← Chapters

ကောင်းကင်ပေါ်က မျက်လုံး (၃)

Vol. 75 Ch. 1169

ကောင်းကင်ပေါ်က မျက်လုံး (၃)

Vol. 75 Ch. 1169

သူမ ပင်မကွပ်ကဲတံတားဆီသို့ ပြန်လှည့်အလိုက်တွင် ဦးနှောက်ထဲ၌ ပြင်းထန်သောနာကျင်မှုတစ်ခုက ရုတ်တရက်ပေါက်ကွဲတက်လာလေသည်။

ချန်ဆီရွှမ်၏ ခြေထောက်များပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး သွေးတစ်လုပ်အန်ချလိုက်မိသည်။

သူမ နှာခေါင်းနှင့် ပါးစပ်ကို သုတ်လိုက်သော်လည်း ဦးခေါင်းနှင့် နားထဲတွင် ပွက်ပွက်ဆူနေသကဲ့သို့ တအုန်းအုန်းမြည်နေဆဲပင်။ မျက်ခွံများတုန်ရင်လျက် အသက်ကို အလုယက်ရှူနေရသည်။

ရေခဲရေဖြင့် အလောင်းခံလိုက်ရသကဲ့သို့ အေးစက်သောခံစားချက်တစ်ခုက သူမ ခေါင်းပေါ်သို့ဖြတ်သန်းသွားသည်။ တစ်စုံတစ်ခုကို ရုတ်တရက်ရိပ်မိသွားပြီးနောက် သေနတ်ကို ကောက်ကိုင်ကာ အပြင်သို့ အပြေးထွက်ခဲ့တော့သည်။

“ရှီဇီ”

ဝူး။

ပင်မကွပ်ကဲတံတား၏ အလိုအလျောက်တံခါးပွင့်သွားချိန်တွင် အတွင်းပိုင်းသတိပေးချက်မီးများ တဖျတ်ဖျတ်လင်းနေပြီး ရှားရှား၊ ရှုချင်း၊ လုချန်နှင့် လော့ယန်တို့မှာလည်း ဝရုန်းသုန်းကားဖြစ်နေကြသည်။ ထိုအချိန်၌ ရှီဇီမှာလည်း ချန်ဆီရွှမ်ကဲ့သို့ပင် ကြမ်းပြင်ပေါ်တွင် လဲကျကာ သွေးများအန်ရင်း နာကျင်မှုကြောင့် ကွေးကွေးလေးဖြစ်နေသည်။

ရှားရှားလည်း ချန်ဆီရွှမ် ဝင်လာသည်ကို မြင်လျှင် ရှီဇီအနားမှ ကပျာကယာထရပ်လိုက်ပြီး “အစ်မချန်... သူ... သူ ရုတ်တရက်ကြီး သွေးတွေအန်လာလို့... အာ... အစ်မချန်... အစ်မရောပဲလား”

ထိုအခါမှ ရှားရှားလည်း ချန်ဆီရွှမ်၏ မျက်နှာတစ်ခုလုံးတွင်လည်း သွေးများပေကျံနေသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်၊၊

“ဘာဖြစ်တာလဲ”

“အားလုံးကို သတိပေးချက်ထုတ်ပြန်လိုက်”

“ဘာတွေဖြစ်ကုန်တာလဲ”

ရှုချင်းလည်း တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း အာရုံရလိုက်သည်။

ချန်ဆီရွှမ်၏ မျက်နှာတွင် သွေးများပေကျံနေသော်လည်း သူမ၏ မျက်ဝန်းများမှာမူ အေးစက်နေသည်။ သူမသည် ဒယိမ်းဒယိုင်ဖြင့် ထိန်းချုပ်မှုခုံဆီသို့ ပြေးသွားကာ အမြင့်ဆုံးအဆင့် အရေးပေါ်ဆက်သွယ်ရေးခလုတ်ကို အားကုန်နှိပ်ချလိုက်သည်။

