← Chapters

အရှိန်ကုန်မြှင့် (၂)

Vol. 75 Ch. 1175

အရှိန်ကုန်မြှင့် (၂)

Vol. 75 Ch. 1175

လင်းရှန်လည်း ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားမိသည်။

“ဒါဆို အဆင့်မြင့်ထူးဆန်းတဲ့သတ္တဝါတွေက S-Class အဆင့်ဖြစ်တဲ့ ကမ္ဘာ့အဆင့်သတ္တဝါကြီးကို ထောက်ပံ့ပေးတာပေါ့ ဟုတ်လား”

“အတိအကျပဲ”

“ဒါဆို ဒါက ဇီဝဗေဒဆိုင်ရာမျိုးနွယ်စုတစ်ခုမဟုတ်ဘဲ ဝါးမျိုမှုစနစ်ကြီးတစ်ခုပေါ့...”

“နင်က မျှော်စင်ယဉ်ကျေးမှုရဲ့ ယဥ်ကျေးမှုစက်လုံးထဲမှာ ဒါကို မြင်ခဲ့ပြီးပြီ မဟုတ်လား” ချူယန်က မေးလိုက်သည်။

လင်းရှန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် သူ၏ဦးနှောက်ထဲ၌ အတွေးတစ်ခုလက်ခနဲဖြတ်ပြေးသွားပြီး တစ်စုံတစ်ခုကို ဖမ်းဆုပ်မိလိုက်သကဲ့သို့ရှိသော်လည်း ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားသည်။

“အတိုချုပ်ပြောရရင် သူတို့က အချင်းချင်းဝါးမျိုကြရင်းနဲ့ နောက်ဆုံးမှာ အိန်ဂျယ်ဖြစ်လာတဲ့အထိပေါ့” လင်းရှန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ဒါဆို နောက်ဆုံးမှာ မျှော်စင်ယဉ်ကျေးမှုက တစ်ခုတည်းသော ဇီဝရုပ်ကြီးအဖြစ်ပဲ ဖွံ့ဖြိုးတိုးတက်သွားတာလား”

“ဟုတ်တယ်လို့လည်းပြောလို့ရသလို မဟုတ်ဘူးလို့လည်းပြောလို့ရတယ်”

ချူယန် သက်ပြင်းချလိုက်သည်။

“တစ်ခုတည်းသော ဇီဝရုပ်ကြီးလို့ထင်ရပေမဲ့ တကယ်တော့ သန်းပေါင်းများစွာသော သက်ရှိတွေရဲ့ အတွေးအမြင်စုဝေးမှုကြီးပဲ။ ဒီလိုပေါင်းစည်းထားတဲ့ သက်ရှိပုံစံက အတွေးအမြင်တွေကိုပါ မျှဝေခံစားနိုင်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ လူမှုအဖွဲ့အစည်းတည်ဆောက်ပုံက... အဲဒါကြောင့်ပဲ သူတို့ရဲ့ ယဉ်ကျေးမှုက ဒီလောက်အထိ အရှိန်အဟုန်နဲ့တိုးတက်လာတာပဲ။ အဓိကအပိုင်းက ဒီအချက်ကြောင့်ပဲ။ နင် ယိကျင်းမြို့က မှိုမျှင်ကွန်ရက်ကို မှတ်မိသေးလား။ သက်ရှိအားလုံးရဲ့ အသိစိတ်တွေ ပေါင်းစည်းထားတဲ့ တွက်ချက်မှုစွမ်းအားပဲ”

လင်းရှန် ရုတ်တရက် သဘောပေါက်သွားပြီး သူ၏အမူအရာက ချက်ချင်းတည်ကြည်လေးနက်သွားသည်။

“လခွမ်း... ဒါဆို ဒါက ယဉ်ကျေးမှုတစ်ခုလုံးရဲ့ တွက်ချက်မှုစွမ်းအားပေါ့။ ဒါမှမဟုတ် အိန်ဂျယ်ဆိုတာက တကယ်တော့ ယဉ်ကျေးမှုတစ်ခုလုံးကို သယ်ဆောင်ထားတဲ့ အရာပေါ့။ ဒါဆို သူတို့က ဂြိုဟ်တစ်ခုကို လိုအပ်သေးလို့လား”

