← Chapters

အခန်း ၁၅၁၁

Vol. 105 Ch. 1511

အခန်း ၁၅၁၁

Vol. 105 Ch. 1511

အခန်း (၁၅၁၁) နောက်ဆုံးမှာ ဘယ်သူက စစ်မှန်တဲ့ မွေးရာပါ ကစဉ့်ကလျားခန္ဓာလဲ။

ကစဉ့်ကလျားခန္ဓာ ဖေးထျန်းမှာ နောက်သို့ အဆက်မပြတ် လွင့်စင်သွားရတော့သည်။

သူ၏ ကစဉ့်ကလျားခေါင်းလောင်းထံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်တုန်ခါမှု စွမ်းအားတစ်ခု ပေါ်ထွက်လာပြီး ဟင်းလင်းပြင်သည်ပင် အက်ကွဲသွားလုနီးပါး ဖြစ်သွားရသည်။

ထို့ထက် အံ့အားသင့်စရာ အကောင်းဆုံးအချက်က သူ၏ ကစဉ့်ကလျားခေါင်းလောင်းထက်တွင် အက်ကြောင်းများပင် ထင်ကျန်ရစ်ခဲ့ခြင်းပင်။

ဤကစဉ့်ကလျားခေါင်းလောင်းမှာ အတုအယောင်မျှသာ ဖြစ်သော်လည်း...

အလွန်ပင် ခိုင်မာလှသည့် အင်မော်တယ်ရွှေများဖြင့် ရပြုလုပ်ထားခြင်းဖြစ်ရာ သာမန် ဧကရာဇ်လက်နက်များဖြင့်ပင် လွယ်လွယ်ကူကူ ချိုးဖျက်ရန် မဖြစ်နိုင်ချေ။

ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာက ဖေးထျန်းအား အသက်ရှူချိန်ပင် မပေးဘဲ ထပ်မံတိုက်ခိုက်လိုက်သည်။

ဖေးထျန်းက ဟိတ်ဟန်ထုတ်ရခြင်းကို အလွန်နှစ်သက်နေသောကြောင့် သူ့ကို မလှုပ်နိုင်အောင် ဖိနှိပ်ပေးလိုက်ရုံသာ ရှိပေတော့မည်။

ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာက သူ၏ ကစဉ့်ကလျား ရူပါရုံကို ထုတ်ဖော်လိုက်သည်။

အဆုံးမရှိသော ကစဉ့်ကလျားစွမ်းအင်များ ကောင်းကင်ယံသို့ ထိုးတက်သွား၏။

သူ၏ နောက်ကျောဘက်တွင် စကြဝဠာ၏ အစဦးပိုင်းသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ပျက်စီးခြင်း ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ထိုပျက်စီးခြင်း ဟင်းလင်းပြင်အတွင်း၌ စကြဝဠာ ဂလက်ဆီထက်ပင် ပိုမိုကြီးမားသော ရှေးဦးနတ်ဆိုးနတ်ဘုရားကြီးတစ်ပါး၏ ပုံရိပ်ကြီး ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ ရှေးအကျဆုံးသော နတ်ဆိုးနတ်ဘုရားများ ပြန်လည်နိုးထလာပြီး ကမ္ဘာကြီးကို ထမ်းပိုးလျက် ကနဦး ပျက်စီးခြင်းကို ခွဲထုတ်လိုက်သကဲ့သို့ပင်။

ထိုလှုပ်ရှားမှုမှာ အလွန်ပင် ပြင်းထန်လှသဖြင့် လူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေကာ ဝိညာဉ်ကိုပင် တုန်ခါသွားစေခဲ့သည်။

ကစဉ့်ကလျားခန္ဓာ၏ ရူပါရုံ၊ ကစဉ့်ကလျား ကောင်းကင်ကိုဖွင့်ခြင်း။

ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက အရာအားလုံး၏ မိခင်ချီ ဒယ်စောက်အိုး၏ အလွန်လေးလံသော အလေးချိန်နှင့်အတူ ဖေးထျန်းအား ဖိနှိပ်လိုက်၏။

