အခန်း ၆၈၉
Vol. 58 Ch. 689
အခန်း(၆၈၉)
ပျူရစ်ဗန်ပိုင်ယာတွေရဲ့ ပုန်းခိုရာနေရာဆီ ပြန်သွားကြည့်ရရင်...
"အခုဆိုရင် ငါတို့ရဲ့ ညီအစ်ကိုတွေက အဲဒီ အိုင်းရွန်းမေဒင်ဘာသာရေးအဖွဲ့ကို ထိန်းချုပ်ပြီး မက်ထရိုပိုလစ်ထဲမှာ ငါတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ သုံးနေလောက်ပြီ" လို့ ပျူရစ် ဗန်ပိုင်ယာခေါင်းဆောင်က ပြောလိုက်တယ်။ "အခု ကျန်တာကတော့ လက်စဖျောက်ဖို့ကိစ္စပဲ ရှိတော့တယ်"
ပျူရစ်ဗန်ပိုင်ယာတွေက သူတို့ရဲ့ ကိုယ်ပိုင်လက်ချောင်းတွေကို ကိုက်ဖောက်ပြီး ထွက်လာတဲ့ သွေးတွေနဲ့ သူတို့ရဲ့ လက်နက်တွေကို ဖန်တီးလိုက်ကြတယ်။ သူတို့က မိုက်ကယ်နဲ့ ဂီလာမိုကို သွေးဆာနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတယ်။ မိုက်ကယ်လိုမျိုး ပါရမီရှင်ကောင်လေးတစ်ယောက်က သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုအတွက် ကောင်းမွန်တဲ့ အာဟာရတစ်ခု ဖြစ်လာမှာပဲလေ။
"ဒါကို ငါ ရှင်းလိုက်မယ်" လို့ ဂီလာမိုက ဗန်ပိုင်ယာတွေကို တိုက်ခိုက်ဖို့ သူ့ရဲ့ ကိုယ်ပိုင် သွေးဓားကို ထုတ်ယူရင်း မိုက်ကယ်ကို တီးတိုးပြောလိုက်တယ်။ "မင်း ဒီကနေ ထွက်ပြေးပြီး သူတို့ရဲ့ အစီအစဉ်တွေအကြောင်း မက်ထရိုပိုလစ်မှာ ကျန်နေတဲ့သူတွေကို သတိပေးလိုက်ပါ၊ အဲဒီ အိုင်းရွန်းမေဒင်ဘာသာရေးအဖွဲ့ကို သူတို့ လက်ထဲ အပါခံလို့ မဖြစ်ဘူး"။
ဒါပေမဲ့လည်း ပျူရစ်ဗန်ပိုင်ယာတွေက ဒါကို ဘယ်ခွင့်ပြုပါ့မလဲ။ မက်ထရိုပိုလစ်ရဲ့ အမှောင်ထုထဲမှာ သူတို့ ဘေးကင်းကင်းနဲ့ လှုပ်ရှားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သူတို့ ဒီမှာရှိနေတာကို ဘယ်သူမှ မသိအောင် နေဖို့ပဲ ဖြစ်တယ်။
အိုင်းရွန်းမေဒင်ဘာသာရေးအဖွဲ့ကို သူတို့ သိမ်းပိုက်ပြီးချိန်ဆိုရင် ဘုရားကျောင်းတွေနဲ့ ကုမ္ပဏီတွေက မတူညီတဲ့ စည်းမျဉ်းတွေအောက်မှာ လည်ပတ်နေတာဖြစ်လို့ အဓိကအဖွဲ့အစည်းကြီးတွေတောင် သူတို့ကို အလွယ်တကူ ရှင်းလင်းပစ်နိုင်မှာ မဟုတ်တော့ဘူး။
ဘာသာရေးအဖွဲ့အစည်းတစ်ခုကို ရှင်းလင်းပစ်ဖို့ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ယုံကြည်ခွင့်ကို ချိုးဖောက်ရာကျနေလို့ အလွယ်တကူ လုပ်လို့မရနိုင်ပါဘူး။ ပြီးတော့ ပျူရစ်ဗန်ပိုင်ယာတွေကသာ မြို့သူမြို့သားတွေကို သူတို့ရဲ့ စကားတွေကို လိုလိုလားလား ယုံကြည်လာအောင် သိမ်းသွင်းနိုင်ခဲ့မယ်ဆိုရင် မက်ထရိုပိုလစ်ထဲက ဘယ်သူကမှ သူတို့ကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး။
