← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇) ညီအစ်ကိုတွေအပေါ်မှာပဲ မူတည်ပါတယ်

"မမ... ထျဲ့တန်လေးက တကယ်ကို လိမ္မာတာပဲ... သူ မူကြို တက်နေပြီ မဟုတ်လား..."

ထျန်ရှောင်ယာက ဝမ်တာ့ကျွမ်း၏ ဇနီးအား ပြုံးလျက် မေးမြန်းလိုက်လေသည်...။

"ဟုတ်ပါ့... ရှောင်ယာလေးရယ်..."

ဝမ်တာ့ကျွမ်း၏ ဇနီးက ကျယ်လောင်သော အသံဖြင့် ပြုံး၍ ပြန်ပြောလိုက်လေ၏...။

"ဒါတွေ အားလုံးက နင့်ရဲ့ ကျိုးချန်ယဲ့ ပြောပြလို့ သိရတာလေ... ဝမ်တာ့ကျွမ်း အလုပ်လုပ်တဲ့ သံမဏိ စက်ရုံမှာလည်း မူကြိုကျောင်း ရှိတယ်ဆိုတာကို သူက ပြောပြတာ... အဲ့ဒါနဲ့ပဲ ငါလည်း သိသွားတာ ပေါ့..."

"စက်ရုံ ဝန်ထမ်းတွေရဲ့ ကလေးဆိုရင် တက်လို့ရတယ်လေ... ဝမ်တာ့ကျွမ်းက မနက် အလုပ်သွားရင် ထျဲ့တန်ကို တစ်ခါတည်း ပို့ပေးပြီး ညနေကျရင် ငါက သွားကြိုတာပေါ့... အရမ်းကို အဆင်ပြေတယ်..."

"နေ့ဘက်မှာလည်း ငါက မီးခြစ်အိမ်တွေ ကပ်တဲ့ အလုပ်ကို ပိုပြီး လုပ်နိုင်တော့ အိမ်စရိတ်အတွက် ငွေပိုလေးတွေ ရတာပေါ့ကွယ်..."

ထို့နောက် သူသည် စားပွဲပေါ်တွင် သကြားလုံးများကို ပျော်ရွှင်စွာ စားနေသော ထျဲ့တန်ကို ကြည့်ကာ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်လေသည်...၊

"ထျဲ့တန်က ကျောင်းတက်တာ ရက်အနည်းငယ်ပဲ ရှိသေးတာ... မနေ့က ကျောင်းဆင်းတော့ ပန်းပွင့် အနီလေး တစ်ပွင့် ရလာတယ်ဆိုပြီး ငါ့ကို လာကြွားနေလိုက်တာ အကြာကြီးပဲ..."

"ထျဲ့တန်လေးက တကယ်ကို တော်တဲ့ကလေးပဲ... ကျောင်းတီ... နင်ကတော့ နောင်ကျရင် သေချာပေါက် ကံကောင်းမယ့်သူ ဖြစ်လာမှာပါ..."

အမေထျန်က ပြုံးလျက် ပြောလိုက်လေသည်...။

ဝမ်တာ့ကျွမ်း၏ ဇနီးက လက်ယမ်းပြလိုက်ကာ သူ၏ မျက်နှာတွင် ရိုးသားသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့လေတော့သည်...။

"ကျွန်မကတော့ ကြီးကြီးမားမား ကံကောင်းတာမျိုး မတောင်းဆိုပါဘူး... ကျွန်မ သားလေး စာများများ တတ်ပြီး ကျွန်မလို စာမတတ်တဲ့သူမျိုး မဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်..."

