← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း ၁၃၇ သူ့ရင်ခွင်အောက်ဝယ်

စူးယောင်ကွမ်းကတော့ အမှန်တကယ် ဒေါသထွက်နေခဲ့သည်။

ကျန်းယီဟွေ့သာ ဤနေရာ၌ ရှိနေမည်ဆိုပါက သူမ ပြေးသွားပြီး သူ့ကို မစင်ကျင်းထဲ ပစ်ချမိမှာ အသေအချာပင်။

အပြင်ဘက်မှ လူအုပ်ကြီး လူစုကွဲသွားကြပြီးနောက် ညအချိန်က ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

ကျန်းဝမ်ရှူက သမ်းဝေလိုက်ရင်း သူမကို သူ့ဘေးတွင် လှဲအိပ်ရန် ဆွဲခေါ်လိုက်ကာ ထပ်ပြောလိုက်သည်။

"အိပ်တော့... အဲ့ဒါတွေက ကြာနေပါပြီ၊ ကျွန်တော် အကုန်မေ့သွားပြီ"

"နင်က တကယ်ပဲ အာဃာတမထားတတ်ဘူးပဲ"

စူးယောင်ကွမ်းက သူ့ဘေးတွင် လှဲလျောင်းရင်း နူးညံ့စွာ ပြောလိုက်သည်။

"နင်က အေးအေးဆေးဆေး နေတတ်လွန်းလို့ အဲ့ဒီ အရှက်မရှိတဲ့လူတွေရဲ့ အနိုင်ကျင့်တာကို ဒီလောက်တောင် ခံခဲ့ရတာ"

ဤသို့ ကြားဖြတ်ပြောဆိုလိုက်ခြင်းက ကြောက်မက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်လေထုကို လုံးဝ ပျောက်ကွယ်သွားစေခဲ့ရာ စူးယောင်ကွမ်းလည်း သိပ်မကြောက်တော့ပေ။

သူ့နောက်ကျောဘက်မှ မှန်မှန်ထွက်ပေါ်နေသော အသက်ရှူသံကို ကြားလိုက်ရသဖြင့် စူးယောင်ကွမ်း အိပ်ပျော်သွားပြီမှန်း ကျန်းဝမ်ရှူ သိလိုက်သည်။ သူက သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး မှိန်ပျပျအလင်းရောင်အောက်၌ သူ့ရှေ့မှ မိန်းကလေးကို စိုက်ကြည့်နေခဲ့သည်။

‘သူမက တကယ်ကို တက်ကြွလန်းဆန်းလွန်းတယ်’

‘သူ့မျက်လုံးထဲမှာ လောကကြီးတစ်ခုလုံးက မီးခိုးရောင် သန်းနေခဲ့ပြီး သူမကပဲ အဲ့ဒီမီးခိုးရောင်တွေထဲက တောက်ပသော အရောင်လေးတစ်ခု ဖြစ်နေခဲ့တယ်’

"ဒီအခိုက်အတန့်မှာ လူတစ်ယောက်ကို ကူညီလိုက်၊ နောက်အခိုက်အတန့်မှာ နောက်တစ်ယောက်ကို ကယ်လိုက်နဲ့... အသက်ရှင်နေတဲ့ ဘုရားလောင်းလို လုပ်နေတာပဲ။ မင်း ကယ်လိုက်တဲ့သူတွေထဲမှာ ကျေးဇူးကန်းမယ့်လူတွေ ပါနေမှာကို မကြောက်ဘူးလား"

ကျန်းဝမ်ရှူက ပြောနေရင်းဖြင့် စူးယောင်ကွမ်း၏ ပါးပြင်လေးကို ဆွဲညှစ်လိုက်သည်။

‘အရမ်းနူးညံ့ပြီး ညှစ်လို့ ကောင်းလိုက်တာ’

‘သူမ ငါ့မျက်နှာကို လာလာညှစ်ရတာကို ဘာလို့ နှစ်သက်နေလဲဆိုတာ အံ့ဩစရာမရှိတော့ဘူး။’

‘တကယ်လည်း ခံစားလို့ အတော်လေး ကောင်းမွန်နေတာပဲ’

ကျန်းဝမ်ရှူ ဘယ်အချိန် အိပ်ပျော်သွားခဲ့မှန်း သူ့ဘာသာပင် မသိခဲ့သော်လည်း သူ ပြန်နိုးလာချိန်တွင်တော့ ဖက်ချင်စရာကောင်းသော လူသားခန္ဓာကိုယ်ခေါင်းအုံးလေးက သူ့ရင်ခွင်ထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူမက သူ့ကို တိုးကပ်ဖက်တွယ်ထားပြီး သူမ၏နှုတ်ခမ်းလေးများက သူ့လည်ပင်းကို ဖိကပ်ထားကာ သူမ၏ထွက်သက်ဝင်သက်များက သူ့လည်ပင်းဆီသို့ လာရောက်ရိုက်ခတ်နေလေသည်။

ထိုအရာင ကျန်းဝမ်ရှူကို လုံးဝ တောင့်တင်းသွားစေခဲ့သည်။

သူ လှုပ်ရှားတော့မည့်အချိန်တွင် သူ့ရင်ခွင်ထဲမှ လူကလည်း နိုးလာတော့မည့်အလား လှုပ်ရှားလာသည်ကို သူ သတိထားမိသွားသည်။ ထို့ကြောင့် သူက သူ့မျက်လုံးများကို အမြန်ပြန်မှိတ်လိုက်ပြီး အိပ်ပျော်ချင်ယောင်ဆောင်ကာ သူမ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေလိုက်သည်။

စူးယောင်ကွမ်း မျက်လုံးပွင့်လာချိန်တွင် ချောမောသော မျက်နှာလေးတစ်ခုက သူမ၏ အနီးကပ် မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ထိုမျက်နှာလေးပေါ်မှ မျက်တောင်များက ရှည်လျားပြီး ကော့ညွှတ်နေကာ ယောက်ျားတစ်ယောက်၏ မျက်တောင်များနှင့် လုံးဝမတူနေခဲ့ချေ။

