← Chapters

အခန်း ၁၅၀၉

Vol. 104 Ch. 1509

အခန်း ၁၅၀၉

Vol. 104 Ch. 1509

အခန်း ( ၁၅၀၉ ) တိုက်ခိုက်ရန် နှစ်ဦးသာ အရည်အချင်းရှိသည်။

ဤမြင်ကွင်းက ကြည့်ရသည်မှာ အဓိပ္ပာယ်မရှိသလို အနည်းငယ်ပင် ရယ်ချင်စရာ ကောင်းနေသည်။

တစ်ဦးက ခေတ်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည့် ကစဥ့်ကလျားခန္ဓာ ပိုင်ရှင်ဖြစ်သည်။

နောက်တစ်ဦးကမူ မည်သည့်အန္တရာယ်မှ ပေးနိုင်ပုံမရသည့် ချစ်စဖွယ် လိုလီမလေးတစ်ဦး ဖြစ်၏။

ရလဒ်အနေဖြင့် ဤမြင်ကွင်း ပေါ်ထွက်လာခြင်းက လူအများအတွက် ရယ်စရာဖြစ်ခဲ့ပေသည်။

"ချမ်ရွှယ်... နောက်ဆုတ်လိုက်ပါ"

ကျွင်းရှောင်ယောက်က ပြုံးလျက် လှမ်းခေါ်လိုက်သည်။

ရှောင်ချမ်ရွယ်လည်း ဖေးထျန်းကို ပြောင်ပြလိုက်ပြီးနောက် ကျွင်းရှောင်ယောက်၏ နောက်ကွယ်သို့ ပြန်ပြေးဝင်သွားလေသည်။

"သူက... ဘာလဲ"

ဖေးထျန်း သတိပြန်ဝင်လာချိန်တွင် သူ၏ ကျောပြင်တစ်ခုလုံးမှာ ချွေးစေးများဖြင့် စိုရွှဲအေးစက်နေသည်ကို သတိပြုမိလိုက်သည်။

"ဖေးထျန်း... ဘယ်လိုဖြစ်တာလဲ"

ကျိုးထျန်းနှင့် အခြားသူများလည်း အလွန်ပင် အံ့အားသင့်သွားကြသည်။

"အဲဒီကောင်မလေးက နည်းနည်း ထူးဆန်းတယ်"

ဖေးထျန်းက ရှောင်ချမ်ရွယ်ကို နောက်တစ်ကြိမ် ပြန်ကြည့်ရန်ပင် မဝံ့ရဲတော့ချေ။

"ကဲပါ၊ မင်းတို့ ဒီကို လာတဲ့ ရည်ရွယ်ချက်ကို ငါသိတယ်။ ဒါက ကျွင်းမိသားစုကို သိက္ခာချဖို့ပဲ မဟုတ်လား"

"တကယ်တော့ ငါ့အနေနဲ့ ဒါကို ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ စေ့စပ်ပွဲပဲလေ။ ပျော်စရာကောင်းအောင် လာဖျော်ဖြေပေးတဲ့ လူပြက်တွေရှိတာလည်း မဆိုးပါဘူး"

ကျွင်းရှောင်ယောက်က ပြုံးလျက် ပြောလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ"

ဖေးထျန်း၏ မျက်နှာမှာ အေးစက်သွားသည်။

ရောက်ရှိနေသူများစွာသည်လည်း ဤစကားကို ကြားသောအခါ အသက်ပြင်းပြင်းရှူလိုက်ကြ၏။

စန်းမျိုးနွယ်၏ အစွမ်းထက်ဆုံး ကောင်းကင်သားတော်၊ ကျော်ကြားလှသည့် ကစဉ့်ကလျားခန္ဓာပိုင်ရှင်ကို 'လူပြက်' ဟု ခေါ်ဝံ့သူမှာ... တစ်လောကလုံးတွင် ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ ဤအရည်အချင်းနှင့် သတ္တိ ရှိလိမ့်မည်။

