← Chapters

အခန်း ၃၈၄

Vol. 39 Ch. 384

အခန်း ၃၈၄

Vol. 39 Ch. 384

အခန်း (၃၈၄) ဒုတာဝန်ခံဟန်

အမျိုးသမီးတစ်ဦး ဦးဆောင်လာသော ဦးထုပ်အဝိုင်းကြီးများနှင့် အဖြူရောင် အမျိုးအစား ၅၈ရဲယူနီဖောင်းများကို ဝတ်ဆင်ထားသည့် ရဲအချို့သည် လမ်းမပေါ်သို့ ရောက်ရှိလာကြလေသည်။

“ရဲအရာရှိတို့... အဲဒီလူပဲ... သူက ကျွန်မယောကျ်ားရဲ့ ခြေထောက်ကို ရိုက်ချိုးပြီး ကျွန်မရဲ့ ယောက္ခမကို အနိုင်ကျင့်ခဲ့တာ…”

“သူ့ကို မြန်မြန် ဖမ်းပေးကြပါ…”

ထိုစကားကို ကြားသောအခါ ဦးဆောင်လာသော ရဲသည် အဘွားကျန်းနှင့် လီလန်တို့ရှိရာသို့ အမြန်လျှောက်သွားလေသည်။

“ရဲတွေ ရောက်လာပြီ…”

ရဲစခန်းမှ လူများကို မြင်လိုက်သည်နှင့်တပြိုင်နက် ဘေးမှ ကြည့်ရှုနေသူများမှာ ဒီရေကျသွားသကဲ့သို့ ချက်ချင်းပင် လမ်းဖယ်ပေးကာ လူစုကွဲသွားကြတော့သည်။

လူအုပ်ကြီး၏ အလယ်တည့်တည့်တွင် လူနှစ်စု မျက်နှာချင်းဆိုင် ရပ်နေကြလေသည်။

တစ်ဖက်တွင် ဂျုံရောင်အသားအရေရှိပြီး သိန်းငှက်တစ်ကောင်ကဲ့သို့ စူးရှသော မျက်လုံးများနှင့် သေသပ်ထင်ရှားသော မျက်နှာသွင်ပြင်ရှိသည့် အရပ်ရှည်ရှည် ရဲဘော်လူငယ်တစ်ဦး ရှိနေပြီး တောင်တောနက်ထဲမှ တောရိုင်းလူသားပမာ အရိုင်းဆန်သော အငွေ့အသက်များ ထွက်ပေါ်နေလေသည်။

အခြားတစ်ဖက်တွင်မူ အရပ်ပုပု ဝဝဖိုင့်ဖိုင့်နှင့် အဘွားကျန်းတစ်ဦး၊ ရင်ဘတ်ကိုဖိကာ နာကျင်စွာဖြင့် အား... အား... ဟု ညည်းတွားနေသော အမျိုးသားတစ်ဦးနှင့် ကြောက်လန့်တကြား အားရပါးရ ငိုယိုနေသော ကလေးငယ်တစ်ဦးတို့ ရှိနေကြသည်။

“ရဲဘော်... လူငယ်တစ်ယောက်ဖြစ်ပြီးတော့ ဘယ်လိုလုပ် အနိုင်ကျင့်ရက်ရတာလဲ…”

ဦးဆောင်လာသော ရဲမှာ စကားပင် မဆုံးသေးခင်မှာပင် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။

“အဖွဲ့ခေါင်းဆောင်လီ…”

“ဟင်... ဒုတာဝန်ခံဟန်ပါလား…”

လီလန်သည် သူ့ကိုခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရလေသည်။

သူကား ပိုင်ရှန်းမြို့နယ် ရဲစခန်းမှ ဒုတာဝန်ခံ ရဲအရာရှိဟန်ပင် ဖြစ်သည်။

ရဲအရာရှိဟန်မှာ အလွန်အံ့အားသင့်သွားပြီး...

“အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျား ဘယ်လိုလုပ် ဒီနေရာကို ရောက်နေတာလဲ... ခင်ဗျားက သူ့ယောကျ်ားရဲ့ ခြေထောက်ကို ရိုက်ချိုးလိုက်တယ်လို့ တိုင်ခံထားရတဲ့သူလား…”

“အိမ်မှာ စားစရာကုန်သွားလို့ မြို့ပေါ်ကို ဝယ်ဖို့လာတာပါ…”

လီလန်က ပြုံး၍ ပြောလိုက်သည်။

သူ၏ ဒုတိယမေးခွန်းအတွက်မူ လီလန်က ပြန်မဖြေဘဲ ပြုံးသာပြုံးနေလိုက်လေသည်။

“ဒုတာဝန်ခံ... သူက…”

ရဲအရာရှိဟန်၏ နောက်မှ လိုက်ပါလာသော ရဲများမှာလည်း ယခုအချိန်တွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။

အခြေအနေကို ကြည့်ရသည်မှာ ဒုတာဝန်ခံက ဤရဲဘော်ကို သိနေပုံရသည်။ ထို့အပြင် သူတို့၏ ဆက်ဆံရေးကလည်း တော်တော်လေး ရင်းနှီးနေသလား။

ကျန်းဟယ်ရှီနှင့် ကျန်းရှီရွှီတို့အပြင် သူ၏ မိန်းမဖြစ်သူပါ ဤမြင်ကွင်းကို ကြည့်ကာ ကြက်သေသေသွားကြလေသည်။

“ဒီကောင်လေးက ရဲစခန်းက ရဲတွေကို သိနေတာလား…”

“ပြီးတော့ ဒီရဲက ဒုတာဝန်ခံတဲ့လား…”

ကျန်းဟယ်ရှီ၏ မျက်နှာမှာ ဖြူရော်သွားပြီး သူမသည် ယနေ့တွင် သံပြားကို ကန်မိကာ မရန်စသင့်သူကို ရန်စမိသွားပြီဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

သူမရှေ့ရှိ ဤကောင်လေးက ဤဒုတာဝန်ခံကို သိနေသည်ဆိုတော့ ယနေ့ကိစ္စက…

“မဟုတ်ဘူး... အဲဒီကောင်လေးက အရင်စလုပ်တာ... သူက ရဲစခန်းက လူတွေကို သိနေတော့ရော ဘာဖြစ်လဲ…”

“သူက လူကို အရင်ရိုက်တာ... ငါတို့ဘက်က မှန်တယ်... ရဲတွေက ငါတို့ကို တရားမျှတမှု ပေးမှာပါ…”

ကျန်းဟယ်ရှီသည် အမြန်တွေးတောလိုက်ပြီး ရဲစခန်း၏ ဤတာဝန်ခံအပေါ် မျှော်လင့်ချက်ထားလိုက်လေသည်။

သူမက အမြန်ဝင်ပြောလိုက်ပြီး ငိုသံပါကြီးဖြင့်...

“ရဲအရာရှိကြီး... ကျွန်မတို့ မိသားစုအတွက် တရားမျှတအောင် လုပ်ပေးရမယ်နော်…”

“ဒီလူ... ဒီလူက…”

ထိုအချိန်မှာပင် လမ်းမများနှင့် လမ်းကြားလေးများထဲမှ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

“တောက်... ဘယ်ကရောက်လာတဲ့ သေနာမ အဘွားကျန်းမို့လို့ ငါတို့ ချင်းလုံဂိုဏ်းရဲ့ ဒုခေါင်းဆောင်ကိုများ လက်ရဲပတန်း လုပ်ရဲရတာလဲ…”

“မင်းတို့က ငါတို့ ဒုခေါင်းဆောင်ကို ထိရဲတယ်ပေါ့... သတ္တိရှိရင် ထိကြည့်လိုက်စမ်း…”

“ဒုခေါင်းဆောင်... ကျွန်တော်တို့ ရောက်လာပြီ... ဒီခွေးကောင်တွေကို သတ်ကြဟေ့…”

“သူ့ဘိုးဘေးတွေကိုပါ ကျိန်ဆဲပစ်မယ်... ငါတို့ ချင်းလုံဂိုဏ်းရဲ့ နယ်မြေမှာ ငါတို့ခေါင်းဆောင်ကိုများ လာထိရဲတယ်ပေါ့…”

