← Chapters

တရုတ် စာပေ website ၌ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်း

Vol. 15 Ch. 212

တရုတ် စာပေ website ၌ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်း

Vol. 15 Ch. 212

နတ်ဘုရားများကို သုတ်သင်ခြင်းက စာလုံးရေ တစ်သိန်းသို့ ရောက်ရှိလာသောအခါ သိမ်းဆည်းသူကလည်း တစ်သိန်းခွဲအထိ မြင့်တက်လာသည်။ တစ်ချိန်တည်းမှာပင် ကြော်ငြာမဲတွင် အဆင့်တစ်ဆယ် ချိတ်နေပြီး စာရင်းထဲမှ အခြား စာရေးဆရာကြီးများနှင့် ပြိုင်ရန် အသင့်ဖြစ်နေ၏။ ပြိုင်ပွဲက ပြင်းထန်ပေတော့မည်။

နတ်ဘုရားများကို သုတ်သင်ခြင်းက စာလုံးရေ တစ်သိန်းခွဲသို့ ရောက်လာချိန်တွင် အခြေအနေက ရပ်တန့်သွားခြင်း မရှိသလို အားပေးသူကလည်း ကျဆင်းသွားသည့် အရိပ်အယောင် နည်းနည်းလေးမျှ မရှိချေ။ ထိုအစား ဆက်လက်၍ ဦးမော့နေ၏။ တစ်ခဏအတွင်း သိမ်းဆည်းသူက နှစ်သိန်းခွဲသို့ ရောက်လာပြီး‌ ကြော်ငြာမဲစာရင်းသို့ တက်လာပြီး အဆင့်သုံးသို့ ချိတ်သွားလေသည်။

ကြော်ငြာမဲစာရင်း၏ အဆင့်သုံးသို့ ရောက်သွားခြင်းက တကယ်ပင် မယုံနိုင်စရာကောင်းသော ရလဒ်ပင်။ ကြော်ငြာမဲသည် လူအများ၏ ဖတ်ရှုသိမ်းဆည်းခြင်း မတိုင်ခင်ကတည်းက စာအုပ်၏ ကျော်ကြားမှုကို ကိုယ်စားပြု လေသည်။

ထိုမဲများက စာအုပ်၏ နောက်ဆုံးအမှတ်နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ လက်ရှိတွင် နတ်ဘုရားများကို သုတ်သင်ခြင်းက တရုတ်စာပေ၏ နာမည်ကျော် စာရေးဆရာများ၏ အာရုံစိုက်ခြင်း ခံနေရသည်။ ၎င်းးသည် သူတို့နှင့် တူညီသော အဆင့်သို့ ရောက်လာလိမ့်မည်ဟု ခန့်မှန်းထားကြသည့် လက်ရာကောင်းတစ်ခုပင်။

စာလုံးရေ နှစ်သိန်းသို့ ရောက်သောအခါ နတ်ဘုရားများကို သုတ်သင်ခြင်းအား သိမ်းဆည်းသူက လေးသိန်းကျော် သွားလေပြီ။ ၎င်းက ကြော်ငြာမဲများတွင် အပြတ်အသတ် အသာစီးရကာ နံပါတ်တစ် ချိတ်သွားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နတ်ဘုရားများကို သုတ်သင်ခြင်းသည် တရုတ် စာပေ website မှ ကြီးမားသော ကြော်ငြာပေးခြင်း ရရှိလေသည်။ ထိုအခါတွင်မှ ၎င်းက မည်မျှ နာမည်ကြီးကြောင်း လူတိုင်း သတိပြု မိတော့သည်။

သိမ်းဆည်းသူက ရှစ်သိန်းအထိ ထိုးတက်လာလေသည်။

အွန်လိုင်းပေါ်မှ နာမည်ကျော် စာရေးဆရာများပင် ထိုကဲ့သို့သော ရလဒ်မျိုးကို စိတ်ကူးယဉ်ရုံရုံလောက်ပင် တတ်နိုင်လေသည်။

ရဲ့လင်းချန်၏ အယ်ဒီတာ ဒိန်ချဉ်သည်လည်း မှင်တက်နေသည်။ နတ်ဘုရားများကို သုတ်သင်ခြင်းက အုတ်အော်သောင်းနင်း ဖြစ်စေလိမ့်မည်ဟု သူ သိနေသော်လည်း ဤမျှ ပွက်လောရိုက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပေ။ website တစ်ခုလုံးက နတ်ဘုရားများကို သုတ်သင်ခြင်းကြောင့် ဆူညံနေလေသည်။

