← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း (၆၀) လယ်သမားအဘိုး

လျူအာကျူးက တွေးတောနေလေ၏။

အဘိုးကြီးလွီသည် အရှေ့သို့ လျင်မြန်စွာ တစ်လှမ်းတိုးလိုက်ပြီး မျက်နှာအမူအရာ တစ်ချက်မျှမပျက်ဘဲ လက်ဖက်ခြောက်ထုပ်ကို ဆွဲယူကာ သူ၏အိတ်ထဲသို့ ထည့်လိုက်သည်။ သူက လျူအာကျူးကို ပြုံး၍ ကြည့်ကာ ပြောလေသည်။

"မင်းက ကျူးဇီ မဟုတ်လား... ငါက အထည်အလိပ်စက်ရုံ ညွှန်ကြားရေးမှူး လွီရှန့်လီပါ... နောက်မှ ငါ့ဆီကို လာလည်ပြီး ခဏလောက် ထိုင်ပါဦး... ငါ့ဆီမှာ မိန်းကလေးငယ်လေးတွေ အများကြီးရှိတယ်ဆိုတော့ မိန်းမရှာရတာ အရမ်းလွယ်ကူလိမ့်မယ်..."

ရဲစခန်းမှူးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလေသည်။

"အဘိုးကြီးလွီ... ခင်ဗျားမှာ အရှက်မရှိဘူးလား... လူတစ်ယောက်ရဲ့ လက်ဖက်ခြောက်ထုပ်ကို ယူပြီးတော့ အဲ့ဒီလို စိတ်မပါတဲ့ ကတိမျိုး ပေးရရော့သလား..."

လျူအာကျူးသည်လည်း အဘိုးကြီးလွီကို ပြုံး၍ ကြည့်နေပြီး သူ ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေလိုက်သည်။

သူသည် ဤပစ္စည်းများကို အထူးတလည် တန်ဖိုးမထားသော်လည်း အလကားသက်သက်တော့ ပေးမည်မဟုတ်ပေ။

လွီရှန့်လီသည် ထိုသို့အပယ်ခံလိုက်ရသဖြင့် အနည်းငယ် အနေရခက်သွားပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။

"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... မကြာသေးခင်က စက်ရုံကနေ အပြစ်အနာအဆာပါတဲ့ အဝတ်အထည်တစ်သုတ် ထွက်ထားတာရှိတယ်... နောက်မှ ငါ တစ်ယောက်ယောက်ကို လွှတ်ပြီး ပို့ပေးခိုင်းလိုက်မယ်..."

"အပြစ်အနာအဆာပါတဲ့ အဝတ်အထည်ကိစ္စကိုတော့ လောလောဆယ် ခဏထားလိုက်ပါဦး..."

လျူအာကျူးက ခဏမျှ တွေးတောပြီးနောက် မေးလိုက်သည်။

"ဦးလေးလွီ... ဦးလေးဆီမှာ ဂွမ်းရှိလား... ကျွန်တော် နည်းနည်းလောက် ဝယ်ချင်လို့ပါ... ဒါမှမဟုတ် မျိုးစေ့အချို့ပေးလို့ရမလား..."

လွီရှန့်လီ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် လက်ဖက်ခြောက်ထုပ်ကို မရိုးမယွဖြင့် ပြန်ချထားလိုက်ပြီး ဟန်ဆောင်အပြုံးဖြင့် ပြောလေသည်။

"မင်းကတော့လုပ်ပြီ... မင်း တောင်းဆိုတာက နည်းနည်း များနေပြီ... ငါ့အနေနဲ့ ဒီစျေးနှုန်းနဲ့တော့ ဒီလက်ဖက်ခြောက်ကို မဝယ်နိုင်ဘူး..."

"ဒါဆိုရင်လည်း လက်ဖက်ခြောက်ကို ထားလိုက်ပါတော့... ဦးလေး အသားလိုချင်လား..."