တီ တီ တီ တီ။

ထိုအချိန်တွင် စစ်နယ်မြေအသီးသီးနှင့် ယာဉ်တန်းများ၏ ကွပ်ကဲအခန်းများထဲ၌ အချက်ပေးသံများ ပေါက်ကွဲထွက်ပေါ်လာပြီး ချန်ဆီရွှမ်က ဆက်သွယ်ရေးကိရိယာကို ကိုင်ကာ အော်ပြောလိုက်သည်၊၊

“တပ်ဖွဲ့အားလုံးရဲ့ ရေဒါစနစ်တွေ၊ စောင့်ကြည့်ရေးစနစ်တွေနဲ့ ဒရုန်းတွေအားလုံး ကောင်းကင်ပေါ်တက်ပြီး ကင်းထောက်ကြ။ အားလုံးသတိထားကြပါ… ဟိုသတ္တဝါကြီး ပြန်ပေါ်လာပြီ”

ကြမ်းပြင်ပေါ်ရှိ ရှီဇီသည်လည်း လူးလဲထကာ အသက်လုရှုရင်း ပြောလိုက်သည်၊၊

“ဟုတ်တယ်... ကျွန်မလည်း အဲဒါကို အာရုံရနေတယ်”

ထိုစကားကို ကြားလိုက်ရသဖြင့် ပင်မကွပ်ကဲတံတားအတွင်းရှိ လူများနှင့် ဆက်သွယ်ရေးလိုင်းထဲမှ လူအားလုံးထိတ်လန့်တုန်လှုပ်သွားကြသည်။

ရှားရှားနှင့် အခြားသူများသည်လည်း ကပျာကယာပင် ၎င်းတို့၏ တာဝန်ကျရာနေရာများသို့ ပြန်သွားပြီး ရေဒါစနစ်များကို အလျင်အမြန်လည်ပတ်လိုက်သည်။

ဝူး။

ရထားလမ်းပိုင်းပေါ်တွင် ညမှောင်ခါနီးအချိန်၌ စခန်းများနှင့် ရထားတွဲများအတွင်းမှ နားကွဲလုမတတ် အရေးပေါ်သတိပေးသံများ စူးစူးဝါးဝါးထွက်ပေါ်လာသဖြင့် လူသန်းပေါင်းများစွာ၏ ရင်ကို တုန်လှုပ်သွားစေသည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်အမိုးခုံးရထား၊ လေကြောင်းတပ်ဖွဲ့နှင့် တပ်ရင်းများအပြင် ရထားအားလုံး၏ ရေဒါစနစ်များကို ကောင်းကင်ယံဆီသို့ အမြန်ဆုံးလှည့်လိုက်ကြပြီး မရေမတွက်နိုင်သောလူများကလည်း လက်နက်မျိုးစုံကို ကိုင်ဆောင်ကာ ကောင်းကင်ကြီးဆီသို့ မော့ကြည့်လိုက်ကြသည်။

“ဘာဖြစ်တာလဲ”

“လေကြောင်းရန်ကာကွယ်ရေးအချက်ပေးသံ မြည်နေပြီ”

“ကောင်းကင်ကနေ တစ်ခုခုဆင်းလာလို့လား”

“မြန်မြန်... မြန်မြန်... တိုက်ပွဲအတွက် ပြင်ဆင်”

“မိုးကလည်း ချုပ်တော့မှာလား”

“အားလုံး... သတိထားကြ”

“တိုက်ပွဲအတွက် ပြင်ဆင်ကြ”

ဝုန်းဝုန်း။

ကျန်းရှု့ဝေ၊ ကျန်းယွမ်နှင့် ရှောတို့သည်လည်း သံမဏိစက်ရုံထဲမှ ပြေးထွက်လာကြသည်၊၊ သူတို့အပြင်ရောက်သည်နှင့် ခံစစ်စခန်းများပေါ်တွင် ပလာစမာစွမ်းအင်သုံးလက်နက်များနှင့် အဖျက်စွမ်းအားမြင့်လေကြောင်းရန်ကာကွယ်ရေးအမြောက် ရာပေါင်းများစွာက လားရာတစ်ခုတည်းသို့ လှည့်နေကြသည်ကိုမြင်လိုက်ရသည်။

အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၏ ကွပ်ကဲဗဟိုဌာနရှိ စည်ကားလှသော ခန်းမအလယ်တွင် ဗိုလ်ချုပ်လော့သည် ရပ်နေပြီး အခြားနယ်မြေမှူးများနှင့် ယာဉ်တန်းအသီးသီးမှ ခေါင်းဆောင်များသည် ကောင်းကင်အမြင့်ပိုင်းစောင့်ကြည့်ရေးစနစ်မှ ပေးပို့လာသော ရုပ်သံမျက်နှာပြင်တစ်ခုကို စိုက်ကြည့်နေကြသည်။

ကောင်းကင်ယံထက်တွင် ပြင်းထန်သော လေမုန်တိုင်းနှင့်အတူ သွေးနီရောင်တိမ်တိုက်များ လွင့်မျောနေပြီး တဖြည်းဖြည်းနှင့် မြူဆိုင်းနေသော ကောင်းကင်ကြီးသည် အနည်းငယ်ကြည်လင်လာသည်။ ထိုအချိန်တွင် ကောင်းကင်ယံရှိ သွေးနီရောင်များကြား၌ လမင်းကဲ့သို့သော အလင်းစက်တစ်ခုက တဖြည်းဖြည်းကြီးထွားလာသည်ကို အားလုံးမြင်လိုက်ရသည်။

တဖြည်းဖြည်းနှင့် ၎င်းအပေါ်တွင် အစင်းကြောင်းများပေါ်လာရာ အစပိုင်း၌ တောင်တန်းများနှင့် လျှိုမြောင်များဟု ထင်မှတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သွေးကြောများဖြစ်ကြောင်း သိလိုက်ကြရသည်။ ထိုလမင်း၏ အလယ်ဗဟိုတွင် လျင်မြန်စွာ ကျယ်ပြန့်လာသော သွေးနီရောင်မျက်လုံးကြီးတစ်ခုရှိနေပြီး ၎င်းသည် ကောင်းကင်တွင် ဆိုင်းငံ့ထားသော စကြဝဠာ၏ အဝါရောင်အလင်းတန်းတစ်ခုကဲ့သို့ တောက်ပနေသည်။ ၎င်းသည် ကောင်းကင်ပေါ်တွင်ရှိနေသော ဧရာမမျက်လုံးကြီးတစ်လုံးပင် ဖြစ်တော့သည်။ ၎င်းသည် ကြယ်တစ်ပွင့်ကဲ့သို့ တဖြည်းဖြည်းချင်းနိမ့်ဆင်းလာရာ မျက်လုံးကြီးနိမ့်ဆင်းလာခြင်းမဟုတ်ဘဲ မြေပြင်ပေါ်ရှိ လူသားများကပင် ထိုမျက်လုံးကြီးဆီသို့ လွင့်ပျံတက်နေသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေလေသည်။

ထိုမျက်လုံးကြီးသည် ကောင်းကင်တစ်ခုလုံး၏ ငါးပုံတစ်ပုံခန့်ကို ဖုံးလွှမ်းသွားပြီး ကော်လိုရာဒိုနယ်မြေတစ်ခုလုံးကို ထိုအဝါရောင်အလင်းတန်းများအောက်သို့ ရောက်ရှိသွားစေသည်။ ကမ္ဘာကြီးတစ်ခုလုံးသည် အသံတိတ်ရုပ်ရှင်ဟောင်းတစ်ခု၏ အရောင်အဆင်းအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်၊၊ ထိုအခိုက်အတန့်တွင် လူသန်းပေါင်းများစွာ၏ အသက်ရှူသံများ ပြိုင်တူရပ်တန့်သွားကြလေသည်။ ဤနေရာရှိ လူတိုင်းပင် ဤမြင်ကွင်းကို ရင်းနှီးနေကြပြီး ၎င်းသည် နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသော ကြောက်ရွံ့မှုတစ်ခုဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ ကောင်းကင်တွင်ပေါ်လာသော ဂြိုဟ်တစ်လုံးကဲ့သို့ ဧရာမမျက်လုံးကြီးသည် လွန်ခဲ့သော နှစ်လက ကော်လိုရာဒိုချောက်နက်ကြီး၏ မြေမျက်နှာသွင်ပြင်တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့သည့် ထိုအမှောင်နတ်ဆိုးနတ်ဘုရားကြီးဖြစ်နေသောကြောင့်ပင်။