နတ်ဘုရားများကို သုတ်သင်ခြင်းက အွန်လိုင်းစာပေ အဖွဲ့အစည်းအတွင်း၌ မုန်တိုင်းထန်စေလေသည်။

စာဖတ်သူများအား အားတက်သရော အပြိုင်အဆိုင် ဆွေးနွေးပြောဆိုကြသည်။

တရုတ်အွန်လိုင်း webxite အပြင် အခြားသော အွန်လိုင်း ဝတ္ထု site များတွင်လည်း ဆူညံနေလေသည်။

များစွာသော နာမည်ကျော် စာရေးဆရာများက စကားဝိုင်းတွင် ဝင်ပါလာကြသည်။

နတ်ဘုရားများကို သုတ်သင်ခြင်းသည် လက်ရှိ အွန်လိုင်းစာပေ အသိုင်းအဝိုင်း၌ ခေတ်သစ်တစ်ခုကို ရေးထိုးလိုက် သည့်ပုံပင်။

အပြင် အယ်ဒီတာများစွာကလည်း ရဲ့လင်းချန်ကို ဆက်သွယ်ရန် အစွမ်းကုန် ကြိုးစား၍ သူ့အား အပိုင်ဖမ်း နိုင်အောင် ကြိုးစားလေသည်။ လူပေါင်းများစွာက ရဲ့လင်းချန်၏ နောက်ခံကို ရှာဖွေနေပြီး ဤသို့သော လက်ရာအား စာရေးဆရာအသစ်က ရေးထားသည်ကို ယုံရခက်နေကြသည်။

ဤအခြေအနေက ကြောက်စရာကောင်းသော အနေအထားသို့ပင် ရောက်ရှိလာလေသည်။

နတ်ဘုရားများကို သုတ်သင်ခြင်းအား ဝေဖန်ချက်ပေးသော ကဏ္ဍတွင် မှတ်ချက်များက နေ့တိုင်း ရာထောင်ချီ၍ ပေါ်လာသည်။ အားလုံးက ချီးကျူးသော စကားများ ဖြစ်ပြီး ရဲ့လင်းချန်က သူတို့၏ website သို့ ရောက်လာရန် မျှော်လင့်ချက်ဖြင့် ပြောဆိုကြသည်။ မှတ်ချက်များမှ ပြနေသော အပြုအမူက လေးစား၍ နှိမ့်ချသော ဟန်ပန်အပြည့်ပင်။

အချို့က ရိုးရှင်း၍ တဲ့တိုးဆန်သည်။ သူတို့က သူ့အား သူတို့ website မှ အမြင့်ဆုံး ကမ်းလှမ်းချက်နှင့် အကောင်းဆုံး ဆက်ဆံမှုတို့ ပေးမည်ဟု ကမ်းလှမ်းလေသည်။

များလှသော မှတ်ချက်များကြောင့် ဒိန်ချဉ်တစ်ယောက် ဘာမှမလုပ်နိုင်ချေ။ လူတစ်ဘောက်အတွက် အားလုံးကို တစ်ယောက်တည်း လိုက်ဖျက်နေဖို့က မဖြစ်နိုင်သော တာဝန်ပင်။

နောက်ဆုံးတွင် အခြေအနေက အကြီးပိုင်းများသို့ ရောက်ရှိသွားလေသည်။ ထိုမျှ အချိန်တိုလေးက တရုတ် စာပေ Website ၏ ရာထူးအကြီးပိုင်းများကို တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။

နတ်ဘုရားများကို သုတ်သင်ခြင်းက လက်ရာကောင်းပင်။ နောင်တွင် သူတို့ website လူသိများပြီး အထင်ကရ ဖြစ်လာစေမည့် အရာပင်။ ဘယ်သူမဆိုက စာရေးသူ၏ နောက်ခံကို တူးဖော်နိုင်မည်ဟု ထင်နေပါသလော။

Websiteက ရှန်းရှအမျိုးအစားစာပေအတွက် ချက်ချင်း အယ်ဒီတာတစ်ယောက် ထပ်ခန့်လိုက်သည်။ သူက ဘာမှ များများစားစား လုပ်စရာ မလိုပေ။ ပထမဆုံး လုပ်ရသည့် တာဝန်က နတ်ဘုရားများကို သုတ်သင်ခြင်းမှ မှတ်ချက်ကဏ္ဍကို ကူရှင်းပေးရန် ဖြစ်သည်။

