← Chapters

အခန်း ၁၅၀၈

Vol. 104 Ch. 1508

အခန်း ၁၅၀၈

Vol. 104 Ch. 1508

အခန်း (၁၅၀၈) ကျွင်းမိသားစုကို ရန်စပြီးနောက် ပါးရိုက်ခံရခြင်း။

ကစဉ့်ကလျားခန္ဓာပိုင်ရှင် ဖေးထျန်းက မလှုပ်မယှက် တည်ငြိမ်စွာ ရပ်တန့်နေပြီး ကျန်ရှိသော လူခုနစ်ဦးနှင့်အတူ ပါဝင်တိုက်ခိုက်ခြင်း မပြုပေ။

သူသည် ကောင်းကင်သားတော်ရှစ်ပါးအနက် ရှစ်ယောက်မြောက်သားတော်ဖြစ်ပြီး အစွမ်းအထက်ဆုံးသော ကောင်းကင်သားတော်လည်း ဖြစ်သည်။

ထို့ပြင်၊ သူ ယနေ့ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်က ကျွင်းရှောင်ယောက်အတွက်သာ ဖြစ်ပြီး အခြားအကြောင်းရင်း မရှိချေ။

ကြီးမြတ်သော ကမ္ဘာကြီးတွင် လမ်းပြဦးဆောင်မည့် ကစဉ့်ကလျားခန္ဓာမှာ တစ်ဦးတည်းသာ ရှိသင့်သည်။

သူက ကစဉ့်ကလျားခန္ဓာ၏ ဂုဏ်သိက္ခာကို ကျွင်းရှောင်ယောက်နှင့်အတူ ခွဲဝေပိုင်ဆိုင်ရန် အလိုမရှိပေ။

ဖေးထျန်းက လောလောဆယ်တွင် လှုပ်ရှားခြင်းမပြုသေးဘဲ တိုက်ပွဲအခြေအနေကိုသာ ကြည့်နေသည်။

ကျွင်းမိသားစု၏ သူရဲကောင်းသုံးဦးနှင့် စန်းမျိုးနွယ်စုမှ ကောင်းကင်သားတော်ခုနစ်ဦးတို့၏ ပထမအကြိမ် တိုက်ပွဲ...

လူဦးရေအရ ကြည့်မည်ဆိုလျှင် စန်းမျိုးနွယ်စုမှ ကောင်းကင်သားတော်များက အသာစီးရနေသည်ဟု ထင်ရသည်။

သို့သော်လည်း တစ်ခါတစ်ရံတွင် အရေအတွက်က အရာခပ်သိမ်း မဟုတ်ချေ။

ဥပမာအားဖြင့် ကျွင်းရှောင်ယောက်...

သူတစ်ဦးတည်း၏ အစွမ်းအစဖြင့် ကောင်းကင်သားတော်ရှစ်ပါးလုံးကို ကိုင်တွယ်နိုင်ပေသည်။

ကျွင်းရှောင်ယောက်၏ ရှေ့မှောက်တွင် လူအရေအတွက်မှာ အဓိပ္ပာယ်မရှိပေ။

ကောင်းကင်ယံရှိ တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်သည်။

စန်းမျိုးနွယ်စု၏ ကောင်းကင်သားတော် ခုနစ်ဦးတို့က နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်လိုက်ကြရာ ကောင်းကင်နှင့်မြေပြင် တုန်ခါသွားပြီး အပြာရောင်အလင်းတန်းများ ပျံ့နှံ့သွား၏။

၎င်းမှာ အရာခပ်သိမ်းကို စီရင်ချက်ချမည့် နတ်ဘုရားကိုယ်တိုင် ဆင်းသက်လာသကဲ့သို့ပင်။

သို့ရာတွင်၊ ကျွင်းမိသားစု၏ သူရဲကောင်းသုံးဦးမှာလည်း လျှော့တွက်၍မရပါ။

ကျွင်းလုံခန်း၏ နှစ်သွယ်မျက်လုံးက ကောင်းကင်ယံကို ကွဲထွက်သွားစေနိုင်သည်။

သူ၏ ဘယ်ဘက်မျက်လုံးအတွင်းမှ ဖျက်ဆီးခြင်းဆိုင်ရာ အနက်ရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ညာဘက်မျက်လုံးအတွင်း၌မူ တောက်ပသော နတ်ဘုရားအလင်းတန်းများ ရှိနေကြ၏။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ ယင်နှင့်ယန်၊ အလင်းနှင့် အမှောင်...