သို့သော်လည်း သူ့ရုပ်ရည်က မွေးရာပါ နုနယ်ချောမောလွန်းလှသည်။ ထိုသို့မဟုတ်လျှင် သူ မိန်းကလေးအဖြစ် ဟန်ဆောင်ခဲ့စဥ်က လူအများအပြားကို အလွယ်တကူ ဆွဲဆောင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

"သူ့အသားအရေက အရမ်း ချောမွေ့ပြီး နူးညံ့တာပဲ၊ နှုတ်ခမ်းလေးတွေကလည်း လှလိုက်တာ... သူက ဘာလို့ ယောက်ျားလေး ဖြစ်နေရတာလဲ။ မိန်းကလေးသာဆိုရင် နေ့တိုင်း ဖက်အိပ်လို့ ရမှာ သေချာတယ်"

စူးယောင်ကွမ်းက တိုးတိုးလေး ရေရွတ်ရင်း ကုတင်ပေါ်မှ ဖြည်းဖြည်းချင်း ထလိုက်သည်။

ကျန်းဝမ်ရှူ : "..."

‘ဒါပဲလား’

‘ရှက်သွေးဖြာတာ မရှိသလို ပြာပြာသလဲဖြစ်သွားတာလည်း မရှိဘူး၊ ဘယ်လို ထူးခြားတဲ့ တုံ့ပြန်မှုမျိုးမှ မရှိဘဲ ကျန်းကျင့်နဲ့အတူ အိပ်ရာနိုးလာသလိုမျိုး သဘာဝကျကျကြီး ဖြစ်နေတာလား’

စူးယောင်ကွမ်းက မျက်နှာသစ်ဖို့ ရေခပ်ရန် ထွက်သွားခဲ့သည်။ သူမ ထွက်သွားသည်နှင့် ကျန်းဝမ်ရှူလည်း ဒေါသတကြီးဖြင့် ကုတင်ပေါ်မှ ထထိုင်လိုက်သည်။

"ယောက်ျားလေး ဖြစ်နေရတာလဲ ဆိုတာက ဘာသဘောလဲ၊ ငါက ယောက်ျားလေးဖြစ်တော့ ဘာဖြစ်လို့လဲ၊ မင်း ကျန်းကျင့်နဲ့ ကျားချွန်းနီအပေါ် ဒီလောက်ကောင်းနေတာ အံ့ဩစရာ မရှိတော့ဘူး။ မင်းက မိန်းကလေးတွေကိုပဲ ကြိုက်ပြီး ယောက်ျားလေးတွေကို စိတ်မဝင်စားဘူးပေါ့လေ"

ကျန်းဝမ်ရှူတစ်ယောက် သူ့အတွေးနှင့်သူ ဒေါသပုန်ထနေတော့သည်။

စူးယောင်ကွမ်း အပြင်ဘက်သို့ ထွက်လာသည်နှင့် ကျန်းရိဟွမ်းက မျက်နှာချင်းဆိုင်အခန်းထဲသို့ ရေပုံးကို သယ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် ဝမ်ရှီကလည်း ရေပုံးကို သယ်ရင်း ရောက်လာခဲ့သည်။ သူမတို့နှစ်ဦး တံခါးဝတွင် ထိပ်တိုက်တိုးမိသွားကြပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ကာ မျက်စောင်းထိုးနေကြသည်။

စူးယောင်ကွမ်း : "..."

‘ကျန်းရိဟွမ်းက တကယ်ကို အခြေအနေနဲ့ လိုက်လျောညီထွေအောင် နေထိုင်တတ်လွန်းတယ်’

‘အခု သူမ ခြိမ်းခြောက်ခံနေရတယ်လို့ ခံစားနေရပြီလား’

စးမ မျက်နှာသစ်သန့်စင်ပြီးနောက် ကျန်းဝမ်ရှူ အိပ်ပျော်နေဆဲဖြစ်သည်ကို တွေ့ရသဖြင့် စူးယောင်ကွမ်းက စားပွဲပေါ်တွင် စာတိုလေးတစ်စောင် ရေးထားခဲ့ကာ အပြင်သို့ ထွက်လာခဲ့သည်။

ကျန်းဝမ်ရှူ နောက်တကြိမ် ပြန်နိုးလာချိန်တွင် စားပွဲပေါ်ရှိ စာတိုလေးကို မြင်လိုက်ရသဖြင့် သူ့အတွက် ဆေးရည်ကို မီးဖိုပေါ်တွင် နွေးထားကြောင်း သိလိုက်ရပြီး ဆေးကို အရင်သောက်လိုက်သည်။ မနက်စာအတွက်ကတော့ စူးယောင်ကွမ်းက သူမ ပြန်ယူလာပေးမည်ဟု ပြောထားသောကြောင့် သူ စောင့်ဆိုင်းနေလိုက်သည်။

သူ ထိုင်နေရင်း ခေါင်းငုံ့ကာ သူ့ကိုယ်သူ နမ်းကြည့်နေမိပြန်သည်။

သူ့စိတ်ထဲ ထင်နေ၍လားတော့မသိနိုင်သော်လည်း ယနေ့တွင် သူ့ကိုယ်မှ အနံ့လေးက ပိုမွှေးကြိုင်နေသလို ခံစားနေရသည်။

သူမ တစ်ညလုံး သူ့ရင်ခွင်ထဲတွင် လှဲလျောင်းနေခဲ့သဖြင့် သူ့ခန္ဓာကိုယ်တွင်ပင် သူမ၏ ပါးနီနံ့လေး စွဲကျန်နေခဲ့ခြင်း ဖြစ်နိုင်သည်။

