← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း ၁၄၅ ကြီးမားတဲ့ ပြဇာတ်

ကျိုးဝမ်ရှူက သူ၏ဒဏ်ရာများအား လေမှုတ်ပေးနေသော စူးယောင်ကွမ်းကို စိုက်ကြည့်နေလေသည်။ သူမ၏ နှုတ်ခမ်းနီနီလေးများက အနည်းငယ် ကော့ညွတ်နေပြီး စိုစွတ်ဝင်းပနေပုံရကာ နူးညံ့ချိုမြိန်လှသည့် နှင်းဆီမုန့်လေးအလား ကိုက်စားချင်စရာ ကောင်းနေလေသည်။

သူမက သူ့ကို မော့ကြည့်လာချိန်တွင်လည်း သေးငယ်သော မျက်နှာလေးထက်၌ စိတ်မကောင်းရိပ်များ ပြည့်နှက်နေပြီး ဘာမှန်းမသိ တတွတ်တွတ် ရေရွတ်နေသော အသံလေးကလည်း ဥဒေါင်းငှက်ငယ်လေး၏ သီကျူးသံကဲ့သို့ သာယာကြည်လင်နေသည်။ ၎င်းက ကျိုးဝမ်ရှူကို အနည်းငယ် အပြစ်မကင်းသလို ခံစားရစေသည်။

စွပ်ပြုတ်ရည်များ သူ၏ကိုယ်ပေါ်သို့ မှောက်ကျသွားခြင်းက သူ့၏ ရည်ရွဘ်ချက်ကြောင့် ဖြစ်ပေါ်လာရခြင်းပင်။

ရှောင်းယန်ချီလည်း ထိုအိပ်မက်မျိုးကို မက်ခဲ့ဖူးသလားဆိုသည်ကို သူ သေချာ မသိနိုင်သော်လည်း မကြာသေးခင်ကစပြီး ထိုလူက စူးယောင်ကွမ်းအပေါ် ထူးဆန်းသော အမူအရာများ ပြုမူကာ ထူးဆန်းသော စကားလုံးများ ပြောဆိုလာခဲ့သည်။ သူ၏အမြင်တွင်တော့ ထိုလုပ်ရပ်များက သူမအား ဆွဲဆောင်ညှို့ယူနေခြင်းသာ ဖြစ်သည်။

ထိုအရှက်မရှိသောလူကို အကြွင်းမဲ့ လက်လျှော့သွားအောင် လုပ်ရန် အလွယ်ကူဆုံးနည်းလမ်းက သူ့၏စိတ်ကူးယဉ်အိပ်မက်များကို ရိုက်ချိုးပစ်ရန်သာ ဖြစ်သည်။ ယခုအချိန်တွင် လူတိုင်းက ထိုလူ၏ ရည်ရွယ်ချက်ကို သိသွားကြပြီဖြစ်ရာ သူ စူးယောင်ကွမ်းအား ထပ်မံဆွဲဆောင်ညှို့ယူရန် ကြိုးစားမည်ဆိုလျှင်ပင် သူ နှစ်ကြိမ်တိုင်တိုင် စဥ်းစားရပေလိမ့်မည်။

"ကံကောင်းလို့ ပြင်းပြင်းထန်ထန် မဖြစ်သွားတာ၊ မဟုတ်ရင် ငါ သူ့ကိုယ်ပေါ်ကို ရေနွေးပူနဲ့ ပြန်ပက်မိမှာ သေချာတယ်"

စူးယောင်ကွမ်းက ဆေးဘူးကို သိမ်းဆည်းလိုက်ရင်း ထပ်ပြောလိုက်သည်။

"ဒီနေ့ ဘာအလုပ်မှ မလုပ်နဲ့တော့၊ နားနားနေနေပဲ နေ"

"ဒီလောက် ဒဏ်ရာအသေးအမွှားလေးက ဘာမှ မဟုတ်ပါဘူး"

ကျိုးဝမ်ရှူက ပြန်ချေပလိုက်သည်။

"ကျွန်တော့်မျိုးရိုးက ရှောင်း မဟုတ်ဘူး၊ အဲဒီလောက်အထိ အားနည်း မနေဘူး"

‘ငါက လူမိုက်မှ မဟုတ်တာ၊ ငါ့ကိုယ်ငါ တကယ်ကြီး နာကျင်အောင် ဘာလို့ လုပ်ရမှလဲကွ။ ဒီအပူလောင်ကွက်က အရည်ကြည်ဖုတောင် ထွက်လာတာ မဟုတ်တော့ ဆေးနည်းနည်း လူးပေးရုံဖြင့် ပျောက်ကင်းသွားမှာ သေချာတယ်’

ရှောင်းယန်ချီကို လာရောက်ပြုစုစောင့်ရှောက်ရန် ကျုံးလန်ဟွာနှင့် သူမ၏သမီးထံသို့ အကြောင်းကြားပေးမည်ဟု ကျန်းကျောက်တိက ပြောခဲ့ပြီး တစ်ရှီးချန်ခန့်အကြာတွင် ကျန်းရိဟွမ်းတစ်ယောက် တောင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ နောက်ပိုင်း သိပ်မကြာမီမှာပင် သတင်းကြားသွားသည့် ဝမ်ရှီကလည်း တောင်ပေါ်သို့ လိုက်တက်လာခဲ့သည်။

ကျန်းကျောက်တိက မိန်းမနှစ်ယောက် ယောကျာ်းတစ်ယောက်အား လုနေကြသည့် မြင်ကွင်းကို တံခါးဝမှ လှမ်းကြည့်နေခဲ့သည်။ ရှောင်းယန်ချီတစ်ယောက် ထိုမိန်းမနှစ်ယောက်၏ ဇွတ်အတင်းတိုက်ကျွေးမှုကြောင့် ဟင်းရည်များစွာကို အတင်းမြိုချနေရသည်အား မြင်လိုက်ရသဖြင့် သူမ၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားပြန်သည်။

ညဉ့်နက်သန်းခေါင်ယံအချိန်တွင်တော့ စူးရှသော အော်ဟစ်သံတစ်ခုက ညတာ၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

စူးယောင်ကွမ်းတစ်ယောက် ကောင်းကောင်းမွန်မွန် အိပ်မောကျနေစဥ် ထိုအော်သံကြောင့် လန့်နိုးလာခဲ့ရသည်။

"ဘာဖြစ်တာလဲ"