ကောင်းကင်နှင့် မြေပြင်ကို ယင်နှင့်ယန်အဖြစ် ပိုင်းခြားထားပြီး သူ၏ မျက်ဝန်းများမှာ ပျက်စီးခြင်းအသွင် ဖြစ်နေတော့သည်။

ခဏချင်းတွင် ကမ္ဘာကြီးက ကျွင်းလုံခန်း၏ မျက်လုံးများကြောင့် နှစ်ခြမ်းကွဲသွားသကဲ့သို့ ထင်မှတ်ရသည်။

သူက ရှေ့သို့ လှမ်းတက်လိုက်ရာ မျက်ဝန်းနှစ်ထပ်ဖြင့် နတ်ဘုရားဘုရင်တစ်ပါး လောကသို့ ဆင်းသက်လာသကဲ့သို့ပင် ဖြစ်ပြီး ကောင်းကင်သားတော် ပါ့ထျန်းကို ဖိနှိပ်လိုက်တော့သည်။

"ဝုန်း"

ကောင်းကင်သားတော် ပါ့ထျန်းက ကျွင်းလုံခန်း၏ တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်စဥ်သွားရသည်။

"စစ်မြေပြင်က အမူးသမား... ရှေးခေတ်ကတည်းက လူဘယ်နှယောက်က ငါ့ကို တိုက်ခိုက်နိုင်လို့လဲ"

ကျွင်းမော့ရှောင်က ဧကရာဇ်ခန္ဓာကို လှုံ့ဆော်လိုက်သည်။ တောက်ပသော ဧကရာဇ်အရှိန်အဝါများ ပေါ်ထွက်လာပြီး နိယာမအရိပ်အယောင်များ ပျံ့နှံ့သွား၏။

နတ်ဘုရားထီးကို လှံရှည်တစ်လက်အဖြစ် ပြောင်းလဲစေပြီး တိုက်ခိုက်လိုက်ရာ ပြင်းထန်သော တိုက်ခိုက်လိုစိတ်နှင့် လွှမ်းမိုးနိုင်သော ဖိအားများရှိသည့် ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။

တစ်ဖက်တွင်မူ၊ ကျွင်းပေါင်လီက ထူးခြားမှုမရှိသကဲ့သို့ သူ၏အရှိန်အဝါမှာလည်း သာမန်ကာလျှံကာသာ ဖြစ်သည်။

သူက ရိုးရိုးရှင်းရှင်း လက်ဝါးရိုက်ချက် ရိုက်ချလိုက်၏။

သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် ရိုးရှင်းသည်။

၎င်းက အလှဆင်မှုများ မရှိသော်လည်း ထာဝရဧကရာဇ်တစ်ပါး ဆင်းသက်လာသကဲ့သို့ အရှိန်အဝါမျိုးကို ပေးစွမ်းပေသည်။

"ဝုန်း... ဝုန်း... ဝုန်း"

တိုက်ပွဲက အလွန်ပြင်းထန်သည်။

သို့သော်လည်း ဧည့်သည်များကို အံ့အားသင့်စေသည်မှာ...

စန်းမျိုးနွယ်စုမှ ကောင်းကင်သားတော် ခုနစ်ဦးတို့သည် ကျွင်းမိသားစု၏ ပါရမီရှင်သုံးဦးကို မနှိမ်နင်းနိုင်ခြင်းပင်။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့က ဖိနှိပ်ခြင်းပင် ခံနေခဲ့ရသည်။

ဒါက လူတိုင်းကို အမှန်တကယ် အံ့အားသင့်စေခဲ့ပေသည်။

နောက်ဆုံးမှာတော့ သူတို့၏ မျက်လုံးထဲတွင် ရေအောက်၌ ပုန်းကွယ်နေသော စန်းမျိုးနွယ်စုဆိုသည်မှာ လျှို့ဝှက်ဆန်းပြားမှုနှင့် အင်အားကြီးမားမှု၏ ပြယုဂ်ဖြစ်သည်။