မနေ့ညက မြို့ထဲတွင် ဒုက္ခသည်များက အိမ်ထဲသို့ အတင်းဝင်ရောက်ကာ ပြစ်မှုကျူးလွန်သည့် အမှုအခင်းများ ရှိခဲ့သဖြင့် ယနေ့ မြို့တွင်းရှိ လေထုက သိသိသာသာ ကွဲပြားခြားနားနေခဲ့သည်။ ဒေသခံပြည်သူများက ထိုဒုက္ခသည်များအပေါ် အထူး ရန်လိုနေကြပြီး နေရာတိုင်းတွင် မောင်းထုတ်နေကြကာ လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့်ကန်ကာ သူတို့၏ ဒေါသများကို ဒုက္ခသည်များအပေါ် ပုံချနေကြသည်မှာ သိသာထင်ရှားနေသည်။ သို့သော်လည်း ထိုဒုက္ခသည်အများစုက သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များသာ ဖြစ်ကြပြီး သူတို့အတွက် မိုးခိုနားစရာလေး ချန်ထားပေးရန် ဒူးထောက်တောင်းပန်ရုံမှတစ်ပါး ပြန်လည်ခုခံရန် လုံးဝ မဝံ့ရဲကြချေ။

ဒုက္ခသည်များကလည်း သူတို့ဘက်မှ ပြန်လည်ခုခံပါက အာဏာပိုင်းများက သူတို့ကို မြို့ပြင်သို့ လုံးဝမောင်းထုတ်လိုက်မည်ကို စိုးရိမ်နေကြပြီး ထိုသို့ဖြစ်လာလျှင် မြို့ထဲတွင် အသက်ဆက်ရန် ဝေမျှပေးနေသည့် ယာဂုလေးပင် ရနိုင်တော့မည်မဟုတ်ချေ။

"သခင်မလေးစူး... ခရိုင်အမတ်မင်းက ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

စူးယောင်ကွမ်း မုန့်ပေါင်းအချို့ ဝယ်ယူပြီး ကျန်းဝမ်ရှူထံ ပြန်ယူသွားရန် ပြင်နေစဥ်မှာပင် ရဲမက်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ယခုအချိန်တွင် သူမကို လာရောက်ရှာဖွေခြင်းက မနေ့ညက လူသတ်မှုကြောင့် ဖြစ်နိုင်မှန်း စူးယောင်းကွမ်း ခန့်မှန်းမိလိုက်သည်။ သို့သော်လည်း ခရိုင်အမတ်မင်းက သူမ၏ စွမ်းဆောင်ရည်ကို အထင်ကြီးလွန်းနေသည်ဟုလည်း သူမ တွေးနေမိသည်။

စူးယောင်ကွမ်းတစ်ယောက် ခရိုင်ရုံးသို့ ရောက်ရှိလာချိန်တွင် သူမအပြင် အခြားသော ဆိုင်ရှင်များလည်း ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။

သူမ ဝင်ထိုင်လိုက်သည်နှင့် လူကုံထံအမျိုးသားငယ်တစ်ဦးက သူမအား စိုက်ကြည့်နေသည်ကို စူးယောင်ကွမ်း သတိထားမိလိုက်သည်။

၎င်းက သူမကို ဇဝေဇဝါ ဖြစ်သွားစေသည်။

'ဒီလူက ဘယ်သူလဲ... ငါ သူ့ကို မသိပါဘူး'

"သူက ကျင်းလဲ့ဖုန့်ရဲ့ သခင်လေးလေ"

သူမဘေးနားရှိ လူငယ်လေးတစ်ယောက်က အပြုံးဖြင့် တိုးတိုးလေး ရှင်းပြနေသည်။

"ဒီရက်ပိုင်း ကျင်းလဲ့ဖုန့်ရဲ့ စီးပွားရေးက မကောင်းဘူးလေ၊ အဲ့ဒါကြောင့် မိသားစုက သူ့ကို စီမံခန့်ခွဲဖို့ လွှတ်လိုက်တာ၊ ဒါပေမဲ့ စီးပွားရေးက လုံးဝ ပြန်မကောင်းလာဘူး။ မင်းရဲ့ ထောင်ယောင်ဖန့်က ဝယ်သူတွေ အကုန်လုံးနီးပါးကို လုယူသွားတာဆိုတော့ သူလည်း သူ့မိသားစုထဲမှာ မျက်နှာပျက်သလို ဖြစ်နေရှာပြီ"

စူးယောင်ကွမ်းက ဘေးနားရှိ လူငယ်လေးကို ကြည့်ကာ ပြန်မေးလိုက်သည်။

"ကျွန်မ ရှင့်ကို မြင်ဖူးသလိုပဲ၊ ရှင့်နာမည်ကို ဘယ်လိုခေါ်ရမလဲဟင်"

"ကျွန်တော်က ကျန်းမိသားစုစားသောက်ဆိုင်ရဲ့ ပိုင်ရှင်ပါ၊ ပြီးခဲ့တဲ့တစ်ခေါက်က မမလေးစူး လူငယ်လေးတစ်ယောက်ကို ကျောပိုးလာတာ မြင်လို့ မလွယ်ကူလောက်ဘူး ထင်ပြီး ရထားလုံးတစ်စီး စေလွှတ်ပေးခဲ့ဖူးပါတယ်"

ကျန်းကျီချမ့်က အပြုံးဖြင့် ထပ်ရှင်းပြနေသည်။

"ဪ... ရှင်ပဲကိုး၊ ကျွန်မ မှတ်မိပြီ"

သူ့၏ စေတနာကောင်းမှုနှင့် ယခင်က ကူညီပေးခဲ့ဖူးသည့် အချက်ကြောင့် စူးယောင်ကွမ်းလည်း သူ့အပေါ် အထင်ကြီးသွားခဲ့သည်။

"ဒါနဲ့ ခရိုင်အမတ်မင်းက ဘာလို့ ဒီလောက်လူစုံအောင် ခေါ်ထားရတာလဲ"

"ဒုက္ခသည်တွေကိစ္စပဲ ဖြစ်ရမယ်။ တော်ဝင်နန်းတော်ကလည်း သူတို့ကို အခြေချပေးဖို့ လူစေလွှတ်တာမျိုး မရှိသေးဘူး၊ ဒုက္ခသည်တွေနဲ့ ဒေသခံတွေကြားက ပဋိပက္ခကလည်း ပိုပြီး ပြင်းထန်လာနေပြီလေ။ အခုအချိန် အဖြေတစ်ခု အမြန်မရှာနိုင်ရင် အခြေအနေတွေက ပိုဆိုးလာဖို့ပဲ ရှိတော့တယ်"