မကြာမီမှာပင် ထျန်လီလီနှင့် ဟျောင်ရှင်းရှင်းတို့သည် အန်တီဆွန်းကို တစ်ဖက်တစ်ချက်စီမှ တွဲပေးထား ကြလျက် ထိုသူ သုံးဦးမှာ စကားပြောရင်း ရယ်မောကာ ဝင်းခြံအတွင်းသို့ လျှောက်လှမ်း ဝင်ရောက် လာခဲ့ကြလေသည်...။

ဝမ်အိုက်တန့်၊ လျူကျန့်ကော်နှင့် လီဝေကျွင်းတို့မှာလည်း ပိုက်ကွန်အိတ် အသီးသီးကို ကိုင်ဆောင်လျက် သူတို့၏ နောက်မှ ဖြည်းညင်းစွာ လိုက်ပါလာခဲ့ကြလေသည်...။

လျူကျန့်ကော်သည် ကလေးပုံပြင်စာအုပ် အထပ်လိုက်ကို သယ်ဆောင်လာခဲ့ပြီး ပြုံးလျက် ပြောလိုက် လေသည်...။

"ချန်ယဲ့... ဝမ်းသာပါတယ်ကွာ... ဒီပုံပြင်စာအုပ်တွေကိုတော့ ကလေး နည်းနည်း ကြီးလာတဲ့အခါ ဖတ်ပြ လို့ ရတာပေါ့... ငယ်ငယ်ကတည်းက စာဖတ်စာရေး သင်ပေးထားတာက ကလေးရဲ့ အနာဂတ်အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်..."

ကျိုးချန်ယဲ့သည် ပုံပြင်စာအုပ် အထပ်လိုက်ကို လှမ်းယူရန် အလျင်အမြန် ရှေ့သို့ တိုးသွားလိုက်ပြီး...၊

"အစ်ကိုကြီး ကျန့်ကော်... တကယ်ကို ကျေးဇူးတင်ပါတယ်... ကလေးအတွက် ဒီလောက်အထိ အပင် ပန်းခံ ပြင်ဆင်ပေးတာ တကယ်ကို အားနာလှပါပြီ..." ဟု ထပ်ခါတလဲလဲ ပြောဆိုနေခဲ့လေသည်။

လျူကျန့်ကော်၏ ဇနီး ဟျောင်ရှင်းရှင်းသည်လည်း အသက်ဝင်လှသော ကျားခေါင်းပုံစံ ဦးထုပ်လေးကို ထုတ်ယူကာ ထျန်ရှောင်ယာထံသို့ ကမ်းပေးလိုက်လေ၏။ သူ၏ မျက်လုံးများမှာ ပြုံးရွှင်နေခဲ့ပြီး...၊

"ရှောင်ယာလေး... ဒီကျားခေါင်းပုံစံ ဦးထုပ်လေးက ကျွန်မ ကိုယ်တိုင် ချုပ်ထားတာလေ... ဒါကို ကျောက်ခဲလေးအတွက် လက်ဆောင် ပေးချင်လို့ပါ... လက်ရာ မကောင်းပေမဲ့ စိတ်မရှိပါနဲ့နော်..."

ဟျောင်ရှင်းရှင်းသည် ပန်းပွင့်ပုံစံပါသော အင်္ကျီ၊ ဘောင်းဘီအနက်နှင့် ပိတ်စ ဖိနပ်အနက်တို့ကို ဝတ် ဆင်ထားလေသည်။ သူ၏ ရင်ဘတ်ရှေ့တွင် ကျစ်ဆံမြီး အနက်ရောင် အတုတ်ကြီး နှစ်ခုကို ချထားပြီး မျက်နှာပေါ်တွင်လည်း နူးညံ့သော အပြုံးတစ်ခု ရှိနေခဲ့ရာ တကယ့်ကို သဘောကောင်းပြီး ကြင်နာ တတ်သူတစ်ဦးနှင့် တူလှပေသည်...။

ထျန်ရှောင်ယာက ထိုဦးထုပ်ကို လှမ်းယူလိုက်ကာ အထပ်ထပ် အခါခါ ချီးကျူးလိုက်လေသည်...။

"ရပါတယ်... တကယ်ကို အဆင်ပြေပါတယ်... ဒီကျားခေါင်းပုံစံ ဦးထုပ်လေးက ပန်းထိုးထားတာ သိပ်ကို သေသပ်တာပဲ... အသက်ဝင်နေတာ အပြင်က ကျားလေးအတိုင်းပဲနော်..."