ကောင်းကင်သားတော်ရှစ်ပါးသည်လည်း မျိုးဆက်သစ်လူငယ်များထဲတွင် အသန်မာဆုံး ဖြစ်သင့်ပေသည်။

ရလဒ်အနေဖြင့် ယခုအခါ ကောင်းကင်သားတော်ရှစ်ပါးအနက် ခုနစ်ဦးမှာ ကျွင်းမိသားစု၏ ပါရမီရှင်သုံးဦး၏ ဖိနှိပ်ခြင်းကို ခံနေရချေပြီ။

ဤသည်မှာ လူများစွာကို အံ့အားသင့်စေခဲ့သည်။

"ဒါက..."

ကစဉ့်ကလျားခန္ဓာပိုင်ရှင် ဖေးထျန်း၏ မျက်ဝန်းများမှာလည်း ထူးဆန်းသော အရိပ်ရောင်တစ်ခု ပေါ်ထွက်လာသည်။

သူသည် ကျွင်းမိသားစုတွင် ကျွင်းရှောင်ယောက်တစ်ဦးတည်းသာ ရှိသည်ဟု ထင်မှတ်ထားခဲ့သဖြင့် သူတို့ကို တစ်ချက်ကြည့်ရုံသာ ကြည့်ခဲ့သည်။

ရလဒ်အနေဖြင့် ယခုအခါ သူ၏မျက်လုံးထဲသို့ ဝင်လာနိုင်သော ပါရမီရှင်မှာ တစ်ဦးထက်မက ရှိနေချေပြီ။

"မင်းတို့တွေ ရဲတင်းလှချည်လား။ ငါတို့ စန်းမျိုးနွယ်စုရဲ့ ကောင်းကင်သားတော်တွေက ကောင်းကင်ရဲ့ ကောင်းချီးပေးခြင်းကို ခံထားရပြီး ကောင်းကင်သရဖူကို ပိုင်ဆိုင်ထားကြတာ... ငါတို့က တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာဖို့ ကံပါလာပြီးသားသူတွေပဲ"

ကျိုးထျန်းနှင့် အခြားသူများက အလွန်ပင် ရှက်ရွံ့လာပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

သူတို့က ယနေ့ ဤနေရာသို့ လာရခြင်းမှာ ကျွင်းရှောင်ယောက်နှင့် ကျွင်းမိသားစု၏ ပါရမီရှင်များကို ဖိနှိပ်ရန် ဖြစ်သည်။

သို့သော်လည်း ယခုမူ ကျွင်းရှောင်ယောက်ကို မဆိုထားဘိ၊

ကျွင်းလုံခန်းနှင့် အခြားသူများသည်ပင် သူတို့ကို ဤကဲ့သို့ ဖြစ်အောင် လုပ်နိုင်နေချေပြီ။

"ကောင်းကင်သရဖူရှိမှ ဧကရာဇ်ဖြစ်နိုင်တယ်ဆိုရင် ဒါက မင်းတို့အားလုံးဟာ အမှိုက်တွေ ဖြစ်နေတယ်ဆိုတာကို သက်သေပြနေတာ မဟုတ်ဘူးလား"

ကျွင်းလုံခနိးက လှောင်ပြောင်လိုက်သည်။

အမှန်တကယ် စွမ်းအားကြီးသူများက တာအိုကို မိမိဘာသာ သက်သေပြနိုင်သည်။

ကောင်းကင်ဘုံ၏ လက်ဆောင်ကို မလိုအပ်ချေ။

"အမှန်ပဲ၊ ငါတို့ရဲ့ ရှေးဘိုးဘေးဆိုရင် ကောင်းကင်ရဲ့ လက်ဆောင်ကို စွန့်လွှတ်ပြီး ကိုယ့်လမ်းကိုယ် လျှောက်လှမ်းခဲ့တာ"