လျူအာကျူးက တိုက်ရိုက်ပင် ပြောလိုက်သည်။

မည်သို့ပင်ဆိုစေ ဤနေရာတွင် ပြင်ပလူမရှိပေ။ ဤလုံခြုံရေးအရာရှိများသည် အသားမစားချင်တော့သည့် အခြေအနေမျိုးမှလွဲ၍ သူ့ကို သစ္စာဖောက်ကြမည် မဟုတ်ချေ။

လျူအာကျူး၏ ယုံကြည်မှုအပြည့်နှင့် စကားကြောင့် လွီရှန့်လီမှာ မှင်တက်သွားရသည်။ သူကပင် အနည်းငယ် သတိထားလျက် မေးမြန်းလိုက်သည်။

"မင်းက သားသတ်ရုံကလား... ဒါမှမဟုတ် ဘယ်မွေးမြူရေးခြံကလဲ..."

သူက သတ္တိနည်းလှသည်တော့ မဟုတ်ပေ။ သို့သော် ထိုနေရာနှစ်ခုမှ လူများသည် ဩဇာအာဏာ အလွန်ကြီးမားသောကြောင့် ဖြစ်လေသည်။

၎င်းတို့သည် အသားခွဲတမ်းချပေးရသည့် လုပ်ငန်းကို တာဝန်ယူထားကြရသည်။

ဌာနအသီးသီးမှ လူကြီးများသည် ၎င်းတို့ထံ လာရောက်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ရန် လုယက်နေကြရ၏။

သာမန်ပစ္စည်းအသေးအဖွဲများကိုမူ လုံးဝ လက်ခံခြင်းမရှိကြပေ။ အချို့လူများမှာမူ လက်ဆောင်ပေးချင်သော်လည်း လမ်းစပင် ရှာမတွေ့နိုင်ကြချေ။

အလွယ်တက်ကရ ပြောရလျှင်မူ သားသတ်ရုံမှ ပညာသင်တပည့်ငယ်လေးတစ်ယောက် ထွက်လာလျှင်ပင် လွီရှန့်လီကဲ့သို့သော ညွှန်ကြားရေးမှူးတစ်ဦးသည်ပင် မျက်နှာလိုမျက်နှာရ လုပ်ရမည်ဖြစ်ပြီး အနည်းငယ်မျှပင် မပြစ်မှားရဲပေ။

"ကျွန်တော်က သားသတ်ရုံက မဟုတ်ပါဘူး... တောင်ပေါ်က လယ်သမားတစ်ယောက်ပါ... ဒါပေမဲ့ တောင်ပေါ်တက်ပြီး အမဲလိုက်လို့တော့ ရတယ်..."

"တိုက်တိုက်ဆိုင်ဆိုင်ပဲ မကြာသေးခင်က ကျွန်တော် ယုန်အချို့ ဖမ်းမိထားတယ်... ညွှန်ကြားရေးမှူးလွီ... အကယ်၍ လိုချင်တယ်ဆိုရင်..."

လျူအာကျူး စကားမဆုံးသေးမီမှာပင် လွီရှန့်လီသည် မျက်လုံးများ အရောင်တောက်လျက် အပြေးအလွှား ရောက်ရှိလာပြီး သူ၏လက်ကို ဆွဲကိုင်ကာ အကြိမ်ကြိမ် လှုပ်ယမ်းတော့သည်။

"ကျူးဇီ မဟုတ်လား... စောစောက ငါ အဘိုးကြီးလွီ မျက်စိမှောက်သွားလို့ အရေးပါနဲ့လူကို မသိခဲ့မိဘူး... ဒီအိုမင်းနေတဲ့ အဘိုးကြီးကို စိတ်ထဲမထားပါနဲ့နော်..."

"..."

လျူအာကျူးက ဤလူများအတွက် အသား၏ ဆွဲဆောင်မှုကို အထင်သေးမိနေဆဲဖြစ်ကြောင်း ခံစားလိုက်ရသည်။

"ညွှန်ကြားရေးမှူး... အဲ့လောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး... ကျွန်တော်က လယ်သမားတစ်ယောက်ပါ..."

ဩဇာအာဏာ ကြီးမားလှသော အထည်အလိပ်စက်ရုံ ညွှန်ကြားရေးမှူးတစ်ဦးသည် အသားစားရမည်ဟူသော စကားကို ကြားလိုက်ရုံမျှဖြင့် ဤမျှအထိ နှိမ့်ချလာလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

လျူအာကျူး၏ စကားကို ကြားသောအခါ လွီရှန့်လီက ချက်ချင်းပင် မခံမရပ်နိုင်ဖြစ်ဟန်ဖြင့် ပြောလေသည်။

"လယ်သမားဖြစ်တာ ဘာဖြစ်လို့လဲ... လယ်သမားတွေသာမရှိရင် ငါတို့ ဘာစားပြီး ဘာသောက်ရမလဲ..."