ထိုမျှ ကြောက်စရာကောင်းသော ဖိအားအောက်တွင် အရာအားလုံးက ပျက်စီးသွားလုနီးပါး ဖြစ်နေတော့သည်။

"ဒါကို မင်း တစ်ယောက်တည်းပဲ တတ်တာလို့ မထင်နဲ့"

ကစဉ့်ကလျားခန္ဓာ ဖေးထျန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

သူကလည်း ကစဉ့်ကလျားခန္ဓာ၏ ရူပါရုံဖြစ်သော 'ကစဉ့်ကလျား ကောင်းကင်ကိုဖွင့်ခြင်း'ကိုပင် အသုံးပြုလိုက်၏။

ဤသည်မှာ ရောက်ရှိနေသော ဧည့်သည်တော်အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။

ကစဉ့်ကလျားခန္ဓာ နှစ်ခု၊ တူညီသော ရူပါရုံနှစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံနေကြပြီ။

၎င်းက မည်မျှ ထူးဆန်းသော မြင်ကွင်းမျိုး ဖြစ်သနည်း။

ကစဉ့်ကလျားခန္ဓာဆိုသည်မှာ ရှေးခေတ်ကာလများမှစ၍ အလွန်ပင် ရှားပါးလှပြီး၊ ခေတ်ပေါင်းများစွာ ကြာလျှင်ပင် တစ်ဦးပေါ်ထွက်ရန် ခဲယဉ်းသည်။

တစ်ဦးရှိလာလျှင်လည်း ထိုသူက အနှိုင်းမဲ့သူဖြစ်ပြီး ခေတ်တစ်ခုကို လွှမ်းမိုးနိုင်လိမ့်မည်။

ယခုကဲ့သို့ ရွှေခေတ်တွင်မူ ကစဉ့်ကလျားခန္ဓာ နှစ်ခု မွေးဖွားလာပြီး ထပ်တူညီသော ရူပါရုံများဖြင့် တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ဒါက အမှန်တကယ်ပင် ထူးဆန်းသည့် မြင်ကွင်း ဖြစ်ပေသည်။

"ဝုန်း"

ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာနှင့် ဖေးထျန်းတို့ တိုက်ခိုက်နေခြင်းမှာ နတ်ဆိုးနတ်ဘုရားကြီး နှစ်ပါး တိုက်ခိုက်နေသကဲ့သို့ပင်။

သို့သော် ထိုကဲ့သို့ တိုက်ခိုက်မှုအတွင်း၌...

ဖေးထျန်း အသုံးပြုထားသော ကစဉ့်ကလျားခေါင်းလောင်းထက်ရှိ အက်ကြောင်းများမှာ ပိုမိုများပြားလာသည်။

သူ၏ ခေါင်းလောင်းမှာ အင်မော်တယ်ရွှေများဖြင့် ရောစပ်ထားသော်လည်း အတုအယောင်မျှသာ ဖြစ်ပြီး၊ အင်မော်တယ်တစ်ပိုင်းလက်နက်ပင် မဟုတ်သေးချေ။

အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးမှာမူ ယခုအချိန်တွင် ဧကရာဇ်လက်နက် မဟုတ်သေးသော်လည်း ၎င်း၏ ခိုင်မာမှုနှင့် သန်မာမှုက သာမန် ဧကရာဇ်လက်နက်များထက်ပင် သာလွန်သည်။

နောက်ဆုံးတွင်၊ ၎င်းက စနစ်မှ ရရှိထားသောအရာ ဖြစ်သဖြင့် အရည်အသွေးမှာ အာမခံချက် ရှိပြီးသားဖြစ်သည်။

အတုအယောင် သို့မဟုတ် အရည်အသွေးညံ့ဖျင်းသောအရာ မဟုတ်သည်မှာ သေချာပေသည်။

ထို့ပြင် ကျွင်းရှောင်ယောက်က ထိုအိုးအတွင်းသို့ အင်မော်တယ်ရွှေများနှင့် ရှားပါးကျောက်မျက်များစွာကို ထည့်သွင်းထားရုံသာမက၊ မြင့်မြတ်ဝိညာဉ်မျိုးနွယ်စုများစွာကိုပင် ထည့်သွင်း၍ သန့်စင်ထားခဲ့သည်။

"ဒုန်း... ဝုန်း..."