စာအုပ်နာမည်ကို ဆွေးနွေးကြသည့်အပြင် ရဲ့လင်းချန်၏ ကလောင်နာမည်ကလည်း ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်နေ၏။

“တင် တင် တင်”

အယ်ဒီတာ ဒိန်ချဉ်က ရဲ့လင်းချန်ထံ ဂုဏ်ပြုစကား ပို့လေသည်။

“ငါကဝိုင်ရေ ဂုဏ်ယူပါတယ်၊ မင်းရဲ့ ရလဒ်ကြောင့် နာမည်ကျော် စာရေးဆရာ ဖြစ်လာတော့မှာပဲ၊ တစ်လအတွင်း မင်းရဲ့ ကျော်ကြားမှုက ငါတို့ websiteက စာအုပ်သစ်တွေရဲ့ အမြင့်ဆုံးစံချိန်ကို ကျော်ဖြတ်သွားပြီ”

“ကျေးဇူးတင်ပါတယ်”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

“မကြာခင် အမျိုးသားနေ့ကို ရောက်တော့မယ်၊ ငါတို့ နတ်ဘုရားများကို သုတ်သင်ခြင်းကို အဲ့နေ့ တင်ဖို့ အကြံပေးချင်တယ်၊ အဲ့နေ့က အားလပ်ရက်ဆိုတော့ အသွားအလာ အကျပ်ဆုံးပဲ၊ မင်းရဲ့ ရလဒ်နဲ့ဆိုရင် အဲ့နေ့ ထွက်ရင် ပေါက်မှာပဲ”

“အင်း … ဒါဆိုလည်း အမျိုးသားနေ့ ထွက်လိုက်တာပေါ့”

ရုတ်တရက် အမျိုးသားနေ့တွင် လုပ်စရာ ကိစ္စ တော်တော်များသည်ကို ရဲ့လင်းချန် သတိပြုမိသွားသည်။ ဟော်ရန်ကျားကလည်း ရုံတင်တော့မည် ဖြစ်ပြီး နတ်ဘုရားများကို သုတ်သင်ခြင်းကလည်း စာအုပ်ထွက် ပေတော့မည်။ ထို့အပြင် လုဟောင်နှင့် Las Vegas ကို ခရီးသွားမည့်နေ့ကလည်း အမျိုးသားနေ့နှင့် တိုက်နေ၏။

“ကောင်းပြီ ဒါဆို သေချာပြီနော်”

ဒိန်ချဉ်က ပြန်ပြောလာသည်။

“ပုံမှန်ဆို ငါတို့ တင်တဲ့အခါကျရင် လှုပ်လှုပ်ရှားရှား ဖြစ်စေမယ့် အပိုင်း ပါကိုပါမှဖြစ်မယ်၊ အကြမ်းအချို့ကို သိမ်းထားဦး၊ ဒါမှ အချိန်တန်ရင် မင်း တစ်ချက်တည်း နာမည်ကြီးလာမှာ”

မည်သည့် ဝတ္ထုအတွက်မဆို ရလဒ်ဖြစ်စေ ကျော်ကြားမှုအတွက်ဖြစ်စေ အခြေခံကျသည့် အထိရောက်ဆုံး နည်းလမ်းက စာအုပ်ထုတ်ပြီးနောက် အခကြေးငွေဖြင့် ဖတ်ရှုသူများ၏ အရေအတွက်ကို တိုင်းတာနည်း ဖြစ်သည်။

စာအုပ်ဝင်ကြေးက စာရေးဆရာများအား ပိုက်ဆံရစေပြီး သူတို့ မိသားစုများကို ကျွေးမွေးနိုင်ရုံတင် မဟုတ်ချေ။ ဝင်ကြေးက စာရေးဆရာတစ်ယောက်၏ လက်ရာအပေါ် လူအရေအတွက် ဘယ်လောက်က ပိုက်ဆံသုံးချင်စိတ် ရှိသလဲကို ကိုယ်စားပြုလေသည်။ အဘယ်ကြောင့်ဆိုသော် လက်ရာက ဆွဲဆောင်မှုကောင်းမှသာ စာဖတ်သူ များက ငွေကို သုံးမည် ဖြစ်သောကြောင့်ပင်။

ယေဘုယျအားဖြင့် website တွင် စာရေးဆရာတစ်ယောက်ကို တိုင်းတာသည့် စံချိန်စံနှုန်းကလည်း ဝင်ကြေးဖြင့် ဖတ်ရှုသူများအပေါ် အခြေခံလေသည်။ ဝင်ကြေးက အတိုင်းအတာတစ်ခုအထိ ရောက်လျင် စာရေးဆရာက နာမည်ကျော်ဟု သတ်မှတ်နိုင်ပေသည်။