ကျန်းကျင့်က လှမ်းမေးလိုက်သည်။

ကျန်းကျောက်တိကလည်း အဝတ်အစားများကို ကပျာကယာ ကောက်ဝတ်ရင်း အိပ်ရာမှ ထလိုက်သည်။

"ငါ သွားကြည့်လိုက်ဦးမယ်။ နင်တို့တွေ ဒီမှာပဲ နေခဲ့ကြ၊ တကယ်တမ်းကျတော့ ဘာမှမဟုတ်တာလည်း ဖြစ်နိုင်တယ်။ မနေ့တုန်းကလည်း အဘွားဝမ်ရဲ့ မျက်နှာပေါ် ကြွက်တက်ပြေးလို့ အဲ့အဘွားကြီး အသံကုန်အော်တာ... တကယ့်ကို ထိတ်လန့်စရာပဲ"

ကျန်သူများကလည်း ထိုစကားကြောင့် ဟုတ်သားပဲဟု တွေးလိုက်ကြသည်။

လူများလေလေ ပြဿနာရှုပ်ထွေးလေလေ ဖြစ်ပြီး မနေ့က အဘွားဝမ် ဖြစ်လျှင် ယမန်နေ့က အဘွားကျန်း၊ ထိုမတိုင်ခင်နေ့ကတော့ ဦးလေးလီ၊ ဦးလေးကျန်း၊ ဦးလေးကျိုး... စသည်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြဿနာတက်ခဲ့ကြသည်။

စူးယောင်ကွမ်းကတော့ လန့်နိုးသွားပြီးနောက် ဆက်အိပ်၍ မရတော့ချေ။ သူမ အိပ်ရာထဲတွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေပြီးမှ ထိုင်လိုက်ကာ ဖိနပ်ကို စီးရင်း လှမ်းပြောလိုက်သည်။

"ကျွန်မလည်း လိုက်ကြည့်မယ်"

သူမ ထွက်သွားသည်နှင့် တပြိုင်နက် ကျန်းယင်းတိနှင့် ကျန်းဖန့်တိတို့လည်း ငြိမ်မနေနိုင်ကြတော့ချေ။

ကျန်းကျင့်ကလည်း စူးယောင်ကွမ်း၏ နောက်မှ လိုက်ပါလာခဲ့သည်။

အခန်းထဲမှ အမျိုးသမီးများ ထွက်လာခဲ့ကြစဥ် အခြားတရားထိုင်ခန်းများဆီမှလည်း လူအများအပြား ထွက်လာကြသည်ကို မြင်လိုက်ရသည်။

"ဘာဖြစ်တာလဲ"

"ပြောမနေပါနဲ့တော့အေ"

အမျိုးသမီးကြီးတစ်ဦးက မပြောချင်ဟန်ဖြင့် သေသေချာချာ ပြောပြလာခဲ့သည်။

"အဲ့ဒီ ပြည့်တန်ဆာမ ဝမ်ရှီကလေ ခြေကျိုးကျန်းကို သွားမြှူဆွယ်ပြီးတော့ အောက်တန်းကျတဲ့ ကိစ္စတွေ လုပ်ဖို့ အတင်းအကျပ် လုပ်ခဲ့တာတဲ့၊ အဲ့ဒါကို ကိုရင်လေးတစ်ပါးက လက်ပူးလက်ကျပ် မိသွားတာလေ"

စူးယောင်ကွမ်းနှင့် ကျန်သူများ : "..."

သူတို့တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြရင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

'ကျန်းရိဟွမ်းက လှုပ်ရှားလိုက်ပြီပဲ...'

ဝမ်ရှီက မုဆိုးမတစ်ဦး ဖြစ်သော်လည်း အတော်လေး ရုပ်ရည်ချောမောလှပကာ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သူ ဖြစ်သည်။ ထိုအချက်က ရိုးသားဖြူစင်ဟန် ဆောင်တတ်သည့် ကျန်းရိဟွမ်းပင် မယှဥ်နိုင်သော အချက် ဖြစ်သည်။ အကယ်၍ သူမကို ရှောင်းယန်ချီ၏ ဘေးနားတွင်သာ လွှတ်ထားပေးလိုက်ပြီး အခွင့်အရေး ရသွားခဲ့လျှင် သူမ၏ ရည်ရွယ်ချက်ကို ဧကန်မုချ အောင်မြင်အောင် လုပ်ဆောင်ပေလိမ့်မည်။ သို့ဖြစ်ရာ သူမက အိုမင်းရုပ်ဆိုးပြီး လူပျိုကြီးဖြစ်သည့် ခြေကျိုးကျန်းကို မျက်စိကျနေပါသည်ဆိုသော စကားကိုတော့ သူတို့ထဲမှ မည်သူမျှ မယုံကြည်ကြချေ။ ဝမ်ရှီက ရှောင်းယန်ချီကို မျက်စိကျထားပြီးသားဖြစ်ရာ ခြေကျိုးကျန်းအပေါ် မည်သို့မျှ စိတ်ဝင်စားနိုင်မည်မဟုတ်ချေ။

တစ်နည်းအားဖြင့် ပြောရလျှင် သူမအနေဖြင့် ရှောင်းယန်ချီကို မြှူဆွယ်ပြီး အထက်တန်းလွှာထဲသို့ တက်လှမ်းနိုင်မည့် ရည်ရွယ်ချက် မအောင်မြင်ခဲ့လျှင်တောင် သူမ၏ ရုပ်ရည်မျိုးနှင့်ဆိုလျှင် အခြေအနေကောင်းမွန်သော လူတစ်ယောက်ကိုသာ ရွေးချယ်ပေလိမ့်မည်။ မည်သည့်အတွက်နှင့်မျှ သူမကိုယ်သူမ ဤမျှအထိ နိမ့်ကျသွားအောင် လုပ်မည်မဟုတ်ချေ။

သူတို့အားလုံး အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား သွားလိုက်ကြသည်။

ဝမ်ရှီက အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေလျက် မြေပြင်ပေါ်တွင် ထိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။

"ဒီမိန်းမက ကျွန်တော့်ကို မြှူဆွယ်တာဗျ"

ခြေကျိုးကျန်းက အော်ပြောနေသည်။

"ကျွန်တော် ရေအိမ်သွားတဲ့ ခဏလေးအတွင်းမှာ သူက ကျွန်တော့်အပေါ်ကို ဒီလိုမျိုး အတင်းအကျပ် ပစ်လှဲချပြီး ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်တာ"