ထို့နောက် ထျန်လီလီက သူကိုင်ထားသော မုယောနို့မှုန့်နှင့် သကြားညိုတို့ကို ထျန်ရှောင်ယာထံသို့ ကမ်းပေးလိုက်ကာ ပြုံးလျက်...၊

"ရှောင်ယာလေး... ဝမ်းသာပါတယ်နော်... ဒါတွေက မင်းရဲ့ ကျန်းမာရေးအတွက် အာဟာရဖြည့်ဖို့ ယူလာပေးတာပါ... ကလေးမွေးပြီးရင် ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်ရမယ်လေ..."

"အလိုလေး... ချစ်စရာ ကလေးလေးပါလား..."

အန်တီဆွန်းသည် အနားသို့ လျှောက်လာကာ ကျောက်ခဲလေးကို ထျန်ရှောင်ယာ၏ ရင်ခွင်ထဲမှ ဂရု တစိုက် လှမ်းယူလိုက်ပြီး ညင်သာစွာ ပွေ့ချီလိုက်လေသည်...။

"ငါတို့ ကျောက်ခဲလေးက ချစ်ဖို့ကောင်းလိုက်တာ... ဒီမျက်နှာလေးက တကယ့်ကို လှလွန်းပါတယ် ကွယ်..."

လူအုပ်ကြီးမှာ ရယ်မောပျော်ရွှင်စွာ စကားပြောနေကြသဖြင့် ဝင်းခြံအတွင်း၌ ချက်ချင်းပင် စည်ကား သွားခဲ့လေတော့သည်...။

ထျန်ရှောင်ယာသည် ဝင်းခြံအတွင်း၌ ထိုင်ကာ ကျောက်ခဲလေးကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားလျက် မိခင် တစ်ဦး၏ နူးညံ့သော အမူအရာများဖြင့် ပြည့်နှက်နေခဲ့လေသည်။ လူတိုင်း၏ ဆုတောင်းစကားများကို နားထောင်နေရင်း သူ၏ နှုတ်ခမ်းမှ အပြုံးများမှာလည်း မပြတ်ရှိနေခဲ့လေသည်...။

မီးဖိုချောင်အတွင်း၌လည်း အလွန်ပင် အလုပ်ရှုပ်နေခဲ့ကြလေသည်။ အမေထျန်က ဟင်းချက်ရာတွင် တာဝန်ယူထားပြီး ဒုတိယမရီးက ဘေးမှ ကူညီပေးနေခဲ့လေ၏။

မြေမီးဖိုအတွင်းမှ ထင်းများမှာ တဖြည်းဖြည်း တောက်လောင်နေခဲ့ပြီး အိုးအတွင်းရှိ အသားများမှာ လည်း ပွက်ပွက်ဆူလျက် မွှေးကြိုင်လှသော အနံ့အသက်များကို ထုတ်လွှတ်နေခဲ့လေသည်...။

ပဲပြား ရေညှိစွပ်ပြုတ်၊ ကြာဇံ အသားနုတ်ကြော်၊ ကြက်ဥပေါင်း၊ ဝက်သား ဂေါ်ဖီထုပ် ကြာဇံဟင်း...၊

အိမ်တွင်းချက် ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ တည်ခင်းလိုက်လေ၏။ အကောင်းစား ဟင်းပွဲများ မဟုတ်သော်လည်း အိမ်တွင်းလေထုသည် နွေးထွေးမှုများဖြင့် ပြည့်နှက်လျက်ရှိနေတော့သည်...။

