အရေးပေါ်အစီအစဥ် (၁)
Vol. 75 Ch. 1170
အစီအစဉ် ၃ ဆိုသည်မှာ စစ်မျက်နှာတစ်ခုလုံးလုံးဝရှုံးနိမ့်သွားပါက အသုံးပြုမည့် အရေးပေါ်အစီအစဉ်တစ်ခုဖြစ်ပြီး လော့ရှောင်ခိုင်နှင့် အဖွဲ့ခေါင်းဆောင်များပူးပေါင်းရေးဆွဲထားခြင်း ဖြစ်သည်။ ၎င်း၏ အဓိကမူဝါဒမှာ လက်ရှိ မြေမျက်နှာပြင်မရွေးသွားရထားအုပ်စုများနှင့် သံမဏိအစောင့်တပ်ရင်း၏ အခြေစိုက်ယာဉ်ကြီးများကို အသုံးပြုကာ ရထားစစ်မျက်နှာတစ်ခုလုံးကို သီးခြားစီဖောက်ထွက်နိုင်စွမ်းရှိသည့် အလွန်ကြီးမားသော ရထားအုပ်စု ၂၅ခုအဖြစ် ခွဲထုတ်ပစ်ရန် ဖြစ်သည်။ အကယ်၍ ခံစစ်ပြိုလဲပြီး ရထားလမ်းကြောင်းပြန့်ကျဲသွားပါက ဤမြေမျက်နှာပြင်မရွေးသွားစနစ် သို့မဟုတ် ပျံသန်းနိုင်စွမ်းရှိသော အုပ်စု ၂၅ စုသည် ရထားသံလမ်းများကို စွန့်လွှတ်ကာ နောက်တွဲရထားများကို ဆွဲယူရင်း လမ်းခွဲ၍ ဖောက်ထွက်ကြရမည် ဖြစ်သည်။
ဤအစီအစဉ်မှာ အလွန်ရက်စက်ကြမ်းကြုတ်လှသလို မျှော်လင့်ချက်အမဲ့ဆုံးဖြေရှင်းချက်လည်း ဖြစ်ချေသည်။ အဘယ်ကြောင့်ဆိုသော် ရထားသံလမ်းပေါ်မှ ဆင်းလိုက်သည်နှင့် မည်မျှပင် စွမ်းအားကြီးမားသော မြေမျက်နှာပြင်မရွေးသွားရထားခေါင်းဖြစ်ပါစေ ၁၀ ကီလိုမီတာကျော်ရှည်လျားသော နောက်တွဲပေါင်းရာနှင့်ချီကို မြေရိုင်းပြင်ထက်တွင် အဝေးကြီးအထိ ဆွဲခေါ်သွားနိုင်မည်မဟုတ်သောကြောင့်ပင်။ ပျက်စီးနေသော မြေမျက်နှာသွင်ပြင်ကြောင့် နောက်တွဲများမှာ မကြာမီပြတ်တောက်သွားမည်ဖြစ်ရာ အသက်ရှင်ကျန်ရစ်သူများအနေဖြင့် လွတ်မြောက်ရန်အတွက် နောက်တွဲအများအပြားကို ဆက်တိုက်စွန့်လွှတ်ရုံမှတစ်ပါး အခြားရွေးချယ်စရာရှိလိမ့်မည်မဟုတ်ချေ။ နောက်တွဲများ၏ ရှေ့ဆုံးတွင် လူအမြောက်အမြားကို ကြိုတင်နေရာချထားပြီး ချိတ်ဆက်မှုများနှင့် ရထားဘီးအချို့ကိုလည်း အဆင်ပြေအောင်မွမ်းမံထားသော်လည်း သွေးနီရောင်ကောင်းကင်အောက်တွင် အရပ်မျက်နှာအသီးသီးသို့ လမ်းခွဲထွက်ပြေးခြင်းမှာ သေမင်းနှင့် ရင်ဆိုင်ရသည်နှင့် အလားတူပင်ဖြစ်သည်။
“အမိန့်တိုင်းပါ”
“အတည်ပြုပါတယ်”
“နားလည်ပါပြီ”
“ကျောက်နက်တောအုပ်ဒေသရဲ့ T208 အပိုင်းမှာ လှုပ်ရှားမှုအချို့ကို ကြားနေရပြီ”
“T185 အပိုင်း... လေပြင်းအဖွဲ့ကနေ အနောက်မြောက်ဘက်ကနေလာတဲ့ ပြင်းထန်တဲ့ မြေပြင်တုန်ခါမှုတွေကို ထောက်လှမ်းမိပါတယ်”
“မကောင်းတော့ဘူး... T96 အပိုင်း... အဝေးပစ်တပ်ရင်း (၇)ကနေ အမဲလိုက်သတ္တဝါတွေကို ထောက်လှမ်းမိလို့ ကျွန်တော်တို့... အုန်း အုန်း အုန်း...”
