← Chapters

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း (၃၈၆) ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် တစ်သိန်းအထိ ထိုးတက်သွားပြီး အာကာသလက်စွပ်ကို အဆင့်မြှင့်တင်ခြင်း

"အစ်မပိုင်ကျဲ့... ကျေနပ်ရဲ့လား..."

လီလန်သည် ပိုင်ကျဲ့ကို နောက်ပြောင်လိုသော အပြုံးဖြင့် ကြည့်လိုက်သည်။

"ကျေနပ်တယ်..."

ပိုင်ကျဲ့၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လန်းသွားပြီး သူမသည် ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်သည်။

ထို့နောက် လီလန်က ရဲအရာရှိဟန်ကို ပြောလိုက်သည်။

"ဒုတာဝန်ခံဟန်... တော်ပါပြီ..."

သူသည် ကျန်းဟယ်ရှီခေါ် အဘွားကျန်းကို အထက်မှနေ၍ ငုံ့ကြည့်လိုက်သည်။

"ခင်ဗျား အမှန်ကို ဝန်ခံတဲ့နေရာမှာ သဘောထားကောင်းတာကို ထောက်ထားပြီး အခုတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်..."

"အခု ထွက်သွားတော့..."

ချင်းလုံဂိုဏ်း ဒုခေါင်းဆောင်၏ ဩဇာအာဏာမှာ ဤအချိန်တွင် အပြည့်အဝ ပေါ်လွင်နေပြီး လုံးဝကို လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။

ကျန်းဟယ်ရှီသည် ကြောက်လန့်တကြား တုန်လှုပ်သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေကာ မျက်နှာမှာ စိမ်းကားသွားပြီး သူမ၏သား သေဆုံးသွားသည့်အလား ဖြစ်နေတော့သည်။

သူမ၏ ပြင်းထန်သော မျက်လုံးများဖြင့် ပိုင်ကျဲ့ကို စိုက်ကြည့်ကာ ဒေါသကို မြိုသိပ်လိုက်သည်။

"သား... သွားကြစို့..."

အဘွားကျန်းသည် သွားရောက်၍ သူမ၏ ချွေးမဖြစ်သူနှင့်အတူ အငယ်ဆုံးသားဖြစ်သော ကျန်းရှီရွှီကို ထူမလိုက်ပြီး ငိုယိုနေသော မြေးဖြစ်သူကို ခေါ်ဆောင်သွားသည်။ လူအုပ်ကြီး၏ လှောင်ပြောင်သော အကြည့်များအောက်တွင် သူမသည် လမ်းဘေးခွေးတစ်ကောင်ပမာ မုန်တိုင်းဗဟိုချက်မှ ထွက်ပြေးသွားတော့သည်။

ဤသို့ဖြင့် မုန်တိုင်းတစ်ခု ပြီးဆုံးသွားလေသည်။

"မင်းတို့လည်း ပြန်ကြတော့..."

လီလန်က ချင်းလုံဂိုဏ်းမှ ညီအစ်ကို ရာကျော်ခန့်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

ဤလူတစ်ရာစီ၏ လက်ခုံပေါ်တွင် အစိမ်းရောင် နဂါးခေါင်းကို တက်တူးထိုးထားကြပြီး သူတို့သည် ဓားရှည်များနှင့် သံပိုက်လုံးများကို ကိုင်ဆောင်ထားကာ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

လီလန်သည် သာမန်ပြည်သူများကို ထိခိုက်မိမည်ကို စိုးရိမ်သောကြောင့် ဤချင်းလုံဂိုဏ်းမှ ညီအစ်ကိုများကို သူတို့၏ ဂိုဏ်းသို့ပြန်ရန် ပြောလိုက်ခြင်းဖြစ်သည်။

အဓိကအားဖြင့် သူသည် ရဲအရာရှိဟန် အမြင်စောင်းသွားမည်ကိုလည်း စိုးရိမ်မိသည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်ရှန်းမြို့နယ်မှာ သူ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိပြီး ဂိုဏ်းတစ်ခုအနေဖြင့် အိမ်ရှင်၏ နေရာကို လုယူ၍ မရနိုင်ပေ။ သို့မဟုတ်ပါက သူ့ကို မျက်နှာပျက်စေပြီး အကြည့်ရဆိုးစေမည်ဖြစ်သည်။

လီလန်သည် အရာရှိလောက၏ စည်းမျဉ်းများကို အနည်းငယ် သိရှိထားလေသည်။

"ဒုခေါင်းဆောင်... အမိန့်တစ်ခုခုရှိရင် ကျွန်တော်တို့ ညီအစ်ကိုတွေက တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်..."