"ငါက မင်းတို့ကို စေ့စပ်ပွဲမှာ အရောင်တင်ပေးဖို့ အခွင့်အရေး ပေးလိုက်ပါမယ်။ ဒါက ဧည့်သည်တွေကို ဖျော်ဖြေရာလည်း ရောက်တာပေါ့"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဒါဆိုရင်လည်း မင်းလာခဲ့ပါ"

ဖေးထျန်းက လေးနက်သော လေသံဖြင့် ဆိုကာ ရှေ့သို့ လှမ်းတက်လိုက်၏။

သူက ကျွင်းရှောင်ယောက်ကို လူပရိသတ်အပေါင်းတို့၏ ရှေ့မှောက်တွင် ကိုယ်တိုင် နှိမ်နင်းပြီး သူ၏ နာမည်ကို တည်ဆောက်လိုသည်။

"မင်း သေချာ မကြားလိုက်ဘူး ထင်တယ်။ ငါပြောတာက... မင်းတို့ 'အားလုံး'ကို ပြောတာ"

ကျွင်းရှောင်ယောက်က တိဟောက်ထျန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"ဟမ်၊ ကျွင်းရှောင်ယောက်... မင်း..."

တိဟောက်ထျန်း၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။

"ဟုတ်တယ်... မင်းတို့ နှစ်ယောက်ပေါင်းရင်တောင် ငါနဲ့ ယှဉ်တိုက်ဖို့ အရည်အချင်း ပြည့်ရုံရှိတာ"

ကျွင်းရှောင်ယောက်က သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့အမူအရာက မောက်မာသည်ဟုပင် ခေါ်၍မရဘဲ ပုံမှန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် တစ်လောကလုံး တိတ်ဆိတ်သွားရသည်။

တိဟောက်ထျန်းဖြစ်စေ၊ ကစဉ့်ကလျားခန္ဓာဖြစ်စေ...

မည်သူမဆိုမှာ ခေတ်တစ်ခုကို စိုးမိုးနိုင်သည့် တည်ရှိမှုများ ဖြစ်သည်။

ကျွင်းရှောင်ယောက်ကမူ သူတို့ နှစ်ယောက်လုံးကို တစ်ပြိုင်နက် ရင်ဆိုင်လိုနေသည့်အပြင် အတင်းအဓမ္မ ကြွားဝါနေခြင်းမျိုး မဟုတ်ဘဲ အလွန် သဘာဝကျကျ ပြောဆိုနေသေးသည်။

"ကျွင်းရှောင်ယောက်... မင်း ဒါက ငါ့ကို စော်ကားတာပဲ"

တိဟောက်ထျန်း၏ မျက်ဝန်းများမှာ ခက်ထန်မှုတို့ ပေါ်လာသည်။

သူ၏ လက်ရှိ ခွန်အားမှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။

"ဒါက အထင်သေးတာ မဟုတ်ပါဘူး၊ အမှန်တရားပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

"ဟားဟားဟား... ကောင်းပြီလေ၊ ကျွင်းရှောင်ယောက်... မင်းက အဲဒီလို ဖြစ်ချင်တယ်ဆိုရင်လည်း လာခဲ့စမ်း"

တိဟောက်ထျန်း နောက်ထပ် စကားအများကြီး မပြောလိုတော့ပေ။

သူ၏ အစီအစဉ်က အမှန်တကယ်ပင် ပြည့်စုံစွာ အကောင်အထည်ဖော်ရန် ကံပါလာခဲ့ပြီးသားပင်။

ကျွင်းရှောင်ယောက်၏ စေ့စပ်ပွဲသို့ တက်ရောက်ရခြင်းမှာလည်း သူ၏ အတွင်းစိတ် နတ်ဆိုးများကို ရှင်းလင်းရန်သာ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တိဟောက်ထျန်းက ကျွင်းရှောင်ယောက်ထံသို့ ပြေးဝင်သွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

"အလို၊ တိဟောက်ထျန်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ အနီးကပ် တိုက်ခိုက်ရဲတယ်လား"