"အဆင်ပြေပါတယ်" လို့ မိုက်ကယ်က ဂီလာမိုကို ယုံကြည်မှုရှိရှိ ပြောလိုက်တယ်။ "သူတို့အားလုံးကို ကျွန်တော် ရှင်းနိုင်ပါတယ်"
သူ့ ဒရုန်းရဲ့ လုပ်ဆောင်ချက်အသစ်ကို အသုံးပြုပြီး သူက ပျူရစ်ဗန်ပိုင်ယာတွေကို လုံးဝ ကွဲပြားတဲ့ ရှုထောင့်အသစ်တစ်ခုကနေ မြင်တွေ့နိုင်ခဲ့တယ်။
သူတို့ရဲ့ တာအိုနှလုံးသားတွေထဲက တောက်ပနေတဲ့ လိမ္မော်ရောင်အလင်းတန်းကို သူ မြင်လိုက်ရတယ်။ ပြီးတော့ သူတို့ရဲ့ ခေါင်းပေါ်မှာ တိကျတဲ့ ကျင့်ကြံခြင်းအဆင့်တွေနဲ့ သူတို့ရဲ့ သီးသန့် သွေးစွမ်းအားတွေကိုပါ မြင်တွေ့နိုင်ခဲ့တယ်။
[ပျူရစ်ဗန်ပိုင်ယာခေါင်းဆောင်]
[ပဉ္စမ တာအိုအဆင့်]
[မီးတောက်သွေး - ဒီဗန်ပိုင်ယာက သူ့ရဲ့ သွေးကို လောင်စာအဖြစ် အသုံးပြုပြီး ငြိမ်းသတ်လို့မရတဲ့ မီးတောက်ကို ဖန်တီးနိုင်စွမ်း ရှိတယ်]
အခြေခံအားဖြင့် သူ သတိထားရမှာက သူတို့ရဲ့ ခေါင်းဆောင် တစ်ယောက်တည်းသာ ဖြစ်တယ်။ ကျန်တဲ့ သုံးယောက်က တတိယ ဒါမှမဟုတ် စတုတ္ထ တာအိုအဆင့်မှာပဲ ရှိနေတာမို့ သူတို့ကို အလွယ်တကူ ပြဿနာမရှိဘဲ ရှင်းလင်းနိုင်မယ်ဆိုတာကို သူ သိနေတယ်။
"ကောင်လေး... မင်း တစ်ဘဝလုံး လူသားတွေနဲ့ပဲ တိုက်ခိုက်လာခဲ့တာလေ၊ ငါ့လို ဗန်ပိုင်ယာမျိုးနဲ့ ဘယ်တုန်းကမှ မကြုံဖူးသေးပါဘူး" လို့ ပျူရစ်ခေါင်းဆောင်က ပြောလိုက်တယ်။
ဗန်ပိုင်ယာက သူ့ရဲ့ မီးတောက်နေတဲ့ သွေးပုဆိန်ကြီးကို ဝှေ့ယမ်းရင်း မိုက်ကယ်ဆီကို ခုန်ဝင်လာခဲ့တယ်။
မိုက်ကယ်က သူ့အိတ်ကပ်ထဲကို နှိုက်ပြီး ခလုတ်ကို နှိပ်လိုက်ကာ သူ့ လက်ထဲမှာ သဟဇာတဓါးကို တပ်ဆင်လိုက်တယ်။
သူ့ဆီ ဦးတည်လာနေတဲ့ မီးတောက်သွေးပုဆိန်ကြီးကို သူက သဟဇာတဓါးနဲ့ ကာကွယ်တဲ့အနေအထား ခံတိုက်လိုက်တယ်။
မိုက်ကယ်ဆီမှာ ဘယ်လိုဓားမျိုးပဲရှိနေပါစေ သူ လောင်ကျွမ်းပစ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ ဒါကို မြင်တော့ ပျူရစ်ခေါင်းဆောင်က ပြုံးလိုက်တယ်။
ဒါပေမဲ့ လက်နက်နှစ်ခု ထိခိုက်မိတာနဲ့ တစ်ပြိုင်နက် ချွန်ထက်တဲ့ အသံစူးစူးကြီးတစ်ခုက အခန်းထဲမှာ ပဲ့တင်ထပ်သွားပြီး မိုက်ကယ်ရဲ့ သဟဇာတဓါးက သွေးပုဆိန်ကြီးကို ငြိမ်းသတ်ဖျက်ဆီးပစ်ကာ အမှုန်အမွှားတွေအဖြစ် ပြောင်းလဲပစ်လိုက်တယ်။
အံ့အားသင့်သွားတဲ့ ပျူရစ်ခေါင်းဆောင်က နောက်ကို ချက်ချင်း ခုန်ဆုတ်လိုက်တယ်။ "ဘာ... ဒါ မဖြစ်နိုင်ဘူး"