ဝမ်ရှီက ရုန်းကန်ပြီး မတ်တတ်ထရပ်လိုက်ကာ လူစုလူဝေးထဲရှိ ရှောင်းယန်ချီ၏ ရုပ်သွင်ကို စိုက်ကြည့်ရင်း သူမ၏ မျက်ဝန်းထဲတွင် ပြတ်သားမှုများ ပြည့်နှက်လာခဲ့သည်။

"ကျွန်မ သူ့ကို မမြှူဆွယ်ပါဘူး။ ကျွန်မကိုယ်ကျွန်မလည်း ဘာဖြစ်သွားလဲဆိုတာ လုံးဝ မသိလိုက်ဘူး။ သခင်လေး... ကျွန်မ သခင်လေးကို ကြည်ညိုလေးစားတာပါ၊ ဒီလို အရှက်မရှိတဲ့ အလုပ်မျိုးကို ဘယ်လိုလုပ်ပြီး လုပ်ပါ့မလဲ။ ဒီနေ့ ကျွန်မမှာ အပြစ်မရှိပေမဲ့ သက်သေတွေက အထင်အရှား ရှိနေပြီဆိုတော့ ငြင်းချက်ထုတ်ဖို့ အင်အားမရှိတော့ပါဘူး။ သေခြင်းတရားကပဲ ကျွန်မရဲ့ ဖြူစင်မှုကို သက်သေပြနိုင်ပါတော့မယ်"

ပြောပြောဆိုဆိုဖြင့် ဝမ်ရှီက သူမ၏ ရှေ့တည့်တည့်ရှိ ကျောက်တိုင်ဆီသို့ ဦးတည်ကာ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်သွားသည်။

သူမဘေးနားရှိ အမျိုးသမီးတစ်ယောက် သူမကို အလောတကြီး လှမ်းတားလိုက်သည်။

"အမှန်အတိုင်း ပြောရရင် ငါ အရမ်းဒေါသထွက်နေပေမဲ့လည်း..."

ထိုအမျိုးသမီးက ရှောင်းယန်ချီကို တစ်ချက်ကြည့်ပြီးနောက် ခြေကျိုးကျန်းကို ထပ်ကြည့်ကာ သူမ၏ အမူအရာက ထူးဆန်းလာခဲ့သည်။

"သူက မျက်စိမကန်းဘူးဆိုရင်တော့..."

‘ခြေကျိုးကျန်းကို မြှူဆွယ်စရာ အကြောင်းမရှိဘူးလေ’

လူတိုင်းကလည်း ထိုအတိုင်း တွေးတောနေကြသည်။

"အစ်ကိုရှောင်း... ဒီထဲမှာ တစ်ခုခု နားလည်မှုလွဲတာ ရှိနေတာလားဟင်"

ကျန်းရိဟွမ်းက ရှောင်းယန်ချီကို လှမ်းပြောလိုက်သည်။

"ဒီလူက အစ်မဝမ်အပေါ် တစ်ခုခု ကြံစည်ချင်လို့များ ဖြစ်နေမလား"

ခြေကျိုးကျန်းက အော်ဟစ်ငြင်းဆန်လိုက်၏။

"ပေါက်ကရတွေ၊ ငါက ငါ့ဘာသာ ရေအိမ်သွားတာကွ၊ သူက ရုတ်တရက် ဝုန်းကနဲ ပြေးထွက်လာပြီး ငါ့ကို အတင်းဆွဲထားတဲ့အပြင် ငါ့ခါးပတ်ကြိုးကိုပါ လာဖြုတ်နေတာ"

ရှောင်းယန်ချီ၏ မျက်နှာကတော့ ဒေါသကြောင့် မည်းမှောင်နေချေပြီ။

သူက ဝမ်ရှီကို သဘောမကျသော်လည်း ဤမိန်းမက သူ့ကို အလုပ်အကျွေးပြုနေသူဖြစ်ကြောင်း လူတိုင်းက သိကြသည်။ ယခုကဲ့သို့ အရှက်ရဖွယ် ကိစ္စရပ်မျိုး ဖြစ်ပွားလာသည့်အခါ လူတိုင်းက သူ့ကို လှောင်ပြောင်နေကြပြီး အိုမင်းရုပ်ဆိုးကာ ညစ်ပတ်နံစော်နေသည့် ခြေကျိုးကျန်းနှင့် နှိုင်းယှဥ်ပြီး အပြောခံနေရသည်။

သူ့အတွက်တော့ ၎င်းက အမှန်တကယ် စော်ကားမှုကြီးပင်။

"အစ်မဝမ်... စောစောက နေလို့ မကောင်းတာမျိုး ရှိသေးလားဟင်"

စူးယောင်ကွမ်းက ဝင်မေးလိုက်သည်။

သူမက ဤဝမ်ရှီနှင့် မည်သည့်ပတ်သက်မှုမျှ မရှိခဲ့သလို သူမအပေါ် ရန်ငြိုးရန်စလည်း မရှိချေ။ ရန်သူ၏ ရန်သူက မိတ်ဆွေဖြစ်ပြီး ဝမ်ရှီ၏ ရန်သူက ကျန်းရိဟွမ်း ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် ဝမ်ရှီကို ကူညီပေးရန် လက်တွဲဖို့ ဝန်မလေးတော့ချေ။

သူမအနေဖြင့် ရှောင်းယန်ချီကို သက်တောင့်သက်သာ နေထိုင်ခွင့် မပေးနိုင်တော့ချေ။

"စောစောတုန်းက ကျွန်မ အရမ်းပူလာပြီး ခေါင်းတွေလည်း မူးနောက်လာတယ်၊ ပြီးတော့ အသိစိတ်တွေ လွတ်သွားသလို ခံစားလိုက်ရတယ်"

ဝမ်ရှီက တွေးတွေးဆဆဖြင့် သူမ၏ ခံစားချက်များကို ရှင်းပြလာသည်။

"ကျွန်မ ဖျားနေလို့လားဟင်"

"ကျင့်အာ... သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်ပေးလိုက်ဦး"

ကျန်းကျင့်က ခေါင်းငြိမ့်ပြကာ ဝမ်ရှီ၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် ရှေ့တိုးလာခဲ့သည်။

"သူ ဘာဖြစ်တာလဲ"