အထည်အလိပ်စက်ရုံမှ အလုပ်သမား အများအပြား၏ ကြောက်ရွံ့ရိုသေခြင်းကို ခံရသော ဤကဲ့သို့သော စက်ရုံညွှန်ကြားရေးမှူးတစ်ဦးက မိမိအပေါ် ဤမျှနှိမ့်ချဆက်ဆံနေသည်ကို ကြည့်ရင်း လျူအာကျူးသည် ရယ်မောချင်စိတ် ပေါက်လာတော့သည်။ သူသည် နောင်အနာဂတ်ခေတ်မှ အင်တာနက် စကားပုံတစ်ခု၏ အနက်အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။

စားစရာမရှိသည့်အခါ သူတို့က ငါတို့ကို လယ်သမားအဘိုးဟု ခေါ်ကြသည်။

စားစရာရှိသည့်အခါ သူတို့က ငါတို့ကို လယ်သမားဦးလေးဟု ခေါ်ကြသည်။

ဝဝလင်လင် စားပြီးသွားသည့်အခါ သူတို့က ငါတို့ကို လယ်သမားအစ်ကိုဟု ခေါ်ကြသည်။

အစာအိမ့် လျှံထွက်မတတ် ဗိုက်ပြည့်သွားသည့်အခါ သူတို့က ငါတို့ကို ရွှေ့ပြောင်းအလုပ်သမားဟု ခေါ်ကြသည်။

ဗိုက်လည်းပြည့်ပြီး အိမ်တွင်လည်း ဆန်စပါးများ ကျန်ရှိနေသေးလျှင်မူ အခေါ်အဝေါ်သည် လူတောမတိုးသည့် တောသားဟူ၍ ပြောင်းလဲသွားတတ်လေသည်။

ရဲစခန်းမှူးသည် လွီရှန့်လီ၏ ပူပန်နေမှုကို မြင်သောအခါ သူ၏ပုခုံးကို ပုတ်လျက် ပြောလိုက်သည်။

"ဒီနေရာမှာ စကားပြောရတာ အဆင်မပြေဘူး... ငါ့ရုံးခန်းထဲကို အရင်သွားကြရအောင်..."

"မသွားပါဘူး... ရုံးခန်းထဲကို ဘာလို့ သွားမှာလဲ... ကျူးဇီ... မင်း မနက်စာ စားပြီးပြီလား... ငါ အပြင်မှာ တစ်နပ်လိုက်ကျွေးမယ်လေ..."

လွီရှန့်လီက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်ပြီး သူ၏လက်မှာ လျူအာကျူး၏လက်ကို လွှတ်မပေးသေးဘဲ ဆွဲကိုင်ထားဆဲဖြစ်၏။

"ကျွန်တော် မလာခင်ကတည်းက မနက်စာ စားခဲ့ပြီးပါပြီ... အရင်ဆုံး ရုံးခန်းထဲသွားပြီး စကားပြောကြရအောင်..."

"ညွှန်ကြားရေးမှူးလွီ... စိတ်မပူပါနဲ့... အဲ့ဒီယုန်တွေက သေနေပြီးသားမို့လို့ ထွက်မပြေးနိုင်ပါဘူး..."

လျူအာကျူးက ပြုံး၍ နှစ်သိမ့်လိုက်သည်။

လွီရှန့်လီသည် ယုန်များ ထွက်ပြေးသွားမည်ကို ကြောက်နေခြင်း မဟုတ်ပေ။ သူသည် လျူအာကျူး ထွက်ပြေးသွားမည်ကို ကြောက်နေခြင်းဖြစ်ပြီး မိမိလက်တစ်ကမ်းရှိ ယုန်များကို ရဲစခန်းမှူးက လုယူသွားမည်ကိုလည်း စိုးရိမ်နေခြင်း ဖြစ်လေသည်။

ရဲစခန်းမှူးသည် ထိုလူ၏ စိတ်ကူးကို ရိပ်မိသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"စိတ်မပူစမ်းပါနဲ့... ကျူးဇီက ငါတို့ဆီကို တောဝက်အကြီးကြီးတစ်ကောင် ယူလာပေးလို့ ငါတို့ ခဏတဖြုတ်စားဖို့ လုံလောက်ပါတယ်... ဒီယုန်တွေကိုတော့ ခင်ဗျားကို အပြတ်အသတ် ပေးပါ့မယ်..."