…

နဂါးကောင်းကင်။

၎င်းသည် အွန်လိုင်း စာပေအသိုင်းအဝိုင်းအတွက် ပျော်စရာကောင်းသော အွန်လိုင်းဖိုရမ်တစ်ခု ဖြစ်သည်။

တစ်လအတွင်း ပြောဆိုနေသည့် ခေါင်းစဉ်မှာ နတ်ဘုရားများကို သုတ်သင်ခြင်း ဖြစ်ပြီး ယခုထက်တိုင် ရပ်မသွားသေးချေ။ “နတ်ဘုရားများကို သုတ်သင်ခြင်း” ဟူသည့် စာကို ရှာဖွေမှုက ထိတ်လန့်စရာ ကောင်းလောက်အောင် ထိပ်ဆုံး၌ ရှိနေသည်။ နတ်ဘုရားများကို သုတ်သင်ခြင်းနှင့် ပတ်သက်သော ခေါင်းစဉ်များ ကလည်း ရာချီ၍ ရှိနေလေ၏။

ထိုသို့သောအချိန်၌ “နတ်ဘုရားများကို သုတ်သင်ခြင်းက နာမည်ကျော် စာရေးဆရာတွေကို သတ်ချနိုင်မလား မှန်းကြရအောင်” ဟူသည့် ပိုစ့်က ရေပန်းအစားဆုံး ခေါင်းစဉ် ဖြစ်နေလေသည်။

[ပို့စ်ပိုင်ရှင်ကို ပြန်ဖြေတယ်ကွာ၊ နတ်ဘုရားများကို သုတ်သင်ခြင်းက နာမည်ကျော် စာရေးဆရာတွေကို သတ်ချနိုင်မှာ သေချာတယ်၊ ဘယ်လိုလုပ်ချင်လဲ ဆိုတာပေါ်မှာပဲ မူတည်တာ]

[နာမည်ကျော် စာရေးဆရာတွေ သတ်ချတဲ့အချိန်ကျရင် အားလုံး ကြည့်နေရအောင်၊ လှပတဲ့ မြင်ကွင်းဖြစ်မှာ သေချာတယ်]

[ငါ ကျိန်ဆိုတယ်၊ နတ်ဘုရားများကို သုတ်သင်ခြင်းက အံ့ဩဖို့ကောင်းလောက်အောင် ဖတ်လို့ကောင်းတယ်၊ ငါ ရပ်တောင်မရပ်နိုင်ဘူး]

[လတိုင်း နာမည်ကျော် စာရေးဆရာ တစ်ယောက်၊ နှစ်ယောက် အမြဲ ရှိတတ်တယ်၊ ဒါပေမဲ့ နတ်ဘုရားများကို သုတ်သင်ခြင်းက ပထမ ရကိုရသင့်တယ်]

[မင်းတို့တွေ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ ဒေတာကို မြင်ပြီးသွားပြီလား၊ စာအုပ်ကို သိမ်းဆည်းသူက ရှစ်သိန်းအထိ ရောက်နေပြီ]

…

သို့သော် ချီးကျူးသော စကားများကြားတွင် ဆန့်ကျင်ဘက် တုံ့ပြန်မှုများ ပါနေသည်ကို ရှောင်လွဲ၍ မရနိုင်ချေ။

[ဟားဟား ဒီ‌လောက် များတဲ့ မှတ်ချက်တွေကို ဖတ်ပြီးတော့ ငါ ပြောချင်တဲ့ တစ်ခုတည်းသော အရာကတော့ စောက်ပိန်းတွေ များလွန်းတယ်ဆိုတာပဲ]

[နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ ဒေတာက အတုဆိုတာ အသိသာကြီး၊ ဘယ်လိုလုပ် လူသစ်က ဒီလို ရလဒ်မျိုး ရမှာလဲ၊ သူက လူလိမ်၊ အရှက်မရှိတဲ့ကောင်၊ မင်းရဲ့ တုံးအတဲ့မျက်နှာကို မပြချင်ရင် ဒိုးလိုက်တော့]

[ငါ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ အခန်းတစ်ကိုတောင် ဆက်မဖတ်နိုင်ဘူး၊ မင်း သောက်ကျိုးနည်း ဘာကို ရေးထားတာလဲ၊ ငါတောင် ပိုကောင်းအောင် ရေးနိုင်တယ်၊ အမှိုက်ကောင်]

