← Chapters

အခန်း ၁၅၁၅

Vol. 105 Ch. 1515

အခန်း ၁၅၁၅

Vol. 105 Ch. 1515

အခန်း (၁၅၁၅) ကမ္ဘာကို တုန်လှုပ်စေသော အပြောင်းအလဲများ။

သူ့ရှေ့တွင် ဖျော့တော့သောအပြုံးဖြင့် ရှိနေသော လင်ယွမ်ကို ကြည့်ရင်း ကျွင်းရှောင်ယောက်က ခေတ္တမျှ ငြိမ်သက်သွားခဲ့သည်။

အမှန်အတိုင်းဆိုရလျှင် သူက အပြစ်ရှိသလို ခံစားရခဲသော လူစားမျိုး ဖြစ်သည်။

သို့သော်လည်း လင်ယွမ်နှင့် ပတ်သက်လျှင်မူ သူ၏ရင်ထဲ၌ အပြစ်ရှိသလို ခံစားချက်ကလေး တစ်ခု အမှန်တကယ် ရှိနေပေသည်။

အစပိုင်းတွင် လင်ယွမ်မှာ ဧကရာဇ်ကို ဆန့်ကျင်သော ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်ပြီး သူ၏ရန်သူ ဖြစ်ခဲ့သည်။

နောက်ပိုင်းမှာတော့ အမျိုးမျိုးသော ပတ်သက်မှုများအပြီး၌ လင်ယွမ်ကိုယ်တိုင်ပင် မသိလိုက်ဘဲ သူ့ကို ချစ်မိခဲ့လေသည်။

ကျွင်းရှောင်ယောက်က ထိုအချစ်ကို အသုံးချခဲ့သည်။

သူ မေ့ပျောက်ခြင်းတိုင်းပြည်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်နိုင်ခဲ့ခြင်းမှာ လင်ယွမ်ကြောင့် ဖြစ်သည်။

အဓိပတိအင်မော်တယ်ခုံရုံးကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲနိုင်ခဲ့ခြင်းမှာလည်း လင်ယွမ်၏ ကျေးဇူးကြောင့်ပင်။

အင်မော်တယ်ခုံရုံးကို မစုစည်းနိုင်စေရန် ကျွင်းရှောင်ယောက်က လင်ယွမ်အား သူနှင့်အတူ မခေါ်ဆောင်ဘဲ အင်မော်တယ်ခုံရုံးထဲမှာပင် အမြဲတမ်း နေထိုင်စေခဲ့သည်။

လင်ယွမ်က သူ့အတွက် အလုပ်အကျွေးအပြုဆုံး လူသားကိရိယာတစ်ခု ဖြစ်ခဲ့ရသည်ဟု ဆိုနိုင်ပေသည်။

သူက ကျွင်းရှောင်ယောက်၏ အသုံးချခြင်းကို ခံနေရမှန်း သိရှိသော်လည်း သဘောတူကြည်ဖြူပြီး သူ့ထံမှ မည်သည့်အရာကိုမျှ ပြန်လည်တောင်းဆိုခြင်း မရှိခဲ့ပါ။

တစ်ခါတလေတွင်၊ စတင်၍ ချစ်မိသွားခြင်းက ထိုသူ့ထံ၌ ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

စချစ်မိသူက အရှုံးပင်။

လင်ယွမ်သည်လည်း လုံးဝဥဿုံ ရှုံးနိမ့်ခဲ့ရသည်။

သို့သော်လည်း ကျေနပ်နေခဲ့ပေသည်။

ယခုအခါမှာလည်း လင်ယွမ်က ပြုံးလျက် ကျွင်းရှောင်ယောက်အတွက် ဆုတောင်းပေးနေသည်။

သူက အပြင်ပန်းတွင် ပြုံးနေသော်လည်း သူမ၏ ရင်ထဲ၌မူ ဒဏ်ရာများ ပြည့်နှက်နေချေပြီ။

တစ်ခါက မာနကြီးသော၊ ထောင်လွှားသော ဝါဟွမ်မျိုးရိုး၏ သမီးတော်၊ အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်က ယခုအခါတွင်မူ အလွန်ပင် နှိမ့်ချစွာဖြင့် ဆုတောင်းစကား ဆိုနေရှာပြီ။

"လင်ယွမ်... မင်း..."