"တောဝက်တောင် ပါသေးတာလား..."

လွီရှန့်လီ၏ မျက်လုံးများ အရောင်တောက်သွားသည်။

"ကျူးဇီ... ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ သွေးသောက်ညီအစ်ကိုပဲ... ဒါနဲ့... မင်းမှာ အလုပ်ရှိလား... ငါတို့ အထည်အလိပ်စက်ရုံကို ဘာလို့ မလာတာလဲ... အဲ့ဒီမှာမိန်းကလေးငယ်လေးတွေ အများကြီးရှိတယ်... တစ်ယောက်ချင်းစီကလည်း လှမှလှပဲ..."

စက်ရုံညွှန်ကြားရေးမှူးတစ်ဦးအနေဖြင့် စက်ရုံတွင် လူတစ်ဦးအတွက် နေရာတစ်နေရာ စီစဉ်ပေးရန်မှာ အလွန်လွယ်ကူလှသည်။

ထို့အပြင် လျူအာကျူးသည် တောဝက်နှင့် ယုန်များကို ရနိုင်သည်ဆိုလျှင် နောင်အနာဂတ်တွင် အခြားပစ္စည်းများကို မရနိုင်ဟု မည်သူ အာမခံနိုင်မည်နည်း။

ထို့ကြောင့် လွီရှန့်လီသည် သူ့ကို ပစ္စည်းဝယ်ယူရေး ရာထူးတစ်ခု စီစဉ်ပေးချင်နေခြင်း ဖြစ်သည်။ စားစရာ ရနိုင်သရွေ့ အလုပ်သို့ နှစ်ပေါင်းတစ်ရာခန့် မလာလျှင်ပင် ဘာမှမဖြစ်ဘဲ လစာကို ပုံမှန်ရရှိစေမည့်အပြင် အပိုဆုကြေးများကိုလည်း အမြင့်ဆုံး ရရှိစေမည်ဖြစ်၏။

လွန်ခဲ့သော နှစ်ရက်ခန့်ကပင် ရဲစခန်းမှူးသည်လည်း လျူအာကျူးကို ရဲစခန်း၏ ထမင်းစားဆောင် ပစ္စည်းဝယ်ယူရေးအရာရှိအဖြစ် နေရာပေးရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

လွီရှန့်လီက လူခေါ်ရန် ကြိုးစားနေသည်ကို ကြားသောအခါ သူ၏မျက်နှာက ချက်ချင်း အုံ့မှိုင်းသွားပြီး ပြောလေသည်။

"နေပါဦး အဘိုးကြီးလွီ... ခင်ဗျား လုပ်တာက နည်းနည်း လွန်မနေဘူးလား..."

"ဘာလွန်လို့လဲ... ကိုယ့်အတွက်ကိုယ် ကြည့်ကြတာပဲလေ..."

လွီရှန့်လီက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

"ဟမ့်... ခင်ဗျားလို လူလည်ကြီး..."

ရဲစခန်းမှူးသည် ဒေါသထွက်လုနီးပါး ဖြစ်သွားသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ ရယ်မောလိုက်လေသည်။

ရဲစခန်းမှူးက လျူအာကျူးကို အရင်ဆုံး ပြောလိုက်သည်။

"ကျူးဇီ... ငါနောက်ထပ်ပြောမယ့် စကားက မင်းကို အခက်အခဲဖြစ်စေဖို့ မဟုတ်ဘူး... ဒီဝက်ဆီအိုးကြီးကိုပဲ သက်သက် နှိမ်ချင်လို့ပါ..."

ထို့နောက် ရဲစခန်းမှူးက လွီရှန့်လီကို ကြည့်ကာ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

"ခင်ဗျား မသိသေးဘူးမလား... ကျူးဇီမှာ ကျေးလက်အိမ်ထောင်စုမှတ်ပုံတင်ရှိတာ... သူ အလုပ်လုပ်နိုင်ဖို့ဆိုရင် ခင်ဗျားတို့အနေနဲ့ အနည်းဆုံး ထောက်ခံစာတစ်စောင် လိုအပ်မှာဖြစ်ပြီး သူ့ရဲ့ အိမ်ထောင်စုမှတ်ပုံတင် အချက်အလက်ကိုလည်း ရွှေ့ပြောင်းရလိမ့်မယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒီကိစ္စကို တာဝန်ယူထားရတဲ့လူက ငါဖြစ်နေတယ်..."