ထို့နောက် မိုက်ကယ်က သဟဇာတဓါးကို ဘေးမှာထားလျက် ရှေ့ကို ချက်ချင်း ခုန်ဝင်သွားခဲ့တယ်။
ကျန်နေသေးတဲ့ ပျူရစ်ဗန်ပိုင်ယာ သုံးယောက်က သူတို့ရဲ့ ကိုယ်ပိုင် သွေးလက်နက်တွေကို ကိုင်ဆောင်ပြီး သူ့ကို ချက်ချင်း ဝင်ရောက် ဟန့်တားလိုက်ကြတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ အပေါ်က ဒရုန်းနှစ်ခုဟာ အဖြူရောင်အလင်းတန်းတွေ တောက်ပလာပြီး သူတို့ရဲ့ သေနတ်ပြောင်းဝတွေကနေ စွမ်းအင်တွေ စုစည်းလာခဲ့တယ်။ ပြီးတာနဲ့ တစ်ခဏအတွင်းမှာပဲ သဟဇာတအလင်းတန်း တစ်ခုက ဗန်ပိုင်ယာနှစ်ယောက်ဆီ ပစ်ခတ်သွားပြီး သူတို့ရဲ့ ရင်ဘတ်တွေကို ထိမှန်ကာ သူတို့ရဲ့ တာအိုနှလုံးသားတွေကို ဖျက်ဆီးပစ်လိုက်တယ်။
ဗန်ပိုင်ယာနှစ်ယောက် ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားချိန်မှာပဲ မိုက်ကယ်က သူ့ရဲ့ အနေအထားကို ပြောင်းလဲလိုက်ပြီး ကျန်နေတဲ့ ဗန်ပိုင်ယာဆီကို ပစ်မှတ်ထားကာ သူ့ရဲ့ သဟဇာတဓါးနဲ့ လည်ချောင်းကို ထိုးဖောက်ပြီး ခေါင်းဖြတ်ပစ်လိုက်တယ်။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ မိုက်ကယ်က နောက်ဆုံးကျန်နေတဲ့ ပျူရစ်ဗန်ပိုင်ယာ သုံးယောက်ကို သတ်ပစ်လိုက်တာမို့ အခန်းထောင့်မှာ ကြောက်လန့်တကြား တွန့်ဆုတ်နေတဲ့ သူတို့ရဲ့ ခေါင်းဆောင် တစ်ယောက်သာ ကျန်ရစ်တော့တယ်။
"မင်း... အဲဒီလက်နက်တွေက ဘာတွေလဲ"
ဗန်ပိုင်ယာတစ်ယောက်ကို တစ်စက္ကန့်တောင် မကြာတဲ့အချိန်အတွင်းမှာ သတ်ပစ်နိုင်တဲ့ လေဆာတန်းတွေကို ချက်ချင်း ပစ်ခတ်နိုင်တဲ့ ပျံသန်းနိုင်သော လက်နက်တစ်ခု ရှိနေမယ်ဆိုတာကို ပျူရစ်ခေါင်းဆောင် လုံးဝ သိခဲ့မှာ မဟုတ်ဘူး။ အကယ်၍ သူသာ သိခဲ့မယ်ဆိုရင် အစောကြီးကတည်းက ထွက်ပြေးပြီးနေလောက်ပြီလေ။
"...ကျစ်... မင်းက သာမန်လူသားတစ်ယောက်ပဲလေ" လို့ ပျူရစ်ခေါင်းဆောင်က အော်ဟစ်လိုက်တယ်။
ဒီအခြေအနေကို သိမြင်သွားတဲ့နောက် ပျူရစ်ဗန်ပိုင်ယာအနေနဲ့ မိုက်ကယ်နဲ့ နောက်တစ်ကြိမ် ရင်ဆိုင်ရရင် သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်သွားတယ်။
ဒါကြောင့် သူက ဗန်ပိုင်ယာတွေ အကောင်းဆုံး လုပ်နိုင်တဲ့အရာကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူ ပုန်းအောင်းဖို့ လုပ်လိုက်တာပဲ။