ဦးဆောင်နေသူက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးရင်း ရိုသေလေးစားစွာ ပြောလိုက်သည်။

"ကောင်းပြီ..."

လီလန်က ခေါင်းညိတ်လိုက်သည်။

သူသည် နောက်ပိုင်းတွင် ကောက်နှံများ ဝယ်ယူရန် စားနပ်ရိက္ခာရုံသို့ သွားရန် လိုအပ်သေးရာ ယခုအချိန်မှာ လူအင်အား လိုအပ်နေသော အချိန်ပင် ဖြစ်သည်။

"အဖွဲ့ခေါင်းဆောင်လီ... တခြားကိစ္စ မရှိတော့ရင် ကျွန်တော်လည်း ပြန်တော့မယ်... အားတဲ့တစ်နေ့ ဗျူရိုကို လာလည်ပြီး လက်ဖက်ရည်လာသောက်ပါဦး..."

ရဲအရာရှိဟန်သည်လည်း သူ့ကို နှုတ်ဆက်လိုက်၏။

လီလန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

ရဲစခန်းသို့သွား၍ လက်ဖက်ရည်သောက်ရမည်လား... လုံးဝ မလိုအပ်ပါချေ။

လီလန်က ပြုံးလိုက်ပြီး

"ဒုတာဝန်ခံဟန်... လက်ဖက်ရည်ကိုတော့ မေ့လိုက်ပါ... အခွင့်အရေးရရင် ကျွန်တော့်အိမ်ကို လာခဲ့ပါ... တောဝက်သား ကျင်းအနည်းငယ်လောက် လှီးပြီး အရက်ကောင်းတစ်အိုး ဖွင့်ထားမယ်... ကျွန်တော်တို့ ညီအစ်ကိုတွေ သေချာ သောက်ကြတာပေါ့..."

"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့..."

ရဲအရာရှိဟန်က ခေါင်းညိတ်လိုက်သည်။

ဒုတာဝန်ခံဟန်၏ အနောက်ရှိ ထိုလူငယ်ရဲများသည် သူတို့၏ ဒုတာဝန်ခံက လူငယ်တစ်ယောက်အပေါ် ဤမျှခင်မင်ရင်းနှီးပြီး သဘောကောင်းနေသည်ကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

ဒုတာဝန်ခံဟန်သည် ဗျူရိုထဲတွင် ပုံမှန်အားဖြင့် တည်ကြည်ပြီး အပြုံးအလွန်နည်းကြောင်းကို သိထားရမည်ဖြစ်သည်။

"ဒီလူငယ်ရဲဘော်လေးက အသက် နှစ်ဆယ်စွန်းစွန်းပဲ ရှိသေးတဲ့ပုံပဲ... သူက ချင်းလုံဂိုဏ်းရဲ့ ဒုတိယအကြီးအကဲ ဖြစ်နေပြီလား... ဒါက.."

"ဒုတာဝန်ခံက သူနဲ့ ဆက်ဆံရေး အရမ်းကောင်းနေတာ အံ့ဩစရာ မရှိတော့ပါဘူး... သူတို့က အဆင့်အတန်းတူတွေပဲကိုး..."

"ချင်းလုံဂိုဏ်း... ဒီမြို့မှာ အကြီးဆုံးဂိုဏ်းဖြစ်ပြီး ခေါင်းဆောင်က ကျန်းချင်းလုံဆိုတာလေ... ပြီးတော့ တောင်ပိုင်းဈေးကွက်အထိ စီးပွားရေး ချဲ့ထွင်ထားတာ မဟုတ်လား..."