ကျွင်းရှောင်ယောက်က တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း ဘာပြောရမည်မှန်း မသိတော့ချေ။

သို့သော် လင်ယွမ်၏ စိတ်ထဲတွင် တစ်ခုခုရှိနေသည်ကို သူ ဝေဝါးစွာ ခံစားမိသည်။

သူက တစ်ခုခုကို ပြောချင်နေသော်လည်း ပြောမထွက်ဘဲ ဖြစ်နေပုံရ၏။

အခြားတစ်ဖက်တွင်၊ ယွမ်ချယ်မှာလည်း ဤမြင်ကွင်းကြည့်ရင်း သူမ၏ရင်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

လင်ယွမ်က ယခုတစ်ခေါက် လာရောက်ခြင်းမှာ ဆုတောင်းပေးရုံသက်သက် မဟုတ်ချေ။

၎င်းမှာ...

သူမကို နှုတ်ဆက်ရန် လာခြင်း ဖြစ်သည်။

"လင်ယွမ်... တကယ်လို့ မင်း အင်မော်တယ်ခုံရုံးမှာ တစ်ယောက်တည်း နေရတာ မပျော်ပိုက်ဘူးဆိုရင် ကျွင်းမိသားစုဆီကို လာခဲ့ပါ"

ကျွင်းရှောင်ယောက်ကသာ ပြောလိုက်သည်။

ယခုအချိန်တွင် အင်မော်တယ်ခုံရုံးအတွက် လင်ယွမ်ကို အသုံးချရန် မလိုအပ်တော့ချေ။

လင်ယွမ်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားသည်။

သို့သော်လည်း သူက ခေါင်းခါယမ်းလိုက်ပြီး ပြုံးလိုက်လေသည်။

"မလိုပါဘူး ရှောင်ယောက်... ရှင့်ကို ကူညီနိုင်ခဲ့ရင်ပဲ လုံလောက်ပါပြီ"

"ဒါပေမဲ့..."

"တစ်ခုပဲ... နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ လင်ယွမ် ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ရံဖန်ရံခါ သတိရပေးဖို့ပဲ မျှော်လင့်ပါတယ်"

လင်ယွမ်က ပြုံးလိုက်သော်လည်း သူမ၏ မျက်ဝန်းအိမ်များမှာ အရည်လဲ့နေပြီး မျက်ရည်စများ ဝေ့သီနေသကဲ့သို့ ရှိသည်။

"လင်ယွမ်... မင်း ဘာဖြစ်လို့လဲ"

ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။

ယခုအခါ လင်ယွမ်၏ အမူအရာက ပုံမှန်ထက် ထူးခြားနေမှန်း သူ သတိပြုမိပေသည်။

သို့သော်လည်း လင်ယွမ်က ဘာမျှမပြောပါ။

သူက ကျွင်းရှောင်ယောက်ကို ညင်သာစွာ ဖက်လိုက်ပြီး နောက်ဆုံးသော နွေးထွေးမှုကို ခံစားလိုက်သည်။

ထို့နောက်တွင်မူ နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။

ထိုအခါ၊ ယွမ်ချယ်က ရှေသို့လှမ်းလာပြီး ပြောလိုက်သည်။

"ရှောင်ယောက်... ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်နေတဲ့ အပြစ်စွမ်းအားတွေကို ဖယ်ရှားပေးဖို့ ကူညီပါဦး"

"ရပါတယ်... ဒါပေမဲ့ လင်ယွမ်က..."