အရိပ်တစ်ခုက လေဆင်နှာမောင်းတစ်ခုလိုမျိုး ပျူရစ်ခေါင်းဆောင်ကို ဖုံးလွှမ်းသွားပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို အခန်းရဲ့ အမှောင်ထုထဲမှာ ပျော်ဝင်သွားစေခဲ့တယ်။ အကယ်၍ တခြားလူတစ်ယောက်သာ ဒီမှာ ရှိနေမယ်ဆိုရင် ဗန်ပိုင်ယာ ဘယ်ကို ပျောက်ကွယ်သွားလဲဆိုတာ မြင်နိုင်မှာ မဟုတ်ဘူး။
"သူ ထွက်ပြေးနေပြီ" လို့ ဂီလာမိုက သတိပေးလိုက်တယ်။ ဒါပေမဲ့ မိုက်ကယ်က သူ့စကားမဆုံးခင်ကတည်းက လှုပ်ရှားလိုက်ပြီး ဒရုန်းတွေကို အနောက်မှာထားလျက် ဗန်ပိုင်ယာနောက်ကို ချက်ချင်း ပြေးလိုက်သွားခဲ့တယ်။
သားရဲမျိုးနွယ်အမြင်အာရုံကို အသုံးပြုပြီး သူက သူတို့ရဲ့ ဝင်္ကပါလို ရှုပ်ထွေးနေတဲ့ ပုန်းခိုရာနေရာတစ်လျှောက် ပျူရစ်ခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံနိုင်ခဲ့ပြီး နောက်ကနေ အမီလိုက်နိုင်ခဲ့တယ်။
"ဘာ... သူက ငါ့ကို ဘယ်လိုလုပ် မြင်နိုင်နေတာလဲ" လို့ ဗန်ပိုင်ယာက ညည်းတွားလိုက်တယ်။ သူက လုံးဝကိုယ်ပျောက်နေတဲ့ အနေအထားမှာ ရှိနေတာလေ။ လုပ်ဖော်ကိုင်ဖက် ဗန်ပိုင်ယာတွေတောင်မှ အမှောင်ထဲမှာ သူ့ကို မြင်နိုင်မှာ မဟုတ်ဘူး။
နောက်ဆုံးမှာတော့ ပျူရစ်ဗန်ပိုင်ယာက ပြတင်းပေါက်ကနေ ခုန်ထွက်ပြီး မက်ထရိုပိုလစ်ရဲ့ လမ်းမတွေပေါ် ရောက်သွားခဲ့တယ်။ သူက အဆောက်အအုံတွေရဲ့ အမှောင်ရိပ်တွေကြားထဲကို ခုန်ကူးရင်း သူ့ရဲ့ လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ဖမ်းရခက်အောင် လုပ်ဆောင်နေခဲ့တယ်။
ဒါပေမဲ့ မိုက်ကယ်က သူ့နောက်ကို အမီလိုက်နိုင်ပေမဲ့လည်း ပျူရစ်ဗန်ပိုင်ယာက ဖမ်းမိဖို့ ခက်ခဲလွန်းတာကြောင့် အခုချိန်အထိ လွတ်မြောက်နေဆဲပဲ။
"သူ့ကို အလွတ်ခံလို့ မဖြစ်ဘူး" လို့ မိုက်ကယ်နဲ့ ပျူရစ်ခေါင်းဆောင်တို့ရဲ့ အနောက်မှာ ကျန်ရစ်နေတဲ့ ဂီလာမိုက ပြောလိုက်တယ်။
မိုက်ကယ်လည်း ဒါကို သိပေမဲ့ ပြဿနာကို ဖြေရှင်းဖို့ တိုက်ရိုက်နည်းလမ်းတော့ မရှိဘူး။ ဘာပဲဖြစ်ဖြစ် အမြန်နှုန်းက သူ့ရဲ့ ကျွမ်းကျင်မှုမှ မဟုတ်တာလေ။
သူ စဉ်းစားမိတဲ့ တစ်ခုတည်းသောအရာကတော့ သူ့ရဲ့ ခလုတ်တွေကို အသုံးပြုပြီး ပျူရစ်ဗန်ပိုင်ယာရဲ့ လမ်းကြောင်းကို တိုက်ရိုက်တားဆီးပစ်ဖို့ပဲ။ ဒါပေမဲ့ သူတို့ကြားက အကွာအဝေးကြောင့် ခလုတ်ကို သူ့ခန္ဓာကိုယ်မှာ တိတိကျကျ တပ်ဆင်နိုင်မှာ မဟုတ်ဘူး။
'ငါ့ဆီမှာ ရှိသလောက် ခလုတ်တွေကို အကုန်ပစ်ပေါက်လိုက်မယ်၊ ကံကောင်းတာက ငါ့ရဲ့ သိုလှောင်ခန်းထဲမှာ ထောင်နဲ့ချီပြီး စုဆောင်းထားပြီးသားပဲ'