အမေထျန်သည် အမေကျိုး ပို့လိုက်သော နို့သကြားလုံးများနှင့် မက်မွန်သီးမုန့်များကိုလည်း ပန်းကန်ကြီး တစ်လုံးဖြင့် တည်ခင်းလိုက်ကာ စားပွဲထောင့်တွင် အနီရောင် ကြက်ဥများကို ချထားလိုက်ရာ တကယ့်ကို ပေါများလှသော စားပွဲကြီးတစ်ခု ဖြစ်နေခဲ့လေတော့သည်...။

ထမင်းစားပွဲ စတင်သည့် အချိန်တွင် နေရောင်ခြည်မှာ တောက်ပနေခဲ့ပြီး နွေးထွေးသော နေခြည်များမှာ ဝင်းခြံအတွင်းသို့ ကျရောက်နေသဖြင့် လူတိုင်း၏ မျက်နှာတွင် အပြုံးများဖြင့် ဝေဆာနေခဲ့ပေသည်...။

ကျိုးချန်ယဲ့သည် သူ၏ ကြွေခွက်ကို မြှောက်လိုက်ကာ လူအုပ်ကြီးကို ရိုသေစွာဖြင့် ဂါဝရပြုလိုက်ပြီး...၊

"ကျွန်တော့် သားလေး ကျောက်ခဲလေးရဲ့ တစ်လပြည့်ပွဲကို လာရောက်အားပေးကြတဲ့အတွက် အားလုံး ကို ကျေးဇူးတင်ပါတယ်... အခုကာလက ငွေကြေး ချို့တဲ့နေတာဆိုတော့ ကျွန်တော်တို့ဘက်က ကျွေးမွေးတာ မပြည့်စုံတာရှိရင်လည်း ခွင့်လွှတ်ပေးကြပါ... အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေကျေနပ် နပ် သုံးဆောင်ကြပါဦးခင်ဗျာ..."

"မင်းကလည်း ဘာတွေ ပြောနေတာလဲ ကလေးရယ်... ဒီဟင်းပွဲတွေက နှစ်သစ်ကူးထက်တောင် ပိုပြီး ကောင်းနေပါသေးတယ်..."

အဘိုးလီက ရယ်မောလျက် သူ၏ ကြွေခွက်ကို မြှောက်လိုက်ကာ...၊

"ကဲ... ကျောက်ခဲလေး အသက်ရှည်ကျန်းမာပါစေ... ကျိုးမိသားစု တစ်ခုလုံးလည်း သာယာပျော်ရွှင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..."

လူတိုင်းက သူတို့၏ ခွက်များကို မြှောက်လိုက်ကြရာ ကြွေခွက်များနှင့် ဆိုဒါပုလင်းများ ထိတွေ့သံမှာ ဝင်းခြံအတွင်း၌ ပျော်ရွှင်စရာ ကောင်းနေခဲ့လေတော့သည်...။

အမေထျန်သည် စားပွဲတွင် ထိုင်ကာ ဝင်းခြံအတွင်းရှိ စည်ကားသော မြင်ကွင်းကို ကြည့်လိုက်ပြီး သူ၏ ရင်ခွင်ထဲရှိ ကျောက်ခဲလေးကို ငုံ့ကြည့်လိုက်လေ၏။ ထို့နောက် သူသည် ရှန်ဟိုင်းတွင် ရှိနေသော အမေကျိုးကို သတိရသွားကာ သူ့ဘာသာ ရေရွတ်လိုက်လေသည်...။

"ချိုးဟုန်သာ သည်မှာရှိနေရင် ဒီမြင်ကွင်းကို ကြည့်ပြီး သူလည်း အရမ်း ပျော်နေမှာပဲ..."

