အခန်း ၁၅၀၆
Vol. 104 Ch. 1506
အခန်း (၁၅၀၆) ယနေ့ခေတ်၏ ပါရမီရှင်များ။
ကောင်းကင်ယံမှာ ပန်းပွင့်များက မိုးရွာသွန်းသကဲ့သို့ ကျဆင်းလာပြီး နတ်သံစဉ်များ ပျံ့လွင့်နေသည်။
ယွမ်ချယ်နှင့် လင်ယွမ်တို့ မိန်းကလေးနှစ်ဦးက တစ်ပြိုင်နက်တည်း ပေါ်လာခဲ့၏။
သူတို့နှစ်ဦးမှာ ရုပ်ရည်ချင်း ဆင်တူသော်လည်း အရှိန်အဝါကတော့ မတူပေ။
လင်ယွမ်က သွယ်လျပြီး ကိုယ်လုံးကိုယ်ပေါက် အချိုးအစားကျကာ အဆင့်အတန်းမြင့်မားသော ခံစားချက်ကို ပေးစွမ်းသည်။
ယွမ်ချယ်မှာမူ အိုမင်းခြင်းမရှိဘဲ အပြစ်ဆိုဖွယ်မရှိသော မျက်နှာပိုင်ရှင်ဖြစ်ပြီး မွေးရာပါ မြင့်မြတ်သော အရှိန်အဝါမျိုး ရှိလေသည်။
ဤအမျိုးသမီးနှစ်ဦးကို ထိပ်တန်းအလှနတ်သမီးများဟု ခေါ်ဆိုနိုင်သည်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံး ပေါ်ထွက်လာခြင်းမှာ အမှန်တကယ်ပင် စွဲမက်ဖွယ် ကောင်းလှ၏။
ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင် ကျန်းစန်းယီနှင့် ကျန်းလော့လီတို့ ရှိနေကြပေသည်။
ထိုအမျိုးသမီးလေးဦးတို့မှာ တစ်ဦးနှင့်တစ်ဦး အလှချင်းပြိုင်နေကြသဖြင့် ကမ္ဘာကြီးမှာပင် အရောင်မှိန်သွားသကဲ့သို့ ဖြစ်ရသည်။
"ဒီခရီးက အလကားမဖြစ်ဘူးပဲ၊ တကယ်ကို မျက်စိပဒေသာ ဖြစ်ရတယ်"
ရောက်ရှိနေသော ဧည့်သည်တော်များစွာက သက်ပြင်းချရင်း ဆိုလိုက်ကြသည်။
"မင်းသမီး ယွမ်ချယ်"
တိဟောင်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။
ယွမ်ချယ်က ပေါ်လာပြီး သူ့ကို တားဆီးလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရောက်ရှိနေသူ အားလုံးလည်း အံ့အားသင့်သွားကြသည်။
ယွမ်ချယ်က ကျွင်းရှောင်ယောက်ကို နှစ်သက်နေသည် မဟုတ်ပါလား။
သူသည် ကျွင်းရှောင်ယောက်သာ သူမကို လက်ထပ်မည်ဆိုလျှင် အင်မော်တယ်ခုံရုံး၏ အရှင်သခင်သစ် ဖြစ်လာနိုင်သည်ဟုပင် ပြောဆိုခဲ့ဖူးသည်။
ရလဒ်အနေဖြင့်၊ ယခုအခါ ယွမ်ချယ်က ဤစေ့စပ်ပွဲကို ကာကွယ်ရန် ကြိုးစားနေခြင်းမှာ အမှန်တကယ် မျှော်လင့်မထားသော ကိစ္စပင်။
ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။
ယွမ်ချယ်သာ လာခဲ့မည်ဆိုလျှင် ယခင်က ဧကရာဇ်ခုံရုံး၏ စားပွဲသောက်ပွဲတွင်ကဲ့သို့ ကျန်းစန်းယီနှင့် အားပြိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူက စေ့စပ်ပွဲကို ကာကွယ်ပေးသူအဖြစ် ရောက်ရှိလာခဲ့ခြင်းပင်။
"မင်းသမီး ယွမ်ချယ်၊ မင်းက ကျွင်းရှောင်ယောက်ကို မကြိုက်ဘူးလား"
တိဟောင်ထျန်းက အေးစက်စွာ မေးမြန်းလိုက်သည်။
သူသည် ယခင်က ယွမ်ချယ်ကို သိမ်းသွင်းရန် စီစဉ်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရပေသည်။