ရောက်ရှိနေသော ကျင့်ကြံသူအချို့မှာ အော်ဟစ်လိုက်မိသည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ရှေးခေတ်နှင့် ယနေ့ခေတ်တွင် အနှိုင်းမဲ့သလောက်ရှိပြီး လူငယ်မျိုးဆက်တွင် ပြိုင်ဘက်မရှိကြောင်း နောက်ထပ် ပြောနေစရာ မလိုတော့ပေ။

'ကြည့်ရတာ တစ်ခုခုတော့ တကယ်ရှိလာပုံရတယ်'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

တိဟောက်ထျန်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက မဆိုးသော်လည်း ၎င်းမှာ အခြားသူများနှင့် ယှဉ်မှသာ ဖြစ်သည်။

ကျွင်းရှောင်ယောက်နှင့် ယှဉ်လျှင်မူ အလွန်ပင် နုနယ်လှပေသည်။

"ဝုန်း"

သို့သော်လည်း အံ့ဩစရာကောင်းအောင် တိဟောက်ထျန်း၏ လက်သီးချက်က ဟင်းလင်းပြင်ကိုပင် ကွဲအက်သွားစေခဲ့သည်။

ရှေးဟောင်းတည်ရှိမှုကဲ့သို့ အရှိန်အဝါမျိုးနှင့် နတ်ဘုရားတစ်ပါး၏ စွမ်းအားမျိုးက သူ့ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာ၏။

ကျွင်းရှောင်ယောက်ကမူ ထူးထူးခြားခြား မလှုပ်ရှားဘဲ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လေပြင်းများနှင့် မိုးကြိုးသံများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်မှာ တုန်ခါသွားရတော့သည်။

"ဝုန်း"

ရှေးဟောင်း နတ်ဘုရားနှစ်ပါး တိုက်ခိုက်နေကြသကဲ့သို့ ကောင်းကင်နှင့် မြေပြင်က တုန်ခါသွားပြီး ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။

ဤတိုက်ခိုက်မှုတွင် ကျွင်းရှောင်ယောက်က သူ့ခွန်အားကို ထိန်းညှိထားသော်လည်း တိဟောက်ထျန်းမှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွား‌ရသေးသည်။

"ဘယ်လိုဖြစ်တာလဲ"

ကျင့်ကြံသူအချို့ အံ့အားသင့်သွားကြသည်။

တိဟောက်ထျန်းက နောက်ဆုတ်သွားရခြင်းကို အံ့သြခြင်း မဟုတ်ပါ။

တိဟောက်ထျန်းက ခြေလှမ်းအနည်းငယ်သာ နောက်ဆုတ်ရခြင်းကြောင့် အံ့သြခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ သာမန် လက်ဝါးရိုက်ချက်ပင် ဖြစ်စေကာမူ ဤမျှလောက်သာ မဖြစ်သင့်ပေ။

"ရှေးဟောင်း ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုလား"

ကျွင်းရှောင်ယောက်၏ မျက်ဝန်းအိမ်များ လှုပ်ရှားသွားသည်။

"ဒါက... ဒဏ္ဍာရီလာ ဟွင်းယွမ်နတ်ဆိုးနတ်ဘုရားခန္ဓာလား။ ဒါက ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ခန္ဓာကိုယ်ကျင့်စဉ် အမျိုးအစားတစ်ခုပဲ"

"ဒါပေမဲ့ ဟွင်းယွမ်နတ်ဆိုးနတ်ဘုရား အင်မော်တယ်ကျမ်းက ပျောက်ဆုံးသွားတာ ကြာလှပြီပဲ။ သူက ဘယ်လိုလုပ်ပြီး တတ်မြောက်နေတာလဲ"

ဗဟုသုတကြွယ်ဝသာ ရှေးဟောင်း မိသားစုကြီးတစ်ခုမှ ဧကရာဇ်တစ်ပိုင်းတစ်ဦးက အံ့အားသင့်စွာ ဆိုလိုက်သည်။

"ကောလဟာလတွေအရ ဟွင်းယွမ် နတ်ဆိုးနတ်ဘုရားခန္ဓာဆိုတာ မွေးရာပါ နတ်ဆိုးနတ်ဘုရားတွေ၊ ရှေးဦး ပျက်စီးခြင်းသက်ရှိတွေနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်လို့ ဆိုကြတယ်"