“ငါ ဘယ်လိုသိမှာလဲ။ ငါ့ရဲ့ အသိအစိတ်အပိုင်းအစတချို့က ဝါးမျိုခံလိုက်ရတာလေ။ အဲဒီအသိစိတ်အပိုင်းအစက နင့်ကို ဘာတွေပြောခဲ့လဲ၊ ဘာတွေလုပ်ခဲ့လဲဆိုတာတောင် ငါ မသိဘူး”

ချူယန်က ပြောလိုက်သည်။

“သူက အများကြီးပြောခဲ့တယ်။ ငါ့ကိုတောင် ကာကွယ်ပေးခဲ့သေးတယ်။ ဒါ့အပြင် အဲဒီအသိစိတ်အပိုင်းအစမှာ ခြေတုလက်တုမပါဘူး။ မင်း ခန္ဓာကိုယ်အပြည့်အစုံရဲ့ ပုံရိပ်ယောင်ဖြစ်ရမယ်”

ချူယန်၏ မျက်နှာ အနည်းငယ်ဖျော့ဆတာ့သွားသည်။

“ခန္ဓာကိုယ်အပြည့်အစုံရှိမရှိဆိုတာက အရေးမကြီးပါဘူး။ ဒါပေမဲ့ ပြည့်စုံတဲ့ စိတ်နေစရိုက်ရှိဖို့က သိပ်အရေးကြီးတယ်”

သူမက ထိုသို့ပြောပြီးနောက် လင်းရှန်ကို ကြည့်လိုက်သည်။

“ဖောင်ဒေးရှင်းက နင့်ကို ဝင်ရိုးစွန်းဒေသဆီ ပြန်လည်လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး။ အခု ကမ္ဘာ့အဆင့်သတ္တဝါကြီးကပါ လှုပ်ရှားလာပြီဆိုတော့ သူတို့လည်း မျှော်စင်ယဉ်ကျေးမှုရဲ့ အတွေးအမြင်တွေကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ငါတို့အားလုံး ဒီနေရာမှာ သေသွားနိုင်ခြေအလွန်များတယ်။ ကမ္ဘာ့အဆင့်သက်ရှိတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တောင်ဘက်ကောင်းကင်ဂိတ်ရဲ့ ခြိမ်းခြောက်မှုက အရင်လိုအားမကောင်းတော့ဘူး။ နင့်မှာ ဘာအစီအစဉ် ရှိလဲ”

“ငါ့မှာ ဘာအစီအစဉ် ရှိရမှာလဲ”

လင်းရှန်က ရှေ့မျက်နှာစာကို စူးစိုက်ကြည့်လိုက်သည်။

“လုပ်နိုင်တာ အကုန်လုပ်ရမှာပဲ။ ဒီအခြေအနေမျိုးမှာတော့ တတ်နိုင်သမျှဝေးဝေးပြေးဖို့ပဲ။ ရထားသံလမ်းတွေသာ မကျိုးပျက်ခဲ့ရင် ရထားက ကီလိုမီတာ ၁၀၀ပဲရှည်ရှည်၊ ကီလိုမီတာ ၁၀၀၀ပဲရှည်ရှည် ငါ အရှိန်မြှင့်မောင်းနှင်နိုင်တယ်။ ငါတို့သာ အရှိန်အဟုန်နဲ့ စတင်ပြေးဆွဲနိုင်ရင် အခွင့်အရေးရှိလိမ့်မယ်။ အခုတော့ ရထားလမ်းချော်မသွားဖို့ပဲ ဆုတောင်းရမယ်။ မဟုတ်ရင် သွေးနီရောင်ဒီရေလှိုင်းကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ နောက်တွဲတွေကို ပြန်လည်ချိတ်ဆက်ဖို့ အချိန်ရမှာ မဟုတ်ဘူး...”