ကစဥ့်ကလျားမွန်းစတား၊၊

ဝူး။

သွေးနီရောင်မြူများကြားတွင် မရေတွက်နိုင်သော လေကြောင်းရန်ကာကွယ်ရေးအချက်ပေးသံများ တစ်ခုပြီးတစ်ခုဆက်တိုက်ထွက်ပေါ်လာပြီး မိုင်ရာချီရှည်လျားသော ရထားအုပ်စုကြီး၏ ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးတွင် ထိတ်လန့်တုန်လှုပ်နေသော မျှော်လင့်ချက်မဲ့အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။ ရှေ့တန်းစစ်မျက်နှာ၌ မီကာများကို မောင်းနှင်နေကြသည့် သံမဏိအစောင့်တပ်ရင်းမှ စစ်သည်များလည်း ကောင်းကင်ယံဆီသို့ မျှော်လင့်ချက်ကင်းမဲ့စွာ မော့ကြည့်နေမိကြသည်။ ကြောက်ရွံ့မှုစွမ်းအင်များမှာ ကမ္ဘာပျက်ကပ်ရေလွှမ်းမိုးမှုကြီးကဲ့သို့ ကောင်းကင်အထက်မှ လိမ့်ဆင်းလာချေပြီ။

စစ်ဆင်ရေးကွပ်ကဲအခန်းအတွင်း လော့ရှောင်ခိုင်၏ ဆုပ်ထားသောလက်သီးမှာ အနည်းငယ်တုန်ရင်နေပြီး မျက်ဝန်းထောင့်များတွင် သွေးကြောမျှင်များ ထင်ဟပ်လာသည်။ ထိုအခိုက် ဆက်သွယ်ရေးလိုင်းတွင် ရှိနေကြသော သံမဏိအစောင့်တပ်ရင်းမှ အဆင့်ဆင့်သော အရာရှိဒါဇင်ပေါင်းများစွာမှာလည်း အသက်ရှူရန်ပင် မေ့လျော့နေကြပြီး စကားတစ်ခွန်းမျှ မပြောနိုင်ကြချေ။

“ဗိုလ်ချုပ်... လေကြောင်းကင်းထောက်မှုအရ အကွာအဝေးက သံမဏိအစောင့်တပ်ရင်း ၁၃ရဲ့ နောက်တန်းစစ်ကြောင်းနောက်ဘက် ကီလိုမီတာ ၁၀၀ အောက်ကို ရောက်နေပါပြီ”

“အလွန်ပြင်းထန်တဲ့ အမှောင်စွမ်းအင်လျှပ်စစ်သံလိုက်လှိုင်းရိုက်ခတ်မှုကို ထောက်လှမ်းမိပါတယ်။ လိုင်းအားလုံးကနေ ထုတ်လွှင့်နေပြီး အမှောင်စွမ်းအင်လှိုင်းနှုန်းကို အမြင့်ဆုံးပါဝါအထိ တိုးမြှင့်နေပါတယ်”

“အစီရင်ခံပါတယ်... T34 ကနေ T41၊ T65၊ T72 ကနေ T90… T122၊ T198… စတဲ့ ချီတက်နယ်မြေ ၃၀ ကျော်မှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီး နေရာတော်တော်များများမှာ ကိုယ်ပိုင်စနစ်နဲ့ ပစ်ခတ်မှုတွေ စတင်နေပါပြီ”