ကျွင်းရှောင်ယောက် ဝေခွဲမရ ဖြစ်နေသည်။

ယွမ်ချယ်က ထွေထွေထူးထူး မရှင်းပြဘဲ ခေါင်းယမ်းလိုက်၏။

"သူ့မှာ သူ့အတွေးနဲ့သူ ရှိမှာပါ"

ကျွင်းရှောင်ယောက်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်မိတော့သည်။

ထို့နောက် စေ့စပ်ပွဲကို ဆက်လက်ကျင်းပခဲ့သော်လည်း မည်သည့် အနှောင့်အယှက်မျှ ထပ်မံမရှိတော့ချေ။

တိဟောက်ထျန်းနှင့် ကစဉ့်ကလျားခန္ဓာတို့ပင် ရှုံးနိမ့်သွားပြီဖြစ်ရာ မည်သူမျှ ကျွင်းရှောင်ယောက်ကို ရန်မစဝံ့ကြတော့ပါ။

ကျွင်းမိသားစုနှင့် ရန်ဘက်ဖြစ်သော အင်အားစုများပင်လျှင် ကျွင်းမိသားစု၏ တံခါးဝတွင် ပြဿနာမရှာဝံ့ကြသဖြင့် စေ့စပ်ပွဲမှာ ပျော်ရွှင်ဖွယ်ကောင်းစွာဖြင့် ပြီးဆုံးသွားခဲ့သည်။

ယနေ့ စေ့စပ်ပွဲတွင် သန်းပေါင်းများစွာသော ကျင့်ကြံသူများက အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်သစ်လူငယ်များကြားတွင် အလှပဆုံးသော တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ကြရသည်။

ရလဒ်မှာတော့ မည်သူမျှ မငြင်းနိုင်လောက်အောင်ပင်။

ယနေ့ဖြစ်ရပ်များအပြီး နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး မည်သည့်လူငယ်မှ ယှဉ်နိုင်တော့မည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် ကျန်းစန်းယီနှင့် ကျန်းလော့လီတို့မှာလည်း အမျိုးသမီးကျင့်ကြံသူ အားလုံး၏ အားကျခြင်းကို ခံနေရသည်။

သူတို့က ကျွင်းရှောင်ယောက်၏ ဇနီးလောင်းများ ဖြစ်လာရန်အတွက် အရင်ဘဝက ကမ္ဘာကြီးကို ကယ်တင်ခဲ့ခြင်း ဖြစ်ရလိမ့်မည်ဟုပင် လူအများက ပြောဆိုနေကြတော့သည်။

စင်မြင့်ထက်တွင် အမျိုးသမီးနှစ်ဦးနှင့် ကျွင်းရှောင်ယောက်တို့က ပျော်ရွှင်စွာ လက်ချင်းချိတ်ထားကြသည်။

သူတို့၏ ရင်ထဲမှာလည်း ချိုမြိန်မှု ပီတိများ လျှံထွက်နေပေတော့သည်။

ကျန်းရို့နှင့် အခြားဆွေမျိုးများမှာလည်း ပျော်ရွှင်လွန်းသဖြင့် မျက်ရည်များပင် ကျလာကြရသည်။

ဤကဲ့သို့ နွေးထွေးသော လေထုအတွင်း၌ စေ့စပ်ပွဲက ပြီးဆုံးတော့မည့်အချိန်...

"ဝုန်း"

မိုးကြိုးထစ်ချုန်းသကဲ့သို့သော မြည်ဟည်းသံကြီး တစ်ခု ထွက်ပေါ်လာသည်။

ကျင့်ကြံသူ အားလုံး အံ့အားသင့်သွားကြ၏။

"အဲဒါ ဘာအသံလဲ"

ဤအချိန်တွင် ပြဿနာလာရှာဝံ့သူမှာ အမှန်တကယ် ရူးသွပ်နေသူသာ ဖြစ်ရမည်။

"ဝုန်း..."

နောက်ထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းသော မြည်ဟည်းသံကြီး ထွက်ပေါ်လာပြန်သည်။

၎င်းမှာ ပတ်ဝန်းကျင်အနီးနားမှ လာခြင်းမဟုတ်သလို ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေကြီးမှ လာခြင်းလည်း မဟုတ်ချေ။

လူတိုင်း၏ မျက်လုံးများမှာ မှောင်မိုက်နေသော တစ်နေရာသို့ မော့ကြည့်လိုက်ကြသည်။

ကောင်းကင်ကိုးပါး။

ရောက်ရှိနေသော အကျော်အမော်များစွာမှာတော့ မျက်နှာအမူအရာ ပျက်သွားပြီး မကြုံစဖူးသော တုန်လှုပ်မှုများ ဖြစ်ပေါ်လာတော့သည်။