ယွမ်ချယ်က ကျွင်းရှောင်ယောက်ကို ချစ်သွားခဲ့သည်။
ထို့ကြောင့် ယခု ကျွင်းရှောင်ယောက်က စေ့စပ်တော့မည်ဖြစ်ရာ ယွမ်ချယ်အနေဖြင့် ၎င်းကို တားဆီးသင့်ပေသည်။
ယွမ်ချယ်က တောက်ပသော မျက်ဝန်းများဖြင့် အနည်းငယ် ပြုံးပြလိုက်သည်။
"ကျွန်မ ရှောင်ယောက်ကို ကြိုက်တယ်၊ ဒါပေမဲ့ ဒါက စေ့စပ်ပွဲနဲ့ မဆိုင်ပါဘူး။ ဒီမင်းသမီးက ရှောင်ယောက်ရဲ့ မင်္ဂလာပွဲကို ဘယ်သူ့ကိုမှ ဖျက်ဆီးခွင့် မပြုနိုင်ဘူး"
မင်းသမီး ယွမ်ချယ်၏ အသံမှာ တိုးညင်းသော်လည်း ရောက်ရှိနေသော လူများစွာမှာ စိတ်ထဲမှ သက်ပြင်းချမိကြသည်။
လှပပြီး အဆင့်အတန်းမြင့်မားသလောက် ဤကဲ့သို့သော သဘောထားကြီးမှုမျိုး ရှိနေသည်။
"မမစန်းယီ... သူက ဘယ်သူလဲ"
သူမထက် မနိမ့်ကျသော အလှတရားကို ပိုင်ဆိုင်သည့် အမျိုးသမီးတစ်ဦးက ကျွင်းရှောင်ယောက်ကို ကြိုက်သည်ဟု လူပုံအလယ်တွင် ပြောလိုက်ပေရာ ကျန်းလော့လီ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။
သဝန်တိုစိတ်များ ပြန်လည် ပေါ်ပေါက်လာ၏။
သူသည် ယခင်က ကောင်းကင်ကိုးပါးတွင် ရှိနေခဲ့သဖြင့် ယွမ်ချယ်အကြောင်းကို ဘာမှ မသိရှိခဲ့ချေ။
ကျန်းစန်းယီက ပြုံးလျက် အကျဉ်းချုပ် ပြောပြလိုက်သည်။
သို့သော်လည်း သူသည် ကျွင်းရှောင်ယောက်က မည်သူ့ကိုမျှ ဤမင်္ဂလာပွဲအား ဖျက်ဆီးခွင့်မပေးဘဲ ကိုင်တွယ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ထားပေသည်။
တိဟောင်ထျန်းက အပြောင်းအလဲမရှိသော အမူအရာဖြင့် ပြောလိုက်သည်။
"ကျုပ်ဒီကိုလာတာက စေ့စပ်ပွဲကို ဖျက်ဆီးဖို့ မဟုတ်ဘူး၊ သူ့နဲ့ စကားပြောဖို့ လာတာပါ"
"ဘာပဲဖြစ်ဖြစ်... ဒီနေ့ခေတ်ရဲ့ အသန်မာဆုံး သူရဲကောင်းဆိုလို့ ကျွင်းရှောင်ယောက်နဲ့ တိဟောင်ထျန်းပဲ ရှိတာ မဟုတ်လား"
တိဟောက်ထျန်းက သူ၏ အင်္ကျီလက်စကို ခါယမ်းလိုက်သည်။ သူ့အရှိန်အဝါမှာ တည်ငြိမ်လှ၏။
စကားတစ်ခွန်းတည်းဖြင့်ပင် ကမ္ဘာကြီး ပြောင်းလဲသွားပြီး လေပြင်းများ ရုတ်တရက် တိုက်ခတ်လာတော့သည်။
သူ့စကား၏ အဓိပ္ပာယ်မှာ ယနေ့ ကမ္ဘာပေါ်တွင် သူနှင့် ကျွင်းရှောင်ယောက်နှစ်ဦးတည်းသာ အထူးချွန်ဆုံးဟူသည့် အဓိပ္ပာယ်ပင်။
ဤသည်မှာ မည်မျှကြီးမားသော မာနနှင့် ထောင်လွှားမှုမျိုး ဖြစ်သနည်း။
သို့သော်လည်း ဤကဲ့သို့သော မာနမျိုးမှာ စိတ်အနှောင့်အယှက် မဖြစ်စေဘဲ ပါရမီရှင်အချင်းချင်း အသိအမှတ်ပြုသည့် ခံစားချက်မျိုးကိုပင် ပေးစွမ်းနေပေသည်။
"ဪ"
ကျွင်းရှောင်ယောက်က တိဟောင်ထျန်းကို မမျှော်လင့်ထားသော အကြည့်မျိုးဖြင့် တစ်ချက် ကြည့်လိုက်သည်။