"သူ့ရဲ့ လေသံအရ တာဝန်ခံဟန်က သူ့ကို သိနေတာ ကြာပြီဖြစ်ရမယ်... သူတို့က အရင်ကတည်းက သူငယ်ချင်းတွေလား..."

"..."

တောင်ပေါ်မှ မုဆိုးတစ်ယောက်က ရဲစခန်း၏ ဒုတာဝန်ခံကို သိကျွမ်းနေခြင်းမှာ မည်သို့ အဓိပ္ပာယ်ရကြောင်း ဤလူငယ်ရဲများအားလုံး နားလည်ထားကြသည်။

စနစ်အတွင်းရှိ လူများသည် စနစ်အတွင်းမှ ကိစ္စရပ်များကို အလွန်ပင် ရှင်းလင်းစွာ သိရှိကြသည်။

ဤခေတ်တွင် အဆက်အသွယ်များမှာ အလွန်ပင် အရေးကြီးလှသည်။

နှစ်ဖက်စလုံး နှုတ်ဆက်စကားများ ဆိုကြပြီးနောက် ရဲအရာရှိဟန်သည် သူ၏ လက်အောက်ငယ်သားများကို အလျင်အမြန် ခေါ်ဆောင်ကာ ရဲစခန်းသို့ ပြန်သွားလေသည်။

ပွဲဆူနေမှုများ ပြီးဆုံးသွားပြီဖြစ်ရာ စောင့်ကြည့်နေသူများမှာလည်း ငှက်များနှင့် သားရဲများကဲ့သို့ လူစုကွဲသွားကြတော့သည်။

ကျန်းကျီချောင်သည် လမ်းထိပ်တွင် ရပ်ကာ လီလန်ကို အဝေးမှ လှမ်းကြည့်နေပြီး…

"ဒီနတ်ဆိုးက ရဲစခန်းရဲ့ ဒုတာဝန်ခံကိုတောင် သိနေတာပဲ... သူက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်..."

"မဖြစ်ဘူး... မဖြစ်ဘူး... နောက်ဆိုရင် ငါ သူနဲ့ ဘယ်တော့မှ အဆက်အသွယ် မလုပ်တော့ဘူး... သူ့ကို ရှောင်နေမှဖြစ်မယ်..."

လီလန်က လူခုနစ်ယောက်ကို တိုက်ခိုက်ခဲ့သည့် သက်သေတစ်ယောက်အနေဖြင့် ကျန်းကျီချောင်သည် ဤနတ်ဆိုး လီလန်၏ ကြောက်မက်ဖွယ်ကောင်းမှုကို အခြားသူများထက် ပို၍ နားလည်ထားလေသည်။

"သွားကြစို့... သွားကြစို့... စက်ရုံကို ပြန်ကြမယ်..."

ကျန်းကျီချောင်သည် သူမ၏ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကို ဆွဲခေါ်ကာ နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

လီလန်သည် ငုံ့၍ ဖိနပ်ဘူးကို ကောက်ယူလိုက်သည်။ သူ စက်ဘီးရပ်ထားစဉ်က လမ်းသွားလမ်းလာများ တွန်းတိုက်မိသဖြင့် လက်ကိုင်ဘားတွင် ချိတ်ထားသော ဖိနပ်ဘူးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခြင်း းဖြစ်သည်။

လီလန်သည် ဖိနပ်ဘူးမှ ဖုန်များကို ခါထုတ်လိုက်ပြီး လက်ကိုင်ဘားပေါ်တွင် ပေါ့ပေါ့ပါးပါး ပြန်ချိတ်ထားလိုက်သည်။

ပိုင်ကျဲ့သည် သူမ၏ စက်ဘီးကို တွန်းလာပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

"လီလန်... ကျေးဇူးတင်ပါတယ်... ငါ့အတွက် ရှေ့ထွက်ရပ်ပေးလို့ ကျေးဇူးတင်ပါတယ်... ငါ့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်..."

လီလန်သည် ပြုံးလိုက်ပြီး

"ကျေးဇူးတင်ရုံပဲလား..."