“ဖာ့ခ်... ဒီအကောင်စုတ်က အခုထိမသေသေးဘူးပဲ” ဆက်သွယ်ရေးလိုင်းထဲတွင် ကျန်းဝေကောင်းက ပထမဆုံးဒေါသတကြီးအော်ဟစ်လိုက်သည်၊၊

“သူက ဘာလို့ ဒီနေရာကို ရုတ်တရက်ကြီးရောက်လာရတာလဲ”

“ဒီနေ့ ငါတို့ ခရီးမဆက်ဘဲ ရပ်နားထားလို့လား”

“ငါတို့ သွားတဲ့နှုန်းက တစ်နေ့ကို ကီလိုမီတာ ၁၀၀ တောင်မကဘူး။ သူက ဘယ်လိုလုပ် ငါတို့နောက်ကို ဒီလောက်ကပ်လိုက်နိုင်ရတာလဲ”

“အကွာအဝေးက အရမ်းနီးကပ်နေပြီ။ အခု ဘာဆက်လုပ်ကြမလဲ”

“အားလုံးပဲ စိတ်အေးအေးထားကြ” ဗိုလ်ချုပ်လော့၏ အသံက တည်ငြိမ်ပြတ်သားနေကာ သူက ချက်ချင်းပင် အမိန့်များကို ထုတ်ပြန်လိုက်တော့သည်။

“ခံစစ်ကြောင်းတစ်ခုချင်းစီအလိုက် ခံစစ်ပြင်ဆင်မှုတွေကို အမြန်ဆုံးလုပ်ကြ။ မီးကျောက်တုံး၊ နဂါးခွန်ပန်နဲ့ မိုးကြိုးတပ်ဖွဲ့တွေ ချက်ချင်းပျံတက်ဖို့ ပြင်ဆင်ကြ။ နျူကလီးယားပစ်လွှတ်ရေးတပ်ဖွဲ့တွေနဲ့ အခြားအမိန့်ပေးစနစ်အားလုံးကို အသင့်ပြင်ထားကြ”

“အမိန့်တိုင်းပါ”

သံမဏိအစောင့်တပ်ရင်း ၁၃ ဗိုလ်ချုပ်လီရှန်းက အမိန့်ကို ချက်ချင်းနာခံလိုက်ပြီး “မီကာတပ်ဖွဲ့တွေ ချက်ချင်းလှုပ်ရှားကြ။ သူ ပေါ်လာပြီဆိုတော့ အမှောင်ဒီရေတွေလည်း ကျိန်းသေလိုက်လာလိမ့်မယ်။ တိုက်ခိုက်ရေးယူနစ်တစ်ခုချင်းစီအနေနဲ့ ထပ်ဆင့်ခံစစ်ဗျူဟာတွေကို အမြန်ချထားကြ”

“ယာဉ်တန်းခေါင်းဆောင်တွေ” ဗိုလ်ချုပ်လော့က လိုင်းပေါ်ရှိ ရထားနှင့် ယာဉ်တန်းခေါင်းဆောင်များကို လှမ်းခေါ်ကာ တည်ကြည်လေးနက်စွာ ဆိုလိုက်သည်။

“အပြည့်ဝတိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြ။ ဒီတစ်ကြိမ်မှာ အာရုဏ်ဦးဗဟိုစင်တာကနေ ပစ်ကူပေးနိုင်မှာ မဟုတ်ဘူး။ ခံစစ်ကြောင်းပျက်စီးပြီး လမ်းပြတ်တောက်သွားနိုင်တာကို ကြိုတင်ပြင်ဆင်ထားကြ… ခံစစ်ဗျူဟာပျက်စီးပြီး ရထားလမ်းကြောင်းကွဲထွက်သွားတာနဲ့ ငါတို့ရဲ့ အစီအစဉ် ၃ အတိုင်း ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ကြရမယ်”

All Chapters