"အဲဒါနဲ့ ယှဉ်ရင် မင်းတို့က ကောင်းကင်ရဲ့ အချစ်တော်တွေလို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်နေကြပေမဲ့ တကယ်တော့ မင်းတို့က ကောင်းကင်ရဲ့ အစေခံတွေထက် မပိုပါဘူး"

‌ကျွင်းမော့ရှောင်ကလည်း ပြောလိုက်သည်။

"မင်းတို့... ငါတို့ စန်းမျိုးနွယ်စုနဲ့ ကောင်းကင်ကို စော်ကားရဲတယ်ပေါ့"

ကျိုးထျန်းနှင့် အခြားသူများ စိတ်မထိန်းနိုင်တော့ချေ။

ယနေ့ သူတို့ ဤနေရာသို့ လာရခြင်းမှာ ကျွင်းမိသားစုကို အရှက်ရစေရန် ဖြစ်သည်။

ယခုမူ တကူးတက လာရောက်၍ လေးဘက်ထောက်ပြီး ဆီပုလင်းပါ ထိုးပေးထားမိသကဲ့သို့ ဖြစ်နေပြီ။

"ဝုန်း"

နောက်အခိုက်တွင်၊ ကျိုးထျန်းနှင့် အခြားသူများက ကောင်းကင်သရဖူကို ထုတ်ဖော်လိုက်ကြသည်။

ကောင်းကင်သရဖူသည် ဖရိုဖရဲ မည်သည့်အရောင်မှ မရှိသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် အရောင်အမျိုးမျိုးကို စုစည်းထားသကဲ့သို့လည်း ထင်ရသည်။

အမျိုးမျိုးသော ရွန်းများ၊ နိယာမများနှင့် နိယာမသံကွင်းဆက်ကြိုးများက ၎င်းအပေါ်တွင် ယှက်နွယ်နေပြီး အမြင့်မြတ်ဆုံးသော သရဖူတစ်ခုအဖြစ် ပုံပေါ်နေခြင်းပင်။

ကောင်းကင်သရဖူကို မြင်သောအခါ ရောက်ရှိနေသော ကျင့်ကြံသူများစွာမှာ မနာလိုဖြစ်စွာ ကြည့်လိုက်မိကြသည်။

ကောင်းကင်သရဖူကို ရရှိပါက အနာဂတ်တွင် ဧကရာဇ်ဖြစ်ရန် သတ်မှတ်ပြီးသား ဖြစ်လိမ့်မည်။

ဤသည်မှာ ကောင်းကင်၏ အဖိုးတန်ဆုံးသော လက်ဆောင်ဟု ဆိုနိုင်သည်။

ဤအရာကို ကျွင်းလုံခန်း အခြားသူများက မနှစ်သက်ခြင်းမှာ သူတို့က မိမိအစွမ်းဖြင့် ဧကရာဇ်ဖြစ်လာစေရန် လုပ်နိုင်သောကြောင့်ပင်။

သို့သော်လည်း ဤကဲ့သို့သော မကောင်းဆိုးရွား ပါရမီရှင်မျိုးက မည်မျှရှိသနည်း။

အများစုမှာ သာမန်လူများသာ ဖြစ်ကြသည်။

ထို့ကြောင့် ကောင်းကင်သရဖူသည် ရောက်ရှိနေသော ကျင့်ကြံသူ အများစုအတွက် အလွန်ပင် ဆွဲဆောင်မှုရှိပေသည်။

သို့ရာတွင်... အချိန်များ ကုန်လွန်လာသည့်တိုင် ကောင်းကင်သရဖူကို ထုတ်ဖော်ထားသော ကျိုးထျန်းနှင့် အခြားသူများက ကျွင်းလုံခန်းနှင့် အခြားသူများကို မဖိနှိပ်နိုင်ကြချေ။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ သူတို့မှာ စန်းမျိုးနွယ်၏ ကောင်းကင်သားတော်များ ဖြစ်ကြသဖြင့် မည်မျှပင် အားနည်းသည်ဆိုစေကာမူ လုံးဝ ပျော့ညံ့နေခြင်းမျိုးတော့ မဟုတ်ပါ။