“ဒုခေါင်းဆောင်…”

သံချောင်းများ၊ ဓားမကြီးများနှင့် အုတ်ခဲများကို ကိုင်ဆောင်ထားသော ချင်းလုံဂိုဏ်းမှ တပည့်တစ်စုသည် လမ်းမများနှင့် လမ်းကြားလေးများထဲမှ ထွက်ပေါ်လာကြသည်။

တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ထွက်ပေါ်လာသည့် ပြည့်နှက်နေသော လူအုပ်ကြီးမှာ အနည်းဆုံး လူတစ်ရာခန့်ရှိမည်ဖြစ်ပြီး အလွန်ခမ်းနားလှသော မြင်ကွင်းပင် ဖြစ်တော့သည်။

လီလန်…

“ဟမ်... မင်းတို့ကို ဂိုဏ်းကို ပြန်သွားဖို့ ခုနလေးတင် ပြောထားတာလေ... ဘာလို့ ဒီနေရာကို ထပ်ရောက်လာကြပြန်တာလဲ…”

“ပြီးတော့ လူဦးရေကလည်း လေးဆလောက်တောင် ပိုများလာတယ်…”

လီလန်မှာ ခေါင်းခဲသွားတော့သည်။ ရဲစခန်းမှ ရဲများအားလုံး ဤနေရာတွင် ရှိနေပြီး ဤမျှလောက်များပြားသော လူအုပ်ကြီးက ထွက်ပေါ်လာသည်ဆိုတော့ သူက ဘယ်လိုလုပ် ရှင်းပြရမည်နည်း။

“ဒုတာဝန်ခံဟန်... တောင်းပန်ပါတယ်ဗျာ... ကျွန်တော့် ညီအစ်ကိုတွေက သစ္စာရှိလွန်းနေလို့ပါ…”

လီလန်က အနေရခက်စွာဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် ရဲအရာရှိဟန်မှာ ကြက်သေသေနေလေပြီ။ လက်နက်မျိုးစုံကို ကိုင်ဆောင်ထားသော လူတစ်ရာခန့်သည် ထိုဧရိယာအား စက်ဝိုင်းပုံစံကြီး ဝိုင်းရံထားကြသည်။

ထိုလူရမ်းကားများအားလုံး၏ လက်မောင်းများတွင် အစိမ်းရောင် နဂါးပုံစံ တက်တူးများ ထိုးထားကြသည်။

“အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျားကများ... ခင်ဗျားကများ…”

ရဲအရာရှိဟန်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး တစ်စုံတစ်ခုကို ရုတ်ချည်း သဘောပေါက်သွားတော့သည်။

ဤအချိန်အတောအတွင်း သူအုပ်ချုပ်ရသော မြို့နယ်ရှိ ချင်းလုံဂိုဏ်းက ဒုခေါင်းဆောင်အသစ်တစ်ဦး ခန့်အပ်လိုက်ကြောင်း ရဲအရာရှိဟန်က သတင်းရရှိထားလေသည်။

သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်လှသော ဒုခေါင်းဆောင်မှာ အလွန်ငယ်ရွယ်သည့် မုဆိုးတစ်ဦးဖြစ်ကြောင်းကိုသာ ရဲအရာရှိဟန်က သိထားပြီး အခြားမည်သည့်အကြောင်းကိုမျှ မသိရှိရချေ။

သို့သော် ရဲအရာရှိဟန် အိပ်မက်ပင် မမက်ဖူးခဲ့သည်မှာ... ဤလျှို့ဝှက်ဆန်းကြယ်လှသော ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင်ဆိုသည်က လီလန် ဖြစ်နေလိမ့်မည်ဟုပင်တည်း။

“ကျွန်တော်ပါ…”

လီလန်က ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ဦး စကားပြော၍ပင် မကြာသေးခင် ချင်းလုံဂိုဏ်း၏ တပည့်များ ရောက်ရှိလာကြပြီဖြစ်သည်။