"ကျွန်မ မနေ့က ခရိုင်အမတ်မင်းအတွက် အကြံဉာဏ်တစ်ခု ပေးခဲ့သေးတယ်၊ ဒါပေမဲ့ မနေ့ညက ကိစ္စဖြစ်သွားတော့ အဲ့ဒီနည်းလမ်းက အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး ထင်တယ်"

"ဘာအကြံဉာဏ်လဲ"

"ဒုက္ခသည်တွေကို ရွာတွေမှာ အခြေချခိုင်းဖို့လေ၊ ပိုင်ရှင်မဲ့အိမ်တွေမှာ သူတို့ကို နေရာချ ပေးဖို့ ခရိုင်အမတ်မင်းကို အကြံပြုခဲ့တာ။ ဒါပေမဲ့ မနေ့ညက လူသတ်မှု ဖြစ်သွားတော့ ရွာသားတွေက ဒုက္ခသည်တွေကို မောင်းထုတ်တော့မှာ အသေအချာပဲ၊ အဲ့ဒီအချိန်ကျရင် ပြဿနာတွေကို ရှောင်လွှဲလို့ရနိုင်မှာ မဟုတ်တော့ဘူး"

ထိုအချိန်တွင် ခရိုင်အမတ်မင်း ရောက်ရှိလာခဲ့သည်။ သူက စူးယောင်ကွမ်းကို နှုတ်ဆက်သည့်အလား ခေါင်းငြိမ့်ပြလိုက်သည်။

"လူကြီးမင်းတို့အားလုံး အလုပ်များနေတဲ့ကြားက ဒီနေ့ ဒီနေရာကို လာပေးကြတဲ့အတွက် အားနာမိပါတယ်။ ဒါပေမဲ့ ဒီအရာရှိမှာ လူကြီးမင်းတို့ရဲ့ အကူအညီကို တောင်းခံစရာ ကိစ္စတစ်ခု ရှိလာလို့ပါ"

ခရိုင်အမတ်မင်းချန်က ထပ်ရှင်းပြနေသည်။

"မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို လူကြီးမင်းတို့လည်း ကြားခဲ့ကြမှာပါ။ အဲ့ဒီ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဒုက္ခသည်တွေက ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားနေရပြီး သူတို့မှာ နေ့ရက်တွေ အများကြီး မကျန်တော့မှန်း သိလို့ မသေခင်မှာ တခြားလူတွေကို အဖော်အဖြစ် ဆွဲခေါ်သွားဖို့ ကြိုးစားခဲ့ကြတာပဲ။ အဲ့ဒီ အဖမဲ့ကလေးနဲ့ မုဆိုးမက သူတို့ရဲ့ ပစ်မှတ် ဖြစ်သွားခဲ့ရတယ်။ ငါ ရဲမက်တွေ ညတွင်းချင်း စေလွှတ်ပြီး သွားဖမ်းဆီးခဲ့ပေမဲ့ သူတို့ကို တွေ့တဲ့အချိန်မှာ သူတို့က သူတို့ဘာသာ အဆုံးစီရင်သွားကြပြီ။ သူတို့ကတော့ လွတ်မြောက်သွားကြပြီ ဖြစ်ပေမဲ့ အခြားဒုက္ခသည်တွေရဲ့ ထွက်ပေါက်ကိုတော့ ပိတ်ဆို့သွားခဲ့ကြတယ်။ အရင်က ဒီနေ့မှာ ဒုက္ခသည်တွေကို ရွာတွေဆီ ပို့ပြီး အခြေချပေးဖို့ စီစဥ်ထားတာ၊ ဒါပေမဲ့ အခုအခြေအနေအရ ရွာသူရွာသားတွေက လုံးဝ သဘောတူကြမှာ မဟုတ်တော့ဘူး"

"ဒီအရာရှိလည်း အကြိမ်ကြိမ် စဥ်းစားပြီးမှ လူကြီးမင်းတို့အားလုံးရဲ့ အင်အားကို စုစည်းပြီး အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ရတာပါ။ လူကြီးမင်းတို့ သိကြတဲ့အတိုင်းပဲ၊ ငါတို့မြို့ရဲ့ အခြေအနေက အခြားနေရာတွေထက် အများကြီး ပိုကောင်းနေသေးတယ်။ ဘာလို့လဲဆိုတော့ ဖျားနာသူတွေကို ကုသပေးဖို့ ဆေးဝါးတွေ ရှိနေသလို၊ ထောင်ယောင်ဖန့်က စူးမိသားစုကလည်း စားစရာတွေ ပံ့ပိုးပေးနေလို့ပဲ။ ဒါပေမဲ့ ဒုက္ခသည်တွေက အရမ်းများလာတော့ ထောင်ယောင်ဖန့်တစ်ဆိုင်တည်းနဲ့ မလုံလောက်တော့ဘူး။ ဒီလို ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်နိုင်ဖို့အတွက် လူကြီးမင်းတို့ အားလုံးရဲ့ အကူအညီကို လိုအပ်တယ်"

အခန်း ၁၃၈ အကြံဥာဏ်ပေးခြင်း

ကျင်းလဲ့ဖုန့်၏ သခင်လေးဖြစ်သူ စွေ့ရုန်က နှာခေါင်းရှုံ့လျက် စပြောလိုက်သည်။

"ထောင်ယောင်ဖန့်က အလှကုန်ရောင်းတဲ့ဆိုင် မဟုတ်ဘူးလား။ အလှကုန်ဆိုင်တစ်ဆိုင်ကနေ ဒီလောက်များပြားတဲ့ ရိက္ခာတွေနဲ့ ဆေးဝါးတွေ ဘယ်လိုလုပ် ထွက်လာနိုင်မှာလဲ။ သေချာမသိတဲ့လူဆိုရင်တော့ ထောင်ယောင်ဖန့်ရဲ့ ဆိုင်ရှင်က အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ စွမ်းပကားရှိလို့ ဒါတွေအားလုံးကို ကြိုတင်ပြင်ဆင်ထားတာလို့ ထင်မိကြမှာပဲ"