————————————

အရက်နှင့် ဟင်းပွဲများကို အကြိမ်အနည်းငယ် သုံးဆောင်ပြီးနောက် နေဝင်ချိန်သို့ ရောက်ရှိလာခဲ့ရာ လူအုပ်ကြီးမှာလည်း တဖြည်းဖြည်း လမ်းခွဲ၍ ပြန်သွားခဲ့ကြလေသည်...။

လျူကျန့်ကော်၊ ဝမ်အိုက်တန့်နှင့် လီဝေကျွင်းတို့ သုံးဦးသာ ကျန်ရစ်ခဲ့ပြီး ကျိုးချန်ယဲ့ကို ဝင်းခြံ သန့်ရှင်း ရေး လုပ်ရာတွင် ဝိုင်းကူပေးခဲ့ကြလေသည်။ အချို့က ခုံများကို သိမ်းဆည်းပေးကြပြီး အချို့ကမူ နေကြာ စေ့ခွံများကို လှည်းကျင်းပေးကြရာ သူတို့လုပ်ကိုင်နေသည်မှာ တကယ့်ကို သွက်လက်လှပေသည်...။

"အစ်ကိုကြီး ကျန့်ကော်... အစ်ကိုက အိမ်ပြန်သွားတာ ဘာမှလည်း မပြောဘဲနဲ့ ဇနီးတစ်ယောက်လည်း ခေါ်လာတာဆိုတော့ တကယ် မတရားဘူးနော်..."

ဝမ်အိုက်တန့်က ရယ်မောလျက် လျူကျန့်ကော်၏ လက်မောင်းကို သူ၏ တံတောင်ဖြင့် တို့လိုက်ကာ...၊

"အစ်ကိုက ဒီကိစ္စကို သေချာ လျို့ဝှက်ထားတာပဲ... ကျွန်တော်တို့ကို တစ်ခွန်းတောင် ကြိုမပြောဘူး နော်..."

လျူကျန့်ကော်သည် ကြွေခွက်ကို သုတ်နေခြင်းကို ခေတ္တရပ်လိုက်ကာ သူ၏ မျက်နှာတွင် စိတ်သက်သာ ရာ ရသွားသော အမူအရာတစ်ခု ပေါ်လာခဲ့ပြီး... ၊

"ဒါက ဖွက်ထားတာ မဟုတ်ပါဘူး... ကံတရားကြောင့်လို့ပဲ ပြောရမှာပါ... ငါ့ဇနီးနဲ့ ငါက ငယ်သူငယ်ချင်း တွေလေ..."

"ကိစ္စတွေက အရမ်း မြန်မြန်ဆန်ဆန် ဖြစ်သွားပြီးတော့မှ လက်ထပ်ဖြစ်သွားခဲ့တာ..."

"ကျောက်ခဲလေးရဲ့ တစ်လပြည့်ပွဲမှာ စည်စည်ကားကား ဖြစ်နေမယ်လို့ တွေးမိတာနဲ့ သူ့ကို ဒီကို ခေါ်လာ ခဲ့တာ... ဒီက လူတွေနဲ့ ရင်းနှီးသွားအောင်လို့လေ..."

ကျိုးချန်ယဲ့သည် မြေပြင်ပေါ်ရှိ ဟင်းသီးဟင်းရွက် အကြွင်းအကျန်များကို သိမ်းဆည်းနေရင်း ထိုစကား ကို ကြားသောအခါ ပြုံးလျက် ပြန်လည် ပြောလိုက်လေသည်...။

"အစ်ကို့ဇနီးက တကယ့်ကို နူးညံ့ပြီး ယဉ်ကျေးတဲ့ ပုံစံလေးပါ... အစ်ကိုနဲ့ တကယ့်ကို လိုက်ဖက်ပါ တယ်..."

ဝမ်အိုက်တန့်ကလည်း ချက်ချင်းပင် ဝင်ပြောလိုက်လေသည်...။

"အစ်ကိုကြီး ကျန့်ကော်က တကယ်ကို မျက်စိရှိတာပဲ... နောင်ကျရင် အကူအညီ တစ်ခုခု လိုအပ်ရင် တော့ ကျွန်တော်တို့ကိုသာ ပြောလိုက်ပါ... ကျွန်တော်တို့ကတော့ အမြဲ အဆင်သင့်ပါပဲ..."