“ဒါဆို သူတို့ ကြံ့ကြံ့ခံနိုင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့”

…

ဝုန်း။

သွေးနီရောင်ကောင်းကင်ကြီးသည် ရေတွက်၍မရသော အမြောက်ဆန်များကြောင့် သွေးစွန်းသောအဝတ်စုတ်တစ်ခုကဲ့သို့ ဆုတ်ဖြဲခြင်းခံလိုက်ရသည်။ ငွေကြယ်ရထား၏ ရှေ့မျက်နှာစာမှ ရှာဖွေရေးမီးမောင်းများသည် ထူထပ်သော မြူခိုးများကို ဖောက်ထွက်သွားပြီး ကော်လိုရာဒိုလွင်ပြင်ကျယ်ကြီးတစ်ခုလုံးကို စည်ကြီးတစ်လုံးကဲ့သို့ တုန်ခါစေသည်။ ၎င်းမှာ အရပ်မျက်နှာအသီးသီးမှ ဟိန်းဟောက်ချဉ်းကပ်လာနေသော သန်းပေါင်းများစွာသော သတ္တဝါလှိုင်းကြီးများနှင့် ရထားတွဲပေါင်း ၆၀၀၀ကျော်၏ သံမဏိရထားကြီးများ တိုးဝှေ့ပြေးဆွဲသံကြောင့် ဖြစ်သည်။

မိုးကြိုးယာဉ်တန်းနှင့် ကောင်းကင်အမိုးခုံးရထားတို့သည် လေထုအနိမ့်ပိုင်းတွင် ပျံဝဲနေကြသည်။ စစ်သင်္ဘောပေါ်ရှိ ကြယ်အမြောက်ပြောင်းဝမှာ နီရဲစွာ ပူပြင်းနေပြီး ပင်လယ်ဖိနှိမ်သင်္ဘောကြီးပေါ်ရှိ လျှပ်ဖိုအမြောက်စုမှာ ငါးပုံတစ်ပုံခန့် လောင်ကျွမ်းပျက်စီးသွားခဲ့ချေပြီ။ တစ်ကြိမ်ပစ်ခတ်လိုက်တိုင်း ကောင်းကင်နတ်ဘုရားက မိုးကြိုးများပစ်ချလိုက်သကဲ့သို့ ရှိနေပြီး ထူထပ်သောမြူခိုးများကြားတွင် ၁ကီလိုမီတာအကျယ်ရှိသော လေဟာနယ်အပေါက်ကြီးများကို ပေါက်ကွဲဖြစ်ပေါ်စေသည်။

အမြောက်ပေါင်းသောင်းချီ၏ ဟိန်းဟောက်သံများအောက်တွင် ငရဲဘုံကဲ့သို့သော ဒီရေလှိုင်းသဏ္ဌာန် သတ္တဝါအုပ်ကြီးရှိနေသည်။ သံမဏိအစောင့်တပ်ရင်း၏ ထိုးစစ်ဆင်တပ်ဖွဲ့များနှင့် ငွေကြယ်ရထား၏ ရှာဖွေရေးမီးမောင်းများသည် ထူထပ်သော မြူခိုးများထဲသို့ ထိုးဖောက်နေသည်။ ထိုမြူများထဲတွင် ခြောက်ခြားဖွယ်သတ္တဝါလှိုင်းကြီးများသည် အရပ်မျက်နှာတိုင်းနီးပါးမှ ဒီရေကဲ့သို့ တိုးဝှေ့ဝင်ရောက်လာနေရာ ပင်လယ်ပြင်ကြီးတစ်ခုလုံး ဟိန်းဟောက်နေသကဲ့သို့ မြေပြင်ကြီးကို တုန်ခါလာစေသည်။

သတ္တဝါလှိုင်းကြီးများကြားတွင် ကြီးမားလှသော A-level အထူးအဆင့် သန္ဓေပြောင်းသတ္တဝါကြီးများ အဆက်မပြတ် ပေါ်ထွက်လာနေသည်။ တောင်ကုန်းသဖွယ်လှုပ်ရှားနေသော အသားပိုအကျိတ်အကောင်ကြီးများ၏ ကျောပေါ်တွင် အရိုးစူးတောအုပ်ကြီးများ ပေါက်ရောက်နေကြသည်။ ခြေထောက်အမြောက်အမြားပါသော အလောင်းကောင်အင်းစက်အုပ်ကြီးများသည် ၎င်းတို့ကြားတွင် တိုးဝှေ့နေကြပြီး ကောင်းကင်ယံတွင်မူ အတောင်ပံပါသော သတ္တဝါဆိုးအုပ်ကြီးများက ကျန်ရှိနေသော ကြယ်ရောင်များကိုပါ ဖုံးလွှမ်းသွားသည်။