"အဲ့ဒါက သိပ်ပြီး စေတနာမပါသလိုပဲနော်..."

ပိုင်ကျဲ့သည် ခေါင်းငုံ့လိုက်ပြီး သူမ၏ မျက်လုံးများက ပြုံးရွှင်နေကာ ရှက်သွေးဖြာစွာဖြင့် ပြောလိုက်သည်။

"ငါတို့ ပြန်ရောက်ရင် နင့်ကို သေချာလေး ဆုချပါ့မယ်..."

"ဟင်... ဘာပြောလိုက်တာလဲ... သေချာ မကြားလိုက်ရဘူး..."

"ငါတို့ ပြန်ရောက်ရင် နင့်ကို သေချာလေး ဆုချပါ့မယ်လို့..."

"မင်း အသံက တိုးလွန်းတယ်... နည်းနည်း ကျယ်ကျယ်ပြောပါဦး..."

"ငါတို့ ပြန်ရောက်ရင်... ဟွန့်... အရိုက်ခံချင်နေတာလား... ငါ နင့်ကို ဂရုမစိုက်တော့ဘူး..."

ပိုင်ကျဲ့သည် လီလန်က သူမကို နောက်ပြောင်နေမှန်း သိသွားသဖြင့် ခေါင်းကို လွှဲကာ အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်သည်။

သူက ငါ့ကို စုန်းမအိုကြီးလိုများ သဘောထားနေတာလား။

လီလန်သည် ခပ်ဖွဖွ ပြုံးလိုက်ပြီး

"အစ်မပိုင်ကျဲ့... သေချာလို့လား... နောက်တစ်ခါ ထပ်မပြောချင်တော့ဘူးလား..."

"ဟင်..."

လီလန်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ပိုင်ကျဲ့သည် ဇဝေဇဝါ ဖြစ်သွားသည်။

သူမသည် လီလန်၏ စရိုက်ကို အလွန်ပင် ကောင်းစွာ သိထားသည်။ လီလန်က ဤမျက်နှာအမူအရာမျိုး ပြုလုပ်ပြီဆိုလျှင် သူက အီစီကလီလုပ်ချင်နေသည့် အချိန်ပင ဖြစ်သည်။

ဆိုးသွမ်းပြီး တိတ်တဆိတ် အီစီကလီ လုပ်ချင်နေခြင်းပင်ဖြစ်သည်။

"နင် ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာ ရှိနေလား..."

ပိုင်ကျဲ့သည် မော့ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများဖြင့် လီလန်ကို စူးစိုက်ကြည့်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"မရှိပါဘူး..."

လီလန်က ခေါင်းယမ်းလိုက်သည်။

သို့သော် သူက ချက်ချင်းပင် ထပ်ဖြည့်ပြောလိုက်သည်။

"အစ်မကို တမင် ဖုံးကွယ်ထားတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ အစ်မအတွက် အံ့ဩစရာလေးတစ်ခုတော့ ရှိတယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ကျဲ့၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး

"ဘာအံ့ဩစရာလေးလဲ..."

ယနေ့တွင် လီလန်သည် သူမအတွက် အံ့ဩစရာများစွာကို ယူဆောင်လာပေးခဲ့သည်။

ပထမဆုံးအနေဖြင့် လီလန်၏ ကျေးဇူးကြောင့် ပုဆိန်ဂိုဏ်း ခေါင်းဆောင်က တောင်းပန်ခဲ့ပြီး လီလန်ကို လေးစားသောအားဖြင့် သူမအား အမျိုးသမီးစီး စက်ဘီးအသစ်စက်စက် တစ်စီးကို ပေးခဲ့သည်။

ဤချိုးပျံတံဆိပ် စက်ဘီးသည် လက်မှတ်ရော ငွေပါ လိုအပ်ပြီး ငွေသက်သက်ပင် ယွမ်တစ်ရာကျော် ရှိလေသည်။

ဤငွေပမာဏမှာ ယခု ပိုင်ကျဲ့အတွက်မူ မိုးထက်က ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်သည်။