စူးယောင်ကွမ်းက တစ်စုံတစ်ဦးက မကျေမနပ် ထောက်ပြလာနိုင်သည်ကို ကြိုတင်တွေးဆထားပြီးဖြစ်သဖြင့် မျက်နှာအမူအရာမပျက်ဘဲ တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။

"ထောင်ယောင်ဖန့်က စီးပွားရေးလုပ်ငန်းအသေးလေးတစ်ခုပါ၊ ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ကျင်းလဲ့ဖုန့်နဲ့တော့ ဘယ်နှိုင်းယှဥ်လို့ရပါ့မလဲ။ အရင်က ကျွန်မတို့ ဆန်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ စီစဥ်ထားတာပါ။ ဒါမှ တစ်နေ့နေ့မှာ အလှကုန်တွေရဲ့ စီးပွားရေးအခြေအနေ ကျဆင်းသွားခဲ့ရင် ကျင်းလဲ့ဖုန့်လိုမျိုး အမှားကြီး မှားမိပြီး လမ်းပိတ်မသွားမှာလေ။ ဆိုင်တောင်မဖွင့်ရသေးခင်မှာ အခုလို ကပ်ဘေးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ရလိမ့်မယ်လို့တော့ ဘယ်သူက ထင်ထားမှာလဲ"

သူမ၏ စကားက ကျင်းလဲ့ဖုန့်ဘက်မှ ကြီးမားသောအမှား ကျူးလွန်ခဲ့သည်ဟု လှောင်ပြောင်သရော်လိုက်ခြင်း ဖြစ်သည်။ ထိုအမှားက သူတို့ဆိုင်အနေဖြင့် ထောင်ယောင်ဖန့်၏ ကုန်ပစ္စည်းများကို အတုအပပြုလုပ်ကာ သိက္ခာကျခဲ့ရသည့် ကိစ္စကို ဆိုလိုခြင်းဖြစ်သည်။

မူလက ကျင်းလဲ့ဖုန့်၏ တာဝန်ခံမှာ အတန်ငယ် အမျှော်အမြင်ရှိသဖြင့် ပြစ်ဒဏ်ပေးသင့်သူကို ပြစ်ဒဏ်ပေးပြီး တောင်းပန်သင့်သူကို တောင်းပန်ကာ ထိုကိစ္စကို ကောင်းမွန်စွာ အဆုံးသတ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဤသခင်လေးကတော့ သဘောထားသေးသိမ်ပြီး ရန်ငြိုးဖွဲ့ထားခဲ့ပုံရသည်။

အကယ်၍ တစ်ယောက်ယောက်က ရန်ငြိုးဖွဲ့ရမည်ဆိုလျှင်ပင် ထောင်ယောင်ဖန့်ဘက်ကသာ ရန်ငြိုးဖွဲ့ရမည်ဖြစ်သည်။ ထိုကိစ္စတွင် ကျင်းလဲ့ဖုန့်က မတရားသဖြင့် ပြုမူခဲ့ခြင်းဖြစ်ပြီး လိမ္မာပါးနပ်သူတိုင်းက ထိုအကြောင်းအရာကို တစ်သက်လုံး လျှို့ဝှက်ထားချင်ကာ ဘယ်တော့မှ ပြန်မပြောချင်ကြချေ။ သို့သော်လည်း ဤသခင်လေးကတော့ သူမ အခန်းထဲသို့ ဝင်လာကတည်းက မာနာထောင်လွှားပြီး အမှားအမှန်ကို လုံးဝခွဲခြားနိုင်ခြင်း မရှိဘဲ မဆင်မခြင် ပြုမူနေခဲ့သည်။ စူးယောင်ကွမ်းကလည်း ထိုကဲ့သို့ အလိုလိုက်ခံထားရသော သူမျိုးကို မျက်နှာသာပေးရန် ဆန္ဒမရှိနေခဲ့ချေ။

"မင်း..."

စွေ့ရုန်က စားပွဲကို လက်ဖြင့် ဒေါသတကြီး ရိုက်ချလိုက်ပြီး ဆဲရေးတိုင်းထွာရန် ပြင်လိုက်သည်။

သူ့၏ ဆဲရေးသံများ မထွက်လာမီမှာပင် ကပွဲခန်းမ၏ ပိုင်ရှင်ဖြစ်သူ ချန်ပုယွိ၏ဖခင် လူကြီးမင်းချန်က ကြားဖြတ်ပြောလိုက်သည်။

"သခင်လေးစွေ့... မြို့ထဲမှာ ငတ်မွတ်နေတဲ့သူတွေ ပြည့်နှက်နေပြီ။ မင်းရဲ့ ပုဂ္ဂိုလ်ရေး ရန်ငြိုးတွေကြောင့် လူတိုင်းရဲ့ အရေးကြီးတဲ့ အလုပ်ကို မထိခိုက်စေသင့်ဘူး"

ခရိုင်အမတ်မင်းချန်ကလည်း ဝင်ရောက်ပြောဆိုလာခဲ့သည်။

"ထောင်ယောင်ဖန့်ရဲ့ ဖြောင့်မတ်တဲ့လုပ်ရပ်တွေက ငါတို့အားလုံးအတွက် စံနမူနာယူစရာပဲ။ သူတို့က လူတွေကို ကယ်တင်ဖို့ ဆန်နဲ့ ဆေးဝါးတွေကို ကြိုတင်ပြင်ဆင်ထားရုံနဲ့ ပြဿနာရှိတယ်လို့ ဘယ်လိုပြောလို့ ရမှာလဲ။ ဒါမှမဟုတ် ထောင်ယောင်ဖန့်က ဒီရောဂါဆိုးကို ဖန်တီးခဲ့တာလို့ ပြောချင်တာလား။ ဒီရောဂါက အခြားဒေသကနေ ကူးစက်လာတာ ဖြစ်ပြီး ငါတို့မြို့ကို မရောက်ခင်ကတည်းက အခြားနေရာတွေမှာ လူအများကြီး ဖျားနာနေခဲ့ကြတာ။ လူငယ်လေးစွေ့... ထောင်ယောင်ဖန့်က လူနာတွေကို ကုသပေးပြီး အသက်တွေကို ကယ်တင်နေတာပါ။ သူတို့ကို မတရား မစွပ်စွဲပါနဲ့"