သူတို့သည် ပွဲကြည့်နေသော လမ်းသွားလမ်းလာများကို မောင်းထုတ်လိုက်ပြီးနောက် လီလန်၏နောက်တွင် နေရာယူ ရပ်တန့်လိုက်ကြသည်။

သူတို့ကို ဦးဆောင်လာသူမှာ ရှောင်နျူးပင် ဖြစ်သည်။

“ဒုခေါင်းဆောင်... အဆင်ပြေရဲ့လား…”

ရှောင်နျူးက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ငါ အဆင်ပြေပါတယ်…”

“ဘာလို့ ပြန်လာကြတာလဲ... မင်းတို့ကို ဂိုဏ်းကို ပြန်သွားဖို့ ငါ ပြောထားတယ် မဟုတ်လား…”

လီလန်မှာ ဘာမှမတတ်နိုင်တော့ချေ။

သူ၏ ဤညီအစ်ကိုများသည် အတော်လေး သစ္စာရှိကြပြီး သူတို့၏ ကျန်းဟူးလောက အငွေ့အသက်မှာလည်း ပြင်းထန်လှသည်။

“လမ်းပေါ်မှာ ဒုခေါင်းဆောင် ပြဿနာနည်းနည်းတက်နေတယ်လို့ ဂိုဏ်းထဲက ညီအစ်ကိုတွေဆီက ကြားလိုက်ရလို့ လူတွေကို အမြန်ခေါ်လာခဲ့တာပါ”

“ဒုခေါင်းဆောင်... ဘယ်ခွေးကောင်က သေချင်လွန်းလို့ ဒုခေါင်းဆောင်ကို လာစရဲတာလဲ…”

ရှောင်နျူးသည် ဓားမကြီးတစ်လက်ကို လက်ထဲတွင် ကိုင်ဆောင်ထားပြီး သူ၏ ကြမ်းတမ်းလှသော အကြည့်များက အဘွားကျန်းဖြစ်သူ ကျန်းဟယ်ရှီထံသို့ ချက်ချင်းပင် ကျရောက်သွားတော့သည်။

ကျန်းဟယ်ရှီမှာ ရှောင်နျူး၏ ရက်စက်ကြမ်းကြုတ်လှသော ရုပ်သွင်ကြောင့် အလွန်ကြောက်လန့်သွားပြီး မျက်နှာမှာ ဖြူရော်သွားကာ မအောင့်နိုင်ဘဲ တုန်ယင်လာတော့သည်။

“ဘာ... ဘာလို့ ဒီလောက်တောင် လူတွေ အများကြီး ရှိနေရတာလဲ…”

“သူ... သူတို့က ဘယ်သူတွေလဲ…”

ဤမျှများပြားလှသော လူရမ်းကားများကို မြင်တွေ့ရသည်မှာ ကျန်းဟယ်ရှီအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး သူမမှာ ကြောက်လွန်း၍ မလှုပ်ရဲတော့ဘဲ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ အပြည့်ဖုံးလွှမ်းနေလေသည်။

ကျန်းရှီရွှီမှာ ပို၍ပင် ထိတ်လန့်နေပြီး သူ၏ ကျောပြင်ပေါ်တွင်လည်း ချွေးစေးများ ပျံလာတော့သည်။

“အမေ... သူ... သူကများ…”

“ချင်းလုံဂိုဏ်းရဲ့ ခေါင်းဆောင်လား…”

ကျန်းရှီရွှီ၏ နှုတ်ခမ်းများ တုန်ယင်နေပြီး မျက်နှာမှာ ဖြူရော်ကာ တုန်ရီသောအသံဖြင့် ပြောလိုက်လေသည်။

“ဘာ…”

“ချင်းလုံဂိုဏ်းရဲ့ ခေါင်းဆောင်…”

ကျန်းဟယ်ရှီ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး သူမ၏ ရင်ဘတ်မှာလည်း ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။

သူမ၏ ဇာတိမှာ ပိုင်ရှန်းမြို့နယ်တွင်ဖြစ်ပြီး ဤမြို့ပေါ်၌ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရာ ချင်းလုံဂိုဏ်း၏ နာမည်ကို မည်သို့လျှင် မကြားဖူးဘဲ နေမည်နည်း။