ဘေးနားရှိ လူတစ်ယောက်က ဝမ်ရှီထက်ပင် ပိုစိုးရိမ်နေဟန်ဖြင့် မေးမြန်းလိုက်သည်။

"အစ်ကိုရှောင်း... သူတို့က ဘာကို ဆိုလိုတာလဲဟင်"

ကျန်းရိဟွမ်းက တိုးညင်းသော လေသံဖြင့် မေးနေလေသည်။

"သူ ဖျားနေရင်တောင်မှ ဒီလိုကိစ္စမျိုးကို လုပ်မှာ မဟုတ်ဘူး"

"ငါလည်း မသိဘူး၊ ဆက်ကြည့်ကြတာပေါ့"

ရှောင်းယန်ချီက ပြန်ပြောလိုက်သည်။

"မင်း စောစောက အိပ်ပျော်နေတာလား"

"ဟုတ်တယ်၊ အိပ်ပျော်နေတာ။ ဆူညံသံတွေ ကြားရလို့ ကျွန်မ လန့်နိုးလာတာ"

ကျန်းရိဟွမ်းက မျက်မှောင်ကုတ်လျက် မေးနေပြန်သည်။

"အစ်မဝမ်က ဘာလို့ ဒီလိုအလုပ်မျိုးကို လုပ်ရတာလဲ၊ ကျွန်မ တကယ်ကို မယုံနိုင်ဘူး။ ခြေကျိုးကျန်းက သူ့ကို အတင်းအကျပ် လုပ်တာများလား မသိဘူး"

ခြေကျိုးကျန်းက ဝမ်ရှီကို အတင်းအကျပ် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဤအရေးကိစ္စ ပြီးဆုံးသွားသည်နှင့် ဝမ်ရှီ၏ ဂုဏ်သိက္ခာကတော့ ပျက်စီးသွားပြီ ဖြစ်သည်။

"သူ ဆေးခတ်ခံထားရတာပဲ"

ကျန်းကျင့်က မှတ်ချက်ပေးလိုက်သည်။

"ပြင်းထန်တဲ့ ဆေးအမျိုးအစားပဲ"

"အိုက်ယား..."

လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြပြီး မေးခွန်းထုတ်လာကြပြန်သည်။

"ဘယ်သူက သူ့ကို ဆေးခတ်လိုက်တာလဲ"

လူတိုင်း၏ အကြည့်များက ကျန်းရိဟွမ်းဆီသို့ စုပြုံရောက်ရှိသွားကြသည်။

ကျန်းရိဟွမ်း၏ မျက်နှာက ချက်ချင်းဆိုသလို ပြာနှမ်းသွားပြီး ပျာပျာသလဲ ဖြေရှင်းနေရှာသည်။

"ရှင်တို့အားလုံး ဘာလို့ ကျွန်မကို ဝိုင်းကြည့်နေကြတာလဲ။ ဒါက ကျွန်မနဲ့ ဘာမှမဆိုင်ဘူးနော်"

"နင်နဲ့ ဝမ်ရှီတို့ မတည့်ကြဘူးဆိုတာ လူတိုင်း သိနေတာပဲ။ နင်သာ မဟုတ်ရင် အခြားဘယ်သူက သူ့ကို ဒီလိုမျိုး လုပ်ဦးမှာလဲ။ သူ့က ငါတို့အပေါ် ရန်ငြိုးမရှိဘူး၊ ပြီးတော့ ငါတို့ကလည်း အပြစ်မရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်တော့မှ နာကျင်အောင် လုပ်မှာ မဟုတ်ဘူး"

"ဟုတ်ပ၊ နင်ကလွဲလို့ အခြားဘယ်သူက သူ့ရဲ့ ဂုဏ်သိက္ခာကို ဒီလိုမျိုး ဖျက်ဆီးပစ်ချင်မှာလဲ"

"ဒါမှမဟုတ် အဲ့ဒီလူက သူ့ဆီကနေ အခွင့်ကောင်းယူချင်ပေမဲ့ သူက လက်မခံမှာ စိုးလို့ ဆေးခတ်လိုက်တာလည်း ဖြစ်နိုင်တာပဲမလား"

ကျန်းရိဟွမ်းက ခြေကျိုးကန်းကို လက်ညှိုးထိုးပြကာ စွပ်စွဲလိုက်သည်။

"ဘာ... ငါက လူပျိုကြီး ဖြစ်နေပေမဲ့ အမျိုးသမီးတွေကို ဘယ်တော့မှ အတင်းအကျပ် မလုပ်ဘူး။ ရွာထဲမှာ ငါ့ရဲ့ နာမည်ဂုဏ်သတင်းက အကောင်းကြီးရှိနေတာ။ ဒီနေရာက မြင့်မြတ်တဲ့ ဗုဒ္ဓဘာသာ နယ်မြေကွ။ ငါသာ ဒီနေရာမှာ နတ်ဘုရားနဲ့ ဗုဒ္ဓကို စော်ကားရဲရင် သေသွားတဲ့အခါ ငရဲကျမှာကို မကြောက်ဘူးလား"

ခြေကျိုးကျန်းကလည်း ဒေါသတကြီး အော်ဟစ်နေလေသည်။

"ငါ မလုပ်တဲ့ ကိစ္စကိုတော့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး"

အခန်း ၁၄၆ ကွက်ကျော်ရိုက်ခြင်း

ဝမ်ရှီက သူမ၏မျက်နှာကို ဖုံးအုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေပြီး ညည်းတွားနေရှာသည်။

"ဘာလို့များ ကျွန်မကို ဒီလိုမျိုး လုပ်ရက်ရတာလဲ။ မိန်းမတစ်ယောက် ဖြစ်ရတာကပဲ တော်တော်လေး ခက်ခဲနေပြီလေ။ အခုတော့ ကျွန်မရဲ့ သိက္ခာကိုပါ ဖျက်ဆီးလိုက်ကြပြီ။ ကျွန်မကို ဘာလို့ ဒီလောက် နာကျင်အောင် လုပ်ရတာလဲ"

သူမ၏ သနားစရာ အမူအရာကို မြင်လိုက်ရချိန်တွင် ဘေးမှ ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးက သူမအပေါ် ပို၍ သနားကရုဏာသက်သွားကြသည်။

တစ်ချိန်တည်းမှာပင် လူအများ၏ မကျေမနပ်ဖြစ်နေသော အကြည့်များက ကျန်းရိဟွမ်းထံသို့ စုပြုံရောက်ရှိသွားကြပြန်သည်။