နေရာအချို့တွင် သေနတ်သံများ စတင်ပေါက်ကွဲထွက်ပေါ်လာပြီး ဆက်သွယ်ရေးလိုင်းတစ်ခုလုံး ဆူညံသွားတော့သည်။
ထိုအချိန်တွင် ဗိုလ်ချုပ်လော့က ရှောနှင့် ကျန်းရှု့ဝေတို့ကို လှမ်းခေါ်လိုက်သည်၊၊
“စက်ရုံဘက်က အခြေအနေဘယ်လိုလဲ... ငါတို့ဘယ်လောက်အထိ ရွှေ့ပြောင်းနိုင်မလဲ”
ရှဲ ရှဲ...
သံမဏိစက်ရုံအတွင်းမှ ရှောက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“အရမ်းကြီးမျှော်လင့်ထားလို့မရဘူး။ ငါတို့ရဲ့ ထုတ်လုပ်ရေးစနစ်အားလုံးနဲ့ သုံးလို့ရတဲ့ စစ်လက်နက်အရင်းအမြစ်အားလုံးကို ထုတ်သုံးထားတာတောင် အသင့်တပ်ဆင်နိုင်တဲ့ သံလမ်းက ကီလိုမီတာ ၁၈၀ အောက်ပဲ ရှိသေးတယ်။ ငွေကြယ်ရဲ့ အရှေ့ဘက်မှာ ကြိုတင်ဆောက်လုပ်ထားတဲ့ ကီလိုမီတာ ၄၀ နဲ့ပေါင်းရင် ဒါပဲရှိတယ်”
အလုပ်ရှုပ်နေသော သံမဏိစက်ရုံအတွင်း၌ ဒရုန်းများ သယ်ဆောင်လာသော သံမဏိသံလမ်းပုံကြီးကို ကြည့်ရင်း ရှောက ဆက်ပြောသည်။
“ဒါ့အပြင် ဘူမိဗေဒမြေမျက်နှာသွင်ပြင်ကို ထည့်တွက်ရင် အရှိန်နဲ့ သံလမ်းခင်းရတာ အန္တရာယ်အရမ်းများတယ်။ အရှိန်က တစ်နာရီကို ကီလိုမီတာ ၄၀ ထက် ကျော်လို့မရဘူး”
“ဒါဆို လုံလောက်ပါပြီ”
ထိုခိုက် ကျန်းရှု့ဝေက နောက်ဘက်မှ လျှောက်လာပြီး သူမ၏ အသံသည်လည်း ရှော၏ ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ထွက်ပေါ်လာသည်။
“ရထား စတင်လှုပ်ရှားတာနဲ့ အနည်းဆုံးတော့ ကျွန်မတို့အတွက် နာရီအနည်းငယ်အချိန်ရသွားလိမ့်မယ်။ ရော့ကီးတောင်တန်းကို ရောက်သွားရင်တော့ လုံးဝညီညာတဲ့ နယ်မြေဖြစ်သွားပြီ။ မြေပြင်က အဓိကအားဖြင့် မာကျောတဲ့ စကျင်ကျောက်တွေနဲ့ အနည်ကျကျောက်တွေဖြစ်တယ်။ အဲဒီကိုရောက်မှ အစီအစဉ် ၃ ကို အကောင်အထည်ရင်တော့ အသက်ရှင်သန်နိုင်ခြေပိုများလိမ့်မယ်”
“ပြီးတော့ ဒီအချိန်ကို သုံးပြီး လူအမြောက်အမြားကို လေကြောင်းယာဉ်တန်းတွေနဲ့ ကောင်းကင်အမိုးခုံးရထားပေါ် ပြောင်းရွှေ့ထားလို့ရပြီး ရထားရဲ့ နောက်တွဲတွေကို တဖြည်းဖြည်း စွန့်ပစ်သွားလို့ရတယ်”
ချန်ဆီရွှမ်၏ အရေးတကြီးအသံသည်လည်း ကောင်းကင်အမိုးခုံးရထားပေါ်မှ ထွက်ပေါ်လာသည်။
“ဒါကြောင့် သံမဏိစက်ရုံရဲ့ အစီအစဉ်က တစ်ဝက်ပဲ အောင်မြင်ရင်တောင် ကျွန်မတို့အတွက် အချိန်အများကြီးရသွားစေမှာပါ”
ဟူး။
ဗိုလ်ချုပ် လီရှန်းက ညည်းတွားသံဖြင့် ရေရွတ်လိုက်သည်၊၊
“ကံဆိုးလိုက်တာ... ငါတို့အတွက် တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက်သာ အချိန်ပိုရခဲ့ရင်...”