စက်ဘီးတစ်စီးကို အလကားရလိုက်ခြင်းက ပိုင်ကျဲ့ကို မြှောက်စားခံရသကဲ့သို့ ဖြစ်စေသည်။

ပိုင်ကျဲ့ကို ပို၍ပင် အံ့ဩစေခဲ့သည်မှာ လီလန်သည် ယနေ့တွင် သူမအတွက် ရှေ့ထွက်ရပ်ပေးခဲ့ပြီး သူမ မုန်းတီးလှသော ထိုအဘွားကျန်းကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းပေးခဲ့ခြင်းပင် ဖြစ်သည်။

ထိုအဘွားကျန်းမှာ အလွန်ပင် ရွံရှာဖွယ် ကောင်းလှသည်။ ပိုင်ကျဲ့သည် သူမကို မြင်လိုက်တိုင်း ဒေါသများ တစ်ဝမ်းပြည့် ထွက်လာတတ်သည်။ လီလန်က ထိုအဘွားကျန်းကို ပြင်းပြင်းထန်ထန် နှစ်ချက်ရိုက်ခဲ့ပြီး သူမကိုယ်တိုင် လာရောက်တောင်းပန်စေခဲ့သည်။

လူများစွာနှင့် ရဲများရှေ့တွင် ထိုအဘွားကျန်းက သူမကို ခါးညွှတ်ကာ တောင်းပန်နေသည်ကို မြင်လိုက်ရခြင်းမှာပင်

ထိုခံစားချက်က ရိုးရိုးလေးပင် ကျေနပ်စရာကောင်းလှသည်။

ကျေနပ်စရာကောင်း၏။ အလွန်ပင် ကျေနပ်စရာကောင်းလှ၏။

ပိုင်ကျဲ့သည် ဤကဲ့သို့သော ကျေနပ်မှုကို မခံစားရသည်မှာ ကြာပြီဖြစ်ပြီး ဤကဲ့သို့ ခေါင်းမော့ကာ မနေနိုင်ခဲ့သည်မှာလည်း ကြာပြီဖြစ်ကာ သူမ၏ ရင်ထဲတွင် မယုံနိုင်လောက်အောင် သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။

ဤအံ့ဩစရာ နှစ်ခုတည်းနှင့်ပင် ပိုင်ကျဲ့ကို နက်ရှိုင်းစွာ လှုပ်ခတ်သွားစေခဲ့ပြီဖြစ်သည်။

သို့သော် ယခုအခါ လီလန်က သူမအတွက် တတိယမြောက် အံ့ဩစရာလေး ရှိနေသေးကြောင်း ပြောလာခဲ့သည်။

"လီလန်... မြန်မြန်ပြောပြပါ... နောက်ထပ် အံ့ဩစရာလေးက ဘာလဲ..."

ပိုင်ကျဲ့သည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ပြီး သူမ၏ လှပသော မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

လီလန်က ဖြေဆိုရန် ပြင်လိုက်စဉ်မှာပင် ထိုအချိန်၌ သူ၏ စိတ်ထဲမှ ရင်းနှီးနေသော သတ္တုအသံ အသိပေးချက်တစ်ခု ထွက်ပေါ်လာတော့သည်။

[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် +၂၀၀၀၀...]

[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ်+၂၀၀၀၀...]

ထိုခဏမှာပင် လီလန်သည် ပိုင်ကျဲ့ထံမှ နှစ်သက်ခြင်းအမှတ်လေးသောင်းခန့်ကို ရရှိသွားခဲ့လေသည်။

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရပြီးနောက် လီလန်က အလွန်ပင် အံ့အားသင့်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် အမှတ်များ ကော်လံတွင် လီလန် စုဆောင်းထားသော နှစ်သက်ခြင်းအမှတ်များမှာ တစ်သိန်းကျော်သွားပြီ ဖြစ်သောကြောင့်ပင်။

၁၀၀၂၀၀….

တစ်သိန်းကျော်သွားသည်ဟု ဆိုခြင်းမှာ...

လီလန်က အာကာသလက်စွပ်ကို အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်သည်။

All Chapters