ရောက်ရှိနေသူအချို့လည်း သဘောပေါက်သွားကြသည်။

သို့သော်လည်း သူတို့တွင် သံသယ မရှိကြပါ။

အင်မော်တယ်ခုံရုံး၏ ရှေးဧကရာဇ်ငယ်တစ်ဦးအနေဖြင့် တိဟောက်ထျန်းတွင် အဖိုးတန် ရတနာအချို့ ရှိနေခြင်းမှာ ဖြစ်နိုင်သည့် ကိစ္စပင်။

သို့သော်လည်း ဤဟွင်းယွမ် နတ်ဆိုးနတ်ဘုရား အင်မော်တယ်ကျမ်းက အင်မော်တယ်ခုံရုံး၏ စုဆောင်းမှု မဟုတ်နိုင်ကြောင်း ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ သိသည်။

၎င်းမှာ တိဟောက်ထျန်း၏ ဘေးတွင် ရှိနေသော အဘိုးအိုက သင်ကြားပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"ကျွင်းရှောင်ယောက်... မင်း အံ့သြသွားပြီလား၊ ဒါက အစပဲ ရှိသေးတာ"

တိဟောက်ထျန်းက ပြုံးလိုက်သည်။

သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လောကနိယာမများစွာမှာ ပဲစေ့လေးများအလား စုစည်းသွားသည်။

နောက်ဆုံးတွင် ပြင်းထန်သော အရှိန်အဝါရှိသည့် ပုံရိပ်များ ပေါ်ထွက်လာ၏။

"ပဲစေ့တွေကို ကျဲဖြန့်ပြီး စစ်သည်တော်တွေအဖြစ် ပြောင်းလဲစေခြင်း... ဒါက နောက်ထပ် ရှေးဟောင်း စွမ်းရည်တစ်ခုပဲ"

ယခုမူ လူတိုင်း တကယ်ပင် အံ့အားသင့်သွားကြပြီ ဖြစ်သည်။

ဤနည်းလမ်းများကို တိဟောက်ထျန်းက ကျွင်းရှောင်ယောက်နှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်စဉ်မှာ အသုံးမပြုခဲ့ပေ။

မရေမတွက်နိုင်သော ပုံရိပ်များမှာ ကျွင်းရှောင်ယောက်ထံသို့ ပြေးဝင်သွားကြသည်။

ကျွင်းရှောင်ယောက်က အနည်းငယ် အံ့သြသွားသော်လည်း တည်ငြိမ်နေဆဲပင်။

သူက သူ့လက်ညှိုးကို ဓားအဖြစ် အသုံးပြုကာ ဓားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။

မဟာ‌ ဓားနတ်ဘုရားသိုင်း ငါးခု၏ စွမ်းအားက မရေမတွက်နိုင်သော ဓားရိပ်များအဖြစ် ကွဲထွက်သွားပြီး ထိုပုံရိပ်များကို ဖျက်ဆီးလိုက်၏။

တိဟောက်ထျန်းက မရပ်တန့်ဘဲ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာပြန်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု၏ အားနည်းချက်ကို ဖြည့်ဆည်းပြီးနောက် တိဟောက်ထျန်းက ကျွင်းရှောင်ယောက်ကို ယှဉ်ပြိုင်ရန် နောက်ဆုံးတွင် ယုံကြည်မှု ရှိလာခဲ့ပြီ။

သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်သော နဂါးဧကရာဇ်၏စွမ်းအင်ကို ထပ်မံ လှုံ့ဆော်လိုက်သည်။

တောက်ပသော ရွှေရောင်စွမ်းအင်များမှာ လက်သည်းငါးချောင်းဖြင့် ရွှေနဂါးကြီးအဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကို ပတ်ပတ်လည် ဝန်းရံလိုက်၏။