“ခံစစ်ဖောက်ခွဲရေးအဖွဲ့တွေ စစ်ကြောင်းကို မပျက်စေနဲ့။ ဟယ်ရီဖုန်း၊ ဝမ်ယုံ၊ လီချုံယန်… မင်းတို့ တပ်ခွဲသုံးခုက ရထားခေါင်းပိုင်းကို ဖြစ်တဲ့နည်းနဲ့ရအောင်ကာကွယ်ရမယ်။ လူပေါင်းသန်းချီရဲ့ အသက်တွေက မင်းတို့ခါးပတ်တွေပေါ်မှာ ချိတ်ထားတာပဲ။ မင်းတို့ဘက်က အကျဆုံးစာရင်းကို ငါဂရုမစိုက်ဘူး၊၊ ရှေ့မှာ သတ္တဝါအလောင်းတွေ ပိတ်နေရင်တောင် အမြောက်တွေနဲ့ အတင်းပစ်ထုတ်ပြီး လမ်းရှင်းရမယ်”

“စိတ်ချပါ”

ကီလိုမီတာ ၁၀၀ကျော် ရှည်လျားသော သံမဏိခံစစ်လိုင်းပေါ်တွင် မော်ကွန်းဝင်တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့ချေပြီ။ ဒရုန်းအုပ်ကြီးများသည် ဆိတ်သုဉ်းနေသော လွင်ပြင်ကျယ်ပေါ်တွင် ရထားသံလမ်းများကို ဖောက်လုပ်နေကြပြီး ကီလိုမီတာရာနှင့်ချီ ရှည်လျားသော ရထားကြီးများသည်လည်း မြေရိုင်းပြင်ကြီးကို ဖြတ်သန်းကာ အသည်းသန်ခုတ်မောင်းနေကြသည်။ ကော်လိုရာဒိုမြေပြင်ကြီးမှာ တုန်ခါနေပြီး ကောင်းကင်ကြီးမှာလည်း မီးတောက်နေကာ ပစ်ခတ်မှုခံစစ်လိုင်းမှာ ရော့ကီတောင်တန်းများမှသည် ကြယ်နက်လွင်ပြင်အထိ ရှည်လျားစွာ သွယ်တန်းနေသည်။

၎င်းမှာ လူသားတို့၏ ရွှေ့ပြောင်းတပ်ဖွဲ့ကြီး အသက်လုဖောက်ထွက်နေသော သေရေးရှင်ရေးတိုက်ပွဲကြီးဖြစ်သည်။

သန်းပေါင်းများစွာသော သတ္တဝါများသည် ဤရထားအုပ်စုကြီးကို အတင်းတိုက်ခိုက်နေကြသည်။ နောက်ဘက်ရှိ လက်နက်တပ်ဆင်ထားသော ရထားတွဲများပေါ်မှ လူပေါင်းသိန်းချီမှာလည်း ဆုတ်ခွာရင်း ဘေးဘက်ရှိ သတ္တဝါလှိုင်းကြီးများကို ပြင်းထန်စွာ ပြန်လည်ပစ်ခတ်နေကြသည်။ တိုက်ပွဲအခြေအနေအမျိုးမျိုးကို ယာဉ်တန်း၏ အဆက်အသွယ်လိုင်းများမှတစ်ဆင့် အပြန်အလှန်အော်ဟစ်ပြောဆိုနေကြသည်။ အော်ဟစ်သံများ၊ အကူညီတောင်းသံများနှင့် ပေါက်ကွဲသံများဖြင့် ဆူညံနေသည်။

သံမဏိအစောင့်တပ်ရင်း ၂၂၏ TFV-600 ပြောင်းနှစ်လုံးပူး တင့်ကားထောင်ပေါင်းများစွာသည် မြေရိုင်းပြင်ကျယ်ကြီးပေါ်တွင် မီးတံတိုင်းကြီးများကို ဖန်တီးထားကြသည်။ သံချပ်ကာယာဉ်များပေါ်ရှိ ၁၁၃၀ အနီးကပ်စက်အမြောက်များ၏ သံမဏိမုန်တိုင်းသည် ထိုးဆင်းလာသော အတောင်ပံပါလင်းနို့သတ္တဝါဆိုးများကို သွေးမိုးများအဖြစ် ဆုတ်ဖြဲပစ်လိုက်ကြသည်။