ကျန်းရိဟွမ်းက ကြောက်လန့်တကြားဖြင့် ရှောင်းယန်ချီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ငိုရင်း ပြောနေခဲ့သည်။

"အစ်ကိုရှောင်း... ကျွန်မ လုပ်တာ မဟုတ်ဘူးနော်။ သူတို့တွေက အရမ်းကြောက်စရာကောင်းတယ်။ ကျွန်မ ကြောက်တယ်"

တစ်ဖက်ကလည်း ငိုယိုနေသလို အခြားတစ်ဖက်ကလည်း မျက်ရည်ခံထိုးကာ ငိုကြွေးနေခြင်းပင်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

"အမှန်တရားက ဘာဖြစ်မယ်လို့ နင် ထင်လဲ"

ကျိုးဝမ်ရှူက ယားကျိကျိဖြစ်သွားသော သူ့နားရွက်ကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"အမှန်တရားကို သိချင်ရင်တော့ ရှာကြည့်ရမှာပေါ့"

"ဟုတ်သားပဲ... ငါတို့တွေ ရှာဖွေကြည့်လို့ ရတာပဲ"

ကျိုးဝမ်ရှူ၏ စကားကို ကြားလိုက်ရသော ဘေးနားရှိ အမျိုးသမီးတစ်ဦးက အော်ပြောလိုက်သည်။

"သူ့ကို ဘယ်သူက ဆေးခတ်ခဲ့လဲဆိုတာ သူတို့ နေထိုင်တဲ့ နေရာတွေကို ရှာဖွေကြည့်ရင် သိနိုင်တာပဲ။ ဒါက နင်တို့ ကိစ္စဆိုတော့ ငါတို့လို ဘေးလူတွေ ဝင်မစွက်ဖက်သင့်ပါဘူး။ ဒါပေမယ့် မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတာကတော့ တကယ့်ကို ကိုယ်ကျင့်တရားပျက်ပြားတဲ့ လုပ်ရပ်ပဲ။ ဗုဒ္ဓရဲ့ ရှေ့မှောက်မှာ ယုတ်မာတဲ့ လူတွေကို ငါတို့ လုံးဝ ခွင့်မလွှတ်နိုင်ဘူး။ အားလုံးပဲ... နင်တို့အားလုံးက ရိုးသားဖြောင့်မတ်တဲ့ လူတွေပဲ မဟုတ်လား။ အခန်းတွေကို သွားရှာဖို့အတွက် အားလုံး ပူးပေါင်းပါဝင်ပေးကြမလား"

"ကျွန်မက ဘယ်တော့မှ မကောင်းတာ မလုပ်ဘူး။ ရှာချင်ရင် ရှာလိုက်ကြစမ်းပါ။ တကယ်လို့ တစ်ခုခု တွေ့ခဲ့တယ်ဆိုရင် ကျွန်မ တာဝန်ယူပါ့မယ်"

"ကျွန်မလည်း အရှာခံရမှာကို မကြောက်ဘူး"

"ဟုတ်တယ်။ ဟုတ်တယ်။ အရှာခံရမှာကို ကြောက်တဲ့လူကမှ တကယ် ပြဿနာရှိတဲ့လူပဲ"

ထိုသို့ ပြောဆိုသံများ ထွက်ပေါ်လာပြီးနောက်တွင် လူအများ၏ အကြည့်များက ကျန်းရိဟွမ်း ရှိနေသည့် ဘက်သို့ ချက်ချင်း ထပ်မံရောက်ရှိသွားကြပြန်သည်။

"မိန်းကလေးကျန်း... မင်းရဲ့ ပစ္စည်းတွေကို အရှာခံဝံ့ရဲ့လား"

ကျန်းရိဟွမ်းက မျက်မှောင်ကြုတ်လိုက်ရင်း ပြန်ပြောလိုက်သည်။

"ကျွန်မ ဘာမှ မလုပ်ခဲ့ပါဘူး။ ရှာချင်ရင်လည်း ရှာကြပါရှင်"

သူမက ထိုသို့ပြောပြီးနောက် သွယ်လျနုနယ်သော မျက်နှာလေးကို ပင့်မော့ကာ ရှောင်းယန်ချီကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

"အစ်ကိုရှောင်း... ရှင် ကျွန်မကို ယုံတယ်မလားဟင်"

အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် ကျန်းရိဟွမ်း၏ အလှတရားက ယခင်ဘဝတွင် ရှောင်းယန်ချီအတွက် ကလေးမွေးပေးပြီးချိန်ထက် ပိုမိုတောက်ပကာ စိုပြည်နေခဲ့သည်။ သူမ၏ နုပျိုမှုနှင့်အတူ အပြစ်ကင်းစင်ဟန် ပေါ်လွင်နေသော သွင်ပြင်လေးက တပါးသူ၏ နှလုံးသားကို ယားကျိကျိ ဖြစ်သွားစေလောက်အောင် ဆွဲဆောင်မှု ရှိနေလေ၏။

ထို့အပြင် ရှောင်းယန်ချီတွင်လည်း အတိတ်ဘဝကမှ မှတ်ဉာဏ်များ ရှိနေခဲ့သည်။ သူက ကျန်းရိဟွမ်းနှင့် အတူရှိနေသည့် အချိန်တိုင်း သူတို့နှစ်ဦး ကုတင်ပေါ်တွင် အတူတူ ချစ်ကြည်နှူးခဲ့ကြသည့် အခိုက်အတန့်များကို အမြဲ ပြန်မြင်ယောင်နေလေ့ရှိသည်။ အထူးသဖြင့် ယခုကဲ့သို့ ကျန်းရိဟွမ်းက မွှေးပျံ့သော ခန္ဓာကိုယ်လေးဖြင့် သူ့ကို လာရောက် ပွတ်သပ် အမှီပြုနေချိန်တွင် သူ၏ အောက်ပိုင်းမှ ရမ္မက်ဆန္ဒများက အထက်သို့ တဟုန်ထိုး ရုန်းကြွတက်လာခဲ့သည်။ လက်ရှိတွင် ဆေးခတ်ခံထားရသည်မှာ ဝမ်ရှီ မဟုတ်ဘဲ သူကိုယ်တိုင် ဖြစ်နေသည့်အလား ခံစားနေရသည်။