သူတို့က အသာစီးမရသော်လည်း အနည်းဆုံးတော့ သွေးသံတရဲရဲဖြစ်သည်အထိ အရှက်မရကြသေးပေ။

အလွန်ဆုံး သူတို့၏ မျက်နှာပျက်ရရုံသာ ရှိသည်။

"တော်ပြီ၊ ပြန်လာခဲ့ကြတော့"

ဖေးထျန်း မျက်မှောင်ကြုတ်လိုက်သည်။

သူက ဆက်ကြည့်မနေနိုင်တော့ချေ။

ယခုထက် ပိုကြာသွားပါက စန်းမျိုးနွယ်စုအတွက် အရှက်ရစရာသာ ဖြစ်လိမ့်မည်။

ကျိုးထျန်းနှင့် အခြားသူများ၏ မျက်နှာမှာ မည်းမှောင်သွားကြသည်။

သူတို့က မကျေမနပ်နှင့် နောက်သို့ ဆုတ်ခွာသွားကြ၏။

သူတို့၏ဘေးပတ်လည်တွင် တိတ်ဆိတ်သော်လည်း ထူးဆန်းသော အကြည့်များစွာကို ခံစားနေရသဖြင့် သူတို့မှာ ဆူးခင်းသော လမ်းထက်တွင် လျှောက်နေရသကဲ့သို့ပင် ခံစားနေရတော့သည်။

"ကျွင်းရှောင်ယောက်... ငါတို့ရဲ့ ဒီနေ့ပစ်မှတ်က မင်းပဲ"

"မင်းက အဇူရာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရထားပြီး အဆင့်မြင့် ကစဉ့်ကလျားခန္ဓာ အတုအယောင်ကိုလည်း ပိုင်ဆိုင်ထားတယ်လို့ ငါကြားမိတယ်၊ ငါတို့ တစ်ချက်လောက် စမ်းကြည့်ရအောင်လား"

ဖေးထျန်း ရှေ့သို့ လှမ်းတက်လိုက်သည်။

သူ့ဘေးပတ်လည်တွင် အပြာရောင်အလင်းတန်းများ မြင့်တက်လာပြီး ကစဉ့်ကလျားစွမ်းအင်များ ပျံ့နှံ့သွား၏။

ကောင်းကင်၏ စွမ်းအားနှင့် ကစဉ့်ကလျားစွမ်းအားတို့မှာ သူ့ကိုယ်တွင်း၌ အကောင်းဆုံး ပေါင်းစပ်နေသကဲ့သို့ပင်။

သူ၏ နက်ရှိုင်းသော အရှိန်အဝါမှာ အခြားသော ကောင်းကင်သားတော် ခုနစ်ဦးထက် များစွာ သာလွန်ပေသည်။

သူက ကောင်းကင်သားတော်ရှစ်ပါးအနက် အသန်မာဆုံးသော တည်ရှိမှုတစ်ခု ဖြစ်ထိုက်သည်။

"အဆင့်မြင့် ကစဉ့်ကလျားခန္ဓာ အတုအယောင်လား။ မင်းက အဇူရာဧကရာဇ်ကို အထင်သေးနေတာလား"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဤစကား ထွက်လာသည်နှင့် ဖေးထျန်းသည် သူ၏ဘေးပတ်လည်မှ အကြည့်များမှာ ထူးဆန်းပြီး မဖော်ရွေသည့် ပုံစံမျိုး ဖြစ်သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

အဇူရာဧကရာဇ်သည် တစ်ခါက နယ်စပ်ရှိ အက်ကြောင်းကို သူ၏ခန္ဓာကိုယ်ဖြင့် ပိတ်ဆို့ခဲ့ပြီး ရှန်းရွှီကမ္ဘာကြီးကို ဖန်တီးခဲ့ပေသည်။

သူသည် အင်မော်တယ်နယ်မြေကြီးရှိ သက်ရှိအပေါင်းတို့ လေးစားရသော သူရဲကောင်းတစ်ဦး ဖြစ်သည်ဟု ဆိုနိုင်သည်။

ဖေးထျန်း၏စကားက အဇူရာဧကရာဇ်သည်လည်း အဆင့်မြင့် ကစဉ့်ကလျားခန္ဓာ အတုအယောင်သာ ဖြစ်သည်ဟု ဆိုလိုက်ခြင်းပင်။

ဤသည်မှာ သူရဲကောင်းတစ်ဦးအပေါ် အမှန်တကယ်ပင် စော်ကားမော်ကား ပြုမူလိုက်ခြင်းမျိုး ဖြစ်သည်။

သူ၏ အဆင့်အတန်းက မည်မျှပင် မြင့်မားပြီး အခြေအနေက ထူးခြားသည်ဖြစ်စေ...