ကျိုးချန်ယဲ့က ခေါင်းညိတ်လိုက်ကာ...၊

"ငါတို့က ဒီနားမှာပဲ နေကြတာဆိုတော့ နောင်ကျရင် ဘာပဲလိုလို အချင်းချင်း ကူညီကြတာပေါ့..."

ထိုသူများ စကားပြောနေကြစဉ်မှာပင် ခေါင်းငုံ့၍ ကြမ်းတိုက်နေသော လီဝေကျွင်းမှာ အားငယ်သလို ပြုံးလိုက်ကာ...၊

"အစ်ကိုတို့ အားလုံးကတော့ အိမ်ထောင်တွေ ကျကုန်ကြပြီ... ငါတစ်ယောက်တည်းပဲ အဖော်မရှိ ကျန်ခဲ့ တော့တာပဲ... အစ်ကိုတို့က ငါ့ကို ဒီလိုပဲ ပစ်ထားကြတော့မှာလား..."

ထိုစကားကို ကြားသောအခါ လျူကျန့်ကော်က သူ၏ ပခုံးကို ပုတ်ကာ စနောက်၍ ပြောလိုက်လေ သည်...။

"ဘာတွေ လောနေတာလဲ... မင်းရဲ့ အချိန် မရောက်သေးလို့ပါ... သင့်တော်တဲ့သူ ရှိလာရင် ငါတို့ ညီအစ်ကိုတွေက မင်းအတွက် သေသေချာချာ ရှာပေးမှာပါကွာ..."

"ဒါဆိုရင်တော့ အစ်ကိုတို့အပေါ်မှာပဲ မူတည်တယ်နော်..."

လီဝေကျွင်းက တံမြက်စည်းကို ပြန်ကိုင်ကာ အရင်ကထက် ပို၍ အားစိုက်လျက် ကြမ်းပြင်ကို လှည်း ကျင်းနေခဲ့လေတော့သည်...။

————————————

နောက်တစ်နေ့ နံနက် မိုးလင်းစ အချိန်တွင်...၊

အမေထျန်က မိသားစု တစ်ခုလုံးကို ပြင်ဆင်ရန် တိုက်တွန်းနေခဲ့လေသည်...။

"ဓာတ်ပုံရိုက်တာက အရေးကြီးတဲ့ ကိစ္စပဲ... ဒါကြောင့် သေသေသပ်သပ် ရှိနေရမယ်..." ဟု သူက တတွတ်တွတ် ပြောဆိုနေခဲ့လေ၏။

ကျိုးချန်ယဲ့သည် ကျောက်ခဲလေးကို သူ၏ ညာလက်ဖြင့် ပွေ့ချီထားကာ ဘယ်လက်ဖြင့်လည်း ထျန်ရှောင်ယာ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားခဲ့လေသည်....။

ဒုတိယအစ်ကို ထျန်ချင်းလင်းနှင့် ဒုတိယမရီး ကျောက်ရှောက်ထင်တို့မှာလည်း သူတို့၏ နောက်မှ လိုက်ပါလာခဲ့ကြပြီး မိသားစု တစ်ခုလုံးမှာ အစိုးရပိုင် ဓာတ်ပုံစတူဒီယိုဆီသို့ လျှောက်လှမ်းသွားခဲ့ကြ လေတော့သည်...။

အမေထျန်သည် သူ၏ သေတ္တာအောက်ခြေတွင် သိမ်းဆည်းထားသော ရေတပ်ပြာရောင် အကျီကို အထူးတလည် ဝတ်ဆင်လာခဲ့လေသည်။ သူ၏ အကျီကော်လာကို သေသေသပ်သပ် တပ်ထားပြီး ဆံပင်ကိုလည်း နောက်သို့ သေသေချာချာ ဖီးလိမ်းထားသဖြင့် သူသည် တကယ့်ကို တက်ကြွ လန်း ဆန်းနေသော ပုံစံ ပေါက်နေခဲ့လေသည်...။