သူမ၏ သနားစရာကောင်းလှသော အမူအရာလေးကို မြင်လိုက်ရသောအခါ ရှောင်းယန်ချီအနေဖြင့် သူမကို ဤနေရာမှ အမြန်ဆုံး ခေါ်ထုတ်သွားချင်စိတ်များ ပြင်းပြလာခဲ့သည်။ သူမကို ဝါးစားမတတ် စိုက်ကြည့်နေကြသည့် ဤအဓိပ္ပာယ်မရှိသော အောက်တန်းစား လူအုပ်ကြီးနှင့် ဝေးရာသို့ ထွက်ခွာသွားရန်သာ ဆန္ဒရှိနေတော့သည်။

"ငါ ဟွမ်းအာကို ယုံတယ်"

ရှောင်းယန်ချီက ကာကွယ်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။

"သူက အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ယောက်လေ။ ခင်ဗျားတို့က ဘယ်လို သတ္တိနဲ့ သူ့ရဲ့ ပစ္စည်းတွေကို ဒီလိုမျိုး စည်းမဲ့ကမ်းမဲ့ လိုက်ရှာချင်နေရတာလဲ။ သူ့ရဲ့ မိန်းမသား ဂုဏ်သိက္ခာကိုရော ထည့်မတွေးပေးကြတော့ဘူးလား"

"မင်းက ယောင်းမဝမ်ကိုကျတော့ ဘာမှ သေချာ မစုံစမ်းရသေးဘဲနဲ့ ချက်ချင်းကြီး စွပ်စွဲ ပြစ်တင်ဖို့ လုပ်နေတာလား။ ယောင်းမဝမ်က မင်းကို ပြုစုပေးလာခဲ့တာ ဒီလောက်တောင် ကြာနေပြီ၊ မင်းမှာ အသိတရားနဲ့ လူသားချင်းစာနာစိတ် လုံးဝမရှိတော့ဘူးလား"

လူအုပ်ကြီးထဲမှ အသံတစ်သံက ဒေါသတကြီး လှမ်းဝေဖန်ကာ ပြစ်တင်ကြိမ်းမောင်းလိုက်သည်။

အမျိုးသားများက ကျန်းရိဟွမ်းကဲ့သို့ နုနုရွရွ ပုံစံမျိုးကို နှစ်သက်ကြသော်လည်း အမျိုးသမီးများအမြင်တွင်တော့ သူမ၏ မြူဆွယ်ညှို့ယူလိုသော သွင်ပြင်က ကန့်လန့်ဖြစ်နေပြီး ကြည့်မရနိုင်လောက်အောင် မုန်းတီးစရာ ဖြစ်နေခဲ့သည်။ သူမတို့က စူးယောင်ကွမ်းကဲ့သို့ ပွင့်လင်းပြတ်သားသည့် မိန်းကလေးမျိုးကိုသာ ပိုသဘောကျကြသည်။

"နင်က အစစ်ဆေးမခံရဲဘူးပေါ့လေ... တကယ်ပဲ တစ်ခုခု မရိုးသားတာ ရှိနေလို့လား"

စူးယောင်ကွမ်းက မီးလောင်ရာလေပင့်ကာ ဝင်ဆွပေးလိုက်သည်။

အမှန်တကယ် ကျန်းရိဟွမ်း လုပ်ခဲ့ခြင်း ဟုတ် မဟုတ်ကို သူမ တိတိကျကျ မသိနိုင်သော်လည်း ဤနေရာတွင် သူမမှ လွဲ၍ အခြား မည်သူ ဖြစ်မည်ကို သူမ မမှန်းဆနိုင်တော့ချေ။ သူမ၏ အကြည့်များက ဝမ်ရှီနှင့် ကျန်းရိဟွမ်းတို့နှစ်ဦးကြား၌ ကူးလူးလှည့်ပတ်နေခဲ့သည်။

‘ကျန်းရိဟွမ်းက အရှာမခံရစေဖို့ ဟန်ဆောင်မူနွဲ့ပြီး ချွဲနွဲ့ပြနေတာလေ။ တကယ်လို့ သူမသာ မလုပ်ခဲ့ရင် ဘာဖြစ်လို့ အခုလောက် ပျာပျာသလဲ ဖြစ်နေရမှာတုန်း’

"သူတို့ကို ဂရုစိုက်မနေနဲ့တော့... သွားရှာကြမယ်"

အမျိုးသမီးတစ်ဦးက အော်ပြောလိုက်သည်။

"ငါတို့တွေက အမျိုးသမီးအချင်းချင်းတွေပဲ ရှာမှာ၊ အမျိုးသားတွေကို ပေးမဝင်ဘူး။ ဒါဆို အဆင်ပြေတယ်မလား။ အဲ့ဒါကိုမှ သဘောမတူဘူးဆိုရင်တော့ နင့်မှာ တကယ် ပြဿနာရှိလို့ပဲ"

ယခုအခြေအနေတွင် ရှောင်းယန်ချီလည်း သဘောတူရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့မှန်း နားလည်လိုက်သည်။

ထို့နောက် အမျိုးသမီးများက ကျန်းရိဟွမ်း၏ အခန်းထဲသို့ ဝင်ရောက်ကာ သူမ၏ အသုံးအဆောင် ပစ္စည်းများကို ရှာဖွေကြတော့သည်။

“ဒုတ်...”

ပစ္စည်းထုပ်ထဲမှ ဆေးပုလင်းငယ်တစ်ပုလင်း လိမ့်ထွက်လာခဲ့သည်။

"ဒါက ဘာလဲ"

အမျိုးသမီးတစ်ဦးက ထိုပုလင်းကို ကောက်ကိုင်ကာ ကျန်းကျင်ထံသို့ အပြေးအလွှား သွားပြလိုက်သည်။

ကျန်းကျင်က ပုလင်းကို လှမ်းယူပြီး ဂရုတစိုက် ဖွင့်ကာ အနံ့ခံကြည့်လိုက်ပြီး နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ရင်း ပြောလိုက်သည်။

"ဒါပဲ... ဒါက ပြင်းထန်တဲ့ ကာမစိတ်ကြွဆေးပဲ"

"တကယ်ကို နင် ဖြစ်နေတာပဲ"

ဝမ်ရှီက ကျန်းရိဟွမ်းကို မယုံကြည်နိုင်သည့် အကြည့်များဖြင့် စိုက်ကြည့်ရင်း ကြမ်းပြင်ပေါ်မှ ကုန်းထကာ ကျန်းရိဟွမ်းထံသို့ ဝုန်းခနဲ ပြေးဝင်သွားတော့သည်။