ပြင်းထန်သော ရှုံးနိမ့်မှုတစ်ခုက တိဟောက်ထျန်း၏ အတွေးအခေါ်နှင့် စိတ်အခြေအနေကို ပို၍ပင် မြင့်မားသွားစေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူက တိဟောက်ထျန်းကို လျှော့တွက်မိခဲ့ကြောင်း ဝန်ခံလိုက်ရသည်။
"တိဟောကိထျန်းက... တကယ်ကို အင်မော်တယ်ခုံရုံးက မျိုးဆက်တစ်ခုရဲ့ ဧကရာဇ်ငယ် ဖြစ်ထိုက်ပါပေတယ်။ ဒီလေသံက တော်တော်မြင့်တယ်"
ရောက်ရှိနေသော အင်အားစုများစွာမှာ အံ့အားသင့်နေကြရသည်။
သို့သော် ထိုအခိုက်တွင် အေးစက်သော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
"တိဟောက်ထျန်း... မင်းပြောတာ မှားနေပြီ၊ ရေတွင်းထဲက ဖားသူငယ်ဟာ သမုဒ္ဒရာကြီး ဘယ်လောက်ကျယ်တယ်ဆိုတာ မသိဘူးပဲ"
"ဘယ်သူလဲကွ"
တိဟောက်ထျန်း၏ ရွှေရောင်ဆံပင်များ လှုပ်ခတ်သွားသည်။
သူ၏ ငွေရောင်မျက်ဝန်းများအတွင်းမှ နတ်အလင်းတန်းများ ဖြာထွက်လာ၏။
သူပြောတာက မှားနေလို့လား။
ယနေ့ခေတ် အင်မော်တယ်နယ်မြေကြီးကို ကြည့်မည်ဆိုလျှင် ကျွင်းရှောင်ယောက်မှလွဲ၍ သူ၏မျက်လုံးထဲသို့ မည်သူ ဝင်နိုင်ဦးမည်နည်း။
"ဟားဟားဟား..."
လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။
ဝေးကွာသော ကောင်းကင်ယံတွင် အပြာရောင်အလင်းတန်းများ မြင့်တက်လာပြီး အကန့်အသတ် အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။
အပြာရောင်အလင်းများကြားတွင် ပုံရိပ်ရှစ်ခု ရှိနေကြ၏။
အားကောင်းလှသော ထိုအရှိန်အဝါကြောင့် ကမ္ဘာကြီးမှာ လှုပ်ခတ်သွားရပြီး တိမ်တိုက်များပင် လွင့်စင်သွားရတော့သည်။
"ဘယ်သူတွေ ရောက်လာတာလဲ"
"အဲဒီအရှိန်အဝါက... စန်းမျိုးနွယ်စုပဲလား"
"ဟုတ်တယ်၊ အဲဒါက စန်းမျိုးနွယ်စုပဲ။ ပြီးခဲ့တဲ့ ဧကရာဇ်ခုံရုံးရဲ့ စားပွဲသောက်ပွဲမှာ စန်းမျိုးနွယ်စုက ကောင်းကင်သားတော်ကျိုးထျန်း ပေါ်လာခဲ့ဖူးတယ်"
"ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ကျိုးထျန်းက ပုံရိပ်ယောင်နဲ့ပဲ ပေါ်လာတာလေ။ အခုတော့ ခန္ဓာကိုယ်အစစ်နဲ့ လာလိမ့်မယ်လို့ မထင်ထားဘူး"
"ပြီးတော့ ရှစ်ယောက်လုံး တစ်ပြိုင်နက် ပေါ်လာတာပဲ"
"ဒါနဲ့ အလယ်က တစ်ယောက်က ဘယ်သူလဲ...၊ သူ့ကို ကစဉ့်ကလျားစွမ်းအင်တွေက ရစ်ပတ်နေတယ်"
အံ့အားသင့်စွာ ပြောဆိုသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
လျှို့ဝှက်ဆန်းပြားသော စန်းမျိုးနွယ်စုမှ ကောင်းကင်သားတော်ရှစ်ပါးသည် ဤအခိုက်အတန့်တွင် တစ်ပြိုင်နက်တည်း ပေါ်လာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ထို့ထက် ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ...