တစ်ချိန်တည်းမှာပင် ဟွင်းယွမ် နတ်ဆိုးနတ်ဘုရားခန္ဓာကိုလည်း လှုံ့ဆော်လိုက်တော့သည်။

ဝေဝါးဝါးဖြင့် ရှေးဟောင်း နတ်ဆိုးနတ်ဘုရားများ ပေါ်ထွက်လာပြီးနောက် သူ့အရှိန်အဝါက ရှေးကျပြီး အားကောင်းလှသည်။

စွမ်းအားနှစ်မျိုး၏ အကူအညီဖြင့် တိဟောက်ထျန်းက ကျွင်းရှောင်ယောက်ကို ထိပ်တိုက် ရင်ဆိုင်နိုင်လာခဲ့သည်။

အမှန်စင်စစ်တွင်၊ ၎င်းမှာ ကျွင်းရှောင်ယောက်က သူ့ခွန်အားကို အပြည့်အဝ မထုတ်သေးဘဲ သာမန် နည်းလမ်းများဖြင့်သာ တုံ့ပြန်နေသောကြောင့်လည်း ပါဝင်သည်။

တိဟောက်ထျန်းတွင် အခြား မည်သည့် နည်းလမ်းများ ရှိသေးသည်ကို သူ သိလို၏။

မျှော်လင့်ထားသည့်အတိုင်း တိဟောက်ထျန်းက နောက်ထပ် အံ့အားသင့်ဖွယ်ကောင်းသော စွမ်းရည်များကို ထုတ်ဖော်ပြသလာတော့သည်။

ဥပမာအားဖြင့် ပျံသန်းနဂါး ကျင့်စဉ်...

သွေးသန့်စင်သော နဂါးများပင်လျှင် ရှားပါးလှရာ ဤကဲ့သို့သော ပညာရပ်မျိုးက ပို၍ပင် ရှားပါးလှပေသည်။

ထို့ပြင် ကျိုယိုး နတ်ဘုရားစွမ်းရည်များလည်း ရှိသေးသည်။

၎င်းမှာ ကျိုယိုးမျိုးဆက်၏ မွေးရာပါ စွမ်းရည်ဖြစ်ပြီး အခြားသူများအား မသင်ကြားပေးသော စွမ်းရည်ဖြစ်သော်လည်း တိဟောက်ထျန်းက ထုတ်ဖော်ပြသနိုင်ခဲ့သည်။

လက်ရှိ တိဟောက်ထျန်းမှာ အမှန်တကယ်ပင် အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသူကဲ့သို့ ဖြစ်နေပြီး ယခင်နှင့် လုံးဝ မတူတော့ချေ။

သို့သော်လည်း ကျွင်းရှောင်ယောက်က တိဟောက်ထျန်း၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်မှာ မလှုပ်မယှက် တည်ငြိမ်နေဆဲပင်။

တိဟောက်ထျန်းက ဒါကို မြင်သောအခါ အနည်းငယ် မျက်ခုံးပင့်လိုက်သည်။

သူက နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်၏။

သူ၏ လက်ဝါးထဲတွင် စွမ်းအင်အားလုံးကို စုစည်းလိုက်သည်။

ထို့နောက် လေထဲတွင် ထူးခြား‌ပုံမရသော အမှတ်အသားတစ်ခု ပေါ်ထွက်လာ၏။

သို့သော်လည်း ၎င်းက ဆန်းကြယ်ကောင်းကင်အဓိပတိ၊ နတ်ဖန်ဆင်းခြင်းအဓိပတိနှင့် ပျက်စီးခြင်းတာအိုသခင်တို့ကိုပင် ကြောက်လန့်တုန်လှုပ်သွားစေနိုင်သည်။

ထိုအမှတ်အသားမှာ ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်သွားပုံရပြီး ကျွင်းရှောင်ယောက်ထံသို့ တိတ်တဆိတ် ကျဆင်းလာသည်။

သို့သော်လည်း စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်း၏။

ဤတိုက်ခိုက်မှုက ကောင်းကင်နှင့် မြေပြင်ကိုပင် ခွဲထုတ်နိုင်စွမ်း ရှိပုံရတော့သည်။

All Chapters