လွီရှန့်လီသည်လည်း ဤအချက်ကို သတိပြုမိသွားပြီး ချက်ချင်း စိတ်ဓာတ်ကျသွားကာ ပြောလေသည်။

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... ခင်ဗျား နိုင်ပါတယ်ဗျာ... ဒါဆိုရင် ခင်ဗျားပဲ ကျူးဇီနဲ့ အရင်စကားပြောနှင့်တော့... ငါ အပေါက်ဝမှာပဲ စောင့်နေမယ်..."

သူသည် စိတ်မချမ်းမြေ့သဖြင့် ရဲစခန်းမှူး၏ ရုံးခန်းထဲသို့ပင် မဝင်တော့ဘဲ ရဲစခန်းအဝင်ဝတွင်သာ စိတ်ပျက်လက်ပျက်ဖြင့် ဆေးလိပ်သောက်နေတော့သည်။

အခြားတစ်ဖက်တွင်မူ ရဲစခန်းမှူးသည် လျူအာကျူးကို သူ၏ရုံးခန်းထဲသို့ ဝမ်းသာအားရ ခေါ်ဆောင်သွားလေသည်။

ရုံးခန်းထဲသို့ ရောက်သောအခါ ရဲစခန်းမှူးသည် လျူအာကျူးအတွက် သူ၏ကိုယ်ပိုင်လက်ဖက်ခြောက်ကို သုံး၍ ရေနွေးကြမ်းနှစ်ခွက်ကို အရင်ဆုံး ငှဲ့ပေးပြီးမှ ပြောလေသည်။

"ကျူးဇီ... ငါ ငွေတွေကို အဆင်သင့် ပြင်ထားပြီးပြီ... ဒါပေမဲ့ မင်းကတော့ ငွေတစ်မျိုးတည်းကိုပဲ တွေးနေမှာ မဟုတ်ဘူးလို့ ငါထင်တယ်... မင်း အလုပ်အကိုင် နေရာချထားပေးတာကို လိုချင်လား..."

"အော်... မရှိပါစေနဲ့... အလုပ်အကိုင် နေရာချထားပေးတာက ငါ့အတွက်တော့ စကားတစ်ခွန်းပဲ... ပိုက်ဆံကုန်ဖို့ မလိုပါဘူး..."

ရဲစခန်းတွင် အလုပ်အကိုင် ရရှိမည်လော။

ထိုအရာသည် နားထောင်ရသည်မှာ အလွန်ကောင်းမွန်လှသော်လည်း နောင်အနာဂတ်တွင် အခြေအနေများ အမှန်တကယ် ဆိုးရွားလာသည့်အခါတွင်မူ လုံခြုံရေးအရာရှိဖြစ်စေ၊ နတ်သမားတော်ဖြစ်စေ အားလုံး ဒုက္ခရောက်ကြရမည်ကို လျူအာကျူး ကောင်းစွာ သိရှိထားသည်။

လက်ရှိအချိန်တွင် အကောင်းဆုံး ရွေးချယ်မှုမှာ ကျေးရွာတွင်သာ ဆက်လက်နေထိုင်ပြီး အင်အားစုဆောင်းကာ ဆိုရှယ်လစ်စနစ် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ ပေါ်ပေါက်လာမည့် အချိန်ကို နဂါးတစ်ကောင်ပမာ တက်လှမ်းနိုင်ရန် စောင့်ဆိုင်းဖို့သာ ဖြစ်လေသည်။

ထို့ကြောင့် လျူအာကျူးက ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။

"ကျွန်တော့်အဖေရဲ့ ခြေထောက်က ကျိုးသွားတာ အခုထိ ပြန်မကောင်းသေးဘူး... လောလောဆယ် မြို့ပေါ်ကို မရွှေ့ချင်သေးပါဘူး... ဒါပေမဲ့ ကျွန်တော်က ပိုက်ဆံချည်းပဲတော့ မလိုချင်ဘူး... ကျွန်တော့်ကို ခွဲတမ်းလက်မှတ်အချို့ ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ..."

