညင်သာစွာ ညိတ်လိုက်လေသည်။

၎င်းမှာ ကျွင်းရှောင်ယောက်၏ စေတနာဖြစ်ပြီး သူမအနေဖြင့် လက်ခံသင့်သည်။

"ကျေးဇူးတင်ပါတယ် ကိုကိုရှောင်ယောက်"

ကျန်းလော့လီကတော့ အားနာမနေပေ။

"အခေါ်အဝေါ်က မပြောင်းသင့်ဘူးလား"

ကျွင်းရှောင်ယောက်က တစ်ချက်ပြုံးပြီး မျက်ခုံးပင့်လိုက်သည်။

"ဟွန့်... တကယ် လက်ထပ်တဲ့အခါမှ ပြောင်းခေါ်မှာပါနော်။ အဲဒါမှ ပိုပြီး အဓိပ္ပာယ်ရှိမှာပေါ့"

ကျန်းလျော့လီက လျှာလေးထုတ်ပြပြီး ပြောလိုက်သည်။ သူက ဤသို့သော အခမ်းအနားနှင့် ပတ်သက်သော ခံစားချက်ကို အလွန်အလေးထား၏။

ကျွင်းရှောင်ယောက်လည်း ပြုံးရုံသာ ပြုံးပြလိုက်ပြီး စိတ်ထဲမထားတော့ပေ။

တစ်ဖက်မှာတော့ ရောက်ရှိနေသူ အားလုံးမှာ ကျွင်းရှောင်ယောက်ကြောင့် တုန်လှုပ်နေကြရသည်။

ကျွင်းရှောင်ယောက်က အင်မော်တယ်ဓာတ်စွမ်းအင်ကို တောင်းရမ်းလက်ဆောင်အဖြစ် သုံးနိုင်ခြင်းက သူ၏ လက်ထဲတွင် အင်မော်တယ်ဓာတ်စွမ်းအင်များ လုံးဝ မရှားပါးကြောင်း သက်သေပြနေသည် မဟုတ်လော။

၎င်းက ကျွင်းမိသားစုနှင့် မိတ်ဆွေကောင်းဖြစ်ရန် သူတို့၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေသည်။

ကျန်းမိသားစုဝင် အားလုံးမှာလည်း ကျေနပ်အားရစွာ ရယ်မောနေကြတော့သည်။

ကျန်းစန်းယီနှင့် ကျန်းလော့လီတို့ကို အင်မော်တယ်သွေးကြောဖြင့် တောင်းရမ်းခြင်းက ကျန်းမိသားစု တစ်ခုလုံးအတွက်ပါ ဂုဏ်ယူစရာ ဖြစ်သည်။

အခြေအနေမှာ ပျော်ရွှင်ကြည်နူးစရာ ကောင်းလေသည်။

ထိုသို့ သဟဇာတဖြစ်နေမှုအတွင်းဝယ်...

ဝေးလံသော နေရာမှ အသံသဲ့သဲ့တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ညီ‌ေနာင်ကျွင်းရဲ့ ဒီနေ့ စေ့စပ်ပွဲကို ဒီဧကရာဇ်ငယ်ကို ဘာလို့ ဖိတ်မကြားရတာလဲ"

ထိုအသံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဝေးလံသော နေရာမှ ပုံရိပ်တစ်ခု ပေါ်လာ၏။

သူ၏ ရွှေရောင်ဆံနွယ်ရှည်များမှာ လွင့်ပျံ့နေပြီး၊ နက်ရှိုင်းသော ငွေရောင်မျက်ဝန်းများနှင့် ထည်ဝါလှသော ကိုယ်ဟန်‌အနေအထားမှာ နဂါးနှင့် ကျားကဲ့သို့ဖြစ်ပြီး ကမ္ဘာပေါ်တွင် အနှိုင်းမဲ့လှသည်။

ထိုသူက တိဟောက်ထျန်းမှတပါး အခြား မဟုတ်ပေ။

"ဒါက တိဟောက်ထျန်းပဲ"

"အင်မော်တယ်ခုံရုံးက တကယ် ရောက်လာပြီ"

"တိဟောက်ထျန်းက ဘာလာလုပ်တာလဲ။ ပွဲဖျက်ချင်လို့လား"

"ဒါပေမဲ့ တိဟောက်ထျန်းရဲ့ အငွေ့အသက်က အရင်ကထက် အများကြီး ပိုအားကောင်းလာသလို ခံစားရတယ်။ဒါက နတ်ဘုရား ဒါမှမဟုတ် နတ်ဆိုးတစ်ပါးလိုပဲ"