"ဘယ်လိုဖြစ်တာလဲ... ဘာဖြစ်လို့ ဒီလောက် မြန်မြန် စတင်လာရတာလဲ"

"အထူးခြားဆုံး အပြောင်းအလဲကြီးတစ်ခု စတော့မှာလား"

နွေးထွေးသော၊ ပျော်ရွှင်ဖွယ်ကောင်းသော လေထုမှာ ဤအခိုက်အတန့်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

အဆင့်မြင့် ကျင့်ကြံသူများက တုန်လှုပ်နေကြသော်လည်း သာမန်ကျင့်ကြံသူများမှာမူ ဘာဖြစ်နေသည်ကို နားမလည်ဘဲ တအံ့တဩ ဖြစ်နေကြတော့သည်။

"ဝုန်း"

နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော မြည်ဟည်းသံက ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ တစ်ခုလုံး၌ ဆူညံသွားစေသည်။

ကောင်းကင်က ကပြောင်းကပြန် ဖြစ်သွားပုံရပြီး မိုင်ပေါင်းများစွာ ရှည်လျားသော တောင်တန်းနှင့် မြစ်ဝှမ်းများ ပြိုကျတော့မည်ကဲ့သို့ပင်။

ပျက်စီးခြင်းကောင်းကင် အင်‌မော်တယ် နယ်မြေကြီးသာမက၊ အခြားသော အင်မော်တယ်နယ်မြေကြီးများတွင်လည်း ဤတုန်ခါမှုကို ခံစားကြရသည်။

ယခုအချိန်တွင် ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ တစ်ခုလုံး တုန်ခါနေခဲ့ပြီ။

"ဝုန်း..."

ထိုအသံမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ဧရာမ သတ္တဝါကြီးတစ်ကောင်က ကမ္ဘာကြီးကို ဖြိုခွဲပစ်တော့မည်ကဲ့သို့ပင်။

ရောက်ရှိနေသော ကျင့်ကြံသူများ၏ တစ်ဝက်ကျော်မှာ မြေပြင်ပေါ်သို့ လဲကျသွားကြရသည်။

ထိုအသံမှာ ဧရာမတူကြီးဖြင့် လူတိုင်း၏ နှလုံးသားကို ထုနှိုက်လိုက်သကဲ့သို့ ရှိနေပြီး အားနည်းသော ကျင့်ကြံသူအချို့မှာ သွေးများပင် အန်ထွက်လာကြတော့သည်။

အဆင့်မြင့် ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာလည်း အလွန်ပင် ပျက်ယွင်းနေကြပြီ ဖြစ်သည်။

"ဘယ်လိုဖြစ်တာလဲ"

ကျွင်းမိသားစု၏ ခေါင်းဆောင်ကြီးများပင် အံ့အားသင့်သွားကြရသည်။

"မထိတ်လန့်ကြနဲ့"

ထိုစဉ်၊ ကျွင်းမိသားစု၏ ဘိုးဘွားနယ်မြေ နက်နဲရာအရပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်တွင် ရွှေနဂါးကိုးကောင်က ကောင်းကင်သို့ ပျံတက်သွားပြီး အတားအဆီးတစ်ခု ဖန်တီးကာ တုန်ခါမှုများကို တားဆီးလိုက်၏။

ထိုအခါမှ လူတိုင်းမှာ အသက်ရှူချောင်ကြတော့သည်။

"ဒါက တတိယဘိုးဘေးရဲ့ နဂါးကိုးကောင် နတ်ဘုရားဓားပဲ..."

ယခုလေးတင် လှုပ်ရှားလာသူမှာ တတိယမြောက် ဘိုးဘေး ကျွင်းထိုက်ဟွမ် ဖြစ်သည်။

နောက်ဆုံးအခေါက် အင်မော်တယ်စစ်ပွဲပြီးကတည်းက ကျွင်းမိသားစုတွင် အမြဲနေထိုင်နေခြင်းမှာ အမှောင်ထု ကပ်လေးလှိုင်းများ ပေါ်လာနိုင်သည်ကို သူ သိနေသောကြောင့်ပင်။

"နောက်ဆုံးတော့ ရောက်လာပြီပေါ့... ဒါပေမဲ့ ဒီအချိန်မှာမှ..."