စူးယောင်ကွမ်းက ခရိုင်အမတ်မင်းကို ဦးညွှတ်ကာ အကြံပြုလိုက်သည်။

"အရှင်... ဒုက္ခသည်တွေကို ရွာတွေမှာ အခြေချပေးဖို့ မဖြစ်နိုင်တော့ဘူးဆိုရင်တော့ ကျွန်မတို့ ကုန်သည်တွေအားလုံးရဲ့ အင်အားကိုပဲ စုစည်းဖို့ ရှိပါတော့တယ်။ လူကြီးမင်းတို့အားလုံးမှာ ကိုယ်ပိုင်သတ္ထုတွင်းတွေ၊ လယ်ယာမြေတွေ၊ အထည်ဆိုးဆေးလုပ်ငန်းတွေ၊ အုတ်ဖုတ်ဖိုတွေလိုမျိုး လုပ်ငန်းတွေ ရှိကြတာပဲ။ တကယ်လို့ ဒုက္ခသည်တွေအားလုံးကို စုစည်းလိုက်ပြီး ကုန်သည်တစ်ဦးချင်းစီက နည်းနည်းစီ ခွဲဝေပြီး အခြေချပေးမယ်ဆိုရင်ရော... ဒီကိစ္စ ပြီးဆုံးသွားတဲ့အခါကျရင်လည်း ကုန်သည်တစ်ဦးစီရဲ့ ကူညီပံ့ပိုးမှုအလိုက် အခွန်အခတွေကို လျှော့ပေါ့ပေးမယ်ဆိုရင် ကုန်သည်တွေအနေနဲ့ ဒီအခက်အခဲကို ခဏလောက် မျှဝေထမ်းပိုးထားနိုင်မယ်လို့ ကျွန်မ ထင်ပါတယ်"

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။

အကယ်၍ ဆိုင်ရှင်တစ်ဦးစီက လူပေါင်း ၁၀၀ စီခွဲဝေ တာဝန်ယူမည်ဆိုလျှင် လက်ရှိ ရောက်ရှိနေသူ ၅၀ ဦး ရှိနေသဖြင့် လူပေါင်း ၅၀၀၀ ကို အခြေချပေးနိုင်မည် ဖြစ်သည်။

သူတို့ထဲမှ တစ်ဦးတစ်ယောက်တည်းကိုသာ လူပေါင်း ၅၀၀၀အတွက် အခြေချခိုင်းပါက ဗြောင်ကျကျ ဓားပြတိုက်ခံရသလို ယူဆကြပေလိမ့်မည်။ သို့သော်လည်း ဤနေရာသို့ ရောက်ရှိနေသူများအားလုံးက အတ်ောအသင့် ချမ်းသာကြွယ်ဝသူများ ဖြစ်ကြသဖြင့် လူပေါင်း ၁၀၀ အား အခြေချပေးရန်ဆိုသည်က သူတို့အတွက် ပြဿနာမဟုတ်ချေ။

ဤနည်းဖြင့် သူတို့အားလုံး အာဏာပိုင်များအား မျက်နှာသာပေးရာရောက်ပြီး အခွန်အခများလည်း လျှော့ပေါ့ခွင့် ရရှိနိုင်မည်ဖြစ်သည်။ ၎င်းက အပြန်အလှန် အကျိုးရှိစေမည့် အခြေအနေတစ်ခု ဖြစ်သဖြင့် သူတို့အတွက် အဆင်ပြေသလို သေချာပေါက် အရှုံးမရှိသည့် အရောင်းအဝယ်တစ်ခုဟု တွေးနေမိကြသည်။

"အရှင်... ဒီနိမ့်ကျတဲ့အရပ်သားကတော့ ဆိုင်ရှင်စူးရဲ့ အကြံဉာဏ်ကို ကောင်းမွန်တယ်လို့ တွေးမိပါတယ်၊ ဒါကြောင့် ဒုက္ခသည်တွေကို အခြေချပေးဖို့ အရှင်ရဲ့ အမိန့်အတိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်"

"အရှင်... သာမန်ဒုက္ခသည်တွေဆိုရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ရောဂါကူးစက်ခံထားရတဲ့သူတွေကိုတော့ ကျွန်တော်မျိုးတို့ရဲ့ ကျင်းလဲ့ဖုန့်အနေနဲ့ လက်ခံနိုင်မှာ မဟုတ်ပါဘူး"

စွေ့ရုန်က ဝင်ပြောလာပြန်သည်။

"အဲ့ဒီရောဂါက ကူးစက်မြန်လွန်းတယ်၊ ဒုက္ခသည်ထဲက လူတစ်ယောက်နှစ်ယောက် သေတာဆိုရင် တမျိုးပေါ့၊ ဒါပေမဲ့ ကျွန်တော်မျိုးတို့ ကျင်းလဲ့ဖုန့်က လူတွေကိုပါ ထိခိုက်လာမယ်ဆိုရင်တော့ ဒီလို ကုသိုလ်ကောင်းမှုမျိုးကို မလုပ်တာကမှ ပိုကောင်းပါလိမ့်မယ်"

"အားလုံးပဲ စိတ်မပူကြပါနဲ့၊ ရောဂါကူးစက်ခံထားရတဲ့သူတွေကိုတော့ ကျွန်မတို့ ထောင်ယောင်ဖန့်ကပဲ တာဝန်ယူ စောင့်ရှောက်ပေးသွားပါ့မယ်ရှင့်"

စူးယောင်ကွမ်းက ဝင်ပြောလိုက်၏။

"ထောင်ယောင်ဖန့်အနေနဲ့ အဲ့ဒီလူနာတွေကို အခြေချပေးဖို့ ရုံးတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ"

"ဆိုင်ရှင်စူးက သဘောထားကြီးလှချည်လား"