အပြည့်အဝလည်ပတ်နေသော သံမဏိစက်ရုံသည် တစ်ရက်ကျော်အတွင်းမှာတင် အသင့်တပ်ဆင်နိုင်သည့် သံလမ်း ကီလိုမီတာ ၂၀၀ နီးပါးကို ထုတ်လုပ်ပေးခဲ့ပြီး ယခင်စွမ်းဆောင်ရည်ထက် နှစ်ဆတိုးတက်ခဲ့သည်။ S-Class သတ္တဝါကို ပြင်းထန်စွာ အနိုင်ယူပြီးနောက် လွတ်မြောက်ရန်အတွက် တန်ဖိုးရှိသောအချိန်ကို ရရှိခဲ့သည်ဟု အားလုံးက အစပိုင်းတွင် ထင်မှတ်ခဲ့ကြသည်။ အကယ်၍ ရထားသည် အရှေ့ဘက်သံလမ်းနှင့်သာ ချိတ်ဆက်မိသွားပါက ပင်မစစ်ကြောင်းကြီးသည် တစ်ရက်အတွင်း မြောက်အမေရိကမှ မက္ကဆီကိုသို့ ဖောက်ထွက်သွားနိုင်မည် ဖြစ်သည်။
သို့သော်လည်း ကံကြမ္မာသည် အမြဲတမ်းရက်စက်လွန်းလှသည်။ ယခုအချိန်တွင် အမှောင်ဒီရေများရောက်မလာသေးသော်လည်း ကောင်းကင်ပေါ်ရှိ ကြောက်မက်ဖွယ်ဧရာမမျက်လုံးကြီးမှ ထုတ်လွှတ်လိုက်သော ကြီးမားလှသည့် အမှောင်စွမ်းအင်လှိုင်းများကြောင့် လူသားများကို အကြီးအကျယ်သန္ဓေပြောင်းလဲမှုများဖြစ်ပေါ်နေစေပြီး မရေမတွက်နိုင်သော သက်ရှိများမှာ လျင်မြန်စွာ ပျောက်ကွယ်နေကြရသည်။ အစောပိုင်းကတင် စိတ်လှုပ်ရှားစွာ စကားပြောနေခဲ့ကြသော ရဲဘော်ရဲဘက်အများအပြားမှာ နောက်တစ်ခဏ၌ သန္ဓေပြောင်းဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားကြရသည်။ နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့မှုများမှာ ဆက်လက်ပျံ့နှံ့နေပြီး ငိုကြွေးသံများနှင့် အော်ဟစ်သံများမှာ ရထားလမ်းကြောင်းတစ်ခုလုံးတွင် ပြည့်နှက်သွားတော့သည်။
“ရှုချင်း၊ လော့ယန်... ငါတို့ နောက်တန်းကလူတွေကို ကယ်ဆယ်ဖို့နဲ့ ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ဖို့ ပျံတက်ဖို့ ပြင်ဆင်ကြမယ်”
ကောင်းကင်အမိုးခုံးရထားပေါ်တွင် ချန်ဆီရွှမ်က ချက်ချင်းပင် အဖွဲ့သားများကို စုစည်းကာ လှုပ်ရှားရန် ပြင်ဆင်လိုက်တော့သည်။
“ခဏစောင့်ဦး”
ထိုခိုက် မိုနီကာ၏အသံက ထွက်ပေါ်လာသည်။ သူမသည် ကောင်းကင်အမိုးခုံးရထား၏ ကောင်းကင်တံတားထက်တွင် ရပ်နေပြီး မျက်ဝန်းထဲ၌ စွမ်းအားလှိုင်းများက တဖျတ်ဖျတ်လက်နေသည်။ လောကကြီးထဲမှ မရေမတွက်နိုင်သော အသံလှိုင်းများက သံစုံတီးဝိုင်းတစ်ခုကဲ့သို့ သူမ၏ နားထဲသို့ စီးဝင်နေကြသည်။ မိုနီကာလည်း အဝေးရှိ သွေးနီရောင်မြူများဆီသို့ လှမ်းကြည့်လိုက်ပြီး ဖြူဖျော့သောမျက်နှာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
“အင်းစက်ဒီရေတွေ၊ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ဖုတ်ကောင်တွေအားလုံး လှုပ်ရှားမှုရပ်သွားပြီ”
“လှုပ်ရှားမှုရပ်သွားတယ် ဟုတ်လား”
ထိုစကားကို ကြားလျှင် ချီလီက အလျင်စလိုလှမ်းမေးလိုက်သည်။
“ဘာကိုဆိုလိုတာလဲ”
“အဲဒီမွန်းစတားတွေ လှုပ်ရှားမှု ရပ်တန့်သွားပုံရတယ်လို့ ပြောတာ”
နဂါးတောင် ၁ ၏ ထိန်းချုပ်ခန်းအတွင်း၌ ရှီတိယွမ်က ရေဒါမျက်နှာပြင်ကို စိုက်ကြည့်နေသည်။ သူ၏နောက်ဘက်တွင် အားဖေးက အသက်ကို ပြင်းပြင်းရှူရင်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ကာ နေရာတစ်ခုကို လက်ညှိုးထိုးပြပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ဟိုဘက်မှာ... သိပ်သည်းတဲ့ အငွေ့အသက်တွေ ရှိနေတယ်... ဒါပေမဲ့ သူတို့အားလုံးရပ်နေကြတယ်...”