[သိမ်းဆည်းသူ အများကြီး ရှိတာ ဘာလုပ်ရမှာလဲ၊ ငါတို့ ထုတ်ဝေတဲ့အချိန်ကျရင် စောင့်ကြည့်ဖို လိုသေးတယ်၊ အခုတလော ဝိုင်နဲ့ ပတ်သက်တဲ့ သတင်းတွေက ရေပန်းစားနေတာ၊ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရေးဆရာက “ငါကဝိုင်” တဲ့၊ သူက ခေတ်ရေစီးကြောင်းကို အသုံးချဖို့ ကြိုးစားနေတာ အသိသာကြီးပဲ]

[အပေါ်က မှတ်ချက်ကို ထောက်ခံတယ်၊ ဒါကို ဝိုင်တွေထဲက တစ်ယောက် ရေးတာလို့ ထင်ပြီး လူတော်တော်များများက သိမ်းထားတာ ဖြစ်မယ်၊ ဒါပေမဲ့ တချို့တလေကပဲ တကယ် ကြိုက်လို့ သိမ်းထားတာ]

[အပေါ်ကလူတွေက ဝိုင်ရဲ့ မနာလိုတဲ့ ခွေးတွေပဲ၊ လူတွေက ကိုယ့်အစွမ်းအစနဲ့ကိုယ် နေနေကြတာ၊ မင်းမှာ စာရေးနိုင်တဲ့ အစွမ်း ရှိတယ်ဆိုလည်း လုပ်လိုက်လေ၊ သောက်ရူးရဲ့]

မကြာခင်မှာပင် နှစ်ဖက်က အချင်းချင်း အချင်းများလာပြီး နဂါးကောင်းကင်၌ ရေပန်းအစားဆုံး ခေါင်းစဉ် ဖြစ်လာသည်။

အစက ခေါင်းစဉ်က ထိုမျှနှင့် ပြီးသွားလောက်သော်လည်း သရီးလော့ဂ်ဆိုသည့် အကောင့်ပိုင်ရှင်က ဝင်ရေးလာသဖြင့် အချင်းများခြင်းက ပြန်လည်၍ တင်းမာလာသည်။

[မထုတ်ဝေခင်မှာ ဒေတာအားလုံးက စာရွက်ပေါ်မှာပဲ ရှိတာ၊ ငါ နတ်ဘုရားများကို သုတ်သင်ခြင်းကို ဖတ်တောင် မဖတ်ရသေးဘူး၊ ဒါပေမဲ့ စာရေးဆရာက သူ့ကိုယ်သူ ငါကဝိုင်လို့ ခေါ်နေတယ်၊ ဒါက ဘာသဘောလဲ၊ အခု ဝိုင်တွေက နယ်ပယ်အသီးသီးရဲ့ အမြင့်မှာ ရှိနေကြတော့ မင်းနာမည်ကို ဝိုင်လို့ ပေးတယ်ပေါ့၊ ဘာနောက်ခံနဲ့လဲ၊ မင်းက အထက်စီးဆန်လား၊ မောက်မာလား၊ မင်းကိုယ်မင်း website ရဲ့ နာမည်တစ်လို့ ထင်နေတာလား]

ထိုပိုစ့် ပေါ်လာသည်နှင့် အခြေအနေက ချက်ချင်း ပေါက်ကွဲလာလေသည်။

[ဟ လခွမ်းဟေ့ လခွမ်းဟ၊ ဒါ သရီးလော့ဂ်ပဲ၊ ဆရာကြီးပဲ]

[ဆရာကြီး ပေါ်လာပြီဆိုတော့ အလုပ်မရှိတဲ့ကောင်တွေ ဘေးဖယ်ကြ၊ အားလုံး ဆရာကြီးကို အရိုအသေ ပေးကြ]

[နောက်ဆုံးတော့ ဆရာကြီးက သည်းမခံနိုင်တော့ဘူးပဲ … ဟားဟားဟား … ငါကဝိုင်ဆိုတဲ့ နာမည်က အမုန်းခံရမယ်ဆိုတာ ငါ သိနေတယ်လေ]

[နတ်ဘုရားများကို သုတ်သင်ခြင်းကို ချတော့မလို့လား၊ ဝိုး ဝိုး ဝိုး … ဆရာကြီးတွေရဲ့ ပွဲက စတော့မယ်၊ စိတ်လှုပ်ရှားစရာပဲ၊ စိတ်လှုပ်ရှားစရာပါလားဟေ့]

…

All Chapters