ရဲစခန်းမှူးက ရယ်မောလိုက်သည်။

"ငါ သိသားပဲ... ဒါကြောင့် မင်းအတွက် ကြိုတင်ပြင်ဆင်ပေးထားတာ ကြာပါပြီ..."

သူသည် ထမင်းချိုင့်တစ်လုံးကို ထုတ်ယူလိုက်သည်။ အဖုံးကို ဖွင့်လိုက်သောအခါ အတွင်း၌ ဆီးပုံးလက်မှတ်များနှင့် ဆီးအိုးလက်မှတ်များ အပါအဝင် ခွဲတမ်းလက်မှတ်မျိုးစုံ အထပ်လေးထပ် ရှိနေလေသည်။

ဤပစ္စည်းနှစ်ခုမှာ လယ်သမားများအတွက် အလွန်အဖိုးတန်လှသည်။ အလုပ်ရမှတ် စာရင်းမှတ်သူများနှင့် ထုတ်လုပ်ရေးအဖွဲ့ အများအပြားမှာ နေရာတကာတွင် အဆက်အသွယ် ရှာဖွေနေကြသော်လည်း ဤလက်မှတ်များကို မရရှိနိုင်ကြချေ။

သို့သော် လျူအာကျူးမှာ ထိုအရာများကို စိတ်ဝင်စားခြင်းမရှိဘဲ စီးကရက်နှင့် အရက်လက်မှတ်များကိုသာ ပိုမိုနှစ်သက်သည်။

အထူးသဖြင့် အတွင်း၌ အဆင့်မြင့် စီးကရက်လက်မှတ်များ ပါဝင်နေသောကြောင့်ဖြစ်၏။ ယခုအခါ သူသည် ကျုံးဟွာ စီးကရက်များကို ပိုမိုဝယ်ယူနိုင်တော့မည် ဖြစ်သည်။

ကောက်နှံနှင့် အသားလက်မှတ်များလည်း အတော်အတန် ပါဝင်သည်။ လျူအာကျူးအနေဖြင့် ထိုအရာများကို ကိုယ်တိုင်ရရှိနိုင်သော်လည်း စားသောက်ဆိုင်တွင် သွားရောက်စားသောက်လိုပါက ဤပစ္စည်းများသည် လိုအပ်နေဆဲဖြစ်၏။

မီးခြစ်ဆံနှင့် ဆပ်ပြာလက်မှတ် ဆယ်ဂဏန်းခန့်လည်း ပါဝင်သေးသည်။

ပဲပစ္စည်းလက်မှတ် သုံးစောင်လည်း ပါဝင်သော်လည်း အလွန်နည်းလှသည်။ လျူအာကျူးမှာ အနည်းငယ် စိတ်ပျက်သွားမိ၏။ သူသည် တိုဖူးနှင့် ဝက်သားနီချက်ကို စားချင်နေသောကြောင့် ဖြစ်သည်။

လျူအာကျူးသည် ထိုလက်မှတ်များကို ထပ်မံမွှေနှောက်ကြည့်ရာ ခေါက်ဆွဲဖတ်လက်မှတ်များကို တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့သွားသည်။

သူသည် ရုတ်တရက် အလွန်ဝမ်းသာသွားပြီး ၎င်းတို့ကို အလျင်အမြန် ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

ရဲစခန်းမှူးက သိချင်စိတ်ဖြင့် ကြည့်ကာ ပြောသည်။

"ငါက မင်းကို အရေအတွက် ပြည့်အောင် ထည့်ပေးလိုက်တာပါ... မင်းက ဘာလို့ အဲ့လောက်တောင် ပျော်နေရတာလဲ... ခေါက်ဆွဲဖတ်နဲ့ ဘာလုပ်လို့ရမှာမို့လို့လဲ... စျေးလည်းကြီးသလို ဘာအရသာမှလည်း မရှိဘူး..."