နန်ကျင်း လေးနက်သောမျက်နှာဖြစ်သွားသည်၊၊
“ရပ်နေကြတယ် ဟုတ်လား... တစ်စုံတစ်ခုရဲ့ အမိန့်ပေးမှုကိုခံနေရတာများလား”
ရှောင်ချင်းက ပြတင်းပေါက်အပြင်ဘက်ရှိ သွေးနီရောင်မြူများကို စိုက်ကြည့်ရင်း သူ၏ သေနတ်ဓားကို ဖြည်းဖြည်းချင်း တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။
“တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ… အခွင့်အရေးကို စောင့်ရမယ်။ အဲဒီမွန်းစတားအုပ်ကြီးက ကောင်းကင်ပေါ်က ဧရာမမျက်လုံးကြီးရဲ့ ထိန်းချုပ်ခံနေရတာ အမှန်ပဲ”
လုရှင်းချန်က မီးတောက်များနှင့်အတူ မိုနီကာ၏ အနားသို့ ကောင်းကင်မှ ဆင်းသက်လာပြီး တည်ကြည်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
မိုနီကာက ပခုံးတွန့်ကာ လက်ပိုက်လိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
“သေချာတာပေါ့။ အခု ငါတို့က အရပ်မျက်နှာအားလုံးမှာ ဝိုင်းရံခံထားရပြီ။ အသံတွေအရဆိုရင် အကောင်အသေးတွေတင် မဟုတ်ဘူး... အထူးအဆင့်ထက်မနိမ့်တဲ့ အကောင်ကြီးတွေရဲ့ လှုပ်ရှားမှုအမြောက်အမြားကိုပါ ကြားနေရတယ်။ အဲဒီအကောင်ကြီးတွေတောင်မှ အလွယ်လေးမလှုပ်ရှားရဲကြဘူး။ ကမ္ဘာအဆင့်ကလွဲရင် အခြားဘာမှ မဖြစ်နိုင်တော့ဘူး”
“ပင်လယ်ကျောက်ဆောင်ကျွန်းမှာတုန်းကလည်း ငါတို့ ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးတယ်...” ရှုချင်းက အလွန်လေးလံနေသော အမူယာဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် နယ်မြေအသီးသီးရှိ ကွပ်ကဲမှုဗဟိုဌာနများမှ ရေဒါများတွင်လည်း ဤထူးဆန်းသော အခြေအနေကို ထောက်လှမ်းမိကြသည်။
မြေပြင်တစ်ခုလုံး တုန်ခါနေပြီး ညဉ့်အမှောင်ထဲတွင် အဆုံးမဲ့မွန်းစတားကြီးများ တိုးဝှေ့လျက် ကြယ်နက်လွင်ပြင်နှင့် လျှိုမြောင်ကြီးဆီသို့ အုပ်စုလိုက်ချီတက်လာနေကြပုံရသည်။ ရှေ့တန်းစစ်မျက်နှာအားလုံးရှိ သံမဏိအစောင့်တပ်ရင်းမှ စစ်သည်များသည် မီးမောင်းများအောက်ရှိ ပိန်းပိတ်အောင်မှောင်မိုက်နေသော သွေးနီရောင်မြူများကို စိုက်ကြည့်ရင်း ရင်တထိတ်ထိတ်ဖြစ်နေကြကာ ချွေးစေးများပြန်လာကြသည်။ သို့သော်လည်း မည်သည့်သတ္တဝါမျှ ထွက်ပေါ်မလာသေးချေ။