လူအများ၏ ဒေါသကို ဆွပေးမိပါက နာမည်ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားမည်ဖြစ်ပြီး ကံကြမ္မာကိုပင် ထိခိုက်စေနိုင်ပေသည်။

"ဟမ့်... ငါက စကားအသုံးအနှုန်း မှားသွားလို့ပါ"

"ဒါပေမဲ့ မင်းရဲ့ ကစဉ့်ကလျားကြာပန်းစိမ်းခန္ဓာက ပိုသန်မာသလား၊ ဒါမှမဟုတ် ငါ့ရဲ့ မွေးရာပါ ကစဉ့်ကလျားခန္ဓာက ပိုသန်မာသလားဆိုတာကို ငါ အမှန်တကယ် သိချင်မိတယ်"

ဖေးထျန်းက ပြောလိုက်သည်။

ထိုအခိုက်တွင် သာယာသော ငွေခေါင်းလောင်းသံကဲ့သို့ အသံလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ချမ်ရွှယ်က နင့်ကို ဖေဖေရဲ့ စေ့စပ်ပွဲကို နှောင့်ယှက်ခွင့် မပြုနိုင်ဘူး"

သေးသွယ်သော ပုံရိပ်လေးတစ်ခုက ခုန်ထွက်လာ၏။

တောက်ပသော ငွေရောင်ဆံပင်များနှင့် အသားအရေက ပန်းနုရောင်သမ်းနေကာ ကြွေရုပ်လေးကဲ့သို့ ချစ်စရာကောင်းလှသည်။

၎င်းမှာ ရှောင်ချမ်ရွှယ်ပင်။

"ဟမ်"

ဖေးထျန်းက အေးစက်စွာ ကြည့်လိုက်သည်။

ကလေးမလေး တစ်ယောက်က သူ့ကို တားဆီးရဲတယ်လား။

ဖေးထျန်းက တစ်ချက်ကြည့်လိုက်သည်။

သူ၏မျက်လုံးများမှာ ကစဉ့်ကလျား အငွေ့အသက်များ စီးဆင်းသွားပြီး တုန်လှုပ်ဖွယ်ရာ ဖိအားများကို သယ်ဆောင်ထား၏။

သို့သော်လည်း... ရှောင်ချမ်ရွှယ်က မကြောက်ရွံ့ဘဲ ဖေးထျန်းကို ပြန်ကြည့်လိုက်သည်။

ထိုအခိုက်တွင်...

ဖေးထျန်း၏ အသိစိတ်မှာ မိုးကြိုးပစ်ခွင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားရသည်။

သူသည် တောင်များနှင့် မြစ်များ ပျက်စီးနေပြီး ကြယ်များ ကြွေကျနေခြင်း... ဧကရာဇ်များ ငိုကြွေးမြည်တမ်းနေကြသည့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသကဲ့သို့ ရှိသည်။

"ဝုန်း..."

ဖေးထျန်း၏ ပုံရိပ်က ရုတ်တရက် နောက်သို့ ဆုတ်ခွာသွားရပြီး သူ၏မျက်နှာမှာလည်း ဖြူဖျော့သွားတော့သည်။

"ဒါက..."

ဧည့်သည်တော်အားလုံး အံ့ဩသွားကြသည်။

အရှိန်အဝါကြီးသော ကစဉ့်ကလျားခန္ဓာပိုင်ရှင်က ငယ်ရွယ်သော လိုလီလေးကို အမှန်တကယ် ကြောက်ရွံ့သွားသလော။

All Chapters