ရထားလမ်းပြဿနာ (၂)
Vol. 75 Ch. 1166
ချူယန်၏ အကြည့်က လင်းရှန်ထံ ကျရောက်သွားပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင်မှ ပြတင်းပေါက်အပြင်ဘက်ရှိ သွေးနီရောင်နယ်မြေဆီသို့ မျက်လုံးလွှဲကာ ခပ်အေးအေးပြောလိုက်သည်။
“စိတ်ခံစားချက်တချို့ ဆုံးရှုံးသွားတာက ဒီကမ္ဘာကြီးကို ငါ့အတွက် အများကြီးစိမ်းသက်သွားစေတယ်၊၊ ဘဝရှင်သန်မှုကအစ တန်ဖိုးမရှိသလိုဖြစ်သွားပုံရတယ်၊၊ ဒီအမြင်နဲ့ ကြည့်ရင် ဟွာရှောင်လင်းနဲ့ ဆင်တူတဲ့ နားလည်မှုနဲ့ ခံစားချက်တူညီမှုမျိုး ငါအတိုင်းအတာတစ်ခုထိရလာတာပေါ့၊၊ ဒါပေမဲ့ ဖီးနစ်ကို သစ္စာဖောက်တဲ့အခြေအနေအထိတော့မဟုတ်သလို နင့်ကို သစ္စာဖောက်ဖို့လည်း တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး”
“ဒါဆို မင်းရည်ရွယ်ချက်က ဘာလဲ”
လင်းရှန်က သူမကို ကြည့်လိုက်သည်။
“ငါ့ရှေ့ကို ဒီလောက်အတိအကျရောက်လာတာက တိုက်ဆိုင်လို့သက်သက်ပဲတော့ မဟုတ်လောက်ဘူးမလား”
“ဟုတ်တယ်”
ချူယန်က သူမ၏ ယန္တရားလက်တုဖြစ်သော ဘယ်ဘက်လက်မောင်းကို မြှောက်လိုက်ရာ လက်ကောက်ဝတ်ရှိ လက်နက်အကန့်ပွင့်သွားပြီး ငွေရောင်ယဥ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးတစ်ခုကို ဖြည်းညှင်းစွာ ပျံတက်လာသည်။
“ဖောင်ဒေးရှင်းက နင့်အပေါ်မှာ တည်နေရာရှာဖွေဖို့ သုံးတဲ့အရာတွေ အများကြီးချန်ထားခဲ့တယ်၊၊ အဲ့ဒီယဥ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကို နင်စတင်လိုက်တဲ့အချိန်မှာပဲ သူတို့က နင်နိုးလာတဲ့သတင်းကို ချက်ချင်းသိသွားကြတယ်၊၊ အဲ့ဒါအပြင်... နင့်ဆီမှာရှိတဲ့ တားမြစ်ပစ္စည်းတွေလည်းရှိသေးတယ်”
“တားမြစ်ပစ္စည်းတွေ ဟုတ်လား” လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။
“ဗျာဒိတ်တော်ဂိုဏ်းက ဘာအတွက်လဲဆိုတာ နင်မေ့သွားပြီလား” ချူယန်က ပြောသည်။
“သွေးနီရောင်ကမ္ဘာက ငါတို့အတွက်တော့ စစ်ပွဲရဲ့ မြူခိုးတွေဖြစ်ပေမဲ့ မျှော်စင်လူသားတွေအတွက် နယ်ပယ်တစ်ခုတင်မကဘူး၊၊ အချက်အလက်အားလုံးကို ကမ္ဘာအနှံ့နှောင့်နှေးမှုမရှိဘဲ ချက်ချင်းပေးပို့နိုင်တယ်၊၊ အဲ့ဒါက ငါတို့လူသားတွေ နားမလည်နိုင်တဲ့ နည်းပညာစနစ်ပဲ၊၊ ပြီးတော့ အဲ့ဒီတားမြစ်ပစ္စည်းတွေဆိုတာ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာဖြန့်ကျက်မှုကနေ ထွက်လာတဲ့ စွမ်းအင်ဗဟိုချက်တွေပဲ၊၊ စွမ်းအားရှင်တွေလည်း အတူတူပဲပေါ့၊၊ ကွာခြားတာဆိုလို့ တစ်ခုက အရာဝတ္ထုဖြစ်ပြီး နောက်တစ်ခုက သက်ရှိခန္ဓာကိုယ်ဖြစ်နေတာပဲ၊၊ ဒါကြောင့်လည်း ယာဉ်တန်းတစ်ခုမှာ စွမ်းအားရှင် ဒါမှမဟုတ် တားမြစ်ပစ္စည်းတွေပိုများလေ… ပိုအန္တရာယ်များတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံရလေ့ရှိတာပဲ၊၊ အထူးသဖြင့် ဝင်ရိုးစွန်းည ဒါမှမဟုတ် တွင်းနက်ထဲမှာဆိုရင်ပေါ့”
ဆွစ်၊၊
လင်းရှန်က လက်ကိုမြှောက်ကာ အမည်းရောင်ဂီယာကို ထုတ်ယူပြီး လက်ထဲတွင် အလေးချိန်ဆကာ ချိန်ဆကြည့်လိုက်သည်။
“ဟွာရှောင်လင်းက ငါ့ကို ဘာလို့ ဒီလောက်အလွယ်တကူရှာတွေ့နိုင်လဲဆိုတာ မဆန်းတော့ပါဘူး၊၊ ငါ တားမြစ်ပစ္စည်းတွေကို စတင်အသုံးပြုဖို့ ကြိုးစားတာနဲ့ သူတို့မှာ ငါ့တည်နေရာကို ရှာနိုင်တဲ့နည်းလမ်းရှိနေတာကိုး”
“မှန်တယ်၊၊ ဒါပေမဲ့ နင်သတိမေ့နေတဲ့ အချိန်တုန်းကတော့ တားမြစ်ပစ္စည်းတွေကိုလည်း မသုံးနိုင်သလို ယဥ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကိုလည်း မဖွင့်နိုင်တဲ့အတွက် ဖောင်ဒေးရှင်းက လူတွေက ဟတ်ကိုစစ်မြေပြင်မှာ ရှာဖွေတာကလွဲလို့ နင်ရှိနေတဲ့နေရာကို အတိအကျမသိနိုင်ခဲ့ကြဘူး၊၊ တစ်ဖက်မှာလည်း အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက အပြည့်အဝကျူးကျော်ဝင်ရောက်ပြီး ကမ္ဘာဂြိုဟ်ကို သိမ်းပိုက်ထားပြီးပြီ”
“ဒါကြောင့် ငါလာရတဲ့ ရည်ရွယ်ချက်က အာရုဏ်ဦးဗဟိုစင်တာရဲ့ ဂြိုဟ်ပတ်လမ်းတပ်ဖွဲ့တွေကို ကယ်တင်ဖို့ နင့်နေရာမှာ အစားဝင်ပေးဖို့ပဲ”
“ငါ့နေရာမှာ အစားဝင်ပေးဖို့ ဟုတ်လား”
ချူယန်က လင်းရှန်ကို ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးမှုများ လက်ခနဲဖြစ်သွားပြီး လက်ထဲရှိ ယဥ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကို လှန်လိုက်ရာ ဝူးခနဲ အသံနှင့်အတူ သုံးဖက်မြင် ဟိုလိုဂရမ်ရုပ်ပုံတစ်ခုပေါ်လာသည်။ သွေးနီရောင်မြင်ကွင်းတစ်ခုအတွင်း အဆုံးသတ်ကိုမတွေ့ရသောရထားကြီးတစ်စင်းသည် ကျယ်ပြောလှသော မြေနီလွင်ပြင်ကြီးကို ဖြတ်သန်းကာ ဆန့်တန်းလျက်ရှိသည်။ ထိုရုပ်ပုံသည် ရေတွက်၍မရသော ယာဉ်တန်းများကို ဖြတ်သန်းပြသသွားပြီး ဒရုန်းများ၏ အကူအညီဖြင့် တစ်စုံတစ်ခုကို အလျင်အမြန်တည်ဆောက်နေကြသော များပြားလှသည့် လူအုပ်ကြီးကို မြင်တွေ့ရသည်။ မိုးကုတ်စက်ဝိုင်းတွင် သတ္တဝါဆန်းများ၏ အလောင်းများ ပြန့်ကျဲနေပြီး သံမဏိအစောင့်တပ်ဖွဲ့ဝင်များ ဝိုင်းအုံဝင်ရောက်လာကြရာ အချို့စစ်သားများ၏ မျက်နှာများကိုပင် ရှင်းရှင်းလင်းလင်းမြင်နေရသည်။