စွေ့ရုန်က သရော်ဟန်ဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် လောင်းကစားခန်းမ၏ ပိုင်ရှင်လည်းဖြစ်သလို ကျုံးချူရှန်း၏ ဖခင်လည်းဖြစ်သည့် ကျုံးဖုန်းက ဝင်ပြောလာခဲ့သည်။

"ဆိုင်ရှင်စူး၊ မင်းက အရမ်းငယ်ရွယ်ပေမယ့် ဆုံးဖြတ်ချက်ချနိုင်စွမ်း မြင့်မားတယ်။ အသက်ကြီးတဲ့ ယောက်ျားရင့်မကြီးတွေဖြစ်တဲ့ ငါတို့က မင်းလောက် မစွမ်းဆောင်နိုင်လို့ မဖြစ်ဘူးလေ"

"ယိချန်မှာတော့ လူပမာတွေကို အရေးတယူ ဆောင်ရွက်ခဲ့တယ်လို့ ကျွန်တော် ကြားခဲ့တယ်"

တစ်ယောက်ယောက်က ဝင်ပြောလာသောကြောင့် ကျန်းကျီချမ့်က ပြန်ရှင်းပြလိုက်သည်။

"သူတို့ တကယ်ပဲ အရေးတယူ ဆောင်ရွက်ပေးခဲ့ပါတယ်။ ရောဂါလက္ခဏာရှိတဲ့သူမှန်သမျှကို ကပ်ရောဂါ ဟုတ် မဟုတ် ခွဲခြားမနေဘဲ အများပိုင် သင်္ချိုင်းအနီးမှာ သွားထားတာလေ။ သေတဲ့သူတွေကိုတော့ အဲ့ဒီသင်္ချိုင်းထဲကို တိုက်ရိုက်ပစ်ချခဲ့ကြတယ်။ ပြီးတော့ ရောဂါပြန့်ပွားတာကို ကာကွယ်နိုင်ဖို့ သူတို့ကို ပြာဖြစ်တဲ့အထိ မီးရှို့ပစ်ခဲ့ကြတယ်"

ခရိုင်အမတ်မင်းချန်၏ မျက်နှာတွင် သနားဂရုဏာသက်မှုများ ပြည့်နှက်သွားခဲ့၏။

"ဒီအရာရှိလည်း တော်ဝင်နန်းတော်ဆီ အစီရင်ခံစာ တင်ပြထားပြီးပါပြီ။ ဒါပေမဲ့ အဲ့ဒီကို သွားရောက်ဖြေရှင်းပေးမယ့်သူ ရှိ မရှိဆိုတာကတော့ ငါ့မှာ အာဏာမရှိလို့ ဝင်ရောက်စွက်ဖက်လို့ မရပါဘူး။ ငါ လုပ်နိုင်တာက ဒီဒေသက ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ပဲ ရှိတယ်"

ထို့နောက်တွင်တော့ သူတို့တစ်ယောက်ချင်းစီက လူများကို ဘယ်အချိန် သွားခေါ်ရမည်၊ ဘယ်လိုသွားခေါ်ရမည်နှင့် ဘယ်လိုအခြေချပေးရမည်စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။ ၎င်းအပြင် ဆိုင်ရှင်များက ဒုက္ခသည်များကို ခေါ်ဆောင်သွားပြီးနောက် ထိုသူတို့၏ အချက်အလက်များကို မှတ်တမ်းတင်ထားရမည် ဖြစ်သည်။ အကယ်၍ သူတို့ထဲမှ တစ်စုံတစ်ဦးက ရုတ်တရက် ရောဂါကူးစက်ခံရပါက အာဏာပိုင်များထံသို့ ချက်ချင်း အစီရင်ခံရမည်ဖြစ်ပြီး ကိုယ့်သဘောဖြင့်ကိုယ် ဆုံးဖြတ်ခြင်းမျိုး လုံးဝ ခွင့်မပြုထားပေ။ ရုံးတော်က ဒုက္ခသည်များကို ဆိုင်ရှင်များလက်ထဲသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ရာ ဆိုင်ရှင်များအနေဖြင့် ထိုသူတို့၏ ဘေးကင်းလုံခြုံမှုကို အာမခံရန် တာဝန်ရှိကြောင်း သတိပေး ဆွေးနွေးခဲ့ကြသည်။

"ဆိုင်ရှင်စူး... ခဏလောက် စောင့်ပါဦး"

ထွက်ခွာတော့မည့် စူးယောင်ကွမ်းကို ကျန်းကျီချမ့်က လှမ်းခေါ်လိုက်သည်။

စူးယောင်ကွမ်းက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျန်းကျီချမ့်ကို ကြည့်ကာ ပြန်မေးလိုက်သည်။

"ဆိုင်ရှင်ကျန်း... ကိစ္စတစ်ခုခု ရှိလို့လားဟင်"

"မင်း အရင်က မီးသွေးတွေ အများကြီး ဝယ်ထားတယ်လို့ ကျွန်တော် ကြားခဲ့လို့ပါ။ ကျွန်တော့်ကို နည်းနည်းလောက် ခွဲပေးလို့ ရနိုင်မလား။ အခု ပေါက်ဈေးက ဘယ်လောက်ပဲ ဖြစ်ဖြစ် လက်ရှိဈေးအတိုင်း ကျွန်တော် ပေးပါ့မယ်၊ မင်းကို လုံးဝ အရှုံးမခံစေရပါဘူး"

"‌ဪ... ဒါလား... ကျွန်မက အရေးကြီးတဲ့ ကိစ္စတစ်ခုခုများလားလို့ပါ"

စူးယောင်ကွမ်းက ရယ်မောလိုက်ရင်း ပြောလိုက်သည်။

"ဆိုင်ရှင်ကျန်းက ရိုးသားတဲ့သူပဲ၊ ကျွန်မကလည်း လူလိမ်တစ်ယောက် မဟုတ်ပါဘူး။ လက်ရှိ ပေါက်ဈေးရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းပဲ ယူပါ့မယ်"

"ကောင်းပါပြီ၊ ဆိုင်ရှင်စူး... ကျေးဇူးတင်ပါတယ်"