စင်မြင့်ထက်တွင်၊ ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။

သူ့ မျက်ဝန်းများမှာ အေးစက်သွား၏။

ဤအသံမှာ အင်မော်တယ်တံခါး ဆင်းသက်လာခြင်းကို ကိုယ်စားပြုကြောင်း သူ သိသည်။

အမှောင်ထု ကပ်ဘေးလှိုင်းက နီးကပ်လာချေပြီ။

သို့သော်လည်း ဤအရာမှာ သူ၏ စေ့စပ်ပွဲတွင်မှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာရခြင်း ဖြစ်သည်။

နတ်ဘုရားများကပင် သူ့ကို ဆန့်ကျင်နေသကဲ့သို့ပင်။

"ဘာလို့လဲ... ဘာဖြစ်လို့ ဒီအချိန်မှာမှ ဖြစ်ရတာလဲ"

ကျန်းရို့၊ ကျွင်းကျန်းထျန်း နှင့် အခြားဆွေမျိုးများမှာလည်း ဤအမှန်တရားကို လက်မခံနိုင်စွာဖြင့် အော်ဟစ်လိုက်မိသည်။

ကျွင်းရှောင်ယောက်က ကျန်းစန်းယီ၊ ကျန်းလော့လီတို့နှင့် စေ့စပ်ပြီးကာစ...

အတူမပျော်ရသေးခင်မှာပင် ဤကဲ့သို့သော အရာကြီးက ရောက်လာချေပြီ။

'နောက်ဆုံးတော့ ရောက်လာပြီပေါ့'

ကျန်းစန်းယီက သူမ၏ ခေါင်းကို မော့လျက် မှောင်မိုက်နေသော ကောင်းကင်ယံကို ကြည့်လိုက်သည်။

ကောင်းကင်ကိုးပါးအထက်တွင် မိုးကြိုးများမှာ ကောင်းကင်ကြီးကို ဖြိုချမည့်အလား တဖျတ်ဖျတ် လက်နေသည်။

ထိုတုန်ခါမှုမှာ ကမ္ဘာပျက်တော့မည့်အလား ချောက်ချားဖွယ် ကောင်းလှ၏။

သို့သော်လည်း ဤအခိုက်တွင် ကျွင်းရှောင်ယောက်က ကျန်းစန်းယီနှင့် ကျန်းလော့လီတို့၏ လက်ကလေးများကို တင်းတင်းဆုပ်လိုက်သည်။

"မင်းတို့ ကြောက်နေလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

ကျန်းလော့လီက ခေါင်းယမ်းလိုက်၏။

ကျန်းစန်းယီကလည်း တည်ငြိမ်စွာ ဆိုသည်။

"မင်းသာ အစ်မရဲ့ဘေးမှာ ရှိနေမယ်ဆိုရင် ဘာကိုမှ မကြောက်ပါဘူး"

ကျွင်းရှောင်ယောက်က ပြုံးလိုက်လေသည်။

"ဒါဆိုရင် ကမ္ဘာပျက်ကိန်းရဲ့ နိမိတ်ပုံရိပ်လို ဒီအသံကို ကိုယ်တို့ရဲ့ စေ့စပ်ပွဲအတွက် ဂုဏ်ပြုသံလို့ပဲ သတ်မှတ်လိုက်ကြရအောင်"

သူမ၏ဘေးတွင် ရပ်တည်နေပြီး မည်သည့်သောက၊ မည်သည့်ကြောက်ရွံ့မှုမျှ မရှိဘဲ ခိုင်မာသောစိတ်ဓာတ်ဖြင့် ဤအမျိုးသားကို ကြည့်ရင်း ကျန်းစန်းယီက ပြုံးလိုက်သည်။

ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားစေဦးတော့...

သူသည် သေသည့်တိုင်အောင် ကျွင်းရှောင်ယောက်၏ ဘေးတွင် ခိုင်မာစွာ ရပ်တည်သွားတော့မည်။

All Chapters