“ကောင်းအမိုးခုံးရထား၊ ငွေကြယ်… အဲ့ဒါ ကျွန်မတို့ရဲ့ အနန္တမဟာမိတ်အဖွဲ့ပဲ”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကီကီက အံ့အားတကြီး အော်ဟစ်လိုက်သည်။
“သူတို့အားလုံး အသက်ရှင်နေသေးတာပဲ”
လင်းရှန်၏ အမူအရာအနည်းငယ်ပြောင်းလဲသွားပြီး အဓိကတပ်ဖွဲ့များ ဘေးမသီရန်မခဘဲရှိနေသေးသည်ကို မြင်ရသဖြင့် သူ အလွန်ဝမ်းသာသွားသည်မှာ ထင်ရှားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ ရင်ထဲ၌ စိမ့်ခနဲ ခံစားလိုက်ရသည်။ ယဥ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးထဲတွင် ထိုကဲ့သို့သော မြင်ကွင်းမျိုးက ဘယ်လိုပေါ်လာနိုင်သနည်း။
လင်းရှန်၏ အတွေးကို ရိပ်မိပုံရကာ ချူယန်က တိုက်ရိုက်ပင်ပြောလိုက်သည်။
“စဉ်းစားမနေနဲ့တော့… လူသားတွေဘက်မှာ သစ္စာဖောက်တွေရှိနေတာက မဆန်းပါဘူး၊၊ မဟုတ်ရင် စစ်မြေပြင်တွေ အများကြီးက ဘာလို့ ဒီလောက်အကျအဆုံးများမှာလဲ၊၊ သွေးနီရောင်ကမ္ဘာထဲမှာ ဒီလိုနည်းလမ်းတွေက ဘာမှ မခက်ခဲဘူး၊၊ ငါတို့ရဲ့ လုပ်ဆောင်ချက်အားလုံးက မျှော်စင်လူသားတွေ ဒါမှမဟုတ် ဖောင်ဒေးရှင်းအတွက်တော့ ဖဲချပ်တွေကို လှန်ပြထားသလို ရှင်းလင်းနေတယ်”
သူမက ဟိုလိုဂရမ်ပေါ်ရှိ ရုပ်ပုံကို ဆက်ကြည့်ရင်း ပြောလိုက်သည်။
“လောလောဆယ်မှာ ဂြိုဟ်ပတ်လမ်းတပ်ဖွဲ့တွေက သူတို့ရဲ့ မူလလမ်းကြောင်းကနေ ခွဲထွက်သွားပြီ၊၊ ရထားလမ်းတွေ ဖောက်လုပ်ပြီးတော့ ကျောက်ဆောင်နီတောင်ကြားဇုန်က ကော်လိုရာဒိုချောက်ကမ်းပါးရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၉၀ လောက်ကို ဦးတည်မောင်းနှင်နေကြတယ်၊၊ သူတို့က S-Class အဆင့် မွန်းစတားတစ်ကောင်ကို ရှင်းလင်းပြီးပြီဖြစ်လို့ အခု ရထားလမ်းသံမဏိစက်ရုံတစ်ခုကို တည်ဆောက်ပြီး ရထားလမ်းတွေ အမြောက်အမြားသွန်းလုပ်နေကြတယ်၊၊ ထွက်ပြေးဖို့ အရှိန်မြှင့်နေကြတာပေါ့၊၊ ဒါပေမဲ့ သူတို့မသိတာက မျှော်စင်ယဉ်ကျေးမှု ဒါမှမဟုတ် ထူးဆန်းတဲ့သတ္တဝါတွေက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို မသိရင်တောင် ဖောင်ဒေးရှင်းကတော့ အကုန်လုံးကို အထင်အရှားသိနေတယ်ဆိုတာပဲ”