လျူအာကျူးက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက် ပြောလိုက်သည်။

"ကြည့်ရတာ ခင်ဗျားက ဘဲသွေးခေါက်ဆွဲစွပ်ပြုတ်ကို တစ်ခါမှ မစားဖူးဘူး ထင်တယ်... စိတ်ကူးထဲမှာသာ ပုံဖော်ကြည့်လိုက်စမ်းပါ... ဘဲရိုးတွေကို သုံးပြီးတော့ ပျစ်နှစ်ပြီး မွှေးကြိုင်လှတဲ့ စွပ်ပြုတ်ရည်ကို တည်လိုက်မယ်... ပြီးတော့ ရှည်လျားပြီး ချောမွေ့တဲ့ ခေါက်ဆွဲဖတ်တွေကို အောက်က ခံထားမယ်... အပေါ်ကနေပြီးတော့ ရဲရဲနီနေတဲ့ ဘဲသွေးတုံးအပါးလေးတွေ ရယ်၊ ပြီးတော့ အရသာရှိလှတဲ့ ဘဲအူနဲ့ ဘဲအသည်းတွေကို တင်လိုက်မယ်... ထို့နောက် စိမ်းစိုနေတဲ့ နံနံပင်လေး နည်းနည်းအုပ်ပြီး လျှို့ဝှက်ငရုတ်ဆီလေး နည်းနည်း ဆမ်းလိုက်မယ်... တစ်လုပ် စားလိုက်တာနဲ့ ခင်ဗျားရဲ့ ခံတွင်းတစ်ခုလုံး လတ်ဆတ်ပြီး မွှေးကြိုင်ကာ နူးညံ့ချောမွေ့တဲ့ အရသာတွေနဲ့ ပြည့်နှံသွားပြီး စွပ်ပြုတ်ရည်တွေကလည်း လျှံထွက်လာမှာ..."

*ဂလု…”

ရဲစခန်းမှူးသည် လျူအာကျူးကို ကြည့်ကာ မှင်တက်သွားရသည်။ သူ၏ခံတွင်းထဲတွင် တံတွေးများ အဆက်မပြတ် ထွက်ပေါ်လာပြီး ဝမ်းဗိုက်ထဲမှလည်း တဂွီဂွီနှင့် အသံများ မြည်ဟည်းလာတော့သည်။ သူသည် စကားနားထောင်ရင်းနှင့်ပင် အမှန်တကယ် ဆာလောင်လာခဲ့လေပြီ။

သူသည် မနက်ခင်းတွင် ကောက်နှံအစားထိုးယာဂုကိုသာ အနည်းငယ် စားခဲ့ရသဖြင့် ဗိုက်ထဲတွင် ဘာမှမရှိချေ။

"တောက်... မင်းပြောတာနဲ့ ငါ တကယ် ဗိုက်ဆာလာပြီ..."

"ဒီနေ့ မနက်စာကို ဒီမှာပဲ စားလိုက်ပါလား... ငါတို့ပိုက်ဆံစုပြီးတော့ မင်း ငါတို့ကို ဒီဘဲသွေးခေါက်ဆွဲစွပ်ပြုတ် ချက်ကျွေးပါဦး..."

ရဲစခန်းမှူးသည် အလွန်အမင်း သွားရည်ကျလာသဖြင့် လျူအာကျူးကို ရဲစခန်းထမင်းစားဆောင်တွင် ဆွဲထားချင်နေတော့သည်။

လျူအာကျူးသည် ဤခေတ်ကာလမှ လူများသည် ဗိုက်ပြည့်ရုံမျှဖြင့်ပင် ကံကောင်းလှပြီဖြစ်ကြောင်း ထို့ကြောင့် အစားအစာ အမျိုးအမည် အများအပြားကို မစားဖူးကြသေးသည်ကို မေ့လျော့သွားခဲ့သည်။ အထူးသဖြင့် ဤဘဲသွေးခေါက်ဆွဲစွပ်ပြုတ်မှာ နန်ကျင်းမြို့မှ အဆာပြေမုန့်တစ်ခုဖြစ်သဖြင့် ဤအနီးအနားရှိ လူများအနေဖြင့် အလွယ်တကူ စားခွင့်ရရန် မလွယ်ကူပေ။ သူက အလျင်အမြန် ပြောလိုက်သည်။

"ခင်ဗျား စားချင်ရင်တောင် အလကားပဲ... ကျွန်တော့်မှာ ဟင်းလျာအမယ်တွေ မစုံသေးဘူး... နောက်မှ တောင်ပေါ်မှာ ဘဲတွေဖမ်းမိတဲ့အခါကျရင် ခင်ဗျားကို ဘဲသွေးခေါက်ဆွဲစွပ်ပြုတ်တင်မကဘူး... ဘဲကင်ပါ လုပ်ကျွေးမယ်..."

All Chapters