အလယ်တွင်ရှိသော ပုံရိပ်၏ အရှိန်အဝါမှာ သူ၏ဘေးပတ်လည်မှ အခြားသူများထက် သာလွန်နေခြင်းပင် ဖြစ်သည်။
"ဒါက ကစဉ့်ကလျားတံခါးမှာ အိပ်စက်နေတဲ့ မွေးရာပါ ကစဉ့်ကလျားခန္ဓာ ပိုင်ရှင်လား"
"ဟုတ်တယ်၊ ဒါက သေချာပေါက် ကစဉ့်ကလျားခန္ဓာရဲ့ အရှိန်အဝါပဲ"
"အဲဒီ ကစဉ့်ကလျားခန္ဓာက စန်းမျိုးနွယ်စုရဲ့ ကောင်းကင်သားတော်ရှစ်ပါးထဲက တစ်ယောက် ဖြစ်နေတယ်တဲ့လား"
ကစဉ့်ကလျားခန္ဓာပိုင်ရှင် ဖေးထျန်း၏ အထောက်အထားကို သိလိုက်ရသောအခါ အားလုံးမှာ တုန်လှုပ်သွားကြရသည်။
၎င်းမှာ စစ်မှန်သော ကစဉ့်ကလျားခန္ဓာ ဖြစ်ပြီး ခေတ်တစ်ခုတွင် တစ်ဦး ပေါ်ထွက်လာရန် ခဲယဉ်းလှပေသည်။
ရလဒ်အနေဖြင့် ဤကစဉ့်ကလျားခန္ဓာက စန်းမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
စန်းမျိုးနွယ်စုတွင် ဤမျှ နက်ရှိုင်းသော နောက်ခံအကြောင်းတရားများ ရှိနေသည်မှာ မထူးဆန်းတော့ချေ။
နောက်အခိုက်တွင်၊ ရောက်ရှိနေသူ အားလုံးမှာ တစ်စုံတစ်ခုကို ချက်ချင်း စဉ်းစားမိလိုက်ကြသည်။
ကျွင်းရှောင်ယောက်တွင်လည်း ကစဉ့်ကလျားခန္ဓာ တစ်ခု ရှိနေသည် မဟုတ်လော။
၎င်းမှာ အဇူရာဧကရာဇ်နှင့် ရင်းမြစ်တစ်ခုတည်းမှ ဆင်းသက်လာသော ကစဉ့်ကလျားခန္ဓာပင် ဖြစ်သည်။
အကယ်၍ ၎င်းသည် မွေးရာပါ ကစဉ့်ကလျားခန္ဓာနှင့် ထိပ်တိုက်တွေ့မည်ဆိုပါက မည်ကဲ့သို့သော တိုက်ပွဲမျိုး ဖြစ်ပေါ်လာမည်နည်း။
"မင်းက မွေးရာပါ ကစဉ့်ကလျားခန္ဓာ ပိုင်ရှင်လား"
ကျွင်းရှောင်ယောက်က ဖေးထျန်းကို ကြည့်လိုက်သည်။
ကောင်းကင်သားတော်ရှစ်ပါးအနက် ကျိုးထျန်း အပါအဝင် ကျန်ရှိသော သူများကို သူ လုံးဝ ဂရုမစိုက်ချေ။
ဤကစဉ့်ကလျားခန္ဓာ ဖေးထျန်း တစ်ဦးတည်းကိုသာ သူ အံ့အားသင့်စွာဖြင့် တစ်ချက် ထပ်ကြည့်လိုက်ခြင်း ဖြစ်သည်။
ထိုကစဉ့်ကလျား အရှိန်အဝါမှာ အလွန်ပင် သန့်စင်လှသဖြင့် စစ်မှန်သော မွေးရာပါ ကစဉ့်ကလျားခန္ဓာ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
"မွေးရာပါ ကစဉ့်ကလျားခန္ဓာ"
တိဟောက်ထျန်းမှာလည်း အံ့အားသင့်သွားရသည်။
ကစဉ့်ကလျားတံခါးတွင် အိပ်စက်နေသော ကစဉ့်ကလျားခန္ဓာပိုင်ရှင်မှာ ယခုအချိန်တွင် နိုးထလာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
"တိဟောက်ထျန်း... မင်းက ဒီနေ့ခေတ် ထူးချွန်သူဆိုလို့ မင်းနဲ့ ကျွင်းရှောင်ယောက်ပဲ ရှိတယ်လို့ ပြောခဲ့တယ်နော်။ ငါ အဲဒါကို ကြားရတာ သိပ်သဘောမကျဘူး"
ကစဉ့်ကလျားခန္ဓာ ဖေးထျန်းမှာ ကောင်းကင်သားတော်ရှစ်ပါးအနက် တစ်ဦး ဖြစ်သည်။