ငွေကြယ်ရထား၏ ပြောင်းသုံးလုံးပူး လျှပ်စစ်သံလိုက်အမြောက်များသည် မြူများထဲသို့ ဆက်တိုက်ပစ်ခတ်နေသဖြင့် သွေးနီရာင်မြေပြင်ပေါ်တွင် မီးလောင်ကျွမ်းရာ အမှတ်အသားများကျန်ရစ်ခဲ့သည်။ စက်သေနတ်များ တပ်ဆင်ထားသော ရီပက်ဘလစ်ကန်ယာဉ်တန်း၏ ပြုပြင်မွမ်းမံထားသော ထရပ်ကားများကလည်း အပြင်းအထန်တိုက်ခိုက်နေကြသည်။ လဲ့ကျန်း၏ လေးလံသော ထရပ်ကားများသည် လက်ယာတောင်ပံရှိ သတ္တဝါလှိုင်းကြီးများ၏ အစွန်းတွင် အရှိန်ပြင်းစွာ တိုးဝင်နေသည်။ ယပ်တောင်ပုံစံ ပစ်ခတ်မှုစွမ်းအားနှင့် ရထား၏ သံမဏိမုန်တိုင်းတို့ ပေါက်ကွဲထွက်လာမှုကြောင့် ရထား၏ ဘေးဘက်တစ်လျှောက်လုံးကို နေ့ခင်းအလား လင်းထိန်သွားစေသည်။

ရုတ်တရက် ထူထပ်သော မြူခိုးများထဲမှ မြွေကြီးကဲ့သို့သော လက်တံကြီး ၁၂ခုက ထိုးထွက်လာသည်။ ၎င်းတို့သည် အချင်း ၃မီတာကျော် ရှည်လျားပြီး တစ်ခုလုံးတွင် မျက်လုံးများနှင့် စုပ်ခွက်များဖြင့် ပြည့်နှက်နေသည်။ လက်တံကြီးများ ဝှေ့ယမ်းလိုက်သည့် နေရာတိုင်းတွင် သံမဏိအကာကွယ်အဖွဲ့၏ လက်နက်တပ်ဆင်ထားသော ယာဉ်တစ်ဒါဇင်ခန့်မှာ အရုပ်ကလေးများကဲ့သို့ ကောင်းကင်ပေါ်သို့ လွင့်စင်သွားကြသည်။ လေးလံသော ထရပ်ကားအမိုးပေါ်မှ ဂဟေဆော်သူတစ်ဦးသည် လောင်စာဆီတိုင်ကီကို မီးရှို့ရန် ဂဟေဆော်သည့်မီးခေါင်းကို အသုံးပြုလိုက်ပြီး မိမိကိုယ်ကိုယ်လူသားမီးပုလင်းအဖြစ် ပြောင်းလဲကာ အင်းစက်လှိုင်းကြီးထဲသို့ ခုန်ချလိုက်သည်။ အဆက်အသွယ်လိုင်းထဲတွင် အဖွဲ့ခေါင်းဆောင် လျန်ဟောင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

“အရှိန်မြှင့်၊ အရှိန်မြှင့်ကြ။ နဂါးခွန်ပန်ယာဉ်တန်းရဲ့ ပစ်အားက ကျလာတော့မယ်၊၊ လီဗာကို အဆုံးအထိနင်းထားကြ”

ဘွန်း၊၊

ကြယ်နက်လွင်ပြင်တွင် တောင်ကြားထဲမှ ပေါ်ထွက်လာသော သတ္တဝါလှိုင်းကြီးသည် T45 မှ T47 အပိုင်းရှိ ရထားလမ်းကြောင်းဆီသို့ တိုက်ရိုက်ဦးတည်ဝင်ရောက်လာသည်။ ဤနေရာရှိ ယာဉ်တန်းတစ်ခုသည် ပစ်အားများဖြင့် အဆက်မပြတ် ပြန်လည်ခုခံနေသော်လည်း မိနစ်ဝက်မျှပင်မခံဘဲ ယာဉ်အစီးရေ ၁၀၀ ကျော်ပါသော ယာဉ်တန်းတစ်ခုလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။

Telegram Channel-https://t.me/linxian2069

All Chapters