ချင်းလုံဂိုဏ်းဆိုသည်မှာ ပိုင်ရှန်းမြို့နယ်အတွင်းရှိ အာဏာရှင်တစ်ဦးဖြစ်ပြီး လူတစ်ရာခန့်ရှိသော ဂိုဏ်းကြီးတစ်ခုဖြစ်ကာ ဒေသခံ လူမိုက်ဂိုဏ်းကြီးပင်ဖြစ်သည်။

“မြေအောက်လောကရဲ့ ခေါင်းဆောင်ကြီးလေ…”

“သူ... သူက တကယ်ပဲ ချင်းလုံဂိုဏ်းရဲ့ ခေါင်းဆောင်လား…”

ကျန်းဟယ်ရှီ၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်ထွက်နေလေသည်။

၎င်းမှာ အမှန်ဖြစ်မည်ကို သူမ မယုံကြည်နိုင်သော်လည်း သူမရှေ့ရှိ ပြည့်နှက်နေသော လူရမ်းကားအုပ်ကြီးက ဤကောင်လေး၌ အလွန်သြဇာကြီးမားသော နောက်ခံရှိနေကြောင်းကို သူမအား သတိပေးနေလေသည်။

သူကား ချင်းလုံဂိုဏ်း၏ ခေါင်းဆောင်ပင် ဖြစ်တော့သည်။

ကျန်းဟယ်ရှီ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး သူမသည် ကြောက်လန့်တကြား တုန်ယင်နေကာ စကားတစ်ခွန်းမျှပင် မဟရဲတော့ချေ။

“ဒုခေါင်းဆောင်... ဒီစုန်းမအိုကြီးလား…”

ရှောင်နျူးက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် မေးလိုက်သည်။

“ညီအစ်ကိုတို့... ဒီအဘွားကြီးကို ကြိုးတုပ်ပြီး မိလ္လာကျင်းထဲ ပစ်ချလိုက်ကြစမ်း…”

လီလန်၏ ပါးစပ်မှာ မအောင့်နိုင်ဘဲ တွန့်ကွေးသွားတော့သည်။

“ကောင်းပြီလေ... ငါလည်း အဲဒီလိုပဲ တွေးနေတာ…”

“ဟေ့... မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... ဒီနေရာက ဥပဒေနဲ့ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းကွ... မင်းတို့ လုပ်ချင်တိုင်း လုပ်လို့ မရဘူး…”

ရဲအရာရှိဟန်၏ အနောက်မှ အရပ်ရှည်ရှည် ရဲတစ်ဦးက ရဲဝံ့စွာဖြင့် ပြောလိုက်လေသည်။ ဤလူများသည် ချင်းလုံဂိုဏ်းမှဖြစ်ပြီး သွားမစသင့်ကြောင်း သူသိသော်လည်း သူ၏ အတွင်းစိတ်မှ တရားမျှတမှုက သူ့ကို ရှေ့ထွက်လာစေခဲ့သည်။

“နိုင်ငံသားတွေကို ပြန်ပေးဆွဲတာက ရာဇဝတ်မှုပဲ... မင်းတို့ အဲဒီလို လုပ်လို့ မရဘူး…”

ဤအချိန်တွင် အခြားရဲတစ်ဦးကလည်း ဝင်ရောက်ပြောဆိုလိုက်လေသည်။

“အဖွဲ့ခေါင်းဆောင်လီ... ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့…”

ရဲအရာရှိဟန်က လီလန်ကို အမြန်ကြည့်လိုက်သည်။ ဤချင်းလုံဂိုဏ်းမှ လူရမ်းကားများသည် လီလန်၏ စကားကိုသာ နားထောင်မည်ဖြစ်ကြောင်း သူသိထားသည်။

“ရှောင်နျူး... ထားလိုက်တော့... ဒုတာဝန်ခံဟန်လည်း ဒီနေရာမှာ ရှိနေတာပဲ... ရဲစခန်းက ရဲတွေ ငါတို့ ချင်းလုံဂိုဏ်းကို မရယ်ရအောင် နေလိုက်ကြရအောင်…”

All Chapters