ကျန်ရှိသော သူများမှာ ကောင်းကင်သားတော် ကျိုးထျန်း၊ ယွမ်ထျန်း၊ ရွှီထျန်း၊ ကျွင်းထျန်း၊ ချင်းထျန်း၊ ကျစ်ထျန်းနှင့် ပါ့ထျန်းတို့ ဖြစ်ကြသည်။
သူတို့ တစ်ဦးချင်းစီမှာ အလွန်ပင် အစွမ်းထက်ပြီး ကြောက်စရာကောင်း၏။
အားလုံးက ကောင်းကင်သရဖူကို ပိုင်ဆိုင်ထားကြပြီး ဧကရာဇ်ဖြစ်လာရန် ကံပါလာသူများ ဖြစ်ကြသည်ဟု ဆိုနိုင်ပေသည်။
"မွေးရာပါ ကစဉ့်ကလျားခန္ဓာက နေရာတစ်ခု ရယူဖို့ အရည်အချင်း ရှိတာတော့ မှန်ပါတယ်၊ ဒါပေမဲ့... ကစဉ့်ကလျားခန္ဓာ ရှိရုံနဲ့တော့ အနိုင်မရနိုင်သေးဘူး"
တိဟောက်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
အားလုံးမှာ ခေတ္တမျှ ဆွံ့အသွားကြ၏။
ဤ တိဟောက်ထျန်းက ကစဉ့်ကလျားခန္ဓာကိုပင် အထင်သေးနေခြင်း ဖြစ်မည်လော။
"ဪ... အဲဒါဆိုရင် မင်းက စမ်းကြည့်ချင်လို့လား"
ကစဉ့်ကလျားခန္ဓာက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ၏မျက်ဝန်းအတွင်း၌ ကစဉ့်ကလျားစွမ်းအင်များ စီးဆင်းသွားပြီး အလွန်နက်ရှိုင်းသော စကြဝဠာဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရ၏။
"ဒီနေ့မှာ ငါက ကျွင်းရှောင်ယောက်အတွက် လာခဲ့တာပါ"
တိဟောက်ထျန်းက ခပ်အေးအေးပင် ဆိုလိုက်သည်။
"ငါလည်း အတူတူပဲ"
ကစဉ့်ကလျားခန္ဓာ ဖေးထျန်းက ပြောသည်။
ရောက်ရှိနေသူ အားလုံးမှာ ကြောင်အသွားကြရသည်။
ဤသူများကြားရှိ ပတ်သက်မှုမှာ အနည်းငယ် ရှုပ်ထွေးနေပေသည်။
တိဟောက်ထျန်းက ကျွင်းရှောင်ယောက်ထံမှ သူ၏ဂုဏ်သိက္ခာကို ပြန်ယူလိုနေပြီး ကစဉ့်ကလျားခန္ဓာကလည်း ကျွင်းရှောင်ယောက်ကို ရင်ဆိုင်လိုနေသည်။
သို့သော်လည်း တိဟောက်ထျန်းနှင့် ကစဉ့်ကလျားခန္ဓာ နှစ်ဦးစလုံးမှာမူ တစ်ဦးနှင့်တစ်ဦး မိမိထက် နိမ့်ကျသည်ဟု ယူဆနေကြပြန်သည်။
ဤပတ်သက်မှုမှာ အမှန်တကယ် ရှုပ်ထွေးလှပေသည်။
ယခုအခါ အားပြိုင်မှုများကြောင့် ပရိသတ်များကြားရှိ လေထုမှာလည်း တင်းမာလာပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်၊ တိဟောက်ထျန်းနှင့် ကစဉ့်ကလျားခန္ဓာ ဖေးထျန်း....
ဤကဲ့သို့သော ပါရမီရှင်မျိုးမှာ တစ်ဦးရှိလျှင်ပင် ခေတ်တစ်ခုကို ဦးဆောင်သွားရန် လုံလောက်သည်။
ရလဒ်အနေဖြင့် ယခုအခါ သူတို့အားလုံးကို တစ်နေရာတည်းတွင် မြင်တွေ့နေရပြီ။
ဤသည်မှာ စစ်မှန်သော ပါရမီရှင်များ၏ အားပြိုင်မှုဖြစ်ပြီး ဤရွှေခေတ်အတွက် မကြုံစဖူးသော တောက်ပသည့် အရောင်အသွေးကို ထပ်မံဖြည့်စွက်ပေးလိုက်သကဲ့သို့ ဖြစ်နေတော့သည်။