တိဟောက်ထျန်း ပေါ်လာခြင်းက ပရိသတ်အားလုံးကို တုန်လှုပ်သွားစေသည်မှာ သေချာသည်။

သို့သော်လည်း အချို့ကတော့ မျှော်လင့်ထားပြီးသားပင်။

ထိုစဉ်က မေ့ပျောက်ခြင်းတိုင်းပြည် အပြင်ဘက်ဝယ် ကျွင်းရှောင်ယောက်နှင့် တိဟောက်ထျန်းတို့၏ တိုက်ပွဲက အင်မော်တယ်နယ်မြေကြီးရှိ လူငယ်မျိုးဆက် ပါရမီရှင်များအကြား အမြင့်ဆုံးတိုက်ပွဲဟု ခေါ်ဆိုနိုင်ခဲ့သည်။

သို့သော်လည်း ထိုအချိန်က တိဟောက်ထျန်းမှာ အရှုံးကြီး ရှုံးနိမ့်မှုနှင့် အဆုံးသတ်ခဲ့သည်။

ထို့ကြောင့် လူအများမှာ တိဟောက်ထျန်းက ဤနေရာသို့ လာရောက်ရမည်ဟု ခံစားခဲ့ရသည်။

"မင်းကို ဖိတ်ဖို့လား။ စိတ်မကောင်းပါဘူး၊ ငါ မေ့သွားတယ်"

ကျွင်းရှောင်ယောက်က အေးအေးလူလူပင် ဆိုလိုက်သည်။

သူက အရှုံးသမားများအပေါ် ဘယ်သောအခါမှ ဂရုမစိုက်ခဲ့ပေ။

တိဟောက်ထျန်းက ဒေါသထွက်ဟန်မပြဘဲ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"နှမြောစရာပဲ၊ မင်းက ငါ့ကို မေ့နေပေမဲ့ ငါကတော့ မင်းကို အမြဲ အမှတ်ရနေပါတယ်။ မေ့ပျောက်ခြင်းတိုင်းပြည်အပြင်ဘက်မှာ မင်းလက်ထဲ ရှုံးနိမ့်ခဲ့ရတဲ့ အရှက်ရမှုကို ဒီဧကရာဇ်ငယ် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"

တိဟောက်ထျန်းက တည်ငြိမ်သော လေသံဖြင့် ဆိုသည်။

"ဒါဆို မင်းက ပွဲလာဖျက်တာလား"

ကျွင်းရှောင်ယောက်က ခေါင်းကို စောင်းငဲ့ကြည့်လိုက်၏။

ကျွင်းမိသားစု၏ တောင်တံခါးရှေ့တွင် ပွဲလာဖျက်ခြင်းမှာ...

ထိုသူက အင်မော်တယ်ခုံရုံး၏ ရှေးဧကရာဇ်ငယ် ဖြစ်နျလျှင်ပင် အနည်းငယ် ရယ်စရာကောင်းမနေဘူးလား။

"အဆုံးသတ်မတိုင်ခင်မှာ မင်းနဲ့ တစ်ခေါက်လောက် ယှဉ်ပြိုင်ချင်ရုံပါ။ ဘာလို့လဲဆိုတော့ အနာဂတ်မှာ... ငါတို့တွေ ပြန်ဆုံဖို့ မရှိနိုင်တော့ဘူးလေ"

တိဟောက်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဪ"

ကျွင်းရှောင်ယောက်၏ မျက်ဝန်းများက နက်ရှိုင်းသွားသည်။

ယခင်က ပုလော့ရွယ်သည် တိဟောက်ထျန်းက အင်မော်တယ်ကျောက်ချပ်ပြား အပိုင်းအစအားလုံးကို စုဆောင်းမိသွားပြီဟု လျှို့ဝှက် သတင်းပို့ထားဖူးသည်။

ယခုအချိန်တွင် တိဟောက်ထျန်း၏ အငွေ့အသက်နှင့် ကျင့်ကြံမှုက ပိုမိုအားကောင်းလာခြင်းမှာ သူ၏ 'အဘိုးကြီး' နှင့် မကင်းနိုင်ပေ။

တိဟောက်ထျန်းက သူ၏ ယုံကြည်မှုများကို အပြည့်အဝ ပြန်လည်ရရှိသွားပုံရသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ချိုသာကြည်လင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"တိဟောက်ထျန်း... ဒီမင်းသမီးက ရှင့်ကို ရှောင်ယောက်ရဲ့ စေ့စပ်ပွဲကို ဖျက်ဆီးခွင့် မပေးနိုင်ဘူး"

ဝေးကွာသောအရပ် ကောင်းကင်ယံမှ ရထားလုံးတစ်စီးက ကောင်းကင်ကို ဖြတ်ကျော်ကာ ရောက်ရှိလာသည်။

ရုပ်ရည်ချင်း ရှစ်ဆယ်ရာခိုင်နှုန်းခန့် ဆင်တူသော အနှိုင်းမဲ့ အလှနတ်သမီးနှစ်ဦး တစ်ပြိုင်နက်တည်း ပေါ်လာခဲ့၏။

သူတို့မှာ ယွမ်ချယ်နှင့် လင်ယွမ်တို့ပင် ဖြစ်တော့သည်။

All Chapters