အစိုးရပိုင် ဓာတ်ပုံစတူဒီယိုသို့ ရောက်ရှိလာခဲ့ရာ မှန်တံခါးမှာ ပြောင်လက်နေအောင် တိုက်ချွတ်ထားပြီး တံခါးပေါ်တွင်လည်း "သေသေသပ်သပ် ဝတ်ဆင်ပါ၊ ယဉ်ကျေးစွာ ဓာတ်ပုံရိုက်ပါ" ဟု အနီရောင် ဆိုး ဆေးဖြင့် ရေးသားထားသည်ကို မြင်တွေ့ရလေသည်...။

အတွင်းသို့ ဝင်လိုက်သည်နှင့် အမဲရောင်ကောင်တာတစ်ခုကို မြင်ရပြီး ၎င်း၏ နောက်၌ စာဖတ်မျက်မှန် တပ်ထားသော ဓာတ်ပုံဆရာကြီး တစ်ဦးမှာ ကင်မရာကို ဖြည်းညင်းစွာ သုတ်နေသည်ကို မြင်တွေ့ရလေ သည်...။

မိသားစုဝင်များ ဝင်လာသည်ကို မြင်သောအခါ ဓာတ်ပုံဆရာကြီးမှာ သူ၏ မျက်မှန်ကို ပြန်ညှိလိုက်ပြီး...၊ ဖြည်းညင်းစွာ မေးမြန်းလိုက်လေသည်...။

"မိသားစု ပုံတူဓာတ်ပုံ ရိုက်မလို့လား..."

"လိုက်ကာ အနောက်မှာ အသင့်ဝတ်လို့ရတဲ့ အဝတ်အစားတွေ ရှိပါတယ်... ကျုံးရှန်းဝတ်စုံတွေရော၊ လီနင်ဝတ်စုံတွေရော ရှိတာဆိုတော့ ဓာတ်ပုံထဲမှာ ပိုပြီး သဘာဝကျအောင် လဲဝတ်လို့ ရပါတယ်..."

အမေထျန်သည် လီနင်ဝတ်စုံများအကြောင်းကို ကြားသောအခါ မျက်လုံးများ တောက်ပသွားခဲ့ပြီး...၊

"ဓာတ်ပုံဆရာကြီး... ဒီလီနင်ဝတ်စုံတွေက တော်ပါ့မလားလို့ ကျွန်မ ကြည့်လို့ ရမလား..."

အပြင်မထွက်မီမှာပင် ထျန်ရှောင်ယာသည် ကျိုးချန်ယဲ့ အထူးတလည် ဝယ်ပေးထားသော အပြာနုရောင် ပန်းပွင့်ပုံစံပါသည့် အကျီကို ဝတ်ဆင်ထားပြီး စကတ်အဖြူနှင့် ပြောင်လက်နေသော သားရေဖိနပ်တို့ကို တွဲဖက် ဝတ်ဆင်ထားသဖြင့် သူသည် တကယ့်ကို နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့နေခဲ့လေသည်...။

ကျိုးချန်ယဲ့မှာလည်း ရေတပ်ပြာရောင် ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် လန်းဆန်း တက်ကြွနေခဲ့ လေသည်...။

အိမ်မှ မထွက်ခွာမီမှာပင် ထိုဇနီးမောင်နှံမှာ မိမိတို့ ကြိုက်နှစ်သက်သော အဝတ်အစားများကို ရွေးချယ် ဝတ်ဆင်လာခဲ့ကြပြီး ဖြစ်သဖြင့် အဝတ်လဲရန် အကြံပြုချက်ကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ကြလေ တော့သည် ။

All Chapters