ပြင်းထန်သော တိုက်ခိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ခဏအတွင်းမှာပင် ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာနှင့် ဖေးထျန်းတို့မှာ အကြိမ်ပေါင်း ရာနှင့်ချီ၍ တိုက်ခိုက်မိကြ၏။

နောက်ဆုံးတွင် ကျယ်လောင်သော အက်ကွဲသံကြီးနှင့်အတူ...

ဖေးထျန်း၏ ကစဉ့်ကလျားခေါင်းလောင်းက အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။

ကွဲအက်သွားသော အပိုင်းအစများက ဟင်းလင်းပြင်ကို ဖောက်ထွင်းလျက် အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်စဉ်သွားကြသည်။

ဖေးထျန်း၏ ပုံရိပ်က နောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်ခွာသွားရ၏။

သူ၏ ရင်ဘတ်မှာ တုန်ခါနေပြီး သွေးများပင် အန်ထွက်တော့မတတ် ဖြစ်သွားရတော့သည်။

ကျွင်းရှောင်ယောက်ကမူ မရပ်တန့်နေဘဲ ရှေ့သို့ လှမ်းတက်လိုက်ကာ ကစဉ့်ကလျားခန္ဓာ၏ ဒုတိယမြောက် ရူပါရုံကို ထပ်မံထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင်၊ ဟင်းလင်းပြင်အတွင်းရှိ ကစဉ့်ကလျားစွမ်းအင်များမှာ မြူနှင်းများကဲ့သို့ သိပ်သည်းသွားသည်။

ထို့နောက် နတ်သားရဲများစွာ၏ ပုံရိပ်များ ဖြစ်ပေါ်လာ၏။

မိုးပြာနဂါး၊ ကျားဖြူ၊ ဖီးနစ်၊ လိပ်နက်၊ ချီလင်၊ ခွန်ပန်...

ရှေးဦးကစဉ့်ကလျားမှ နိယာမလမ်းစဉ်ပေါင်းများစွာ ဆင်းသက်လာခြင်း ဖြစ်သည်။

ထိုနတ်သားရဲ တစ်‌ကောင်ချင်းစီက နိယာမလမ်းစဉ်တစ်ခုစီကဲ့သို့ ဖြစ်ပေသည်။

ဤသည်မှာ ကျွင်းရှောင်ယောက် တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း သူ၏ ကစဉ့်ကလျားခန္ဓာမှ ရရှိခဲ့သော ဒုတိယမြောက် ရူပါရုံ 'ဝိညာဉ်တစ်သောင်း'ပင် ဖြစ်သည်။

ဤရူပါရုံ ပေါ်ထွက်လာသည်နှင့် ကောင်းကင်ယံမှာ တုန်ခါသွားရသည်။

ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာက နတ်ဘုရားသက်ရှိများစွာ၏ ဝန်းရံမှုဖြင့် တိမ်တိုက်များထက်တွင် ရပ်တည်နေပြီး၊ ကစဉ့်ကလျား အင်မော်တယ်ဧကရာဇ်တစ်ပါးကဲ့သို့ ဖေးထျန်းအား ဖိနှိပ်လိုက်၏။

ထိုစွမ်းအားက လူတို့ကို ကြက်သီးတဖြန်းဖြန်းထစေသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းမှာလည်း ဒီရူပါရုံရှိနေတယ်လား"