သူက ပျူရစ်ဗန်ပိုင်ယာကို ကမ္ဘာမြေအဆုံးထိတိုင် လိုက်ဖမ်းပြီး စက္ကန့်တိုင်းမှာ ခလုတ်တွေနဲ့ ပစ်ပေါက်ဖို့ ပြင်ဆင်ထားခဲ့တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့ရှေ့မှာ အသိပေးချက်တစ်ခု ပေါ်လာခဲ့တယ်။
[ဂုဏ်ယူပါတယ်။ ဖတ်ချ်က အဆင့်သစ်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပါပြီ။ သူက ယခုအခါမှာ သူ့ရဲ့ စွမ်းရည်နဲ့ သူ့ရဲ့ ဒီဗာကို နိုးထစေနိုင်ခဲ့ပါပြီ]
မိုက်ကယ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။
'ဝိုး... ဟားဟားဟား၊ ဒီကောင်စုတ်လေး လုပ်နိုင်မယ်ဆိုတာ ငါ သိသားပဲ'
အိုင်းရွန်းမေဒင်ဘာသာရေးအဖွဲ့ကို သိမ်းပိုက်ဖို့ အစီအစဉ်ဆွဲထားကြောင်း ပျူရစ်ဗန်ပိုင်ယာက ပြောကတည်းက သူတို့တွေ နင်ဂျာ စလိုင်းမ်လေးနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ သူ သိနေခဲ့တယ်။ အဲဒီ အဆော့မက်တဲ့ ကောင်စုတ်လေးရဲ့ စရိုက်နဲ့ဆိုရင် သူ့ မျက်စိအောက်မှာတင် ဒါမျိုး ဖြစ်လာတာကို ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ သူ သိတယ်လေ။
ဖတ်ချ်ကို သူ့ရဲ့ ကန့်သတ်ချက်တွေထက် ကျော်လွန်သွားစေမယ့် တိုက်ပွဲတစ်ခုခုတော့ ရှိခဲ့မှာ အသေအချာပဲ။
'ဒါ တကယ်မိုက်တာပဲ၊ ဒါပေမဲ့ မင်းက ဘယ်လိုသိတာလဲ နိုဗာ'
[ဒါက ကျွန်မရဲ့ ဆော့ဝဲလ်အပ်ဒိတ်ထဲက လုပ်ဆောင်ချက်အသစ်တွေထဲက တစ်ခုပါ။ ဆရာက ဆုလာဘ် အပ်နှင်းခြင်း လုပ်ထားတဲ့သူတွေကို ကျွန်မရဲ့ ဒေတာဘေ့စ်ထဲမှာ သိမ်းဆည်းထားပါတယ်။ ဒါပေမဲ့ ဆရာက သူတို့ကို နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေ ပေးလိုက်တဲ့အချိန်မှာသာ သူတို့နဲ့ ချိတ်ဆက်နိုင်ပြီး သူတို့ရဲ့ စွမ်းအားတွေကို အဝေးကနေတောင် ရယူသုံးစွဲနိုင်တာပါ]
'ဒါက တော်တော်လေး မိုက်တယ်လို့ ငါ ထင်တာပဲ'
[အို... ဆရာက ဒါရဲ့ တစ်ဝက်ကိုတောင် မသိသေးပါဘူး။ ကျေးဇူးပြုပြီး ဆရာ့ ဒရုန်းရဲ့ အဆင့်မြှင့်တင်မှု ရွေးချယ်စရာ ဆိုင်ကို စစ်ဆေးကြည့်ပါ]
နိုဗာ ပြောတဲ့အတိုင်း သူ လုပ်ဆောင်လိုက်ပြီး သူ့ စိတ်ထဲက လေဟာနယ်ဆီကို အာရုံစိုက်လိုက်တယ်။
အဆင့်မြှင့်တင်မှုတွေက ဒီနေ့အစောပိုင်း သူ မြင်တွေ့ခဲ့ရတဲ့အတိုင်း ဖြစ်ပေမဲ့ သူ့ အာရုံကို ဖမ်းစားနိုင်တဲ့ တောက်ပနေတဲ့ အနားသတ်နဲ့ ဝင်းဒိုးအသစ်တစ်ခု ရှိနေခဲ့တယ်။
[မဟာမိတ်များ]
- - ဖတ်ချ်
- - - ဒရုန်းအသေးချိတ်ဆက်မှု
* * * * * * * *
စာစဉ်(၅၈)