"နင်က ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ငါ့ကို ဒီလို အရှက်မဲ့တဲ့ ဆေးမျိုး ခတ်ရဲတယ်ပေါ့လေ"

ကျန်းရိဟွမ်းကလည်း မျက်လုံးအစုံ ပြူးကျယ်သွားပြီး မယုံနိုင်ဖြစ်နေပုံရသည်။

သူမ၏ အမူအရာကို ဘေးမှ စောင့်ကြည့်နေသော စူးယောင်ကွမ်းကလည်း စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။

'ကျန်းရိဟွမ်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ... သူမက ဒီဆေးအကြောင်းကို တကယ်ပဲ ကြိုမသိထားတဲ့ ပုံစံမျိုး ဖြစ်နေပါလား'

သူမက ကျန်းရိဟွမ်း၏ မျက်နှာရိပ်မျက်နှာကဲကို တစ်ချက်ကလေးမျှ မလွတ်သွားစေဘဲ အနီးကပ် သေချာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

'တကယ်ပဲ သူမ လုပ်တာ မဟုတ်ဘူးလား...'

'သူမ လုပ်တာ မဟုတ်ရင်ရော... ဘာလို့ ဆေးပုလင်းက သူမရဲ့ အထုပ်ထဲကနေ ထွက်လာရတာလဲ'

ဝမ်ရှီက ရှေ့သို့ ပြေးဝင်လာစဉ် ရှောင်းယန်ချီက ပင်ကိုယ်ဗီဇအတိုင်း ကျန်းရိဟွမ်း၏ ရှေ့မှ မားမားမတ်မတ် ဝင်ကာကွယ်ပေးလိုက်သည်။

ဝမ်ရှီက ခဏတာမျှ တွန့်ဆုတ်သွားသော်လည်း ချက်ချင်း စိတ်ကို ပြန်စုစည်းကာ ရှောင်းယန်ချီ၏ အနောက်၌ ပုန်းနေသော ကျန်းရိဟွမ်းကို အတင်း ဆွဲထုတ်နေလေသည်။

ကျန်းရိဟွမ်းက သူမကို အရှက်ခွဲရန် ကြံစည်ခဲ့သဖြင့် သူမကလည်း တစ်ဖက်လူကို နာကျင်အောင်လုပ်ရန် ကြိုးစားနေခြင်းပင်။

"တော်စမ်း"

ရှောင်းယန်ချီ၏ မျက်နှာက ဝမ်ရှီ၏ ကုတ်ခြစ်မှုကြောင့် ပြတ်ရှရာများ ထင်ကျန်နေပြီး သူ၏ အင်္ကျီလက်စလည်း ဆွဲဆုတ်ခြင်း ခံလိုက်ရသည်။

သူက အေးစက်စက် လေသံဖြင့် ထပ်ပြောလိုက်၏။

"မရီးဝမ်... ကျွန်တော် မရီးကို ပြောချင်နေတာ ကြာပါပြီ။ ကျွန်တော် မရီးအတွက် တကယ် စိတ်မကောင်းဖြစ်မိပါတယ်"

"သခင်လေးရှောင်း..."

ဝမ်ရှီက ရှောင်းယန်ချီ၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာ ယူကျုံးမရ အော်ဟစ်ငိုကြွေးလိုက်သည်။

"ကျွန်မက ရှင့်ကို သဘောကျရုံသက်သက်ပါ။ အဲ့ဒါကို သူက ကျွန်မကို ဒီလိုမျိုး လုပ်ရက်တယ်လား။ ဒီမိန်းမက တကယ့်ကို ယုတ်မာရက်စက်လွန်းတယ်။ ကျွန်မ ရှင့်ကို သူ့လက်ထဲ ဘယ်လို စိတ်ချပြီး ပုံအပ်ရမှာလဲ။ သခင်လေးရှောင်း... ရှင် ကျွန်မကို ကယ်တင်ပေးခဲ့တဲ့ အချိန်ကစပြီး ရှင်က ကျွန်မရဲ့ ကမ္ဘာတစ်ခုလုံး ဖြစ်လာခဲ့တာပါ။ ကျွန်မ သေရမှာကို မကြောက်ဘူး။ ဒါပေမယ့် ရှင် မရှိတဲ့ ဘဝနဲ့ ရှင်သန်ရမှာကိုပဲ ကြောက်တာပါ"

စူးယောင်ကွမ်း : "..."

‘ဘုရားရေ... ရှောင်းယန်ချီ မပြောနဲ့ ငါသာ အမျိုးသားတစ်ယောက် ဖြစ်နေခဲ့ရင် ဒီလို ရင်ဘတ်ထဲကလာတဲ့ အချစ်ဝန်ခံမှုူကို တွန်းလှန်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး’

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို ဆွဲခေါ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

"နေဦးလေ... ငါ ကြည့်လို့ မဝသေးဘူး"

စူးယောင်ကွမ်းက ပွဲကောင်းကို ဆက်ကြည့်ချင်နေသေးသဖြင့် ငြင်းဆန်လိုက်သည်။

စူးယောင်ကွမ်း ထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် ရှောင်းယန်ချီ၏ မျက်နှာပေါ်၌ စိတ်အနှောင့်အယှက်ဖြစ်ရိပ်များ ဖြတ်ပြေးသွားခဲ့သည်။

"မရီးဝမ်... ဟွမ်းအာက ငယ်သေးတော့ နည်းနည်း စဉ်းစားဆင်ခြင်ဉာဏ် နည်းသွားခဲ့တာပါ။ သူ့ကိုယ်စား ကျွန်တော်ကပဲ မရီးကို တောင်းပန်ပါတယ်။ ဒါပေမယ့် မရီးရဲ့ ခံစားချက်တွေကိုတော့ ပြန်သိမ်းဆည်းလိုက်ပါ။ ကျွန်တော်ဘက်က မရီးအပေါ် သခင်နဲ့ အစေခံလို သံယောဇဉ်မျိုးကလွဲပြီး ဘာမှမပိုပါဘူး"

"အစ်ကိုရှောင်း... ကျွန်မ မလုပ်ခဲ့ပါဘူး"

ရှောင်းယန်ချီ၏ စကားကို ကြားလိုက်ရချိန်တွင် ကျန်းရိဟွမ်းက မခံမရပ်နိုင်ဖြစ်နေပုံဖြင့် ဝမ်းနည်းပက်လက် ငြင်းဆိုလိုက်သည်။