ဖေးထျန်း တုန်လှုပ်သွားရသည်။

သူသည်လည်း ခြေတစ်ချက်ဆောင့်လိုက်ပြီး တူညီသော ရူပါရုံကို ထပ်တူ ထုတ်လိုက်၏။

၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းသော်လည်း ကစဉ့်ကလျားစွမ်းအင်မှ ဆင်းသက်လာသော နတ်ဘုရားသက်ရှိများ၏ အရေအတွက်မှာမူ ကျွင်းရှောင်ယောက်လောက် များပြားခြင်း မရှိချေ။

ဤသည်မှာ သူက ရူပါရုံ ကျွမ်းကျင်မှုပိုင်းတွင် ကျွင်းရှောင်ယောက်ကို မယှဉ်နိုင်ကြောင်း သက်သေပြနေခြင်းပင်။

"ဒါက... ဘယ်သူက စစ်မှန်တဲ့ မွေးရာပါ ကစဉ့်ကလျားခန္ဓာ ဖြစ်နေတာလဲ"

အားလုံးမှာ ကြက်သေသေသွားကြသည်။

အသန့်စင်ဆုံးနှင့် အခြေခံအကျဆုံးသော မွေးရာပါ ကစဉ့်ကလျားခန္ဓာက အဘယ်ကြောင့် ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားကြာပန်းစိမ်းခန္ဓာလောက် မသန်မာရသနည်း။

အဇူရာဧကရာဇ်မှာ ကစဉ့်ကလျားအတွင်းမှ ကြာပန်းစိမ်းတစ်ပွင့် ဖြစ်သဖြင့် သူ၏ခန္ဓာကိုယ်မှာလည်း ကစဉ့်ကလျားခန္ဓာနှင့် အတူတူပင် ဖြစ်သည်။

ထို့ကြောင့် ခန္ဓာကိုယ် နှစ်ခုလုံးမှာ အခြေခံအားဖြင့် တူညီနေသော်လည်း...

မွေးရာပါ ကစဉ့်ကလျားခန္ဓာက ပို၍ သန်မာသင့်သည် မဟုတ်ပါလား။

ယခုမူ လူတိုင်းက ကျွင်းရှောင်ယောက်ကိုသာ စစ်မှန်သော ကစဉ့်ကလျားခန္ဓာအဖြစ် ခံစားနေကြရသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဖေးထျန်းက သူ၏ ရူပါရုံဖြင့် ကျွင်းရှောင်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

သူက ဤတိုက်ပွဲဖြင့် နာမည်ကျော်ကြားလာစေရန် လာခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ နာမည်ကို ပိုမိုကြီးမားအောင် လုပ်ပေးရန် လာခဲ့ခြင်း မဟုတ်ချေ။

သူသည်သာလျှင် ဤကမ္ဘာလောက၏ တစ်ဦးတည်းသော ကစဉ့်ကလျားခန္ဓာ ဖြစ်ရမည်။

"မင်းက အမှန်တရားကို လက်မခံနိုင်သေးဘူး ထင်တယ်၊ ဒါဆိုရင် မင်းကို နိုးထလာအောင် ငါ လုပ်ပေးရမှာပေါ့"

ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာအတွင်းရှိ ဆဲလ်များက တုန်ခါလာပြီး အနှိုင်းမဲ့သော ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

၎င်းမှာ ကစဉ့်ကလျားခန္ဓာ၏ စွမ်းအားသာမက၊ မေယုကမ္ဘာ တစ်သောင်း၏ စွမ်းအားလည်း ပါဝင်နေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ခြေဖဝါးအောက်ရှိ ဟင်းလင်းပြင်မှာ ပြိုကျသွားတော့မတတ် ဖြစ်လာရတော့သည်။

သူက ကစဉ့်ကလျားလက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပုံရသည်။

၎င်းက အလွန်ကြီးမားပြီး နတ်ဘုရားတစ်ပါး၏ လက်ကဲ့သို့ လက်ဗွေရာများမှာပင် ထင်ရှားလှပေသည်။