ထိုစကားကို ကြားရသောအခါ ကီကီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ရှင်ပြောချင်တာက သူတို့က ရထားအုပ်စုကို အချိန်မရွေးတိုက်ခိုက်ပြီး သူတို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်နိုင်တယ်ပေါ့ ဟုတ်လား”
“ဟုတ်တယ်” ချူယန်၏ အမူအရာက စိတ်ခံစားချက်ကင်းမဲ့နေသကဲ့သို့ တည်ငြိမ်နေဆဲပင်၊၊
လင်းရှန်က ချူယန်ကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။
“ဖောင်ဒေးရှင်းက ဒါကိုသုံးပြီး ငါ့ကို အကျပ်ကိုင်ဖို့ ကြိုးစားနေတာလား၊၊ ငါ့ကို ဘာမှပြန်မခုခံဘဲ အညံ့ခံခိုင်းပြီးတော့မှ သူတို့က ကရုဏာရှေ့ထားပြီး ရထားတပ်ဖွဲ့တွေကို လွှတ်ပေးမယ်၊၊ သူတို့ကို ထွက်ပြေးဖို့ အခွင့်အရေးပေးမယ်ပေါ့”
“အမှောင်ယဉ်ကျေးမှုက လူသားတွေရဲ့ အသက်ရှင်သန်မှု ဒါမှမဟုတ် သေဆုံးမှုကို ဂရုမစိုက်ဘူး”
ချူယန်က ယဥ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကို မြှောက်လိုက်သည်။
“ပြီးတော့ ဖောင်ဒေးရှင်းရဲ့ ကမ်းလှမ်းချက်က နင့်ကို ယဥ်ကျေးမှုအကြိုမြင်ကွင်းဂိမ်းထဲကို နောက်တစ်ကြိမ်ထပ်ဝင်ဖို့ပဲ”
“မဖြစ်နိုင်ဘူး” ကီကီက ချက်ချင်းပင် ပျံသန်းလာပြီး လင်းရှန်၏ ရှေ့တွင် ကာဆီးရပ်လိုက်သည်။
“ရှင်က လင်းရှန်ရဲ့ အသိစိတ်ကို အိန်ဂျယ်တွေ ဝါးမျိုသွားအောင်လုပ်ပြီး သူ့ကို ဖုတ်ကောင်တစ်ကောင်ဖြစ်သွားစေချင်တာလား”
“ဖုတ်ကောင်ကတော့ မဖြစ်နိုင်ပါဘူး...”
လင်းရှန်က ကီကီ၏ ပခုံးပေါ်သို့ လက်တင်လိုက်ကာ စိတ်မလှုပ်ရှားရန် အရိပ်အယောင်ပြလိုက်ပြီးနောက် ချူယန်ဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည်။
“ဖောင်ဒေးရှင်းက အတော်လေးပါးနပ်ပုံရတယ်၊၊ သူတို့က ငါ့ရဲ့ ယန္တရားနှလုံးသားကို ခြိမ်းခြောက်မှုတစ်ခုအနေနဲ့မြင်နေကြတယ်၊၊ ဒါပေမဲ့ ငါ့ရဲ့ ခုခံလိုတဲ့ အသိစိတ်ကို အမြစ်ပြတ်ချေမှုန်းတာက ငါ့ကို တိုက်ရိုက်သတ်ပစ်တာထက် အန္တရာယ်ပိုနည်းတယ်လေ၊၊ ပြီးတော့ ငါ့ရဲ့ အသိစိတ်နဲ့ ကမ္ဘာ့အမြင်ကို ပြန်လည်ပုံသွင်းပြီးရင် ဖောင်ဒေးရှင်းထဲ ဝင်လာဖို့က အလားအလာပိုများသွားတာပေါ့၊၊ တကယ်တော့ သိပ္ပံပညာရှင်တွေနဲ့ ယာဉ်တန်းခေါင်းဆောင်တွေ အများကြီးကလည်း ဒီလိုပဲလုပ်ခဲ့ကြတာလေ၊၊ မျှော်လင့်ချက်တွေနဲ့ ခုခံလိုတဲ့ အသိစိတ်တွေကို တိတိကျကျထုတ်ယူပစ်ပြီး အကြွင်းမဲ့ ကျိုးကြောင်းဆင်ခြင်မှုနဲ့ မျှော်စင်ယဉ်ကျေးမှုရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူသားတွေရဲ့ ကံကြမ္မာကို ပြန်လည်အကဲဖြတ်ကြတယ်၊၊ ဒီလိုအခြေအနေမျိုးမှာ သစ္စာဖောက်တာက အံ့သြစရာမရှိဘဲ ချောချောမွေ့မွေ့ဖြစ်သွားတာပေါ့”
ချူယန် နှုတ်ဆိတ်နေသည်။
“တကယ်လို့ ငါသာ ဒါကို မလုပ်ဘူးဆိုရင် မြောက်အမေရိကက ချက်ချင်းတိုက်ခိုက်ခံရမှာ မဟုတ်လား”
လင်းရှန်က မေးလိုက်သည်။
“ဟုတ်တယ်”
လင်းရှန်က သူမကို ကြည့်လိုက်သည်။
“ဒါဆို မင်းရဲ့အမြင်က ဘာလဲ”
ရထားတွဲအတွင်း တိတ်ဆိတ်မှုက စိုးမိုးသွားပြီး သံဘီးများလိမ့်နေသည့်အသံသာ ကျန်ရှိတော့သည်၊၊ လင်းရှန်၊ ကီကီနှင့် ချူယန်တို့သည် သုံးပွင့်ဆိုင်ရပ်နေကြသည်။ လင်းရှန်သည် အပြင်ပန်းတွင် နူးညံ့သိမ်မွေ့မှုဖြင့် ဖုံးကွယ်ထားသော ယခင်က စိတ်တူကိုယ်တူသူငယ်ချင်းဖြစ်ခဲ့သူကို ကြည့်ရင်း ရင်ထဲတွင် လှိုင်းတံပိုးများထန်နေကာ အေးစက်သော မောပန်းနွမ်းနယ်မှုကိုပင် ခံစားလိုက်ရသည်။
သူ လှမ်းကြည့်လိုက်သည့် မြင်ကွင်းက ယာဉ်တန်း၏ မဟာဗျူဟာကို အကြမ်းဖျင်းသိရှိစေခဲ့သည်၊၊ သူတို့က အားအင်ပြန်ဖြည့်တင်းနေကြပြီး ထွက်ခွာဖို့အဆင်သင့်ဖြစ်စေရန် လမ်းကြောင်းပစ္စည်းများကို ပြင်ဆင်နေကြသည်။ အကယ်၍ ယခုအချိန်တွင် ဖောင်ဒေးရှင်းက လွန်ခဲ့သော လအနည်းငယ်ကကဲ့သို့ သွေးနီရောင်ဒီရေလှိုင်းကို စတင်လိုက်မည်ဆိုပါက ရထားတပ်ဖွဲ့များအတွက် ပျက်စီးဆုံးရှုံးမှုကို မလွဲမသွေသယ်ဆောင်လာမည်ဖြစ်ရာ လင်းရှန်ကို ဒေါသထွက်စေသလို တစ်ဖက်ကလည်း ကူကယ်ရာမဲ့သလို ခံစားရစေသည်၊၊ ထိုခံစားချက်က သမုဒ္ဒရာနတ်ဘုရားကြီးကို ရင်ဆိုင်ရစဉ်က ခံစားခဲ့ရသော အကူညီမဲ့မှုထက်ပင် သာလွန်နေသေးသည်။
လူသားတွေက သူတို့ မျိုးနွယ်တူတွေရဲ့ အားနည်းချက်ကို အမြဲတမ်း တိတိကျကျရှာဖွေနိုင်ကြတာပဲ။ ကောလိပ်တုန်းက ဒဿနိကဗေဒကို လေ့လာခဲ့တဲ့ အတိတ်က လင်းရှန်သည် ဒီကမ္ဘာမှာ တကယ်ပဲ ရထားလမ်းပြဿနာနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမိခဲ့မှာမဟုတ်လောက်ဘူး၊၊ အခုကလည်း ရထားတစ်စင်းပေါ်မှာရှိနေရင်း တခြားရထားတွေရဲ့ ရှင်သန်ရေးပြဿနာကို ရင်ဆိုင်နေရတာလေ။ အတော်လေးကို ရယ်စရာကောင်းပြီး ထူးဆန်းနေတာပဲ…