"ဒီပစ္စည်းက ဘယ်ကနေ ရောက်လာမှန်း ကျွန်မ တကယ်မသိဘူး။ ဒါ ကျွန်မရဲ့ ပစ္စည်း မဟုတ်ပါဘူး။ တစ်ယောက်ယောက်က ကျွန်မကို တမင် သက်သက် မနာလိုလို့ ထောင်ခြောက်ဆင်ပြီး အပြစ်ပုံချတာပါ"

"ဘယ်သူက နင့်ကို အပြစ်ပုံချမှာလဲ"

ဘေးမှ လူတစ်ဦးက လှမ်းမေးလိုက်သည်။

"ဟုတ်ပါ့... ဘယ်သူက နင့်ကို ထောင်ချောက်ဆင်မှာလဲ"

"နင်က မရီးဝမ်က နင့်ကို တမင်သက်သက် ထောင်ချောက်ဆင်တာလို့ ပြောဦးမှာလား။ သူက ဘာဖြစ်လို့ ဒီလို ရွံရှာစရာကောင်းတဲ့ နည်းလမ်းမျိုးကို သုံးပြီး နင့်ကို ဒုက္ခပေးရမှာလဲ"

"မှန်တာပေါ့"

ကျန်းရိဟွမ်း ပထမဆုံး သံသယဝင်မိသူက ဝမ်ရှီ ဖြစ်သော်လည်း လူအများ၏ စကားကို ကြားပြီးနောက် စဉ်းစားကြည့်လိုက်ရာ ယုတ္တိရှိနေပြန်သည်။ ဝမ်ရှီက သူမကို မနာလိုဖြစ်ရုံဖြင့် ဤကဲ့သို့ မိုက်မဲပြီး သိက္ခာကျစေမည့် နည်းလမ်းကို အသုံးပြုလိမ့်မည် မဟုတ်ချေ။

ထိုအချိန်တွင် သူမက အခြားလူတစ်ယောက်ကို ရုတ်တရက် သတိရသွားခဲ့သည်။

ဤဘုရားကျောင်းအတွင်းတွင် ဝမ်ရှီအပြင် သူမ၏ နောက်ထပ် ရန်သူတစ်ယောက် ရှိနေသေးသည်။ ထိုသူက စူးယောင်ကွမ်းပင်။

"စူးယောင်ကွမ်း... ဒါ တကယ်ပဲ စူးယောင်ကွမ်း လက်ချက် ဖြစ်ရမယ်"

ကျန်းရိဟွမ်းက အော်ပြောလိုက်သည်။

"သူက ငယ်ငယ်ကတည်းက ကျွန်မအပေါ် မနာလို ဝန်တိုစိတ် ရှိခဲ့တာ။ အခုလည်း ကျွန်မမှာ ဒီလောက် ကောင်းမွန်တဲ့ အစ်ကိုရှောင်း ရှိနေတာကို မနာလိုဖြစ်ပြီး ကျွန်မရဲ့ သိက္ခာကို တမင် ဖျက်ဆီးဖို့ လုပ်ခဲ့တာ"

လူအုပ်ကြီးက ကျန်းရိဟွမ်းကို ထူးဆန်းသော သတ္တဝါတစ်ကောင်အလား စိုက်ကြည့်လိုက်ကြသည်။

"သူဌေးစူးနဲ့ သခင်လေးကျိုးတို့က ဒီလောက် ချစ်ခင်ကြင်နာနေကြတဲ့ ဇနီးမောင်နှံတွေလေ။ သူတို့က ဘာဖြစ်လို့ နင့်ကို မနာလို ဖြစ်ရမှာလဲ"

"ဟုတ်ပါ့... သူဌေးစူးက လှလည်းလှတယ်၊ နူးညံ့ပြီး စိတ်ထားလည်း ကောင်းတယ်။ ဘာလို့ နင့်ကို မနာလိုဖြစ်နေရမှာလဲ"

"နင်က မျက်နှာလေး လှတာကလွဲရင် ဘာအသုံးကျလို့လဲ။ ပါးစပ်ဖွင့်လိုက်ရင်လည်း 'အစ်ကို... အစ်ကို... အစ်ကို...' နဲ့တင် ပြီးနေတာ၊ နင်က ဘာတွေများ လုပ်တတ်လို့လဲ"

အမျိုးသမီးများက တစ်ယောက်တစ်ပေါက်ဖြင့် ကျန်းရိဟွမ်းအား ညှာတာမှုမရှိ တိုက်ခိုက် ကဲ့ရဲ့ကြသည်။

အခြားသူများက မယုံကြည်ကြသော်လည်း ရှောင်းယန်ချီကတော့ ထိုစကားကို ယုံကြည်သွားခဲ့သည်။

"တော်ကြပါတော့"

ရှောင်းယန်ချီက ကျန်းရိဟွမ်းကို ကာကွယ်ပေးရင်း ပြောလိုက်သည်။

"ဟွမ်းအာက စိတ်သဘောထား နူးညံ့တဲ့သူပါ။ သူ့ကို လာပြီး မခြောက်လှန့်ကြပါနဲ့"

"ငါ့အမြင်တော့ အဲ့ဒီလူနှစ်ယောက်လုံးက စိတ်မနှံကြဘူးထင်တယ်။ သူတို့နဲ့ ဝေးဝေးမှာ နေတာက အကောင်းဆုံးပဲ။ သူတို့ရဲ့ ကံဆိုးမှုတွေ ငါတို့ဆီ ကူးစက်မလာစေနဲ့။ နင်ကပဲ သူဌေးစူးက နင့်ကို ဒုက္ခပေးတယ်လို့ ပြောနေတာမလား။ ဒါဆိုရင် ဒီယောက်ျားကို နင်ဘာသာနင်ပဲ ပြုစုစောင့်ရှောက်လိုက်တော့၊ သူဌေးစူးနဲ့ သူ့ရဲ့ မိသားစုကို လာပြီး အနှောင့်အယှက် မပေးနဲ့တော့။ အခုကစပြီး နင်တို့ရဲ့ စားဝတ်နေရေးနဲ့ အခြားကိစ္စအဝဝကို နင်တို့ဘာသာ တာဝန်ယူကြ။ သူဌေးစူးဆီက ဘာပစ္စည်းမှ လာမတောင်းနဲ့"

"ဟုတ်တယ်... ဟုတ်တယ်... ဒါ အမှန်ဆုံးပဲ"

All Chapters