ထိုအချိန်တွင် ကျန်းကျီချမ့်၏ ရထားလုံး ရောက်လာသောကြောင့် သူက သူမကို ဖိတ်ခေါ်လိုက်သည်။

"ဆိုင်ရှင်စူး... အိမ်ပြန်မှာလား။ ကျွန်တော် တစ်ပါတည်း လိုက်ပို့ပေးပါရစေ"

"ကျွန်မ စာသင်ကျောင်းကို သွားမလို့ပါ၊ ဒါဆိုရင်တော့ ဆိုင်ရှင်ကျန်း လိုက်ပို့ပေးတာကို အားနာနာ လက်ခံရတော့မှာပဲ"

စူးယောင်ကွမ်းက သူ့ကို ထပ်ရှင်းပြလိုက်သည်။

"ကျွန်မ ခရိုင်အမတ်မင်းဆီကနေ ဒီအလုပ်ကို တာဝန်ယူလိုက်ပြီဆိုတော့ နောက်ပိုင်း အလုပ်ရှုပ်တော့မှာလေ။ ဒါကြောင့် စာသင်ကျောင်းဘက်ကို သွားပြီး နှုတ်ဆက်ထားရဦးမယ်"

ရထားလုံးအတွင်း၌ ကျန်းကျီချမ့်နှင့် စူးယောင်ကွမ်းတို့က ဒုက္ခသည်များကို ကူညီရမည့်ကိစ္စအား ဆွေးနွေးခဲ့ကြသည်။ ဒုက္ခသည်အများစုက သနားစရာကောင်းသည့် သာမန်လူများ ဖြစ်ကြသော်လည်း အချို့ကတော့ ကောက်ကျစ်ပြီး မရိုးသားသူများလည်း ရှိကြသည်။ ထိုကဲ့သို့သော လူစားမျိုးကိုတော့ အာဏာပိုင်များ၏လက်ထဲသို့ တိုက်ရိုက် လွှဲပြောင်းပေးလိုက်ခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။ လက်ရှိတွင် ရုံးတော်၌ လူအင်အား အလွန်အမင်း ပြတ်လပ်နေသည်။ ခွန်အားဗလရှိပြီး လုပ်ကိုင်နိုင်စွမ်းရှိသူများကို အလုပ်ကြမ်းများ ခိုင်းစေရန် ငှားယမ်းပြီး အနီးကပ် စောင့်ကြည့်ထားခြင်းဖြင့် သူတို့က အားနည်းသူများကို အနိုင်ကျင့်ခြင်းမှ တားဆီးနိုင်သလို လူအင်အား ပြတ်လပ်သည့် ပြဿနာကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်သည်။

သူတို့နှစ်ဦး စကားစမြည်ပြောရင်း သဘောထားတိုက်ဆိုင်လာကြကာ အချို့သောအချက်များ၌ အမြင်ချင်း တူညီနေကြသည်။ ရထားလုံး ရပ်တန့်သွားချိန်တွင် သူတို့နှစ်ဦးစလုံး ခွဲခွာရန် အနည်းငယ် နှမြောနေမိကြသည်။

"အခု အခြေအနေက မကောင်းသေးဘူး။ ဒီသဘာဝကပ်ဘေး ပြီးဆုံးသွားလို့ ဆိုင်ရဲ့ စီးပွားရေး ပြန်ဦးမော့လာရင် ကျွန်မရဲ့မိသားစုဝင်တွေကို ခေါ်ပြီး ဆိုင်ရှင်ကျန်းရဲ့ဆိုင်ကို လာအားပေးပါ့မယ်။ အဲ့ဒီအချိန်ကျရင်တော့ လျှော့ဈေးပေးဖို့ မမေ့နဲ့ဦးနော်"

"ဆိုင်ရှင်စူးက လာရောက်အားပေးမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ကျန်းမိသားစု စားသောက်ဆိုင်မှာ ဆိုင်ရှင်စူးအတွက် အမြဲတမ်း နေရာတစ်ခု ရှိနေမှာပါ။ ကျွန်တော်တို့ ဆုံတွေ့တာ မကြာသေးပေမဲ့ တကယ့်ကို သဘောထားချင်း တိုက်ဆိုင်ကြတယ်၊ အချိန်အကြာကြီး သိကျွမ်းခဲ့ရတဲ့ မိတ်ဆွေဟောင်းတွေလိုပါပဲ"

စူးယောင်ကွမ်းက ကျန်းကျီချမ့်ကို ကျေးဇူးတင်စကား ဆိုလိုက်ပြီး စာသင်ကျောင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းဝင်လာခဲ့သည်။

.....။......။....

"အခုထိ အိပ်နေတုန်းပဲလား"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ သူမကို ကျောပေးကာ ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩတကြီး လျှောက်သွားလိုက်ပြီး သူ့နဖူးကို လှမ်းစမ်းလိုက်သည်။

“ဖြန်း”

ကျိုးဝမ်ရှူက သူမ၏လက်ကို ပုတ်ထုတ်လိုက်သည်။

"ခင်ဗျား မနက်စာ သွားဝယ်တာ လမင်းကြီးပေါ်အထိ သွားဝယ်နေတာလား"

ကျိုးဝမ်ရှူက မကျေနပ်မှုများ ရောယှက်နေသည့် လေသံဖြင့် အံ့ကြိတ်ကာ မေးမြန်းနေလေသည်။

စူးယောင်ကွမ်း : "...နင် ဗိုက်ဆာနေလို့လား"

"ဘယ်လိုလုပ် မဆာပဲနေမှာတုန်း၊ ကျွန်တော့်မှာက ကျွေးမွေးမယ့် မရီး ရှိတာလည်း မဟုတ်ဘူး"

ကျိုးဝမ်ရှူက သကြားလုံး မရသည့် ကလေးတစ်ယောက်လို ဂျီကျပြီး စိတ်ကောက်နေခဲ့သည်။

စူးယောင်ကွမ်းက တခစ်ခစ် ရယ်မောလိုက်ပြီး သူ၏ပါးပြင်ကို ဆွဲလိမ်ပြီးမှ ပြန်ပြောလိုက်သည်။

"အိုက်ယား.... နင်က ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ"

All Chapters