အရေးကြီးဆုံးအချက်မှာ၊ ဤသည်က မေယုကမ္ဘာတစ်သောင်း၏ အားဖြည့်မှုပါဝင်သော လက်ဝါးရိုကမချက် ဖြစ်နေခြင်းပင်။

၎င်းမှာ ကမ္ဘာပေါင်း တစ်သောင်းက ဖေးထျန်းကို ဖိနှိပ်လိုက်သကဲ့သို့ပင် ဖြစ်သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ"

ရောက်ရှိနေသော ဧည့်သည်တော်များမှာလည်း တိုက်ပွဲကို ကြည့်နေရုံမျှဖြင့်ပင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ကိုယ်တိုင် ခံစားနေရသကဲ့သို့ ရှိကြပေသည်။

ဖေးထျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူက ကစဉ့်ကလျားခန္ဓာ၏ အနှစ်သာရ သွေးများကိုပင် အန်ထုတ်လိုက်၏။

သူဟာ သူ၏သွေးများကို လောင်ကျွမ်းစေလျက် အစွမ်းကုန် ပေါက်ကွဲလိုက်တော့သည်။

သို့သော်လည်း...

ကျွင်းရှောင်ယောက်၏ ယခုလက်ရှိ စွမ်းအားမှာ အလွန်ပင် သန်မာလွန်းလှသည်။

သူ၏ ကစဉ့်ကလျားခန္ဓာ စွမ်းအားတစ်ခုတည်းနှင့်ပင် ဖေးထျန်း၏ စွမ်းအားကို ခုခံရန် လုံလောက်နေပြီ ဖြစ်သည်။

သို့သော်... ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မေယုကမ္ဘာတစ်သောင်း၏ စွမ်းအားကိုမူ ဖေးထျန်းအနေဖြင့် မည်သို့မျှ ခုခံနိုင်စွမ်း မရှိချေ။

"ဝုန်း"

ဖေးထျန်း၏ ပါးစပ်အတွင်းမှ ကစဉ့်ကလျားအနှစ်သာရများ ပါဝင်သော သွေးများ အန်ထွက်လာတော့သည်။

သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး အရိုးများမှာလည်း ကျိုးကြေတော့မည်ကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်တွင် ကမ္ဘာပေါင်းများစွာက ဖိနှိပ်ထားသကဲ့သို့ သူ ခံစားရ၏။

ကံကောင်းထောက်မစွာဖြင့်၊ ဖေးထျန်းက ကစဉ့်ကလျားခန္ဓာ ပိုင်ရှင်ဖြစ်သဖြင့် အလွန်ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသည်။

အကယ်၍ အခြားသူသာဆိုလျှင် သူတို့၏ ခန္ဓာကိုယ်များက အသားစများအဖြစ် ကြေမွသွားခဲ့ပြီး ဖြစ်လိမ့်မည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်...

ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာက ဖေးထျန်း၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာသည်။

သူက လက်တစ်ဖက်ကို မြှောက်လိုက်သောအခါ သူ၏လက်ဖဝါးအတွင်း၌ သေးငယ်သော ရေဝဲတွင်းနက်တစ်ခု ပေါ်ထွက်လာပြီးနောက် ဖေးထျန်းကို ရိုက်ချလိုက်၏။

"ကျွင်းရှောင်ယောက်... မင်း လုပ်ရဲလား"

ဖေးထျန်း၏ မျက်နှာထက်တွင် ဒေါသများနှင့်အတူ ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။

ကျွင်းရှောင်ယောက်က ဘာလုပ်တော့မည်ကို သူ သိလိုက်ရပြီ။

"မင်းက အိမ်တိုင်ရာရောက် လာရန်စခဲ့မှတော့ အဲဒီအတွက် ပေးဆပ်ရမဲ့ တန်ကြေးကိုလည်း ပြင်ဆင်ထားသင့်တာပေါ့"

ကျွင်းရှောင်ယောက်က ဖေးထျန်း၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ပြင်းထန်သော စုပ်ယူမှု စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။

All Chapters